Passionate knotting : Macramé craftcourse

Passionate knotting : Macramé craftcourse

Share

It's time to shape your creative ideas into a beautiful macramé. Let us guide you to your dreams

Photos from Passionate knotting : Macramé craftcourse's post 25/06/2026

အရမ်းတော်သောမက်ခရာမီonline classသင်တန်းသူများ💕
Premium beginner class လေးတက်ပီး ပုံစံအသစ်အဆန်းလေးတွေလုပ်နိုင်သွားတာနော်
အခြေခံကျေညှက်ရင် ပုံစံတော်တော်များများလုပ်နိုင်သွားပါတယ်

Online class တက်ရမှာ စိုးရိမ်နေတုန်းလား
Online class မို့ မတတ်မှာမပူနဲ့နော်🥰
သင်တန်းသူများ တော်လိုက်တာ မင်မင့်သင်တန်းသူတွေ လက်ရာလှလှလေးတွေ လုပ်ထားတာ ကြွားချင်လို့💕

အခြေခံပိုင်နိုင်အောင်သေချာသင်ပေးထားတော့ YouTube ကနေ မည်သည့်ပုံမဆိုကျစ်နိုင်သွားမှာပါ 💕
သင်တန်းသူလက်ရာတွေသာကြည့်🥰
မက်ခရာမီကြိုးကျစ်ပညာကို အခြေခံကနေ တစ်ဆင့်ချင်းသင်ကြားပေးတာမို့ မတတ်မှာစိုးရိမ်စရာမလိုဘူးနော်💕

နားမလည်တာလည်းအချိန်မရွေးလာမေးလို့ရပါတယ်
ကုန်ကြမ်းဝယ်တာကအစ သေချာလေးပြောပြပေးပါတယ်ရှင်

အခြေခံကစသင်ပေးတော့အခြေခံကျေညှက်ပြီးကိုယ့်စိတ်ကူးကောင်းရင်ပုံစံအမျိုးမျိုးကျစ်နိုင်သွားမှာပါ❣️

သင်တန်းသူတွေတတ်လားမတတ်လား လက်ရာလေးတွေလေ့လာလို့ရအောင်တင်ပေးလိုက်ပါတယ်ရှင့်

25/06/2026

ရန်ကုန်မြို့တွင်း မက်ခရာမီ အိမ်လိုက်သင်ပေးပါတယ်
Private class မို့ သီးသန့်တစ်ဦးချင်းသင်ကြားပေးမှာပါ
သင်တန်းကြေး - 700000 ကျပ်
သင်ယူနိုင်မှုပေါ်မူတည်ပြီး 1 ရက် 4-5နာရီ ခန့် သင်ပေးပါမည်
3ရက် ခွဲပြီးသင်ပေးမှာပါ
သင်ထောက်ကူ သင်တန်းကြေး အပြီးအစီးပါ
အချိန် ညှိပေးပါတယ်
သင်တန်းပြီးရင်လည်း online class ရာသက်ပန် groupထဲထည့်ပေးမှာမို့ မေ့သွားလည်းပြန်လေ့လာလို့ရပါတယ်ရှင် 💕
Mbankingနဲ့အပ်လို့ရပြီး
အသက် 12 နှစ် ကနေစပြီးလက်ခံပါတယ်
အသေးစိတ်သိချင်ရင် messenger က မေးပေးပါရှင်💕
ပုံကတော့ကျော်သွားကြမှာစိုးလို့😁

Photos from Passionate knotting : Macramé craftcourse's post 25/06/2026

မက်ခရာမီ ပန်းပွင့်ပုံစံ keychain လေးတွေ လုပ်ရင် အရောင်ဘယ်လိုစပ်ရမလဲ ဆိုသူတွေအတွက်🥰🥰🥰
ချစ်စရာလေးတွေနော်💕

25/06/2026

သင်တန်းမှာဘယ်လိုသင်ပေးလဲဆို
Admin ကိုယ်တိုင်ရိုက် video တွေနဲ့စနစ်တကျ သင်ပေးတာပါရှင်💜
❤️မက်ခရာမီကိုအခြေခံကျကျ တစ်ဆင့်ချင်းတက်ချင်တဲ့သူတွေ❤️
❤️ကျစ်နည်းအခေါ်အဝေါ်တွေ
❤️ကြိုးရွေးချယ်တာကအစ ကုန်ကြမ်းဝယ်တာအဆုံး သေချာပြောပြပေးပါတယ်
ပြီးစလွယ် မသင်ပါ
စနစ်တကျ တစ်ဆင့်ချင်းသင်ပေးတာပါ ❤️

25/06/2026

ကြိုးကျစ်ပညာသင်တန်း❣️
သင်တန်းကြေး - 45000 ကျပ်

Macramé(မက်ခရာမေး/မက်ခရာမီ)ကြိုးကျစ်သင်တန်းမှာ ဘာတွေသင်ပေးမှာလဲ?
မက်ခရာမီကြိုးကျစ်ပညာကို အခြေခံကျစ်နည်းတွေကနေလူ့အသုံးအဆောင်များလုပ်တတ်တဲ့အထိ တစ်ဆင့်ချင်းသင်ကြားပေးမှာပါ

ကုန်ကြမ်းမဝယ်တတ်မှာလည်းမပူနဲ့
ဝယ်ရမည့်ပစ္စည်းစာရင်း ဝယ်လို့ရမယ့်ဆိုင်မှန်သမျှ ပြောပြထားပေးပါတယ်

ဒီonline class လေး ရဲ့
📍သင်ကြားနည်းကတော့ Facebook private group ထဲမှာ သင်ခန်းစာ videoတွေကို ရာသက်ပန်လေ့လာနိုင်ပါတယ်
နားမလည်ရင်လည်းချက်ချင်း chat boxကနေ admin ကိုမေးလို့ရပါတယ်ရှင်📍

♦️သင်တန်းစတင်မည့်ရက်♦️

ခုငွေလွှဲပြီး ခုစတက်လို့ရပါပြီနော်

သင်တန်းကြေးကို online paymentနဲလက်ခံပေးပြီး
ငွေလွှဲပြီးတာနဲ့စတက်လို့ရပါပြီရှင်❣️

သင်တန်းကြေး - 45000 ကျပ်
တစ်ကြိမ်သွင်းပြီး ရာသက်ပန်လေ့လာနိုင်ပါတယ်
(သင်ထောက်ကူ မပါဝင်ပါ)

#ကြိုးကျစ်လက်မှု

25/06/2026

မင်မင်ရေ မက်ခရာမီသင်တန်းတက်ချင်တာ
ပြည်ပကမို့ ပစ္စည်းဝယ်ရခက်လားဆိုတဲ့သူတွေ ပြည်ပကဆို ပိုလွယ်ပါတယ် ပိုအဆင်ပြေပြီးကုန်ကြမ်းအရောင်အလှsize စျေး ပိုရွေးချယ်စရာများပါတယ်
ဝယ်ရပိုအဆင်ပြေပါတယ် လို့
ပြီးတော့ online classလေးမို့ မည်သည့်နေရာကမဆိုတက်လို့ရပါတယ်ရှင်💕
ပုံကတော့ကျော်သွားကြမှာစိုးလို့ admin macrame tote bag လေးနဲ့ပုံပါ

25/06/2026

သင်တန်းအပ်မယ့်သူတွေငွေလွှဲခါနီး Promotion လူပြည့်မပြည့်မေးပေးကြပါနော်
လူပြည့်ရင် Promotion သင်တန်းကြေးနဲ့မရတော့လို့ပါရှင့်
Promotion လေးမှီချင်ရင်တော့မြန်မြန်သာအပ်ပေးကြပါရှင်💕

Photos from Passionate knotting : Macramé craftcourse's post 25/06/2026

အပြင်သင်တန်း workshop
အခုတော့ မဖွင့်ဖြစ်တော့ပေမယ့် online classလေးက တော့ ဘယ်ချိန်တက်တက်ရပါတယ်နော်💕

Photos from Passionate knotting : Macramé craftcourse's post 25/06/2026

Macramé(မက်ခရာမေး/မက်ခရာမီ) 🧶 ကြိုးကျစ်ပညာအကြောင်း

Macramé ဆိုတာဘာလဲ❓

Macramé ဆိုတာ အကူကိရိယာမပါပဲနဲ့ ကြိုးတွေကိုလက်နဲ့ပဲကျစ်ရတဲ့(hand knotted work)လက်မှုပညာတစ်မျိုးဖြစ်ပါတယ်။

Macramé ဆိုတဲ့စကားလုံးလေးက အာရပ်ဘာသာစကား macramia မှဆင်းသက်လာတာဖြစ်ပါတယ်။
အချို့ကလည်း တူရကီဘာသာစကား makrama မှလာတယ်လို့ဆိုပါတယ်။
၁၃ ရာစုမှာ အာရပ်တို့စတင်ခဲ့တယ် လို့ဆိုကြတဲ့ macramé လက်မှုပညာဟာ ဘေဘီလိုးနီးယားနဲ့ အဆီးရီးယားခေတ် ကတည်းက macramé-style knot ပုံစံတွေကို အသုံးပြုခဲ့ကြတယ်လို့မှတ်တမ်းတင်ထားကြပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး တိုးတက်ထွန်းကားလာတဲ့ အချိန်မှာတော့ ပင်လယ်ကူးသင်္ဘောသားများက macramé အသုံးအဆောင်များကို အားလပ်ချိန်တွေမှာကျစ်ပြီး ပြန်လည်ရောင်းချ၊ ကုန်စည်ဖလှယ်ခဲ့ရာမှ တစ်ဆင့် တရုတ်နှင့် အမေရိကားတိုက်သို့ပါ ပြန့်နှံ့သွားခဲ့ရပါတယ်။
ရာစုနှစ်ပေါင်းများစွာ ကွယ်ပျောက်မသွားပဲ ယနေ့ထိ survive ဖြစ်ခဲ့တဲ့ တန်ဖိုးထားမြတ်နိုးခံရတဲ့ လက်မှုအနုပညာ လည်း ဖြစ်ပါတယ်။
ယနေ့ခေတ်အထိအနောက်နိုင်ငံတွေမှာ fashion trend အနေနဲ့လည်းတွေ့နိုင်မှာပါ
macramé အသုံးအဆောင်များကို အိမ်အလှဆင် decorations လုပ်ရာမှာအသုံးပိုပြုကြပါတယ်.
Home decorations အနေနဲ့ wall hanging အလှဆင်ရာမှစလို့ ပြတင်းတံခါးအလှဆင်တာ၊ ပိုက်ဆံအိတ်၊ အဝတ်အစား နဲ့ accessories များအထိ အမြတ်တနိုးအသုံးပြုကြပါတယ်။
macraméနဲ့ပါတ်သတ်တဲ့အသုံးအဆောင်တွေအခုကလက်ရှိမြန်မာနိုင်ငံမှာတော့ခေတ်စားစ ပြုလာပါပြီ.ထူးခြားတာကတော့ macramé cord တွေက ဝယ်ရခက်ခဲပြီး စျေးမြင့်တဲ့အတွက် macraméနဲ့ပါတ်သတ်တဲ့အသုံးအဆောင်တွေကစျေးမြင့်နိုင်ပါတယ်

အခုMacraméက ခေတ်ပြန်စားလာပြီဆိုတော့သင်ထားရင်မမှားပါဘူး
အသက်မွေးဝမ်းကြောင်းပညာတစ်ခုလည်းဖြစ်ပါတယ်

❌စာများသည်ကိုယ်ပိုင်ideaများမို့ ကူးယူသုံးစွဲခွင့်မပြုပါ❌

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon