Htet Engineering Training Centre

Htet Engineering Training Centre

Share

Learn,Apply,Succeed

16/06/2026

Differences Between ETABS Version 9.7.1 & 2022
အပိုင်း (၂)

ခုတစ်ခေါက်ကတော့ Unit Change တဲ့ ပုံ မတူတာလေးကိုပြောမှာပါ။ အရင် Versions 9.7.1 တုန်းကတော့ ညာဘက်ထောင့်က Unit မှာ ဝင်ပြင်လိုက်ရင်ရပါတယ်။
Version 9.7.1 တုန်းကတော့ Load တွေရော Length တွေရော လိုက်ပြင်တာများပါတယ်။

2022 မှာကတော့ Load တွေ Force တွေက Software က ချိန်ထားတဲ့ Default Unit တွေအတိုင်းထားတာ ကောင်းပါတယ်။
Length ကို (Ft,in) ပြင်ချင်ရင်တော့ (PT , Footing ) တွေ ဆွဲဖို့အတွက်

Options, Display Units,
အဲ့လိုဆို ခု မြင်ရတဲ့ Box ကျလာပြီး Length ရဲ့ Length Unit အောက်ကနေ ft or in ဝင်ပြင်ရမှာဖြစ်ပါတယ်။


🎓 သင်တန်းသတင်းကောင်း
မကြာခင်မှာ အသစ်ဖွင့်လှစ်မယ့် ETABS 2022 အတန်းသစ် အတွက်လည်း Page မှာ မကြာခင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သင်တန်းမှာ 9.7.1 အတန်း တက်ရောက်ဖူးတဲ့ သင်တန်းသား/သူဟောင်းများအတွက်လည်း Special Discount ပေးဖို့ ရှိပါတယ်ခင်ဗျာ။

07/06/2026

Differences Between ETABS Version 9.7.1 & 2022
အပိုင်း (၁)

ခုနောက်ပိုင်း MNBC 2025 နဲ့ ကိုက်ညီအောင်ရော၊ အသုံးပြုရ အဆင်ပြေအောင်ရော အရင်က သုံးနေကျ Version 9.7.1 ကနေ တခြား Version အသစ်တွေကို ပြောင်းလဲအသုံးပြုလာကြပါတယ်။
ဗားရှင်းအသစ်တွေကို ပြောင်းလဲလေ့လာရင်းနဲ့ ETABS 2022 ကတော့ Install လုပ်ရတာရော၊ Tools တွေ အသုံးပြုရတာပါ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။
ETABS 9.7.1 နဲ့ 2022 က Model တည်ဆောက်ပုံ အခြေခံသဘောတရားချင်း တူညီပေမယ့် တချို့ Tools လေးတွေနဲ့ interface မတူတာမျိုး ရှိပါတယ်။ ဒါကြောင့် Version နှစ်ခုကြား မတူညီတဲ့ အချက်လေးတွေကို တခုချင်းစီ အပိုင်းလိုက် ခွဲပြီး မျှဝေပေးသွားပါမယ်။
ခုပထမဦးဆုံး ပို့စ်မှာတော့ Software စစဖွင့်ချင်း New Model Initialization ပုံစံအနေအထားကို ပြပေးထားပါတယ်။

ETABS 2022 မှာ Model စဖွင့်ပြီဆိုရင် (ပုံထဲကအတိုင်း) အောက်ပါ Setting လေးတွေ အရင်ချိန်ပေးရပါမယ် -

Display Units:
U.S. Customary (in, ft နဲ့ သုံးမှာမို့လို့ပါ)

Region:
United States

Steel Design Codes:
(RC Structure ပဲ ဒီဇိုင်းဆွဲမှာမို့ Default အတိုင်းပဲ ထားနိုင်ပါတယ်)

Concrete Design Code:
ACI 318-19 (MNBC 2025 ရဲ့ အခြေခံ Code ဖြစ်တာကြောင့် ဒါကို ရွေးချယ်ပေးရပါမယ်)

နမူနာပုံလေးတွေကို ကြည့်ပြီး ဗားရှင်းအသစ်ရဲ့ စတင်ပုံကို လေ့လာကြည့်နိုင်ပါတယ်။

🎓 သင်တန်းသတင်းကောင်း
မကြာခင်မှာ အသစ်ဖွင့်လှစ်မယ့် ETABS 2022 အတန်းသစ် အတွက်လည်း Page မှာ မကြာခင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သင်တန်းမှာ 9.7.1 အတန်း တက်ရောက်ဖူးတဲ့ သင်တန်းသား/သူဟောင်းများအတွက်လည်း Special Discount ပေးဖို့ ရှိပါတယ်ခင်ဗျာ။

01/06/2026
Photos from Htet Engineering Training Centre's post 01/06/2026

Link တွေပျက်နေတယ်ဆိုလို့ Update ပြန်လုပ်ပေးထားပါတယ်။
Software အသစ်တွေလည်းထက်ဖြည့်ပေးထားပါတယ်။
Link တွေအဆင်မပြေရင် Telegram Group မှာယူလို့ရအောင် Telegram Group link လည်းချပေးထားပါတယ်။

06/05/2026

📢📢 Announcement for AutoCAD 3d Course (100% Free)

AutoCAD 3D Course ကို Knowledge Sharing အနေနဲ့ (၂) ရက် ပညာဒါနအတန်းလေး HETC က ဖွင့်ပေးဖို့ရှိပါတယ်ခင်ဗျာ။

(၂) ရက်စာ ပညာဒါန Short Course ဆို‌ပေမဲ့ တက်ရောက်တဲ့သူတွေအတွက် အကျိုးရှိသွားအောင် ထိရောက်မဲ့ Course Outline နဲ့ သင်ပေးသွားမှာဖြစ်ပါတယ်။

💥 2D ကနေ 3D ပြောင်းပုံ
💥 တစ်ဆက်တည်း မဖြစ်တဲ့ Object တွေကို တစ်ဆက်တည်းဖြစ်အောင် လုပ်ပြီး Boundary ကောက်ပုံ
💥 View များအား စနစ်တကျ ချိန်ပုံ
💥 3D Tools များအား စနစ်တကျ သုံးတက်စေရန် တို့ ပါဝင်မှာဖြစ်ပါတယ်။

သင်တန်း (၂) ရက်စာ Screen Recording Video ကိုလည်း သင်တန်းသား/သူတွေ ပြန်လေ့လာနိုင်အောင် ပေးပို့သွားပါမယ်။

သင်တန်းအသေးစိတ် 👇
🗓️ နေ့ရက် - ၁၁.၅.၂၀၂၆ နှင့် ၁၂.၅.၂၀၂၆ (တင်္နလာ နှင့် အင်္ဂါ)
⏰ အချိန် - 7:30 PM - 9:00 PM
📝 သင်ကြားမည့်ပုံစံ - Zoom Live
💰 သင်တန်းကြေး - 100 % Free

ပညာဒါနသင်တန်း တက်ရောက်လိုသူများအနေဖြင့် Htet Engineering Training Centre Page Messenger သို့ ဆက်သွယ်‌စုံစမ်း တက်ရောက်နိုင်ပါတယ်ခင်ဗျာ။

%FreeAutoCAD Class

05/05/2026

Myanmar Building Code 2025
Download ချ ရယူနိုင်ပါတယ် ခင်ဗျာ။

Eng Version
Myanmar Version နှစ်မျိုးပါဝင်ပါတယ်။

Download Link (Telegram Group)
https://t.me/+J1vw7NzxsTo1YWI1

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon