03/11/2025
ဂရန်သက်တမ်းတိုးဘယ်လိုလျောက်ထားမလဲ ❓
💁♀️ ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်
၄င်းတိုမှာ-
(၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊
(၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)
(၃) ဂရန်သက်တမ်းတိုး( ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)
(၄) သက်တမ်းတိုး၊ အမည်ပြောင်း( အမည်လည်းပြောင်းမည်၊ သက်တမ်းလည်းတိုးမည်။)
(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း ( ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)
(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း( သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်းလျှောက်ထားခြင်း)
(၇) ဂရန်မိတ္တူလျှောက်ထားခြင်း( ဂရန်မူရင်းပျောက်ဆုံးသွား၍ အမည်ပြောင်းခြင်း မပြုဘဲ ဂရန် မိတ္တူ လျှောက်ထားခြင်း)
(၈) တောမှ မြိုပြောင်းလျှောက်ထားခြင်း( ယခင် ပုသိမ်ကြီးမြိုနယ် နှင့် အမရပူရမြိုနယ်ပြင်ပရှိမြေတိုကို ထုတ်ပေးထားသည့် တောဂရန်မြေ များကို မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ် အတွင်းကျရောက်လာသဖြင့် တောဂရန်မြေမှ မြိုဂရန်မြေအဖြစ်လျှောက်ထားခြင်း)
(၉) တောမှ မြိုပြောင်း၊ အမည်ပြောင်း ( တောဂရန်မြေမှ မြိုဂရန်မြေအဖြစ်ပြောင်းလဲခြင်းအပြင် အမည်ပါပြောင်းလဲပေးရန် လျှောက်ထားခြင်း)
ဟူ၍ ဂရန်လျှောက်ထားနည်း အမျိုးမျိုးရှိကြပါသည်။
# လျှောက်ထားနိုင်သူများ #
$ အမည်ပေါက်ကိုယ်တိုင် (သိုမဟုတ်)
$ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ဖြင့် ဆက်စပ်ပိုင်ဆိုင်သူ
# လျှောက်လွှာပုံစံ
ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရပါမည်။
ဥပမာ- မဟာရန်ကုန်မြိုတော်တွင် ဆိုပါက ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ မြိုပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံ ၊ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင်လည်း အလားတူ သက်ဆိုင်ရာဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန် ဖြစ်ပါသည်။
# လျှောက်ထားရမည့် ကာလ #
ဂရန်သက်တမ်းကုန်ဆုံးရန် (၃) လအလိုကပင် လျှောက်ထားနိုင်ပါသည်။
# ဂရန်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) ဂရန်စာချုပ်မိတ္တူမှန်၊
(၃) အမွေဆက်ခံခြင်းဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြောညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊
(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ် စာချုပ်မိတ္တူမှန်၊
(၅) တရားမမှုခင်းဖြစ်ပွားသည့် မြေအမျိုးအစားဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ (၁၀၆)၊
(၆) မြေခွန်ပြေစာမိတ္တူမှန်၊
(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊
(၈) အဆောက်အအုံဓာတ်ပုံ၊
(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ၊
(၁၀) အမည်ပေါက်၊ အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။
# ကြာမြင့်ချိန်- #
မြိုဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာတွင် ကြော်ငြာပြီး၊ ကန့်ကွက်သူမရှိ၊ အရှုပ်အရှင်းတစ်စုံ တစ်ရာ မရှိပါက (၁) လအတွင်း ဂရန်လျှောက်ထားမှုကို ရနိုင်ပါသည်။
#ဂရန်သက်တမ်းတိုးဘယ်လိုလျောက်ထားမလဲ
#အိမ်ခြံမြေဗဟုသုတ
#အိမ်ခြံမြေအကြောင်း
03/11/2025
၁၇% ပေးဆောင်မှ အမည်ပြောင်းလို့ရမယ့် မြေအကြောင်း လေ့လာမိခြင်း........
မြေအမျိုးအစား အမျိုးမျိုးရှိကြတဲ့အနက် ရောင်းလို့ရတဲ့မြေရှိသလို ၊ လက်ရှိမူဝါဒ အရလူနေခွင့်ပဲပြုပြီးပြန်ရောင်းခွင့်မရှိတဲမြေလည်းရှိပါတယ်။
ဥပမာ- စလစ်မြေ၊ပါမစ်မြေ ဆိုရင်ချထားပေးခြင်းခံရသူယာယီနေထိုင်ဖို့ နေထိုင်ခွင့်ခြချထားပေးတဲ့မြေအမျိုးအစားပါ။ဒါပေမယ့် ယာယီမှ သားစဥ်မြေးဆက် နေထိုင်ဖို့ ဂရန်မြေအဖြစ်ပြောင်းခွင့်ပြုထားတဲ့မြေအမျိုးအစားပဲဖြစ်ပါတယ်။
မြေအမည်ပေါက် ဖို့ဆိုရင် ဂရန်မြေ ဘိုးဘပိုင်မြေ ဖြစ်ဖို့လိုပါတယ်။ပေ ၄၀ × ၆၀ ဂရန်မြေကွက်ထဲက ပေ ၂၀ × ၆၀ ခွဲဝယ်မယ်ဆိုရင် ရာဖြတ်နူန်းအရ တစ်စတုရန်းပေ ၁၀၀၀၀၀ ဖြတ်တယ်ဆိုရင် ၂၀×၆၀=၁၂၀၀ စတုရန်းပေအတွက် သိန်း ၁၂၀၀ ရာဖြတ်နူန်းထွက်တယ် အဲ့ထဲက ရောင်းသူက ရောင်းခွန် ၁၀% အတွက်သိန်း ၁၂၀ ဆောင်ရပြီး ဝယ်သူက ၇% အတွက် ၈၄ သိန်း ဆောင်ရပါတယ်။
အဲ့လို အခွန်ဆောင်ပြီးပြီဆိုမှ မှတ်ပုံတင်ရုံးမှာ မြေအမည်ပေါက် ဒါမှမဟုတ် အမွေဆက်ခံသူမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ် ၊ စာချုပ်ရရင်မှ စည်ပင်မှာ အမည်ပြောင်းရပါမယ်။
အဲ့လိုမဟုတ်ပဲ အခွန်မဆောင်ထားဘဲ ရိုးရိုးအရပ်စာချုပ်နဲ့ပဲဝယ်ထားတယ်ဆိုရင်တော့် ရိုးရိုးအရပ်စာချုပ်နဲ့ အမည်ပြောင်းလို့မရပါကြောင်းဖော်ပြပေးလိုက်ရပါတယ်။
#အိမ်ခြံမြေဗဟုသုတ
03/11/2025
🌟🌟ရုံးခွန်တံဆိပ်ခေါင်းများစုစည်းမှု
➖➖➖➖➖➖➖➖➖➖
(၁) ကတိစာချုပ် သဘောတူကတိစာချုပ် ၃၀၀ ကျပ်
(၂) ကွာရှင်းစာချုပ် ၂၅၀ ကျပ်
(၃) ကိတ္တိမမွေးစား စာချုပ် ၁၅၀ ကျပ်
(၄) ကိုယ်စားလှယ်လွဲစာ
(က)အထွေထွေကိုယ်စားလှယ်လွဲစာ (ငါးဦး) ၁၀၀၀ ကျပ်
(ခ)အထွေထွေကိုယ်စားလှဝ်လွဲစာ (ငါးဦးထက်ပိုလျှင်) ၂၅၀၀ ကျပ်
(ဂ) အထူးကိုယ်စားလှယ်လွဲစာ ၃၀၀ ကျပ်
(ဃ) အထူးကိုယ်စားလှယ်လွဲစာ ငါးဦးအထိဆိုလျှင်
၁၀၀၀ ကျပ်
(င)အထူးကိုယ်စားလှယ်လွဲစာ ငါးဦးထက်ပိုလျှင်
၂၅၀၀ ကျပ်
(စ) တရားရုံးအမှု လိုက်ပါဆောင်ရွက်ရန် ကိုယ်စားလှယ်လွဲစာ ၁၀၀ ကျပ်
(၅) ကျမ်းကျိန်လွှာ ၁၅၀ ကျပ်
(၆) ကုန်အမှတ်တံဆိပ် ၁၅၀ ကျပ်
(၇) ကြေညာစာတမ်း ၁၅၀ ကျပ်
(၈) ခံဝန်ချုပ်
(အာမခံသည့်ငွေ သိုမဟုတ် တန်ဖိုးပေါ်တွင် ၁ % )
(၉) စာချုပ်စာတမ်းမူရင်းခွဲ (မူရင်းစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း / မူရင်းစာချုပ်အား မိတ္ထူ ကူးလျှင် ၁၀၀ ကျပ်)
(၁၀) စွန့်လွှတ်စာချုပ် (စွန်လွှတ်သည့်တန်ဖိုး ခံဝန်ချုပ်တွင်ဖော်ပြထားသည့်အတိုင်း 1.5%)
(အခြား အနေအထားတွင် ၂၅၀၀ ကျပ်)
(၁၁) စာချုပ်စာတမ်းမိတ္ထူကူးခြင်း
(မူရင်းမရှိလျှင် ၂၅၀ ကျပ်)
(၁၂) ပေးကမ်းစာချုပ်
(၁) ရွေ့ပြောင်းနိုင်သောပစ္စည်း ၃၀၀ ကျပ်
(၂)မရွှေ့ပြောင်းနိုင်သောပစ္စည်း တန်ဖိုးအပေါ် 1.5%
(၁၃) ပစ္စည်းခွဲဝေစာချုပ် ဝေစုတန်ဖိုး အပေါ် 1.5%
(၁၄) မိသားစုစီမံမှုစာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး တစ်သိန်းခွဲကျပ်)
(၁၅) ယုံမှတ်အပ်နှံသည့်စာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၆) လှုဒါန်းစာချုပ် တန်ဖိုးအပေါ် 1%
(အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၇) လက်ထပ်စာချုပ် ၂၅၀ ကျပ်
(၁၈) အဌားစာချုပ် ဌားရမ်းသည့်တန်ဖိုးအပေါ်
0.5% မှ 1.5%
(၁၉) အပေါင်စာချုပ် သုံးလကျော်သည်ဆိုလျှင် တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) စဉ် ၁၃(က) အရ ပေးဆောင်ရပါမည် ။
သုံးလ အထိဆိုလျှင် ၄င်းဇယား၏ တစ်ဝက် ။
(၂၀) အာမခံစာချုပ် ငွေတစ်ထောင်ကျပ်ထပ်မပိုလျှင် 1.5% ၊အခြားကိစ္စများနှင့် ဆိုလျှင် ၂၅၀၀ ကျပ်
(၂၁) အမှားပြင်စာချုပ် ၁၅၀ ကျပ်
(၂၂) အစုစပ်စာချုပ် မတည်ရင်းနှီးငွေ ငါးသိန်းကျပ်ထက်မပိုလျှင် ၃၀၀ကျပ် ၊ တန်ဖိုးငါးသိန်းထက်ပိုလျှင် ၃၀၀ကျပ် နှင့်အတူ ပိုနေသည့်ငွေပမာဏအပေါ် 1% ပေါင်းပြီး ပေးရပါမည် )
(၂၃) အစုစပ်ဖျက်သိမ်းခြင်း ၂၀၀၀ ကျပ်
(၂၄) အရောင်းအဝယ်ကတိစာချုပ်
(၁) မရွှေ့ပြောင်းနိုင်သောပစ္စည်း မူလ တန်ဖိုးအပေါ် အသီးသီး
( နယ်မြိုများတွင် 3%)
(၂) ရွှေပြောင်းနိုင်သော ပစ္စည်း ၆၀၀ ကျပ်
(၂၅) အလုပ်သင် ၁၅၀ ကျပ်
(၂၆) ရှေ့နေအလုပ်သင် ၁၅၀၀ ကျပ်
(၂၇) တရားလွှတ်တော်ရှေ့နေ စာရင်းတင်သွင်းခြင်း ၃၀၀၀၀ကျပ်
(၂၈)သင်းဖွဲစည်းမျဉ်း မတည်ရင်းနှီးငွေ သိန်းတစ်ထောင်ထက်မပိုလျှင် ငါးသောင်းကျပ် သိန်းတစ်ထောင်ထက်ပိုလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည် ။
(၂၉) ကုမ္ပဏီ သင်းဖွဲစည်းမျဉ်း (company Act Law ပုဒ်မ (၁၇) အရ သင်းဖွဲစည်းမျဉ်းပူးတွဲထားလျှင် တစ်သောင်းခွဲကျပ် ပူးတွဲမထားလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည် ။ (Non –Profit အဖွဲအစည်းများအတွက်ဆိုလျှင် အခွန်ကင်းလွတ်ခွင့်ရပါမည် )
(၃၀) နိုင်ငံခြားမှ ကိုယ်စားလှယ်လွဲစာ မြန်မာနိုင်ငံရောက်သည့်အချိန်မှ လေးလအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး မတင်လျှင် ဒဏ်ငွေ ဆယ်ဆ ပေးဆောင်ပေးရမှာဖြစ်ပါတယ် ။
(၃၁) Bill of Landing (BL) စာချုပ် ၁၅၀ ကျပ်
#တံဆိပ်ခေါင်း
29/07/2025
#အိမ်ခြံမြေဗဟုသုတ
လူနေမြေ မှ
ဂရန် မြေ အသစ်လျှောက်ထားလိုလျှင်
လူနေမြေ ဆိုသည်မှာ
လူတွေနေထိုင်ပြီး အိမ်ဆောက်လုပ်ခွင့် ရှိတဲ့မြေများကို "လူနေမြေ" လို့ခေါ်ပါတယ်။ အဲဒီ ကိစ္စ ကိုမြို့တော်စည်ပင် ကပဲ လုပ်ပိုင်ခွင့် ရှိပါတယ်။
ချထားမြေပဲဖြစ်ဖြစ်၊ ပါမစ်မြေပဲ ဖြစ်ဖြစ်၊ စလစ်မြေနဲ့ ရွာမြေပဲ ဖြစ်ဖြစ် အားလုံး အတူတူပါ။ နောက်ဆုံးမှာ လူနေမြေ အားလုံးဟာ " ဂရန်မြေ"တွေ ဖြစ်ကုန်ကြရမှာပါ။ (ဒါကလဲ မြို့တော်စည်ပင် လုပ်ပိုင်ခွင့်တွေပါ) နယ်စပ် စည်ပင် အပိုင်ထဲက လူနေမြေ များလဲ "ဂရန်" အထိ ရောက်နိုင်ပါတယ်။ မြို့မြေ လို လျှောက်ရ မလွယ်ကူပေမယ့် သွားလို့ရပါတယ်။
ဒါကြောင့်မို့ "လ/န ၃၉" တို့ "၃(ခ)ကင်းလွတ်"တို့ "ပါမစ်" တို့တွေဟာ "ဂရန်" လျှောက်ထားကြရတာပါ။
(၂၀၀၈)ဥပဒေ ပုဒ်မ - ၃၇ အရမြေထု၏ အားလုံးကို နိုင်ငံတော် က ပိုင်တယ်လို့ ပြောထားပါတယ်။ ထို့ကြောင့် စလစ်၊ ပါမစ်၊ အခြားနည်းဖြင့် ချထားမြေ၊ရွာမြေ တွေလည်း တနေ့ မဟုတ် တစ်နေ့မှာ"ဂရန်မြေ" တွေ ဖြစ်လာကြမှာပါ။ ဒါကြောင့်မို့ ဒီလိုမြေတွေ ကို " ဂရန်လောင်း" တွေလို့ ခေါ်ဝေါ်သမုဒ်လို့ ရပါတယ်။
ဂရန် အသစ်လျှောက်ရန် -
ဂရန်မြေ အသစ်လျှောက်ထားနိုင်ရန် အရေးကြီးဆုံးအချက်မှာ အထက်ပါ "လူနေမြေ" ထဲမှ တရားဝင်ပိုင်ဆိုင်ထားသော စာရွက်စာတမ်း မူရင်း ရှိဖို့လိုအပ်ပါတယ်။
တရားဝင်ဆိုသည်မှာ -
၁။ ကိုယ့်နာမည် အမည်ပေါက်။
၂။ ပိုင်ဆိုင်မှုအတွက် ဆက်စပ်စာချုပ်ရှိရမည်။
၃။ တရားရုံးတစ်ခုခုက အနိုင်ဒီဂရီ။
၄။ တရားရုံးကျမ်းကျိန်လွှာ တို့ တစ်ခုခုရှိနေလျှင် အဆင်ပြေပါပြီ။
ဂရန်အသစ် လျှောက်ထားသူ၏ မြေပိုင်ဆိုင်မှု့ စာရွက်စာတမ်းမှာ ကိုယ့် အမည်ပေါက်နေခြင်းသည်
ထိုမြေအား တရားဝင်ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်းကို ငြင်းစရာမရှိတော့သည့် အချက်ပင်ဖြစ်ပါသည်။ ထိုသို့ မိမိ အမည်ပေါက် မဟုတ်သော်လဲ မူရင်းမြေစာရွက်စာတမ်းအား ပိုင်ရှင်ထံမှ ဝယ်ယူထားသော ဆက်စပ်စာချုပ် မူရင်း ရှိနေလျှင်လည်း အဆင်ပြေပါတယ်။ သို့သော် သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာ ထည့်ရပါမည်။
အမွေ ကိစ္စ ကြောင့်ဖြစ်စေ၊ တခြားအရာကြောင့် ဖြစ်စေ၊ တရားရုံး တစ်ရုံးရုံးမှ မိမိကို အနိုင် ဒီဂရီပေးထားခြင်းကလဲ အမည်ပေါက် ပိုင်ဆိုင် ခြင်းကဲ့သို့ပင် ဖြစ်ပါသည်။
ထိုအနိုင် ဒီဂရီအား စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ထားပြီးသားဖြစ်ရပါမည်။ (စာချုပ်စာတမ်း မှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ - ၂၃)
ကျန်သောအရာများမှာ အဆောက်အအုံ ကိစ္စ၊ မြေခွန် ကိစ္စ၊ အိမ်နီးချင်း(၂)ဦး၏ သဘောတူထားလက်မှတ်။ (အားလုံးလွယ်ပါတယ်)။ ဂရန်အသစ် လျှောက်လွှာ တင်သွင်းရန်အတွက် နိုင်ငံသား ဖြစ်ကြောင်း ID လေးလဲ လိုပါတယ်။
အထက်ပါ အချက် ( ၃) မျိုးမရှိပါပဲ တကယ်ပိုင်ဆိုင်
နေလျှင် နောက်ဆုံးနည်းကတော့ တရားရုံး တစ်ရုံးရုံးမှာ ကျမ်းကျိန်ဆိုနိုင်ပါသည်။ တရားရုံး မှ ကျမ်းကျိန်ပြီးလျှင် သတင်းစာကြော်ငြာခြင်းကို ပြုလုပ်ပါ။ (ထိုနည်းလမ်းသည်လဲ တရားဝင်ပါသည်)။
အားလုံးကိုယ်စိတ်ကျန်းမာရွင်လန်းကြပါစေ
ကြောင်း။ 🙏
14/02/2025
မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်း များ ဖြစ်မလာစေရန်
သတိထားသင့်တဲ့ အချက် ( ၅ ) ချက်
၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ
ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့
( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။
၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ
ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။
၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ
မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။
၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ
စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ
ဘိုးဘွားပိုင်မြေဆိုရင်
(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်
(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။
၅။ စာချုပ်ချုပ်ဆိုခြင်း
စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။
အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။
20/06/2024
သင်တန်းကြေး ( ၁၀၀၀၀ ) ကျပ်ဖြင့် အိမ်ခြံမြေသင်တန်းကို ယခုဘဲ တတ်ရောက်လိုက်ပါ
◾️လေ့လာရင်းနားမလည်တာရှိရင် တသက်တာ အချိန်မရွေးအမြဲမေးခွင့်ရှိခြင်း
◾️အသစ်ပြောင်းလဲသွားတဲ့ update သင်ခန်းစာများအမြဲသင်ပေးခြင်း
◾️သင်ခန်းစာများအား တသက်တာ လေ့လာခွင့်ရှိခြင်း
အစရှိတဲ့ တခြားသင်တန်းမှာမရတဲ့ တသက်တာ ဝန်ဆောင်မူများကို ရရှိမှာဖြစ်ပါတယ်
❇️သင်တန်းတက်ပြီးရင်ရလာမဲ့အကျိုးကျေးဇူး❇️
အိမ်၊ ခြံ၊ မြေ နဲ့ပတ်သက်ပြီး
အကျိုးဆောင်လုပ်မည်သူများ
အိမ်အရောင်းအဝယ်၊ မြေအရောင်းအဝယ် အတွက်
ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်သည် အထိ
သင်ပြပေးမှာ ဖြစ်ပါတယ်။
_______________________________
❇️သင်တန်းတက်ရောက်သင့်သောသူများ❇️
အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်မည့်သူများ
အိမ်၊ခြံ၊မြေ ဗဟုသုတ ရရှိချင်သူများ
မြေအမျိုးအစားလိုက် သိရှိနားလည်စေသူများ
အိမ် ဝယ်ရောင်း သမားများ
အထူးတက်ရောက်သင့်ပါတယ်။
_______________________________
❇️သင်တန်းမှာ သင်ကြားပေးသည့်သင်ခန်းစာများ❇️
အိမ်၊ခြံ၊မြေ အကြောင်းအရာတွေ သာမက နဲ့ အကျိုးဆောင် ပိုင်း တွေပါ သင်ကြားရမှာဖြစ်ပါတယ်။
🔘 နိုင်ငံပိုင်မြေများအကြောင်း
🔘 လယ်ယာမြေများ
🔘 အခြားနည်းအသုံးပြုခွင့်/လန ၃၉ နှင့် လယ ၃၀ အကြောင်း
🔘 ပုံစံ ၇ ဆိုတာဘာလဲ
🔘 ပုံစံ ၁၀၅ နှင့် ၁၀၆ တစ်နှစ်ခံမြေပုံများ
🔘 Special power & General power အထူးကိုယ်စားလှယ်လွှဲစာများ
🔘ဂရန်မြေ အမည်ပြောင်း၊အပျောက်လျှောက်၊သက်တမ်းတိုး၊ဂရန်ခွဲ
🔘အခွန်ဆောင်၊ ရာဖြတ်တင်၊
🔘မှတ်ပုံတင်စာချုပ်၊ အရပ်စာချုပ်
🔘မြို့တော်စည်ပင်၊ အိုးအိမ်
🔘စာချုပ်စာတန်း မှတ်ပုံတင်ခြင်း
🔘ရောင်းသူတာဝန်၊ဝယ်သူတာဝန်
🔘ငွေဖြူ၊ငွေမဲ အကြောင်း
🔘 ငှားရမ်းခနှင့် အခွန်
🔘ကျမ်းကျိန်ခြင်းနှင့်သေတမ်းစာ
🔘 ၄၂၀ မြောက်သည်
🔘သတိပြုရမည့်ပုဒ်မများ
🔘အိမ်မြေအပေါင်ခံခြင်း
🔘သတိပြုရမည်ုပုဒ်မများ
🔘တိုက်ခန်း၊ကွန်ဒို အရောင်းအဝယ်
🔘အမွေဗဟုသုတ
🔘ဂရန်မြေဝယ်မယ်
🔘ပေ ၂၀ ၆၀ / ၁၀ ပေ ၆၀ မြေခွဲဝယ်နည်း
🔘 လယ်မြေ ရွာမြေ ဝယ်ယူမယ်
🔘 ဘိုးဘပိုင်မြေ ခွဲထုတ်ဝယ်ယူ
🔘အကျိုးဆောင်ကျင့်ဝတ်များ
🔘 အိမ်ဝယ်ယူရာတွင် သတိပြုစစ်ဆေးသင့်သည့်အချက်များ
အထက်မှာရှင်းပြခဲ့တဲ့ သင်ခန်းစာတွေကို အသေးစိတ် စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်
______________________________
❇️သင်ကြားပုံ၊သင်ကြားနည်း❇️
Online သင်တန်းဖြစ်ပြီး သင်ခန်းစာတွေကို စနစ်တကျ အစီစဉ်အလိုက်သင်ကြားရမှာပါ။
သင်တန်းအပ်ပြီးတာနဲ့ ကိုယ်အားတဲ့အချိန်မရွေးလေ့လာလို့ရပါတယ်။
နားမလည်တာမရှင်းတာရှိတိုင်း စာမေးခွင့်ကိုကန့်သတ်ထားတာမရှိတာကြောင့် အချိန်မရွေးအမြဲမေးနေလို့ရပါတယ်။
စာဖြေစနစ်မြန်ဆန်မူကြောင့် အမြန်ဆုံးပြန်လည်ဖြေကြားပေးပါတယ်။
_____________________________
သင်တန်းအပ်ရန်နှိပ်ပါ 👉 page messenger သို့
20/06/2024
GP နှင့် SPအကြောင်းသိကောင်းစရာ
××××××××××××××××××××××
GP(General power)
အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွှဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။
S.P ( Special Power )
အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။
S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။ S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။
- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး..စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့မရပါ။
- လယ်မြေ နှင့် ဥယျာဉ်ခံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။
- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။
- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။
GP ၊ SP ဘာကြာလဲ. . ?
General Power ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲအပ်စာ၊
Special Power ဆိုတာ အထူးကိုယ်စားလှယ်လွှဲအပ်စာ စာကို ခေါ်ကြတာပါ။
(၁) တစ်စုံတစ်ယောက်ကိုယ်စား ၊သူကိုယ်တိုင်လုပ်ရမဲ့ကိစ္စရပ်များအပေါ်မှာ ၊သူ့ကိုယ်စား၊သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် ၊သက်ဆိုင်ရာရုံးတွေမှာ သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ လက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိူင်စေရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) လွှဲအပ်ရယူကြပါတယ်။
(၂) တရားစွဲဆိုခြင်းကိစ္စရပ်များအတွက်လည်း အခြားသူတို့နှင့်အမှုကိစ္စဆောင်ရွက်ရာ၌ သူ့ကိုယ်စားဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၃) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်တွေမှာလည်း ချက်ချင်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၊အခွန်ဆောင်ကိစ္စရပ်များမလုပ်ကိုင်နိူင်သေးသည့်အခြေအနေတွင် ၊အဆင်ပြေသည့်အချိန်တွင် လုပ်ကိုင်ဆောင်ရွက်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၄) ရုံးလုပ်ငန်းကိစ္စဆောင်ရွက်စရာရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ သူလုပ်ကိုင်ရမဲ့နေရာမှာ အဆင်သင့်မရှိ တဲ့အချိန် ဥပမာ....
- ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့အချိန် ရုံးကိစ္စလုပ်စရာပေါ်လာတာ
- နိူင်ငံခြားရောက်နေတာ၊ကျောင်းသွားတက်နေတာ၊အလုပ်သွားလုပ်နေတာ၊တစ်ခြားအရပ်ဒေသမှာ တာဝန်ထမ်းဆောင်နေရတာ
- ကံမကောင်းစွာနဲ့ အချုပ်ကျနေတာ၊ ထောင်ကျနေတာ၊ထောင်ထဲရောက်နေတုံး ကျန်ခဲ့တဲ့မြေကွက်လေးငွေလိုလို့ရောင်းချင်တာ
- တရားစခန်းဝင်နေတာ၊ သီလရှင်ဝတ်နေတာ၊ဘုန်းကြီးခဏဝတ်နေတာ....စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လို့အဆင်မပြေတဲ့အခါမျိုးတွေမှာ အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၅) ရုံးအမျိုးမျိုးမှာ၊ အကြောင်းအရာအမျိုးမျိုးနဲ့ လိုအပ်ရင်လိုအပ်သလို အသုံးပြုလို့ရအောင်လည်း အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၆) (S.P)လည်းဒီလိုပဲ လွှဲအပ်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အမျိုးမျိုးအပေါ်မှာ မဟုတ်ပဲ လွဲအပ်သူလွဲအပ်တဲ့ အကြောင်းအရာ ၊အထူးပြုတဲ့ အကြောင်းအရာအပေါ်ပဲကိုယ်စားဆောင်ရွက်စေလိုတဲ့အခါ အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။ဥပမာ...
- ကျနော် အမည်နဲ့သုံးစွဲခွင့်ရတဲ့တယ်လီဖုန်းနံပါတ် ၀၉။။။။။။။။ အတွက်ရုံးသွားထုတ်ဖို့လိုတဲ့အခါ(ဒီကိစ္စရပ်တစ်ခုတည်းအတွက်)
- ကျနော့အမည်ပေါက်ကားလေး 5M ။။။။ သက်တမ်းကိစ္စ အတွက်ပဲ ရုံးသွားဖို့ လိုလာတဲ့အခါ(ဒီ ကားအတွက်ပဲ)
- ကျနော်ပိုင်တဲ့ မြေကွက် ၃ ကွက်အနက် ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(-)၊ အကွက်(-)၊ဦးပိုင်(-)၊ မြေဧရိယာ (-) ကျယ်တဲ့ မြေကွက်အတွက်ပဲရုံးကိစ္စဆောင်ရွက်ဘို့ လိုလာတဲ့အခါမှာ၊အဲဒီမြေကွက်ကို အခြားသူကိုရောင်းချတဲ့အခါ(ဒီမြေကွက်အတွက်ပဲ) အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။
(၇) ကျန်တာတွေကတော့ အထက်အပိုဒ်(၁)၊(၂)၊(၃)၊(၄)ထဲကအတိုင်း အခြေအနေတွေမှာလည်း အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။
(၈) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....
- အသက် ၁၈ နှစ်ပြည့်ပီးသူတွေဖြစ်ရပါမယ်။
- ရူးနေတဲ့သူ၊စိတ်ပေါ့သွပ်တဲ့သူ မဖြစ်ရပါဘူး။
- တစ်ယောက်ထဲကနေ အများကို လွှဲအပ်နိုင်သလို၊အများကလည်း တစ်ယောက်ထဲကို လွှဲအပ်နိူင်ပါတယ်။
- G.P လွှဲမယ်ဆိုရင်တော့လူနဲ့၊မှတ်ပုံတင်၊ပဲလိုပီး S.Pလွှဲမယ်ဆိုရင်တော့ လူနဲ့ မှတ်ပုံတင်အပြင် မိမိ အထူးပြုလွှဲမဲ့ကိစ္စရပ်အတွက် မိမိပိုင်ကြောင်း ပိုင်ဆိုင်မှု အထောက်အထား(နာမည်ပေါက်) စာရွက်စာတမ်းတွေလိုပါမယ်။
- G.P လွှဲစာဆိုရင်တော့ လက်ရှိရုံးခွန်၊တံဆိပ်ခွန်အရ ၁၀၀၀ ကျပ် ထမ်းဆောင်ရပါတယ်။
- S.P လွှဲစာဆိုရင်တော့ လက်ရှိရုံးခွန်၊တံဆိပ်ခွန်အရ ၃၀၀ ကျပ် ထမ်းဆောင်ရပါတယ်။
လက်ခံသူ ၅ ယောက်အောက်ပေါ့
(၉) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....
- လွှဲတဲ့သူဖြစ်စေ၊လက်ခံတဲ့သူဖြစ်စေ သေသွားရင် ၊ ရူးသွားရင်ဖြစ်စေ ၊လွှဲတဲ့သူက ရုပ်သိမ်းလိုက်ရင်ဖြစ်စေ၊လက်ခံတဲ့သူက ငြင်းပယ်ရင်ဖြစ်စေ အဲ့ ကိုယ်စားလှယ်စာဟာ ရပ်ဆဲသွားပါတယ်။
- လွှဲအပ်တဲ့အကြောင်းအရာ ပီးသွားရင်/လွှဲအပ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပီး ဆက်လုပ်စရာမရှိတော့ရင်လည်း အဲဒီပါဝါက ရပ်ဆဲသွားပါတယ်။
- ဒါကြောင့် G.P, S.P ပဲမူလက ရယူထားပီး ငွေကြေးအဆင်ပြေတဲ့အချိန်မှ မှတ်ပုံတင်စာချုပ်ပြုလုပ်ချုပ်ဆိုဖို့ ပြင်ဆင်တဲ့အချိန်မှာ G.P, S.P ရယူထားသူအား လွှဲအပ်ထားတာမှန်ကြောင်း၊လွှဲအပ်သူသက်ရှိထင်ရှားရှိသေးကြောင်း၊ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်ချက် ပြုလုပ်ခိုင်းတာဖြစ်ပါတယ်။
(၁၀) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာတော့ -
- ဝယ်တဲ့သူဟာနာမည်ပေါက်လုပ်ချင်ရင် ထမ်းဆောင်ရတဲ့အခွန်ဟာ လက်ရှိအချိန်မှာ များတာကြောင့် အများအားဖြင့် မိမိကို ရောင်းတဲ့သူဟာ နာမည်ပေါက်ပိုင်ရှင်ဆိုရင် (S.P)၊လွှဲယူကြပါတယ်၊
- မိမိကိုရောင်းတဲ့သူဟာနာမည်မပေါက်သေးဘူး သူကိုယ်တိုင်ကို ရုံးကိစ္စဆက်လုပ်စရာကျန်သေးတဲ့အခြေအနေဆိုရင် (G.P) လွှဲယူကြတာများပါတယ်။
- ကိုယ်လုပ်တဲ့အကြောင်းအရာပေါ်မူတည်ပီးလည်း သင့်တော်သလို G.P သို့မဟုတ် S.P လွှဲယူကြပါတယ်။
- အိမ်ခြံမြေ နာမည်ပေါက်လုပ်ဖို့ကိစ္စရပ်တွေဆိုရင် အပြင်အခေါ် ရုံးကြီး(စာချုပ်စာတမ်းမှတ်ပုံတင်ရုံး)၊နယ်အခေါ် မြေစာရင်းရုံးမှာလွှဲယူကြပါတယ်။
- အဲလိုလွှဲတဲ့အခါ လွှဲချင်တဲ့သူက နယ်မြို့မှာရောက်နေရင် အဲဒီ နယ်မြို့မှာရှိတဲ့ ရုံးက လွှဲပေးလိုက်ရုံပါပဲ
- လွှဲမယ့်သူက နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား၊သတိကောင်းကြောင်း အထောက်အထားများရယူပီး သက်ဆိုင်ရာ ရုံး ကို ပြင်ပသို့လိုက်ပါမှတ်ပုံတင်ပေးရန်(visit) လျှောက်ထားပီး လွှဲအပ်ရယူလို့ရပါတယ်။ရုံးကိုထမ်းစင်ကြီးနဲ့ခေါ်လာစရာမလိုပါဘူး
- လွှဲအပ်မယ့်သူက နိူင်ငံခြားရောက်နေတာဆိုရင်တော့ သူရောက်နေနဲ့ နိူင်ငံမှာ မြန်မာနိူင်ငံဆိုင်ရာ သံရုံး တာဝန်ရှိသူရှေ့မှောက်မှာ လွှဲအပ်လို့ရပါတယ်၊သံရုံးမရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ်၊သံရုံးရော၊ကောင်စစ်ဝန်ရုံးရောမရှိတဲ့ဒေသရောက်နေတာဆိုရင်တော့ ရှိတဲ့ဆီသွားလွှဲရပါတယ်
- လွှဲတဲ့သူက ရဲအချုပ်ကျနေရင် စခန်းမှူး၊တာဝန်မှူး ရှေ့မှာ လွှဲရပါတယ်၊ထောင်ကျနေတာဆိုရင်တော့ တာဝန်ခံထောင်မှူးရှေ့မှာ လွှဲအပ်ရယူနိူင်ကြပါတယ်။
(၁၁) လက်ရှိအပြင်မှာတော့ နာမည်ကိုယ်တိုင်မပေါက်တဲ့မြေတို့၊သူကိုယ်တိုင်လည်း ပါဝါပဲယူထားတဲ့မြေတို့၊ရွေ့ပြောင်း နိူင်သောပစ္စည်းနဲ့ပတ်သက်လို့ ရုံးကိစ္စလုပ်စရာရှိရင်တော့ ၊လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးပြုလို့ရနိူင်ရန် အရပ်အခေါ်နိုတြီ( Notary Public ) G.P,S.P များ လွှဲအပ်ရယူကြပါတယ်။
တရားရုံးတရားသူကြီးရှေ့မှောက်မှာလဲ ကိုယ်စားလှယ်လွှဲစာလွှဲအပ်ရယူကြပါတယ်။ အပြင်မှာ၊အိမ်ခြံမြေလောကမှာ အများဆုံးတွေ့ရတဲ့ဟာတွေပေါ့။အဆိုပါ ပါဝါတွေနဲ့ နာမည်ပေါက်လုပ်တဲ့အချိန် တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်လို့မရပေမယ့်ကျန်တဲ့နေရာတွေမှာသုံးလို့ရနေတာကြောင့် ပါဝါလေးတော့ လွှဲယူထားမှ အဆင်ပြေကြပါတယ်လို့ အိမ်ခြံမြေလောကမှာတွေ့ကြုံနေရပါတယ်။
G.P,S.P နဲ့ ပတ်သက်လို့ အခြားအကြောင်းအရာတွေလည်း အများကြီးကျန်ပါသေးတယ်၊ဒါက မပြည့်စုံသေးပါဘူး။အခြေခံလေးတွေပဲရှိပါသေးတယ်။
တစ်ချို့ကရှိတယ် S.Pပဲလွှဲပေးနိူင်မယ်၊G.P တော့မပေးနိူင်ဘူးတို့ရှိတက်ပါတယ်
G.P နဲ့ S.P ဘာလွှဲပေးသင့်သလဲဆိုတဲ့အပေါ်မှာတော့ လက်ရှိ ကိုယ့်ဆီမှာရှိတဲ့စာရွက်စာတမ်း အနေအထားအခြေအနေနဲ့ အသုံးပြုချင်တဲ့အကြောင်းအရာပေါ်ပဲမူတည်ပါလိမ့်မယ်။
ဒါနဲ့ကျနော်မိတ်ဆွေကိုပြောလိုက်တယ်၊ခင်များဟာခင်များ လက်ရှိအခြေအနေနဲ့စဉ်းစားပီး ကိုက်ညီတဲ့ဟာလွှဲပေးလိုက်ပေါ့ဗျာလို့။
ခင်များအဲလိုပြန်လွှဲပေးတော့ ခင်များကို သူတို့က ဂါရဝပြု ကြမှာပေါ့လို့ပြောလိုက်တော့ ဟုတ်တယ်တဲ့၊ သူ့ကို ၅ သိန်းတောင်ပေးမယ်လို့ပြောတယ်တဲ့ ။ငါရောင်းခဲ့တုန်းကတောင် အဲ့လောက်မရခဲ့ဘူးတဲ့။ငွေကြေးကိစ္စကတော့ ကျနော်မပြောလိုပါဘူးဗျာ၊ထီပေါက်သလောက်မရပေမဲ့ ချဲပေါက်သလောက်တော့ ခင်များရတာပေါ့လို့။ကိုယ့်ကြောင့်တစ်ပါးသူ စိတ်ချမ်းသာရရင် ....
သူတစ်ပါးတွေကြောင့်လည်း ကိုယ်လည်း အမြဲစိတ်ချမ်းသာရပါတယ်လို့ ပြောလိုက်မိပါတယ်။
*အချက်(၇)ချက်ကြောင့် SP, GP တွေ ပျက်ပြယ်နိုင်*
ကျွန်တော်တို့ဟာ ကိုယ့်လက်ထဲမှာရထားတဲ့ Special Power ၊ General Power တွေကို အလွန်ခိုင်မာတယ်ဆိုပြီး ဝမ်းသာတတ်ကြပါတယ်။
အိမ်ခြံမြေ ဝယ်သူတိုင်း Special Power ၊ General Power တွေကို ကိုင်ပြီးကျေနပ် ကြပါတယ်။
Special Power ၊ General Power တွေဟာ အခြေနေ (၇)မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်..
အဲဒီအခြေအနေတွေကတော့...
(၁) SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ
SP, GP ကိုလွှဲပေးသူကအကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ထိုသို့ရုပ်သိမ်းသောအခါ SP, GP တွေဟာ ပျက်ပြယ်သွားတတ်တယ်။
(၂) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း
SP, GP တို့ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူက
အကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လ ျှင် ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။
(၃) ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်
SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့် လွှဲအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို့နဲ့ ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့ လွှဲအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို့နဲ့ခြံစည်းရိုးနဲ့ပတ်သက်တဲ့ ကိစ္စအဝဝပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း၊ ပျက်ပြယ်ခြင်းသို့ရောက်ပါတယ်။
(၄) လွှဲအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း
SP, GP တို.ကို လွှဲအပ်သူ(သို့)လွှဲအပ်ခြင်းလက်ခံသူတစ်ဦးဦးသေဆုံးသွားခဲ့လ ျှင် ထို SP, GP တွေဟာ
ပျက်ပြယ်ခြင်း၊ ပြီးဆုံးခြင်းသို့ ရောက်ပါတယ်
(၅) ရူးသွပ်ကြခြင်း
အလားတူပင် SP, GP တို့ကို လွှဲအပ်/ လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လ ျှင်လည်း ထို SP, GP တို.သည် ပျက်ပြယ်သည်(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။
(၆) နှစ်ရှည်ထောင်ကျခြင်း
SP/GP တို့ကို လွှဲအပ်သူ(သို့)လက်ခံသူတစ်ဦးဦးသည် နှစ်ရှည်အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထို SP, GP တို့သည် ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။
(၇) လူမွဲအဖြစ်ခံယူကြခြင်း
SP/GP တို.ကို လွှဲအပ်သူ(သို့) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ်ခံယူလိုက်လျှင် အဲဒီ SP, GP တို့ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးသွားပြီးလို့မှတ်ယူရပါမယ်။
အဲဒီတော့ SP, GP တွေကို တရားလွန်ကြီးယုံစား၍မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ အကျိုးဆောင်ကြီးများက ကိုယ်တိုင်ဝယ်တာဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ကဝယ်တာပဲဖြစ်ဖြစ် SP, GP ကို ထည့်သွင်းဆောင်ရွက်ပေးကြရပါတယ်။ သို့မဟုတ် စစ်ဆေးပေးကြရပါတယ်။ အဲဒီလိုဆောင်ရွက်/ စစ်ဆေးပေးကြရာတွင် အကြောင်းတစ်ခုခု တိုက်ဆိုင်နေလျှင် တဖက်ကတင်ပြတောင်းဆိုလာတဲ့ SP, GP ဟာခိုင်လုံခြင်းရှိ/မရှိဆိုတာ တိတိကျကျဆုံးဖြတ်ကြရပါမယ်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ (၂၀၁)မှာ အတိအလင်းဖော်ပြထားပါတယ်။
✍️ဒီလို ဗဟုသုတ ရစေတဲ့ အကြောင်းအရာ လေးတွေနဲ့
သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေ ဗဟုသုတနဲ့ ဝန်းရံထားပါ ။
20/06/2024
လယ်ယာမြေပုံစံ(၇) မှ မြေဂရံ သို့
လျှောက်ထားရန် နည်းလမ်း။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိထားသော မြေကွက်ကို အမည်ပေါက် ခြံဂရန် လုပ်ကိုင်လိုသည့် အတွက် အရင်ဆုံးဆောင်ရွက်ရန်မှာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀(ခ) အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယောမြေကို အခြားနည်း ဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်မြေစီမံခန်ခွဲမှု အဖွဲ့၏ ထောက်ခံချက်ကို အရင် ရအောင် လျှောက်ထားရန်လိုပါသည်။
လျှောက်ထားရန်ရုံးမှာ
မြို့နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန( ယခင်အခေါ်(မြေစာရင်းရုံး) တွင် လျှောက်ထားရပါမည်။ လျှောက်ထားရမည့် ပုံစံမှာ ပုံစံ(၁၄) ဖြစ်ပါသည်။ ၂၀၁၂ လယ်ယာမြေဥပဒေ စာအုပ်ကို ဝယ်လိုက်လျှင် နည်းဥပဒေများပါတစ်ခါတည်းပါရှိပါသည်။ ဆိုင်ရာရုံးသို့ သွားလျှင် ၄င်းတို့က ဆောင်ရွက်ပေးပါလိမ့်မည်။
ထိုသို့လျှောက်ထားသည့်အခါ လယ်မြေအားအခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ထုတ်ပေးပါလိမ့်မည်.
ထိုအမိန့်ကိုရသည့် အခါတွင် မှ ပုဂ္ဂလိကဂရန်မြေ၊ စက်မှုမြေငှားဂရန်ရယူလိုသူတို့သည် သက်ဆိုင်ရာ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ လိပ်စာတပ်၍
(က) လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်
(ခ) လျှောက်ထားမြေတည်ရှိရာရပ်ကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ
(ဂ) လျှောက်ထားမြေ၏ အလားလေးရပ်( အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရှိ မြေများ)
(ဃ) လျှောက်ထားသော မြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံ၏ အရွယ်အစားနှင့် ဆောက်လုပ်မည့် ပစ္စည်း အမျိုးအမည်များ၊( တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)
(င) လျှောက်ထားသောမြေကို မည်ကဲ့သို့ အသုံးချရန် ရဉ်ရွယ်ချက်( ဥပမာ အဆောက်အအုံဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလုပ်ငန်းလုပ်ကိုင်ရန်)
(စ) လျှောက်လွှာနှင့်အတူ လျှောက်ထားသောမြေ၏ အကျယ်အဝန်းအလား(၄) ရပ်နှင့် မြေအမျိုးအစား သို့မဟုတ် ပိုင်ဆိုင်ခွင့် ဖော်ပြရန် ထိုမြေပုံ(၂)ပုံအနက် (၁) ပုံမှာသက်သေခံနိုင်ရန်အတွက် သတ်မှတ်ရုံးခွန်တံဆိပ်ခေါင်းကပ်ပြီး၊ လယ်မြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး က လက်မှတ်ရေးထိုးထား သည့် ပုံစံ(၁၀၅) မြေပုံ(၂) ပုံဖြစ်ရမည်။
(ဆ) လျှောက်ထားသည့်မြေ၏ ရာဇဝင် မြေစာရင်းပုံစံ(၁၀၆) ( လယ်ယောမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ ၁ - က မှတ်ပုံတင်စာရင်းစာအုပ်မှ ကောက်နှုတ်ချက်မိတ္တူမှန်(၁) စောင်)
(ဇ) ဆောက်ထားမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံပုံစံ(၂) ပုံ၊ ပုံစံမှာ ရှေ့မြင် Front Elevation နှင့်ဘေးမြင် Side Elevation ဖြစ်ရမည်။
(ဈ) ဂရန်အသစ်လျှောက်ထားခြင်းဖြစ်ပါက မြေကွက်ရရှိကြောင်း မြေပေးမိန့်ပါရှိရမည်။
(ည) အရောင်းအဝယ်ပြုလုပ်ထားသော မြေကွက်ဖြစ်ပါက အခွန်တံဆိပ်ခေါင်းကပ်ပြီးသော တရားဝင်မှတ်ပုံတင်ထားသည့် စာချုပ်စာတမ်း မိတ္တူပါရှိရမည်။
(ဋ) ဂရန်၊အငှားဂရန်၊ စက်မှုမြေငှားဂရန် နှင့် လိုင်စင်လျှောက်လွှာပေါ်တွင် သတ်မှတ်ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားပါရှိရမည်။
(ဌ) မြေငှားဂရန်သက်တမ်းတိုး/ အသစ်လဲ လျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန်စာချုပ် ပူးတွဲပါရှိရမည်။
(ၓ) မြေငှားဂရန်အမည်ပြောင်းလျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန်စာချုပ်ပါရှိရမည့်အပြင် မူလပိုင်ရှင်ထံမှ လျှောက်ထားသူသို့ မြေလွှဲပြောင်းပေးခဲ့သည့် တရားဝင်အထောက်အထား စာချုပ်စာတမ်းများ ပါရှိရမည်။ ( အရောင်းအဝယ်ပြုလုပ်ရယူခဲ့ပါက တရားဝင်မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပါရှိရမည်။
ပုဂ္ဂလိကဂရန်/ စက်မှုမြေငှားဂရန်အတွက် ဌာနမှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ
(၁) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားလာသော လျှောက်လွှာကို သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှုရှိ / မရှိ စိစစ်ပြီး ပြည့်စုံမှုရှိပါက အမှုတွဲမှတ်ပုံတင်စာရင်းစာအုပ်တွင် မှတ်တမ်းတင်စေရန်နှင့် အမှုတွဲဖွင့်လှစ်မည်ဖြစ်ပါသည်။ အချက် အလက်များ မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည်။ ( အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၁၅)
(၂) အမှုတွဲဖွင့်လှစ်ပြီးပါက အမှုတွဲတွင် ပါရှိသော လျှောက်ထားသူတင်ပြသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ / မရှိ စိစစ်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး( လက်ထောက် ကော်လိတ္တော် အရာရှိ) ထံ ပေးပို့ရမည်ဖြစ်ပါသည်။
(၃) မြို့နယ်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားမြေနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက်အလက်များကို စိစစ်တင်ပြရန် မြို့နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန သို့ အမှုတွဲ ပေးပို့ရမည် -
(၁) လျှောက်ထားမြေရာဇဝင်၊(၁ - က စာရင်းအရ)
(၂) လျှောက်ထားမြေသည် နိုင်ငံတော်အစိုးရက ချထားပိုင်ခွင့်ရှိသော မြေကွက်ဟုတ် / မဟုတ်၊
(၃) လျှောက်ထားမြေကို နိုင်ငံတော်အစိုးရက အသုံးပြုရန် သတ်မှတ်လျာထားခြင်းရှိ / မရှိ၊
(၄) လျှောက်ထားမြေ၏ နယ်နိမိတ်သတ်မှတ်တိုင်းတာထားခြင်းရှိ / မရှိ၊
( အောက်မ်ြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ / ၁၁၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၆၂ )
(၅) လျှောက်ထားမြေပေါ်တွင် ကျူးကျော်နေထိုင်သူများ ရှိ / မရှိ၊
(၆) လျှောက်ထားမြေကို ဂရန်၊ အငှားဂရန်၊ လိုင်စင် စသည်များ ထုတ်ပေးခဲ့ခြင်း ရှိ / မရှိ၊ အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်ကို ဖော်ပြရန်ဖြစ်သည်။။
(၇) လျှောက်ထားမြေကို လျှောက်ထားသူ အပြင် အခြားသူများက မြေပုံကူးယူခြင်း၊ လျှောက်ထားခြင်းများ ရှိ / မရှိ၊
(၈) လျှောက်ထားမြေပေါ်တွင် အဆောက်အအုံများဆောက်လုပ်ထားခြင်း ရှိ / မရှိ၊
(၉) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် မြေငှားခ၏ ၇၅ % ကျသင့်ငွေကို ဖော်ပြရန်၊
(၁၀) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် ရောင်းဈေး ၆ % ကျသင့်ငွေကို ဖော်ပြရန်ဇြစ်ပါသည်။( စက်မှုမြေငှားဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့်ငွေကိုဖော်ပြရန်)
(၁၁) လျှောက်ထားမြေအတွက် စည်းကြပ်ရန် မြေငှားခသင့်ငွေကို တွက်ချက်ဖော်ပြပေးရန်ဖြစ်ပါသည်။
(၁၂) လယ်ယာမြေစီမံခန်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မှ အထက်အပိုဒ်ပါ အချက်အလက်များအပေါ် စိစစ် ပြန်ကြားလာသည့် မြေရာဇဝင်အရ နိုင်ငံတော်အစိုးရက ချထားပေးပိုင်ခွင့်ရှိသော မြေဖြစ်လျှင် ဂရန်၊ လိုင်စင်ချထား ပေးခြင်းကို ကန့်ကွက်ရန် ရှိ / မရှိ၊ ကန့်ကွက်လိုသူရှိက (၁၅) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြော်ငြာရပါမည်။
(၁၃) သတ်မှတ်ရက်အတွင်း ကန့်ကွက်လွှာများရရှိပါက စုံစမ်းစစ်ဆေးပြီးကန့်ကွက်သည့် အကြောင်းပြချက် ခိုင်လုံလျှင် လျှောက်ထားချက်ကို ပယ်ခွင့်ရှိသည်။ ကန့်ကွက်ချက်သည် ခိုင်လုံမှု မရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်ရက်ကုန်ဆုံးလျှင်သော်လည်းကောင်း၊ မြေငှားဂရန်ထုတ်ပေးခွင့်ပြုနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး သည် ယင်းမြေနေရာသို့ သက်ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ ကိုယ်ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ ပြန်လည်ပေးပို့ရပါမည်။
(၁၄) ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ(၁) ဧက အောက်ဖြစ်ပါက အမှုတွဲကို စိစစ်၍ မြေငှားဂရန် ထုတ်ပေးနိုင်ပါသည်။ ( အထက်မြန်မာပြည်မြေနှင့် အခွန်နည်းဥပဒေ - ၅၁ (ခ) နှင့် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေနည်းဥပဒေ -၉ )
(၁၅) လျှောက်ထားမြေသည် မြေဧရိယာ(၁)ဧက အထက်မှ (၅) ဧက အထိဖြစ်ပါက တိုင်းဒေသကြီး / ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ( ကော်လိတ္တော်အရာရှိက) မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။
(၁၆) မြေဧရိယာ ၅ ဧက အထက်လျှောက်ထားပါက တိုင်းဒေသကြီး / ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ရုံးချုပ်) သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။
(၁၇) ပြည်ထောင်စုဝန်ကြီး၏ခွင့်ပြုချက်ရရှိပါက အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၅၁၊ (ခ)(ဂ) အရ အောက်မ်ြနမာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၉(ဂ) အရ နှစ်ရှည်မြေငှားဂရန် ပေးရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး( ကော်လိတ္တော်အရာရှိ) အား လုပ်ပိုင်ခွင့်အပ်နှင်းရန်ဖြစ်ပါသည်။