Thanlyin Buddhist University
To learn the Buddha teaching and ancient language ( Thanlyin Buddhist University ) Welcome to Thanlyin Buddhist University!
26/05/2026
ယနေ့ ဗုဒ္ဓတက္ကသိုလ်သံဃာတော်များ နေ့ဆွမ်းခံကြွ
အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဟိတဓရဓဇ(ဘူတန်)၊ အဂ္ဂမဟာပရဟိတဓရ(MBA)၊ ဝိသုဒ္ဓါရာမသန်လျင်ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်ကြီး ဘဒ္ဒန္တကုမာရသည် တက္ကသိုလ်အတွင်းနေသံဃာတော်များ ဆွမ်းကိစ္စအဝဝ အဆင်ပြေစေရန်အလို့ငှာ တန်းဆွမ်းခံခြင်းကို စီစဥ်ဆောင်ရွက်ပေးတော်မူခဲ့သည်။
ဆရာတော်ကြီး စီစဥ်ပေးမှုဖြင့် တန်းဆွမ်းခံကြွရာတွင် သန်လျင်မြို့ပေါ်က ရပ်ကွက်နှင့် လမ်းများသည် တက္ကသိုလ်နှင့် သိပ်မဝေးလှပါ။ ထို့ကြောင့် ဆွမ်းခံကြွရာ၌ လေးဆယ့်ငါးမိနစ်၊ တစ်နာရီခန့်သာ ကြာမြင့်ပါသည်။ တက္ကသိုလ်အတွင်းနေသံဃာတော်များ နေ့ဆွမ်းအတွက် တန်းဆွမ်းခံကြွလာခဲ့သည်မှာ နောက်လဆိုလျှင် (၂)နှစ်ပြည့်ပါပြီ။
ဆွမ်းလောင်းလှူကြသော ဒကာ၊ ဒကာများသည်လည်း စေတနာ၊ သဒ္ဓါတရား ထက်သန်ကြသည်။ ဆွမ်းလောင်းခွင့်ရသည်ကို ပျော်ရွှင်နေကြသည်။ အခုနွေရာသီ ကျောင်းနှစ်လပိတ်တော့ သံဃာတော်များ နယ်သို့ပြန်ကြွကြသည်။ ထို့ကြောင့် ဆွမ်းခံလည်း မကြွကြပါ။ နယ်ကပြန်ကြွလာတော့ ပုံမှန်အတိုင်း တန်းဆွမ်းခံကြွကြရာ ဒကာ၊ ဒကာမအချို့က အရှင်ဘုရားတို့ကို ဆွမ်းမလောင်းရလို့ စိတ်မကောင်းဘူး၊ မျှော်နေတာဘုရားလို့ လျှောက်ထားကြသည်။ ဦးဇင်းတို့ကလည်း ပုံမှန်ကြွတော့မှာပါဟု ပြန်လည်မိန့်ကြားခဲ့ပါသည်။ ကျောင်းဖွင့်၍ နယ်ကပြန်ကြွလာကြပြီး ပုံမှန် အတန်းတက်၊ ပုံမှန် တန်းဆွမ်းခံကြွကြသည်မှာ အခုဆိုလျှင် ရက်သတ္တနှစ်ပါတ်ကျော်ပါပြီ။
ဆွမ်းအလှူရှင်များအားလုံး ကျန်းမာချမ်းသာ၊ ဘေးရန်ကွာ၍၊ လိုရာဆန္ဒ ပြည့်ဝကြပြီးလျှင် မြတ်နိဗ္ဗာန်သို့
လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ။
16/05/2026
ဒေါ်အေးအေးခိုင်မှ ပညာရေးရန်ပုံငွေအတွက် အလှူငွေ ၁၀၀,၀၀၀(တစ်သိန်း)ကျပ်ကို လှူဒါန်းပါသည်။ အလှူရှင်ဒေါ်အေးအေးခိုင်သည် အနာရောဂါကင်းရှင်း၍ ကျန်းမာ ချမ်းသာခြင်းနှင့်ပြည့်စုံပါစေ၊ စီးပွားဥစ္စာတိုးပွားပါစေ၊ တရားထူးတရားမြတ်ရရှိသိမြင် ပါစေ။
14/05/2026
2026 ပညာသင်နှစ် ဒုတိယနှစ်ဝက် အတန်းများပြန်လည်ဖွင့်လှစ်သည့်နေ့မှစ၍
MA, BA, Diploma တန်းများ ပုံမှန် တက်ရောက် သင်ကြားပို့ချပေးလျက်ရှိနေကြသည်ကို တွေ့ရသည်။
01/05/2026
သင်ကြားစီမံဆရာများနှင့် ကျောင်းသားများသိစေရန်
ဒုတိယနှစ်ဝက် ကျောင်းဖွင့်ရက်ကို ၁၃၈၈ခုနှစ်ကဆုန်လပြည့်ကျော် (၁၀)ရက် /၁၀.၅.၂၆ တနင်္ဂနွေနေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
14/04/2026
ပထမနှစ်ဝက်စာမေးပွဲ အောင်စာရင်းများ
ထုတ်ပြန်ခြင်း
I got over 500 reactions on my posts last week! Thanks everyone for your support! 🎉
02/04/2026
25.3.26 ဗုဒ္ဓဟူးနေ့
တက္ကသိုလ်၏ ပညာရေးနှင့် ပြဌာန်းကျမ်းစာဆိုင်ရာများကို အဓိပတိဆရာတော်နှင့် ပါမောက္ခချုပ်၊ ပါမောက္ခ ၊ တွဲဘက်ပါမောက္ခ ၊ မော်ကွန်းထိန်းဆရာများ စည်းဝေးမှု မှတ်တမ်းဖြစ်ပါသည်။
ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် သန်လျင်
ဆဋ္ဌမ ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား
01/03/2026
သန်လျင်မြို့ ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် ၂၀၂၆ ပညာသင်နှစ်တွင် ၂၀၂၄ပညာသင်နှစ်မှာ စာအောင်ကျမ်းပြု ကျောင်းသားများအား MA, BA, Diploma ဘွဲ့များ ချီးမြှင့်အပ်နှင်းသည် မဟာဘွဲ့နှင်းသဘင် အကြို အစမ်းလေ့ကျင့်မှု Rehearsal မှတ်တမ်း ဓာတ်ပုံများ။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Theikpan Street
Thanlyin
11291--11293