Royal Suchit Education

Royal Suchit Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Royal Suchit Education, Educational consultant, No 32, Ground Floor, Corner of Inya Kan street & Yangon/Insein Road, Myanmar, Burma (Myanmar), Yangon.

11/06/2026

🇹🇭 ချင်းမိုင်တက္ကသိုလ်ရဲ့fully-funded Master's & PhD Scholarships ✨
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ Chiang Mai University ကနေ 2026 Academic year အတွက် Master’s နဲ့ PhD ပညာသင်ဆုတွေကို ခေါ်ယူနေပြီဖြစ်ပါတယ်။

Fully Funded type ဖြစ်ပြီး 50 scholarships for Master's, 50 scholarships for PhD ပေးအပ်သွားမှာဖြစ်ပါတယ်။

📌 Scholarship Benefits
ဒီ program က fully funded ဖြစ်တာကြောင့် ◾Full Tuition Fees Cover
◾Monthly living allowance – 12,000 THB ◾Settlement allowance – 6,000 THB
◾Travel allowance
◾Insurance coverage (3,000 THB)
◾Research publication allowance တို့ကိုရရှိပါမယ်။

📌လျှောက်မယ့်သူတွေက အောက်ပါ criteria တွေနဲ့ကိုက်ညီရပါမယ်။
◼️အရင်ဆုံးကျောင်းဝင်ခွင့်ရထားရပါမယ်။
◼️Master’s အတွက် Bachelor GPA အနည်းဆုံး 3.25/4.00
◼️PhD အတွက် Master GPA အနည်းဆုံး 3.50/4.00
◼️English proficiency (IELTS 6.0 / TOEFL iBT 79 / CMU-TEGS 70)
◼️Thesis advisor တစ်ယောက်ရရှိထားပြီးဖြစ်ရမယ်။
◼️Thesis-based program (research ပါတဲ့ program) ဖြစ်ရပါမယ်။

📌Round 2 ခုနဲ့ခေါ်ထားတာဖြစ်ပြီး
🔗Round 1 (Semester 1/2026) အတွက်
June 19, 2026 အထိနဲ့
🔗Round 2 (Semester 2/2026) အတွက်
Nov 1 – Nov 13, 2026 အထိလျှောက်လို့ရပါတယ်။

📌 Required Documents တွေအကုန်လုံးကို pdf file တစ်ခုတည်းနဲ့တင်ပေးရပါမယ်။
📄Application Form
📃CV + Personal Statement
📃Academic Transcripts English test result Research Proposal (2–5 pages + advisor approval)
📃Advisor CV + Recommendation Letter 📃Study plan / milestones စတဲ့စာရွက်တွေတင်ပေးရပါမယ်။

❗ကျောင်းဖက်ကသတိပေးချက်လေးထုတ်ပြန်ထားတာရှိပါတယ်။
ပညာသင်ဆုအတွက်ဆုငွေကို documents review and scholarship approved လုပ်ပြီးသွားမှကျောင်းဖက်ကထုတ်ပေးမှာဖြစ်ပါတယ်✅
Living support ပေးမယ်လို့ပြောပေမယ့် အပေါ်ကလို administrative process တွေ ဆောင်ရွက်နေစဉ်အတောအတွင်းမှာတော့ စရိတ်တွေကိုကိုယ့်ဖက်ကနေစိုက်ထုတ်ဖို့လိုတယ်လို့ ပြောထားပါတယ်✅
Comment မှာ link ချပေးထားပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

09/06/2026

🇩🇪 Germany မှာရှိတဲ့ University of Applied Sciences (UAS) ဆိုတာ ဘာလဲ❓ Traditional Universities တွေနဲ့ ဘာတွေကွာလဲ❓

Germany မှာ ပညာသင်ဖို့ စဉ်းစားနေတဲ့သူတွေ တော်တော်များများက Public University တွေ၊ TU (Technical University) တွေကိုပဲ သိကြပြီး University of Applied Sciences (UAS) တွေအကြောင်းကို သိပ်မသိကြသေးပါဘူး။ မသိ သေးတဲ့သူတွေအတွက် အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ germany ရဲ့ UAS တွေအကြောင်းကိုဒီနေ့ပြောပြပေးသွားပါမယ်။

◾University of Applied Sciences (ဂျာမန်လိုဆိုရင် Hochschule für Angewandte Wissenschaften - HAW ) ဆိုတာက သီအိုရီချည်းပဲသင်တာထက် လက်တွေ့အသုံးချမှု (Applied Learning) ကို ပိုအလေးပေးတဲ့ တက္ကသိုလ်အမျိုးအစား ဖြစ်ပါတယ်။ သင်ခန်းစာတွေကို Industry နဲ့ ချိတ်ဆက်သင်ကြားပေးပြီး Internship, Project Work, Company Collaboration တွေ အများကြီး ပါဝင်လေ့ရှိပါတယ်။

📌Traditional Universities တွေနဲ့ ဘာကွာလဲ❓
◾Traditional Universities တွေက Academic Research နဲ့ Theory ပိုင်းကို အဓိကထားပါတယ်။ Research Paper တွေ၊ Scientific Studies တွေ၊ PhD Preparation တွေကို ပိုအာရုံစိုက်ကြပါတယ်။Programming Theory, Algorithms, Computer Architecture တွေကို အချိန်အများကြီး သင်ရနိုင်ပါတယ်။
◾IT major ကိုဥပမာပေးရရင် Traditional University မှာ Programming Theory, Algorithms, Computer Architecture တွေကို အလေးပေးသင်ရပေမယ့် UAS မှာတော့သင်ခန်းစာတစ်ခုအတွက်
🔗Mobile App တစ်ခုတကယ်ဆောက်ရတာ
🔗Website တစ်ခုတကယ်ဖန်တီးရတာ
🔗Company တစ်ခုရဲ့ Problem ကို ဖြေရှင်းပေးရတဲ့ Project လုပ်ရတာ
🔗Industry Software တွေကို အသုံးပြုရတာမျိုးတွေပါလာပါတယ်။

📌တခြားကျောင်းတွေလိုမျိုးပဲသူ့မှာလည်း
Public and Private Universities of Applied Sciences ဆိုပြီးရှိပါတယ်။ နာမည်အကြီးဆုံး ကျောင်းတွေက
◾Munich University of Applied Sciences
◾TH Köln
◾FH Aachen
◾Frankfurt University of Applied Sciences ◾Hamburg University of Applied Sciences ◾Hochschule Darmstadt
◾IU International University of Applied Sciences
◾UE University of Europe for Applied Sciences
◾GISMA University of Applied Sciences
◾SRH University စတဲ့ကျောင်းတွေဖြစ်ပါတယ်။
နောက်ပြီးတော့ University of Applied Sciences တွေရဲ့ အကြီးဆုံးအားသာချက်က Industry Connection ရှိဝာာကြောင့် ကျောင်းတက်နေတုန်းမှာပဲ Internship တွေ၊ Company Projects တွေရဖို့ပိုလွယ်ပါတယ်။

📍ဂျာမန်ကုမ္ပဏီတွေကလည်း လက်တွေ့ကျကျ အလုပ်လုပ်နိုင်တဲ့ Graduates တွေကို လိုချင်ကြတဲ့အတွက် UAS Graduates တွေဟာ Job Market ထဲ ဝင်တဲ့အခါ အားသာချက်တစ်ခု ရှိတတ်ပါတယ်။ အထူးသဖြင့် IT, Engineering, Business Analytics, Logistics, Supply Chain Management, Automotive Industry နဲ့ Renewable Energy Sector တွေမှာ UAS Background ရှိသူတွေကို အလုပ်ခန့်တဲ့ ဂျာမန်ကုမ္ပဏီတွေတော်တော်များများရှိတာကို admin သတိထားမိပါတယ်။
ဆိုတော့နောက်ဆုံးပြောချင်တာက တစ်ခါတစ်လေ ranking, reputation တွေရှိတဲ့ traditional universities တွေထက် University of Applied Sciences တွေက ကိုယ်သွားမယ့် career အတွက် အများကြီးအထောက်အကူဖြစ်နိုင်တာကြောင့် ကျောင်းရွေးမယ်ဆိုရင် သူတို့ကိုပါထည့်သွင်းစဉ်းစားသင့်ပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

08/06/2026

📌 IT စိတ်ဝင်စားတဲ့သူတွေလေ့လာသင့်တဲ့ James Cook University Singapore ရဲ့ IT & Computing Programs 🇸🇬

➡️ Artificial Intelligence (AI), Cyber Security, Data Science, Cloud Computing နဲ့ Software Development တို့လို နယ်ပယ်တွေကအရှိန်အဟုန်နဲ့ တိုးတက်လာနေတာကြောင့် Technology လောကထဲမှာ Career တစ်ခုတည်ဆောက်ချင်တယ်၊ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တစ်ခုလည်းရချင်တယ်ဆိုရင်
James Cook University Singapore ရဲ့ IT courses တွေကို လေ့လာကြည့်သင့်ပါတယ်။

🎉James Cook University ရဲ့ IT ကျောင်းသားတစ်ယောက်အနေနဲ့ ကမ္ဘာတစ်ဝန်းက IT Professionals တွေ အသိအမှတ်ပြုထားတဲ့ IEEE (Institute of Electrical and Electronics Engineers) နဲ့ Singapore Computer Society (SCS) တို့ရဲ့ Membership အခွင့်အရေးတွေရရှိနိုင်ပါတယ်။ ဒီ Membership အခွင့်အရေးကနေတစ်ဆင့် Industry Trends အသစ်တွေကို လေ့လာနိုင်မှာဖြစ်သလို Professional Network တွေလည်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
🎓Undergraduate programs တွေအနေနဲ့
◾Bachelor of Cyber Security
◾Bachelor of Information Technology
◾Diploma of higher education (majoring in Information Technology)
စတဲ့ဘာသာရပ်တွေကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။

🔗ဒီ programs တွေရဲ့ကျောင်းလခက S$68,800 ဝန်းကျင်ဖြစ်ပါတယ်။
🎓Postgraduate programs တွေအနေနဲ့
◾Master of Information Technology (Majoring in Artificial Intelligence)
◾Master of Information Technology (Majoring in Business Informatics)
◾Master of Information Technology (Majoring in Computing)
◾Master of Information Technology (Majoring in Cyber Security)
◾Master of Information Technology (Majoring in Information Technology Management)
◾Master of Information Technology (Majoring in Interactive Technologies and Games Design)
◾Master of Information Technology (Majoring in Software Engineering)
◾Master of Information Technology – Master of Business Administration
စတဲ့ဘာသာရပ်တွေကိုလေ့လာနိုင်ပြီး
ကျောင်းလခကလည်း S$58,000 ကျော်ပဲရှိပါတယ်။

📍IT ကိုလည်းစိတ်ဝင်စားပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တစ်ခုရချင်တယ်၊ လက်တွေ့အသုံးချနိုင်တဲ့ Skills တွေ သင်ယူချင်တယ်၊ဘွဲ့ရပြီးတဲ့နောက်မှာလည်း Career Opportunities ကောင်းကောင်းတွေရချင်တယ်ဆိုရင် James Cook University Singapore ရဲ့ IT Programs တွေကို လာရောက်စုံစမ်းနိုင်ပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

06/06/2026

🇩🇪 Germany မှာ English Program နဲ့ တက်မယ်ဆိုရင်တောင် German A1-A2 ကလိုသေးတာလား?
ဂျာမနီမှာကျောင်းတက်ဖို့ပြင်နေတဲ့သူတိုင်း ဒါကိုမေးကြပါတယ်။
အတိုဆုံးဖြေရမယ်ဆိုရင်တော့ မဖြစ်မနေမလိုပါဘူး။ သို့သော်လည်း Germany မှာ အဆင်ပြေပြေ နေထိုင်ချင်တယ်၊ Part-time Job ရှာချင်တယ်၊ Graduation ပြီး အလုပ်ဆက်လုပ်ချင်တယ်ဆိုရင်တော့ German Language ကို အခြေခံလောက်သိထားတာက အရမ်းကိုအကျိုးရှိပါတယ်။
တက္ကသိုလ်တွေကနေ English-taught bachelor and master programs တွေအတွက် IELTS, TOEFL, Duolingo ရှိရုံနဲ့တင်လက်ခံနေတဲ့အခြေအနေမျိုးမှာ German A1, A2 Certificate က မဖြစ်မနေလိုအပ်တဲ့ Admission Requirement မဟုတ်ပါဘူး။

❗ဒါဆို ဘာလို့သင်နေရမှာလဲလို့နားလည်မှုလွဲကြပါတယ်။
Lecture Room ထဲမှာ English နဲ့ communication လုပ်တာတွေ၊ သင်တာတွေကိုအမြဲမြင်ရ၊ကြားရနိုင်ပေမယ့် Germany နိုင်ငံဖြစ်တဲ့အတွက် ဥပမာပြောရရင်
🏠 အိမ်ငှားချင်တဲ့အခါ
🛒 Supermarket သွားတဲ့အခါ
🏥 ဆေးခန်းပြတဲ့အခါ
🏦 Bank Account ဖွင့်တဲ့အခါ

📞 Customer Service ကို ဖုန်းဆက်တဲ့အခါ 📮 Official Letter တွေ ဖတ်ရတဲ့အခါ German Language နဲ့ ကြုံရနိုင်တာများပါတယ်။
Berlin, Munich တို့လို မြို့ကြီးတွေမှာ English နဲ့ အဆင်ပြေနိုင်သေးပေမယ့် မြို့သေးသေးလေးတွေ၊ Local Service တွေမှာ German စကားနားလည်နိုင်ရင် ပိုလွယ်ကူပါတယ်။

အရေးအကြီးဆုံးဖြစ်တဲ့ part-time job ရှာတဲ့အခါလည်း ရာခိုင်နှုန်းနည်းနည်းလောက်ပဲ English နဲ့ အဆင်ပြေပေမယ့်
☕Café
🍽️Restaurant
🛍️ Retail Shop
🏪 Supermarket
📦 Warehouse
☎️ Customer Service စတဲ့ Student တွေ လုပ်လေ့ရှိတဲ့ အလုပ်အများစုမှာတော့ German စကားပြောနိုင်တဲ့သူတွေကိုပဲ ပိုရွေးချယ်တတ်ကြပါတယ်။

📌‌အဓိကအချက်အနေနဲ့ ဂျာမနီကိုရေရှည်အတွက်သွားတာ၊ Graduation ပြီးရင် Germany မှာပဲ အလုပ်ဆက်လုပ်မှာဆိုတဲ့သူတွေအတွက်က language တတ်ထားဖို့ပိုပြီးတော့တောင်အရေးကြီးပါတယ်။ Job market ထဲ German B1-C1 လောက်ရှိရင်ကို offer တွေရနေပါပြီ။ LinkedIn မှာလည်း တချို့ international company တွေက German Language ရတဲ့သူတွေကို နေရာပိုပေးလာကြတာတွေ့ရပါတယ်။

ဒီတော့ English program နဲ့ တက်မယ်ဆိုရင် တောင် German ကိုမထားခဲ့သင့်ပါဘူး။ ကျောင်းမလျှောက်ခင်ထဲကကြိုပြီး နည်းနည်းချင်းစီပြင်ထားသင့်ပါတယ်။ ပြင်သစ်ရဲ့ private business school (English taught) တွေကိုသွားတက်တဲ့ ကလေးတွေအများစုလည်း DELF A2 ထိပြင်ပြီးမှသွားကြပါတယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် မသွားခင်ကတည်းက သူတို့ဘာသာစကားကို ထမင်းစားရေသောက်လောက်တော့ပြောတတ်အောင်သင်သွားသင့်ပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

05/06/2026

🎓🇨🇦 Canada မှာ Master’s Degree ကို Fully Funded Scholarship နဲ့ တက်ချင်သူတွေအတွက်
ဒီတခေါက် Canada ရဲ့ အကျော်ကြားဆုံး Leadership-Based Scholarships တွေထဲက တစ်ခုဖြစ်တဲ့ McCall MacBain Scholarship 2027 အကြောင်းကို မျှဝေပေးချင်ပါတယ်။
McCall MacBain ကတော့ GPA ကောင်းရုံနဲ့ ရနိုင်မယ့် scholarship မျိုးမဟုတ်ဘဲ Leadership, Community Service, Initiative နဲ့ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေကို အလေးထားကြည့်တဲ့ Scholarship တစ်ခု ဖြစ်ပါတယ်။ ( GPA ကောင်းဖို့ကလည်းအရေးကြီးပါတယ်)

📌ဆိုတော့ ဒီ Scholarship ကို Canada ရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ McGill University မှာ Master’s Degree (သို့) Professional Program တက်ရောက်ဖို့ ပေးအပ်တာဖြစ်ပါတယ်။

🏆Scholarship ရရှိသူတွေအနေနဲ့
◾Full Tuition Fees
◾Living Stipend တစ်လကို CAD$ 2,300 ◾Montréal မြို့ကိုပြောင်းရွှေ့ဖို့လိုအပ်မယ့် One-time relocation grant
◾Famous leaders တွေရဲ့ Leadership Development Program တွေတက်ရောက်ခွင့် အခမဲ့ One-on-One Mentorship နဲ့ Coaching Sessions
◾Global Network နဲ့ Scholars Community ထဲ ပါဝင်ခွင့်
◾McGill မှ French Language Courses များ တက်ရောက်ခွင့်
◾Summer Project သို့မဟုတ် Community Initiative များအတွက် Funding လျှောက်ထားနိုင်ခြင်း စတဲ့ အကျိုးခံစားခွင့်တွေကို ရရှိနိုင်ပါတယ်။
Selection လုပ်တဲ့အခါလည်း
Community Engagement
Leadership Potential
Entrepreneurial Spirit ရှိတဲ့သူ တွေရဲ့ application က ပိုပြီးအားသာချက်တွေရှိမယ်လို့ တရားဝင်ဖော်ပြထားပါတယ်💯

📌ပြီးတော့ ဒီထဲက တချက်နဲ့ကိုက်ညီရင်လည်း အကျုံးဝင်ပါသေးတယ်။
ကိုယ့်ရဲ့ first bachelor degree ကို August 2027 မတိုင်ခင်ပြီးမယ့်သူဖြစ်ရမယ်။
or
January 2021 နောက်ပိုင်း Bachelor's Degree ရရှိထားသူဖြစ်ရပါမယ်။
or
First degree ရထားတာ 5 နှစ်ကျော်သွားရင် January 1, 2026 မှာ 30 yrs or younger ဖြစ်ရပါမယ်။

📌Application အတွက်ပြင်တဲ့အခါမှာလည်း
◾Personal Information ( Family background, Education history, languages spoken and awards received)
◾Academic and Career Interests
◾Activities and Community Involvement
◾References
◾Endorsement
◾Short Answers and Essays
◾Resume
◾Transcripts စတဲ့အချက်တွေပါနေအောင်ထည့်ဖို့လိုပါတယ်။
ဒီဆုက နှစ်စဉ် Full Scholarship 30 ဦးကို ရွေးချယ်ပေးတဲ့အပြင် Final Stage ထိ ရောက်ခဲ့တဲ့ သူတွေအတွက်လည်း CAD $5,000 ကနေ $40,000 အထိ Entrance Awards တွေ ပေးလေ့ရှိပါတယ်။

🌍 International Applicants တွေက
August 19, 2026 ထိလျှောက်ထားနိုင်ပြီး
🇨🇦 Canada / 🇺🇸 USA Universities Applicants တွေကတော့ September 23, 2026 ထိလျှောက်ထားနိုင်ပါတယ်။

ဒီ link 🔗 မှာ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
https://mccallmacbainscholars.org/resources/
တခြားသိလိုတာတွေရှိရင်လည်း chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

Photos from Royal Suchit Education's post 04/06/2026

🎓🇩🇪 Germany မှာ ပညာသင်စရိတ်အပြည့်နဲ့ Master Scholarship တက်ချင်သူတွေအတွက် Helmut Schmidt Programme 2027

Germany Scholarship တွေထဲမှာ Academic Result တစ်ခုတည်းကိုမကြည့်ဘဲ Leadership, Community Service နဲ့ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုချင်တဲ့ လူငယ်တွေကို အထူးဦးစားပေးရွေးချယ်တဲ့ Scholarship တစ်ခုရှိပါတယ်။ Helmut Schmidt Programme (Master’s Scholarships for Public Policy and Good Governance) လို့ခေါ်ပါတယ်။
သူတို့ပေးရတဲ့ ရည်ရွယ်ချက်ကတော့ Public Sector, Government, NGO, International Organizations တွေမှာ အနာဂတ်ခေါင်းဆောင်တွေဖြစ်လာနိုင်မယ့်လူငယ်တွေကို ပညာရေးနဲ့ အတွေ့အကြုံပိုင်းမှာမြှင့်တင်ပေးဖို့နဲ့ Master ပြီးသွားတဲ့အခါ ကိုယ့်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ပြန်လည်ပါဝင်ကူညီနိုင်မယ့်သူတွေကို ရှာဖွေရွေးချယ်တာဖြစ်ပါတယ်။

ဒီ Programme ကို နာမည်ကြီး DAAD (German Academic Exchange Service) က စီစဉ်ပေးတာဖြစ်ပြီး Developing Countries တွေက အရည်အချင်းရှိတဲ့ လူငယ်ခေါင်းဆောင်တွေကို Germany မှာ Master Degree တက်ရောက်နိုင်ဖို့ အပြည့်အဝထောက်ပံ့ပေးတာဖြစ်ပါတယ်။
ဘယ်ဘာသာရပ်တွေလျှောက်လို့ရမလဲဆိုရင် ✨ Public Policy
✨ Public Administration
✨ Governance and Public Management
✨ Development Studies
✨ Social Protection
✨ Peace and Conflict Studies
✨ Nonprofit Management
✨ Development and Governance စတဲ့ဘာသာရပ်တွေအတွက်လျှောက်ထားနိုင်ပါတယ်။

🔗Scholarship Benefit တွေက
◾လစဉ် €992 Stipend
◾Germany အသွားအပြန် Flight Ticket
◾Full Health Insurance Coverage
◾Study & Research Allowance
◾အိမ်ငှားစရိတ်နဲ့ family allowances ( for some conditions)
◾Master မစခင် ၄ လခန့် German Language Course အခမဲ့တက်ရောက်ခွင့် တို့ကိုရရှိပါမယ်။

🔗လျှောက်ထားမယ့်သူတွေအနေနဲ့
◾January,2020 နောက်ပိုင်းဘွဲ့ရထားတဲ့သူဖြစ်ရမယ်။
◾GPA ကောင်းပြီး IELTS 6.5 or 7 လောက်ရှိဖို့လိုပါတယ်။
◾Leadership skill ကောင်းပြီး NGO, Internship, Volunteer experience တွေ၊ Community Service တွေမှာပါဝင်ဖူးတဲ့သူဖြစ်ရပါမယ်။
ဒါကတော့ တရားဝင်ကြေညာထားတဲ့
📅 Application Timeline ဖြစ်ပါတယ်။
📌 Application Open – 1 June 2026
📌 Application Deadline – 31 July 2026
📌 Result Announcement – December 2026 မှ January 2027
📌 German Language Course – June 2027 📌 Master Programme Start – October 2027

အသေးစိတ်ကို ဒီ link မှာ ဖတ်လို့ရပါတယ်။
https://www2.daad.de/.../en/21148-scholarship-database/...
Chat box မှာ လည်းလာရောက်မေးမြန်းနိုင်ပါတယ်။

👑 Royal Suchit 👑 တို့ဆီမှာဆိုရင် ဂျာမနီ🇩🇪မှာ ပညာသွားရောက်သင်ကြားလိုသူတွေအတွက်
🇩🇪Consultation Free Service
🇩🇪Visa Application service
🇩🇪Admission Service
🇩🇪Accomodation Service
🇩🇪 Blocked Account Service တွေရှိပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

03/06/2026

🇩🇪✨ 𝐆𝐞𝐫𝐦𝐚𝐧𝐲 မှာ Winter Intake အမှီကျောင်းတက်မယ့်ကလေးတွေအတွက် Application တွေစဖွင့်ပေးနေပါပြီ
"Germany မှာ ကျောင်းသွားတက်ချင်တယ်" ဆိုတဲ့ကျောင်းသားတွေအနေနဲ့ အချိန်ဆွဲနေရင် Deadline နီးသွားတဲ့အခါ အခွင့်အရေးကောင်းတွေလွတ်သွားတတ်ပါတယ်။
October မှာအတန်းအစများတာကြောင့် Universities တချို့က 5 လပိုင်းတည်းက application portal တွေဖွင့်ပေးထားကြပြီး July ဒုတိယအပတ်လောက်ဆိုရင်ပိတ်ကြပါပြီ။
🇩🇪 Germany ကို Application လျှောက်ဖို့ဆိုရင်
🔗Academic Documents တွေ ပြင်ဆင်ရမယ်
🔗 ကိုယ့်ရဲ့ပညာရေးကိုအသိအမှတ်ပြုမပြုစစ်ရမယ်။ အများစုက Anabin မှာစစ်ကြတာများပါတယ်။
🔗 Motivation Letter ရေးရမယ်
🔗 German Language (သို့) IELTS Requirement တွေ ပြင်ဆင်ရမယ်
🔗 ကိုယ့် Background နဲ့ ကိုက်ညီတဲ့ Program နဲ့ University တွေ ရွေးချယ်ရမယ်။
🔗Health Insurance, Blocked account တွေ အတွက်စီစဉ်ရမယ်။
အဲဒါတွေအကုန်လုံးကိုအချိန်ယူပြီးစနစ်တကျပြင်ဆင်ရတာဖြစ်လို့အခုထိ
◾ ဘယ် University ရွေးရမလဲ?
◾ ဘယ် Program က ကိုယ့်အတွက် အသင့်တော်ဆုံးလဲ?
◾ IELTS လိုသေးလား?
◾ German Language Level ဘယ်လောက်လိုလဲ?
◾ GPA နဲ့ Background အရ ဘယ်ကျောင်းတွေ Try လို့ရမလဲ?
စတာတွေကိုမသိသေးဘူးဆိုရင် Royal Suchit Education မှာ Free Consultation Booking တွေစယူနိုင်ပါပြီ။
👑 Royal Suchit 👑 တို့ဆီမှာဆိုရင်
ဂျာမနီ🇩🇪မှာ ပညာသွားရောက်သင်ကြားလိုသူတွေအတွက်
🇩🇪Consultation Free Service
🇩🇪Visa Application service
🇩🇪Admission Service
🇩🇪Accomodation Service
🇩🇪 Blocked Account Service တွေရှိပါတယ်။
Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]

📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

01/06/2026

GED ပြီးထားတဲ့သူတွေ၊ Grade 12 အောင်ထားပြီး နိုင်ငံခြားမှာကျောင်းဆက်တက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် PSB Academy 🇸🇬
စင်္ကာပူနိုင်ငံက နာမည်ကြီး Private Education Institution တစ်ခုဖြစ်တဲ့ PSB Academy မှာ July 2026 Intake အတွက် Scholarship Program တွေဖွင့်ထားပါတယ်။

📌GED Total Score 640 နှင့်အထက် ရရှိထားသူတွေ၊ ဒါမှမဟုတ် Grade 12 အမှတ်စုစုပေါင်း 65% နှင့်အထက် ရရှိထားသူတွေဆိုရင် Scholarship 40% အထိ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Interview ဝင်စရာမလိုဘဲ Score ကောင်းရုံ၊ ကျောင်းလျှောက်ထားရုံနဲ့ Scholarship ရရှိနိုင်မှာဖြစ်ပါတယ်💯

📌ပြီးတော့ PSB Academy မှာ Business, Information Technology, Cyber Security, Engineering, Biomedical Science, Media & Communication, Sport & Exercise Science စတဲ့ ယနေ့ခေတ် Job Market မှာ အလွန်လိုအပ်နေတဲ့ ဘာသာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

🔗ဒါ့အပြင် Digital Marketing, Accounting & Finance, Business Analytics, Tourism & Hospitality, Graphic Design, Global Supply Chain Management စတဲ့ Program တွေလည်းရှိတာကြောင့် ကိုယ့်ရဲ့ Career Goal နဲ့ကိုက်ညီတဲ့ ဘာသာရပ်ကို လွတ်လပ်စွာရွေးချယ်နိုင်ပါတယ်။

◾Tuition Fee က $12,000 ကနေ $14,000 ဝန်းကျင်ရှိပေမယ့် 40% Scholarship ရရှိခဲ့မယ်ဆိုရင် မြန်မာငွေ သိန်း ၁၃၀ ကနေ သိန်း ၁၈၀ လောက်အထိ သက်သာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားပညာရေးကို ကုန်ကျစရိတ်သက်သာစွာနဲ့ စတင်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
🎓Diploma Program ကို ၁၂ လခန့် တက်ရောက်ပြီးနောက် Bachelor Degree Program ကို ၁၆ လခန့်ဆက်လက်တက်ရောက်နိုင်ပြီး UK၊ Australia နဲ့ New Zealand တို့က နိုင်ငံတကာအသိအမှတ်ပြု University Partner တွေရဲ့ Degree ကို ရရှိနိုင်မှာဖြစ်ပါတယ်🎓🌍
🎓အလုပ်အကိုင်အခွင့်အလမ်းပိုင်းမှာလည်း PSB Academy က ကျောင်းပြီးတဲ့သူ 84% ဟာ Graduation ပြီး 6 လအတွင်း အလုပ်ရရှိခဲ့ကြတာကြောင့် Career Opportunity ကိုလည်း ယုံကြည်စိတ်ချနိုင်ပါတယ်။
◾English Requirement အတွက်လည်း IELTS ၊Duolingo မဖြေထားရသေးဘူးဆိုရင်လည်း PSB Academy ရဲ့ Online English Placement Test ကို အခမဲ့ဖြေဆိုနိုင်ပါတယ်။
📌July Intake ရှိတာဖြစ်လို့အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်။ အခမဲ့ဆွေးနွေးနိုင်ပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

29/05/2026

🇩🇪 ဂျာမနီမှာအခန်းဘယ်လိုရှာမလဲ? Resident Permit ဘယ်လိုလျှောက်မလဲ? ကလေးနဲ့ spouse ကိုခေါ်လို့ရမလား❗
Chat box မှာ အမေးအများဆုံးဖြစ်တဲ့ ဒီ မေးခွန်းတွေကိုဖြေပေးသွားပါမယ်။

1️⃣Germany မှာအခန်းဘယ်လိုရှာမလဲ❓
Room ဖြစ်ဖြစ် apartment ဖြစ်ဖြစ် register လုပ်ချင်တယ်၊ငှားချင်တယ်ဆိုရင် ကျောင်းသားတွေအနေနဲ့ ကိုယ့်ဒေသက Studentenwerk ကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ ဒါမသုံးချင်လည်း တချို့ကျောင်းသားတွေကတော့ agent တွေကိုကြိုရှာထားခိုင်းတာမျိုးတို့၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာထားကြတာတို့ရှိပါတယ်။

◾မသိသေးတဲ့သူတွေအတွက်ရှင်းပြရရင် Studentenwerk ဆိုတာက Germany မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက် student support organization တစ်ခုဖြစ်ပါတယ်။ University တိုင်းနီးပါးမှာ Studentenwerk တွေရှိတတ်ကြပြီးတော့ ကျောင်းသားတွေနေထိုင်စားသောက်အဆင်ပြေရေးအတွက်ကူညီပေးကြပါတယ်။ ဥပမာအနေနဲ့ပြောရရင် အဆောင်ကူရှာပေးတာမျိုးတို့၊ financial support ကိစ္စတွေကူညီပေးတာမျိုးတို့၊ mental health support၊ basic clinic service စတာမျိုးတွေလုပ်ပေးပါတယ်။

ဒါ့ကြောင့်လည်းတချို့ကျောင်းသားတော်တော်များများက တခုခုခက်ခဲရင် Studentenwerk ကိုပဲ အရင်ဆက်သွယ်ကြတာများပါတယ်။
ဆိုတော့အဆောင်ကိစ္စအတွက် သူတို့ website မှာ accommodation offer တွေ၊ ဈေးနှုန်းတွေ၊ room furnishing ကအစ အခြေအနေတွေအကုန်ကြည့်လို့ရပါတယ်။ အခန်းအမျိုးအစားတွေကိုလည်း simple room၊ couple တွေအတွက် flat ၊ ကလေးရှိတဲ့ students တွေအတွက်နဲ့ disability ရှိတဲ့ students တွေအတွက်ဆိုပြီးခွဲကြည့်လို့ရပါတယ်။
နောက်ပြီး Germany ရောက်တဲ့အချိန်ထိ ကိုယ့်မှာ flat မရသေးဘူးဆိုရင် Studentwerk ကို အမြန်ဆုံးဆက်သွယ်လို့ရပါတယ်။ Semester အစပိုင်းတွေအတွက် သူတို့က emergency accommodation လေးတွေစီစဉ်ပေးတတ်ပါတယ်။

2️⃣ Resident Permit ဘယ်လိုလျှောက်မလဲ❓
Germany ကို visa နဲ့လာပြီး အချိန်ကြာကြာနေမယ့်သူတိုင်း residence permit လုပ်ရပါတယ်။ Immigration Office က တာဝန်ယူပေးပါတယ်။ ဂျာမန်လိုဆိုရင်တော့ Ausländerbehörde လို့ ခေါ်ပါတယ်။ ကျောင်းသားတွေ RP လျှောက်ဖို့အတွက်ဆိုရင်
University enrollment certificate
Accomodation register လုပ်ထားတဲ့စာရွက်
Proof of financing နဲ့
Valid health insurance contract
ဒါတွေ လိုအပ်ပါတယ်။
Student purpose နဲ့ပေးတဲ့ residence permit တွေကများသောအားဖြင့် ၂ နှစ်သက်တမ်းရှိပြီး မကုန်ခင် extension ပြန်လုပ်ရပါတယ်။ Extend လုပ်တဲ့အချိန်တိုင်း valid health insurance ရှိသေးကြောင်းပြရပါတယ်။

3️⃣ ကလေးနဲ့အိမ်ထောင်ဖက်ကိုခေါ်လို့ရလား❓
Germany မှာ student visa နဲ့ residence permit ရထားပြီး နေထိုင်မယ့်ကာလကလည်း တစ်နှစ်ထက်ပိုမယ်ဆိုရင် family reunification လို့ခေါ်တဲ့ မိသားစုကို ကိုယ့်ဆီခေါ်လာလို့ရပါတယ်။ Legally-recognized marriage and birth certificate နဲ့ ကိုယ့်ရဲ့ spouse နဲ့ ကလေး အတွက်လုံလုံလောက်လောက်နေထိုင်စား သောက်စရိတ်ထောက်ပံ့နိုင်ပါတယ်ဆိုတဲ့ proof of finances ကိုသတ်မှတ်ထားတဲ့အတိုင်းပြရပါတယ်။ Public funds ယူလို့မရပါဘူး။

တခြားသိချင်တာတွေရှိရင် chat box, comments မှာမေးထားခဲ့လို့ရပါတယ်။
👑 Royal Suchit 👑 တို့ဆီမှာဆိုရင် ဂျာမနီ🇩🇪မှာ ပညာသွားရောက်သင်ကြားလိုသူတွေအတွက်
🇩🇪Consultation Free Service
🇩🇪Visa Application service
🇩🇪Admission Service
🇩🇪Accomodation Service
🇩🇪 Blocked Account Service တွေရှိပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/
https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

28/05/2026

🇨🇳 China မှာ 100% Scholarship နဲ့တက်ရောက်နိုင်မယ့်အခွင့်အရေး

📌Guangxi Government Scholarship for ASEAN Students

ဒီပညာသင်ဆုက China, Guangxi မှာရှိတဲ့တက္ကသိုလ်တွေမှာ Undergraduate, Master, PhD အတန်းတွေကို အခမဲ့သင်ကြားနိုင်ဖို့ ASEAN ဒေသမှာရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက်ပေးနေတဲ့ပညာသင်ဆုဖြစ်ပါတယ်။

🏆Scholarship Benefits အနေနဲ့

🎓Bachelor’s Degree Programs အတွက်
◾ကျောင်းကြေးကင်းလွတ်ခွင့်
◾Free accommodation
◾Free insurance
◾Monthly stipend: 1,000 CNY

🎓Master’s Degree Programs အတွက်
◾ကျောင်းကြေးကင်းလွတ်ခွင့်
◾Free accommodation
◾Free insurance
◾Monthly stipend: 1,500 CNY

🎓Doctoral Degree Programs အတွက်
◾ကျောင်းကြေးကင်းလွတ်ခွင့်
◾Free accommodation
◾Free insurance
◾Monthly stipend: 2,500 CNY

📌လျှောက်ထားဖို့အတွက်ယေဘုယျလိုအပ်ချက်များ ( General Requirements)

➡️ASEAN ထဲကနိုင်ငံသားဖြစ်ရမယ်။
➡️China Education ကိုအလွန်စိတ်ဝင်စားသူဖြစ်ရမယ်။
➡️အကျင့်စာရိတ္တကောင်းမွန်ပြီး၊ criminal record ကင်းရှင်းသူဖြစ်ရမယ်။
➡️ဒီပညာသင်ဆုလျှောက်ထားတဲ့အချိန် China Government ကပေးတဲ့တခြားပညာသင်ဆုတစ်ခုခုရထားတဲ့သူမဖြစ်ရပါ။

📌Age Requirements
➡️Undergraduate လျှောက်ထားလိုသူတွေက အသက်၂၅နှစ်အောက်ဖြစ်ရပါမယ်။
➡️Master လျှောက်ထားလိုသူတွေက အသက်၃၅အောက်ဖြစ်ရပါမယ်။
➡️PhD လျှောက်ထားလိုသူတွေက အသက်၄၀အောက်ဖြစ်ရပါမယ်။

📌Language Requirement
➡️HSK 4 (minimum score: 180)

📌Required Documents
1️⃣ Application Form
2️⃣ Passport and passport -sized photo
3️⃣ High School or Degree Certificate
4️⃣ HSK/HSKK Certificate
5️⃣ Study and research plan in China (200 words for Bachelor and 800 words for Master and PhD)
6️⃣ Academic transcripts
7️⃣ Two Recommendation Letters
8️⃣ Foreign Physical Examination Form
9️⃣ Police Clearance Certificate
🔟 Certificates of academic achievements and extracurricular activities

❗နောက်ဆုံးလျှောက်ထားရမယ့်ရက်က မေလ၃၁ရက်ဖြစ်ပါတယ်။

Link 🔗
https://gjxy.gxu.edu.cn/gjxy_en/Scholarship/Chinese_Government.htm

သိချင်တာရှိရင် chat box မှာ လာရောက် မေးမြန်းလို့ရပါတယ်။

Our page
https://www.facebook.com/share/19TyKgCfnf/

https://www.facebook.com/share/18cghQGySo/

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗚𝗥𝗢𝗨𝗣 𝗢𝗙 𝗖𝗢𝗠𝗣𝗔𝗡𝗜𝗘𝗦
ရုံးချုပ်အမှတ်(၃၂)၊ မြေညီထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ(အင်းယားကန်လမ်းထိပ်)၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ - 09750917731, 095122442, 09793420719
☎️ - 09750917731 (Viber), 09448006767(Viber)
📧 - [email protected]
📌Location ကို Google Map ကနေတစ်ဆင့် ကြည့်လို့လည်းရပါတယ်နော်
https://maps.app.goo.gl/2jAgBQjdVYp8bUJ48

👑𝗥𝗢𝗬𝗔𝗟 𝗦𝗨𝗖𝗛𝗜𝗧 𝗖𝗢.,𝗟𝗧𝗗👑
- ကုမ္ပဏီမှတ်ပုံတင်အမှတ် - 130439659
- ပြည်တွင်း/ ပြည်ပ ခရီးသွားလိုင်းစင်အမှတ် - T/ l(YGN)-2979
- ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O(YGN)-0836

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

No 32, Ground Floor, Corner Of Inya Kan Street & Yangon/Insein Road, Myanmar, Burma (Myanmar)
Yangon