Tickle Right Myanmar

Tickle Right Myanmar

Share

သင့်ကလေးဥာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် 6 လ ပဲ ပေးပါ

04/06/2026

အခုလိုမျိုးအရာရာတိုးတက်နေတဲ့
ခေတ်ကြီးမှာ 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐀𝐥𝐩𝐡𝐚 လေးတွေအတွက်တော့
စာတော်ရုံတင်မကဘဲ
ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဖြတ်ထိုးဉာဏ်ကောင်းဖို့ကလဲ
အရေးကြီးလာပါပြီ ဖေဖေ၊မေမေတို့ရေ..

ဒါကြောင့်ကိုယ့်ရဲ့ ကလေးလေးကို
ဘောင်အပြင်က တွေးခေါ်တတ်ပြီး
ပြဿနာတွေကို ထက်မြက်စွာ ဖြေရှင်းနိုင်မဲ့
ကလေးတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုမျိုး ပျိူးထောင်ပေးလို့ရလဲ
ဆိုတာ 𝐓𝐢𝐜𝐤𝐥𝐞 𝐑𝐢𝐠𝐡𝐭 ရဲ့ 𝐌𝐚𝐢𝐧 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫 𝐓𝐫.𝐏𝐞𝐚𝐫𝐥က
ဗီဒီယိုလေးထဲမှာမျှဝေပေးထားပါတယ်ရှင်။

𝐓𝐢𝐜𝐤𝐥𝐞တို့တွေ 𝐕𝐢𝐝𝐞𝐨လေးကိုအတူတူကြည့်ပြီး
အဖြေရှာကြည့်လိုက်ရအောင်လားရှင်။

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။


#ကလေးပညာရေး

03/06/2026

သင့်ကလေးရဲ့ အားသာချက်ကို ၁ မိနစ်အတွင်း ရှာကြည့်လိုက်ပါ ⏱️✨

ဖေဖေမေမေတို့ရေ... ကလေးရဲ့ ဉာဏ်ရည်ထက်မြက်မှုက
ဦးနှောက်ရဲ့ ဘယ်အခြမ်းမှာ ပိုအားသာနေလဲဆိုတာ သိပြီးပြီလား? 🤔

ဒီအဖြေလေးကို သေချာသိရဖို့အတွက်
အောက်က Quiz လေးမှာ ပါဝင်ပြီး
ဘေဘီလေးတွေရဲ့ ဦးနှောက်အားသာချက်ကို
Tickleတို့နဲ့ အတူတူရှာဖွေလိုက်ရအောင်။

ဒီ Quiz ဗီဒီယိုလေးကို ကလေးလေးနဲ့အတူတူတူ
ဆော့ကြည့်ပြီး အဖြေလေးတွေကို
"A" လား "B" လားဆိုတာComment မှာ Tickle
တို့ကိုပြောပြပေးခဲ့ဦးနော်။ 👇

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။


01/06/2026

သင့်ကလေးဦးနှောက် Battery မ Down စေဖို့ 🔋✨

ကိုယ့်ဖုန်းက Battery ၁ ရာခိုင်နှုန်းပဲ ကျန်တော့တဲ့အချိန် ပါဝါပိတ်သွားတတ်
တယ်မဟုတ်လား ဖေဖေ၊မေမေတို့ရေ 📱💔

အဲ့လိုမျိုးဘဲ ကိုယ့်ရဲ့ သားသားမီးမီးတို့ ရုတ်တရက်ကြီး လဲငိုပြီး
သောင်းကျန်းတဲ့ "Tantrum" ဆိုတာလဲ...
တကယ်တော့ သူတို့ရဲ့ ရင်ထဲမှာ Emotional Battery
လုံးဝကုန်ခမ်းသွားပြီး ဦးနှောက်ထဲ Short Circuit ဖြစ်သွားတာနဲ့
အတူတူပါပဲရှင်။ ⚡🥺

ဒီလိုအချိန်မှာ ဂျီကျနေတဲ့ကလေးကို ဆူလိုက်တာထက်
ဖေဖေ၊မေမေတို့ဘက်က ဘယ်လိုမျိုး နွေးနွေးထွေးထွေး ပြုပြင်ပေးဖို့
လိုအပ်မလဲဆိုတာကို 💖

ဒီနေ့မှာတော့ Tickle တို့ရဲ့ Main Instructor Tr Maung ကိုယ်တိုင်
ကလေးတွေရဲ့ ဦးနှောက် Battery ဘာလို့ Down ရတာလဲဆိုတဲ့
အဖြေနဲ့အတူ ရေရှည်အတွက် Solution တွေကို
အခု Video ထဲမှာ မျှဝေပေးသွားမှာမို့
အဆုံးထိ ကြည့်လိုက်တော့နော်။ ✨👑

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။ ✨🏆


31/05/2026

⏱️ ၅ စက္ကန့်အတွင်း အကုန်မှန်အောင်
မှတ်နိုင်တဲ့ ၄ နှစ်အရွယ် 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐞𝐝 𝐉𝐞𝐝! 💡

"ဟယ်... မဖြစ်နိုင်တာ! ၅ စက္ကန့်လေးအတွင်းမှာ
အကုန်လုံးကို အမှားအယွင်းမရှိ မှတ်မိနိုင်တာ?!" 😱✨

ဟုတ်ပါတယ် ဖေဖေ၊မေမေတို့ရေ...
အခု ဗီဒီယိုထဲမှာ မြင်ရမှာကတော့
အံ့မခန်းစွမ်းရည်ပိုင်ရှင်လေးဖြစ်တဲ့

Tickle တို့ရဲ့ ၄ နှစ်အရွယ်
𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 လေး 𝐉𝐞𝐝 𝐉𝐞𝐝 ပဲ ဖြစ်ပါတယ်ရှင်။ 🥰✨

ကလေးတစ်ယောက်ရဲ့
ညာဘက်ဦးနှောက် (Right Brain) ဟာ
ကင်မရာတစ်လုံးလိုပဲ မြင်သမျှအရာအားလုံးကို
ဓာတ်ပုံရိုက်သလို မှတ်သားနိုင်စွမ်း ရှိတယ်ဆိုတာ
ဖေဖေ၊မေမေတို့ ကြားဖူးကြမှာပါနော်။ 📸🧠

အခု 𝐓𝐢𝐜𝐤𝐥𝐞 𝐆𝐞𝐧𝐢𝐮𝐬 𝐉𝐞𝐝 𝐉𝐞𝐝 က
အဲဒီစွမ်းရည်ကို အပြည့်အဝ အသုံးချပြီး
စက္ကန့်ပိုင်းအတွင်းမှာ ကတ်ပြားတွေအကုန်လုံးကို
မှတ်မိအောင် ဘယ်လိုမျိုး မှတ်သွားလဲဆိုတာ
ဗီဒီယိုလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်။ 😉👇

ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု
အကောင်းဆုံးအချိန်ဖြစ်တဲ့
အသက် ၅ နှစ်မတိုင်ခင်မှာ

မှန်ကန်တဲ့ နည်းလမ်းနဲ့ လေ့ကျင့်ပေးလိုက်တဲ့အခါ
ကလေးတိုင်းက သူတို့ရဲ့ Real Potential ကို
အခုလို အံ့ဩဖို့ကောင်းလောက်အောင်
ပြသနိုင်ပါတယ် ဖေဖေ၊ မေမေတို့ရေ။

ဒါဟာ အတင်းအကျပ် စာကျက်ခိုင်းတာမျိုး
မဟုတ်ဘဲ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ
နှလုံးသားချင်း နီးနီးကပ်ကပ်နဲ့ ပျိုးထောင်ပေးခဲ့လို့ပဲ
ဖြစ်ပါတယ် ဖေဖေ၊ မေမေတို့ရေ။ ❤️🤝

ကိုယ့်ရဲ့ ရင်သွေးလေးကိုလဲ
အာရုံစူးစိုက်မှု အားကောင်းပြီး ဉာဏ်ရည်ထက်မြက်တဲ့
ကလေးတစ်ယောက်အဖြစ် ပြောင်းလဲပေးချင်တယ်ဆိုရင်တော့
အခုဘဲ 𝐂𝐨𝐦𝐦𝐞𝐧𝐭မှာ 𝐓𝐑𝐌လို့ ရေးခဲ့လိုက်ပါ။

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။



30/05/2026

ကလေးတစ်ယောက် ဂျီကျရခြင်း နောက်ကွယ်က အမှန်တရား 🎧

လူကြီးတွေ စိတ်ညစ်တဲ့အခါ သူငယ်ချင်းတွေကို ရင်ဖွင့်တယ်၊
ကော်ဖီသောက်တယ်၊ ဒါမှမဟုတ် စာအုပ်ဖတ်ပြီး စိတ်ဖြေကြတယ်။

ဒါပေမယ့် အသက် (၂) နှစ်၊ (၃) နှစ်အရွယ်
သားသားမီးမီးတို့မှာကျတော့... စိတ်ညစ်တာ၊
အလိုမကျတာ၊ ပင်ပန်းတာတွေကို ဖွင့်ပြောဖို့
"စကားလုံးကြွယ်ဝမှု" မရှိသေးပါဘူးရှင်။

ဒါကြောင့် သူတို့ရဲ့ ဦးနှောက်လေးကလည်း မုန်တိုင်းလို ရောက်လာတတ်တဲ့
ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမလဲ မသိရှာကြပါဘူး။

အဲ့ဒီ့ ခံစားချက်တွေကို ဖေဖေ၊ မေမေတို့ကို
ဘယ်လိုနည်းတွေနဲ့ သိအောင်ပြောပြလဲ ဆိုတာသိဖို့အတွက်
Video ကိုအဆုံးထိ ကြည့်လိုက်တော့နော်။

ဒီအကြောင်းအရာလေးကို တခြားသော မေမေ ဖေဖေတို့အတွက်ပါ
အကျိုးရှိနိုင်တာကြောင့် ဒီ Video လေးကို Share လုပ်ပြီး
မေတ္တာလေးတွေတွေ မျှဝေလိုက်ကြရအောင်လားရှင်။ 💌

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။

29/05/2026

ကလေး ဂျီကျတဲ့အခါ မိဘတွေ အဓိက "ရှောင်ရမယ့်အချက်" ❌

"သားသားမီးမီးတို့ လူပုံအလယ်မှာ ဂျီကျတဲ့အခါ
စိတ်မရှည်ဘဲ အတူတူ လိုက်အော်မိတာမျိုး၊
ဒါမှမဟုတ် အခန်းထဲ ပစ်ထားမိပြီး ဆူငေါက်တာမျိုး
ရှိနေပြီလား မေမေတို့ ဖေဖေတို့ရေ..."

ဒါပေမဲ့ "ကလေးလေးတွေရဲ့ စိတ်ပညာအရ ကလေး ဂျီကျနေချိန်မှာ
သူတို့ရဲ့ ညာဘက်ဦးနှောက် (Emotional Brain) က
မီးတောင်တစ်ခုလို ပေါက်ကွဲနေတာပါ။

အဲ့လိုဖြစ်နေချိန်မှာ
ဖေဖေ၊မေမေတို့ကပါ ဆူငေါက်တာမျိုး
လုပ်မိတယ်ဆိုရင်တော့ မီးလောင်ရာ
လေပင့်သလို ဖြစ်ပြီး ကလေးဦးနှောက်ထဲမှာ
Stress ဟော်မုန်းတွေ ပိုထွက်လာစေပါတယ်ရှင်။

'ငိုတာ တိတ်မှ ချစ်မယ်' ဆိုပြီး
ပစ်ထားလိုက်ရင်လည်း ကလေးက အထီးကျန်ပြီး
စိတ်ဒဏ်ရာ ရသွားတတ်ပါတယ်။

ဒါကြောင့် မဆုံးမခင် စိတ်ချင်း အရင်ချိတ်ဆက်တဲ့
**Connect Before Redirect** နည်းလမ်းလေးကို
အတူတူ သုံးကြည့်ရအောင်။ 🫂🤍

ပထမဆုံးအနေနဲ့ ကလေးလေးတွေ ဂျီကျတဲ့အခါ
အရင်ဆုံး ကိုယ်တိုင် လေပြင်းပြင်းရှူပြီး စိတ်ကို ထိန်းပါ။
ပြီးရင် ကလေးဘေးမှာ ထိုင်ချပြီး "သမီး/သား စိတ်ဆိုးနေတာ
မေမေသိတယ်၊ မေမေ ဒီနားမှာ ရှိတယ်နော်" ဆိုပြီး
နွေးနွေးထွေးထွေး ပွေ့ဖက်ပေးလိုက်ပါ။ စိတ်ချင်း
ချိတ်ဆက်မိသွားတဲ့အခါ ကလေးက အလိုလို
ငြိမ်ကျသွားပါလိမ့်မယ်။

ဒီနည်းလမ်းလေးက ရိုးရှင်းပေမဲ့ ကလေးလေးတွေအတွက်တော့
Emotional Supportသာမက Physical Supportပါ ပေးပြီးသား
ဖြစ်သွားတာကြောင့် တကယ်ကို အသုံးဝင်ပါတယ်ရှင်။

အခုလိုမျိုး ကလေးလေးတွေကို ဖိအားမပါဘဲ
Unconditional Love နဲ့ ၂၁ ရာစုရဲ့ အကောင်းဆုံး
ခေါင်းဆောင်လေးတွေဖြစ်အောင် အတူတူ ပျိုးထောင်ဖို့အတွက်
Tickle Right Myanmar Page ကို အခုပဲ
Follow လုပ်ထားလိုက်တော့နော်။ 🥰🌱

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။


29/05/2026

"ပြောရခက် ထိန်းရခက်တဲ့ 𝐓𝐚𝐧𝐭𝐫𝐮𝐦 သံသယ အဖြေရှာ..." 🔍🤯

ကိုယ့်ရဲ့ ကလေးလေးက လိုချင်တာမရရင်
ကြမ်းပြင်မှာ လူးလိမ့်ငိုယိုနေ ၊ ဒါမှမဟုတ်
ဖုန်းပဲကြည့်နေပြီး ဘာခိုင်းခိုင်း
အာရုံမစိုက်လို့ စိတ်ညစ်
နေရပြီလား မေမေ ဖေဖေတို့ရေ...

ဒါဆိုရင်တော့ စိတ်မပူပါနဲ့တော့
ဒီလိုအခြေနေတွေကို ဖြေရှင်းပေးဖို့အတွက်

𝐓𝐢𝐜𝐤𝐥𝐞 𝐑𝐢𝐠𝐡𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဦးဆောင်ပြီး
𝟓 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔 ( 𝐅𝐫𝐢𝐝𝐚𝐲 )
ည 𝟕:𝟎𝟎 𝐏𝐌 /𝐋𝐈𝐕𝐄 𝐎𝐧𝐥𝐢𝐧𝐞 𝐙𝐨𝐨𝐦 မှတဆင့်
ဖေဖေ၊မေမေတို့အတွက် 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫လေးတစ်ခုကို
𝐃𝐫.𝐌𝐢𝐞 𝐌𝐢𝐞 𝐌𝐚𝐮𝐧𝐠 𝐌𝐚𝐮𝐧𝐠 မှ 𝐌𝐚𝐢𝐧 𝐒𝐩𝐞𝐚𝐤𝐞𝐫 အဖြစ်ပါဝင်
ဆွေးနွေးပေးမှာဖြစ်လို့ လက်လွှတ်မခံဘဲ ဒီ 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးကို
တက်ရောက်သင့်ပါတယ်ရှင်။

📢 ဒီ 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေး ကျင်းပဖို့ကတော့ "၁ ပတ်" သာ လိုပါတော့တယ်...!!! 📢

ဒီ ၁ ပတ်လေး ပြီးသွားတာနဲ့ မေမေ ဖေဖေတို့ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့...
❌ ကလေး ဂျီကျတာကို မထိန်းနိုင်တဲ့ပြဿနာ
❌ ကလေးရဲ့ စိတ်ခံစားချက်ကို နားမလည်နိုင်တဲ့အခက်အခဲ
❌ စိတ်တိုဒေါသထွက်ပြီး အော်ဟစ်မိလို့ နောက်မှ နောင်တရတာတွေ...

ဒါတွေအားလုံးအတွက် အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး အဖြေတွေကို
𝐓𝐢𝐜𝐤𝐥𝐞 𝐑𝐢𝐠𝐡𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐖𝐞𝐛𝐢𝐧𝐚𝐫 မှာ လုံးဝ (လုံးဝ)
အဖြေရှာတွေ့သွားမှာ ဖြစ်ပါတယ်။ 💡✨

⏳ ကဲ မေမေ၊ဖေဖေတို့ နည်းလမ်းမှန် ပျိုးထောင်ဖို့ အဆင်သင့်ဖြစ်ပြီလား?
လူဦးရေ ကန့်သတ်ထားတာမို့ အချိန်မနှောင်းခင် အခုပဲ စာရင်းပေးသွင်း
ဖို့ 𝐓𝐚𝐧𝐭𝐫𝐮𝐦 လို့ 𝐂𝐨𝐦𝐦𝐞𝐧𝐭မှာ ရေးခဲ့လိုက်တော့နော်။

ဒီ 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးက မေမေတို့ရဲ့ သားသားမီးမီးတွေကို
ပိုမိုနားလည်ပြီး ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်နိုင်ဖို့
အကောင်းဆုံး အထောက်အကူ ဖြစ်စေမှာပါ။ 🥰

𝐓𝐢𝐜𝐤𝐥𝐞 တို့တွေ အတူတူ အဖြေရှာဖို့ 𝟓 𝐉𝐮𝐧𝐞 မှာ တွေ့ကြမယ်နော်……

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။


28/05/2026

ကလေးတွေ ပြောမရ၊ ဆိုမရ ဖြစ်ပြီး သောင်းကျန်းနေချိန်မှာ ဘာလုပ်သင့်လဲ?

စူပါမားကတ်ထဲမှာပဲဖြစ်ဖြစ်၊ လူကြားထဲမှာပဲဖြစ်ဖြစ် ကလေးက
လိုချင်တာမရလို့ လူးလှိမ့်ငိုယိုပြီး သောင်းကျန်း တဲ့အခါ မျက်နှာပူပြီး
ဒေါသထွက်မိတာ မိဘတိုင်း ကြုံဖူးကြမှာပါ။

တကယ်တော့ ကလေးတွေ ဘာလို့ အဲ့ဒီလိုမျိုး
Tantrum ဖြစ်ရတာလဲဆိုတာ သိပ္ပံနည်းကျ ရှင်းပြရရင်
ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ မပြည့်စုံသေးလို့ပါပဲ။ 🧠

💡 ဒါဆို ကလေးတွေ အဲ့လို သောင်းကျန်းနေချိန်မှာ
ဖေဖေ၊ မေမေတို့ ဘာလုပ်သင့်လဲ?

၁။ အရင်ဆုံး ကိုယ့်စိတ်ကို အေးအေးထားပါ
ကလေးက မီးတောက်ဖြစ်နေချိန်မှာ ကိုယ်ကပါ ဒေါသတကြီးနဲ့
အော်ဟစ်လိုက်ရင် မီးလောင်ရာလေပင့် ဖြစ်သွားပါလိမ့်မယ်။
ကလေးကို မထိန်းခင် ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုကို အရင် ထိန်းချုပ်ပါ။
အသက်ပြင်းပြင်း ၃ ခါလောက် ရှူသွင်းရှူထုတ် လုပ်လိုက်ပါ။

၂။ ဘေးကနေ နွေးနွေးထွေးထွေး အဖော်လုပ်ပေးပါ
သူ့ကို ရိုက်တာ၊ ဆူတာ၊ ဒါမှမဟုတ် ပစ်ထားလိုက်တာမျိုး မလုပ်ပါနဲ့။
"မေမေ သားလေး စိတ်ဆိုးနေတာ သိတယ်နော်၊ စိတ်ကြိုက်ငိုချလိုက်ပါ၊
မေမေ ဒီနားမှာပဲ ရှိနေပေးမယ်" ဆိုတဲ့ ပုံစံမျိုးနဲ့ ဘေးကနေ
ငြိမ်ငြိမ်လေး စောင့်ပေးပါ။ ပွေ့ဖက်လို့ရရင်
နွေးနွေးထွေးထွေး ဖက်ထားပေးပါ။

၃။ စိတ်ငြိမ်သွားမှ အကျိုးအကြောင်း ရှင်းပြပါ
ကလေး ငိုယိုသောင်းကျန်းနေတုန်းမှာ ဆုံးမစကားပြောရင်
ဘာမှ နားထဲဝင်မှာမဟုတ်ပါဘူး (သူ့ရဲ့ Logical Brain က ပိတ်နေလို့ပါ)။ သူ
လုံးဝစိတ်ငြိမ်သွားပြီး သက်ပြင်းချနိုင်တဲ့ အချိန်ကျမှသာ "ခုနက သားလေး
ဘာဖြစ်ချင်လို့လဲ" ဆိုပြီး စကားလုံးလေးတွေနဲ့ ပြောပြတတ်အောင်
သင်ပေးပြီး ချော့မော့ဆုံးမပေးပါ။

မိဘတစ်‌ယောက်လုပ်ရတယ်ဆိုတာ လောကမှာ အပင်ပန်းဆုံး အလုပ်တစ်ခုပါ။
ကလေးက ပေါက်ကွဲတဲ့အခါ ကိုယ်လည်း လိုက်ပေါက်ကွဲမိတာ
သဘာဝကျပါတယ်။ ဒီနေ့ကစပြီး
သူတို့လေးတွေရဲ့ ဦးနှောက်က မဖွံ့ဖြိုးသေးလို့ပါလားဆိုတာလေးကို
သနားဂရုဏာစိတ်နဲ့ နားလည်ပေးကြည့်ကြရအောင်နော်။ ဖေဖေ
မေမေတို့အားလုံး တာဝန်တွေ ကျေပွန်လွန်းလို့ တကယ်ကို
လေးစားမိပါတယ်ရှင်။🥰

ဖေဖေမေမေတို့ရော သားသားမီးမီးတွေ သောင်းကျန်းတဲ့အခါ
ဘယ်လိုမျိုး Handle လုပ်လေ့ရှိလဲဆိုတာTickle တို့ကို
Comment မှာ မျှဝေပေးသွားပါအုံးနော် 👇💬

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။


28/05/2026

🌍✨ မတူကွဲပြားခြင်းရဲ့ အလှတရားနဲ့ ကလေးတို့ရဲ့ ကမ္ဘာ ✨🌍

ကမ္ဘာကြီးဟာ အရောင်စုံလင်လို့
လှပနေသလိုပဲ၊ မတူညီတဲ့ ယဉ်ကျေးမှုနဲ့
ရိုးရာဓလေ့တွေ စုံလင်နေတာကလည်း
ကလေးတို့ရဲ့ နေ့စဉ်ဘဝတွေကို ပိုပြီး
တောက်ပစေပါတယ်ရှင်။ 🥰

ဒီအပတ်မှာကျရောက်တဲ့ World National Costumes Day
ကို အသိအမှတ်ပြုတဲ့အနေနဲ့ Tickle Right Myanmar မှာ
Tickle Genius လေးတွေက မတူညီတဲ့ ရိုးရာဝတ်စုံလေးတွေ
ကိုယ်စီနဲ့ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်ရှင်။

ဝတ်စုံလေးတွေကတစ်ဆင့်
"မတူကွဲပြားတယ်ဆိုတာ မှားတာမဟုတ်ဘဲ၊
ထူးခြားပြီး လှပတာပါ" ဆိုတဲ့

ဒီအဖိုးတန်တဲ့ စိတ်ဓာတ်လေးကို
Tickle Genius လေးတွေ
ကိုယ်တိုင်လဲ သင်ယူနိုင်ခဲ့ပါတယ်ရှင်။။ ✨

ဖေဖေမေမေတို့ရဲ့ ရင်သွေးငယ်လေးတွေကိုလဲ
ပိုမိုကျယ်ပြန့်လှပတဲ့ ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးဖို့
အသင့်ဖြစ်နေပြီဆိုရင်တော့

နွေးထွေးတဲ့ Tickle တို့ ရပ်ဝန်းကို
လာရောက်လည်ပတ်ဖို့ Comment မှာ

"𝐓𝐑𝐌" လို့ ရေးခဲ့လိုက်ပါ။ 👇💕

ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~
သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


90 C, Kabar Aye Pagoda Road, Inside Shwe Naing Gan Printing House Compound, Bahan Township
Yangon
11201

Opening Hours

Monday 08:00 - 23:30
Tuesday 08:00 - 23:30
Wednesday 08:00 - 23:30
Thursday 08:00 - 23:30
Friday 08:00 - 23:30
Saturday 08:00 - 23:30
Sunday 08:00 - 23:30