18/06/2026
I can do it ဆိုတဲ့နေရာမှ We can do it. သို့
Projectများလုပ်ဆောင်ခြင်းက ကလေးတွေအတွက် Skills တိုးတက်စေပါတယ်
Kids world by Tr.Sai
18/06/2026
I can do it ဆိုတဲ့နေရာမှ We can do it. သို့
Projectများလုပ်ဆောင်ခြင်းက ကလေးတွေအတွက် Skills တိုးတက်စေပါတယ်
18/06/2026
အခုလက်ရှိ G-12 ကလေးတွေနဲ့
အချို့သော မိဘအုပ်ထိန်းသူတွေကို ပြောပြချင်တဲ့စကားက
ကိုယ် ၁၀တန်းတုန်းက လုပ်ခဲ့တဲ့
ပုံစံနဲ့ အခုခေတ် G12 ကို ထပ်တူချပြီး
မတွေးကြဖို့ပါ။
လုံးမတူပါဘူး။
သာမန်လောက် ကြိုးစားမှုမျိုးနဲ့
လိုရာပန်းတိုင်ကို မရောက်နိုင်ဖူးဆိုတာ
သိထားပါ။
အချို့က ဖြစ်ချင်တဲ့စိတ်နဲ့သာ
လုပ်နေကြပေမယ့် သားသမီးကို
ချစ်တာနဲ့ နှစ်တာကို
မကွဲပြားကြသေးပါဘူး။
ဟိုးအမြင့်ကို ပျံမယ့်ဌက်တစ်ကောင်ဟာ
လေဒဏ် မိုးဒဏ်ကို ကြောက်နေလို့
ဘယ်ဖြစ်ပါ့မလဲ။
အကြိမ်ကြိမ်အခါခါ အပူပေးပြီး
အထုအနှက်ခံနိုင်တဲ့ သံကသာ
ဓားဖြစ်လာမှာပါ။
ဒီလိုပဲ G12 ရဲ့ပင်ပန်းဆင်းရဲဒဏ်ကို
ကြံ့ကြံ့ခံနိုင်ပြီး ကိုယ့်ကိုကိုယ်မညှာမှ
နောင်တစ်ချိန်မှာ အောင်မြင်မှုရဲ့
အသီးအပွင့်တွေကို
ခံစားရမှာပါ။
တစ်ရက်မှာ စာသင်ချိန် တစ်ချိန် /
နှစ်ချိန်လောက်နဲ့
G12 အဆင်မပြေပါဘူး။
G12 ကျောင်းသားတစ်ယောက်မှာ
အားနေတယ်ဆိုတာမရှိပါဘူး။
လုပ်စရာတွေအများကြီးပါ။
မိဘတိုင်းကတော့ သားသမီးပင်ပန်းမှာကို
မကြည့်ရက်ကြပါဘူး။
ဒါပေမယ့် အခုချိန်မှာ ဒါလေးကို
အပင်ပန်းမခံနိုင်ရင် နောင်တစ်ချိန်
လောကထဲဒီကလေး၀င်တဲ့အခါ
လောကဓံကို ဘယ်လိုခံမလဲ။
လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာလုပ်ပါ
ခိုင်းသင့် ခိုင်းထိုက်တဲ့ အချိန်မှာ ခိုင်းပါ။
ချစ်ပါ သို့သော် အလိုမလိုက်သင့်တဲ့
အချိန်အခါမှာ အလိုမလိုက်ရပါဘူး။
အပြင်ဘက်ကို နားစွင့်ပါ။
မျက်စိဖွင့်ကြည့်ပါ။
G12 နေရာတိုင်းမှာ မနက် ၇ နာရီကနေစပြီး
ဆရာ/မတွေ သင်ချိန် တစ်ချိန်ပြီး တစ်ချိန်
အလှည့်ကျ ၀င် --- စာကျက်ချိန်
စာဖြေချိန် --- သေချာစနစ်တကျနဲ့
လုပ်နေကြတာပါ။ညဆိုလည်း ည Study
အချိန်တွေ လုပ်ကြရတာပါ။ ဒါတောင်
အောင်ဖို့အရင်လုပ်နေကြရတာပါ။
ပင်ပန်းပါတယ်။
ပင်ပန်းပလေ့စေလေ။
သူတို့ဘ၀အတွက် ပင်ပန်းတာ။
မပင်ပန်းပဲ ဘယ်အရာမှ လွယ်လွယ်မရပါဘူး။
အချို့က စာသင်ချိန်တွေ များလို့
စာသင်ချိန်တွေ ဆက်နေလို့
ငါ့သားလေး ငါ့သမီးလေး
ပင်ပန်းနေပြီ။
ပင်ပန်းပါစေ လုပ်ပါစေ
သူ့အတွက်သူလုပ်နေတာပါ။
ဒီအချိန်အပင်ပန်းခံထားမှ
အောင်စာရင်းထွက်တဲ့ အခါ
ပျော်ရမှာပါ။
အပျော်ကိုတော့ ရချင်ပြီး
အပင်ပန်းတော့ မခံစေချင်ဘူးဆိုရင်
G12 မထားပါနဲ့။
ငွေကုန်ရကျိုးနပ်ပါစေ
လုပ်ပေးရကျိုးနပ်ပါစေ
ချစ်ပါ မနှစ်မိပါစေနဲ့။
#မေတ္တာဖြင့်
#ဆရာမိုး
03/06/2026
📚 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျူရှင်သင်တန်းသားသစ်များ လက်ခံနေပါပြီ 📚
🎓 Grade 1 မှ Grade 12 အထိ ကျောင်းသင်ရိုးညွှန်းတမ်းအတိုင်း စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။
✅ ဘာသာစုံသင်ကြားပေးခြင်း
✅ လစဉ် စာမေးပွဲစစ်ဆေးပေးခြင်း
✅ အားနည်းချက်များကို တစ်ဦးချင်း လမ်းညွှန်ပေးခြင်း
✅ စည်းကမ်းနှင့် ပညာကို တစ်ပြိုင်နက် မြှင့်တင်ပေးခြင်း
“ယနေ့ ကြိုးစားသင်ယူမှုသည် မနက်ဖြန်၏ အောင်မြင်မှု ဖြစ်သည်။”
01/06/2026
Part time job for you 📈
ပညာရေးဖြင့်အသက်မွေးဝမ်းကျောင်းပြုလိုသော လူငယ်များအတွက်
31/05/2026
📚📚 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဘာသာရပ်သင် ကျူရှင်သင်တန်း အပ်နှံနိုင်ပါပြီ 📚📚
မိဘများနှင့် ကျောင်းသား/ကျောင်းသူများအားလုံးကို အသိပေးအပ်ပါသည်။
ကျောင်းဖွင့်ရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် Aung Myin Education Center တွင် Grade-1 မှ Grade-9 အထိ ကျောင်းဘာသာရပ်များကို စနစ်တကျ သင်ကြားပို့ချပေးမည့် ကျူရှင်သင်တန်းများအား ကျောင်းသားသစ်များ လက်ခံအပ်နှံနေပြီဖြစ်ပါသည်။
✅ ကျောင်းသင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားပေးခြင်း
✅ အပတ်စဉ် လေ့ကျင့်ခန်းများနှင့် စာမေးပွဲများ စစ်ဆေးပေးခြင်း
✅ အခြေခံမှစ၍ နားလည်တတ်ကျွမ်းသည်အထိ ဂရုတစိုက် သင်ကြားပေးခြင်း
✅ စည်းကမ်းရှိသော သင်ယူမှုပတ်ဝန်းကျင် ဖန်တီးပေးခြင်း
✅ ကျောင်းသားတစ်ဦးချင်းစီ၏ သင်ယူမှုတိုးတက်မှုကို စောင့်ကြည့်ပေးခြင်း
“ယနေ့ သင်ယူမှုကောင်းမွန်လျှင် မနက်ဖြန် အောင်မြင်မှု ပိုမိုကြီးမားမည်”
လူဦးရေ ကန့်သတ်ထားသည့်အတွက် စိတ်ဝင်စားသူများ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါသည်။
🏫 Aung Myin Education Center
📞 အသေးစိတ် စုံစမ်းအပ်နှံနိုင်ပါသည်။
09257824657
✨ “ပညာရေးဖြင့် အနာဂတ်ကို တည်ဆောက်ကြပါစို့” ✨
17/05/2026
ကျောင်းဟာ ပျော်စရာနေရာ ဖြစ်လာဖို့
ကျောင်းဖွင့်ရာသီ ရောက်လာပြီဆိုတာနဲ့ ကလေးတွေအတွက် စိတ်လှုပ်ရှားစရာ အချိန်တစ်ခု စတင်လာပါတယ်။ စာအုပ်အသစ်တွေ၊ အိတ်အသစ်တွေ၊ သူငယ်ချင်းအသစ်တွေကို တွေ့ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတိုင်းက ကျောင်းကို ပျော်ပျော်ရွှင်ရွှင် သွားချင်ကြတာတော့ မဟုတ်ပါဘူး။ တချို့က စာကြောက်ကြတယ်၊ တချို့က ဆရာကြောက်ကြတယ်၊ တချို့က အမှတ်မကောင်းမှာ စိုးရိမ်ကြတယ်။ အဲဒီလို စိတ်ဖိစီးမှုတွေကို လျော့နည်းစေပြီး ကျောင်းကို ပျော်စရာနေရာတစ်ခု ဖြစ်လာစေဖို့ မိဘနဲ့ ဆရာဆရာမတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။
ကလေးတွေ စာကို စိတ်ဝင်စားလာဖို့ဆိုရင် အတင်းအကျပ် ဖိအားပေးတာထက် သူတို့ကို နားလည်ပေးဖို့ လိုပါတယ်။ “စာကျက်ပြီးပြီလား” ဆိုတာထက် “ဒီနေ့ ဘာအသစ်တွေ သင်လာခဲ့လဲ” လို့ မေးပေးခြင်းက သူတို့ကို သင်ယူမှုအပေါ် စိတ်ဝင်စားလာစေပါတယ်။ ကလေးတွေဟာ ချီးကျူးမှုနဲ့ အားပေးမှုကို အရမ်းလိုအပ်ပါတယ်။ အမှားလုပ်မိတဲ့အခါ ဆူပူခြင်းထက် နားလည်ပေးပြီး ပြန်လည်သင်ကြားပေးခြင်းက ပိုမိုထိရောက်ပါတယ်။
ကျောင်းဆိုတာ စာသင်တဲ့နေရာတစ်ခုတည်း မဟုတ်ပါဘူး။ လူမှုဆက်ဆံရေး သင်ယူတဲ့နေရာ၊ စည်းကမ်းနဲ့ တာဝန်ယူမှုကို နားလည်လာတဲ့နေရာ၊ ကိုယ့်အိပ်မက်ကို စတင်တည်ဆောက်တဲ့နေရာလည်း ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ ပျော်ရွှင်နေမယ်ဆိုရင် သူ့ရဲ့ သင်ယူနိုင်စွမ်းလည်း ပိုကောင်းလာမှာပါ။
မိဘတွေအနေနဲ့လည်း အမှတ်ကောင်းရဖို့ကိုပဲ မျှော်လင့်နေမယ့်အစား ကလေးရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးသင့်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ ထူးချွန်မှုတွေ ရှိကြပါတယ်။ တချို့က ပန်းချီတော်ကြတယ်၊ တချို့က အားကစားကောင်းကြတယ်၊ တချို့က စာဖတ်ရတာ ကြိုက်ကြတယ်။ သူတို့ရဲ့ အားသာချက်ကို ရှာဖွေပေးပြီး ယုံကြည်မှု တည်ဆောက်ပေးခြင်းက အကောင်းဆုံး ပညာရေးတစ်ခု ဖြစ်ပါတယ်။
ဒီကျောင်းဖွင့်ရာသီမှာ ကလေးတွေ “ကျောင်းသွားရတာ ပျော်တယ်” လို့ ပြောနိုင်ဖို့ အားလုံးက ဝိုင်းဝန်းဖန်တီးပေးကြရအောင်။ ပညာရေးဆိုတာ အမှတ်စာရင်းတစ်ခုတည်း မဟုတ်ဘဲ ကလေးတွေရဲ့ အနာဂတ်ကို လင်းလက်စေမယ့် အလင်းရောင်တစ်ခုပဲ ဖြစ်ပါတယ်။
17/05/2026
ဒီနွေရာသီဘယ်ခရီးမှမပို့ရလို့
ရေလည်းဆော့လို့ရမယ် ပျော်လည်းပျော်ချင်တယ်ဆိုလို့
−summer class ကလေးများ၏ Happy Holiday ♥️
(ခေါ်ပေမဲ့ မလိုက်ရတဲ့ကလေးတွေအတွက်တော့ စိတ်မကောင်းပါဘူးကွယ်)
14/05/2026
၂၅−၂၆ပညာသင်နှစ် Kids Worls မှ
G-1 to G-11 များ အားလုံး အောင်မြင်ကြပါသည်
ဂုဏ်ယူလျက်ပါ − ဆက်လက်ကြိုးစားပါ