🤖🏆 World Robot Contest (WRC) 2026 Myanmar Championship 🇲🇲
စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များ၊ တီထွင်ဖန်တီးမှု အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ လူငယ် Coders/Innovators များရဲ့ အမှတ်တရ ပုံရိပ်များကို စုစည်းထားတဲ့ WRC 2026 Myanmar Championship Recap Video လေးကို မျှဝေလိုက်ပါတယ်။ 🎬✨
AI and Robot Technology, Coding Skills, Teamwork နှင့် Problem Solving စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ကြတဲ့ ပြိုင်ပွဲဝင် အသင်းများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုအပ်ပါတယ်။ 👏
ဒီနေ့ရဲ့ အတွေ့အကြုံတွေက မနက်ဖြန်ရဲ့ နည်းပညာခေါင်းဆောင်များ ဖြစ်လာဖို့ အားအင်တစ်ခု ဖြစ်ပါစေ။ 🚀
📹 WRC 2026 Myanmar Championship Recap Video ကို ကြည့်ရှုပြီး ပြိုင်ပွဲရဲ့ အမှတ်တရ အခိုက်အတန့်များကို ပြန်လည်ခံစားလိုက်ကြရအောင်။
Titan EDU
Mathematics & Coding for Kids
🎥 Robo Camp Myanmar 2026 Recap Video 🎥
Robo Camp Myanmar 2026 မှာ သားသား မီးမီးတို့ရဲ့ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ပျော်ရွှင်ဖွယ် အခိုက်အတန့်များ၊ AI & Robotics နည်းပညာကို လေ့လာသင်ယူခဲ့ကြတဲ့ အတွေ့အကြုံများနဲ့ အသင်းလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်များကို Recap Video လေးအဖြစ် မျှဝေပေးလိုက်ပါတယ်။ 🤖✨
ပျော်ရွှင်မှု၊ သင်ယူမှု၊ တီထွင်ဖန်တီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ Robo Camp Myanmar 2026 ရဲ့ အမှတ်တရ အချိန်လေးကို အတူတကွ ပြန်လည်ခံစားကြည့်လိုက်ရအောင်။
03/06/2026
🤖🎉 Robo Camp Myanmar 2026 ရဲ့ Activities အစီအစဉ်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ သားသား မီးမီးတို့ရဲ့ ချစ်စရာ ပုံရိပ်လေးများ
အပိုင်း (၁) ကို မျှဝေပေးလိုက်ပါတယ်။ 💙
Coding, Robotics, Team Building Games နဲ့ Creative Challenges များမှတစ်ဆင့် ကလေးများ၏ စိတ်ကူးစိတ်သန်း၊ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်နှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်များကို မြှင့်တင်ပေးနိုင်ခဲ့သလို ပျော်ရွှင်စရာ အမှတ်တရများစွာကိုလည်း ဖန်တီးနိုင်ခဲ့ကြပါတယ်။ 🌟
သားသား မီးမီးတို့ရဲ့ အပြုံးလေးတွေက Camp တစ်ခုလုံးကို ပိုပြီး အသက်ဝင်စေခဲ့ပါတယ်။ 🥰
အနာဂတ်၏ Young Innovators များအဖြစ် ကြီးထွားလာမည့် သားသား မီးမီးတို့အား ဂုဏ်ယူစွာဖြင့် ❤️
🌟Media များက ပြောသော World Robot Contest WRC 2026 Myanmar 🌟
11 Media Group
https://www.facebook.com/share/p/1LWrErwT7D/
China Xinhua News
https://www.facebook.com/share/p/1CQMBcdhTA/
Popular News Journal
https://www.facebook.com/share/p/1LDPqZapTr/
MT News
https://t.me/MT_News_Media/90499?single
Yangon Media Group
https://t.me/yangonmediagroup/56638
01/06/2026
ကျေးဇူးတင်လွှာ
*World Robot Contest WRC 2026 Myanmar Championship နှင့် Robo Camp Myanmar*
🧡ပွဲစဉ်တစ်လျှောက် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသော ရန်ကုန်၊ တောင်ကြီး၊ ဘားအံ၊ မော်လမြိုင် တို့မှ သားသားမီးမီးများ
🧡ပံ့ပိုးကူညီခဲ့ကြသော မိဘများ
🧡Technical Partner အဖြစ်ပါဝင်ပေးပါသော Research and Innovation Department, Ministry of Science and Technology
🧡Main Sponsor အဖြစ်ပါဝင်ပံ့ပိုးပေးသော ATT Security Solution ၊ Title Sponsor အဖြစ်ပါဝင်ပေးသော Royal D ၊ ZM Robo Myanmar
🧡Partner School များဖြစ်ကြသော အောင်မြင် ကိုယ်ပိုင်အထက်တန်းကျောင်း မော်လမြိုင်မြို့၊ Yuri Private High School - YPHS ဘားအံမြို့
🧡Stage Management ကို မေတ္တာဖြင့် တာဝန်ယူပေးသော ဦးညီညီဇော်ထွန်း၊
မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကဖြင့် နှစ်စဉ် မေတ္တာနှင့် ကူညီကပြပေးပါသော သမီးလေး ထက်ဦးသျှင်
🧡မန္တလေး၊ ပုသိမ်၊ မအူပင်၊ ကွန်ပျူတာတက္ကသိုလ် များ နှင့် UIT မှ Volunteer အဖြစ်ပါဝင်ကူညီခဲ့ကြသော နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ
🧡အဘက်ဘက်မှ ဝိုင်းဝန်းကူညီခဲ့ကြသော ကျေးဇူးတင်ထိုက်သူ အားလုံးအား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
19/05/2026
Titan EDU မှာ Master Level 4 ပြီးရင် Pre-IGCSE အတွက် အသင့်ပါပဲ!
👍👍👍
Pre-IGCSE လမ်းကြောင်းဆိုတာ Coding အပြင် Computer Science ရဲ့ အခြေခံအုတ်မြစ်တွေကို စနစ်တကျ တည်ဆောက်ပေးတဲ့ Stage တစ်ခုပါ။
Titan ရဲ့ Master Level 4 ပြီးမြောက်သူတွေအတွက် ပိုမိုခိုင်မာတဲ့ ပညာရေးလမ်းကြောင်းဖြစ်စေဖို့ ဒီ Pre-IGCSE Foundation ကို စတင်သင်ကြားပေးနေပါပြီ။ 💻
🔹 ဘာတွေကို အဓိက သင်ယူရမလဲ?
သဘောတရားတင်မဟုတ်ဘဲ လက်တွေ့ကျကျ နားလည်လာမှာ ဖြစ်ပါတယ်။
• Software Concepts: OS, Application Software နဲ့ SDLC အကြောင်းများ။
• Problem-Solving: Computational Thinking ကို အခြေခံတဲ့ Programming Logic များ။
• Programming Language: Python ရဲ့ အခြေခံများနဲ့ Debugging Skills။
• Data Representation: Binary, Hexadecimal, Bits နဲ့ Bytes အခြေခံများ။ 🧠
✅ Computer Science အထူးပြုချင်သူတွေနဲ့
✅ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူဖို့ ရည်မှန်းထားသူတွေအတွက် အရေးကြီးတဲ့ Foundation ဖြစ်လာမှာပါ။
AI ခေတ်မှာ ဒါဟာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လို့နေပါပြီ။
ကလေးရဲ့ အိမ်မက်တွေကို Titan EDU မှာ အခုပဲ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။
အသေးစိတ် အချက်အလက်များကိုတော့ ဖုန်းမှတဆင့်ဖြစ်စေ ၊ Page messenger မှ ဖြစ်စေ အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
☎️ 09978386155 ( Telegram)
☎️ 09954756925 ( Viber )
Titan EDU
အမှတ်(၇၁၉)၊ငါးမာန်အောင်ဘုရားလမ်း၊
၃၃ ရပ်ကွက်၊ မြောက်ဒဂုံ၊
တောင်ဥက္ကလာပဘုရားဘေး ငမိုးရိပ်တံတားညာဘက်အဆင်း။
16/05/2026
🚀 World Robot Olympiad - WRO Robo Mission ကို Titan ရဲ့ Signature Robot “ZMROBO ” Robot နဲ့ ဝင်ပြိုင်နိုင်ပါပြီ 🤖🔥
WRO ပြိုင်ပွဲဝင်ချင်ပေမယ့်
❌ Robot မရှိလို့
❌ Coach မရှိလို့
❌ ဘယ်ကစရမှန်းမသိလို့
စိတ်ပူနေတဲ့ သားသား မီးမီးတို့အတွက် Titan က အပြည့်အဝ ကူညီပေးသွားမှာပါ 💙
ZMROBO ဟာ WRO ရဲ့ Official Silver Partner အဖြစ် ရပ်တည်ထားတာကြောင့် ZMROBO Robot များကို အသုံးပြုပြီး
WRO Robo Mission Categories တွေမှာ တရားဝင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
⚡ နည်းပညာ မြင့် ZMROBO Robot တွေ ကို အသုံးပြုပြီး နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံရှိ ဆရာတွေက Coach လုပ်ပေး မှာဖြစ်ပါတယ်။
📌 လူဦးရေ ကန့်သတ်ထားသောကြောင့်
အခုပဲ Page Chat Box မှာ စုံစမ်းစာရင်းပေးသွင်းနိုင်ပါပြီ။
🔥 Dream Big. Build Smart. Compete Globally.
🤖 Titan EDU x ZMROBO Robot
☎️ 09978386155 ( Telegram)
☎️ 09954756925 ( Viber )
Titan EDU
အမှတ်(၇၁၉)၊ငါးမာန်အောင်ဘုရားလမ်း၊
၃၃ ရပ်ကွက်၊ မြောက်ဒဂုံ၊
တောင်ဥက္ကလာပဘုရားဘေး ငမိုးရိပ်တံတားညာဘက်အဆင်း။
🌟မော်လမြိုင်မြို့မှ သားသားမီးမီးတို့အတွက် သတင်းကောင်း🌟
Titan EDU နဲ့ အောင်မြင် ကိုယ်ပိုင်အထက်တန်းကျောင်း မောင်လမြိုင်မြို့ တို့ ပူးပေါင်းဖွင့်လှစ်မယ့် AI and Robotics Summer Programme...
စိတ်ဝင်စားသူ မည်သူမဆို မော်လမြိုင်မြို့ အောင်မြင်ကိုယ်ပိုင် အထက်တန်းကျောင်းမှာ စာရင်းပေးအပ်နှံ နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။
👉မိမိကလေးကို နိုင်ငံတကာ အတွေ့အကြုံကောင်းတွေပေးချင်ကြတဲ့ ဖေဖေမေမေတို့ရဲ့ သားသားမီးမီးများအတွက် Titan ရဲ့ Summer Programme ကြီးကို မတ်လ (၁၆)ရက်နေ့မှာ ဖွင့်လှစ်မှာပဲ ဖြစ်ပါတယ်။
👉Titan ရဲ့ နိုင်ငံတကာပွဲတွေကို အကြောင်းအမျိုးမျိုးကြောင့် မလိုက်ဖြစ်ကြတဲ့ သားသားမီးမီးတို့အတွက် Titan ရဲ့ ဖြတ်သန်းခဲ့တဲ့ နိုင်ငံတကာ အတွေ့အကြုံကောင်းတွေကို အခြေခံပြီး ဒီနှစ် Summer Programme ကို စီစဉ်ထားတာဖြစ်ပါတယ်။
👉ဘယ်လိုတွေစီစဉ်ထားလဲဆိုတော့ အခုလာမယ့် မတ်လ (၁၆)ရက်နေ့ကစလို့ Titan မှာ လေ့ကျင့်သင်ကြားရမယ့်
✅Summer AI & Robotics Class!
👉မေလ (၃၀)ရက်နေ့ကစလို့ ရန်ကုန်မြို့ Rose Garden Hotel မှာ ရန်ကုန်နဲ့ အနယ်နယ်အရပ်ရပ်က Titan လေးတွေ အတူတကွလေ့ကျင့်ကြမယ့်
✅AI & Robotics Competition Camp!
👉မေလ (၃၁)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့်
✅World Robot Contest 2026, Super AI Super Track Competition!
စတဲ့ အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။
👉စာသင်နှစ်တနှစ်ပတ်လုံး ကျောင်းစာတွေနဲ့ စိတ်ဖိစီးခဲ့ကြတဲ့ သားသားမီးမီးတွေအတွက် Titan ရဲ့ ဒီ Summer Programme ကြီးက ဒီ Activities တွေ ပါဝင်တာဆိုတော့ Fun & Active learning လည်းဖြစ်တဲ့အတွက် တကယ်ကို တန်ဖိုးရှိတဲ့ အချိန်ကို ရရှိမှာဖြစ်ပါတယ်။
👉World Robot Contest အဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံများကိုလည်း ဖိတ်ကြားသွားမှာဖြစ်ပါတယ်။
👉နည်းပညာခေတ်မှာ AI & Robotics ဘာသာရပ်ဟာ ကျောင်းသင်ခန်းစာတွေမှာပါ မသိမဖြစ်၊ မသင်မနေရ ဘာသာရပ်တစ်ခု ထည်သွင်းသင်ကြားလာကြတာကို နိုင်ငံတကာမှာ ဆိုရင် ပိုပြီး သိသာထင်ရှားလာတာကို တွေ့ရပါတယ်။
👉Titan အနေနဲ့လည်း မိမိနိုင်ငံက ကလေးတွေကို တခြားနိုင်ငံက ကလေးတွေလို ဒီလို နည်းပညာ ဘာသာရပ်တွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ထိတွေ့နိုင်အောင်၊ သိရှိနားလည်နိုင်အောင် ၊ နောက်ကျ မကျန်ခဲ့ရအောင် အမြဲစဉ်းစားပြီး AI& Robotics Coding ကို အသက်သာဆုံးနဲ့ သင်ပေးလာတာလည်း ဖြစ်ပါတယ်။
👉ဒါကြောင့် သားသားမီးမီးများ မိမိရဲ့နွေရာသီကျောင်းပိတ်ရက်မှာ Titan မှာ အကျိုးရှိရှိနဲ့ တက်လိုက်ကြရအောင်နော်။
💯 Coding is always fun with Titan.💯
☎️ 09954756925 (Viber)
☎️ 09978386155 ( Telegram)
Titan EDU
အမှတ်(၇၁၉)၊ငါးမာန်အောင်ဘုရားလမ်း၊
၃၃ ရပ်ကွက်၊ မြောက်ဒဂုံ၊
တောင်ဥက္ကလာပဘုရားဘေး ငမိုးရိပ်တံတားညာဘက်အဆင်း။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No(719) Ngar Man Aung Pagoda Street, 33 Ward, North Dagon
Yangon
11421
Opening Hours
| Monday | 10:00 - 17:30 |
| Tuesday | 10:00 - 17:30 |
| Wednesday | 10:00 - 17:30 |
| Thursday | 10:00 - 17:30 |
| Saturday | 08:00 - 18:00 |
| Sunday | 08:00 - 18:00 |