Treasure - English Education

Treasure - English Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Treasure - English Education, Education, Yangon.

English Class များကို Beginner Level မှစ၍
ထိရောက်စွာလေ့လာနိုင်သောသင်တန်းများကို ကလေး၊လူကြီး မည်သူမဆိုတက်ရောက်နိုင်ရန်ဖွင့်ထားပါတယ်ရှင်။ 👩‍🏫
English Course Booksများကို စျေးသင့်စွာဝယ်ယူနိုင်ပါပြီရှင် 📖

21/06/2026

English စာလေ့လာနေရင်း...

"Fried Egg" ဆိုတာ သိတယ်။
"Rice" ဆိုတာ သိတယ်။

ဒါပေမယ့်...

🥬 ဂေါ်ဖီထုပ်ကို English လို ဘာခေါ်လဲ?
🌿 ရုံးပတေသီးကိုရော?
🍲 ငပိရည်ကိုရော?

English က စာအုပ်ထဲမှာပဲ မရှိဘူး။
နေ့စဉ် စားတဲ့ ထမင်းဝိုင်းပေါ်မှာလည်း ရှိတယ်။

ဒီနေ့တော့ ထမင်းစားရင်း English လေ့လာကြမယ် 👇

🥚 Fried Egg = ကြက်ဥကြော်
🥬 Cabbage = ဂေါ်ဖီထုပ်
🌿 Okra = ရုံးပတေသီး
🍲 Fish Paste Dip = ငပိရည်

Comment မှာ...
"ငါ့အကြိုက်ဆုံး မြန်မာအစားအစာကို English လို ဘယ်လိုခေါ်လဲ?" လို့ ရေးခဲ့နော်။ ❤️

🍀 English Class လေးတွေမှာ သင်တန်းသားရဲ့ အားနည်းချက်အလိုက် ပြုပြင်ပေးမယ့် သီးသန့် (One-on-One) အတန်းလေး ရှိပါတယ်။

Vocabulary အားနည်းလို့ စကားမပြောရဲသူများ၊

အမှားလုပ်မိမှာ ကြောက်ပြီး တုန်လှုပ်နေသူများ၊

နေ့တိုင်း လေ့ကျင့်ဖို့ အဖော်မရှိဖြစ်နေသူများအတွက်...ဦီးစားပေးပါ။

ဒီအတန်းမှာ ကျွန်မကိုယ်တိုင် သင်တန်းသားတစ်ဦးချင်းစီရဲ့ အခြေအနေအလိုက် လိုအပ်ချက်ကို အနီးကပ် သေချာ ပြုပြင်တည့်မတ်ပေးသွားမှာပါ။

တခြားသူတွေနဲ့ နှိုင်းယှဉ်စရာမလိုဘဲ ကိုယ့်ရဲ့ Progress အပေါ်မှာပဲ အာရုံစိုက်ပြီး စိတ်အေးချမ်းသာစွာ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

🎯 Small Progress is Still Progress.

မနေ့ကထက် ဒီနေ့ ပိုကောင်းလာဖို့ပဲ လိုပါတယ်။ ဘဝကို ပြောင်းလဲပေးမယ့် အင်္ဂလိပ်စာ ခရီးစဉ်ကို Tr. Zinthu နဲ့အတူ အခုပဲ စတင်လိုက်ရအောင်လားရှင်။

💬 Class အသေးစိတ်ကို စုံစမ်းချင်ရင်တော့... 09 893097435 ( Viber or Telegram ) ကိုအခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ။

July အတွက် Weekend အတန်းချိန် 1 ချိန်စာပဲကျန်ပါတော့တယ်။

Weekdays မှာလဲ အတန်းချိန် 3 ချိန်စာပဲလွတ်ပါတော့တယ်ရှင်။ မိမိအနာဂတ်အခွင့်အလမ်း‌ကောင်းများအတွက် အတွက် မိမိတစ်ဦးတစ်ယောက်မှာပဲ တာ၀န်ရှိပါတယ်
💪💪

20/06/2026

TikTok စသုံးခဲ့တာ အခုဆို ၁ နှစ်ကျော်လောက် ရှိပါပြီ။

ဒီ Account ကို စဖွင့်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ VPN မရှိရင် Facebook သုံးဖို့ အခက်အခဲရှိနေတဲ့အချိန်၊ English လေ့လာနေသူတွေအတွက် အသုံးဝင်မယ့် Content လေးတွေ မျှဝေပေးချင်လို့ပါ။

အစပိုင်းမှာ English Sharing လေးတွေ နည်းနည်းစီလုပ်ရင်း၊ Content တွေကို ကိုယ်တိုင် စဉ်းစားဖန်တီးပြီး စာကြိုးစားနေတဲ့ ကျောင်းသားတွေ Motivation ရအောင် ရည်ရွယ်ခဲ့ပါတယ်။

ဒီနေ့ 30K Followers ဆိုတဲ့ မှတ်တိုင်လေးကို ရောက်လာတဲ့အခါ တစ်ခု သေချာနားလည်လာတာက...

"နေ့တိုင်း နည်းနည်းစီ လုပ်တာက တကယ် အကျိုးရှိတယ်" ဆိုတာပါပဲ။

အကယ်၍ လွန်ခဲ့တဲ့ တစ်နှစ်က ဘာမှ မစခဲ့ဘူး၊ ဘာမှ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် ဒီနေ့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

သေးငယ်တဲ့ ခြေလှမ်းလေးတွေကပဲ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးပေးတာပါ။

"Great things often strat with small start."

အားပေးပြီး Follow လုပ်ထားကြတဲ့ Learners တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ် 🤍

ဒီထက်ပိုကောင်းတဲ့ English Content တွေနဲ့ ဆက်လက် မျှဝေပေးသွားပါမယ် ✨

💕 My official TikTok Channel 💕
https://www.tiktok.com/?_r=1&_t=ZS-97BHo9k5IXt

20/06/2026

English မတိုးတက်ရတဲ့ အကြောင်းရင်းက...

စာမဖတ်တာ မဟုတ်ဘူး။

ကိုယ့် Level နဲ့ မကိုက်တဲ့ စာအုပ်ကို ဖတ်နေတာ။

A1 Level ဖြစ်ပြီး Advanced Book ဖတ်ရင် စိတ်ညစ်မယ်။

Intermediate ဖြစ်ပြီး Beginner Book ဖတ်ရင် ပျင်းမယ်။

ဒါကြောင့် English Learners တွေအတွက် Level အလိုက် စာအုပ်တွေကို စုစည်းထားတဲ့ Telegram Channel လေး ဖွင့်ထားပါတယ်။ 📚

Join ဝင်ထားပြီး ကိုယ့် Level နဲ့ ကိုက်တဲ့ စာအုပ်ကို ရွေးဖတ်ကြည့်ပါ။

English က ပိုလွယ်လာလိမ့်မယ်။ 🤍

Self-study books for all level 🔗🔗
https://t.me/+9kN5qtaOJWw4NTU1

19/06/2026

"Teacher... ကျွန်မ အသက် ၂၄ နှစ်ရှိပြီ။ အခုမှ English
စလေ့လာရင် စကားပြောတတ်နိုင်ပါ့မလား?" လို့ မေးလာတဲ့ ကျောင်းသူတစ်ယောက် ရှိပါတယ်။

အဖြေကတော့ "ဖြစ်နိုင်ပါတယ်" ပါ။

English စကားပြောတတ်ဖို့ အသက်အရွယ်ထက် မှန်ကန်တဲ့ လေ့လာနည်း၊ ပုံမှန်လေ့ကျင့်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက ပိုအရေးကြီးပါတယ်။

One-on-One Class မှာတော့ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို သေချာနားထောင်ပြီး Vocabulary အားနည်းတာလား၊ Grammar အားနည်းတာလား၊ Speaking ကို ကြောက်နေတာလား ဆိုတာကို ကြည့်ပြီး သင့်တော်တဲ့ လေ့ကျင့်ခန်းတွေနဲ့ သင်ကြားပေးပါတယ်။
အသက် ၂၄ နှစ်မှ မဟုတ်ပါဘူး။ ၃၀၊ ၄၀ ကျော်မှ စပြီး အင်္ဂလိပ်စကားပြောတတ်သွားတဲ့သူတွေလည်း အများကြီး ရှိပါတယ်။

အရေးကြီးတာက "စတင်ဖို့" ပါပဲ။
စချင်တဲ့စိတ်ရှိရင် ကျွန်မက သင်ယူသူ လိုအပ်တာတွေကို တစ်ဆင့်ချင်း လမ်းညွှန်ပေးဖို့ အသင့်ရှိပါတယ်နော်။ ❤️

One on one class လေးတွေကိုလည်း အတန်းချိန်ညှိပြီး သင်ယူလို့ရပါပြီနော်။

တကယ်ကြိုးစားသူတိုင်း တကယ်တိုးတက်ရမယ်။✅

ရည်မှန်းချက်ရှိသူများသာ အောင်မြင်မှု ရကြသည်။✅

မနက်ဖြန်ဆိုတာ မသေချာလို့ အခုလက်ရှိအချိန်ကအကောင်းဆုံးပါပဲ ✅

To enroll the class
09 893097435
Viber or Telegram 💚

18/06/2026

ဆရာမ ကလေးဘ၀က နေ့တိုင်းဖတ်တဲ့စာအုပ်လေး

ဒီအမူအကျင့်လေးသေးသေးလေးတစ်ခုကြောင့် ဒီနေ့အချိန်အထိ ကိုယ်ဝါသနာပါတဲ့အင်္ဂလိပ်စာ ဆရာမတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တာ ❤️

စာဖတ်တာကို အထင်မသေးနဲ့နော်

ကိုယ့်ရဲ့နေ့စဉ်အလေ့အထသေးသေးလေးတွေက ကိုယ်တစ်ချိန်ချိန်မှာ ဘယ်လိုလူဖြစ်မလဲဆိုပြီး ပုံဖော်သွားတာ

ဆရာမဖတ်တဲ့စာအုပ်လေးပါ 👇

https://vt.tiktok.com/ZSQavLkXe/

18/06/2026

English စာလေ့လာနေရင်း...

"Fried Egg" ဆိုတာ သိတယ်။
"Rice" ဆိုတာ သိတယ်။

ဒါပေမယ့်...

🥬 ဂေါ်ဖီထုပ်ကို English လို ဘာခေါ်လဲ?
🌿 ရုံးပတေသီးကိုရော?
🍲 ငပိရည်ကိုရော?

English က စာအုပ်ထဲမှာပဲ မရှိဘူး။
နေ့စဉ် စားတဲ့ ထမင်းဝိုင်းပေါ်မှာလည်း ရှိတယ်။

ဒီနေ့တော့ ထမင်းစားရင်း English လေ့လာကြမယ် 👇

🥚 Fried Egg = ကြက်ဥကြော်
🥬 Cabbage = ဂေါ်ဖီထုပ်
🌿 Okra = ရုံးပတေသီး
🍲 Fish Paste Dip = ငပိရည်

ဘယ်အချိန်စားစား ငပိရည်ကတော့ထမင်းမိန်ချိန်ချက်ပဲဟေ့

TikTok မှာ Homesick တွေအတွက် အလွမ်းပြေ Video တစ်ပုဒ်တင်ထားပါတယ်

https://vt.tiktok.com/ZSQpxmcc5/

💕💕💕💕

17/06/2026

ခရီးရောက်ဖို့ အတူတူသွားမယ့်သူ မရှိရင် တစ်ယောက်တည်းသာ move ... 👌

📚 "What if...?" Pattern ကို ဥပမာ ၅ ကြောင်းနဲ့ လေ့လာမယ်

What if + Subject + Verb...?
👉 "အဲလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ?" / "ဖြစ်လာရင် ဘာဖြစ်မလဲ?" လို့ မေးတဲ့အခါ သုံးပါတယ်။

What if it rains tomorrow?
မနက်ဖြန် မိုးရွာရင် ဘယ်လိုလုပ်မလဲ။
What if I miss the bus?
ဘတ်စ်ကား မမီလိုက်ရင် ဘယ်လိုလုပ်မလဲ။
What if she doesn't come to the meeting?
သူမ အစည်းအဝေးမလာရင် ဘယ်လိုလုပ်မလဲ။
What if we get lost?
ကျွန်တော်တို့ လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ။
What if you fail the exam?
စာမေးပွဲ ကျသွားရင် ဘယ်လိုလုပ်မလဲ။

💡 Speaking မှာ အသုံးများတဲ့ Responses

What if I make a mistake?
Don't worry. Everyone makes mistakes.

What if nobody understands me?
Keep practicing. You'll improve.

What if I start learning English today?
You'll be better than yesterday. 😊

📌 မှတ်ရန် What if...? = "....ဖြစ်ရင် ဘယ်လို?" / "....ဖြစ်လာရင် ဘာဖြစ်မလဲ?" ဆိုတဲ့ အဓိပ္ပာယ်နဲ့ စိုးရိမ်မှု၊ ဖြစ်နိုင်ခြေ၊ အကြံဉာဏ်တောင်းတဲ့အခါ သုံးပါတယ်။

Sharing by Tr.Zinthu

One on one class လေးတွေကိုလည်း အတန်းချိန်ညှိပြီး သင်ယူလို့ရပါပြီနော်။

တကယ်ကြိုးစားသူတိုင်း တကယ်တိုးတက်ရမယ်။✅

ရည်မှန်းချက်ရှိသူများသာ အောင်မြင်မှု ရကြသည်။✅

မနက်ဖြန်ဆိုတာ မသေချာလို့ အခုလက်ရှိအချိန်ကအကောင်းဆုံးပါပဲ ✅

To enroll the class
09 893097435
Viber or Telegram 💚

Photos from Treasure - English Education's post 16/06/2026

🚨 Oxford Students တွေ ဘယ်တော့မှ မလုပ်တဲ့ အမှား ၃ ခု

❌ (1) စာကို အလွတ်ကျက်ရုံပဲ မလုပ်ဘူး

"ဘာကြောင့်လဲ?"

ဆိုတာကို အရင် စဉ်းစားတယ်။

နားလည်ပြီးမှ မှတ်တယ်။

---

❌ (2) Exam နီးမှ စာမလုပ်ဘူး

တစ်ရက် 30 မိနစ်ပဲ ဖြစ်ဖြစ်

နေ့တိုင်း Consistent ဖြစ်အောင် လုပ်တယ်။

---

❌ (3) မသိတာကို မေးဖို့ မရှက်ဘူး

တော်တဲ့သူတွေက

အကုန်သိနေတဲ့သူတွေ မဟုတ်ဘူး။

မသိတာကို မြန်မြန် မေးတတ်တဲ့သူတွေ ဖြစ်တယ်။

---

📌 တော်တဲ့သူနဲ့ သာမန်သူရဲ့ ကွာခြားချက်က IQ မဟုတ်ဘူး။

နေ့စဉ် လုပ်နေတဲ့ အလေ့အကျင့်တွေပါ။

16/06/2026

📚 သင်တန်းကြေးအခက်အခဲကြောင့် English မလေ့လာနိုင်ဘူးလို့ မတွေးပါနဲ့။

ဆရာမရဲ့ YouTube Channel လေးမှာ အခြေခံသမားများကစပြီး အဆင့်မြင့်လေ့လာသူများအထိ အကျိုးရှိတဲ့ English Lessons တွေကို အမြဲတမ်း မျှဝေပေးနေပါတယ်။

လေ့လာချင်စိတ်ပဲ လိုတယ်။
ပိုက်ဆံ မလိုဘူး။ ❤️

နေ့တိုင်း နည်းနည်းစီ လေ့လာရင်း ကိုယ့်ရဲ့ English Skill ကို တိုးတက်အောင် လုပ်နိုင်ပါတယ်။

YouTube Channel မှာ ဝင်ရောက်လေ့လာလိုက်ပါနော်။ 🤍

https://youtube.com/.zinthu7681?si=qTcs5JD26HkiaRko

15/06/2026

စာအုပ်ထဲက အင်္ဂလိပ်စာ

လမ်းပေါ်မှာ လူတစ်ယောက်ကို မတော်တဆ ဝင်တိုက်မိရင်...

❌ I hit a man.

လို့ ပြောလိုက်ရင်...

"ကျွန်တော် လူတစ်ယောက်ကို ရိုက်လိုက်တယ်" လို့ အဓိပ္ပါယ်ထွက်နိုင်ပါတယ် 😅

ဒီလို ပြောရပါတယ်👇

✅ I bumped into a man.

= လူတစ်ယောက်ကို မတော်တဆ ဝင်တိုက်မိခဲ့တယ်။

ဥပမာ

👩: Sorry!

👨: That's okay.

👩: I accidentally bumped into you.

(တောင်းပန်ပါတယ်၊ မတော်တဆ ဝင်တိုက်မိသွားလို့ပါ။)

Extra lesson

bump into = အဓိပ္ပါယ် ၂ မျိုး ရှိပါတယ်။

1️⃣ မတော်တဆ ဝင်တိုက်မိတယ်

I bumped into a woman at the market.

2️⃣ မမျှော်လင့်ဘဲ ဆုံမိတယ်

I bumped into my old teacher yesterday.

English ကို စာအုပ်ထဲကအတိုင်းပဲ မသင်ပါနဲ့။

Native speakers တွေ တကယ်သုံးတဲ့ အသုံးအနှုန်းတွေကို လေ့လာပါ။ ❤️

One on one class လေးတွေကိုလည်း အတန်းချိန်ညှိပြီး သင်ယူလို့ရပါပြီနော်။

တကယ်ကြိုးစားသူတိုင်း တကယ်တိုးတက်ရမယ်။✅

ရည်မှန်းချက်ရှိသူများသာ အောင်မြင်မှု ရကြသည်။✅

မနက်ဖြန်ဆိုတာ မသေချာလို့ အခုလက်ရှိအချိန်ကအကောင်းဆုံးပါပဲ ✅

To enroll the class
09 893097435
Viber or Telegram 💚

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon