29/05/2026
အားလုံး ဗဟုသုတတိုး၍ ဘဝမှာ အသုံးချနိုင်ပီး အောင်မြင်စေဖို့ သိထားတာလေးကို မျှဝေပေးလိုက်ပါတယ်။အားလုံး အကျိုးရှိကြပါစေ။
THIHA ( MDK )
29th May 2026
Friday
The more you learn, the more you see.
29/05/2026
အားလုံး ဗဟုသုတတိုး၍ ဘဝမှာ အသုံးချနိုင်ပီး အောင်မြင်စေဖို့ သိထားတာလေးကို မျှဝေပေးလိုက်ပါတယ်။အားလုံး အကျိုးရှိကြပါစေ။
THIHA ( MDK )
29th May 2026
Friday
29/05/2026
Hello.....hello...
တစ်ဦးချင်းသီးသန့် ( One On One )အတန်းများကို
အပ်လို့ရသေးလားလို့ မေးထားသူများအတွက်ပါ အပ်လို့ရပါသေးတယ်။
🔴အင်္ဂလိပ်စကားပြောဖို့ ဘယ်ကစပြောရမှန်းမသိလို့ကြောက်နေသူများ။
🔴အခြေခံမှစပီး စနစ်တကျ သင်လိုသူများ။
🔴နိုင်ငံခြားသွားဖို့ပြင်ဆင်နေသူများ။
🔴လုပ်ငန်းခွင်မှာ ဘာသာစကားပြောဖို့ ခက်ခဲနေသူများ။
🔴အလုပ်တစ်ဖက်နဲ့ မို့အတန်းချိန် သီးသန့်ညှိလိုသူများ။
🔴တစ်ဦးချင်း အနီးကပ် သီးသန့်သင်လိုသူများ။
🔴အများနဲ့သင်ရမှာ ရှက်လိုကြောက်လိုသူများ။
မိမိရည်မှန်းချက်တွေ ပြည့်လာစေဖို့ အတန်းများကို အချိန်ညှိ သင်ကြားပေးနပါသည်။။
📌အသေးစိတ်သိရဖို့ ဆက်သွယ်ရန်ဖုန်း
Viber / Telegram
09781902719.
Thiha ( MDK )
16/05/2026
စာသင်တာ အရင်းအနှီးမလိုဘူးထင်သူများသို့
စာသင်ရတာ အရင်းအနှီးမလိုဘူးလို့ တချို့က ထင်ကောင်းထင်မယ်။ စာသင်နေတဲ့အခါ စာအုပ်တစ်အုပ်လောက်ကိုင်၊ ဒါမှမဟုတ် စာအုပ်တောင် မကိုင်ဘဲ လေကလေးနဲ့ ပြောနေတာကို အများတွေ့ဖူးကြတာကိုး။ ဒါပေမဲ့ စာသင်တာကို professional ကျကျလုပ်သူတိုင်းမှာ အရင်းအနှီးတွေ အများကြီး လိုအပ်ပါတယ်။
အရင်းအနှီးတွေထဲမှာ အရေးအကြီးဆုံး အရင်းအနှီးက ပညာအရင်းအနှီးပါ။ စာသင်တယ်ဆိုတာ ကိုယ်တတ်သမျှ တဆင့်ပြန်သင်ပေးရတာပဲ။ ကိုယ်က မတတ်တတတ်ဆို တပည့်တွေကို ဘယ်လိုများ ပြန်သင်ပါ့မလဲ။ ဒီတော့ ပညာတွေ စဉ်ဆက်မပြတ် ဆည်းပူးရပါတယ်။ ပညာအရင်းအနှီးအပြင် လိုအပ်တဲ့ တခြားအရင်းအနှီးတွေ ရှိသေးတယ်။
(၁) ငွေကြေးအရင်းအနှီး
Professional ဆရာတစ်ယောက် ငွေကြေးအရင်းအနှီးမရှိဘူးလို့ ထင်တဲ့ အထင်က တက်တက်စင်အောင် လွဲပါတယ်။ စာအုပ်တွေ ဝယ်ရပါတယ်။ မေးခွန်းအယူအဆ တစ်ချက်ကလေးသိရဖို့တင် စာအုပ်လေးငါးအုပ်လောက် ဝယ်ဖတ်ကြည့်ရတာ ရှိတယ်။ စာအုပ်တွေ အစအဆုံး ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မယ် ဒါပေမဲ့ လိုတာလေးတွေ ညှိနှိုင်းဖို့ ဝယ်ရတယ်။ ဖတ်ကြည့်ရတယ်။ ကိုယ်တတ်ဖို့ပါ လုပ်ရတော့ ပညာဖြည့်ဆည်းရတာ စာအုပ်စာတမ်း၊ အခွေ၊ software စတာတွေ ဝယ်ရပါတယ်။ ကျွန်တော်ဆို စာသင်တာနဲ့မဆိုင်တဲ့ စာအုပ်တွေမပါ စာသင်ဖို့ စာအုပ်သက်သက်နဲ့တင် တစ်လကို ငါသောင်းလောက် ကုန်ကျပါတယ်။ တချို့ဆရာတွေ စာသင်ဖို့ ဝယ်ရတာ တစ်လကို သိန်းချီကုန်တာ မြင်ရပါတယ်။ ဒီလို စုဆောင်းလေ့လာထားတဲ့အခါ နယ်ပယ်အစုံကို ထိတွေ့သင်ကြားနိုင်ပါတယ်။ တစ်နည်းပြောရရင် ဘယ်စာမဆို သင်နိုင်၊ အသက်မွေးဝမ်းကျောင်းနိုင်ပါတယ်။
စာအုပ်ဖိုး တစ်ခုတည်းနဲ့တင် ပြီးသလားဆိုတော့ မပြီးသေးဘူး။ အင်တာနက်ဖိုးရှိသေးတယ်။ လိုအပ်တဲ့ video fileတွေ၊ အသံဖိုင်တွေ၊ software တွေ၊ ပုံတွေ ရှာဖွေ download လုပ်တာ အင်တာနက်ဖိုး ဘယ်လောက် ကုန်လိုက်မလဲ တွေးကြည့်ပေါ့။
တချို့ သင်တန်းတွေ online/offline တက်ရပါတယ်။ အခမဲ့သင်တန်းဆို စရိတ်ကုန်ပါတယ်။ အခပေးသင်တန်းဆို သင်တန်းကြေးကုန်ပါတယ်။ နည်းစနစ်သိရဖို့ ပိုထိရောက်ဖို့ အရင်းအနှီးပြုရပါတယ်။
(၂) အချိန်အရင်းအနှီး
စာကို သာမန်ဝတ်ကျေတန်းကျေသင်သူမဟုတ်ဘဲ professional သင်တဲ့သူမှန်သမျှ ကြည့်လိုက်ပါ။ မေးမြန်းကြည့်ပါ။ လေ့လာဆည်းပူး၊ တွေးတောကြံဆ၊ တိုင်ပင်နှီးနှောတာတွေ မရှိတဲ့သူ လုံးဝမရှိပါဘူး။ ကျွန်တော့် account ထဲမှာ စာသင်ကောင်းသူတွေ အများကြီးရှိပါတယ်။ တစ်ယောက်မှ အေးအေးလေးနေပြီး စာသင်ချိန်မှ ထသင်သူမရှိပါဘူး။ ကြိုးစားကြံဆနေပုံများ အားရစရာကောင်းလွန်းလို့ အဲဒီလိုမကြိုးစားနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မိတဲ့အထိပါပဲ။
(၃) အားထုတ်မှုအရင်းအနှီး
professional ဆရာတစ်ယောက်က အားစိုက်ထုတ်ရတာတွေ အင်မတန်များပါတယ်။ လေ့လာဖို့ အားစိုက်ရတယ်။ သင်တဲ့အခါ အားစိုက်ရတယ်။ ကိုယ့်အလုပ်ကို လေးစားဖို့ အားစိုက်ရတယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ စိတ်ညစ်ပါစေ အားစိုက်ထုတ်ပြီး သင်ရပါတယ်။
တချို့က ပြောပါလိမ့်မယ်။ မင့်ဟာက လွန်ပါတယ်။ ငါတို့မြင်နေတဲ့ ဆရာ/မတွေများ သာသာယာယာပါပဲ။ ဘာမှ အရင်းအနှီးမရှိပါဘူးဆိုပြီး။ အဲဒါမှားပါတယ်။ ကိုယ်မသိ၊ မမြင်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် သူတို့က professional ဆရာ/မ မဟုတ်လို့ ဖြစ်ပါလိမ့်မယ်။ ဘာသာရပ်တစ်ခုမှာ နာမည်ရနေတဲ့ ဆရာ/မ ဘယ်သူမဆို ပညာအရင်းအနှီး၊ ငွေအရင်းအနှီး၊ အချိန်အရင်းအနှီး၊ အားစိုက်မှုအရင်းအနှီး စိုက်ထုတ်ရပါတယ်။
စာသင်တာက အတတ်ပညာတစ်ခုဖြစ်ပါတယ်။ အနုပညာတစ်ခုဖြစ်ပါတယ်။ လွယ်လွယ်လေး မရဘူး။ လွယ်လွယ်ကလေး သင်ရတာမဟုတ်ဘူးဆိုတာ ရှင်းလင်းစေချင်ပါတယ်။
မူရင်းပို့်စ်ပိုင်ရှင်ကို လေးစားစွာဖြင့်
credit
17/03/2026
ကိုယ်လေးစာအားကျရတဲ့ အာဆင်နယ်အသင်းကြီးရဲ့
ပဲ့ကိုင်ရှင် ဂန္ဓဝင်နည်းပြကြီး အာဆင်ဗင်းဂါးရဲ့ စိတ်ခွန်းအားဖြည့်ပေးတဲ့ စာပိုဒ်လေး တစ်ပိုဒ်လေးပါ။
အရမ်းကြိုက်လို့ မျှဝေပေးလိုက်ပါတယ်။
အားလုံး အသိတိုးကြပါစေ။
Thiha ( UMK )
17th March 2026
Tuesday
Photo Crd.
09/02/2026
Hello.....hello...
တစ်ဦးချင်းသီးသန့် ( One On One )အတန်းများကို
အပ်လို့ရသေးလားလို့ မေးထားသူများအတွက်ပါ အပ်လို့ရပါသေးတယ်ဗျ။
🔴အင်္ဂလိပ်စကားပြောဖို့ ဘယ်ကစပြောရမှန်းမသိလို့ကြောက်နေသူများ။
🔴အခြေခံမှစပီး စနစ်တကျ သင်လိုသူများ။
🔴နိုင်ငံခြားသွားဖို့ပြင်ဆင်နေသူများ။
🔴လုပ်ငန်းခွင်မှာ ဘာသာစကားပြောဖို့ ခက်ခဲနေသူများ။
🔴အလုပ်တစ်ဖက်နဲ့ မို့အတန်းချိန် သီးသန့်ညှိလိုသူများ။
🔴တစ်ဦးချင်း အနီးကပ် သီးသန့်သင်လိုသူများ။
🔴အများနဲ့သင်ရမှာ ရှက်လိုကြောက်လိုသူများ။
နှစ်သစ်မှာ ရည်မှန်းချက်တွေ ပြည့်လာစေဖို့ by one အတန်းများ ကြိုတင်အပ်လို့ရပါပီဗျ။
📌အသေးစိတ်သိရဖို့ ဆက်သွယ်ရန်ဖုန်း
09781902719.
မှတ်ချက်။ ။ 4 ဦးသာ လက်ခံပါတော့မည်။အရင်ဦးဆုံး အမြန်ဆုံးအပ်သူကို ဦးစားပေးပါမည်။
Thiha ( Budalin)
photo Crd.
ထိုင်းနိုင်ငံကနေ English 4 skillsကို Online class တက်နေသော ကိုယ့်ရဲ့ အငယ်ဆုံးကျောင်းသားလေးရဲ့ ပုံဆွဲနည်း skill ကတော့ ရှယ်မှရှယ်ပဲဗျာ။
အခုဆွဲထားသူ သားလေးရဲ့ အသက် 5 နှစ်ပဲရှိပါသေးတယ်။ကိုယ်တုန်းက အဲအရွယ်မှ ခုချိန်ထိ
ပုံကောင်းကောင်းမဆွဲတတ်တာ ကိုယ့်ရဲ့ အားနည်းချက်ဖြစ်နေတုန်းပဲ။
ဒီပညာကလည်း ကိုယ့်အလုပ်အတွက် အင်မတန်အသုံးဝင်လို့ ဖြည့်ဆည်းရပါအုံးမယ်။အကျိုးလည်းကြီးပါတယ်။
Congratulations ပါ သားသားသူရိန်ရေ။
ဒီထက်ကောင်းတဲ့လက်ရာတွေ များကြီးဆွဲနိုင်သူဖြစ်လာပါစေ။မိဘအားကိုးအားထားရသူဖြစ်ပါစေ။
Mg Nyo (MDK)
21th January 2026
Wednesday
Photos Crd.
Fortune favors me.
ကံကြမ္မာ မျက်နှာသာပေးတယ်။
The Card.
The last day of Reading Class.
Hello...
Welcome to TH English Language Center.
The Card
Day 63