26/06/2026
*** အာရုံစူးစိုက်မှု အားနည်းခြင်း (Poor Attention & Concentration in Children Aged 5–12)
အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကလေးတွေဟာ ဦးနှောက်ဖွံ့ဖြိုးဆဲအရွယ် ဖြစ်တာကြောင့် အာရုံစူးစိုက်နိုင်စွမ်းက တဖြည်းဖြည်း ဖွံ့ဖြိုးလာပါတယ်။ ဒါပေမယ့် တချို့ကလေးတွေမှာ စာသင်နေချိန် အလွယ်တကူ စိတ်ပျံ့တာ၊ အလုပ်တစ်ခုကို အဆုံးထိ မလုပ်နိုင်တာ၊ အကြိမ်ကြိမ် သတိပေးမှ အလုပ်ပြန်လုပ်တာမျိုးတွေ တွေ့ရတတ်ပါတယ်။
ဒါကို အမြဲတမ်း “ကလေးက မလိမ္မာဘူး” or “စာမတော်ဘူး” လို့ သတ်မှတ်လို့မရပါဘူး။အိပ်ရေးမဝတာ၊ စိတ်ဖိစီးမှုများတာ၊သင်ခန်းစာ မစိတ်ဝင်စားတာ၊ ပတ်ဝန်းကျင်မှာ အနှောင့်အယှက်များတာ စတဲ့ အကြောင်းရင်းများစွာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အများဆုံး တွေ့ရတဲ့ လက္ခဏာများကတော့ -
1.စာသင်နေချိန် အပြင်ကို မကြာခဏ ကြည့်နေတတ်တယ်။
2.ဆရာရှင်းပြနေတာကို ခဏပဲ နားထောင်ပြီး အာရုံလွဲသွားတတ်တယ်။
3.Homework ကို စပြီး မကြာခင် ရပ်လိုက်တတ်တယ်။
4.ပစ္စည်းတွေ မကြာခဏ ပျောက်တတ်တယ်။
5.လုပ်ခိုင်းတာတွေကို အဆုံးအထိ နားမထောင်ဘဲ လုပ်မိတတ်တယ်။
6.အလွယ်တကူ ငြီးငွေ့တတ်ကြတယ်။
ဖြစ်နိုင်တဲ့ အကြောင်းရင်းများကတော့ -
1.📱 Screen Time များလွန်းခြင်း
2.😴 အိပ်ရေးမဝခြင်း
3.🍭အချိုရည်၊ သကြားများတဲ့ အစားအစာ များခြင်း (သက်ရောက်မှုက ကလေးတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါတယ်)
4.📚 သင်ခန်းစာက အသက်အရွယ်နဲ့ မကိုက်ညီခြင်း (လွယ်လွန်း သို့မဟုတ် ခက်လွန်းခြင်း)
5.😟 စိတ်ဖိစီးမှု သို့မဟုတ် မိသားစုအခြေအနေတခုခုကြောင့်
6.🏃 လှုပ်ရှားကစားချိန် မလုံလောက်ခြင်း စတဲ့ အကြောင်းတခုခု တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဒီလို ကလေးတွေအပေါ် ဆရာ/ဆရာမများ အနေဖြင့် လုပ်ဆောင်ရန် မှာ -
၁။ သင်ခန်းစာကို အပိုင်းတိုလေးတွေ ခွဲသင်ပါ။
၁၅–၂၀ မိနစ်လောက် လုပ်ပြီး Activity ပြောင်းပေးပါ။
Game ၊ သီချင်း၊ Pair Work တွေ ထည့်သုံးပါ။
၂။ ရှင်းလင်းတဲ့ ညွှန်ကြားချက်ပေးပါ။
တစ်ခါတည်း အလုပ်အများကြီး မပေးဘဲ တစ်ဆင့်ချင်း ပြောပါ။
၃။ အားပေးချီးကျူးပါ။ကြိုးစားမှုကို အားပေးပါ။
၄။ အနားယူချိန် ထည့်ပေးပါ။
၂ မိနစ်လောက် Stretch လုပ်တာ၊ ရေသောက်တာ စတာတွေက အာရုံပြန်စုစီးနိုင်စေပါတယ်။
၅။ အိပ်ချိန်နဲ့ Screen Time ကို ဂရုစိုက်ဖို့ မိဘများကို မှာကြားပါ။
အသက်အလိုက် အိပ်ရေးဝဖို့ အရေးကြီးပါတယ်။
Screen အသုံးပြုချိန်ကို မျှတအောင် ထိန်းပေးပါ။
ရှောင်ရမယ့် အချက်တွေကတော့ -
❌ “မင်းက စာမှာဆိုရင် အာရုံမစိုက်ဘူး”
❌ “ဟိုတယောက်ကို ကြည့်…ဘယ်လောက်တော်လဲ”
ဒီလို နှိုင်းယှဉ်တာက ယုံကြည်မှုကို လျော့စေပါတယ်။
❌ အချိန်အကြာကြီး စာပဲ ဆက်တိုက် သင်ခိုင်းခြင်း။
ကလေးတွေက လှုပ်ရှားမှုနဲ့ သင်ယူတဲ့အခါ ပိုထိရောက်ပါတယ်။
❌ အမှားလုပ်တိုင်း ဆူပူအပြစ်တင်ခြင်း။
အကြောက်တရားကြောင့် သင်ယူလိုစိတ် လျော့သွားနိုင်ပါတယ်။
❌ Homework အများကြီး တစ်ပြိုင်တည်း ပေးခြင်း။
Homework ကို နည်းနည်းချင်းစီ ခွဲပေးတာက ပိုထိရောက်ပါတယ်။
မိဘတွေနဲ့ ဆရာတွေအတွက် အရေးကြီးတဲ့ အချက်ကတော့ ကလေးတစ်ယောက် အာရုံစူးစိုက်မှု အားနည်းတာဟာ ချက်ချင်း “အပြုအမူပြဿနာ” သို့မဟုတ် “ရောဂါ” မဟုတ်ပါဘူး ။ အသက်အရွယ်အလိုက် ပုံမှန်ဖွံ့ဖြိုးမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နိုင်သလို၊ အိပ်ရေး၊ ပတ်ဝန်းကျင်၊ သင်ကြားပုံ စတဲ့ အချက်တွေကလည်း အများကြီး သက်ရောက်ပါတယ်။ သို့သော် အာရုံမစိုက်မှုက အိမ်၊ ကျောင်း နှစ်နေရာလုံးမှာ အချိန်ကြာကြာ ဆက်ဖြစ်နေပြီး သင်ယူမှု၊ လူမှုဆက်ဆံရေးကို သိသိသာသာ ထိခိုက်လာတယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန် သို့မဟုတ် ကလေးစိတ်ပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။
Shining Gold Education Centre
📱09425290003
21/06/2026
14/06/2026
13/06/2026
31/05/2026
31/05/2026
29/05/2026