Yuki Japanese

Yuki Japanese

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yuki Japanese, Yagon.

18/06/2026

N2 အောင်မြင်သွားတဲ့တပည့် おめでとうပါ နောက်ဆုံးတော့လုပ်နိုင်ခဲ့ပီ

17/06/2026

စာမေးပွဲဖြေရန်၁၇ရက်အလို မိုတီ

17/06/2026

လက်ရှိ တပည့်လုပ်နေတဲ့ဆိုင် လစာကောင်းပါတယ်
————————————————————————

【7-Eleven Staff 募集】

7-Eleven အလုပ်အတွက် အတွေ့အကြုံရှိသူများ အမြန်လိုအပ်နေပါတယ်။

📍 Shinjuku 店
⏰ အလုပ်ချိန် - 22:00 ~ 09:00
☕ 休憩 (နားချိန်) - 2 နာရီ
💴 လစာ - ¥15,000 ဝန်းကျင် / Shift
📅 Sunday & Monday

📍 Koenji Station အနီး
⏰ အလုပ်ချိန် - 22:00 ~ 08:00
📅 Thursday

✅ 7-Eleven အတွေ့အကြုံရှိသူ ဦးစားပေး
✅ တာဝန်ယူနိုင်သူ
✅ အမြန်စတင်နိုင်သူ

စိတ်ဝင်စားသူများ Messenger မှတစ်ဆင့် ဆက်သွယ်ပေးပါ။

14/06/2026

ကိုယ်က အားနာတက်သနားတက်တော့ တချို့လူတွေကလူပါးဝတယ် သင်တန်းလာအပ်တယ် လက်ရှိဖွင့်နေတဲ့အတန်းနဲ့မှီအောင်လို့ကိုယ့်ကလေးတွေကို ခဏပိတ်ထားပီးသူ့ကိုသင်ပေးလိုက်တယ် နောက်တသုတ်ထိဆို ၄လတောင်စောင့်ရမှာလေ သူလည်းမြန်မြန်တက်ပါစေဆိုပီးလက်ခံပေးလိုက်တယ် သင်ပီးနောက်နေ့ကြမလာတော့ဘူး သင်တန်းနေ့မှာ လာမလားဆိုပီးကလေးတွေကိုခဏစောင့်ပေးပါနော်ပြောထားတာ အချိန်ကျော်နေတဲ့အထိမလာတော့ ဖုန်းဆက်တယ်မကိုင်ပဲချပစ်တယ် ထပ်ဆက်တော့မှ ကိုင်တယ်မတက်တော့ ဘူးတဲ့ စာကျက်ရပျင်းရင် အစတည်းကဘာသာစကားကိုလာမသင်ပါနဲ့လား သူများအချိန်တွေဖဲ့ပေးပီးလုပ်ပေးလိုက်ရတာအားနားမှု့မရှိဘူး
ကိုယ့်ဆီသင်တန်းအပ်ရင်တခြားမှာလို အပ်တာနဲ့ပေးရမယ်လို့လည်းမသတ်မှတ်ထားဘူး ခေါတ်ကာလအရ ကလေးမိဘတွေအဆင်မပြေလို့နေမှာပါသူတို့အဆင်ပြေမှပေးပါစေ ငါတောင်းရင်ရှက်သွားမှာဆိုပီး နည်းနည်းဆီခွဲပေးလည်းကလေးတွေပေးသလောက်ပဲယူတယ် ဘာတခွန်းမှမပြောဘူး တချို့ဆို သင်တန်းပီးခါနီးမှပေးတာမျိုး ၅ခါလောက်ခွဲပေးတာမျိုးတောင်ရှိတယ်
စာမေးပွဲစစ်တဲ့အချိန်ဆိုလည်း မေးခွန်းဟောင်းကို ၃ရက်လောက်လုပ်ပေးပီး အတန်းဆင်းပေးတာမျိုးမဟုတ်ပဲ လနဲ့ချီအချိန်ကုန်ခံပီးစစ်ပေးတယ် ကလေးတွေမေးခွန်းဟောင်း စာအုပ်ဝယ်ရင်မတက်နိုင်မှာဆိုးလို့ နည်းနည်းပဲဝယ်ပီးကျန်တာ မိတ္တူဆွဲပီးစစ်ပေးတယ် အဲ့စာရွက်ဖိုးကပဲ ၁ယောက်၃သောင်းဖိုးလောက်ပြန်ထွက်

စာစစ်ချိန်ကြာရင်ကလေးတွေဗိုက်ဆာနေမှာနေမှာစိုးလို့အိမ်မှာရှိတာအမျိုးမျိုးချကြွေးတယ် မနှမျောဘူး

အလုပ်ကိစ္စတွေလူထည့်ပေးရင်တပြားမှမရဘဲအလကားလုပ်ပေးတယ် ဘာသာပြန်ပေးတယ် ကိုယ့်ကလေးပါဖို့အရေး အေဂျင်စီဘက်မျက်နှာချိုသွေးရသေးတယ် ငါလည်းအဲ့လောက်ပဲသဘောကောင်းပေးနိုင်တော့မယ်

08/06/2026

ကိုယ်ကြိုးစားပေမဲ့ ကံမပါသေးရင်ဘာမှလုပ်လို့မရ

လက်မလျှော့ဖို့ကတော့အရေးကြီးတယ်

ကိုယ်ဆို N2တုန်းက စာကျက်ရင်းခက်လွန်းလို့ ဂျပန်လောကစွန့်လွတ်ရင်ကောင်းမလားတောင် တွေးမိတယ်
ပြန်စဉ်းစားကြည့်တော့ ဒီထိရောက်လာပီးမှ စွန့်လွတ်လိုက်ရင် ရှေ့မှာအပင်ပန်းခံခဲ့တာတွေအလကားပဲပေါ့
စာကျက်နည်းပြောင်းပီး ကိုယ့်ကိုယ်ကိုအပင်ပန်းနဲနဲခံခိုင်းလိုက်တာ အောင်သွားရော အောင်သွားတဲ့အချိန်မှာ ငါလက်လျှော့ခဲ့လိုက်ရင် ခုလိုအောင်မြင်မှု့ရခဲ့မှာမဟုတ်ဘူးပေါ့ အဲ့ဒါကြောင့် ပင်ပန်းရင်တောင်လက်မလျော့ပါနဲ့ ကိုယ်လုပ်စရာရှိတာဆက်လုပ်ပါ

Photos from Yuki Japanese 's post 07/06/2026

same meaning

07/06/2026

အသရေဖျက်ဗီဒီယိုသံသယနှင့် ပတ်သက်၍ ဝန်ကြီးချုပ် တာကာအိချိ“အား ဝန်ကြီးချုပ်တစ်ဦးဖြစ်ဖို့ အရည်အချင်းရှိရဲ့လား” ဟု ကျယ်လောင်သော အော်ဟစ်လှောင်ပြောင်မှုများ ထွက်ပေါ်၊

- ဇွန်လ 4 ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ် တာကာအိချိ၏ အစိုးရအတွင်းဝန် နှင့် အသရေဖျက်ဗီဒီယိုများ ထုတ်လုပ်သူတို့၏ လျှို့ဝှက်အစည်းအဝေး အသံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

အတိုက်အခံအမတ်များက ယင်းကိစ္စသည် ဒီမိုကရေစီကို ထိခိုက်စေသည်ဟုဆိုကာ ဝန်ကြီးချုပ်အား ပြင်းပြင်းထန်ထန် မေးမြန်းခဲ့ကြသော်လည်း
ဝန်ကြီးချုပ်က အဆိုပါအသံဖိုင်မှာ Weekly Bunshun မဂ္ဂဇင်း၏ အခပေးအသင်းဝင်မှသာ နားထောင်၍ရသော (Paid content) ဖြစ်နေခြင်းနှင့် မိမိတွင် အချိန်မရှိခြင်းတို့ကြောင့် အတည်မပြုနိုင်သေးကြောင်း ဆင်ခြေပေးခဲ့ပါတယ်။

အသရေဖျက်ဗီဒီယိုအသံဖိုင်အား ကြိုတင်နားထောင်ထားနိုင်ရန်အကြောင်းကြားပေးပို့ထားသော်လည်း "အခပေးအသင်းဝင်မဟုတ်၍ အတည်မပြုနိုင်" ဟူသော ဝန်ကြီးချုပ်၏အဖြေကြောင့် အတိုက်အခံများကဒေါသထွက်အော်ဟစ်ကန့်ကွက်ခဲ့ကြပြီး၊ လွှတ်တော်ဆွေးနွေးပွဲကို ခေတ္တရပ်နားခဲ့ရပါတယ်။

ထို့ေနာက် မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်က အသံဖိုင်ပါ အကြောင်းအရာသည် အသရေဖျက်ရန်မဟုတ်ဘဲ ပြည်သူ့အသံနားထောင်ခြင်းသာဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သော်လည်း၊ အသံပိုင်ရှင်မှာ ၎င်း၏အတွင်းဝန် ဟုတ်၊ မဟုတ်ကိုမူ တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အတိုက်အခံများက နောက်တစ်နေ့တွင် အဆိုပါအချက်ကို ရှင်းလင်းစွာ ဖြေကြားပေးရန် ထပ်မံတောင်းဆိုထားကြပါတယ်။

ဂျပန်လည်း ဒီအချိန်ဆို ဝန်ကြီးပြောင်းဖို့ အကြောင်းဖန်နေကြတာလားမသိဘူးနော်
#ဂျပန်ရောက်မြန်မာနိုင်ငံသားများ




07/06/2026

သူဆင်းသွားမှပဲ နောက်ထပ်ကျောင်းကိစ္စတွေလက်ခံတော့မယ် မဟုတ်ရင် စိတ်သောကများရတယ်

Photo crd

02/06/2026

ဂျပန်လဝကမှာ ဒုက္ခအပေးဆုံး၃ယောက်

02/06/2026

ဂျပန်မှာနွားတောင် lotionနဲ့ ခေါတ်မှီနေပီ

Want your school to be the top-listed School/college in Yagon?

Click here to claim your Sponsored Listing.

Location

Website

Address


Yagon