Smile Excel Learning

Smile Excel Learning

Share

Friendly Excel Tips & Training

Excel Learning & Data Analysis Service

https://t.me/SmileExcelLearning

19/06/2026

၁။ ခွဲချင်တဲ့ Data Column ကို Select မှတ်ပါ။

၂။ Menu Bar က Data Tab -> Text to Columns ကို နှိပ်ပါ။

၃။ ကော်မာ ( , ) တို့ Space (အကွာအဝေး) တို့နဲ့ ခွဲချင်ရင် Delimited ကို ရွေးပါ။

၄။ မိမိခွဲချင်တဲ့ သင်္ကေတ (ဥပမာ- Space သို့မဟုတ် Comma) ကို အမှန်ခြစ်ပေးပြီး Finish နှိပ်လိုက်ရုံပါပဲ။

တကယ်လို့ ကိုယ်ခွဲချင်တဲ့ သင်္ကေတ က အဆင်သင့်ရွေးချယ်စရာထဲမှာ မပါရင် Other နေရာမှာ ကိုယ်ခွဲချင်တဲ့ သင်္ကေတ ကို ထည့်ပီး ခွဲနိုင်ပါတယ်

18/06/2026

"ရုံးသုံးကွန်ပြူတာဆိုတာ ဘာလဲ?" သိချင်သူများအတွက် Free Class 💻✨

ရုံးသုံးကွန်ပြူတာအခြေခံ (Basic) အကြောင်းကို အသေးစိတ်ကြီး လိုက်မလုပ်နိုင်သေးရင်တောင် "ဘာတွေလုပ်ရလဲ" ဆိုတာကို အမြင်ရှင်းသွားစေဖို့ Smile အရင်က လုပ်ထားတဲ့ သင်ခန်းစာ ဗီဒီယိုလေးတွေကို Free ပြန်လည်မျှဝေပေးလိုက်ပါတယ်။

✅ ဒီ Video တွေက ဘယ်သူတွေအတွက်လဲ?

🔸️ ရုံးသုံးကွန်ပြူတာဆိုတာ ဘာတွေလုပ်ရတာလဲ သိချင်သူများ

🔸️ အလုပ်ခွင်မဝင်ခင် အခြေခံလေးတွေ သိချင်သူများ

🔸️ ဗဟုသုတအဖြစ် အကြမ်းဖျင်း လေ့လာချင်သူများ

🔸️ ကွန်ပြူတာ သင်ချင်ပေမယ့် စက် အခက်အခဲ ဖြစ်နေတဲ့သူတွေအတွက်လည်း တီးမိခေါက်မိ ရှိရန်အတွက်လည်း ရည်ရွယ်ပါတယ်

‼️ Remark: သင်ခန်းစာဗီဒီယိုတွေက အရင်ကတည်းက လုပ်ထားတာမို့ Editing ပိုင်းမှာ အရမ်း Smart မဖြစ်ပေမယ့် လေ့လာရလွယ်ကူအောင် အဓိကအချက်တွေကိုပဲ တိုတိုရှင်းရှင်း ထည့်သွင်းပေးထားပါတယ်ရှင်။

စိတ်ဝင်စားရင် Messenger မှာ Link လာယူလို့ရပါတယ်ရှင်

သင်တန်းချိန်​လေး​တွေလည်း ရှိ​နေတာမို့ အမြန်ဆုံး​တော့ အ​ကြောင်းပြန်​ပေးမယ်​နော် 🥰






#ချစ်ခြင်းများစွာဖြင့်

18/06/2026

ဘ၀တူ ​မောင်နှ​မ​တွေ မဂ်လာပါ 👋

မနက်မိုးလင်း အချိန်တန် အိပ်ယာ မထလို့ ​မေ​မေက ဆူ

ကားစီးပြန်​တော့လည်း ကားဆရာက ဆူ

ရုံး​ရောက်ပြန်​တော့လည်း Boss က ဆူ

အိမ်ပြန်​ရောက်​တော့လည်း ​စော​စော မအိပ်လို့ ​​​မေ​မေက ထပ်ဆူ ဟူးးးးးး ဘ၀ကြီး တစ်ရက် တစ်ရက် ဖြတ်သန်းရတာ မလွယ်ပါဘူးကွာ 😒


#ဘ၀တူ
#အဆူခံ​လေးများ
#ချစ်ခြင်းများစွာဖြင့်

16/06/2026

📌 Formatted Table Vs Normal Table 📌

Excel မှာ Ctrl + T နှိပ်လိုက်တာနဲ့ Formatted Table ရနိုင်ပါတယ် ⌨️

Smart ကျတဲ့ Format ​တွေ ​ကို ​​ပေါ့​ပေါ့ပါးပါးနဲ့ စာ​လေ့လာချင်တယ်ဆိုရင် Smile Excel Learning ရှိတယ်​နော် 🥰







#ချစ်ခြင်းများစွာဖြင့်

15/06/2026

Coming soon .......

ကိုယ့်​မောင်နှမ​တွေအတွက် တခုခု​လေး လုပ်​ပေးချင်လို့ အကြံထုတ်​နေပါတယ်ရှင် 😊

Smile Excel Learning နဲ့ အဆက်မပြတ်​စေနဲ့​နော် 🤭






#ချစ်ခြင်းများစွာဖြင့်

14/06/2026

အားနာမှု့မှသည် တာ၀န် ဖြစ်မှာစိုးရပါတယ် 💦






#ချစ်ခြင်းများစွာဖြင့်

13/06/2026

Microsoft Word နှင့် Microsoft Excel မှာ ဘာ​တွေ တူညီမလဲ ?

❗️Ctrl + A,စာမျက်နှာအားလုံး Select All လုပ်ရန်,Worksheet တစ်ခုလုံး (သို့) Data Table တစ်ခုလုံးကို Select All လုပ်ရန်

❗️Ctrl + C,စာသား မိတ္တူကူးရန် (Copy),Cell ထဲက အချက်အလက်များကို မိတ္တူကူးရန် (Copy)

❗️Ctrl + X,စာသား ဖြတ်ယူရန် (Cut),Cell ထဲက အချက်အလက်များကို ဖြတ်ယူရန် (Cut)

❗️Ctrl + V,ပြန်ချရန် (Paste),ပြန်ချရန် (Paste)

❗️Ctrl + Z,နောက်တစ်ဆင့် ပြန်ဆုတ်ရန် (Undo),နောက်တစ်ဆင့် ပြန်ဆုတ်ရန် (Undo)

❗️Ctrl + Y,ရှေ့တစ်ဆင့် ပြန်တက်ရန် (Redo),ရှေ့တစ်ဆင့် ပြန်တက်ရန် (Redo)

❗️Ctrl + B,စာလုံးအထူ ပြုလုပ်ရန် (Bold),Cell ထဲက စာသား/ကိန်းဂဏန်းများကို အထူပြုလုပ်ရန် (Bold)

❗️Ctrl + I,စာလုံးအစောင်း ပြုလုပ်ရန် (Italic),Cell ထဲက စာသား/ကိန်းဂဏန်းများကို အစောင်းပြုလုပ်ရန် (Italic)

❗️Ctrl + U,စာလုံးအောက် မျဉ်းသားရန် (Underline),Cell ထဲက စာသား/ကိန်းဂဏန်းများအောက် မျဉ်းသားရန် (Underline)

❗️Ctrl + N,Document အသစ်ဖွင့်ရန်,Workbook (Excel ဖိုင်) အသစ်ဖွင့်ရန်

❗️Ctrl + O,ဖိုင်ဟောင်း ပြန်ဖွင့်ရန်,ဖိုင်ဟောင်း ပြန်ဖွင့်ရန်

❗️Ctrl + S,ဖိုင်သိမ်းရန် (Save),ဖိုင်သိမ်းရန် (Save)

❗️Ctrl + P,ပရင်တာထုတ်ရန် (Print),ပရင်တာထုတ်ရန် (Print)

❗️Ctrl + W,ဖွင့်ထားသော Window ကို ပိတ်ရန်,ဖွင့်ထားသော Window ကို ပိတ်ရန်







#ချစ်ခြင်းများစွာဖြင့်

12/06/2026

တစ်ခါတလေ တို့တွေ စာအုပ်အထူကြီးတွေ ဖတ်ဖို့ အချိန်မရရင်တောင် စကားစုလေးတစ်ခုက စိတ်ဓာတ်ကိုကော၊ အတွေးအခေါ်ကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။

ဒီရက်ပိုင်း ဖတ်မိသမျှထဲက အကြိုက်ဆုံး (၃) ခု မျှဝေပေးပါရစေ။ ✨

၁။ "Your mind is for having ideas, not holding them." – David Allen💡

️🟠 တို့တွေရဲ့ ဦးနှောက်က အိုင်ဒီယာအသစ်တွေ ထုတ်ဖို့ဖြစ်ပြီး၊ ထွက်လာတဲ့ အိုင်ဒီယာတွေကို သိမ်းဆည်းထားဖို့ မဟုတ်ဘူးနော်။

🟠 အလုပ်တွေ၊ လုပ်စရာတွေကို ခေါင်းထဲမှာပဲ အလွတ်လိုက်မှတ်မနေပါနဲ့။ စာအုပ်ထဲ (သို့) App တစ်ခုခုထဲ ချရေးထားလိုက်ပါ။ ခေါင်းပေါ့သွားမှ အိုင်ဒီယာကောင်းတွေ ပိုထွက်လာပါလိမ့်မယ်။

၂။ "Focus is a matter of deciding what things you're not going to do." – John Carmack🎯

🟠 အာရုံစိုက်မှု (Focus) ဆိုတာ ဘယ်အရာတွေကို မလုပ်ဘဲ ထားမလဲဆိုတာကို ဆုံးဖြတ်ခြင်းပဲ ဖြစ်တယ်။

🟠 အလုပ်တွေ အများကြီးကို အကုန်လုပ်နိုင်မှ Focus ရှိတာ မဟုတ်ပါဘူး။ တကယ်အရေးကြီးတဲ့ အလုပ်တစ်ခုအတွက် ကျန်တဲ့အလုပ်တွေကို "ခဏ ဖယ်ထားနိုင်ခြင်း" ကမှ တကယ့် Focus ပါ။

၃။ "Done is better than perfect." – Sheryl Sandberg🚀

🟠 ပြီးမြောက်အောင် လုပ်လိုက်ခြင်းက ပြီးပြည့်စုံအောင် စောင့်နေခြင်းထက် ပိုကောင်းပါတယ်။

🟠 ရာနှုန်းပြည့် ပြည့်စုံမှ လုပ်မယ်ဆိုပြီး အချိန်ဆွဲနေမယ့်အစား အကောင်းဆုံး ကြိုးစားပြီး အရင်ဆုံး အကောင်အထည်ဖော်လိုက်ပါ။ ပြီးမှ တဖြည်းဖြည်း လိုအပ်တာ ပြန်ပြင်တာက ပိုခရီးရောက်ပါတယ်။

"ဒီအချက်လေးတွေကို လိုက်လုပ်နိုင်မယ်ဆိုရင် ခေါင်းပေါ့ပေါ့ပါးပါးနဲ့ အလုပ်တွေကို Smart ကျကျနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်စေမယ့်သူ တစ်ယောက် ဖြစ်လာနိုင်မှာပါ" 🙌

ဒီ (၃) ခုထဲမှာ Smile ရဲ့ မောင်နှမတွေ အကြိုက်ဆုံး Quote က ဘယ်နှစ်ခုမြောက်လဲ? Comment မှာ ပြောခဲ့ပေးဦးနော်။ 🥰






#ချစ်ခြင်းများစွာဖြင့်

11/06/2026

မျက်လုံး​လေး မှိတ် Read aloud ကို ဖတ်ခိုင်းပီး နား​ထောင်​နေလိုက်​တော့ 😊






#ချစ်ခြင်းများစွာဖြင့်

10/06/2026

😁😁😁

Row number အလစ်တဲ​လေး မမြင်ရသလို ဖြစ်သွားတယ်






#ချစ်ခြင်းများစွာဖြင့်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon