Myanmar International School

Myanmar International School

Share

The official page of Myanmar International School (MIS) A maximum class size of 20 meets the individual needs of students.

Myanmar International School offers a broad and balanced curriculum, Nursery - Year 13, modeled on the internationally recognized educational programs developed by Cambridge International Education (UK). MIS has been certified as a Cambridge International School in March 2015 and accredited by WASC in 2016. As MIS grows internationally, the school will be looking to continue making adjustments and

Photos from Myanmar International School's post 13/06/2026

✨🎓𝐊𝐆 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐬🎓✨

We are so happy to share these wonderful moments from this week's KG Completion Ceremony. Seeing the joy and confidence on our students' faces as they collected their certificates was truly unforgettable. It is wonderful to see how much they have flourished, and we can’t wait to see them move up to Year 1 to take on new challenges in the upcoming school year.🌟
A special thank you to our wonderful teachers and staff for their daily dedication, and to our amazing parents for their constant love and support. Thank you all for celebrating this memorable milestone with us! 🎉
ယခုအပတ်ကျင်းပခဲ့တဲ့ KG Completion Ceremony ရဲ့ ကြည်နူးစရာ အမှတ်တရအခိုက်အတန့်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ကျောင်းသား၊ ကျောင်းသူလေးတွေဟာ သူတို့ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ယုံကြည်ချက်အပြည့်၊ ပျော်ရွှင်တက်ကြွစွာနဲ့ လက်ခံရယူနေကြတာကို မြင်တွေ့ရတာ တကယ်ကို အတိုင်းမသိ ကြည်နူးရပါတယ်။ ကလေးတွေ တစ်နှစ်ထက်တစ်နှစ် ဘက်စုံဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့ရတာ အင်မတန်မှ ဝမ်းသာပီတိဖြစ်ရသလို လာမယ့်ပညာသင်နှစ်သစ်မှာ Year 1 အတန်းကို တက်ရောက်ပြီး စိန်ခေါ်မှုအသစ်တွေကို ဆက်လက်ကျော်ဖြတ်သွားကြဦးမှာကို ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးနေပါတယ်။ 🌟
ကလေးငယ်တွေကို နေ့စဉ်နဲ့အမျှ မေတ္တာစေတနာအပြည့်နဲ့ ပြုစုပျိုးထောင်ပေးကြတဲ့ ချစ်လှစွာသော ဆရာ၊ ဆရာမများနှင့် ကျောင်းဝန်ထမ်းများအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် အစဉ်တစိုက် အားပေးပံ့ပိုးပေးကြတဲ့ မိဘအုပ်ထိန်းသူများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုက်ရပါတယ်။ ကလေးတို့ရဲ့ အမှတ်တရ မှတ်တိုင်တစ်ခုကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🎉

Photos from Myanmar International School's post 12/06/2026

✨🏆𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐀𝐰𝐚𝐫𝐝 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐬 🏆✨

We are thrilled to share these wonderful moments from this week’s Secondary Award Ceremony! It was an incredibly proud day as we celebrated the hard work, leadership, and outstanding achievements of our students. 🌟
A huge Congratulations to all our award winners! 🏅 Seeing the determination and confidence on your faces as you received your awards was truly inspiring. We are so incredibly proud of your dedication and success! 🎉
ယခုအပတ်ကျင်းပခဲ့တဲ့ Secondary Award Ceremony ရဲ့ ဂုဏ်ယူစရာ အမှတ်တရအခိုက်အတန့်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှု၊ ခေါင်းဆောင်မှုကဏ္ဍနဲ့ ထူးချွန်ထက်မြက်တဲ့ အောင်မြင်မှုတွေကို အတူတကွ ဂုဏ်ပြုခွင့်ရခဲ့တဲ့အတွက် တကယ်ကို ဝမ်းမြောက်ဂုဏ်ယူရတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ 🌟
ဆုရရှိသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ 🏅 ဆုတံဆိပ်တွေကို ယုံကြည်ချက်အပြည့်၊ ရဲဝံ့ပြတ်သားတဲ့ အပြုံးတွေနဲ့ လက်ခံရယူနေကြတာကို မြင်တွေ့ရတာ တကယ်ကို စိတ်လှုပ်ရှားကြည်နူးဖို့ကောင်းပြီး အားကျအတုယူစရာပါပဲ။ ကလေးတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုတွေအတွက် အတိုင်းမသိ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်! 🎉

Photos from Myanmar International School's post 12/06/2026

✨🏆 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐀𝐰𝐚𝐫𝐝 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐬 🏆✨

We are thrilled to share these wonderful moments from this week’s Primary Award Ceremony! It was an incredibly proud day as we celebrated the hard work and outstanding achievements of our students. 🌟
A huge Congratulations to all our award winners! 🏅 Seeing the joy, excitement, and confidence on your faces as you received your awards was truly unforgettable. We are so incredibly proud of how much you have flourished! 🎉

ယခုအပတ်ကျင်းပခဲ့တဲ့ Primary Award Ceremony ရဲ့ ကြည်နူးစရာ အမှတ်တရအခိုက်အတန့်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ထူးချွန်ထက်မြက်တဲ့ အောင်မြင်မှုတွေကို အတူတကွ ဂုဏ်ပြုခွင့်ရခဲ့တဲ့အတွက် တကယ်ကို ဝမ်းမြောက်ဂုဏ်ယူရတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ 🌟
ဆုရရှိသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ 🏅 ဆုတံဆိပ်တွေကို ပျော်ရွှင်တက်ကြွပြီး ယုံကြည်ချက်အပြည့်နဲ့ လက်ခံရယူနေကြတဲ့ ကလေးတို့ရဲ့ မျက်နှာထက်က အပြုံးတွေကို မြင်တွေ့ရတာ တကယ်ကို အတိုင်းမသိ အမှတ်တရဖြစ်ရပါတယ်။ ကလေးတို့ ဘက်စုံဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့ရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်! 🎉

09/06/2026

𝐋𝐢𝐯𝐞 𝐒𝐭𝐫𝐞𝐚𝐦: 𝐂𝐥𝐚𝐬𝐬 𝐨𝐟 𝟐𝟎𝟐𝟔 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧! 🎓

Join us live as we celebrate our amazing A-Level Year 13 students graduating on Thursday, 11th June 2026! Watch the ceremony, cheer them on, on YouTube, and leave your congratulations in the live chat.

https://www.youtube.com/live/OYU72oy2Qn4?si=y3Um1TgGzWaD6Jpj

လာမယ့် ကြာသပတေးနေ့ ဇွန်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ် မှာ ကျင်းပမယ့် ထူးချွန်ထက်မြက်တဲ့ A-Level Year 13 ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို Live လွှင့်သွားမှာဖြစ်လို့ အတူတူ ဆင်နွှဲပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အခမ်းအနားကို Live ကြည့်ရှုရင်း အတူတူ ဂုဏ်ပြုအားပေးပြီး YouTube Live Chat မှာလည်း ဝမ်းမြောက်စကားလေးတွေ ချန်ထားခဲ့ပေးပါဦးနော်။

Photos from Myanmar International School's post 07/06/2026

𝐔𝐧𝐟𝐨𝐫𝐠𝐞𝐭𝐭𝐚𝐛𝐥𝐞 𝐌𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐚𝐭 𝐌𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐈𝐬𝐥𝐚𝐧𝐝! 🏝️✨ | 𝐘𝐞𝐚𝐫 𝟔 & 𝟕 𝐓𝐫𝐚𝐧𝐬𝐢𝐭𝐢𝐨𝐧 𝐓𝐫𝐢𝐩💛

Our Year 6 & 7 Transition Educational Trip to Millionaire Island was not only enjoyable but also highly meaningful for all participants. The experience provided valuable opportunities for students to build friendships, develop confidence and independence, and create lasting memories as they prepare for their next stage of learning.
It was truly a rewarding experience for everyone involved. A heartfelt thank you to all the teachers for their support, care, and involvement in making this trip a success!

MISရဲ့ Year 6 နဲ့ 7 ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ သူဌေးကျွန်း သို့ သွားရောက်ခဲ့တဲ့ အတန်းကူးပြောင်းခြင်းအတွက် ပညာရေးခရီးစဉ် (Transition Educational Trip) ဟာ ပျော်ရွှင်စရာကောင်းခဲ့ရုံတင်မကဘဲ ပါဝင်သူအားလုံးအတွက် အလွန်အဓိပ္ပာယ်ရှိတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအတွေ့အကြုံကတစ်ဆင့် ကလေးတွေဟာ နောက်ထပ် ပညာရေးကဏ္ဍသစ်အတွက် ပြင်ဆင်ရင်း သူငယ်ချင်းသစ်တွေရခဲ့ကြသလို၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ အားကိုးတတ်မှုတို့ကို တိုးတက်စေခဲ့ပြီး အမှတ်တရကောင်းတွေကိုလည်း ဖန်တီးနိုင်ခဲ့ကြပါတယ်။
ခရီးစဉ်လေးဟာ ပါဝင်ပတ်သက်သူတိုင်းအတွက် တကယ့်ကို အကျိုးရှိပြီး အဖိုးတန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုလိုခရီးစဉ်လေး အောင်အောင်မြင်မြင် ပြီးမြောက်သွားအောင် အစစအရာရာ ဝိုင်းဝန်းပံ့ပိုးပေးပြီး ဂရုတစိုက် လမ်းညွှန်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများအားလုံးကိုလည်း ကျေးဇူးတင်ရှိလိုက်ရပါတယ်။

Photos from Myanmar International School's post 06/06/2026

🏞️𝐎𝐮𝐫 𝐘𝐞𝐚𝐫 𝟑, 𝟒, 𝐚𝐧𝐝 𝟓 𝐬𝐭𝐮𝐝𝐞𝐧𝐭𝐬 𝐡𝐚𝐝 𝐚 𝐰𝐨𝐧𝐝𝐞𝐫𝐟𝐮𝐥 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐭𝐫𝐢𝐩 𝐭𝐨 𝐊𝐨𝐤𝐤𝐨𝐲𝐚 𝐅𝐚𝐫𝐦 𝐚𝐧𝐝 𝐍𝐢𝐧𝐣𝐚 𝐏𝐚𝐫𝐤!🌱💚

Year 3 students enjoyed exploring the farm, painting clay pots, filling them with soil, and planting seeds as part of their hands-on learning experience. Year 4 and 5 students had exciting opportunities to make pizza and explore planting activities at the farm.
The adventure continued at Ninja Park, where students enjoyed fun and energetic activities and games!
A big thank you to all the teachers for their support and care in making this trip a memorable and meaningful experience for our students.

Year 3 ကျောင်းသား၊ ကျောင်းသူလေးတွေဟာ စာတွေ့တင်မကဘဲ လက်တွေ့သင်ယူမှု အတွေ့အကြုံသစ်တစ်ခုအနေနဲ့ စိုက်ပျိုးရေးခြံထဲမှာ လှည့်လည်လေ့လာခြင်း၊ မြေအိုးလေးတွေကို ဆေးရောင်ခြယ်ခြင်း၊ မျိုးစေ့လေးများ စိုက်ပျိုးခြင်း စတဲ့ လှုပ်ရှားမှုလေးတွေကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ခဲ့ကြပါတယ်။ Year 4 နဲ့ Year 5 ကျောင်းသား၊ ကျောင်းသူလေးတွေကလည်း စိုက်ပျိုးရေးခြံထဲမှာ အပင်စိုက်ပျိုးနည်းတွေကို လေ့လာခွင့်ရခဲ့ကြတဲ့အပြင် ပီဇာ (Pizza) ကိုယ်တိုင်လုပ်ရတဲ့ စိတ်လှုပ်ရှားစရာ အခွင့်အရေးကောင်းတွေကိုပါ ရရှိခဲ့ကြပါတယ်။
ဒါတင်မကသေးဘဲ သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်လေးကို Ninja Park မှာ ဆက်လက်ဆင်နွှဲခဲ့ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ ကစားနည်းတွေ၊ ဂိမ်းတွေကိုလည်း ကစားခဲ့ကြပါသေးတယ်။
ကလေးတွေအတွက် အဓိပ္ပာယ်ရှိပြီး အမှတ်တရကောင်းတစ်ခု ဖြစ်လာအောင် အစစအရာရာ ဝိုင်းဝန်းပံ့ပိုးပေးပြီး ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိလိုက်ရပါတယ်။

Photos from Myanmar International School's post 05/06/2026

🌟 𝐍𝐞𝐱𝐭 𝐬𝐭𝐨𝐩: 𝐓𝐡𝐞 𝐟𝐮𝐭𝐮𝐫𝐞! 🌟

Today was our annual 𝐌𝐈𝐒 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐌𝐨𝐯𝐢𝐧𝐠 𝐔𝐩 𝐌𝐨𝐫𝐧𝐢𝐧𝐠, and the excitement in the air was absolutely contagious! 🚀
Our wonderful students got a sneak peek into their next grade level, met their brilliant new teachers, and explored their future classrooms. There were big smiles, a few eager questions, and a whole lot of anticipation for the year ahead.
Change can be big, but our students proved today that they are more than ready for the next chapter of their academic journey. We are so incredibly proud of their growth this year!
Take a look at some of the highlights from this morning’s adventures! 📸

ဒီနေ့မှာတော့ နှစ်တိုင်းပြုလုပ်နေကြ 𝐌𝐈𝐒 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐌𝐨𝐯𝐢𝐧𝐠 𝐔𝐩 𝐌𝐨𝐫𝐧𝐢𝐧𝐠 အစီအစဉ်လေးကို ပြုလုပ်ခဲ့ပြီး တစ်ကျောင်းလုံးမှာလည်း စိတ်လှုပ်ရှားပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်! 🚀
ချစ်စရာကောင်းတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေဟာ နောက်နှစ်မှာ တက်ရောက်ရမယ့် အတန်းအသစ်ကို ကြိုတင်လေ့လာခွင့်ရခဲ့ကြပြီး၊ ထူးချွန်ထက်မြက်တဲ့ ဆရာ၊ ဆရာမအသစ်တွေနဲ့ မိတ်ဆက်ကာ ရှေ့ဆက်လေ့လာရမယ့် စာသင်ခန်းအသစ်တွေကို စိတ်လှုပ်ရှားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ ကလေးတွေရဲ့ မျက်နှာထက်မှာ တောက်ပတဲ့ အပြုံးလေးတွေ၊ သိချင်စိတ်ပြည့်ဝတဲ့ မေးခွန်းလေးတွေနဲ့အတူ လာမည့်စာသင်နှစ်သစ်အတွက် မျှော်လင့်ချက်တွေ အပြည့်ရှိနေခဲ့ကြပါတယ်။
ပြောင်းလဲမှုဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပေမယ့်၊ ဒီနေ့မှာတော့ ကလေးတွေဟာ သူတို့ရဲ့ ပညာရေးခရီးစဉ် နောက်ထပ်ကဏ္ဍသစ်တစ်ခုအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြနိုင်ခဲ့ကြပါတယ်။ ယခုနှစ်အတွင်း ကလေးတို့ရဲ့ တိုးတက်ပြောင်းလဲလာမှုတွေအတွက် တကယ့်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ဒီနေ့မနက်ခင်းရဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုအမှတ်တရပုံရိပ်အချို့ကိုလည်း အတူတူကြည့်ရှုနိုင်အောင် မျှဝေပေးလိုက်ရပါတယ်📸

Photos from Myanmar International School's post 01/06/2026

🌟 𝐒𝐭𝐚𝐫𝐬 𝐨𝐟 𝐭𝐡𝐞 𝐖𝐞𝐞𝐤 – 𝐋𝐨𝐰𝐞𝐫 𝐏𝐫𝐢𝐦𝐚𝐫𝐲 🌟

A massive congratulations to our stars for being recognized this Friday, 29th of May 2026! 🏆✨⭐
This week, we are incredibly proud to celebrate students who have earned the Excellent Overall Values and Improvement Award! 🌟📈
Whether it is consistently demonstrating our core values in everything they do or showing outstanding progress and growth in their learning journey, these students truly embody the spirit of the MIS family. Your teachers are so proud of the character and dedication you show every day! 🤝❤️

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်၊ သောကြာနေ့အတွက် ဆုရရှိခဲ့ကြသော ကျောင်းသားကျောင်းသူလေးများကို ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါတယ်။ 🏆✨⭐
ယခုအပတ်မှာတော့ Excellent Overall Values and Improvement Award ကို ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ၀မ်းမြောက်စွာဖြင့် ဂုဏ်ပြုလိုက်ရပါတယ်။ 🌟📈
ကျောင်းရဲ့ စံနှုန်းတန်ဖိုးကောင်းများကို နေ့စဉ်ဘဝတွင် အစဉ်တစိုက် လက်တွေ့ကျင့်သုံးပြသခြင်း နှင့် မိမိတို့ရဲ့ သင်ယူမှုခရီးစဉ်အတွင်း ထူးခြားသော တိုးတက်မှုနှင့် ကြိုးစားအားထုတ်မှုကို ပြသနိုင်ခြင်းတို့ဟာ စစ်မှန်တဲ့ MIS ကြယ်ပွင့်လေးတွေရဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများအားလုံးက သားသားမီးမီးတို့ရဲ့ စိတ်ဓာတ်နှင့် ကြိုးစားမှုများအတွက် တကယ့်ကို ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ 🎉💪

Photos from Myanmar International School's post 29/05/2026

💐𝐁𝐢𝐠 𝐰𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐨𝐮𝐫 𝐧𝐞𝐰𝐞𝐬𝐭 𝐭𝐞𝐚𝐦 𝐦𝐞𝐦𝐛𝐞𝐫𝐬! 💐

We are thrilled to welcome a fresh batch of faces to our school family for the new 2026-2027 school year!
You’re going to love their energy, passion, and the incredible skills they bring to our students. ✨

2026-2027 ပညာသင်နှစ်အသစ်အတွက် MIS ကျောင်းမိသားစုထဲသို့ အသစ်ဝင်ရောက်လာသော ဆရာ၊ဆရာမအသစ်များကို နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်။

ဆရာ၊ဆရာမတို့ရဲ့ တက်ကြွမှု၊ စိတ်အားထက်သန်မှုများနှင့် ကျောင်းသားများအတွက် ယူဆောင်လာမည့် ထူးချွန် တဲ့ အရည်အချင်းများကို အားလုံး သဘောကျနှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ✨


Photos from Myanmar International School's post 25/05/2026

🌟 𝐒𝐭𝐚𝐫𝐬 𝐨𝐟 𝐭𝐡𝐞 𝐖𝐞𝐞𝐤 – 𝐋𝐨𝐰𝐞𝐫 𝐏𝐫𝐢𝐦𝐚𝐫𝐲 🌟

A massive congratulations to our stars for being recognized this Friday, 22nd of May 2026! 🏆✨
This week, we are incredibly proud to celebrate students who have shown exceptional dedication and character. Awards were proudly given to those Demonstrating Excellent Effort to Exceed Expectations, our Excellent Walking Award winners who are also Fantastic Role Models, and a very special shout-out to those who earned the Heroic Act Award while being a Fantastic Role Model! 🦸‍♂️❤️
Whether it is pushing their boundaries to achieve greatness, moving through the school with grace, or showing outstanding courage and kindness to help others, these students truly embody the spirit of the MIS family. Your teachers are so proud of the character and dedication you show every day! 🤝🏅

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်၊ သောကြာနေ့အတွက် ဆုများရရှိခဲ့ကြသော Lower Primary ကျောင်းသားကျောင်းသူလေးများကို ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါတယ်။ 🏆✨
ယခုတစ်ပတ်မှာတော့ မျှော်မှန်းထားသည်ထက် ပိုမိုထူးချွန်အောင် ကြိုးစားအားထုတ်ခဲ့ကြသူများအတွက် Demonstrating Excellent Effort to Exceed Expectations ဆု၊ ကျောင်းတွင်းသွားလာရာတွင် စနစ်တကျရှိပြီး စံပြဖြစ်ခြင်းအတွက် Excellent Walking Award & Fantastic Role Model ဆု နှင့် သူတစ်ပါးကို ကူညီတတ်သည့် ရဲရင့်သော လုပ်ရပ်နှင့် စံပြဖြစ်ခြင်းတို့အတွက် Heroic Act Award & Fantastic Role Model ဆုများကို အသီးသီး ဂုဏ်ယူစွာ ချီးမြှင့်ခဲ့ပါတယ်။ 🦸‍♂️❤️
သင်ယူမှုအပေါ် အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း၊ စည်းကမ်းတကျရှိခြင်းနှင့် ရဲရင့်ကြင်နာစွာဖြင့် သူငယ်ချင်းများအပေါ် စံပြဖြစ်အောင် နေထိုင်ခြင်းတို့ဟာ စစ်မှန်တဲ့ MIS ကြယ်ပွင့်လေးတွေရဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများအားလုံးက သားသားမီးမီးတို့ရဲ့ စရိုက်လက္ခဏာကောင်းများနှင့် ကြိုးစားမှုများအတွက် တကယ့်ကို ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ 🎉💪

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 20, Pyin Nya Waddy Street, Yankin Township
Yangon
11081

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00