24/02/2026
Hello! ဒီ page လေးမှာ အမြဲမရှိနိုင်လို့ အမြဲရှိတဲ့ Personal Account မှာ ခင်မင်ရသူတွေနဲ့ဆက်ရှိချင်လို့ Friends ဖြစ်ချင်လို့ ... Friends ဖြစ်လိုသူများ မန့်ပေးခဲ့နော်။ Friends Request လာပို့ပါမယ်ရှင်။ 😊
Living, creating, and flowing through everyday moments.
24/02/2026
Hello! ဒီ page လေးမှာ အမြဲမရှိနိုင်လို့ အမြဲရှိတဲ့ Personal Account မှာ ခင်မင်ရသူတွေနဲ့ဆက်ရှိချင်လို့ Friends ဖြစ်ချင်လို့ ... Friends ဖြစ်လိုသူများ မန့်ပေးခဲ့နော်။ Friends Request လာပို့ပါမယ်ရှင်။ 😊
08/02/2026
ဒီပုံလေးတင်နိုင်ဖို့ နောက်ကွယ်မှာ Expire ဖြစ်သွားတဲ့ ပျော်ရွှင်မှုတချို့နဲ့ အခိုက်အတန့်လေး ၂ ခုရှိတယ်။
နေကောင်းအောင်နေနော် အစ်မကြီးပြန်လာမယ်လို့ မှာထားခဲ့ပေမယ့် စိတ်ကြီးတဲ့ မိမော်က စောင့်မနေခဲ့ဘူး။ 🐈
ကျန်းမာရေးဂရုစိုက်နော် ပြန်လာရင် ခရီးတွေတူတူထွက်ကြမယ်လို့ ပြောထားရစ်ခဲ့ပေမယ့် ပိုကောင်းတဲ့နေရာဆီ အရင်ထွက်ခွာသွားတဲ့ ဒေါ်ကြီးရယ် 🙏
တိုက်ဆိုင်စွာဘဲ ဒီအခိုက်အတန့် ၂ ခုလုံးနဲ့ ကိုယ့်ရဲ့ဒီက Academic Life ရဲ့ အရေးအကြီးဆုံးအချိန်တွေနဲ့ overlap ဖြစ်နေခဲ့တယ်။ အရင်လို ၂၀၂၂ နောက်ပိုင်းစိတ်မျိုးနဲ့ဆို ကိုယ့်အတွက် ဖြတ်ကျော်ရအတော်ခက်ခဲမယ့် ကာလတွေဖြစ်နေနိုင်တယ်။
ဒီခက်ခဲတဲ့ကာလကို ဖြစ်ကြောမရှည်ဘဲ တည်ငြိမ်အေးဆေးစွာဖြတ်သန်းနိုင်ဖို့ အထောက်အပံ့ဖြစ်စေနိုင်ခဲ့တာကတော့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေရယ်၊ ကိုယ့်ကိုအမြဲစိုးရိမ်ပီး ဂရုတစိုက်ရှိပေး၊ အားပေးနေတဲ့ အဖေ၊ အမေ နဲ့ ညီမလေးရယ်၊ နောက်ပီး Academic Life မှာလည်း ခက်ခဲတဲ့ Research Process တိုင်းမှာ "နင် လုပ်နိုင်ပါတယ်။ ငါ ယုံကြည်တယ်" ဆိုပီး encouragement နဲ့ supporting ပေးခဲ့တဲ့ Professor တဖြစ်လဲ ကျွန်မရဲ့ Supervisor ပေါ့။
ထွက်ခွာသွားသူတွေကတော့ ကျန်ခဲ့သူတွေနဲ့ နာကျင်မှုတွေအားလုံးကို မေ့သွားနိုင်မှာမို့ သူတို့အတွက် ဖြေဆည်နိုင်ခဲ့သလို၊ ကျန်ခဲ့တဲ့ ကိုယ်တွေအတွက်လည်း ပြန်တွေးတိုင်း ပျော်စရာအမှတ်တရတွေနဲ့ ကြည်နူးနိုင်သလို၊ တိုက်ဆိုင်လာခဲ့ရင်တော့ တခါတခါ ရင်ထဲ နည်းနည်းအောင့်ရုံ လွမ်းရုံပေါ့။
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |