31/05/2026
🎓🌟 Starters Class Completion Day 🌟🎓
အင်္ဂလိပ်စာသင်ယူမှုခရီးရဲ့ ပထမဆုံးအောင်မြင်မှုမှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့ကြတဲ့ Starters ကျောင်းသား/သူများအားလုံးကို ဂုဏ်ယူစွာ Congratulations! 👏✨
သေးငယ်တဲ့ ခြေလှမ်းများက ကြီးမားတဲ့ အောင်မြင်မှုများဆီကို ဦးတည်ပေးပါတယ်။ ဆက်လက်ကြိုးစားပြီး ပိုမိုတောက်ပတဲ့ အနာဂတ်ဆီ လျှောက်လှမ်းနိုင်ကြပါစေ 💙📚
31/05/2026
🎓 Every achievement starts with effort.
A big round of applause for our Movers students for their hard work, perseverance, and positive attitude throughout the course. We are so proud of how far you’ve come! 🌟👏
ရှေ့ဆက်ပြီး ဒီထက်ပိုမိုတိုးတက်အောင်မြင်ကြပါစေ 🏆🎖️🥇✨
31/05/2026
🎓 Weekend Flyer Class Completion Day 🎓
Flyer Class ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသော ကျောင်းသား/သူများအားလုံးကို ဂုဏ်ယူစွာ Congratulations! 🌟
သင်တန်းကာလအတွင်း ကြိုးစားသင်ယူခဲ့ကြပြီး အင်္ဂလိပ်ဘာသာစွမ်းရည်များ တိုးတက်လာခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါတယ်
ယနေ့ရရှိသော အောင်မြင်မှုသည် ပိုမိုကြီးမားသော အောင်မြင်မှုများဆီသို့ ခြေလှမ်းသစ်တစ်ရပ် ဖြစ်ပါစေ သားတို့သမီးတို့ရေ💙📚
31/05/2026
🌟 Level 4 Summer Class Completion Day 🌟
Hazel Learning Academy ၏ Level 4 Summer Class ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသော ကျောင်းသား/သူများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာ Congratulations! 🎉🎓
သင်တန်းကာလအတွင်း English Language Skills များကို စိတ်အားထက်သန်စွာ သင်ယူခဲ့ကြပြီး Speaking, Reading, Writing နှင့် Teamwork Skills များကိုလည်း တိုးတက်အောင် ကြိုးစားခဲ့ကြသည့် ကျောင်းသား/သူများအားလုံးကို ချီးကျူးဂုဏ်ပြုအပ်ပါသည် 👏✨
Level 4 Summer Class ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသော ကျောင်းသား/သူများအားလုံး၏ အနာဂတ်ပညာရေးခရီးလမ်းတွင် ပိုမိုတိုးတက်အောင်မြင်ကြပါစေကြောင်း Hazel Learning Academy မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်
📚 Building Confidence through English
29/05/2026
🏆☀️ Hazel Learning Academy ရဲ့ Summer Class Level 2 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူများ Congratulations ပါ🌟👏
ကလေးများရဲ့ ကြိုးစားမှု၊ တိုးတက်မှုနဲ့ ယုံကြည်မှုများကို ဂုဏ်ပြုတဲ့ အမှတ်တရနေ့လေးတစ်နေ့ ဖြစ်ပါတယ် 💖
သင်တန်းကာလအတွင်း English Skills များကို ပျော်ရွှင်စွာ သင်ယူခဲ့ကြပြီး Activities များ၊ Speaking Practice များ၊ Teamwork များမှတဆင့် မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရရှိလာကြတာကို အရမ်းဝမ်းသာဂုဏ်ယူရပါတယ် ✨
မိဘများ၏ ယုံကြည်အားပေးမှုနှင့် ကလေးများ၏ ကြိုးစားအားထုတ်မှုတို့အတွက် Hazel Learning Academy မှ အထူးကျေးဇူးတင်ရှိပါတယ် 🌷
🎓 “Building Confidence through English.” 🎓
28/05/2026
‼️Spelling Bee Competition Day‼️
Congratulations to all contestants!
You all did it!
🏆Spelling Bee Winner - လင်းဘုန်းမြတ်
🥇First Runner Up - သင့်မြတ်အုပ်စိုး
27/05/2026
🎓 Small achievements today, big dreams tomorrow ✨
🎁Summer Class Level 1 Celebration Day & Award Giving 🏆
🌞🎉 Summer Class Level 1 အတန်းလေးကို အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ 🎉🌞
ဒီနေ့ကတော့ သင်ယူမှုခရီးစဉ်လေးအတွက် ပျော်
ရွှင်ဖွယ် Celebration Day လေးပါ
ကလေးများရဲ့ ကြိုးစားမှု၊ တိုးတက်လာမှုနဲ့ ယုံကြည်မှုတိုးလာတာတွေကို မြင်ရတာ Hazel Learning Academy အတွက် အရမ်းဝမ်းသာဂုဏ်ယူစရာပါ 💙
Congratulations to you all!
You did it!
📚 Fun Learning
📚 Confidence Building
📚 English Skills Improvement
🏠Hazel Learning Academy
💯Building Confidence Through English
“Building Confidence through English”
26/05/2026
🧩Young Learners Class Time 🧩
‼️ကလေးများအတွက် အင်္ဂလိပ်စာကို အသက်ငယ်စဉ်ကတည်းက စတင်လေ့လာခြင်းသည် ယုံကြည်မှုရှိမှု၊ ဆက်သွယ်ပြောဆိုနိုင်မှုနှင့် အနာဂတ်ပညာရေးအတွက် အခြေခံကောင်းများ တည်ဆောက်ပေးနိုင်ပါတယ်
▪️Hazel Learning Academyရဲ့ Pre-Starters နှင့် Starters Class များတွင် phonics, speaking practice, games နှင့် ပျော်ရွှင်ဖွယ် activities များဖြင့် သင်ယူမှုကို စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပေးထားပါတယ်
✔️✔️လာမည့် Young Learners Class အသစ်များရဲ့အချိန်စာရင်းများကို မကြာမီ ကြေညာပေးသွားမည်ဖြစ်ပါတယ် တက်ရောက်လိုသော မိဘများအနေဖြင့် နေရာအကန့်အသတ်ရှိသောကြောင့် ကြိုတင်စာရင်းပေးအပ်နှံနိုင်ပါတယ်💙
💯ကလေးများရဲ့ ယုံကြည်မှုကို အင်္ဂလိပ်စာဖြင့် တည်ဆောက်ပေးနေပါတယ်🌟
💎Hazel Learning Academy
▪️Building Confidence Through English.
24/05/2026
🌟 June လမှာ Hazel Learning Academy ရဲ့ အတန်းသစ်များ စတင်ပါတော့မယ် 📚✨
လာမယ့်တစ်ပတ်အတွင်း June Class Schedule များကို ကြေညာပေးသွားမှာဖြစ်ပါတယ်
အထူးသဖြင့် အခု June Intake မှာ —
🎈 Cambridge Young Learners Classes
(Starters / Movers / Flyers)
🎈 Cambridge KET & PET Classes
ကို အဓိကဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်
Cambridge Exam Preparation ကို စနစ်တကျ လေ့လာချင်တဲ့ ကျောင်းသား/သူများ၊ English Four Skills ကို Confidence အပြည့်နဲ့ တိုးတက်ချင်တဲ့ သားသားမီးမီးများအတွက် အခွင့်အရေးကောင်းတစ်ခုပါ ✨
လက်ရှိမှာ ဆက်လက်တက်ရောက်မယ့် ကျောင်းသား/သူများ ရှိနေပြီး လူဦးရေကန့်သတ်ထားတဲ့ Class များ ဖြစ်တာကြောင့် နေရာများ မြန်မြန်ပြည့်နိုင်ပါတယ်
📌 မိမိကလေးအတွက် အဆင်ပြေတဲ့ အချိန်နဲ့ Class ကို သေချာရဖို့ အမြန်ဆုံး ကြိုတင်စာရင်းပေးထားနိုင်ပါပြီ
For more information:
သင်တန်းလိပ်စာ-
🏠No.410/A, Aung Takhon Street, 56 Ward, South Dagon Township, Yangon
☎️09 -784563544
💬 Page Messenger မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်
Hazel Learning Academy
Building Confidence through English 💙
16/05/2026
Hazel Learning Academyသင်တန်းကျောင်း၏ Sports Day Eventကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပီဖြစ်ပါသည်။
🏅🎉 Hazel Learning Academy Sports Day Event 🎉🏅
Sports Day အစီအစဉ် အောင်မြင်စွာ ပြီးမြောက်နိုင်ရန် အားပေးကူညီပေးခဲ့ကြသော မိဘများ၊ အစစအရာရာ စီစဉ်ဆောင်ရွက်ပေးခဲ့ကြသော ဆရာ/ဆရာမများနှင့် တက်ကြွစွာ ပါဝင်ပေးခဲ့ကြသော ကျောင်းသား/ကျောင်းသူ သားသားမီးမီး တစ်ယောက်ချင်းစီကို Hazel Learning Academy မှ အထူးကျေးဇူးတင်ရှိပါသည် 💙
ထို့အပြင် ယနေ့ Sports Day တွင် ကြိုးစားအားထုတ်မှုများဖြင့် ဆုရရှိခဲ့သော အသင်းများအားလည်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အထူးဂုဏ်ပြုလိုက်ပါသည်။ 🏆👏
အနိုင်ရရှိခြင်းထက် ကြိုးစားပါဝင်ခဲ့ခြင်းနှင့် အသင်းလိုက်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းက ပိုမိုတန်ဖိုးရှိသော အောင်မြင်မှုတစ်ခုဖြစ်လို့ ပါဝင်ခဲ့သူတယောက်စီတိုင်းသည် winnerများဖြစ်ကြပါတယ်
Sports Day ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ —
✨ အင်္ဂလိပ်စာအပြင် ကျန်းမာသန်စွမ်းသော လူနေမှုပုံစံများ တည်ဆောက်နိုင်ဖို့သတိပြုလိုက်နာရန်၊
✨ Teamwork နှင့် Leadership Skills များ တိုးတက်လာစေရန်
✨ မိမိကိုယ်ကို ယုံကြည်မှု ပိုမိုမြင့်မားလာစေရန်
✨ အားကစားစိတ်ဓာတ်များ ရရှိစေရန်
✨ စာသင်ခန်းပြင်ပ Learning Experiences များ ဖန်တီးပေးရန် ဖြစ်ပါသည်
ယနေ့၏ ပျော်ရွှင်စရာ အမှတ်တရအခိုက်အတန့်များသည် ကျောင်းသားများ၏ သင်ယူမှုခရီးတွင် လှပသော မှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိနေမည်ဟု ယုံကြည်ပါသည်။ 💫