N3 Private School

N3 Private School

Share

N3privateschool

31/05/2026

🔺️(၂၀၂၆-၂၀၂၇)ပညာသင်နှစ် KG to G-12အတန်းများအားလုံးအတွက် ​ကျောင်းစတင်တက်​ရောက်ရမည့် ​နေ့ရက်နှင့် ​ကျောင်းချိန်ကို သိရှိနိုင်ပါရန် အသိ​ပေးအပ်ပါသည်။

Photos from N3 Private School's post 22/05/2026

🔺️​​ကျောင်းအပ်နှံခြင်း၊ စုံစမ်း​မေးမြန်းခြင်း၊ ယူနီ​ဖောင်းဝယ်ယူခြင်းများကို
​နေ့စဥ်(ပိတ်ရက်မရှိ) ​​နံနက်(၈) နာရီ မှ ​နေ့လယ်(၂)နာရီအတွင်း
ကျောင်းသစ်- အမှတ်(ထ-၁၉၇-၁/၂) ၊ရာဇဓိရာဇ်လမ်း(ဦးဝိစာရလမ်းနှင့် ဗိုလ်မင်း​ရောင်လမ်းကြား)၊ (၄၁)ရပ်ကွက်၊ ​မြောက်ဒဂုံမြို့နယ်တွင် လာ​ရောက်​ဆောင်ရွက်နိုင်ပြီဖြစ်ပါ​ကြောင်း အသိ​ပေးအပ်ပါသည်။

20/05/2026

🔺️ N-3 ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၂၀၂၆-၂၀၂၇) ပညာသင်နှစ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် တန်းခွဲသစ်များ အတွက် အောက်ပါဝန်ထမ်းများကို အလုပ်ခန့်အပ်မည်ဖြစ်သဖြင့် လာရောက် လျှောက်ထားနိုင်ပါသည်။

၁။ အလယ်တန်း - G4 to G7 (အင်္ဂလိပ်စာ) ဘာသာရပ်သင် ဆရာ၊ ဆရာမများ [ Full Time ]
- သက်ဆိုင်ရာ ဘာသာရပ်ကို ကျွမ်းကျင်နှံ့စပ်၍ ဆရာလမ်းညွှန်နှင့်အညီ သင်ကြားပေးနိုင်သူ
- ကလေးများအပေါ် စေတနာထား ဂရုစိုက်ပေးနိုင်သူ
- ဘာသာရပ်ဆိုင်ရာ ကျောင်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းများကို စီမံဆောင်ရွက်နိုင်သူ
- တက်ကြွစွာလုပ်ငန်းခွင်ဝင်နိုင်သူဖြစ်ရပါမည်။

၂။ ကျောင်းရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများ - ကျား / မ [ Full Time ]
- ဘွဲ့ရ(သို့မဟုတ်)ဘွဲ့ကြို၊ အသက်(၄၀)နှစ်ထက် မကြီးသူ
- ကျောင်းလုပ်ငန်းဆိုင်ရာ စာရင်းများကို ကွန်ပျူတာဖြင့် လုပ်ကိုင်ဆောင််နိုင်သူ
- ကျောင်းလုပ်ငန်းဆိုင်ရာစာရင်း၊ အလုပ်များကို အမှားအယွင်းမရှိ တိကျစွာ ဆောင်ရွက်နိုင်သူ
- လုပ်ငန်းအပေါ် စိတ်ဝင်စား၍ သင်ယူလိုစိတ်ရှိသူ
- တက်ကြွစွာ လုပ်ငန်းခွင်ဝင်နိုင်သူ ဖြစ်ရပါမည်။

၃။ Night Study Guide(မ) - ၃ဦး [ Full Time ]
- ဘွဲ့ရ၊ အသက်(၃၀ မှ ၅၀)နှစ်အတွင်းရှိသူ
- အဆောင်တွင် အချိန်ပြည့်/နှစ်ပြည့် ညအိပ်နေနိုင်သူ
- ကလေးများ စာကြည့်ချိန်တွင် လမ်းညွှန်သင်ကြားကြပ်မတ်ပေးနိုင်သူ
- ကလေးများအား ဂရုစိုက်စီမံပေးနိုင်သူ
- အဆောင်ဆိုင်ရာ လုပ်ငန်း/အချိန်များကို စီမံခန့်ခွဲနိုင်သူ ဖြစ်ရပါမည်။

၄။ အ​ထွေ​ထွေ ဝန်ထမ်းများ - ကျား [ Full Time ]
- လုပ်ငန်းခွင်ဝင်ရန် ကျန်းမာသန်စွမ်းသူ
- သင်ယူနာခံတတ်၍ အများနှင့် လိုက်​လျောညီ​ထွေ ဆက်ဆံလုပ်ကိုင်နိုင်သူ ဖြစ်ရပါမည်။

✨️ အမှတ်စဉ်အားလုံးအတွက်လျှောက်ထားသူများသည် ကျောင်းလုပ်ငန်းများကို စိတ်ဝင်စား၊ စေတနာထား၍ တက်ကြွစွာလုပ်ကိုင်နိုင်သူများ ဖြစ်ရပါမည်။
✨️ ကျောင်းလုပ်ငန်းဖြစ်ပါသဖြင့် စာသင်နှစ်အစ-အဆုံးလုပ်ကိုင်နိုင်သူများသာ လျှောက်ထားပေးရန် ဖြစ်ပါသည်။
✨️ အလုပ်ဝင်ရန် ကျောင်းတည်နေရာသို့ သွားလာရေးအဆင်ပြေသူများသာ လျှောက်ထားရန် ဖြစ်ပါသည်။

🔺️ (27-5-2026)နောက်ဆုံးထား၍ လျှောက်ထားသည့်နေရာ၊ မျှော်မှန်းလစာတို့ ပြည့်စုံစွာ ပါဝင်သည့် CV Form ဖြင့် လူကိုယ်တိုင် ​ကျောင်းသို့လာရောက် လျှောက်ထားရပါမည်။
(​ကျောင်းရုံးခန်းဖွင့်ချိန် - တနင်္လာ​နေ့မှ စ​နေ​နေ့အထိ နံနက်(၉)နာရီမှ ​နေ့လယ်(၂)နာရီအတွင်း လာ​ရောက်​လျှောက်ထားနိုင်ပါသည်။)

- (Viber/Onlineများမှ လျှောက်ထား၍ မရပါ။)

- အသေးစိတ်အချက်အလက် များကို N3 Private School Page Messenger တွင်စုံစမ်းမေးမြန်းနိုင်ပြီး
🚫ကျောင်း၏ Contact ဖုန်းများသို့ ဖုန်းဆက်မေးမြန်းခြင်း မပြုလုပ်ပါရန် အသိပေးအပ်ပါသည်။

🔺️ ဆက်သွယ်လျှောက်ထားရန် ကျောင်းလိပ်စာ - အမှတ်(ထ-၁၉၇-၁/၂) ၊ ရာဇာဓိရာဇ်လမ်း (ဗိုလ်မင်း​ရောင်လမ်းနှင့် ဦးဝိစာရလမ်းကြား) ၊ ၄၁ ရပ်ကွက်၊ မြောက်ဒဂုံ ၊ ရန်ကုန်မြို့။ (တံတားဖြူမှတ်တိုင်တွင် ဆင်းပါ။)

Photos from N3 Private School's post 28/04/2026

🔺️ (၂၀၂၆-၂၀၂၇)ပညာသင်နှစ် ​ကျောင်းအပ်နှံ​ရေး အစီအစဥ်🔺️
🔺️ KG to G-12 ​နေ့တက်အတန်းများ နှင့် G-5 to G-12 ​အဆင့်မြင့်ဘော်ဒါတို့အတွက် နေရာသေချာစေရန် လာရောက်စုံစမ်းအပ်နှံနိုင်ပါပြီ✨️

24/04/2026

🔺️ N-3 ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၂၀၂၆-၂၀၂၇) ပညာသင်နှစ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် တန်းခွဲသစ်များ အတွက် အောက်ပါဝန်ထမ်းများကို အလုပ်ခန့်အပ်မည်ဖြစ်သဖြင့် လာရောက် လျှောက်ထားနိုင်ပါသည်။

၁။ မူ၊ လယ်၊ ထက် - KG to G-12 အတန်းထိန်း/ Assistant ဆရာ၊ ဆရာမများ - ၅ဦး [ Full Time ]
- ဘွဲ့ရ(သို့မဟုတ်)ဘွဲ့ကြို၊ အသက်(၄၀)နှစ်ထက် မကြီးသူ
- ကလေးများကို ဂရုတစိုက် ကြည့်ရှု၍ စည်းကမ်းပိုင်းကို ထိန်းသိမ်းပေးနိုင်သူ
- ကျောင်းလုပ်ငန်းများကို စိတ်ဝင်စား၍ သင်ယူလုပ်ကိုင်လိုစိတ်ရှိသူ
- တက်ကြွစွာလုပ်ငန်းခွင်ဝင်နိုင်သူ ဖြစ်ရပါမည်။

၂။ Night Study Guide(မ) - ၃ဦး [ Full Time ]
- ဘွဲ့ရ၊ အသက်(၃၀ မှ ၅၀)နှစ်အတွင်းရှိသူ
- အဆောင်တွင် အချိန်ပြည့်/နှစ်ပြည့် ညအိပ်နေနိုင်သူ
- ကလေးများ စာကြည့်ချိန်တွင် လမ်းညွှန်သင်ကြားကြပ်မတ်ပေးနိုင်သူ
- ကလေးများအား ဂရုစိုက်စီမံပေးနိုင်သူ
- အဆောင်ဆိုင်ရာ လုပ်ငန်း/အချိန်များကို စီမံခန့်ခွဲနိုင်သူ ဖြစ်ရပါမည်။

✨️ အမှတ်စဉ်အားလုံးအတွက်လျှောက်ထားသူများသည် ကျောင်းလုပ်ငန်းများကို စိတ်ဝင်စား၊ စေတနာထား၍ တက်ကြွစွာလုပ်ကိုင်နိုင်သူများ ဖြစ်ရပါမည်။
✨️ ကျောင်းလုပ်ငန်းဖြစ်ပါသဖြင့် စာသင်နှစ်အစ-အဆုံးလုပ်ကိုင်နိုင်သူများသာ လျှောက်ထားပေးရန် ဖြစ်ပါသည်။
✨️ အလုပ်ဝင်ရန် ကျောင်းတည်နေရာသို့ သွားလာရေးအဆင်ပြေသူများသာ လျှောက်ထားရန် ဖြစ်ပါသည်။

🔺️ (9-5-2026)နောက်ဆုံးထား၍ လျှောက်ထားသည့်နေရာ၊ မျှော်မှန်းလစာတို့ ပြည့်စုံစွာ ပါဝင်သည့် CV Form ဖြင့် လူကိုယ်တိုင် ​ကျောင်းသို့လာရောက် လျှောက်ထားရပါမည်။
(​ကျောင်းရုံးခန်းဖွင့်ချိန် - တနင်္လာ​နေ့မှ စ​နေ​နေ့အထိ နံနက်(၉)နာရီမှ ​နေ့လယ်(၂)နာရီအတွင်း လာ​ရောက်​လျှောက်ထားနိုင်ပါသည်။)

- (Viber/Onlineများမှ လျှောက်ထား၍ မရပါ။)

- အသေးစိတ်အချက်အလက် များကို N3 Private School Page Messenger တွင်စုံစမ်းမေးမြန်းနိုင်ပြီး
🚫ကျောင်း၏ Contact ဖုန်းများသို့ ဖုန်းဆက်မေးမြန်းခြင်း မပြုလုပ်ပါရန် အသိပေးအပ်ပါသည်။

🔺️ ဆက်သွယ်လျှောက်ထားရန် ကျောင်းလိပ်စာ - အမှတ် ၁၀၅၈ ၊ ဗိုလ်မင်းရောင်လမ်း ၊ ပင်လုံလမ်းမကြီးအနီး ၊ ၃၅ ရပ်ကွက်၊ မြောက်ဒဂုံ ၊ ရန်ကုန်မြို့။ (၃၅-မှတ်တိုင်တွင် ဆင်းပါ။)

22/04/2026
17/04/2026

မင်္ဂလာအ​ပေါင်းနှင့် ပြည့်စုံပါ​သော သက္ကရာဇ်-(၁၃၈၈)ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်​နေ့ ချိန်ခါသမယမှအစပြု၍ N-3​ကျောင်း​တော်ကြီး၏ မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံ၍ ​​ကောင်းကျိုးလိုရာဆန္ဒအဝဝတို့ကို ပိုင်ဆိုင်ရရှိပြီး ​​ကျန်းမာ ပျော်ရွှင် ​အောင်မြင်နိုင်ကြပါ​စေ​​ကြောင်း နှစ်သစ်နှုတ်ခွန်းဆက် ဆု​တောင်း​မေတ္တာပို့သအပ်ပါသည်။

10/03/2026

🔺️G-12 ​ကျောင်းသား ​ကျောင်းသူများ စာ​မေးပွဲ​ဖြေဆိုရမည့် ​နေ့ရက် နှင့် ဘာသာများ မလွဲမှား​စေ​ရေး သတိပြုနိုင်ပါရန် စာ​မေးပွဲ အချိိန်စာရင်းအား ထပ်မံ​ဖော်ပြအပ်ပါသည်။
🔺️ စာ​မေးပွဲ​ဖြေဆိုရမည့်​နေ့တွင် "စာ​မေးပွဲ​ဖြေဆိုခွင့်ကဒ်ပြား" ကို မ​မေ့မ​လျော့ဘဲ ယူ​ဆောင်သွားပါရန်
🔺️ ဝတ်စုံသတ်မှတ်ချက်ဖြစ်သည့် အဖြူ၊အစိမ်း ကို (မပျက်မကွက်) ဝတ်ဆင်သွားပါရန်
(N-3​ကျောင်းယူနီ​ဖောင်း ဝတ်ဆင်၍မရပါ။)
🔺️ ကားလမ်းပိတ်မည့်အချိန်ကိုပါ ထည့်သွင်းစဥ်းစား၍ စာ​မေးပွဲ​ဖြေဆိုမည့်​ကျောင်းသို့ နံနက်(၈)နာရီထက် ​နောက်မကျဘဲ ​ရောက်ရှိ​အောင် သွား​ရောက်ကြပါရန် ထပ်မံသတိ​ပေးအပ်ပါသည်။

27/02/2026

🔺️ N-3 ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၂၀၂၆-၂၀၂၇) ပညာသင်နှစ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် တန်းခွဲသစ်များ အတွက် အောက်ပါဝန်ထမ်းများကို အလုပ်ခန့်အပ်မည်ဖြစ်သဖြင့် လာရောက် လျှောက်ထားနိုင်ပါသည်။

၁။ အထက်တန်း- G-10, G-11, G-12 (ဘာသာစုံ) ဘာသာရပ်သင် ဆရာ၊ ဆရာမများ [ Full Time or Part Time ]

၂။ မူလတန်း၊ အလယ်တန်း- KG to G-9 (ဘာသာစုံ) ဘာသာရပ်သင် ဆရာ၊ ဆရာမများ [ Full Time ]

၃။ မူ၊ လယ်၊ ထက် - KG to G-12 အတန်းထိန်း/ Assistant ဆရာ၊ ဆရာမများ [ Full Time ]

၄။ အလယ်တန်း၊ အထက်တန်း Guide ဆရာ၊ ဆရာမများ [ Part Time or Full Time ]
(အဆောင်ညအိပ်နေနိုင်သူ ဖြစ်ရမည်။)

၅။ အဆောင်မှူးများ - ကျား / မ [ Full Time ]
(အဆောင်တွင်အချိန်ပြည့်/နှစ်ပြည့် ညအိပ်နေနိုင်သူ ဖြစ်ရပါမည်။)

၆။ ကျောင်းရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများ - ကျား / မ [ Full Time ]
(ကျောင်းလုပ်ငန်းဆိုင်ရာ စာရင်းများကို ကွန်ပျူတာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။)

၇။ လုံခြုံရေးဝန်ထမ်းများ - [ Full Time ]

၈။ သန့်ရှင်းရေးဝန်ထမ်းများ - [ Full Time ]

✨️ အမှတ်စဉ်အားလုံးအတွက်လျှောက်ထားသူများသည် ကျောင်းလုပ်ငန်းများကို စိတ်ဝင်စား၊ စေတနာထား၍ တက်ကြွစွာလုပ်ကိုင်နိုင်သူများ ဖြစ်ရပါမည်။
✨️ ကျောင်းလုပ်ငန်းဖြစ်ပါသဖြင့် စာသင်နှစ်အစ-အဆုံးလုပ်ကိုင်နိုင်သူများသာ လျှောက်ထားပေးရန် ဖြစ်ပါသည်။
✨️ အလုပ်ဝင်ရန် ကျောင်းတည်နေရာသို့ သွားလာရေးအဆင်ပြေသူများသာ လျှောက်ထားရန် ဖြစ်ပါသည်။

🔺️ သင်ကြားရေးဆရာ၊ ဆရာမများသည် သက်ဆိုင်ရာ ဘာသာရပ်ကို ကျွမ်းကျင်နှံ့စပ်၍ ဆရာလမ်းညွှန်နှင့်အညီ သင်ကြားပေးနိုင်သူ၊ ကလေးများအပေါ် စေတနာထား ဂရုစိုက်ပေးနိုင်သူ၊ ဘာသာရပ်ဆိုင်ရာ ကျောင်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းများကို စီမံဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။
🔺️ အတန်းထိန်း/ Assistant ဆရာ၊ ဆရာမများသည် ကလေးများကို ဂရုတစိုက် ကြည့်ရှု၍ စည်းကမ်းပိုင်းကို ထိန်းသိမ်းပေးနိုင်သူ၊ ကျောင်းလုပ်ငန်းများကို စိတ်ဝင်စား၍ သင်ယူလုပ်ကိုင်လိုစိတ်ရှိသူ၊တက်ကြွစွာလုပ်ငန်းခွင်ဝင်နိုင်သူ ဖြစ်ရပါမည်။
🔺️ အဆောင်မှူး၊ Guide ဆရာ၊ဆရာမများသည် ကလေးများ စာကြည့်ချိန်တွင် လမ်းညွှန်သင်ကြားကြပ်မတ်ပေးနိုင်သူ၊ ကလေးများအား ဂရုစိုက်စီမံပေးနိုင်သူ၊ အဆောင်ဆိုင်ရာ လုပ်ငန်းများကို စီမံခန့်ခွဲနိုင်သူ ဖြစ်ရပါမည်။
🔺️ ကျောင်းရုံးပိုင်းဆိုင်ရာဝန်ထမ်းများသည် ကွန်ပျူတာကျွမ်းကျင်၍ ကျောင်းလုပ်ငန်းဆိုင်ရာစာရင်း၊ အလုပ်များကို အမှားအယွင်းမရှိ တိကျစွာ ဆောင်ရွက်နိုင်သူ၊ လုပ်ငန်းအပေါ် စိတ်ဝင်စား၍ သင်ယူလိုစိတ်ရှိသူ၊ တက်ကြွစွာ လုပ်ငန်းခွင်ဝင်နိုင်သူ ဖြစ်ရပါမည်။

🔺️ (5-5-2026)နောက်ဆုံးထား၍ လျှောက်ထားသည့်နေရာ၊ သင်ကြားနိုင်သည့် အတန်းနှင့်ဘာသာ (သင်ကြားရေးဝန်ထမ်းများအတွက်သာ)၊ မျှော်မှန်းလစာတို့ ပြည့်စုံစွာ ပါဝင်သည့် CV Form ဖြင့် လူကိုယ်တိုင် ​ကျောင်းသို့လာရောက် လျှောက်ထားရပါမည်။
(​ကျောင်းရုံးခန်းဖွင့်ချိန် - တနင်္လာ​နေ့မှ စ​နေ​နေ့အထိ နံနက်(၈)နာရီမှ ​နေ့လယ်(၂)နာရီအတွင်း လာ​ရောက်​လျှောက်ထားနိုင်ပါသည်။)

- (Viber/Onlineများမှ လျှောက်ထား၍ မရပါ။)

- အသေးစိတ်အချက်အလက် များကို N3 Private School Page Messenger တွင်စုံစမ်းမေးမြန်းနိုင်ပြီး
🚫ကျောင်း၏ Contact ဖုန်းများသို့ ဖုန်းဆက်မေးမြန်းခြင်း မပြုလုပ်ပါရန် အသိပေးအပ်ပါသည်။

🔺️ ဆက်သွယ်လျှောက်ထားရန် ကျောင်းလိပ်စာ - အမှတ် ၁၀၅၈ ၊ ဗိုလ်မင်းရောင်လမ်း ၊ ပင်လုံလမ်းမကြီးအနီး ၊ ၃၅ ရပ်ကွက်၊ မြောက်ဒဂုံ ၊ ရန်ကုန်မြို့။ (၃၅-မှတ်တိုင်တွင် ဆင်းပါ။)

Photos from N3 Private School's post 23/02/2026

✨️ N-3 ​Private School မှ Grade-5 နှင့် Grade-9 နှစ်ဆုံးစာ​မေးပွဲ သွား​ရောက်​ဖြေဆိုမည့် က​လေးများ အမှတ်တရ💕😍💞
✨️ က​လေးများအားလုံး ဘာသာရပ်အားလုံးကို ထူးချွန်စွာ ​ဖြေဆို​အောင်မြင်နိုင်ပါ​စေ​ကြောင်း N-3 ​ကျောင်း​တော်ကြီးမှ ဆု​မွန်​ကောင်းတောင်းအပ်ပါသည်။🙏💕

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No. 1058, Bo Min Yaung Street, 35 Quarter, North Dagon Township
Yangon