Saya Institute

Saya Institute

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saya Institute, School, Starcity, Thanlyin.

07/06/2026

မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာစွမ်းရည်တွေကို တဆင့်မြင့်ဖို့ ရယ်ဒီပဲလား?

တစ်နှစ်တစ်ကြိမ်သာ ဖွင့်တဲ့ Saya Instituteရဲ့ Long Term Program (Batch-5) လေးက မကြာခင် စတင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီ program မှာ သင်ကြားပေးသွားမယ့် အတန်းတွေကတော့

🐧 မြန်မာစာအတန်း ဖြစ်တဲ့ Elegance of Wa Lones

🐧အင်္ဂလိပ်စာအတန်း ဖြစ်တဲ့ Lingo Bridge နဲ့

🐧သင်္ချာအတန်းဖြစ်တဲ့ Mathletes တွေပဲဖြစ်ပါတယ်။

ဒီအတန်းအားလုံးကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာ၊ဆရာမတွေကနေ ဦးဆောင်ပြီး online ကတဆင့် သင်ကြားပေးသွားမှာပဲဖြစ်ပြီး သင်တန်းကာလ (၈) လကြာမြင့်မှာ ဖြစ်တာကြောင့် ဘာသာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသင်ယူနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။

အတန်းတစ်တန်းချင်းစီအတွက် အသေးစိတ်ကို အောက်က links တွေမှာဖတ်ရှုနိုင်ပါတယ်။

📌 Elegance of Wa Lones (Myanmar Class)
https://shorturl.at/LA8EZ

📌 Lingo Bridge (English Class)
https://shorturl.at/VaQXg

📌 Mathletes (Maths Class )
https://shorturl.at/P4hhI


မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် အရည်အသွေးမီ ပညာရေး သင်ကြားခွင့်ရနိုင်စေဖို့ ရည်ရွယ်ပြီး စီစဉ်ထားတဲ့အတန်းတွေဖြစ်တာကြောင့် အရည်အသွေးကို အာမခံသင်ကြားပေးမယ့်အပြင် ငွေကြေးကြောင့် ပညာရေးလက်လွှတ်ရတာမျိုးမဖြစ်ရအောင် ပညာသင်ဆုများကိုလည်း စီစဉ်ပေးထားပါတယ်။

ပညာသင်ဆု နဲ့ပတ်သက်ပြီး အသေးစိတ်ကို အောက်က link မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/1J46GJYv5y

05/06/2026

Language Box Program (June – December 2026)

မင်္ဂလာပါ

ဒီနှစ် June လထဲမှာ စတင်မယ့် Language Box Program လေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။ 📢

ဒီအစီအစဉ်လေးက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ အနီးအနားဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမတွေအတွက် အထူးရည်ရွယ်ပြီး စီစဉ်ထားတဲ့ (၆) လတာ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

Language Box Programမှာ ဘာတွေ လေ့လာသင်ယူခွင့်ရမလဲ?
ကလေးတွေရဲ့ ပညာရေးနဲ့ အနာဂတ်အတွက် စိတ်အားထက်သန်စွာ ကြိုးစားသင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေအတွက် သင်ကြားရေးမှာ အမှန်တကယ် အသုံးချနိုင်မယ့် အခြေခံ ဘာသာစကားသင်ကြားရေး နည်းလမ်းကောင်းတွေကို လေ့လာရင်း၊ နေ့စဉ်တာဝန်တွေရဲ့ ဖိအားတွေကြားမှာ မိမိရဲ့ စိတ်ခွန်အားနဲ့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ နဲ့ စာသင်ခန်းအတွင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်ဖို့ အတူတကွ သင်ယူမျှဝေသွားကြမှာ ဖြစ်ပါတယ်။

🌿 Well-being Retreat
ကလေးတွေရဲ့ ပညာရေးအတွက် ကြိုးစားပေးနေတဲ့ ဆရာ/ဆရာမတွေ အနေနဲ့ နေ့စဉ်တာဝန်တွေကြားမှာ ခဏတာ အနားယူနိုင်ဖို့ ဒီသင်တန်းကို စီစဥ်ထားတာ ဖြစ်ပါတယ်။ မိမိရဲ့ ကိုယ်စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကို ပြန်လည်အာရုံစိုက်ပြီး၊ သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ စိတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းရင်း အတူတကွ သင်ယူမျှဝေသွားကြမှာ ဖြစ်ပါတယ်။

🗣️ Language Teaching Training
ကလေးတွေအတွက် ပိုမိုအဓိပ္ပာယ်ရှိပြီး ထိရောက်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့ ဆရာ/ဆရာမတွေရဲ့ သင်ကြားရေးခရီးလမ်းကို ပံ့ပိုးပေးမယ့် သင်တန်းဖြစ်ပါတယ်။ ဘာသာစကားသင်ကြားရေးအတွက် အသုံးချနိုင်မယ့် နည်းလမ်းကောင်းများ၊ ကျောင်းသားဗဟိုပြု အလေ့အကျင့်များနဲ့ ထိရောက်တဲ့ စာသင်ခန်းအတွေ့အကြုံများကို အတူတကွ လေ့လာသွားကြမှာ ဖြစ်ပါတယ်။
⚖️ Debate Judge Training
Debate ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်နိုင်ဖို့သာမက စာသင်ခန်းအတွင်းနဲ့ နေ့စဉ်ဘဝမှာပါ အကြောင်းအရာတွေကို ဝေဖန်စဉ်းစားသုံးသပ်တတ်ဖို့ ဖြစ်ပါတယ်။ မတူညီတဲ့ အမြင်တွေကို တက်ကြွစွာ နားထောင်တတ်ဖို့နဲ့ အကြောင်းပြချက်၊ အထောက်အထားတွေအပေါ် အခြေခံပြီး မျှမျှတတ အကဲဖြတ်ဆုံးဖြတ်တတ်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
💻 LMS Learning Courses
ဆရာ/ဆရာမတွေအနေနဲ့ မိမိအဆင်ပြေမဲ့ အချိန်နဲ့နေရာပေါ်မူတည်ပြီး အွန်လိုင်းမှတစ်ဆင့် ဆက်လက်လေ့လာသင်ယူနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။ သင်တန်းပေါင်း 30ကျော်ရှိတဲ့အတွက် ဆရာ/ ဆရာမတို့ရဲ့လေ့လာလိုတဲ့ အသိပညာနဲ့ စွမ်းရည်တွေကို ဆက်လက်တိုးတက်စေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
👩‍🏫 Practical Teaching
Language Teaching Training မှာ သင်ယူခဲ့တဲ့ အကြောင်းအရာတွေကို စာတွေ့တင်မဟုတ်ဘဲ လက်တွေ့အသုံးချသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။ ကျောင်းသားတွေကို ကိုယ်တိုင်သင်ကြားပေးရင်း မိမိရဲ့ သင်ကြားရေးစွမ်းရည်တွေကို တိုးတက်စေမယ့်အပြင်၊ ဆရာအချင်းချင်း အတွေ့အကြုံဖလှယ်ပြီး ပိုမိုကောင်းမွန်တဲ့ ပညာရေးအသိုင်းအဝိုင်းတစ်ခုကို အတူတကွ တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။
🤝 Mentoring Sessions
ဆရာ/ဆရာမအချင်းချင်း တွေ့ဆုံဆွေးနွေးရင်း သင်ကြားရေးအတွေ့အကြုံတွေကို အပြန်အလှန် မျှဝေဖလှယ်မယ့် အစီအစဉ် ဖြစ်ပါတယ်။ မိမိရဲ့ အားသာချက်တွေနဲ့ လိုအပ်ချက်တွေကို အတူတကွ ဆွေးနွေးတိုင်ပင်ပြီး၊ လမ်းညွှန်ပံ့ပိုးမှုတွေနဲ့ အတူ ပိုမိုထိရောက်တဲ့ သင်ကြားရေးနည်းလမ်းတွေကို လက်တွဲမြှင့်တင်သွားကြမှာ ဖြစ်ပါတယ်။

Program ပြီးဆုံးသွားတဲ့အခါ ဘာတွေ တိုးတက်လာမလဲ?
Language Box Program Team အနေနဲ့ အကောင်းဆုံး ကြိုးစားပြီး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ “သင်ယူသူ ကိုယ်တိုင် သင်ယူမှ သင်ယူမှု ဖြစ်မြောက်သည်” ဆိုတဲ့ သင်ယူမှုသဘောတရားအတိုင်း ပါဝင်မဲ့ ဆရာ/ဆရာမတွေရဲ့ အားထုတ်မှုနဲ့ ကြိုးစားမှုအပေါ် မူတည်ပြီး တိုးတက်ပြောင်းလဲမှုတွေ ကွာခြားနိုင်ပါတယ် ။ ဒါကြောင့် အောက်မှာဖော်ပြထားတဲ့ မျှော်မှန်းချက်တွေကို ပြည့်မီအောင် အတူတူ ကြိုးစားကြဖို့ မျှော်လင့်ပါတယ်။

✅ ဘာသာစကားသင်ကြားရေးနည်းလမ်းတွေကို ပိုမိုကျွမ်းကျင်လာမယ်။
✅ ကျောင်းသားဗဟိုပြုသင်ကြားရေးနည်းလမ်းတွေကို လက်တွေ့အသုံးချနိုင်လာမယ်။
✅ ကျောင်းသားတွေရဲ့သင်ယူမှုကို ပိုမိုထိရောက်စွာ ပံ့ပိုးပေးနိုင်လာမယ်။
✅ ဆရာ/ဆရာမအချင်းချင်း အတွေ့အကြုံနဲ့ ဗဟုသုတတွေ မျှဝေဖလှယ်နိုင်လာမယ်။
✅ မိမိရဲ့သင်ကြားရေးအလေ့အကျင့်တွေကို ပြန်လည်ဆန်းစစ်ပြီး ပိုမိုကောင်းမွန်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်လာမယ်။

ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?
📍 မဲဆောက်နဲ့ အနီးအနားဒေသများရှိ ဆရာ/ဆရာမများ
📍 ဘာသာစကားသင်ကြားရေးကို စိတ်ဝင်စားသူများ (သို့) လက်ရှိသင်ကြားနေသူများ
📍 Program တစ်လျှောက် (၆) လလုံး ပုံမှန်ပါဝင်နိုင်သူများ

Program Details
📅 Program Duration: June 2026 – December 2026
👥 Participants: 20 Teachers
💰 Deposit Fee – 30,000 MMK

Program ပြီးဆုံးသည်အထိ တက်ရောက်သူတွေကို Deposit အပြည့်အဝ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Program ရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ အောင်မြင်စွာ ပြီးဆုံးသူတွေကို Certificate ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Selection Process
1️⃣ Application Form Screening
2️⃣ Interview

ပထမအဆင့် Google Form Screening အတွက် အောက်ပါ link မှာ application form ကို ဖြည့်သွင်းနိုင်ပါတယ်။
🔗 Apply Now:
https://docs.google.com/forms/d/e/1FAIpQLSfPbgflqymwdEihdsoYmbpRg-qsiJizEypOyH_jJbAIrbHMwQ/viewform?usp=sharing&ouid=115001213055521915387

Application Form ကို ဇွန်လ (၁၅) ရက်၊ ညနေ (၆) နာရီ အထိသာ ဖြည့်သွင်းနိုင်မှာဖြစ်လို့ အချိန်မီ လျှောက်ထားကြဖို့ အထူးတိုက်တွန်းပါတယ်။

သိချင်တာလေးတွေရှိရင် အောက်ပါ Channel တွေကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
Messenger: https://m.me/SayaInstitute4Myanmar
Telegram:
ပညာရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘာသာစကားသင်ကြားရေးကို စိတ်ဝင်စားတဲ့ ဆရာ/ဆရာမများ လက်လှမ်းမီနိုင်စေရန် Like & Share လေး ပြုလုပ်ပြီး သတင်းကောင်းလေးကို မျှဝေပေးကြပါဦးရှင်။


Box Program

04/06/2026

မင်္ဂလာပါ

အားလုံးကို ဒီနှစ် June လမှာ စတင်မယ့် Language Box Program လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင် 📢

ဒီ Program လေးက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ အနီးအနားဒေသတွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား/ကျောင်းသူလေးတွေအတွက် အထူးစီစဉ်ထားတဲ့ (၆) လတာ ဘာသာစကားသင်ယူရေးနဲ့ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်။

Program ထဲမှာ ဘာတွေ သင်ယူရမလဲ?

ဒီ Program မှာ ကလေးတွေဟာ ကိုယ့်ရဲ့ အတွေးအမြင်ကို ယုံကြည်မှုရှိရှိ ပြောဆိုခြင်း၊ တခြားသူတွေနဲ့ ဆွေးနွေးတင်ပြခြင်း၊ ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်ခြင်း စတဲ့စွမ်းရည်တွေကို သင်ယူရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ ထိုင်းဘာသာစကားတွေကိုလည်း နေ့စဉ်ဘဝမှာ အသုံးချနိုင်အောင် လေ့ကျင့်သင်ယူရင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မှု၊ မတူကွဲပြားမှုတွေကို နားလည်လက်ခံနိုင်ခြင်းနဲ့ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်မှုတွေကိုပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

🎤 Debate Training
ဒီသင်တန်းက ကလေးတွေအနေနဲ့ မိမိရဲ့ အတွေးအမြင်တွေကို ကြောက်ရွံ့စိုးရိမ်မူမရှိပဲ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်လာအောင် လေ့ကျင့်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ တခြားသူတွေနဲ့ ဆွေးနွေးတင်ပြတဲ့နည်းလမ်းတွေ၊ အကြောင်းအရာတစ်ခုကို ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေကို လေ့လာရင်း ကလေးတွေရဲ့ တွေးခေါ်စဉ်းစားမှုနဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်မယ့် သင်တန်းဖြစ်ပါတယ်။

🌍 Language Boot Camp

အင်္ဂလိပ်နဲ့ ထိုင်းဘာသာစကားတွေကို စာအုပ်ထဲက သင်ခန်းစာအနေနဲ့မဟုတ်ဘဲ နေ့စဉ်ဘဝမှာ တကယ်အသုံးချနိုင်အောင် လေ့ကျင့်သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။ ဘာသာစကားပြောဆိုရာမှာ ကြောက်စိတ်မရှိစေဘဲ ဆက်သွယ်မှုအတွက် အထောက်အကူဖြစ်စေတဲ့ အရာတစ်ခုအဖြစ် ယုံကြည်လက်ခံလာစေဖို့ ရည်ရွယ်ထားတဲ့ သင်တန်းဖြစ်ပါတယ်။

🌈 Colourful Children in English

ဒီသင်တန်းက အင်္ဂလိပ်ဘာသာစကားကို အသုံးပြုရင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မှု၊ မတူကွဲပြားမှုကို နားလည်လက်ခံတတ်မှုနဲ့ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်တတ်မှုတွေကိုပါ တစ်ပြိုင်နက်တည်း လေ့လာသင်ယူနိုင်အောင် ရည်ရွယ်ထားပါတယ်။ ဘာသာစကားတင်မကဘဲ စိတ်ဓာတ်နဲ့ လူမှုစွမ်းရည်တွေပါ တိုးတက်လာစေမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။

🤝 Mentoring Sessions
ဒီအစီအစဉ်မှာတော့ ဆရာ/ဆရာမတွေရဲ့ လမ်းညွှန်ပံ့ပိုးမှုနဲ့အတူ ကလေးတွေဟာ သူတို့ရဲ့ သင်ယူမှုအတွေ့အကြုံတွေကို ပြန်လည်မျှဝေပြီး၊ အခက်အခဲတွေအတွက် အတူတကွ ဖြေရှင်းနည်းတွေ ရှာဖွေလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ သင်ယူမှုမှာ ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်အောင် ကူညီပံ့ပိုးပေးတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

Program ပြီးဆုံးသွားတဲ့အခါ ဘာတွေ တိုးတက်လာမလဲ?

Language Box Program Team အနေနဲ့ အကောင်းဆုံး ကြိုးစားပြီး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် “သင်ယူသူ ကိုယ်တိုင် သင်ယူမှ သင်ယူမှု ဖြစ်မြောက်တယ်” ဆိုတဲ့ သင်ယူမှုသဘောတရားအတိုင်း ပါဝင်မယ့် ကျောင်းသား/ကျောင်းသူတွေရဲ့ အားထုတ်မှုနဲ့ ကြိုးစားမှုအပေါ် မူတည်ပြီး တိုးတက်ပြောင်းလဲမှုတွေတော့ ကွာခြားနိုင်ပါတယ်။ ဒါကြောင့် အောက်မှာဖော်ပြထားတဲ့ မျှော်မှန်းချက်တွေကို ပြည့်မီအောင် အတူတူ ကြိုးစားကြဖို့ မျှော်လင့်ပါတယ်။

✅ အင်္ဂလိပ်စာနဲ့ ထိုင်းဘာသာစကားကို ပိုပြီး ယုံကြည်မှုရှိရှိ အသုံးပြုလာနိုင်မယ်။
✅ လူအများရှေ့မှာ ရဲရဲဝံ့ဝံ့ ပြောဆိုတင်ပြနိုင်လာမယ်။
✅ သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်လာမယ်။
✅ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ တိုးတက်လာမယ်။
✅ မတူကွဲပြားမှုတွေကို နားလည်လေးစားတတ်တဲ့ စိတ်ထားကောင်းတွေ ပိုမိုဖွံ့ဖြိုးလာမယ်။

ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?
📍 အသက် (၁၀) မှ (၁၈) နှစ်အောက် မြန်မာကျောင်းသား/ကျောင်းသူများ
📍 ဘာသာစကားသင်ယူမှုကို စိတ်ဝင်စားပြီး တက်ကြွစွာ ပါဝင်ချင်သူများ
📍 ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ အရည်အချင်းတွေ တိုးတက်ချင်သူများ
📍 (၆) လတာ Program ကို ပုံမှန်တက်ရောက်နိုင်သူများ

Program Details
📆 Duration: June 2026 – December 2026
👥Participants: 60 Students
💰Deposit Fee – 30,000 MMK

Program ပြီးဆုံးသည်အထိ တက်ရောက်သူတွေကို Deposit အပြည့်အဝ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Program ရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ အောင်မြင်စွာ ပြီးဆုံးသူတွေကို Certificate ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Selection Process
1️⃣ Application Form Screening
2️⃣ Interview

ပထမအဆင့် Google Form Screening အတွက် အောက်ပါ link မှာ application form ကို ဖြည့်သွင်းနိုင်ပါတယ်။

🔗 Apply Now:
https://docs.google.com/forms/d/e/1FAIpQLSdjG7CyiT_dTNQQATD78Hq_zmlPeHQLRn7gJXute5_909s7NQ/viewform?usp=header

Application Form ကို ဇွန်လ (၁၅) ရက်၊ ညနေ (၆) နာရီ အထိသာ ဖြည့်သွင်းနိုင်မှာဖြစ်လို့ အချိန်မီ လျှောက်ထားကြဖို့ အထူးတိုက်တွန်းပါတယ်။

Language Box Program က (၆) လတာ ကြာမြင့်မယ့် Program ဖြစ်တာကြောင့် အစကနေ အဆုံးထိ တက်ရောက်နိုင်မယ်ဆိုရင်ပဲ လျှောက်ထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

သိချင်တာလေးတွေရှိရင် အောက်ပါ Channel တွေကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
Messenger: https://m.me/SayaInstitute4Myanmar
Telegram:
ပညာရေးကို စိတ်ဝင်စားတဲ့ သားသားမီးမီးတွေဆီ ဒီအခွင့်အရေးလေး ရောက်ရှိသွားအောင် Like & Share လေး လုပ်ပေးခဲ့ကြပါဦးရှင်။

Champions
Box Program

03/06/2026

📢 အီးမေးလ်များ စစ်ရန် အကြောင်းကြားခြင်း

Saya Institute ရဲ့ ပညာသင်ဆု (Scholarship) ရွေးချယ်ခံရသူများဆီကို အီးမေးလ် မှတစ်ဆင့် ပေးပို့ အကြောင်းကြားထားပြီးဖြစ်ပါသည်။ 📩

ဒါကြောင့် လျှောက်ထားသူ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ Email Inbox (သို့မဟုတ် Spam/Junk Folder) များကို အမြန်ဆုံး စစ်ဆေးပေးကြပါရန် တိုက်တွန်းပါတယ်ရှင်။

သိလိုတာများရှိပါက Saya Institute Message Box မှတစ်ဆင့် ဆက်သွယ်မေးမြန်နိုင်ပါတယ်ရှင်။

31/05/2026

သားသားမီးမီးတို့ထဲမှာ Demon Hunter ကြည့်ဖူးတဲ့သူတွေရှိကြလား?

🐧🎙 I’m not hiding, now I’m shining like I wanna be🎶 like I’m part of it? Huh???? Lyrics အမှန်ကို သိတဲ့ သားသားမီးမီးလေးတွေ ပင်ကွင်းလေးကို ပြောပြပေးခဲ့ကြပါအုံးနော်။

ပင်ကွင်းလေးကတော့ listening skill ပြန်ဖြည့်ဖို့လိုအပ်နေပါပြီ။ ဒီလို ကိုယ်ကြိုက်နှစ်သက်တဲ့ အင်္ဂလိပ်သီချင်းတွေကို စာတန်းထိုး မလိုဘဲ နားထောင်နိုင်ယုံသာမက အင်္ဂလိပ်စကားပြောတဲ့ အခါမှာလည်း အသံထွက်မှန်မှန် ထွက်နိုင်အောင် ကူညီပေးဖို့ SAYA Institute ရဲ့ Lingo Bridge အတန်းလေးတွေရှိနေပါပြီနော်။ 🙋‍♀️

Lingo Bridge အတန်းလေးတွေကတော့

🐧 Phonics

🐧 Starters

🐧 Movers

🐧 Flyers

🐧 KET

🐧 PET တို့ပဲဖြစ်ပါတယ်။

ဒီအတန်းလေးတွေကို ကျွမ်းကျင်တဲ့ ဆရာ၊ဆရာမတွေက သင်ကြားပေးသွားမှာဖြစ်ပြီး တန်းခွဲတိုင်းမှာ ကလေးတို့ရဲ့ Knowledge Level ကို မြှင့်တင်ပေးနိုင်မဲ့ Listening, Speaking, Reading, Writing, Grammar နဲ့ phonics သင်ခန်းစာများကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 💯

ဒါ့အပြင်

✅ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သင်ခန်းစာ တတ်မြောက်မှုကို စဉ်ဆက်မပြတ် စစ်ဆေးတာ

✅ ကလေးတို့ စိတ်ပါဝင်စားစေမဲ့ ချစ်စဖွယ်ကာတွန်းလေးတွေ၊ ဇာတ်လမ်းနဲ့ သီချင်းတွေ၊ video game နဲ့ activities တွေ အသုံးပြု သင်ကြားပေးတာ

✅ သင်ခန်းစာတင် မဟုတ်ဘဲ ပြင်ပ ဗဟုသုတတွေပါ ထည့်သွင်း သင်ကြားပေးပြီး ဆက်စပ်တွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို တိုးတက်စေတာကြောင့်

ဘာသာစကားစွမ်းရည်သာမက ပညာရေးအပေါ် စိတ်အားထက်သန်မှုကိုပါ ပျိုးထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

🐧 ဒီအတန်းလေးတွေကို အသက် (၆) နှစ်ကနေ (၁၆) နှစ်အထိ သားသားမီးမီတို့ တက်ရောက်နိုင်မှာဖြစ်ပြီး Level အလိုက် သင့်တော်တဲ့အတန်းတက်နိုင်ဖို့ Saya Institute ကနေ placement test တွေ စစ်ပေးသွားဦးမှာ ဖြစ်ပါတယ်ရှင်။

သင်တန်းကြေးလေးတွေကတော့

📌 Phonics Class - တစ်လလျှင် (၅) သောင်းကျပ်

📌 Starters - တစ်လလျှင် (၅) သောင်းကျပ်

📌 Movers - တစ်လလျှင် (၆) သောင်းကျပ်

📌 Flyers - တစ်လလျှင် (၆) သောင်းခွဲကျပ်

📌 KET - တစ်လလျှင် (၇) သောင်းကျပ်

📌 PET - တစ်လလျှင် (၇) သောင်းခွဲကျပ်

📌 Registration Fee - (၂) သောင်းခွဲကျပ် ပဲဖြစ်ပါတယ်။

Enrollment Form Link: https://forms.gle/UkE4pzXWM72mUhXA6

သင်ကြားမှုကို ထိရောက်စေဖို့ လူဦးရေးကန့်သတ်ထားတာကြောင့် ကိုယ့် level နဲ့ကိုက်ညီတဲ့ အတန်းကို တက်ရောက်နိုင်ဖို့ မြန်မြန်လေးဖောင်ဖြည့်ထားမှ စိတ်ချရမယ်နော်။ 🙆‍♂️

28/05/2026

📢 Webinar ရက်ရွှေ့ဆိုင်းကြောင်း အသိပေးချက်

"Shaping Youth Futures Webinar Series 3" ကို တက်ရောက်ဖို့ စောင့်မျှော်နေကြတဲ့ လူငယ်များအားလုံး မင်္ဂလာပါခင်ဗျာ။

မေလ ၃၀ ရက်နေ့ (စနေနေ့) မှာ ပြုလုပ်ဖို့ သတ်မှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ Webinar Series 3 ကို Guest Speaker ရဲ့ အရေးကြီးတဲ့ လူမှုရေးကိစ္စ အရေးပေါ်ပေါ်ပေါက်လာရခြင်းကြောင့် အစီအစဉ်ကို အောက်ပါအတိုင်း ရက်ရွှေ့ဆိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။

🗓 ရက်စွဲအသစ် - May 31 (တနင်္ဂနွေနေ့)
🕐 အချိန် - နေ့လယ် ၁:၀၀ နာရီ မှ ၃:၀၀ နာရီအထိ (အချိန်ပြောင်းလဲမှုမရှိပါ)
📍 နေရာ - Zoom Meeting

မှတ်ချက် - အချိန်ပြောင်းလဲသွားသော်လည်း ယခင် Form ဖြည့်ထားပြီးသူများအနေဖြင့် ထပ်မံဖြည့်စွက်ရန် မလိုဘဲ ဖောင်ဖြည့်ထားတဲ့ Zoom Link မှတစ်ဆင့် ဆက်လက် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Webinar တက်ရောက်ဖို့အတွက် အချိန်ပေး စောင့်မျှော်နေကြတဲ့ မိဘပြည်သူများနှင့် လူငယ်များ အဆင်မပြေမှုတစ်စုံတစ်ရာ ရှိသွားခဲ့ပါက အစီအစဉ်ကျင်းပရေးအဖွဲ့မှ အနူးအညွတ် တောင်းပန်အပ်ပါသည်ခင်ဗျာ။

မေလ ၃၁ ရက်နေ့၊ မနက် (၁၁)နာရီထိ ဖောင်လေးဖွင့်ထားမှာ ဖြစ်လို့ ဆက်လက်လျှောက်လို့ရပါသေးတယ်နော်…

🔗 Register ပြုလုပ်ရန် Form Link - https://forms.gle/6vQv3btVduZTM73s9

မေလ ၃၁ ရက်နေ့ (တနင်္ဂနွေနေ့) နေ့လယ် ၁ နာရီမှာ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ဆုံတွေ့ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

28/05/2026

မွန်မြတ်လှသော အီးဒ်ပွဲတော်နေ့ (Eid al-Adha) ကို ကြိုဆိုဆင်နွှဲကြပါစို့


ဒီနေ့ ကျရောက်တဲ့ အီးဒ်ပွဲတော်နေ့ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်ထုရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ မျှဝေခြင်းနဲ့ စာနာရင့်ကျက်တဲ့ စိတ်ဓာတ်တွေကို အသိအမှတ်ပြု ဆင်နွှဲကြတဲ့ မွန်မြတ်လှသော "အီးဒ် အလ်-အဒ်ဟာ" (ကုရ်ဗာနီအီးဒ်) ပွဲတော်နေ့ ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ပရောဖက် အီဘရာဟင်မ် (အလိုင်ဟစ္စလာမ်) က အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်အပေါ် သစ္စာရှိစွာဖြင့် မိမိအချစ်ဆုံးအရာကိုပင် စွန့်လွှတ်အနစ်နာခံရန် ဝံ့ရဲခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်ကို အမှတ်ရဂုဏ်ပြုပြီး ဤပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ရဲ့ အီးဒ်သတင်းစကားမှာ ကမ္ဘာတစ်ဝန်းလုံး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြားထဲမှာ အချင်းချင်း စာနာရိုင်းပင်းမှု (Empathy & Compassion) နဲ့ မရှိနွမ်းပါးသူတို့ကို ပံ့ပိုးကူညီခြင်း တရားတို့ကို အလေးထား ဖော်ဆောင်ထားပါတယ်။ မိမိတို့ ပိုင်ဆိုင်သမျှထဲမှ အကောင်းဆုံးအရာကို ခွဲဝေလှူဒါန်းပေးကြတဲ့ တစ်ဦးချင်းစီရဲ့ သဒ္ဓါတရားဟာ လူမှုအဖွဲ့အစည်းကို ပိုမိုနွေးထွေးစေပြီး အစားထိုးမရနိုင်အောင် ကြီးမားလှပါတယ်။


သမိုင်းကြောင်းဟာ ပရောဖက် အီဘရာဟင်မ်က အမိန့်တော်အတွက် သားတော်အစ္စမေးလ်ကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်ချိန်တွင် အလ္လာဟ်အရှင်မြတ်က ၎င်း၏ယုံကြည်မှုကို လက်ခံကာ သိုးတစ်ကောင်ဖြင့် အစားထိုးစွန့်လွှတ် (ယဇ်ပူဇော်) စေခဲ့သည့် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။


ရည်ရွယ်ချက်မှာ အတ္တစိတ်ကို စွန့်လွှတ်ရန်၊ လူသားချင်းစာနာထောက်ထားမှု ကိန်းအောင်းစေရန်နဲ့ ဆင်းရဲနွမ်းပါးသူများ ဆာလောင်မှု ကင်းစင်စေရေးအတွက် ခွဲဝေမျှဝေတတ်သည့် ဂုဏ်သိက္ခာကို မြှင့်တင်ရန် ဖြစ်ပါတယ်။


၂၀၂၆ သတင်းစကားလေးကတော့ ယနေ့ခေတ် လူမှုစီးပွားအခက်အခဲများကြားတွင် ရုပ်ပိုင်းဆိုင်ရာ လှူဒါန်းရုံသာမက ဘေးဒုက္ခကြုံတွေ့နေရသူများအား စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် နွေးထွေးမှုပေးနိုင်သည့် ပတ်ဝန်းကျင် ဖန်တီးပေးဖို့ အဓိကထား တိုက်တွန်းထားပါတယ်။
"စွန့်လွှတ်ခြင်းရဲ့ အနှစ်သာရကို အသိအမှတ်ပြုရင်း လူသားထုတစ်ရပ်လုံး အေးချမ်းသာယာကြပါစေ။ အီးဒ်မုဘာရတ်ခ် (Eid Mubarak) ပါ။"

27/05/2026

📢 ပညာလည်းရမယ်၊ Community ကိုလည်း ပြန်အကျိုးပြုခွင့်ရမယ့် Youth Enrichment Program

✅ ဘယ်မှာမှ လေ့လာလို့မရသေးတဲ့ ပညာရပ်ဗဟုသုတတွေကို သင်ယူလို့ရမယ်၊

✅ စာသင်ရုံတင်မဟုတ်ဘဲ လက်တွေ့အသုံးချလို့ရမယ့် အခွင့်အလမ်းရှိမယ်၊

✅ (၂၁) ရာစုမှာ လိုအပ်တဲ့ skills တွေကိုလည်း လေ့လာနိုင်မယ်၊

ဒီပရိုဂရမ်ပြီးတာနဲ့ ကိုယ့်ရဲ့ community ကို ပြန်အကျိုးပြုနိုင်ဖို့ ရာနှုန်းပြည့် ရယ်ဒီဖြစ်စေရမယ့် အစီအစဉ်ကို ဒီနှစ်မှာ Saya Institute က ယူဆောင်လာပြီဖြစ်ပါတယ်။

ဘာတွေ လေ့လာသင်ယူရမှာလဲ။
Clear Blue Sky အတန်းမှာဆိုရင် မှောင်မည်းနေတဲ့ တိမ်တွေကို မိုးရေအဖြစ် ရှင်းလင်းပြီး ကြည်ပြာကောင်းကင် လို စိတ်အေးချမ်းမှုကို ရှာတတ်စေဖို့နဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တိုင်လည်း ကုစားနိုင်မယ်၊ အခြားသူတွေကိုလည်း ပြန်ကူညီနိုင်မယ်။

Green Synergy မှာဆိုရင် ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးကို ချစ်တတ်လာစေပြီး ကာကွယ်စောင့်ရှောက်နိုင်မယ့် နည်းလမ်းတွေကို သင်ယူနိုင်မယ်။

Colorful Children အတန်းမှာတော့ မတူကွဲပြားမှုကို လေးစားပြီး ချစ်ခင်စွာ ပေါင်းသင်းတတ်စေဖို့အပြင် တန်းတူညီမျှ၊ သာတူညီမျှဆိုတဲ့ အခွင့်အရေးတွေကို နားလည်သဘောပေါက်နိုင်စေမယ်။

💎 ဒါ့အပြင်…. ဒီနေ့ခေတ်ရဲ့ အခွင့်အလမ်းတံခါးပေါက်ကို ဖွင့်ပေးနိုင်မယ့် အင်္ဂလိပ်စာအတန်း (၁)တန်းကိုလည်း Level အလိုက်တက်ရောက်နိုင်မှာဖြစ်တဲ့အပြင်

💎 Community service မလုပ်ခင် လိုအပ်တဲ့ Skill တွေကိုပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်လို့ အနာဂတ် လူငယ်ခေါင်းဆောင်တွေ ဖြစ်လာစေဖို့ လေ့ကျင့်ပေးသွားမယ့် အတန်းတွေဖြစ်ပါတယ်။

Enrollment Form: https://forms.gle/UkE4pzXWM72mUhXA6

Scholarship အခွင့်အလမ်းတွေရှိတဲ့အပြင် သင်တန်းကြေးနဲ့ အတန်းချိန်တွေကို Formမှာ ဖော်ပြထားတာဖြစ်လို့ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

သတ်မှတ်လူဦးရေပြည့်တာနဲ့ စာရင်းပိတ်မှာဖြစ်တာကြောင့် အမြန်ဆုံးလျှောက်ထားကြဖို့ တိုက်တွန်းပါတယ်ရှင်။

26/05/2026

အားလုံးပဲ မင်္ဂလာပါရှင် 🐧

Saya Institute မှ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်း ပညာရေး ရပ်နားထားရတဲ့ လူငယ်များ ၊ နိုင်ငံတကာပညာရေးဆီ တက်လှမ်းချင်တဲ့ လူငယ်များအတွက် ရည်ရွယ်ပြီး Webinar လေး တစ်ခု ထပ်မံယူဆောင်လာပြီ ဖြစ်ပါတယ်။

အထက်တန်း အောင်လက်မှတ်မရှိသေးသော်လည်း တက္ကသိုလ်ဆက်တက်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် အဖြေတစ်ခုဖြစ်တဲ့ HSE Diploma ( High School Equivalency ) အကြောင်းနဲ့ အနာဂတ်အခွင့်အလမ်းများအကြောင်း ကို ဒီ webinar ကနေ တစ်ဆင့် အသေးစိတ် မျှဝေသွားပေးမှာ ဖြစ်ပါတယ်။

Webinar ကျင်းပမယ့် အချိန်နဲ့ နေ့ရက်လေးကတော့

နေ့စွဲ ။ ။ မေလ (၃၀) ရက် , ၂၀၂၆
အချိန် ။ ။ မြန်မာစံတော်ချိန် နေ့လယ် (၁)နာရီ
နေရာ ။ ။ Zoom Platform

ဒီဆွေးနွေးပွဲလေးကို တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ Link လေးကနေ Application Form လေး ဖြည့်ထားပေးရပါမယ်ရှင်။ ဆွေးနွေးပွဲ တက်ရောက်ဖို့ Zoom Link ကိုတော့ Application Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ တွေ့နိုင်ပါတယ်။ လူဦးရေ အကန့်အသတ်ရှိတာမို့ မြန်မြန်လေး စာရင်းသွင်းလိုက်တော့နော်။

📌Application Form Link : https://forms.gle/6vQv3btVduZTM73s9

ဒီဆွေးနွေးပွဲလေးကနေ အနာဂတ်ပညာရေးလမ်းကြောင်းအတွက် ဗဟုသုတတွေနဲ့ မှန်ကန်တဲ့ နည်းလမ်းတွေ ရရှိမှာအသေအချာပါပဲရှင်။

မေးမြန်းစုံစမ်းချင်တာလေးတွေ ရှိရင်တော့ Saya Institute ရဲ့ Page Messenger: https://m.me/SayaInstitute4Myanmar ကို စာပို့ပြီး ဆက်သွယ်လို့ရပါတယ်ရှင်။

ကဲ… ဒါဆိုရင်တော့ အားလုံးပဲ ဆွေးနွေးပွဲနေ့လေးမှာ ပြန်လည်ဆုံတွေ့ကြပါစို့နော်။

မေတ္တာဖြင့်
Saya Institute

23/05/2026

အားလုံးပဲ မင်္ဂလာပါရှင်

ဆာယာအင်စတီကျုရဲ့ သင်ကြားရေးအစီအစဉ်တွေဟာ ကျောင်းသား/ကျောင်းသူတွေ၊ မိဘတွေ၊ ဆရာ/ဆရာမတွေရဲ့ယုံကြည်မှုတွေ၊ အားပေးမှုတွေနဲ့ အတူ အစဉ် တိုးတက်လာလျက် ရှိပါတယ်။ SYI က စာသင်ပေးရုံတင် မဟုတ်ဘဲ ကလေးတွေရဲ့ စွမ်းရည်၊ ယုံကြည်မှုနဲ့ အနာဂတ်အိပ်မက်တွေကိုပါ အတူတူ ပုံဖော် တည်ဆောက်ပေးနေပါတယ်။ SYI မှာ သင်ယူနေတဲ့ ကလေးတွေရဲ့ တိုးတက်ပြောင်းလဲမှုတွေကို တကယ့် လက်တွေ့ အတွေ့အကြုံတွေနဲ့အတူ မျှဝေပေးပါရစေရှင်။ 💕

ကျောင်းသား/ကျောင်းသူတွေက “ဆာယာအင်စတီကျုမှာ သင်ယူရတာ ပျော်ရွှင်ပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုမိုတိုးလာတယ်”လို့ ပြောကြသလို၊ မိဘတွေကလည်း “ကလေးတွေရဲ့ အပြောအဆို အပြုအမူ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ နဲ့ လူမှုပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေ တိုးတက်လာတယ်” လို့ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ မျှဝေကြပါတယ်။ 😇

ဒါ့အပြင် အုပ်ထိန်းသူ ဆရာ/ဆရာမတွေကလည်း “ဆာယာအင်စတီကျုရဲ့ နွေးထွေးတဲ့ သင်ကြားရေးပတ်ဝန်းကျင်၊ စနစ်တကျ ထောက်ပံ့ပေးမှုတွေနဲ့ ကျောင်းသားဗဟိုပြု သင်ကြားနည်းတွေကြောင့် ကလေးတွေက သင်ခန်းစာအသစ်တွေကို မြန်မြန်ဆန်ဆန် နားလည်တတ်မြောက်လာတယ်၊ ရည်ရှည် စွဲစွဲမြဲမြဲ မှတ်မိလာတယ်” လို့ feedback ကောင်းတွေ ပေးကြပါတယ်။ ✨

ဒီလို စကားတိုင်းဟာ ဆာယာအင်စတီကျုအတွက် အားအင်တွေပါပဲရှင်။ မိဘ၊ အုပ်ထိန်းသူတွေကလည်း ကလေးတွေရဲ့ တိုးတက်မှုတွေကို မြင်ရလို့ ဝမ်းသာကြရသလို၊ SYI က ဆရာ/ဆရာမတွေ အတွက်လည်း ပီတိတွေ ဝေဖြာပြီး ခွန်အားတွေ တိုးရပါတယ်။ ဒီ Testimonial Video လေးကို ကြည့်ပြီး SYI ရဲ့ နွေးထွေးမှုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ သင်ယူမှု ခရီးစဉ်လေးကို အတူခံစားကြည့်လိုက်ကြပါစို့နော်။ 👩🏻‍🏫

Want your school to be the top-listed School/college in Thanlyin?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Starcity
Thanlyin

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00