Unity of PFI

Unity of  PFI

Share

PFI means "Practice for Improving". I hope you get knowledge about English from this page.

16/06/2026

အပေါ်ယံစကားလုံးတစ်လုံးရဲ့ နောက်ကွယ်က အဓိပ္ပါယ် ✨

​Hello PFIners! 🙋🏻‍♀️👋

စကားပြောတဲ့အခါဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာဖြစ်ဖြစ် လူတွေဆီကနေ "I'm fine" ''ဂင်ချားနား'' ဆိုတဲ့ စကားသံကို ခဏခဏ ကြားဖူးကြမှာပါ 🤔

​ဒါပေမဲ့ စိတ်ပညာအရ လူတစ်ယောက်က "I'm fine" လို့ ပြောလိုက်ပြီဆိုရင်... ၉၀% အခြေအနေတွေမှာ သူတို့ တကယ် အဆင်မပြေနေတာပဲ ဖြစ်ပါတယ်နော်

​ဒါဆို မ fine ဘဲ ဘာလို့ I'm fine လို့ပြောကြလဲ... 👇

​🌟 စကားလမ်းကြောင်း ဖြတ်ချချင်ခြင်း 🛑

​ကိုယ်က စိတ်ရှုပ်နေလို့အကြောင်းအရာတစ်ခုကို ဆက်မပြောချင်တော့တဲ့အခါ "I'm fine" လို့ သုံးပြီး စကားဖြတ်လေ့ ရှိပါတယ် 🤫

​🌟 ဒုက္ခမပေးချင်တဲ့ အားနာစိတ်

​ကိုယ့်မှာ စိတ်ညစ်စရာ တွေ ရှိနေပေမဲ့. ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက် ဖြစ်သွားမှာ စိုးရိမ်တဲ့အခါမှာလည်း သုံးကြပါတယ် 😭

​🌟 အငြိုးအတေး သွယ်ဝိုက်ပြသခြင်း ⚡

​ဒါကတော့ အဆိုးဆုံးပါပဲ

အထူးသဖြင့် Relationship တွေမှာ တစ်ဖက်လူကို စိတ်ဆိုးနေ၊ စိတ်ကောက်နေလျက်နဲ့ အတင်းအကြပ် ဟန်ဆောင်ပြီး ပြောလိုက်တဲ့ အခြေအနေမျိုးပေါ့🥀

PFIner တို့ရော ကြုံဖူးကြတဲ့အခိုက်အတန့်လေးတွေရှိကြလား 🙄

​''Unity of PFI : Practice For improving''
❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/




10/06/2026

Welcome to Unity of PFI

Hello 𝑷𝑭𝑰ners!🙋‍♀️🤗

Unity of PFI ကနေ International Universities အကြောင်းတွေကို တစ်နေရာထဲမှာ စုံစမ်းချင်ပါသလား ❗️

Study Abroad သွားဖို့ပဲဖြစ်ဖြစ်၊ Work Overseas သွားဖို့အတွက်ပဲဖြစ်ဖြစ် လိုအပ်တဲ့ skills တွေကို သင်ကြားနိုင်မယ့် courses တွေ PFI မှာ အစုံအလင်ရှိတယ်ဆိုတာ သိပြီးပြီလား ❓

ဒါ့အပြင် တခြားလိုအပ်တဲ့ knowledge sharing အစီအစဉ်တွေကိုလည်း တစ်ပြိုင်နက်ထဲမှာ မျှဝေပေးနေတဲ့ PFI ကနေ နောက်ထပ်ဘာတွေ offer လုပ်ပေးသွားမလဲဆိုတာ ဒီ video လေးကို အဆုံးထိ ကြည့်ရှုလိုက်ကြရအောင်နော် 🎥✨

Unity of PFI အနေဖြင့် offer လုပ်ပေးနေသော Program များ

🔰 July English General 4skill class & Free Classes (Thai/ Chinese/ English)
🔰 Private 101 Classes
🔰 PFI Counselling Service





Photos from Unity of  PFI's post 10/06/2026

"စကားလုံးတွေက အတူတူပဲဆိုပေမဲ့ ပြောတဲ့ ‘Tone’ အပေါ်မူတည်ပြီး အဓိပ္ပာယ်တွေ လုံးဝပြောင်းလဲသွားနိုင်တယ်ဆိုတာ သိပါသလား❓"

Hello PFIners တို့ရေ! 👋

ကျွန်တော်တို့ နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ်

အင်္ဂလိပ်စာလေ့လာတဲ့အခါမှာဖြစ်ဖြစ်

တစ်ဖက်လူက ကိုယ့်ကို "ကောင်းစေချင်တဲ့ စေတနာနဲ့ ပြောတာလား" သို့မဟုတ် "မကောင်းတဲ့ ရည်ရွယ်ချက် နဲ့ (ရွဲ့ပြောတာ) လား" ဆိုတာ ခွဲခြားတတ်ဖို့က အရမ်းအရေးကြီးပါတယ်နော် 😎✨

ဒီနေ့မှာတော့ အဓိကကျတဲ့ Tone တွေကို ကောင်းတဲ့ဘက် (Positive) ရော မကောင်းတဲ့ဘက် (Negative) ပါ စုံစုံလင်လင် သိရှိသွားအောင် ဉာဏ်စမ်းမေးခွန်းလေးတွေနဲ့ အတူတူ လေ့လာကြည့်ကြရအောင်ရှင့်! 👇🔥

💡 Learner Takeaway

ကဲ... Learner လေးတို့ရေ! စကားလုံးတွေ တူနေရင်တောင် ပြောတဲ့သူရဲ့ စေတနာနဲ့ "Tone" အပေါ်မူတည်ပြီး အဓိပ္ပာယ်တွေ ဘယ်လောက်ကွာသွားလဲဆိုတာ သိလောက်ပြီထင်ပါတယ်

အပြန်အလှန် ပြောဆို ဆက်သွယ်တဲ့အခါမှာလည်း စေတနာပါတဲ့ Positive Tone လေးတွေကို ပိုသုံးပြီး အတူတူ တိုးတက်အောင် ကြိုးစားသွားကြရအောင်နော်! 🥰✨✨

🌟 Motivation for PFIners: Your Focus Determines Your Reality 🎯✨

ဘဝမှာ ကျွန်တော်တို့ဟာ လူမျိုးစုံ

လေသံမျိုးစုံ နဲ့ ဖြတ်သန်းကြုံတွေ့ရမှာပါပဲ

တချို့က ကိုယ့်ကို အလေးမထားတဲ့ Dismissive Tone နဲ့ ဆက်ဆံကောင်း ဆက်ဆံပါလိမ့်မယ်

တချို့က ကိုယ့်အကြံဉာဏ်တွေကို မယုံကြည်တဲ့ Skeptical Tone နဲ့ ကြည့်ကောင်း ကြည့်ပါလိမ့်မယ်

ဒါပေမဲ့ စိတ်မပျက်ပါနဲ့ PFIners တို့ရေ 🤍

ဘေးလူတွေ ဘယ်လိုပဲ အပျက်သဘောဆောင်တဲ့ စကားတွေနဲ့ ပြောပါစေ
ကိုယ့်ရဲ့ အတွင်းစိတ်ဓာတ်ကတော့ အမြဲတမ်း Optimistic (အကောင်းမြင်စိတ်) ရှိနေဖို့ လိုပါတယ်

"သူတို့ ငါ့ကို အထင်သေးတယ်" ဆိုပြီး စိတ်ဓာတ်ကျမယ့်အစား... "ငါ့ရဲ့ ကြိုးစားမှုက တစ်နေ့ သက်သေပြလိမ့်မယ်" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွန်းအားပေးပါ

တစ်ကမ္ဘာလုံးက မယုံကြည်ရင်တောင် မိမိကိုယ်ကိုယ် ယုံကြည်တဲ့ တက်ကြွတဲ့ အသံလေး စိတ်ထဲမှာ အမြဲရှိနေပါစေနော်! 🚀🔥

ကဲ... Learner လေးတို့ရေ... မေးခွန်း (၁) ကနေ (၃) အထိ အဖြေမှန်လေးတွေကို Comment မှာ 👇

အဖြေလေးတွေ မန့်ခဲ့ပေးခဲ့ပါဦးနော် 💬✨

❝ 𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈 ❞ ✨🧚‍♀️💎

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz







08/06/2026

Hello PFIners လေးတို့ရေ ❣️

"All skills can't be at the same level" ဆိုတဲ့ စကားလေး ကြားဖူးကြလား? 🤔

အဓိပ္ပာယ်ကတော့ "လူတစ်ယောက်မှာ ရှိတဲ့ skills အားလုံးဟာ တူညီတဲ့ level မှာ မရှိနေနိုင်ဘူး" လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်

ကျောင်းသား ကျောင်းသူတွေမှာလည်း English level test စစ်တဲ့ အချိန်မှာ အများအားဖြင့် overall level ကိုပဲ ကြည့်ပြီး သတ်မှတ်ကြတယ်📊

ဒါပေမယ့်
🗣 Speaking နဲ့ Listening မှာ Intermediate မှာ ရှိနေပြီး
✍️ Writing နဲ့ Reading မှာတော့ Elementary level မှာပဲ ရှိနေတာမျိုး ဖြစ်နေတတ်ပါတယ်

အဲ့လိုမျိုးမှာ overall Intermediate level ကိုပဲ အတည်ယူပြီး ဆက်လေ့လာနေမယ်ဆိုရင် ထိရောက်တဲ့ လေ့ကျင့်မှုမျိုး ရရှိမှာ မဟုတ်ပါဘူး ❌

💡 "ကိုယ့် level ကနေ ပိုပြီး improve ဖြစ်ဖို့ဆို တစ်ဆင့်မြင့်တာကို လေ့လာကြရတာ မဟုတ်ဘူးလား?"

ဒါကြောင့် PFI မှာတော့ ကျောင်းသားတွေရဲ့ overall level ကို မကြည့်ဘဲ skill တစ်ခုချင်းစီရဲ့ level ကို သေချာလေ့လာပြီး သင်ရိုးဆွဲပေးတဲ့ One-on-One Class လေး ရှိပါတယ်🎯

ပိုမိုထိရောက်ပြီး မြန်မြန် improve ဖြစ်ချင်တယ်ဆိုရင်တော့ PFI မှာ One-on-One Class လေး join ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်! 🙌

✨ Free Consultation နဲ့ တစ်ယောက်တည်းကိုပဲ focus ထားပေးပြီး ကိုယ့် English skills တွေကို improve ဖြစ်ဖို့ အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်စေမယ့် သင်ရိုးဆွဲပြီး သင်ကြားပေးမှာပါ

🌟 PFI — Practice For Improvement 🌟

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz


05/06/2026

Hello PFIners လေးတို့ရေ! ❣️

🎉 General English Class လေးကို ငွေမကုန်ဘဲ တက်ရောက်နိုင်မယ့် အခွင့်အရေးလေး လာပါပြီ!

Free Class လေးမို့ စာသင်တာ အဆင်ပြေပါ့မလားလို့ တွေးနေသလား? 🤔
စိတ်မပူပါနဲ့ — ပုံမှန် Class တွေလိုပဲ သေသေချာချာလေး သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ✨

🎁 Benefits of Free Class
Completely free learning opportunity
Certificate ရရှိနိုင်ခြင်း
Paid Classes များတက်ရောက်ရန် Discount Coupon ရရှိနိုင်ခြင်း

📚 တက်ရောက်နိုင်မယ့် အတန်းများ
📖 Grammar Level 1 Class (A1 & A2)
🗣 Speaking Level 1 Class (A1 & A2)

⏳ Duration: 2 Months

👤 🔗 Teacher Profile

https://www.facebook.com/share/p/1E2Z1aFGGe/

⭐️ 🔗 Student Feedback
https://www.facebook.com/share/p/174vEMZLoU/

https://www.facebook.com/share/p/18LmGxLWmF/

https://www.facebook.com/share/p/1AzADq1Z6t/

😟 ကိုယ့်ရဲ့ English Level မသိလို့ စိတ်ညစ်နေသလား?
👉 မပူပါနဲ့! PFI မှာ Free Level Test လေး စစ်ကြည့်နိုင်ပါတယ် ✅

တောက်လျှောက် လေ့လာနေပေမယ့် တိုးတက်မှုကို မခံစားရဘူး ဖြစ်နေလား?
👉 PFI မှာ Free Consultation ယူပြီး ဆွေးနွေးကြည့်ပါ — အကောင်းမွန်ဆုံး နည်းလမ်းတွေ အကြံပေးပါလိမ့်မယ် 💡

Class လေးတက်ရောက်ချင်တယ်ဆိုရင် —

✅ အောက်က Link လေးကို Like & Follow လုပ်ပေးပြီး
✅ Survey လေးကိုလည်း ဖြည့်ပေးခဲ့ပါ 📝
📣 နောက်ဆုံးအနေနဲ့ ဒီ Post လေးကို Public နဲ့ Share ပြီး Screenshot ကို Comment မှာ ချန်ခဲ့ဖို့ မမေ့နဲ့နော်! 📸

✨❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz


Photos from Unity of  PFI's post 04/06/2026

မင်းကို ဘယ်အရာကမှ တားဆီးလို့မရဘူးဆိုတာ သိရဲ့လား ❓ ❝𝑼𝒏𝒔𝒕𝒐𝒑𝒑𝒂𝒃𝒍𝒆 ❞ 🦾 🔥

Hello PFIners! 👋

သီချင်းနားထောင်ရင်း English စာလေ့လာရတာ ပျင်းစရာမကောင်းတဲ့အပြင် Vocabulary အသစ်တွေကိုလည်း ရင်ထဲရောက်အောင် မှတ်မိစေပါတယ်နော် ✨ 🎧
ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကို Confidence အပြည့်အဝရစေမယ့် "Sia" ရဲ့ "Unstoppable" သီချင်းလေးထဲက စာသားလှလှလေးတွေကို လေ့လာကြည့်ရအောင် 💥

📺 Watch & Listen on YouTube
🔗 [ https://youtu.be/oS07d8Gr4tw?si=zorpupTN2zwbCxkl ]
(သီချင်းလေးကို နားထောင်ရင်း အောက်က Lyrics Cards လေးတွေကို တစ်ချက်ချင်း လိုက်ဖတ်ကြည့်ရင် ပိုမှတ်မိစေပါတယ်နော်) 🎵

-----------

🌟 Motivation for Today
"PFIners" လေးတို့ရေ 🤍
ဘဝမှာ အခက်အခဲတွေ ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကို "Invincible" ဖြစ်တယ်လို့ ယုံကြည်လိုက်ပါ။ မင်းရဲ့ စိတ်ဓာတ်သာ ခိုင်မာနေမယ်ဆိုရင်တော့ ဘယ်အတားအဆီးကမှ မင်းရဲ့ အောင်မြင်မှုကို တားဆီးထားနိုင်မှာ မဟုတ်ပါဘူး! 💪🔥
Learner လေးတွေကိုရော ဘယ်အရာက ခွန်အားဖြစ်စေသလဲ? နောက်ထပ် ဘယ်သီချင်းနဲ့ လေ့လာချင်သေးလဲ ဆိုတာကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်! 👋💬

💖 Special Thanks from PFI

ဒီနေ့ရဲ့ သင်ခန်းစာလေးကို အဆုံးထိ စိတ်ဝင်တစား ဖတ်ရှုလေ့လာပေးခဲ့တဲ့အတွက် Unity of PFI မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🌷✨Learner တို့ရဲ့ တိုးတက်လိုစိတ်က ငါတို့အတွက် အကြီးမားဆုံး ခွန်အားပါပဲ။ ရှေ့ဆက်ပြီးတော့လည်း အတူတူ လေ့လာသွားကြမယ်နော်။ ✨🤝

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz







Photos from Unity of  PFI's post 04/06/2026

သာမန်အဖြူအမည်း ဘဝလေးကို အရောင်အသွေးနဲ့ အသက်သွင်းချင်ကြတယ်မလား❓

"Ordinary" 🏛✨
By Alex Warren

Hello PFIners တို့ရေ! 👋

ပုံမှန်အတိုင်း English စာလေ့လာရတာပျင်းနေပြီလား 🤔
ဒါဆိုရင်တော့ သီချင်းလေးနားထောင်ပြီး အသုံးအနှုန်း အသစ်လေးတွေ လေ့လာကြရအောင် 👏

ဒီနေ့မှာတော့ Alex Warren ရဲ့ ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ "Ordinary" ထဲက Native တွေပဲ သုံးလေ့ရှိတဲ့ အဆင့်မြင့် Metaphors လေးတွေကို လေ့လာကြည့်ရအောင် 💥

-----------

🌟သီချင်းထဲမှာ "Make the mundane our masterpiece" ဆိုတဲ့ အသုံးအနှုန်းလေး ပါပါတယ်။✨

အဓိပ္ပာယ်ကတော့ "ရိုးရှင်းလွန်းတဲ့ နေ့စဉ်ဘဝကို အနုပညာလက်ရာတစ်ခုလို လှပအောင် ဖန်တီးမယ်" ဆိုတဲ့ သဘောပါ 🌼

ကိုယ့်ရဲ့ ကြိုးစားမှုတွေက အစပိုင်းမှာ သာမန်လို့ ထင်ရပေမဲ့ အဲ့ဒီထဲကနေ အနုပညာလက်ရာ တစ်ခုဖြစ်လာအောင် ဇွဲရှိရှိနဲ့ ဆက်လက်ထွင်းထုသွားကြပါ! 💪🔥

PFIner တို့ရဲ့ အကြိုက်ဆုံး သီချင်းတွေကိုလည်း comment မှာ ဝေမျှပေးခဲ့ပါဦးနော်!👋💬

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz





Photos from Unity of  PFI's post 03/06/2026

ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီးရဲ့ ဉာဏ်အကောင်းဆုံး စာလေ့လာနည်းဗျူဟာ 🌌🔥

Hello PFIners တို့ရေ! 👋

စာတွေကို အပီအပြင် အလွတ်ကျက်တယ်၊ ဒါပေမဲ့ စာမေးပွဲခန်းထဲရောက်ရင် ဇဝေဇဝါဖြစ်ပြီး မေ့သွားတတ်ကြလား 😭

ဒီနေ့မှာတော့ ကမ္ဘာကျော် Nobel ဆုရှင် ရူပဗေဒပညာရှင်ကြီး Richard Feynman ရဲ့ "The Feynman Technique" ဆိုတဲ့ စာလေ့လာနည်းကို မျှဝေပေးချင်ပါတယ်။

ဒီနည်းလမ်းက ရိုးရိုးလေးပါပဲနော်
-"If you can't explain it simply, you don't understand it well enough ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ 🤔

ဒီနည်းလမ်းကတော့ အဆင့် (၃) ဆင့်လေးပါပဲနော်... 👇

🌟 စာအုပ်ထဲကအတိုင်း မဟုတ်ဘဲ ကလေးတစ်ယောက်ကို ရှင်းပြသလို ရှင်းပြပါ 👦

- ကိုယ်လေ့လာထားတဲ့ ခက်ခဲတဲ့အကြောင်းအရာတစ်ခု ကို အသက် (၆) နှစ်အရွယ် ကလေးတစ်ယောက် နားလည်နိုင်လောက်တဲ့အထိ ရိုးရှင်းတဲ့ စကားလုံးတွေ၊ ဥပမာတွေ သုံးပြီး ချရေး (ဒါမှမဟုတ်) အသံထွက်ပြီး ပြန်ရှင်းပြကြည့်ပါ ✅

🌟 ကိုယ် ပြန်မရှင်းပြနိုင်တဲ့ "ကွက်လပ်" ကို ပြန်ရှာပါ 🔍

- ကလေးတစ်ယောက်ကို ရှင်းပြဖို့ ကြိုးစားတဲ့အခါ " ဒီနေရာကျရင် ငါ စကားလုံးတွေ ထစ်သွားတယ်၊ သေချာ မရှင်းပြတတ်တော့ဘူး" ဆိုပြီး ကိုယ်တိုင် ဝေခွဲမရတဲ့ အပိုင်းကို ချက်ချင်း သိရှိသွားပါလိမ့်မယ်
အဲ့ဒီအချက်က ကိုယ့်ရဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ် ✅

🌟 စာအုပ်ထဲ ပြန်သွားပြီး လိုအပ်တာကို ထပ်ဖြည့်ပါ 📚

- ထစ်သွားတဲ့နေရာကို သိပြီဆိုတာနဲ့ စာအုပ်ထဲကို ပြန်သွားပြီး သေချာအောင် ထပ်ဖတ်ပါ
ပြီးရင် ရိုးရှင်းနဲ့စကားလုံးတွေနဲ့ ပုံဖော်ကြည့်လိုက်ပါ ✅

ဒါဟာ ဘာလို့ အလုပ်ဖြစ်တာလဲ? 🤔

- အလွတ်ကျက်တဲ့သူတွေက အပေါ်ယံ ကိုပဲ မှတ်မိတာဖြစ်ပြီး၊ သူတစ်ပါးကို ပြန်ရှင်းပြဖို့ ကြိုးစားတဲ့သူကတော့ အဲ့ဒီသင်ခန်းစာရဲ့ အနှစ်ချုပ် ကို ဦးနှောက်ထဲမှာ 100% စုပ်ယူသွားနိုင်လို့ ဖြစ်ပါတယ် 😎✨

ကိုယ့်ရဲ့ စာလေ့လာမှု စွမ်းရည်ကို အဆင့်မြှင့်တင်ဖို့အတွက် "The Feynman Technique" ကို စပြီး သုံးကြည့်ကြည့်ပါနော် ☃️

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz






01/06/2026

တကယ့် အရေးကြီးတဲ့အရာတွေကို မျက်စိနဲ့ မြင်နိုင်ပါ့မလား❓

Hello PFIners တို့ရေ! 👋

ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ပြန်ဆိုထားရတဲ့ "The Little Prince" အကြောင်းကို မျှဝေပေးချင်ပါတယ် ✨

ဒီစာအုပ်ဟာ ရိုးရှင်းတဲ့ စကားလုံးလေးတွေနဲ့ စာဖတ်သူရဲ့ အသည်းထဲထိ စွဲအောင်ရေးသားနိုင်လို့ ဖတ်ဖို့အကြံပေးလိုက်ပါတယ်နော် ☃️

• စာအုပ်အကျဥ်း ✈️🌟

Sahara သဲကန္တာရထဲမှာ လေယာဉ်ပျက်ကျနေတဲ့ လေယာဉ်မှူးတစ်ယောက်ဟာ တခြား ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတစ်ခုကနေ ရောက်လာတဲ့ မင်းသားလေးတစ်ပါးနဲ့ ဆုံတွေ့ခဲ့ပါတယ် 🚀

မင်းသားလေးဟာ သူ့ရဲ့ ခရီးစဉ်တစ်လျှောက်မှာ တွေ့ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ လူကြီးတွေအကြောင်းနဲ့ သူမြတ်နိုးရတဲ့ နှင်းဆီပန်းလေးအကြောင်းကို ပြောပြတဲ့ ပုံပြင်လေးပဲ ဖြစ်ပါတယ်

• ဘာကြောင့်ဖတ်သင့်လဲ ⭐️

ဒီစာအုပ်မှာ သုံးထားတဲ့ ဝါကျတွေဟာ တိုတိုနဲ့ ရှင်းရှင်းလေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီစာကြောင်းလေးတွေထဲမှာ Metaphors ကို သုံးပြီး ဘဝရဲ့ အနှစ်သာရတွေကို ဖော်ပြထားပါတယ် 🔅

အင်္ဂလိပ်စာ လေ့လာသူတွေအတွက် စာကြောင်းအထားအသိုတွေကို နားလည်ရလွယ်ကူစေတဲ့အပြင် စာဖတ်ခြင်းရဲ့ ရသကိုပါ အပြည့်အဝပေးနိုင်မှာပါ 🙆‍♀

• Quote 🌟

"It is only with the heart that one can see rightly; what is essential is invisible to the eye."

ဒီစာသားလေးက... အရေးကြီးတဲ့ အရာတွေကို မျက်စိနဲ့ မမြင်နိုင်ဘဲ နှလုံးသားနဲ့ ကြည့်မှသာ အမှန်အတိုင်း မြင်နိုင်တယ်လို့ ဆိုလိုတာပါ 🌸

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz





31/05/2026

စွန့်စားဖို့ ကြောက်နေလို့ ကိုယ့်ကိုယ်ကို ဆုံးရှုံးခံလိုက်တော့မှာလား ❓

Hello PFIners တို့ရေ 👋

လူတိုင်းက ဘာသာစကားအသစ်တစ်ခု သင်ယူဖို့ ဒါမှမဟုတ် ကိုယ့်ရဲ့ အိမ်မက်နောက်ကို လိုက်ဖို့အတွက် အမြဲတမ်း တွန့်ဆုတ်နေတတ်ကြပါတယ် 🧗‍♂️

"ငါသာ အမှားလုပ်မိရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ ကြောက်စိတ်က ကျွန်တော်တို့ကို ပိတ်လှောင်ထားတတ်တာပါ 🚫

Kierkegaard ပြောခဲ့သလိုပါပဲ... တစ်ခုခုကို စွန့်စားလုပ်ဆောင်လိုက်တဲ့အခါ ခဏတာတော့ ခြေချစရာနေရာ ပျောက်ဆုံးသွားသလို ခံစားရနိုင်ပါတယ် 🌊

ဒါပေမဲ့ မစွန့်စားဘဲ နေလိုက်မယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ လူတစ်ယောက် ကို ထာဝရ ဆုံးရှုံးသွားရမှာပါတဲ့ 💔

--------------------

ကဲ PFIner တို့လည်း 🤍

ခြေလှမ်းမှားမှာကို မကြောက်ပါနဲ့။ ကိုယ့်ကိုယ်ကို ဆုံးရှုံးလိုက် ရမှာကိုပဲ ကြောက်ကြပါ 💥🚀

❝𝑷𝑭𝑰 : 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝑭𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒊𝒏𝒈❞

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 TikTok Channel
https://www.tiktok.com/?_t=ZS-8xCkV9mKdxY&_r=1

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Telegram Channel
https://t.me/unityofpfieducation

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 YouTube channel
https://youtube.com/?si=0xjuG2_TuxP7VHX5

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Japanese Center page
https://www.facebook.com/profile.php?id=61565447920069&mibextid=ZbWKwL

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Chinese Center page
https://www.facebook.com/share/16Yw5Fed9G/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 - Facebook Main Page
https://www.facebook.com/share/17B2LfDyfN/

📌 𝑼𝒏𝒊𝒕𝒚 𝒐𝒇 𝑷𝑭𝑰 Viber channel
https://invite.viber.com/?g2=AQBySESwT%2FfuaVL4MhomjviTsvs3J0uJ9PYy3BYNHeHNDnuSJj1Q%2Bx17NwUB5yUz




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon
11301