17/06/2026
Phonics သင်တာက စာဖတ်နိုင်ဖို့ အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
ဒါပေမယ့် Phonics တစ်ခုတည်း သိရုံနဲ့ စာဖတ်ကျွမ်းကျင်သွားမယ်လို့တော့ မဆိုလိုပါဘူး။
ကလေးက Letter Sounds တွေ သိနေပြီ။
ဒါပေမယ့် Word တွေ၊ Sentence တွေ ဖတ်တဲ့အခါ အခက်အခဲ ရှိနေသေးတယ်ဆိုရင် ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
အကြောင်းရင်း (၁)
အသံတစ်လုံးချင်း သိပေမယ့် အသံတွေကို ပေါင်းဖတ် (Blending) မလုပ်တတ်သေးလို့ပါ။
ဥပမာ
/c/ /a/ /t/ ကို သီးသန့် သိပေမယ့်
"cat" လို့ မြန်မြန်ဆန်ဆန် ပေါင်းမဖတ်နိုင်သေးတာမျိုးပါ။
အကြောင်းရင်း (၂)
Decodable Words လုံလောက်အောင် မဖတ်ရသေးလို့ပါ။
Phonics lesson ပြီးတာနဲ့ မရပ်သင့်ပါဘူး။
သင်ပြီးတဲ့ sounds တွေနဲ့ တည်ဆောက်ထားတဲ့ စကားလုံးတွေကို အများကြီး ဖတ်ဖို့ လိုပါတယ်။
Reading practice က မရှိမဖြစ် လိုအပ်ပါတယ်။
အကြောင်းရင်း (၃)
စာဖတ်နှုန်း (Reading Fluency) မရသေးလို့ပါ။
တချို့ ကလေးက စကားလုံးတွေ ဖတ်နိုင်ပါတယ်။
ဒါပေမယ့် တစ်လုံးချင်း အချိန်ယူပြီး ဖတ်နေတတ်ပါတယ်။
ဒီလိုဖြစ်တဲ့အခါ စာရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ခက်ခဲလာနိုင်ပါတယ်။
Reading Fluency ဆိုတာ မှန်မှန်ကန်ကန် ဖတ်နိုင်ရုံမက ချောချောမွေ့မွေ့နဲ့ ယုံကြည်မှုရှိရှိ ဖတ်နိုင်တာကို ဆိုလိုပါတယ်။
ဒါကြောင့်
Phonics = စာဖတ်နိုင်ဖို့ အခြေခံ
Reading Practice = စာဖတ်ကျွမ်းကျင်ဖို့ လေ့ကျင့်မှု
Fluency = စာဖတ်တာကို သဘာဝကျစေတဲ့ စွမ်းရည်
ဒီသုံးခု ပေါင်းစပ်ပြီး လေ့ကျင့်ပေးမှ ကလေးရဲ့ Reading Skill က တကယ် တိုးတက်လာမှာ ဖြစ်ပါတယ်။
မေမေတို့ရဲ့ ကလေးက အခု ဘယ်အဆင့်မှာ ရှိနေသလဲ?
✔️ Letter Sounds သိနေပြီလား?
✔️ CVC Words ဖတ်နိုင်ပြီလား?
✔️ Story Books စဖတ်နေပြီလား?
Comment မှာ ပြောခဲ့ပေးပါဦးနော်။
စာဖတ်ခြင်းဟာ တစ်နေ့တည်းနဲ့ တတ်မြောက်သွားတဲ့ Skill မဟုတ်ပါဘူး။ မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ ပုံမှန်လေ့ကျင့်မှု ရှိမယ်ဆိုရင် ကလေးတိုင်း တိုးတက်လာနိုင်ပါတယ်။
Phonics ကို စနစ်တကျ သင်ယူပြီး ကလေးရဲ့ Reading Foundation ကို ခိုင်မာစေချင်ရင် Teacher Zinmo ရဲ့ Phonics Classes များကို တက်ရောက်နိုင်ပါတယ်။
🏡 မယ်ဆိုင်မြို့နှင့် အနီးတဝိုက်မှ ကလေးများအတွက် Home Teacher (အိမ်အရောက်သင်) စနစ်
💻 အခြားမြို့များနှင့် နိုင်ငံအသီးသီးမှ ကလေးများအတွက် Online Class စနစ်
နှစ်မျိုးလုံး ရွေးချယ်တက်ရောက်နိုင်ပါတယ်။
အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Teacher Zinmo
Online School
13/06/2026
"စာဖတ်တာ များလာရင် Grammar က အလိုလို တတ်သွားမှာပေါ့"
တကယ်တော့ ဒီစကားက တစ်ဝက်မှန်ပြီး တစ်ဝက်တော့ မမှန်ပါဘူး။
စာဖတ်ခြင်း (Reading) က ကလေးရဲ့ Vocabulary, Sentence Pattern နဲ့ Language Sense ကို တိုးတက်စေပါတယ်။
ဥပမာ...
She is playing.
He is eating.
They are running.
ဆိုတဲ့ စာကြောင်းတွေကို အကြိမ်ကြိမ် ဖတ်နေတဲ့ ကလေးတစ်ယောက်ဟာ Present Continuous Pattern ကို အလိုလို ရင်းနှီးလာပါလိမ့်မယ်။
ဒါပေမယ့်...
ဘာကြောင့် she is ဖြစ်ပြီး they are ဖြစ်တာလဲ?
ဘယ်အချိန်မှာ is သုံးပြီး ဘယ်အချိန်မှာ are သုံးရတာလဲ?
ဆိုတာကိုတော့ Reading တစ်ခုတည်းနဲ့ အမြဲနားလည်သွားမှာ မဟုတ်ပါဘူး။
ဒီနေရာမှာ Grammar က အရေးကြီးလာပါတယ်။
Grammar ဆိုတာ စာဖတ်တာနဲ့ တွေ့နေတဲ့ Language Patterns တွေကို ရှင်းရှင်းလင်းလင်း နားလည်အောင် ကူညီပေးတဲ့ Map တစ်ခုလိုပါပဲ။
Reading က Language ကို ရင်းနှီးစေတယ်။
Grammar က Language ကို နားလည်စေတယ်။
ဒီနှစ်ခု ပေါင်းလိုက်မှ ကလေးရဲ့ English တိုးတက်မှုက ပိုမြန်လာပါတယ်။
ဒါကြောင့်...
Grammar ပဲ သင်ပေးတာ
ဒါမှမဟုတ်
Reading ပဲ လုပ်ခိုင်းတာထက်
✅ Reading + Grammar ကို မျှမျှတတ လေ့ကျင့်ပေးတာက ပိုထိရောက်ပါတယ်။
မေမေတို့ရော...
ကလေးက Reading ပိုအားကောင်းလား?
Grammar ပိုအားကောင်းလား?
Comment မှာ ပြောခဲ့ပေးပါဦးနော်
08/06/2026
📢 "အင်္ဂလိပ်စာ Skills (၄) မျိုးလုံးကို တစ်ပြိုင်တည်း မြှင့်တင်ပြီး အတန်းထဲမှာ ထူးချွန်တဲ့ကလေး ဖြစ်လာစေဖို့..."
𝗙𝗮𝗺𝗶𝗹𝘆 𝗮𝗻𝗱 𝗙𝗿𝗶𝗲𝗻𝗱𝘀 (𝟯 & 𝟰) တန်းခွဲသစ် ဖွင့်လှစ်လိုက်ပါပြီ။
📖 ကလေးက အင်္ဂလိပ်စာ ဖတ်နိုင်ပေမယ့် Speaking နဲ့ Listening ပိုင်းမှာ ယုံကြည်မှုနည်းနေပါသလား?
📖 ကျောင်းစာမေးပွဲတွေမှာ Grammar နဲ့ Spelling အမှားတွေ ရှိနေတုန်းပဲလား?
📖 စာဖတ်နိုင်ပေမယ့် ကိုယ်ပိုင်အတွေးအမြင်တွေကို အင်္ဂလိပ်လို ရေးသားပြောဆိုဖို့ အခက်အခဲရှိနေသလား?
အင်္ဂလိပ်စာ ဖတ်နိုင်ရုံမက ပြောနိုင်၊ ရေးနိုင်၊ နားလည်နိုင်ဖို့ " 𝗙𝗮𝗺𝗶𝗹𝘆 𝗮𝗻𝗱 𝗙𝗿𝗶𝗲𝗻𝗱𝘀 (𝟯 & 𝟰)" တန်းခွဲသစ်လေးကို စတင်ဖွင့်လှစ်လိုက်ပါပြီ။
အသက် (၈) နှစ်နှင့်အထက် ကလေးများအတွက် ရည်ရွယ်ထားပြီး Listening, Speaking, Reading, Writing စွမ်းရည် (၄) မျိုးလုံးကို မျှတစွာ တိုးတက်လာစေရန် Oxford သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📚 ဘာတွေ သင်ယူရမလဲ?
🔹 Core Grammar & Sentence Structures
Tenses များကို မှန်ကန်စွာ အသုံးပြုနည်း၊ Comparatives & Superlatives များနှင့် ဝါကျတည်ဆောက်ပုံ အမျိုးမျိုးကို စနစ်တကျ လေ့ကျင့်ပေးခြင်း။
🔹 Rich Vocabulary & Daily Topics
Family, Friends, Food, Sports, Environment, Travel စတဲ့ နေ့စဉ်အသုံးများတဲ့ Topics များမှ Vocabulary အသစ်များကို နားလည်အသုံးချနိုင်အောင် သင်ကြားပေးခြင်း။
🔹 4-Skills Development
🎧 Listening & Speaking
အင်္ဂလိပ်လို နားထောင်ပြီး သဘာဝကျကျ ပြန်လည်ပြောဆိုနိုင်စေရန် Role-play နှင့် Interactive Activities များဖြင့် လေ့ကျင့်ပေးခြင်း။
📖 Reading & Writing
ပုံပြင်တိုများနှင့် ဆောင်းပါးများကို ဖတ်ရှုနားလည်နိုင်စေရန်၊ Email, Invitation နှင့် Paragraph Writing များကို စနစ်တကျ ရေးသားတတ်စေရန် လေ့ကျင့်ပေးခြင်း။
🔹 Advanced Phonics & Pronunciation
Consonant Blends, Long Vowels နှင့် Word Patterns များကို မှန်ကန်စွာ အသံထွက်နိုင်အောင် လေ့ကျင့်ပေးခြင်း။
━━━━━━━━━━━━━━
🗓️ Class Information
Age – ၈ နှစ်နှင့်အထက်
Schedule – စနေ၊ တနင်္ဂနွေ (ညနေ ၅:၀၀ – ၆:၀၀)
Course Duration – ၆ လ
Fees – တစ်လလျှင် ၅၀,၀၀၀ ကျပ်
Start Date – ၁၃.၆.၂၀၂၆ (စနေနေ့)
━━━━━━━━━━━━━━
ဒီသင်တန်းမှာ စနစ်တကျ လေ့ကျင့်သင်ယူပြီးနောက် ကလေးများသည် -
✅ အင်္ဂလိပ်လို ပြောဆိုရာတွင် ပိုမိုယုံကြည်မှုရှိလာခြင်း
✅ Grammar နှင့် Sentence Structure များကို ပိုမိုမှန်ကန်စွာ အသုံးပြုနိုင်ခြင်း
✅ Reading Comprehension စွမ်းရည် တိုးတက်လာခြင်း
✅ ကိုယ်ပိုင် စာပိုဒ်များ၊ Email များကို စနစ်တကျ ရေးသားနိုင်ခြင်း
✅ ကျောင်းစာ အင်္ဂလိပ်ဘာသာရပ်တွင် ပိုမိုအဆင်ပြေ တိုးတက်လာခြင်း
စသည့် အရေးကြီးသော အင်္ဂလိပ်စာ စွမ်းရည်များ တိုးတက်လာပြီး ကျောင်းစာနှင့် နေ့စဉ်ဘဝတွင် ယုံကြည်မှုရှိရှိ အသုံးချနိုင်လာမှာ ဖြစ်ပါတယ်။
စနစ်ကျတဲ့ လေ့ကျင့်မှုက ကလေးရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်စေပါတယ်။
Four Skills (၄) မျိုးလုံးမှာ ယုံကြည်မှုရှိရှိ အသုံးချနိုင်ပြီး ကျောင်းစာသင်ကြားမှုမှာပါ ပိုမိုတိုးတက်လာစေဖို့ စာရင်းပေးအပ်နှံနိုင်ပါပြီ။
💬 Page Messenger မှာ "Family 3&4" လို့ စာပို့ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ်။
✨ Teacher Zinmo Online School ရဲ့ ကျောင်းသားဟောင်းတိုင်းအတွက် အတန်းသစ်တိုင်းမှာ သင်တန်းကြေး (၁၀%) သက်သာခွင့် ပေးအပ်သွားမှာဖြစ်ပါတယ် ✨
👩🏫 Teacher Zinmo
📱 Viber / Telegram – 09973283238
📱 Thai Phone – 0950869834
Teacher Zinmo Online School
07/06/2026
📣 "𝗢𝗻𝗰𝗲 𝗮 𝗦𝘁𝘂𝗱𝗲𝗻𝘁, 𝗔𝗹𝘄𝗮𝘆𝘀 𝗦𝗽𝗲𝗰𝗶𝗮𝗹! ကျောင်းသားဟောင်းတိုင်းအတွက် 𝟭𝟬% 𝗢𝗙𝗙!
ကလေးအများစုက
Grammar Rule တွေ သိတယ်
Vocabulary တွေလည်း ကျက်ထားတယ်
ဒါပေမဲ့ တကယ်ရေးခိုင်းလိုက်ရင်
▪️ Sentence မဆက်တတ်ဘူး
▪️ Idea ကို စနစ်တကျ မရေးတတ်ဘူး
▪️ Paragraph တစ်ပိုဒ် ပြည့်အောင် မတည်ဆောက်တတ်ဘူး
▪️ Grammar မှားမှာကြောက်ပြီး Writing ကို ရှောင်ချင်လာတယ်
ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့
📘 𝗚𝗿𝗲𝗮𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝟭 & 𝗚𝗿𝗮𝗺𝗺𝗮𝗿 𝗖𝗹𝗮𝘀𝘀
တန်းခွဲသစ်လေး ဖွင့်လှစ်လိုက်ပါပြီ ✨
✍️ “စာရေးနိုင်တယ်” ဆိုတာ
ကိုယ်တွေးတာကို
စနစ်တကျ…
ရှင်းရှင်းလင်းလင်း…
Grammar မှန်မှန်နဲ့
ယုံကြည်မှုရှိရှိ ဖော်ပြနိုင်တာကို
“Writing Skill” လို့ ခေါ်တာပါ။
ဒီအတန်းမှာ
📝 “Sentence → Paragraph”
တစ်ဆင့်ချင်း တည်ဆောက်သွားတဲ့ပုံစံနဲ့
Writing Skill ကို အခြေခံကနေ စနစ်တကျ လေ့ကျင့်ပေးမှာပါ။
📚 Great Writing 1 Course Book မှာ ပါဝင်တဲ့ —
✔️ Sentence Basics
✔️ Topic Sentences
✔️ Supporting & Concluding Sentences
✔️ Present / Past / Future Writing
✔️ Simple, Compound & Complex Sentences
✔️ Connectors (and, but, so, because)
✔️ Adjectives & Adverbs
✔️ Paragraph Organization
✔️ Editing & Revising Skills
စတဲ့ Writing Foundation တွေကို
Grammar နဲ့ ချိတ်ပြီး အသုံးချတတ်လာအောင် သင်ပေးပါမယ်။
✨ အထူးသဖြင့်…
📌 Grammar သိပေမယ့် မရေးတတ်သေးတဲ့ကလေး
📌 Writing Homework လုပ်ရင် အချိန်အကြာကြီးယူနေရတဲ့ကလေး
📌 Sentence အတိုတွေပဲ ရေးတတ်တဲ့ကလေး
📌 International School / Cambridge Style Writing အတွက် အခြေခံကောင်းချင်တဲ့ကလေးတွေ
အတွက် အရမ်းသင့်တော်ပါတယ်။
✨ အတန်းပြီးသွားတဲ့အခါ…
✔️ Sentence တွေကို Grammar မှန်မှန်နဲ့ ရေးတတ်လာမယ်
✔️ Paragraph တစ်ပုဒ်ကို စနစ်တကျ ဖွဲ့စည်းတတ်လာမယ်
✔️ Ideas တွေကို logical flow နဲ့ ရေးတတ်လာမယ်
✔️ Writing Homework တွေကို ကိုယ်တိုင် ယုံကြည်မှုရှိရှိ လုပ်လာနိုင်မယ်
✔️ “ရေးရမှာကြောက်တဲ့စိတ်” လျော့လာပြီး Writing ကို ပိုစိတ်ဝင်စားလာမယ်
━━━━━━━━━━━━━━━
🟧Age — 10 years & above
🟧Schedule — Monday & Tuesday(7:30–8:30 PM)
🟧Duration — 6 Months
🟧Fees — 40,000 Ks / Month
🟧Start Date —15.6.2026 (Monday)
📌 ကျောင်းသားဟောင်းတိုင်းအတွက်အတန်းသစ်တိုင်းမှာ သင်တန်းကြေး (၁၀%) သက်သာခွင့် ပေးအပ်သွားမှာဖြစ်ပါတယ်။
━━━━━━━━━━━━━━━
Writing Skill ဆိုတာ
တစ်နေ့တည်းနဲ့ မဖြစ်လာပါဘူး။
ဒါပေမဲ့…
မှန်ကန်တဲ့ training နဲ့ practice ရှိရင်
ကလေးတစ်ယောက်ရဲ့ School Performance, Critical Thinking နဲ့ English Confidence ကို သိသိသာသာ ပြောင်းလဲပေးနိုင်ပါတယ်။
သားသားမီးမီးတို့ကို
“Grammar သိတဲ့ကလေး” အဆင့်မှာတင် မရပ်စေချင်ဘဲ
“ကိုယ်ပိုင်အတွေးကို အင်္ဂလိပ်လို ရေးတတ်တဲ့ကလေး” ဖြစ်စေချင်ရင်တော့…
အခုပဲ စာရင်းပေးသွင်းလိုက်ပါ 💛
⚠️ Writing Class ဖြစ်တာကြောင့်
တစ်ယောက်ချင်း Feedback ပေးနိုင်ဖို့
Limited Students သာ လက်ခံပါမယ်။
📩 Messenger မှာ “Writing” လို့ ပို့ပြီး နေရာဦးထားနိုင်ပါပြီ။
👨🏫 Teacher Zinmo
Online School
📱 Viber / Telegram — 09973283238
📱 Thai Phone — 0950869834
04/06/2026
"ကလေးရဲ့ Pronunciation မတိုးတက်ဘူးဆိုရင် ဒီအသံထွက်အမှား (၅) ခုကြောင့် ဖြစ်နိုင်ပါတယ်"
အိမ်မှာ ကလေးကို အင်္ဂလိပ်စာ သင်ပေးတဲ့အခါ (ဒါမှမဟုတ်) ကိုယ်တိုင် အင်္ဂလိပ်လို ပြောတဲ့အခါ Phonics အသံထွက်တွေ မှန်နေရဲ့လားဆိုတာ တစ်ချက် ပြန်စစ်ကြည့်ရအောင်ပါ။
ကျွန်မတို့ငယ်ငယ်က သင်ခဲ့ရတဲ့ အသံထွက်အယူအဆအချို့ကြောင့် အခုခေတ်ကလေးတွေကို Phonics ပြန်သင်ပေးတဲ့အခါ မသိမသာ မှားသင်ပေးမိတတ်တဲ့ အသံထွက် (၅) မျိုးကို ဒီနေ့ မျှဝေပေးချင်ပါတယ်။
ဒီအသံလေးတွေကို မှန်မှန်လေ့ကျင့်ပေးမယ်ဆိုရင် ကလေးရဲ့ pronunciation ပိုရှင်းလာပြီး အင်္ဂလိပ်စကားပြောရာမှာ ပိုသဘာဝကျလာစေမှာပါ။
အမှား (၁) - Letter "X"
အများစုက X ကို "အိတ်စ်" လို့ မှတ်ထားတာကြောင့် Box ကို "ဘောက်စ်" Fox ကို "ဖောက်စ်" လို့ ထွက်တတ်ကြပါတယ်။
✅ အမှန်ထွက်နည်း
Phonics မှာ X ရဲ့ sound က /ks/ ဖြစ်ပါတယ်။
👉 Tip
Box ကို ဖတ်တဲ့အခါ "ဘောက်စ်" လို့ မဖတ်ဘဲ အဆုံးသတ်မှာ /k/ နဲ့ /s/ အသံ နှစ်သံကို ဆက်တိုက် ထွက်ပေးရပါမယ်။
ဥပမာ
Box = /b/ /o/ /k/ /s/
Fox = /f/ /o/ /k/ /s/
အမှား (၂) - Letter "R"
R အသံကို မြန်မာ "ရ" အသံအတိုင်း ထွက်မိတတ်ကြပါတယ်။
ဥပမာ
Red ကို "ရက်ဒ်"
Ring ကို "ရင်း"
ဆိုပြီး ဖတ်တတ်ကြတာမျိုးပါ။
✅ အမှန်ထွက်နည်း
R sound ထွက်တဲ့အခါ နှုတ်ခမ်းကို အနည်းငယ်ဝိုင်းပြီး လျှာကို အနောက်ဘက်သို့ အနည်းငယ် ဆွဲထားရပါတယ်။ မြန်မာ "ရ" အသံလို လျှာမခါဘဲ ထွက်ရတာ ဖြစ်ပါတယ်။
👉 Tip
Red, Ring, Run စတဲ့ စကားလုံးတွေကို ဖြည်းဖြည်းချင်း နားထောင်ပြီး R အသံကို သီးသန့် လေ့ကျင့်ကြည့်ပါ။
အမှား (၃) - Letter "L"
L နဲ့ R ကို ကလေးတွေ အမှားဆုံး ဖြစ်တတ်ပါတယ်။
Log ကို "လော့ဂ်"
Leg ကို "လက်ဂ်"
လို့ ရိုးရိုးဖတ်လိုက်ပေမယ့် L အသံရဲ့ လျှာနေရာက အရေးကြီးပါတယ်။
✅ အမှန်ထွက်နည်း
L sound ထွက်တဲ့အခါ လျှာထိပ်ကို အပေါ်သွားဖုံးနောက်ဘက်မှာ ထိထားရပါတယ်။
👉 Tip
Ball ဆိုတဲ့ စကားလုံးကို "ဘော" လို့ မရပ်ဘဲ အဆုံးက L sound လေးကို သတိထားပြီး ထွက်ကြည့်ပါ။
အမှား (၄) - Letter "Z"
Z ကို "ဇက်" (ဒါမှမဟုတ်) "ဇီး" လို့ပဲ မှတ်ထားတာကြောင့် Zebra, Zip, Zoo တို့ကို ရိုးရိုး "ဇ" အသံနဲ့ ဖတ်တတ်ကြပါတယ်။
✅ အမှန်ထွက်နည်း
Z ရဲ့ sound က /z/ ဖြစ်ပြီး ပျားပျံသံ (Buzzing sound) လိုမျိုး အသံပါ။
S sound (/s/) နဲ့ Z sound (/z/) က ပါးစပ်ပုံစံတူပေမယ့် ကွာခြားချက်ကတော့ Z အသံထွက်တဲ့အခါ အသံကြိုး (vocal cords) တုန်ခါပါတယ်။
👉 Tip
လည်ချောင်းပေါ် လက်လေးတင်ပြီး "ssss" လို့ ထွက်ကြည့်ပါ။ တုန်ခါမှု မခံစားရပါဘူး။
ပြီးရင် "zzzzz" လို့ ထွက်ကြည့်ပါ။ လည်ချောင်းမှာ တုန်ခါမှုကို ခံစားရပါလိမ့်မယ်။
အဲဒီတုန်ခါတဲ့ အသံလေးနဲ့ Zebra, Zip, Zoo တို့ကို ဆက်ဖတ်ကြည့်ပါ 🐝
အမှား (၅) - Short Vowel "E" နဲ့ "I"
ဒီအသံနှစ်ခုက ကလေးတွေရော လူကြီးတွေရော အမှားအများဆုံး ဖြစ်တတ်တဲ့ vowel sounds တွေပါ။
ဥပမာ
Pen (ဘောပင်) ↔ Pin (အပ်ချောင်း)
Bed (အိပ်ရာ) ↔ Bid (လေလံဆွဲသည်)
Ten (ဆယ်) ↔ Tin (သံဘူး)
ဒီစကားလုံးအတွဲတွေကို အသံတူတူ ထွက်မိတတ်ကြပါတယ်။
✅ အမှန်ထွက်နည်း
Short E အသံထွက်တဲ့အခါ ပါးစပ်ကို အနည်းငယ်ဖွင့်ပြီး "eh" ဆိုတဲ့ အသံထွက်ရပါတယ်။
ဥပမာ
Pen, Bed, Ten
Short I အသံထွက်တဲ့အခါ ပါးစပ်ကို ပိုကျဉ်းကျဉ်းထားပြီး "ih" ဆိုတဲ့ အသံတိုလေး ထွက်ရပါတယ်။
ဥပမာ
Pin, Bid, Tin
👉 Tip
ကလေးကို Pen နဲ့ Pin ကို တစ်လှည့်စီ ဖတ်ခိုင်းကြည့်ပါ။
"Pen, Pin, Pen, Pin"
"Bed, Bid, Bed, Bid"
ဆိုပြီး နှိုင်းယှဉ်လေ့ကျင့်ပေးရင် အသံကွာခြားချက်ကို ပိုသတိထားမိလာပါလိမ့်မယ်။
မိဘတွေလည်း ကိုယ်တိုင် စမ်းဖတ်ကြည့်ပါဦးနော် Pen နဲ့ Pin ကို အသံတူတူ ထွက်နေသေးလား?
Phonics ဆိုတာ စကားလုံးတွေကို အလွတ်ကျက်တာ မဟုတ်ဘဲ အသံထွက်စနစ်ကို နားလည်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အိမ်မှာ ကလေးကို စာသင်ပေးရင်း ဒီအသံလေးတွေကို အတူတူ လေ့ကျင့်ပေးကြည့်ပါ။
မေမေတို့ရော ဒီ (၅) မျိုးထဲမှာ ဘယ်အသံကို သင်ပေးရတာ အခက်ဆုံးလဲ...
ကလေးတွေ အသံထွက်ရခက်တဲ့ စကားလုံးတွေ ရှိရင်လည်း Comment မှာ မေးခဲ့လို့ ရပါတယ်ရှင်။
Save & Share လုပ်ပြီး တခြားမေမေတွေကိုလည်း မျှဝေပေးသွားပါဦးရှင့်။
#မိဘအတွက်အကြံပြုချက်
01/06/2026
ဒီနေ့အတွက် "Speaking Practice"
"I don't know" ဆိုတဲ့ စကားတစ်ခွန်းကို ပြောင်းလဲပေးလိုက်ရုံနဲ့ ကလေးရဲ့ Communication Skill က သိသိသာသာ တိုးတက်လာနိုင်ပါတယ် 💛
🤦♀️ ကလေးကို ဘာမေးမေး "I don't know." ပဲ ပြန်ဖြေနေတုန်းလား?
တကယ်တော့ ကလေးတော်တော်များများက မသိတာမဟုတ်ဘဲ အဖြေကို စဉ်းစားဖို့ မကြိုးစားခင် "I don't know" လို့ အလွယ်တကူ ပြောတတ်ကြတာပါ။
ဒီအလေ့အကျင့်ကို မပြင်ပေးဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကလေးရဲ့ Speaking Skill၊ Critical Thinking Skill နဲ့ Confidence (ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု) တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် "I don't know" တစ်ခုပဲ သုံးမယ့်အစား အခြေအနေအလိုက် ပိုသဘာဝကျတဲ့ စကားစုလေးတွေ သုံးတတ်အောင် မျှဝေပေးလိုက်ပါတယ်ရှင်။
1."I'm not sure."
(သေချာတော့ မသိသေးဘူး)
မသိတာ မဟုတ်ဘဲ ကိုယ်သိထားတာ မှန်၊ မမှန် မသေချာတဲ့အချိန်မှာ သုံးနိုင်ပါတယ်။
Mom > Is it going to rain today?
Child > I'm not sure, Mom.
━━━━━━━━━━
2."Let me think."
(ခဏလောက် စဉ်းစားပါရစေဦး)
ချက်ချင်း "မသိဘူး" လို့ မပြောဘဲ အဖြေကို စဉ်းစားတတ်တဲ့ အလေ့အကျင့်ကောင်းကို ပျိုးထောင်ပေးပါတယ်။
Mom > Where is your red toy car?
Child > Hmm... Let me think.
━━━━━━━━━━
3."I have no idea."
(တကယ် မသိဘူး)
တစ်ခုခုကို လုံးဝ မသိတဲ့အချိန်မှာ သဘာဝကျကျ ပြောနိုင်တဲ့ စကားစုပါ။
Mom > What does daddy want to eat for dinner?
Child > I have no idea, Mom.
━━━━━━━━━━
4."I need a clue."
(Hints လေး နည်းနည်းပေးပါဦး)
မသိလို့ လက်လျှော့လိုက်တာ မဟုတ်ဘဲ ဆက်စဉ်းစားချင်တဲ့ စိတ်ကို ပြသပေးတဲ့ စကားစုလေးပါ။
Mom > What animal is hiding behind the tree?
Child > I need a clue, please!
━━━━━━━━━━
💡 မိဘတွေအတွက် အရေးကြီးတဲ့ Tip
ကလေးက "I don't know" လို့ ပြောလိုက်တိုင်း
❌ "ဘာလို့ မသိတာလဲ?"
❌ "စဉ်းစားလေ!"
လို့ ပြန်မပြောဘဲ
✅ "Let me think လို့ ပြောပြီး စဉ်းစားကြည့်ရအောင်"
✅ "I'm not sure လို့ ပြောလည်း ရတယ်နော်"
ဆိုပြီး guide လုပ်ပေးပါ။
ဒီလိုလေး အမြဲလေ့ကျင့်ပေးနေမယ်ဆိုရင် ကလေးတွေဟာ
ပိုပြီး ယုံကြည်မှုရှိလာမယ်
အင်္ဂလိပ်လို ပြောရဲလာမယ်
စဉ်းစားပြီး ဖြေတတ်တဲ့ အလေ့အကျင့် ရလာမယ်
မေမေတို့ ဒီမေးခွန်းလေးတွေ မေးပြီး ကလေးကို အဖြေပြန်ပြောခိုင်းကြည့်ပါ။
Mom > What will you do tomorrow?
Child > Let me think...
Mom > Will Grandma visit us today?
Child > I'm not sure.
Mom > What is inside Mommy's bag?
Child > I have no idea.
Mom > Can you guess what I'm thinking?
Child > I need a clue, please!
ကလေးတွေက စကားလုံးအသစ်တွေကို တစ်ခါတည်း မသုံးတတ်ကြပါဘူး။ မေမေ၊ ဖေဖေတို့က အရင် Model လုပ်ပြပြီး နေ့စဉ် ထပ်ခါထပ်ခါ အသုံးပြုပေးရင် တဖြည်းဖြည်း အကျင့်ဖြစ်လာပါလိမ့်မယ်။
"I don't know" ဆိုတဲ့ စကားတစ်ခွန်းကို ပြောင်းလဲပေးလိုက်ရုံနဲ့ ကလေးရဲ့ Communication Skill က သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ 💛
📌 ဒီနေ့ အိမ်ရောက်တာနဲ့ "I don't know" အစား ဒီစကားစု (၄) ခုကို ကလေးနဲ့အတူ လေ့ကျင့်ကြည့်ပါ။ အသုံးဝင်မယ်ထင်ရင် Save & Share လုပ်ထားပေးပါရှင်။
26/05/2026
“In, On, At” ကို သိသလိုလိုနဲ့…
တကယ်တမ်း ကလေးတော်တော်များများ(လူကြီးတွေပါ) မှားသုံးနေကြတာ သတိထားမိလားရှင်။
ဥပမာ…
❌ My birthday is in Monday.
❌ She is on the car.
❌ I arrived to school.
ဒီ sentence တွေကို
အရင်က မှန်တယ်ထင်ပြီး သုံးဖူးတယ်ဆိုရင်…
ဒီ post က definitely ဖတ်သင့်ပါတယ်။
ဒီနေ့တော့
ကလေးတွေ အများဆုံး မှားတတ်တဲ့
“In / On / At” Prepositions ကို လွယ်လွယ်မှတ်မိပြီး မှန်မှန်ကန်ကန်သုံးတတ်အောင် မျှဝေပေးလိုက်ပါတယ်ရှင်။
တကယ်တော့…
“In / On / At” ကို Grammar Rule ကျက်ပြီး သုံးတာထက်
“နေရာ” နဲ့ “အချိန်” ကို
ဘယ်လိုမြင်ပြီး ပြောရမလဲဆိုတဲ့ Concept ကို နားလည်ဖို့က ပိုအရေးကြီးပါတယ်။
━━━━━━━━━━
“IN” = Inside / Area / Long Period
“In” ကို
“အထဲမှာ ရှိနေတယ်” ဆိုတဲ့ feeling နဲ့ မှတ်ပါ။
နေရာမှာသုံးရင်
in a room
in a box
in Mandalay
in Myanmar
(အခန်း၊ မြို့၊ နိုင်ငံ Area အကြီးကြီးတွေမှာ သုံးပါတယ်)
Example :
The kids are in the classroom.
We live in Myanmar.
အချိန်မှာသုံးရင်
in 2026
in the morning
in July
(လ၊ ခုနှစ်၊ ရာစုနှစ် စတဲ့ Long Period အချိန်ကာလ အရှည်ကြီးတွေမှာ သုံးပါတယ်)
Example : I was born in 2020.
━━━━━━━━━━
“ON” = Surface / Day / Date
“ON” ကို
တစ်ခုခုရဲ့ မျက်နှာပြင်ပေါ်မှာ ရှိတယ်လို့ မြင်ပါ။
နေရာမှာသုံးရင်
on the table
on the wall
Example :
The keys are on the table.
အချိန်မှာသုံးရင်
on Monday
on July 10
(နေ့ရက်တွေနဲ့ ရက်စွဲတွေမှာ သုံးပါတယ်)
Example : I have a class on Monday.
Bus / train / plane လို public transport တွေမှာလည်း usually “ON” ကို သုံးပါတယ်။
✔ on the bus
✔ on the train
✔ on a plane
ဒါပေမယ့်…
car / taxi လို small private vehicle တွေမှာတော့
usually “IN” ကို ပိုသုံးပါတယ်။
✔ in the car
✔ in a taxi
━━━━━━━━━━
“AT” = Point / Exact Time
“At” ကို မြေပုံပေါ်က “တိကျတဲ့ Point တစ်ခု” လို မြင်ကြည့်ပါ။
နေရာမှာသုံးရင်
at school
at home
at the door
Example : She is at school now.
(Arrived ဆိုတဲ့ စာလုံးနဲ့ တွဲရင်လည်း I arrived at school လို့ သုံးရပါတယ်။)
အချိန်မှာသုံးရင်
at 7 PM
at noon
(တိကျတဲ့ အချိန် Exact Time တွေမှာ သုံးပါတယ်)
Example : We eat dinner at 7 PM.
━━━━━━━━━━
အလွယ်ဆုံး ခြုံငုံမှတ်နည်း (Summary Pattern)
⏱ Time (အချိန်) အတွက်
AT ➜ Exact time (at 6 PM)
ON ➜ Day / Date (on Monday, on May 10)
IN ➜ Long period (in 2026, in July, in the morning)
🗺 Place (နေရာ) အတွက်
AT = Point / Exact Place
ON = Surface / Day / Date
IN = Inside / Area / Long Period
ဒီ pattern လေးအတိုင်း မှတ်ထားရင်
“In / On / At” ကို သုံးတဲ့အခါ
အများကြီး ပိုရှင်းပြီး မှန်ကန်သွားပါလိမ့်မယ်။
Grammar Rule အများကြီး ကျက်နေစရာ မလိုပါဘူး။ ဒီ Concept လေးကို ကလေးကို မျက်စိထဲ မြင်အောင် ပြောပြပေးလိုက်ရင် အင်္ဂလိပ်လို ပြောတဲ့၊ ရေးတဲ့အခါ သဘာဝကျကျနဲ့ မှန်မှန်ကန်ကန် သုံးတတ်လာမှာပါရှင်။
📌 Save ထားပြီး ပြန်ဖတ်ပါ
သူငယ်ချင်းတွေထဲမှာ In / On / At ခဏခဏ မှားသုံးနေသူရှိရင်လည်း Share ပေးလိုက်ပါဦး။
22/05/2026
မေမေတို့ သိပါသလား…
ကလေးတစ်ယောက် English Speaking တိုးတက်ဖို့
Grammar အများကြီး မလိုပါဘူး။
နေ့စဉ် သုံးနေကျ Speaking Pattern လေးတွေကို
ခဏခဏ ပြောပေးနေဖို့ပဲ လိုတာပါ။
ဒီနေ့တော့
အိမ်မှာတင် အလွယ်တကူ လေ့ကျင့်ပေးနိုင်မယ့်
“ကလေးတွေ နေ့တိုင်း အသုံးဝင်မယ့် Speaking Pattern (4) ခု” ကို မျှဝေပေးလိုက်ပါတယ်ရှင်။
🧒 Daily English Speaking Patterns for Kids
1. “I want to + (လုပ်ချင်တာ)”
ကလေးက “စားချင်တယ်၊ ကစားချင်တယ်” ဆိုတာမျိုး ပြောတတ်ဖို့ အရမ်းအသုံးဝင်ပါတယ်။
✔ I want to play.
✔ I want to drink milk.
✔ I want to watch TV.
2. “I can + (လုပ်နိုင်တာ)”
ကလေးရဲ့ Confidence ကို တိုးစေတဲ့ Pattern လေးပါ။
✔ I can run fast.
✔ I can draw a cat.
✔ I can wash my hands.
3. “Can I have + (လိုချင်တာ)?”
ယဉ်ယဉ်ကျေးကျေး တောင်းဆိုတတ်ဖို့ အကောင်းဆုံး Pattern
✔ Can I have an apple?
✔ Can I have water, please?
✔ Can I have this toy?
4. “Look at the + (အရာဝတ္ထု)”
Vocabulary နဲ့ Observation Skill ကို တစ်ခါတည်း လေ့ကျင့်ပေးနိုင်ပါတယ်။
✔ Look at the bird!
✔ Look at the sky.
✔ Look at the big car.
💡 မေမေတို့အတွက် အရေးကြီးတဲ့အချက်
ကလေးကို “ကျက်မှတ်” ခိုင်းတာထက်
ကိုယ်တိုင်က နေ့စဉ်အခြေအနေတွေမှာ
အရင်စပြောပေးတာက ပိုထိရောက်ပါတယ် 💛
ဥပမာ —
ကလေးက လက်ညှိုးထိုးပြရင်
“Say… Can I have…?” ဆိုပြီး ဘေးကနေ တွန်းအားပေးကြည့်ပါ။
ကလေးတွေ Speaking စလေ့ကျင့်တဲ့အချိန်မှာ
Confidence က Grammar ထက် ပိုအရေးကြီးပါတယ်။
သူတို့ ပြောရဲလာဖို့ကို အရင်ဆုံးအားပေးပါ။
👏 “Good job!”
👏 “Very good speaking!”
👏 “Wow! You said it in English!”
လိုမျိုး လိုအပ်သလို ချီးကျူးပေးတာက
ကလေးတွေကို English လို ပိုပြောချင်စိတ် ပေါက်လာစေပါတယ်။
⏰ တစ်နေ့ 5 Minutes ပဲ လုံလောက်ပါတယ်
Long time study လုပ်ဖို့ မလိုပါဘူး။ နေ့စဉ် 5-10 mins လောက် Consistency (ရေရှည်ပုံမှန်လေး) လေ့ကျင့်ပေးရင် ကလေးရဲ့ Speaking Skill က တဖြည်းဖြည်းနဲ့ သိသိသာသာ တိုးတက်လာမှာပါ။
ဒီလို လေ့ကျင့်ပေးရင်းနဲ့
ကလေးတွေက English ကို ကြောက်စိတ်မရှိဘဲ
သဘာဝကျကျ ပြောတတ်လာမှာပါရှင်။
📌 Save ထားပြီး နေ့တိုင်း သုံးပေးနော် ✨