NELC - Nelson English Language Centre

NELC - Nelson English Language Centre

Share

"Don't Worry, Just Speak!" Its branches are located in the best areas of Yangon and all over Myanmar.

NELC has already celebrated the milestone of the school’s over 17 years of academic excellence and outstanding achievements of our students. Founded in 2005 by the owner, Nelson Rweel, to promote English language courses in an academic context

Since 14th March 2005, NELC has offered year-round quality English language courses to students. The school has been recognized as one of the innovative an

25/06/2026

ပညာရေးမှာတင်မကဘဲ ရင်သွေးငယ်တွေရဲ့ နေထိုင်မှုအဆင့်အတန်းပါ စနစ်ကျစေဖို့ 𝐍𝐄𝐋𝐂 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐁𝐫𝐚𝐧𝐜𝐡 𝟐 ရဲ့ ညအိပ်ဘော်ဒါဆောင် များ စတင်လက်ခံနေပါပြီ 🎒

မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ပညာရေးမှာ ထူးချွန်ရုံတင်မကဘဲ ဘေးကင်းလုံခြုံပြီး စနစ်ကျတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ပြုစုပျိုးထောင်ချင်ပါသလား?

💡 ဒါဆိုရင်တော့ NELC Tachileik Branch 2 ရဲ့ စနစ်သစ် ညအိပ်ဘော်ဒါဆောင် ရှိနေပြီမို့ ဖေဖေ၊ မေမေတို့ စိတ်အေးလက်အေး ရှိနေနိုင်ပါပြီနော်။

ညအိပ်ဘော်ဒါဆောင်လေးကိုတော့ Grade 5 မှ Grade 9 အထိ ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူလေးများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများနှင့်အတူ (၂၄) နာရီပတ်လုံး လုံခြုံရေး အပြည့်အဝရှိခြင်းကြောင့် ကျောင်းဝင်းအတွင်းနဲ့ ဘော်ဒါဆောင်မှာ ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ရာနှုန်းပြည့် စိတ်ချရစေမှာပဲ ဖြစ်ပါတယ်ရှင်။

ကလေးများရဲ့ ကျောင်းအကြို/အပို့အတွက်လည်း Ferry အဆင်သင့် စီစဉ်ပေးထားတာကြောင့် ဘော်ဒါဆောင်ကနေ ကျောင်းကို သွားလာရ အရမ်းကို အဆင်ပြေစေပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့် အစားအသောက်များကို ဂရုတစိုက် ချက်ပြုတ်ကျွေးမွေး ပြင်ဆင်ပေးလျက် ရှိပါတယ်ရှင်။

ဖေဖေ၊ မေမေတို့ ငွေကြေးအဆင်ပြေချောမွေ့ပြီး စိတ်အေးချမ်းသာစွာနဲ့ ရင်သွေးငယ်တွေကို ဘော်ဒါဆောင် ထားရှိနိုင်ဖို့အတွက် ကျောင်းလခကိုလည်း လစဉ် တစ်လချင်းစီ ခွဲပြီး ပေးသွင်းနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။

ကဲ... ဖေဖေ၊ မေမေတို့ရေ ပညာရေးမှာ စနစ်ကျပြီး နေထိုင်မှုမှာလည်း သန့်ရှင်းလုံခြုံတဲ့ NELC ဘော်ဒါဆောင်မှာ တက်ရောက်ဖို့အတွက် အခုပဲ စုံစမ်းပြီး ဆက်သွယ်စာရင်းပေးသွင်းလိုက်ကြရအောင်နော် ❤️

အသေးစိတ် ဆက်သွယ်စုံစမ်းရန်အတွက် အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် လိပ်စာသို့ သွားရောက်လေ့လာ မေးမြန်းနိုင်ပါတယ်ရှင့်။

📍 NELC တာချီလိတ် Branch - 2
🏫 အာခါစျေးလမ်း၊ လမ်းသွယ် (၇) လမ်း၊ အိမ်အမှတ် - ဝက(ခ) ၁၀၂၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့။
☎️ 09-699343319
🌐 Website: www.nelc-centres.com



24/06/2026

𝐓𝐡𝐞 𝐉𝐨𝐮𝐫𝐧𝐞𝐲 𝐨𝐟 𝐎𝐮𝐫 𝐋𝐢𝐭𝐭𝐥𝐞 𝐒𝐭𝐚𝐫𝐬 𝐚𝐭 𝐍𝐄𝐋𝐂 𝐋𝐚𝐬𝐡𝐢𝐨 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝟐𝟎𝟐𝟔 🎓

NELC Lashio Branch ရဲ့ ရင်သွေးငယ်လေးတွေ ပထမဆုံး ကျောင်းဆင်းပွဲ အောင်မြင်မှုကို ပျော်ရွှင်တက်ကြွစွာ ဆင်နွှဲခဲ့ကြတဲ့ အမှတ်တရ အခိုက်အတန့် မြင်ကွင်းလှလှလေးတွေကို မှတ်တမ်းတင်သိမ်းဆည်းရင်း မျှဝေတင်ဆက်ပေးလိုက်ရပါတယ်ရှင်။

🎬 Video လေးထဲမှာတော့ ဘွဲ့ဝတ်စုံလေးတွေ ကိုယ်စီနဲ့ အရမ်းကို စမတ်ကျပြီး ချစ်စရာကောင်းနေတဲ့ NELC Lashio Branch မှ ကြယ်ပွင့်လေးတွေရဲ့ အနာဂတ်ခရီးလမ်းအတွက် ပထမဆုံးသော အခြေခံအုတ်မြစ် အောင်မြင်မှုနဲ့ ဘဝပထမဆုံး ကျောင်းဆင်းပွဲ အခိုက်အတန့်လေးတွေကို ဗီဒီယိုမှတ်တမ်းလေးကတစ်ဆင့် မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။

ပွဲအခမ်းအနားကြီး ဖြစ်မြောက်အောင်မြင်စေရန် ကူညီပံ့ပိုးပေးခဲ့ကြပါသော တာဝန်ရှိသူလူကြီးမင်းများ၊ Management Team၊ ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများ နှင့် ပွဲသို့တက်ရောက်ပေးပါသော ကျောင်းသူ၊ ကျောင်းသားများ နှင့် ကျောင်းသားမိဘများ ကိုလည်း အထူးပင်ကျေးဇူးတင်အပ်ပါတယ်ရှင့်။

❤️ Experience the joy and pride in this beautiful video highlight from the NELC Lashio Preschool Graduation Ceremony 2026. Witness the incredible milestone of our bright young learners who have shown amazing progress in both their English proficiency and personal confidence. We give our special thanks to the management, dedicated teachers, staff, and wonderful families for creating such an inspiring day, and we hope you enjoy these unforgettable moments.



24/06/2026

💫 𝐇𝐚𝐩𝐩𝐲 𝐅𝐢𝐫𝐬𝐭 𝐃𝐚𝐲 𝐨𝐟 𝐂𝐥𝐚𝐬𝐬𝐞𝐬 𝐚𝐭 𝐍𝐄𝐋𝐂 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐟𝐨𝐫 𝐚 𝐅𝐫𝐞𝐬𝐡 𝐒𝐭𝐚𝐫𝐭 𝐚𝐧𝐝 𝐄𝐧𝐝𝐥𝐞𝐬𝐬 𝐏𝐨𝐬𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 ✨🌟

🤗 ပိုမိုတိုးတက်လာမယ့် English Skills တွေအတွက် တာချီလိတ်မြို့မှာ ဖွင့်လှစ်ထားတဲ့ NELC Tachileik Branch မှာတော့ Young Learners သားသား၊ မီးမီးတို့ရဲ့ Weekend Class ရဲ့ First Day of School နေ့ရက်လေးကို ရောက်ရှိလို့လာခဲ့ပါပြီ။

တောက်ပတဲ့ အပြုံးတွေကို မျက်နှာထက်မှာ ဆင်မြန်းပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ပထမဆုံး ကျောင်းတက်ရက်လေးမှာ သူငယ်ချင်းဟောင်းတွေအပြင် သူငယ်ချင်းအသစ်တွေနဲ့ပါ ဆုံတွေ့ခဲ့ကြပါတယ်။ Teachers တို့နဲ့အတူ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရင်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကျောင်းတက်ရက်လေးကို စတင်ခဲ့တာဖြစ်ပါတယ်ရှင်။ 🌟

🌈 Communication Skills များ တိုးတက်ကောင်းမွန်လာစေဖို့နဲ့ ပိုမိုချစ်ခင်ရင်းနှီးလာစေဖို့အတွက် Teachers တို့က ဦးဆောင်ပြီး Games Activities လေးတွေကိုလည်း ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြပါတယ်။ သားသား၊ မီးမီးလေးတွေရဲ့ ပျော်ရွှင်စရာကောင်းတဲ့ First Day of School အမှတ်တရ မြင်ကွင်းလေးတွေကို ဗီဒီယိုလေးနဲ့အတူ ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။ 📸💞

===================================================

🏘 NELC တာချီလိတ် Branch - 1
အမှတ် (၁၀/၄၉)၊ လမ်းသွယ် ၁/၂၊ မြန်မာ့တိုးနယားအိမ်ရာ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ တာချီလိတ်မြို့။

☎️ 084-2052572 / 09-661201060 / 09-688046650 / 09-984874879

🏘 NELC တာချီလိတ် Branch - 2
အာခါဈေးလမ်း၊ လမ်းသွယ် (၇) လမ်း၊ အိမ်အမှတ် - ဝက(ခ) ၁၀၂၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့။

☎️ 09-699343319

🌐 Website: www.nelc-centres.com





Photos from NELC - Nelson English Language Centre's post 24/06/2026

🎓 𝐁𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥 𝐌𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐨𝐟 𝐭𝐡𝐞 𝐍𝐄𝐋𝐂 𝐋𝐚𝐬𝐡𝐢𝐨 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 𝟐𝟎𝟐𝟔 ✨

NELC Lashio Branch ကနေပြီးတော့ မိဘအုပ်ထိန်းသူများအားလုံးနဲ့အတူ ကလေးငယ်လေးတွေရဲ့ အနာဂတ်ခရီးလမ်းအတွက် ပထမဆုံးသော အခြေခံအုတ်မြစ် အောင်မြင်မှုများအတွက် Preschool Graduation Ceremony ကို ဝမ်းမြောက်ဂုဏ်ယူစွာ ကျင်းပပေးခဲ့ပါတယ်ရှင်။

🌟 ဘွဲ့ဝတ်စုံလေးတွေ ကိုယ်စီနဲ့ အရမ်းကို စမတ်ကျပြီး ချစ်စရာကောင်းနေတဲ့ NELC ရဲ့ မူကြိုကြယ်ပွင့်လေးတွေဟာ ကျောင်းဝန်းအတွင်းမှာ ဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ပညာရှာမှီးရင်း အခုဆိုရင် အင်္ဂလိပ်စာ အရည်အသွေးရော ကိုယ်ရည်ကိုယ်သွေးပါ ယုံကြည်မှုအပြည့်နဲ့ တိုးတက်ထက်မြက်လို့ လာခဲ့ကြပါပြီရှင်။

ပွဲအခမ်းအနားကြီး ဖြစ်မြောက်အောင်မြင်စေရန် ကူညီပံ့ပိုးပေးခဲ့ကြပါသော တာဝန်ရှိသူလူကြီးမင်းများ၊ Management Team၊ ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများ နှင့် ပွဲသို့တက်ရောက်ပေးပါသော ကျောင်းသူ၊ ကျောင်းသားများ နှင့် ကျောင်းသားမိဘများ ကိုလည်း အထူးပင်ကျေးဇူးတင်အပ်ပါတယ်ရှင့်။

ကလေးတို့ရဲ့ ဖြူစင်တဲ့ အပြုံးတွေ၊ ပီတိအပြည့်နဲ့ ဂုဏ်ယူနေကြတဲ့ မိဘများရဲ့ မျက်ဝန်းတွေနဲ့အတူ NELC Lashio Branch ရဲ့ မူကြိုဘွဲ့နှင်းသဘင် အခမ်းအနားကြီးကနေ မှတ်တမ်းတင်ရရှိခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ 📸

❤️ NELC Lashio Branch successfully celebrated the Preschool Graduation Ceremony 2026, marking the very first academic milestone for our bright little stars who showcased incredible growth in both their English skills and personal confidence. We extend our heartfelt gratitude to the management team, dedicated teachers, staff, amazing parents, and students who supported us in making this grand event a huge success, and we invite everyone to enjoy these precious, heartwarming photos filled with proud smiles from our Lashio Campus.




23/06/2026

🎓✨ 𝐀 𝐉𝐨𝐲𝐟𝐮𝐥 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐎𝐮𝐫 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐒𝐭𝐚𝐫𝐬 ✨🎓

NNELC Preschool ၏ Phawt Kan, Aung Tha Pyay, Mayangone, Bo Aung Kyaw နှင့် North Dagon Campus များမှ သားသားမီးမီးလေးများအတွက် Preschool Graduation Ceremony ကို NIEC Thuwanna Campus ရှိ Galaxy Hall တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကလေးငယ်လေးများ၏ ယုံကြည်မှုအပြည့်ဖြင့် စင်မြင့်ထက်မှ ဖျော်ဖြေတင်ဆက်မှုများ၊ ဂုဏ်ယူဝမ်းမြောက်စွာ အားပေးကြသော မိဘများနှင့် မေတ္တာအပြည့်ဖြင့် လမ်းညွှန်ပေးခဲ့ကြသော ဆရာ၊ ဆရာမများကြောင့် အခမ်းအနားသည် အဓိပ္ပာယ်ပြည့်ဝပြီး နွေးထွေးပျော်ရွှင်ဖွယ် အမှတ်တရနေ့ရက်တစ်ရက် ဖြစ်ခဲ့ပြီးမူကြိုပညာရေးခရီးစဉ်ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကြသော သားသားမီးမီးလေးများအား ဂုဏ်ပြုအောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး၊၎င်းတို့၏ နောက်ထပ်ပညာရေးခရီးစဉ်အတွက်လည်း အားလုံးက ဆုမွန်ကောင်းများစွာ တောင်းပေးခဲ့ကြပါသည်။

🌟 ကလေးငယ်တို့၏ အပြုံးများ၊ စိတ်လှုပ်ရှားဖွယ် ဖျော်ဖြေမှုများနှင့် မိသားစုများ၏ ဂုဏ်ယူဝမ်းမြောက်မှုများ ပေါင်းစည်းထားသည့် ဤအမှတ်တရနေ့လေးသည် NELC မိသားစုအတွက် အထူးတန်ဖိုးရှိသော အခိုက်အတန့်တစ်ခုအဖြစ် မှတ်တမ်းတင်ထားတဲ့ Video လေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။

ယခုလို ပွဲအခမ်းအနားကြီးသို့ တက်ရောက်ပြီး အားဖြည့်ပေးခဲ့ကြသော

🌟 NELC ၏ ပဲ့ကိုင်ရှင်ဖြစ်သော Tr. Nelson Rweel နှင့် Ma Ma Thant Thiri Thet
🌟 NELC မှ သားသား၊ မီးမီးလေးများကို အစဉ်တစိုက် ယုံကြည်အပ်နှံခဲ့ကြတဲ့ ဖေဖေ၊ မေမေများ
🌟 စိတ်ရောကိုယ်ပါ နှစ်မြှုပ်သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများ နှင့်
🌟 အခမ်းအနားကြီး အောင်မြင်စွာ ပြီးမြောက်နိုင်အောင် ကူညီပံ့ပိုးပေးခဲ့ကြသော NELC Management Team တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။

💗 We truly appreciate all of you who joined us to celebrate our little graduates. Your kindness, support, and warm presence brought so much joy to this special day and made it a beautiful memory we will always cherish. ✨




Pyay


23/06/2026

🌟 𝐅𝐢𝐫𝐬𝐭 𝐃𝐚𝐲, 𝐅𝐢𝐫𝐬𝐭 𝐒𝐭𝐞𝐩 𝐓𝐨𝐰𝐚𝐫𝐝𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐮𝐜𝐜𝐞𝐬𝐬! 🌟

📚NELC Tachileik ၏ Young Learners Weekend (Morning Classes) အတန်းများကို ကျောင်းသား၊ ကျောင်းသူများ၏ တက်ကြွသော အပြုံးများ၊ စိတ်အားထက်သန်မှုများနှင့်အတူ အောင်မြင်စွာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ပထမဆုံးအတန်းနေ့တွင် ကလေးများသည် ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ခြင်း၊ သူငယ်ချင်းအသစ်များနှင့် ရင်းနှီးကျွမ်းဝင်ခြင်းတို့အပြင် ပျော်ရွှင်စရာ Games များ၊ Interactive Activities များနှင့် Teamwork Activities များမှတစ်ဆင့် အင်္ဂလိပ်ဘာသာစကားကို စိတ်ဝင်စားဖွယ် လေ့လာသင်ယူခဲ့ကြပါတယ်။

NELC Young Learners English 4 skills Program သည် ကလေးများ၏ Listening, Speaking, Reading နှင့် Writing Skills (4 Skills) များကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်ရန်၊ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ Cambridge English Learning Pathway အတွက် ခိုင်မာသော အခြေခံကောင်းများ တည်ဆောက်ပေးလျက်ရှိပါတယ်။

⭐ကျောင်းသား၊ ကျောင်းသူများအတွက် ဗဟုသုတအသစ်များ၊ မိတ်ဆွေအသစ်များနှင့် အောင်မြင်မှုအသစ်များကို ဖန်တီးပေးမည့် အမှတ်တရကောင်းများစွာဖြင့် ပြည့်နှက်နေတဲ့ပုံရိပ်ကို အမှတ်တရအဖြစ်မျှဝေပေးလိုက်ပါတယ်ရှင့်။

=============================

🏘 NELC တာချီလိတ် Branch - 1
အမှတ် (၁၀/၄၉)၊ လမ်းသွယ် ၁/၂၊ မြန်မာ့တိုးနယားအိမ်ရာ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ တာချီလိတ်မြို့။
☎️ 084-2052572 / 09-661201060 / 09-688046650 / 09-984874879

🏘 NELC တာချီလိတ် Branch - 2
အာခါဈေးလမ်း၊ လမ်းသွယ် (၇) လမ်း၊ အိမ်အမှတ် - ဝက(ခ) ၁၀၂၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့။
☎️ 09-699343319

🌐 Website: www.nelc-centres.com








23/06/2026

အာရုံစူးစိုက်မှု နည်းတဲ့ ကလေးငယ်တွေအတွက် ဆရာများနှင့် မိဘအုပ်ထိန်းသူများ မဖြစ်မနေ သိထားသင့်တဲ့ အဖိုးတန် နည်းလမ်း (၆) ခု ✨

⭐️ အတန်းထဲမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အာရုံစူးစိုက်ဖို့ ခက်ခဲနေတဲ့ ကလေးငယ်တွေကို မြင်တဲ့အခါ သူတို့ကို ပိုပြီး အဆင်ပြေသွားအောင် ဘယ်လိုမျိုး ကူညီပံ့ပိုးပေးရမလဲဆိုတာ မိဘတွေနဲ့ ဆရာ ဆရာမတွေအတွက် တကယ့်ကို အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

NELC Tamwe Branch မှ Tr. Shun Lae Wahh Wahh ကနေပြီးတော့ အာရုံစူးစိုက်မှု အားနည်းတဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ တကယ့်ကို ထိရောက်ပြီး လက်တွေ့အသုံးချနိုင်မည့် ဆရာများနှင့် အုပ်ထိန်းသူများအတွက် အဖိုးတန် မဟာဗျူဟာ နည်းလမ်း (၆) ခုကို မျှဝေပြောကြားပေးခဲ့ပါတယ်။

💡 ဆရာ ဆရာမများအနေနဲ့ သင်ကြားရေးမှာ ပိုမိုအဆင်ပြေစေဖို့နဲ့ မိဘအုပ်ထိန်းသူများအနေနဲ့လည်း အိမ်မှာ ကလေးတွေကို စိတ်ရှည်လက်ရှည် ပျိုးထောင်ပေးနိုင်ဖို့အတွက် အလွန်အသုံးဝင်လှတဲ့ နည်းလမ်းကောင်း (၆) ချက်ကို ဗီဒီယိုလေးထဲမှာ အတူတူ နားဆင်ကြည့်ရှုလိုက်ရအောင်ပါရှင့်။

===========================

📍 NELC Tamwe Branch
🏫 အမှတ် (၁၄၄)၊ လေးထောင့်ကန်လမ်းမ၊ တာမွေလေးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
📩 [email protected]
📞 09 760 450 406 (Viber) / 09 264 938 670 / 09 264 939 628
🌐 Website www.nelc-centres.com




22/06/2026

အိမ်က ကလေးငယ်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို အကောင်းဆုံး အရှိန်အဟုန်နဲ့ ပံ့ပိုးပေးဖို့အတွက် NELC ရဲ့ Young Learners English 4 Skills အတန်းလေးများ ✨

✨ အင်္ဂလိပ်စာလုံးလေးတွေ မြင်ရင် စိတ်ဝင်တစားနဲ့ လိုက်ဖတ်ချင်နေပြီ
✨ TV (or) Youtube ထဲက အင်္ဂလိပ်စကားလုံးတွေကို လိုက်ပြောဖို့ ကြိုးစားနေတယ်
✨ စာတွေကို အလွတ်ကျက်ခိုင်းရင် ပျင်းပေမယ့် ပုံပြင်တွေ၊ ကစားနည်းတွေဆိုရင် တက်ကြွနေတတ်တယ်
✨ ကိုယ်ပိုင်အတွေးအခေါ်လေးတွေကို အင်္ဂလိပ်လို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောပြချင်စိတ် ရှိနေတယ်

ဒီလို စူးစမ်းချင်စိတ်နဲ့ အလားအလာကောင်းတွေ ရှိနေတဲ့ ကလေးတို့ရဲ့ အရည်အချင်းကို အကောင်းဆုံး အရှိန်အဟုန်နဲ့ ပံ့ပိုးပေးဖို့အတွက် NELC ရဲ့ Young Learners English 4 Skills အတန်းလေးတွေက အသင့်စောင့်ကြိုနေပါတယ်ရှင်။

စာလုံးလေးတွေ စတင်အသံထွက်တတ်စအရွယ်ကနေ မိမိတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကို အင်္ဂလိပ်လို သွက်သွက်လက်လက် ရေးသားပြောဆိုနိုင်တဲ့ ဆယ်ကျော်သက်အရွယ်အထိ ကလေးတို့ရဲ့ အသက်အရွယ်အလိုက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမည့် သင်ရိုးညွှန်းတမ်းများဖြင့် စနစ်တကျ ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ စာအုပ်ကြီးတွေနဲ့ ပျင်းစရာကောင်းအောင် သင်တာမျိုး မဟုတ်ဘဲ Listening, Speaking, Reaing and Writing စသည့် စွမ်းရည် (၄) ခုလုံးကို လက်တွေ့အသုံးချနိုင်တဲ့အထိ ထက်မြက်လာအောင် လေ့ကျင့်ပေးသွားမှာပါ။

🌐 NELC ရဲ့ Young Learners English 4 Skills အတန်းတွေကိုတော့ ကျောင်းအကြိုအပို့ လုပ်ဖို့ အချိန်မအားတဲ့ မိဘတွေအတွက် အိမ်မှာတင် ဆရာ၊ ဆရာမများနှင့် တိုက်ရိုက် Face-to-Face သင်ကြားခွင့်ရရှိပြီး အင်တာနက်ရှိရုံနဲ့ ဘယ်နေရာကမဆို တက်ရောက်နိုင်သလို ကလေးတို့ရဲ့ သင်ယူမှုကိုလည်း ဘေးကနေ စိတ်ချလက်ချ စောင့်ကြည့်နိုင်သည့် Online အတန်းလေးများကို တက်ရောက်နိုင်မည့်အပြင် စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမ၊ သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ပါးပါး လူကိုယ်တိုင် ထိတွေ့ဆက်ဆံပြီး လှုပ်ရှားကစားလိုတဲ့ ကလေးတို့အတွက် Onsite အတန်းကိုလည်း နှစ်သက်အဆင်ပြေသည့်အတိုင်း ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင်။

June Intake မှာ ဖွင့်လှစ်ထားသည့် NELC Young Learners English 4 Skills (Online and Onsite) အတန်းများအကြောင်းကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ 👇
🔗 https://www.facebook.com/share/v/18coRAt5io/

June Intake အတွက် အတန်းသစ်လေးများကို တက်ရောက်နိုင်ရန်အတွက် Register လက်ခံနေဆဲမို့ အခုပဲ Form လေးဖြည့်ပြီး စာရင်းပေးသွင်းထားလိုက်တော့နော်။ June Intake Online အတန်းများ တက်ရောက်လိုပါက အောက်ပါ Link ကို နှိပ်ပြီး ဖောင်ဖြည့်နိုင်ပါပြီရှင်။ 👇

🔰 23rd Batch Grammar & Essay Online Form
🔗 https://shorturl.at/UnylQ

🔰 Cambridge Exams Preparation Register Online Form
🔗 https://shorturl.at/kzb9v

🔰 31st Batch NELC Online Learning (NELC Old Students)
🔗 https://shorturl.at/xYSuk

🔰 31st Batch NELC Online Learning (NELC New Students)
🔗 https://shorturl.at/0CrlZ

🌐 Website www.nelc-centres.com

============================

ော်ဝင်စင်တာ
📞 09 961309696 / 09 251235965 / 09 767 239 406

ြောက်ဒဂုံ
📞 09 940 450 888 / 09 940 450 777

်ကင်း
📞 09 442648588 / 09 442 648 599

ေါပုံ_ရန်ကုန်
📞 09 266 4500 11 / 09 266 4500 22 / 09 778 161 100

ိုလ်အောင်ကျော်_ရန်ကုန်
📞 09 266 365 496 / 09 443 748 209 / 09 897 790 114

ောင်သပြေ_စမ်းချောင်း_ရန်ကုန်
📞 09 458 577 742 / 09 428 612 639

်္ဃန်းကျွန်း_ရန်ကုန်
📞 09 960 603 700 / 09 762 090 223

်းကုန်း_ရန်ကုန်
📞 09 777 704 401 / 09 730 653 45

ြောက်ဥက္ကလာပ_ရန်ကုန်
📞 09 960 604 700

ုံ_ရန်ကုန်
📞 09 958696573 / 09 958696574

ော့ကန်_ရန်ကုန်
📞 09 898 550 002 / 09 898 550 003

ာမွေ_ရန်ကုန်
📞 09 760 450 406 / 09 264 938 670 / 09 264 939 628

ုသိမ်
📞 09 766 131 953 / 09 766 131 943

္တလေး
📞 09 770109392 / 09 754754616 / 09 770066350

ြင်ဦးလွင်
📞 09 765 878 688 / 09 400 306 019

ာချီလိတ် Branch 1
📞 084 2052572 / 09 661201060 / 09 688046650 / 09 984874879

ာချီလိတ် Branch 2
📞 09 699343319

ေပြည်တော်
📞 09 782 009 390 / 09 422 294 894

ျိုင်းတုံ
📞 09 449 698 100 / 09 783 365 513

ောင်ပန်း
📞 09 266 450 033 / 09 442 636 288

ားရှိုး
📞 09 767511392 / 09 890590878





Photos from NELC - Nelson English Language Centre's post 20/06/2026

✨🏆 𝐇𝐮𝐠𝐞 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐎𝐮𝐫 𝐅𝐂𝐄 𝐂𝐚𝐧𝐝𝐢𝐝𝐚𝐭𝐞𝐬 𝐨𝐧 𝐘𝐨𝐮𝐫 𝐎𝐮𝐭𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐒𝐮𝐜𝐜𝐞𝐬𝐬 🏆✨

NELC Online Learning မှ May 2026 Cambridge English Exams တွင် အဆင့်မြင့် FCE (B2 First) Level ကို ထူးချွန်ပြောင်မြောက်စွာ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးကို NELC မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်အပ်ပါတယ်ရှင်။ 🎉🌟

နိုင်ငံတကာအသိအမှတ်ပြု ခက်ခဲလှသော FCE စာမေးပွဲကြီးတွင် Grade A အဆင့်မြင့်ရမှတ် (၁၈၀ ကျော်) အထိ အပြတ်အသတ် ဆွတ်ခူးနိုင်ခဲ့ကြသည့် ထူးချွန်ကျောင်းသား (၉) ဦးအပါအဝင်၊ အားရပီတိဖြစ်ဖွယ် အောင်မြင်မှုကို အတူတူရယူနိုင်ခဲ့ကြသည့် NELC Online ကျောင်းသား၊ ကျောင်းသူများအားလုံးရဲ့ ကြိုးစားအားထုတ်မှုက တကယ့်ကို ဂုဏ်ယူဝင့်ကြွားစရာပဲ ဖြစ်ပါတယ်ရှင်။ 💯👏

ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု ခြေလှမ်းသစ်တစ်ခုကို ယုံကြည်မှုအပြည့်နဲ့ လှမ်းကိုင်နိုင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ စနစ်တကျ အနီးကပ် လမ်းညွှန်သင်ကြားပေးခဲ့သော NELC မှ ဆရာ၊ ဆရာမများနှင့် အဖက်ဖက်မှ ပံ့ပိုးပေးခဲ့ကြသော မိဘအုပ်ထိန်းသူများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ရင်း အောင်မြင်မှုရလဒ်များကို မျှဝေပေးလိုက်ရပါတယ်ရှင်။ 🎉💖

We are incredibly proud to announce the outstanding FCE Results for May 2026 Candidates from NELC Online Learning. 🏆✨

A huge shoutout to our brilliant students who successfully passed the prestigious Cambridge English: B2 First (FCE) exam with flying colors! Special congratulations to our top achievers who clinched Grade A with spectacular scores ranging from 180 to 186 out of 190. 🌟💯

Your dedicated hard work, along with the inspiring guidance of NELC teachers and the unwavering support of parents, has truly paid off. Wishing you all the very best on your future global educational journeys! Let's celebrate this proud milestone together. 🚀🎓





Photos from NELC - Nelson English Language Centre's post 20/06/2026

🧸 မေမေ့ရင်ခွင်အပြင်ဘက်မှာ သားသားမီးမီးတို့ အပျော်ဆုံးနဲ့ အထက်မြက်ဆုံး ဖြစ်လာစေမည့် နေရာလေးတစ်ခု

အိမ်ထဲမှာတင် မေမေ့အနားကပ်ပြီး ဆော့ကစားရာကနေ ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေတဲ့ သားသားမီးမီးတို့ရဲ့ အချိန်လေး ရောက်လာပြီဆိုရင် ကလေးတို့ရဲ့ ခြေလှမ်းအစမှာ အကောင်းဆုံးနဲ့ အနွေးထွေးဆုံး ဝန်းကျင်တစ်ခုကို လက်ဆောင်ပေးလိုက်ပါနော်

👶 ကလေးတစ်ယောက်အတွက် ပထမဆုံး ကျောင်းသင်ခန်းစာဆိုတာ စာအုပ်ကြီးတွေ မဟုတ်ပဲ သူငယ်ချင်းတွေနဲ့ အတူတူ ကစားရင်း မျှဝေတတ်လာတာ၊ ကိုယ်တိုင် ဖိနပ်လေး စီးတတ်လာတာ၊ အင်္ဂလိပ်လို သီချင်းလေးတွေ ညည်းပြီး ကတတ်လာတာကစလို့ ကလေးတို့ရဲ့ ပထမဆုံးသော လူမှုပတ်ဝန်းကျင် အစပြုခြင်းပဲ ဖြစ်ပါတယ်ရှင်။

🏫 NELC ရဲ့ Preschool အတန်းလေးတွေဟာ ကလေးတွေကို စာတွေပဲ အတင်းကျက်ခိုင်းတဲ့ နေရာမဟုတ်ဘဲ
- ဆေးရောင်စုံလေးတွေခြစ်ရင်း စိတ်ကူးဉာဏ် ဖွံ့ဖြိုးစေမည့် နေရာ
- ကစားစရာလေးတွေ တွဲစပ်ရင်း ဆုံးဖြတ်ချက်ချတတ်အောင် လေ့ကျင့်ပေးမည့် နေရာ
- ပျော်စရာ Activities လေးတွေကတစ်ဆင့် အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုလို သဘာဝအတိုင်း နှုတ်ဖျားမှာ စွဲသွားစေမည့် နေရာလေး ဖြစ်ပါတယ်။

မေမေ ဖေဖေတို့ စိတ်ချလက်ချ ရှိစေဖို့အတွက် အတွေ့အကြုံရင့် ဆရာမကြီးများက သားသားမီးမီးတို့ကို မိခင်တစ်ဦးကဲ့သို့ စိတ်ရှည်လက်ရှည်၊ နွေးထွေးစွာ ဂရုစိုက် ပျိုးထောင်ပေးနေတာမို့ ကလေးတို့ရဲ့ ဒုတိယအိမ်ဂေဟာလေးလို့ တင်စားရင်လည်း မမှားပါဘူးရှင်။

အိမ်က ကလေးငယ်လေးရဲ့ စူးစမ်းချင်စိတ်တွေ လွတ်လပ်စွာ ပွင့်လန်းပြီး ရဲရင့်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် စတင် ပြောင်းလဲလာဖို့အတွက် NELC Preschool အတန်းလေးတွေမှာ အခုပဲ ဆွေးနွေးတိုင်ပင်ပြီး စာရင်းသွင်းနိုင်ပါပြီရှင်။

🎒 NELC Preschool အတန်းများကို အသက် (၃) နှစ်အရွယ်မှစ၍ တက်ရောက်နိုင်ပြီး Semester တစ်ခုကို (၆) လတစ်ကြိမ်အဖြစ် စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။ လက်ရှိမှာလည်း June Intake အတန်းသစ်လေးကို စတင်ဖွင့်လှစ်လျက်ရှိပြီး ဖေဖေ၊ မေမေတို့၏ ရင်သွေးငယ်လေးများ အဆင်ပြေစွာ တက်ရောက်နိုင်ရန်အတွက် Observation အစီအစဉ်လေးများကိုလည်း အမြဲနွေးထွေးစွာ လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။

🏫 Level သတ်မှတ်ချက်များ
ကလေးတို့ရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုအလိုက် အတန်း (၄) မျိုး ခွဲခြားထားပါတယ် -
✅Pre-Nursery
✅Nursery-1
✅Nursery-2
✅Pre-KG
(Level တစ်ခုစီအတွက် ၆ လကြာမြင့်မှာ ဖြစ်ပါတယ်)

✨ NELC Preschool မှာ သင်ကြားရုံတင်မကဘဲ ကလေးတို့ရဲ့ နေ့စဉ်တိုးတက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ပေးသွားမှာ ဖြစ်ပါတယ်။ Level တစ်ခုချင်းစီအတွက် (၆) လတာ သင်ယူမှုအတွင်း (၃) လတစ်ကြိမ် Pre-Progress Report Card ပေးအပ်ပြီး Parent-Teacher Meeting (PTM) များ ပြုလုပ်ပေးတာကြောင့် သားသားမီးမီးတို့ ဘယ်လောက်အထိ ထူးချွန်လာသလဲဆိုတာ မိဘကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။

📅 သင်တန်းအချိန်ဇယား (On-Site)
✅ Full Time: Monday to Friday (9:30 AM - 3:00 PM)

💰 Fees & Payment
ကျောင်းလခအပြင် တခြား Fees အနေဖြင့်
☑️ စာအုပ်ဖိုး - 35,000 MMK (One Course)
☑️ Pictures Dictionary - 15,000 MMK
☑️ ကျောင်းဝင်ကြေး - 50,000 MMK
☑️ Observations Fees - 10,000 MMK (ကျောင်းသားအသစ်များအတွက်) ပေးသွင်းရမည်ဖြစ်ပါတယ်ရှင်။

💰 မိဘများအနေဖြင့် သင်တန်းကြေး ပေးဆောင်ရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် Online Banking စနစ် (Mobile Banking) အမျိုးမျိုးဖြင့်လည်း အဆင်ပြေချောမွေ့စွာ ပေးချေနိုင်ပါသည်။
📱အတန်းချိန်များ၊ သင်တန်းကြေး အသေးစိတ်နှင့် အခြားသိရှိလိုသည်များကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်သလို၊ ကျောင်းသို့လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

ာမွေ-ရန်ကုန်
☎️09 760 450 406/ 09 264 938 670 / 09 264 939 628
ြောက်ဒဂုံ
☎️09-940 450 888/ 09-940 450 777
ေါပုံ-ရန်ကုန်
☎️09-266 4500 11/ 09-266 4500 22 / 09-778 161 100
ိုလ်အောင်ကျော်-ရန်ကုန်
☎️ 09-266 365 496, 09-443 748 209, 09-897 790 114
ောင်သပြေ၊စမ်းချောင်း-ရန်ကုန်
☎️09-458 577 742 / 09-428 612 639
်္ဃန်းကျွန်း-ရန်ကုန်
☎️09-960 603 700 / 09-762 090 223
်းကုန်း-ရန်ကုန်
☎️09-777 704 401/ 09-730 653 45
ြောက်ဥက္ကလာပ-ရန်ကုန်
☎️09-960 604 700
ုံ-ရန်ကုန်
☎️09-958696573-4
ော့ကန်-ရန်ကုန်
☎️09-898 550 002 / 09-898 550 003
ုသိမ်
☎️09-766 131 953/ 09-766 131 943
္တလေး
☎️09770109392/ 09754754616
ားရှိုး
☎️09 767 511 392 / 09 890 590 878
ာချီလိတ် Branch - 1
☎️ 084-2052572 / 09-661201060 / 09-688046650 / 09-984874879
ာချီလိတ် Branch - 2
☎️ 09-699343319
ေပြည်တော်
☎️09-782 009 390 / 09-422 294 894
ျိုင်းတုံ
☎️09-449 698 100 / 09-783 365 513
ောင်ပန်း
☎️09-266 450 033 / 09-442 636 288
ိုင်းလား
☎️09-459 225 570 / 09-459227 742
ြင်ဦးလွင်
☎️09 765 878 688 / 09 400 306 019
့်ဆန်
☎️ 09 409 065 561 ~ 2




Want your school to be the top-listed School/college in Sanchaung?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 27, Dhamaryone Street, 13-Ward, Yankin Township
Sanchaung

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 16:00