CiC Japanese Education Center

CiC Japanese Education Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CiC Japanese Education Center, Education Website, No. 10 Zawtika Street, Near Mahar Myaing bus stop , Sanchaung Yangon, Sanchaung.

Photos from CiC Japanese Education Center's post 24/06/2026

CIC zoom class
🇯🇵🔥 December JLPT ကို ရည်မှန်းထားသူများအတွက်
အခုစတင်ပြင်ဆင်ဖို့ အချိန်ရောက်ပါပြီ ✨
CIC Japanese Education Center မှာ
📢 JLPT December Exam Target Zoom Class (New Batch)
ကို July လမှာ စတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ် 💯
Beginner Level ကနေ JLPT အထိ
📚 N5 → N2 Level အထိ
ကိုယ့်ရဲ့ Level အလိုက် စနစ်တကျ လေ့လာနိုင်မယ့် အတန်းများ 🇯🇵
✨ Class Details ✨
📅 Start Date — July 16
📌 Class Days — Monday to Thursday
⏰ Time — 6:00 PM ~ 8:00 PM
💻 Online Zoom Class
JLPT အောင်ဖို့အတွက်
Grammar 📖
Vocabulary ✍️
Reading 📚
Listening 🎧
Exam Practice 📝
တွေကို Exam Target နဲ့အညီ လေ့ကျင့်ပေးသွားမှာပါ 🔥
📌 သင်တန်းကြေးအသေးစိတ်
📌 အသုံးပြုမယ့် Textbookအသေးစိပ်ကို Schedule မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ✨
December JLPT မှာ ကိုယ့်ရဲ့ Level ကို တစ်ဆင့်မြှင့်ချင်တယ်ဆိုရင်…
🇯🇵 CIC Japanese Education Center နဲ့အတူ စတင်လိုက်ပါ 🚀
📩 Enrollment & Details — CIC Japanese Education Center
🚖 Yangon Address - အမှတ် 10 ဇောတိကလမ်း၊ မဟာမြိုင်မှတ်တိုင်အနီး၊ မြေနီကုန်း၊ စမ်းချောင်း၊ ရန်ကုန်မြို့။
☎️ 09404040856

23/06/2026

🎓 Language School အကြောင်း တစေ့တစောင်း - Part (4) (Final Episode) ✨

Language School နဲ့ ဂျပန်သွားဖို့ ပြင်ဆင်နေသူတွေ မဖြစ်မနေကြည့်သင့်တဲ့ “Language School အကြောင်းတစေ့တစောင်း Series ရဲ့ နောက်ဆုံးအပိုင်း (Part 4) ထွက်ရှိလို့လာပါပြီ။

ဒီနေ့ Video မှာတော့ -

🔹 နောက်ဆုံးလုပ်ဆောင်ရမယ့် Process များ

✅ ကျောင်းလခနှင့် အဆောင်ခများ ပေးသွင်းခြင်း။
✅ လေယာဉ်လက်မှတ် (Flight Ticket) ပြင်ဆင်ခြင်း။
✅ Visa Application Form များအတွက် Agency မှ ကူညီဆောင်ရွက်ပေးခြင်း။
✅ ဂျပန်ရောက်တာနဲ့ အသုံးပြုနိုင်ဖို့ Sim Card ကြိုတင်ချိတ်ဆက်ခြင်း။

🔹 စုစုပေါင်းခန့်မှန်းကုန်ကျစရိတ် (အကြမ်းဖျင်း)

✅ Agency Fees: သိန်း (၃၀) ဝန်းကျင်
✅ ကျောင်းလခ (တစ်နှစ်စာ): သိန်း (၂၅၀) ဝန်းကျင်
✅ အဆောင်ခ (၃ လစာ): သိန်း (၃၀) ဝန်းကျင်
✅ လေယာဉ်လက်မှတ်ခ: သိန်း (၃၀) ဝန်းကျင်
✅ စုစုပေါင်းအပြီးအစီး: သိန်း (၃၄၀) မှ (၄၀၀) ဝန်းကျင် (မှတ်ချက် - လေယာဉ်လက်မှတ်စျေးနှုန်းမှာ Airline နှင့် ဒေါ်လာစျေးအတက်အကျပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။)

အရင် Part (1), (2), (3) တွေမှာတော့…

✅ ကျောင်းရွေးချယ်ခြင်း
✅ လိုအပ်သော Documents များ ပြင်ဆင်ခြင်း
✅ Application တင်ခြင်း
✅ COE ထွက်ရှိသည်အထိ Process များကို အဆင့်ဆင့် ရှင်းပြပေးခဲ့ပြီးပါပြီ။

🎬 Previous Episodes:

🔗 Language School အကြောင်း တစေ့တစောင်း Part (1) - https://www.facebook.com/share/r/1BgBtmHMiC/?mibextid=wwXIfr
🔗 Language School အကြောင်း တစေ့တစောင်း Part (2) - https://www.facebook.com/share/v/197iqmcZDR/?mibextid=wwXIfr
🔗 Language School အကြောင်း တစေ့တစောင်း Part (3) -
https://www.facebook.com/share/r/1JS8xgVqHE/?mibextid=wwXIfr

ဂျပန်အိပ်မက်ကိုစတင်အကောင်အထည်ဖော်ဖို့အတွက် မဖြစ်မနေကြည့်ထားသင့်တဲ့ Playlist ရဲ့ နောက်ဆုံးအပိုင်းဖြစ်တာကြောင့် Video ကို အဆုံးထိကြည့်ဖို့ မမေ့နဲ့နော်။ 💡🤗

#ဂျပန် #ဂျပန်စာ #ဂျပန်စာသင်တန်း

23/06/2026

CIC Mandalayမှာ အတန်းသစ်​လေးတွေ ဖွင့်လှစ်ပေးလိုက်ပါပြီရှင့် 🎊
𝐂𝐈𝐂 ရဲ့အပြင်သင်တန်းတွေ ... 👇👇

🎋အချိန်တိုတိုနဲ့ ထိထိရောက်ရောက်လေ့လာချင်တယ်ဆိုရင်တော့ CIC နဲ့ချိတ်ဆက်လိုက်ပါနော်။

🎋ဂျပန်စာ စိတ်ဝင်စားသော ကျောင်းသား/သူများအတွက် Basic /N5 +N4package/N3/kaiwa အတန်းလေးများ
🎋စာသင်ကြားရေးပိုင်းတွင်လည်း အတွေ့အကြုံရှိတဲ့ ဆရာမများက ဦးဆောင်သင်ကြားပေးမှာ ဖြစ်တဲ့ အပြင် အတန်းတွင်း စာမေး ၊စာစစ်ခြင်း ၊ စာမေးပွဲဖြေဆိုခြင်းတို့ ကြောင့် စာမရမှာ စာမလိုက်မှာလဲ စိတ်ပူစရာမလိုတော့ဘူးပေါ့နော်။ 📚💯

🎋ကျောင်းသားများ စာသင်ကြားရမည့် အခန်းမှာလဲ ပုံပါအတိုင်း အခန်းကျယ်ဖြစ်ပြီး ၊စာသင်ကြားနေစဉ် ခြံဝန်းအတွင်း မိမိတို့၏ ဆိုင်ကယ် ၊ ကား များ ကို စောင့်ကြည့်ပေးမယ့် Security ရှိသောကြောင့် စိတ်အေးလက်အေး သင်ယူလို့ရပါမယ်။

📌လူ ဦးရေ ကန့်သတ်ပြီး ထိရောက်စွာ သင်ကြားပေးမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ph / page messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ။

🏫 လိပ်စာ - ၄၀ လမ်း၊ (၇၀*၇၁) လမ်းကြား မဟာနွယ်စင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်။

☎️ Mandalay Ph- 09750801199


်းခွဲ

#

22/06/2026

(၁၀) နှစ်မှ တစ်ကြိမ်သာ ရမယ့် အခွင့်အရေးကြီးကို လက်လွတ်ခံလိုက်တော့မလို့လား? 🤩

ဂျပန်ကို သွားချင်တယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေကြောင့် တွန့်ဆုတ်နေရတယ်ဆိုရင်တော့…CiC ရဲ့ (၁၀) နှစ်ပြည့် အမှတ်တရအဖြစ် CiC လေးတို့အတွက် အထူး Scholarship အစီစဉ်ကြီး လာပါပြီ ✨

🎁 Full Scholarship - (၁) ဦး ⏩100% အခမဲ့
🎁 Half Scholarship - (၄) ဦး ⏩ 50% ကုန်ကျစရိတ် သက်သာမယ်။

📌 ဘယ်သူတွေ လျှောက်လို့ရမလဲ?

• N4 အောင်မြင်ပြီးသား ဖြစ်ရပါမယ်။
• 2027 April Intake အတွက် အပ်နှံထားသူဖြစ်ရပါမယ်။

ဂျပန်အိပ်မက်ကို ငွေကြေးကြောင့် လမ်းခုလတ်မှာ မရပ်တန့်လိုက်ပါနဲ့။ Full Scholarship ရဖို့ အခွင့်အရေးရှိသေးတာမို့ စိတ်ဝင်စားတယ်ဆိုရင် အခုပဲ အသေးစိတ်ကို Messenger မှာ လာရောက်စုံစမ်းပြီး April Intake အတွက် အပ်နှံလိုက်တော့နော်။ 💌

#ဂျပန်စာသင်တန်း #ဂျပန်သင်တန်း

Photos from CiC Japanese Education Center's post 22/06/2026

🚨January Intake အတွက် COE REJECT ဖြစ်မှာလုံးဝစိုးရိမ်စရာမလိုတဲ့ ကျောင်းကို အမြန်ဆုံးလျှောက်ထားလို့ရပါပြီနော် 🤗🤗
ဆာကူရာမြေမှာ ကျောင်းတက်ချင်တာကအိမ်မက်ဆိုတဲ့သူတွေအတွက်🌸 📚

ဂျပန်နိုင်ငံရဲ့ လူစည်ကားပြီးနေထိုင်သွားလာ‌ရေးအဆင်ပြေတဲ့ နေရာတစ်ခု ဖြစ်တဲ့ Waseda ဆိုတဲ့မြို့မှာ လာမယ့် 👉January Intake အတွက် ကျောင်းခေါ်စာတစ်ခုရောက်ထားပါတယ်
Class one ကျောင်းဖြစ်တဲ့အတွက် COE အောင်ချင်လည်းကောင်းမွန်ပြီး Reject ထိမှာ စိတ်ပူစရာမလိုတဲ့အပြင် Language School ကိုလည်းအချိန်တိုတိုနဲ့ တက်ရောက်နိုင်ပြီး university, college ကို တက်ရောက်ချင်သူတွေအတွက် အသင့်တော်ဆုံးကျောင်းခေါ်စာတစ်ခုပဲဖြစ်ပါတယ် ။

Tokyo Waseda ရဲ့Language school လျှောက်ဖို့အတွက်လိုအပ်တာတွေက💁

🟡Japanese N2 Level
🟡အထက်တန်းပြီးဆုံးအောင်မြင်ထားသူ

ဒီအချက်အလက်နှင့်ကိုက်ညီတဲ့သူဖြစ်ပါက CICမှာ လာရောက်လျှောက်ထားနိုင်ပါပြီ 📢

📍 ဆက်သွယ်စုံစမ်းရန် လိပ်စာနဲ့ ဖုန်းနံပါတ်များ

🏫 အမှတ် ၁၀ ဇောတိကလမ်း၊ မဟာမြိုင်မှတ်တိုင်အနီး၊ မြေနီကုန်း၊ စမ်းချောင်း၊ ရန်ကုန်မြို့။

☎️ 09 650 770 770

21/06/2026

Kanji စာလုံးတွေ ခဏခဏမေ့လို့ စိတ်ညစ်နေလား??? 🤔

ဒီနေ့ CIC ကနေ မှတ်ရတာအရမ်းလွယ်ပြီး လွယ်လွယ်ကူကူ စာလေ့လာလို့ရမယ့် Tricks လေးတွေ မျှဝေပေးချင်ပါတယ်။ 😉

Kanji စာလုံးတွေကို အလွတ်ကျက်ရတာ ပျင်းစရာကောင်းလာရင် အောက်က Visual Tip လေးတွေနဲ့ ပြောင်းမှတ်ကြည့်ရအောင် 👇

🪵 木 (သစ်ပင်) ➡️ 林 (တောအုပ်)

木 = အကိုင်းအခက်တွေ ဖြာထွက်နေတဲ့ "သစ်ပင်" တစ်ပင်။

林 = သစ်ပင် (木) နှစ်ပင် ပေါင်းလိုက်တော့ "တောအုပ်" ဖြစ်သွားရော။

🛌 休 (အနားယူသည်)

ဒီစာလုံးလေးက လူပုံစံ (人) နဲ့ သစ်ပင်ပုံစံ (木) တွဲထားတာပါ။

ပင်ပန်းလာတဲ့ "လူ" တစ်ယောက်က "သစ်ပင်" ရိပ်အောက်မှာ "အနားယူနေတယ်" လို့ မြင်ယောင်လိုက်ရုံပဲ 💡

🌟 明 (တောက်ပသော)

ဒီစာလုံးလေးက နေပုံစံ (日) နဲ့ လပုံစံ (月) နှစ်ခုကို ကပ်ထားတာပါ။

ကမ္ဘာပေါ်မှာ အလင်းဆုံးဖြစ်တဲ့ "နေမင်းကြီး" နဲ့ "လမင်းကြီး" နှစ်ခုစလုံး ပေါင်းစပ်သွားတဲ့အတွက် "လင်းလင်းထိန်ထိန်နဲ့ တောက်ပသွားတယ်" လို့ မှတ်လိုက်ရုံပဲ။ ☀️🌕

Kanji ကို အခုလို Visual Tip လေးတွေနဲ့တွဲမှတ်တာက ဦးနှောက်ထဲမှာ ရေရှည်အမှတ်မိဆုံးပဲနော် 😎

ဂျပန်စာကို စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ အခုလို ပေါ့ပေါ့ပါးပါးလေ့လာချင်တယ်ဆိုရင်တော့ CIC Japanese Education Centre ရဲ့ Class သစ်တွေမှာ အခုပဲ စာရင်းသွင်းလိုက်တော့နော်... 😉 📩

#ဂျပန်စာသင်တန်း #ဂျပန်စာသင်တန်း

20/06/2026

🎓 Language School အကြောင်း တစေ့တစောင်း - Part (3) ✨

ဂျပန်သွားဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား/သူတို့ ရင်အခုန်ရဆုံးအချိန်ဖြစ်တဲ့ COE ကျလာပြီးပြီဆိုရင်... ရှေ့ဆက် ဘာတွေလုပ်ရမလဲ? ကုန်ကျစရိတ်တွေကော ဘယ်လောက်ထပ်ရှိဦးမလဲ?

ဒီနေ့မှာတော့ "Language School အကြောင်း တစေ့တစောင်း" Series ရဲ့ တတိယမြောက် Video (Part 3) အနေနဲ့ COE ထွက်ပြီးနောက်ပိုင်း လုပ်ဆောင်ရမယ့် Process တွေနဲ့ ကျောင်းလခ၊ အဆောင်ခ ကုန်ကျစရိတ်တွေကို အသေးစိတ် ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ 🎬

1️⃣ ကျောင်းလခ ပေးသွင်းခြင်း

✨ COE ထွက်ပြီး (၁) ပတ်အတွင်း ကျောင်းလခ (၁) နှစ်စာ ပေးသွင်းရပါမယ်။

✨ ကျောင်းအလိုက် ယန်းသောင်း (၈၀) မှ (၁၀၀) ဝန်းကျင် ရှိတတ်ပြီး ငွေလွှဲမယ့်နေ့ရဲ့ ယန်းပေါက်ဈေးပေါ် မူတည်ပါတယ်။
(ဥပမာ- ယန်းသောင်း ၁၀၀ ဆိုလျှင် မြန်မာငွေ သိန်း ၂၅၀ မှ သိန်း ၃၀၀ ဝန်းကျင် အကြမ်းဖျင်း ကုန်ကျနိုင်ပါတယ်)။

✨ CIC ဘက်မှလည်း ငွေသွင်းမယ့်နေ့ ယန်းပေါက်ဈေးအတိုင်း မြန်မာငွေနဲ့ Trade လုပ်ပြီး သေချာဆောင်ရွက်ပေးပါတယ်။

2️⃣ ကျောင်းအဆောင် စီစဉ်ပေးခြင်း

✅ ကျောင်းဘက်မှ စီစဉ်ပေးတာမျိုး ရှိသလို၊ မရှိခဲ့ရင်လည်း CiC ဘက်မှ တာဝန်ယူပြီး အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။

✅ အဆောင်ခန်းအမျိုးအစားပေါ်မူတည်ပြီး တစ်လကို ယန်း (၄၀,၀၀၀) မှ (၆၀,၀၀၀) ဝန်းကျင် (မြန်မာငွေ ၁၀ သိန်းမှ ၁၆ သိန်းဝန်းကျင်) ခန့် ကုန်ကျနိုင်ပါတယ်။

💡 ရှေ့က Language School အကြောင်း ဗီဒီယိုတွေကို မကြည့်ရသေးရင်လည်း အောက်က Link တွေမှာ ဝင်ရောက်လေ့လာလို့ရပါတယ်။

📌 Part (1) - https://www.facebook.com/share/r/1E8kybc14c/?mibextid=wwXIfr

📌 Part (2) - https://www.facebook.com/share/v/17wTNdi3ZS/?mibextid=wwXIfr

📚 Language School ဗီဇာလျှောက်ထားမှုရဲ့ နောက်ဆုံးအဆင့် လုပ်ဆောင်ရမယ့် Process တွေနဲ့ လိုအပ်တဲ့ ကုန်ကျစရိတ်တွေအကြောင်းကိုတော့ Part (4) ဗီဒီယို မှာ ဆက်လက်ရှင်းပြပေးသွားမှာမို့ CiC Page လေးကို See First လုပ်ပြီး ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ Stay Tuned.... 😉

#ဂျပန် #ဂျပန်သင်တန်း #ဂျပန်စာသင်တန်း #ဂျပန်စာ

18/06/2026

စာတွေအများကြီးကျက်ထားပေမယ့် စကားပြောရင် ဘာလို့ထစ်နေရတာလဲ? 🤔💭

ဒါဟာ CiC လေးတို့ ညံ့လို့မဟုတ်ပါဘူး။ လေ့လာတဲ့ Method မှာ Input ပဲလုပ်ပြီး Output မလုပ်လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကစပြီး လေ့လာမှုပုံစံကို ဒီလိုလေးပြောင်းလဲကြည့်ရအောင် 👇 👇

Shadowing လုပ်ပါ 🗣️: ဂျပန်အသံဖိုင် သို့မဟုတ် Anime ထဲက စကားပြောတွေကို နားထောင်ပြီးတာနဲ့ ပါးစပ်က ချက်ချင်းလိုက်ပြောကြည့်ပါ။

Diary အတိုလေးရေးပါ 📝: သင်ထားတဲ့ Grammar နဲ့ တစ်နေ့ကို စာကြောင်း ၃ ကြောင်းလောက် ရေးကြည့်ပါ။

မှားမှာကို မကြောက်ပါနဲ့ ❌: ဘာသာစကားဆိုတာ မှားဖူးမှ တတ်တာပါ။ ပတ်ဝန်းကျင်မှာ စကားပြောဖော်မရှိရင် မှန်ရှေ့ရပ်ပြီး ကိုယ့်ဘာသာ လေ့ကျင့်လို့လည်း ရတယ်နော်။

အဓိကက စာအုပ်ထဲမှာပဲ သိမ်းမထားဘဲ လက်တွေ့ထုတ်သုံးဖို့ပါပဲ။

CiC လေးတို့ကကော အခု ဂျပန်စာလေ့လာတဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးနေလဲ? Comment မှာ Tip လေးတွေ မျှဝေခဲ့ကဦးနော်…🥰👇

#ဂျပန်စာ #ဂျပန်

16/06/2026

🇯🇵 Language School အကြောင်း တစေ့တစောင်း (Part - 2)

Language School လျှောက်ဖို့ ဘယ်ကနေစပြီး ဘာတွေပြင်ဆင်ရမလဲ???
ကုန်ကျစရိတ်ကော ဘယ်လောက်ရှိမလဲ???

💡 Language School လျှောက်ထားရာမှာ ဘာတွေလိုအပ်မလဲဆိုတာကို Part 1 မှာ အသေးစိတ် ရှင်းပြပေးခဲ့ပြီးပါပြီ။ အကယ်၍ Part 1 ကို မကြည့်ရသေးရင်တော့ အောက်က Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/r/1BdH2ARPZv/?mibextid=wwXIfr

အခု ဒီဒုတိယမြောက် ဗီဒီယိုထဲမှာတော့ Language School စတင်လျှောက်ထားချိန်ကနေ COE မထွက်ခင်အထိ လုပ်ဆောင်ရမယ့် Process တွေနဲ့ ကုန်ကျစရိတ် အကြမ်းဖျင်းကို ရှင်းပြပေးထားပါတယ် 💰

📝 လုပ်ဆောင်ရမယ့် Process အဆင့်ဆင့် -

1️⃣ Student Form ဖြည့်ခြင်း - လိုအပ်တဲ့ Form ကို CiC ဘက်မှ ကျောင်းသားနဲ့အတူ သေချာ ဖြည့်သွင်းပေးပါတယ်။

2️⃣ ကျောင်း Interview ဖြေဆိုခြင်း - Interview မဖြေခင် Agency ဘက်မှ စနစ်တကျ လေ့ကျင့်ပေးပါတယ်။ (အကယ်၍ တစ်ခါတည်းနဲ့ မအောင်မြင်ခဲ့ရင်လည်း နောက်ထပ်ကျောင်းတွေမှာ အင်တာဗျူး ထပ်မံဖြေဆိုနိုင်အောင် စီစဉ်ပေးပါတယ်)

3️⃣ စာရွက်စာတမ်း ပြင်ဆင်ခြင်း - အင်တာဗျူးအောင်ပြီဆိုတာနဲ့ စာရွက်စာတမ်းတွေ စတင်ပြင်ဆင်ပါတယ်။

4️⃣ Show Money ပြင်ဆင်ခြင်း - Show Money (သိန်း ၅၀၀ မှ ၇၀၀ ကြား) အတွက် Bank Statement ကို ကိုယ်တိုင်ပြချင်လည်းရသလို CiC ဘက်မှလည်း အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးပါတယ်။

💰 စတင်လျှောက်ထားချိန်မှာ ကုန်ကျမယ့်စရိတ်အကြမ်းဖျင်း -

CiC Agency Fees - သိန်း ၃၀ ကျပ်
Show Money Service Fees - ၉ သိန်းကျပ်ခန့် (သိန်း ၁၀၀ ကို ၁၅၀,၀၀၀ ကျပ်နှုန်းဖြင့် သိန်း ၆၀၀ အတွက် တွက်ချက်ထားခြင်း)
စုစုပေါင်း ကုန်ကျစရိတ်အကြမ်းဖျင်း - ၃၉ သိန်းခန့်သာ 💸

ဒီထက်ပိုပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ပေးသွားဦးနော် 🎬

💡 နောက်ဗီဒီယိုမှာတော့ အားလုံးသိချင်နေကြတဲ့ COE ထွက်ပြီးနောက်ပိုင်း Process တွေအပြင် ဂျပန်ကျောင်းလခ၊ အဆောင်ခ စတဲ့ ကုန်ကျစရိတ်အသေးစိတ်ကို ပြောပြပေးသွားမှာမို့ CiC Page လေးကို See First လုပ်ထားဖို့ မမေ့နဲ့ဦးနော် 😉

#ဂျပန်စာသင်တန်း #ဂျပန်စာ

15/06/2026

ဂျပန်သွားဖို့ ရှိပေမယ့် "COE Reject ထိမလား" ဆိုတဲ့ စိတ်ပူပန်မှုတွေကြောင့် ရှေ့မဆက်ရဲ ဖြစ်နေပြီလား? 🤔

ဒီလိုစိုးရိမ်စိတ်တွေကို ယုံကြည်မှုအဖြစ် ပြောင်းလဲပစ်ဖို့ CIC Japanese Education Centre ရှိနေပါပြီ။

ဂျပန်နိုင်ငံမှာ ပညာသင်ယူရင်း ကိုယ့်အိပ်မက်တွေကို စနစ်တကျအကောင်အထည်ဖော်နိုင်ဖို့ CIC ကို ဘာကြောင့်ရွေးချယ်သင့်တာလဲဆိုရင်...✨

1. COE 100% အောင်မြင်တဲ့ ကျောင်းဖြစ်ခြင်း 💯

ဗီဇာအတွက် လုံးဝ (လုံးဝ) စိတ်ချရတဲ့ Class 1 ကျောင်းတွေကိုပဲ ချိတ်ဆက်ပေးတာမို့ COE Reject ထိမှာကို ပူစရာမလိုတော့ပါဘူး။

2. ကျောင်းဝင်ခွင့်အင်တာဗျူးအတွက် ပြင်ဆင်ပေးခြင်း 📝

ဂျပန်ကျောင်းဝင်ခွင့် အင်တာဗျူးတွေမှာ ယုံကြည်မှုရှိရှိ ဖြေဆိုအောင်မြင်နိုင်ဖို့အတွက်ပါ အနီးကပ် သေချာလေ့ကျင့်ပေးပါတယ်။

3. အနာဂတ်အတွက် သေချာပြင်ဆင်ပေးခြင်း 🎓

Language School ပြီးသွားတာနဲ့ ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တွေကို ဆက်လက်တက်ရောက်နိုင်ဖို့အတွက်ပါ လိုအပ်တာတွေကို သေချာလမ်းညွှန်ပြင်ဆင်ပေးပါတယ်။

ဒီလို ဗီဇာအတွက်ရော၊ ရှေ့ဆက်ရမယ့် ပညာရေးအတွက်ပါ စိတ်ချရတဲ့ Class 1 ကျောင်းကြီးမှာ တက်ရောက်ဖို့ 𝐂𝐈𝐂 မှာ အခုပဲ လာရောက်ဆွေးနွေးပြီး စာရင်းပေးသွင်းလိုက်တော့နော်။ ‼️🤩

📍 ဆက်သွယ်စုံစမ်းရန် လိပ်စာနဲ့ ဖုန်းနံပါတ်များ

🏫 အမှတ် ၁၀ ဇောတိကလမ်း၊ မဟာမြိုင်မှတ်တိုင်အနီး၊ မြေနီကုန်း၊ စမ်းချောင်း၊ ရန်ကုန်မြို့။

☎️ 09 650 770 770

🏫 ၄၀ လမ်း၊ (၇၀*၇၁) လမ်းကြား မဟာနွယ်စင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

☎️ 09 750 801 199

#ဂျပန်စာသင်တန်း #ဂျပန်စာ

Want your school to be the top-listed School/college in Sanchaung?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 10 Zawtika Street, Near Mahar Myaing Bus Stop , Sanchaung Yangon
Sanchaung
11111

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00