Next Level Training Center

Next Level Training Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Next Level Training Center, Computer training school, Sagawar Pin Street, Yangon.

IT နဲ့ပတ်သက်တဲ့အကြောင်းအရာများနေ့စဥ်တင်ပေးမယ့်အပြင် Online Ofline အိမ်အရောက်တစ်ဦးချင်းသီးသန့် Computerနဲ့Digital Marketingသင်တန်းများ စုံစမ်းနိုင်ပါတယ်သင်တန်းများစုံစမ်းလိုပါက CB or ph 09962753849

08/06/2026

Computer ဝယ်မယ်ဆို အဓိက သိသင့်တဲ့ အချက်များ

1. ဘာအတွက် သုံးမလဲဆိုတာ အရင်ဆုံး သတ်မှတ်ပါ

* Office / Online Class
* Graphic Design
* Video Editing
* Programming
* Gaming

အသုံးပြုမယ့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး Specification ကို ရွေးသင့်ပါတယ်။

2. CPU (Processor)

Computer ရဲ့ ဦးနှောက်ဖြစ်ပါတယ်။

* Intel Core i3 / i5 / i7
* AMD Ryzen 3 / 5 / 7

✅ Office သုံးမယ်ဆို i3 / Ryzen 3 လုံလောက်ပါတယ်။
✅ Design, Editing, Programming အတွက် i5 / Ryzen 5 အနည်းဆုံး ရွေးသင့်ပါတယ်။

3. RAM

Computer အလုပ်လုပ်နှုန်းကို သက်ရောက်စေပါတယ်။

* 8GB – Office, Online Class
* 16GB – Design, Programming, Gaming
* 32GB+ – Professional Work

✅ ယနေ့ခေတ်မှာ 16GB RAM ကို အကြံပြုပါတယ်။

4. Storage

* SSD = မြန်နှုန်းမြင့်
* HDD = Storage များ

✅ SSD ပါတဲ့ Computer ကို ရွေးပါ။
✅ 512GB SSD က အဆင်ပြေဆုံး ဖြစ်ပါတယ်။

5. Graphics Card (GPU)

Gaming၊ Design၊ Video Editing အတွက် အရေးကြီးပါတယ်။

* NVIDIA GeForce RTX Series
* AMD Radeon Series

Office သုံးရုံဆို Integrated Graphics နဲ့ လုံလောက်ပါတယ်။

6. Display (Screen)

* Full HD (1920×1080) အနည်းဆုံး
* IPS Panel ဖြစ်ရင် အရောင်ပိုကောင်း
* 15.6” Laptop / 24” Monitor က လူသုံးများ

7. Battery (Laptop)

* Battery Health စစ်ပါ
* Battery Backup 5-8 Hours ရှိရင် ပိုကောင်း

8. Warranty

* Official Warranty ပါမပါ စစ်ပါ
* Service Center ရှိတဲ့ Brand ရွေးပါ

06/06/2026

Battery health ကျတာကို ဂရုမစိုက်ရင် အပိုကုန်စေနိုင်တာမို့ Save ဖြစ်အောင်

အခုဘဲ ဒီအချက်လေးတွေကို လိုက်နာကျင့်သုံးလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ် ခင်ဗျာ

06/06/2026

Online Shop တွေအတွက် ရောင်းအားတက်စေမယ့် Viber Channel ဘယ်လိုဖွင့်မလဲ
အခုခေတ်မှာ page တစ်ခုတည်းကိုပဲ အားကိုးနေလို့ မရတော့ပါဘူး။ ဖောက်သည်တွေဆီကို ကိုယ့်ရဲ့ Product အသစ်တွေ၊ Promotion တွေ တိုက်ရိုက်ရောက်ဖို့ဆိုရင် Viber Channel က မရှိမဖြစ် လိုအပ်လာပါပြီ။ ဒါကြောင့် Online Shop လုပ်နေသူတွေအတွက် Viber Channel ကို အလွယ်တကူ ဘယ်လိုဖွင့်ရမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။
အဆင့် (၁) ဖုန်းထဲမှာ Viber App ကို ဖွင့်ပြီး Chat list မျက်နှာပြင်ကို သွားပါ။
အဆင့် (၂) ညာဘက်အောက်ထောင့်နားက Message အသစ်ပို့တဲ့ ဘောပင်ပုံစံ Icon လေးကို နှိပ်ပါ။
အဆင့် (၃) အပေါ်ဆုံးမှာပေါ်လာမယ့် New Channel ဆိုတာကို ရွေးချယ်ပေးပါ။
အဆင့် (၄) Channel Name နေရာမှာ ကိုယ့်ရဲ့ Online Shop နာမည်ကို မှန်ကန်အောင် ရေးပါ။
အဆင့် (၅) ကင်မရာပုံစံ Icon ကိုနှိပ်ပြီး ကိုယ့်ဆိုင်ရဲ့ Logo ဒါမှမဟုတ် အလှဆုံး Product ပုံကို Profile အဖြစ် ထည့်ပါ။
အဆင့် (၆) Description နေရာမှာ ကိုယ့်ဆိုင်က ဘာတွေအဓိကရောင်းလဲ၊ ဖုန်းနံပါတ် ဘယ်လောက်ကို ဆက်သွယ်ရမလဲ ဆိုတာကို အတိုချုပ် ရေးသားပေးပါ။
အဆင့် (၇) အားလုံးပြည့်စုံပြီဆိုရင် ညာဘက်အပေါ်ထောင့်က အမှန်ခြစ် (Create) ကို နှိပ်လိုက်တာနဲ့ ကိုယ်ပိုင် Viber Channel လေး တစ်ခု အောင်မြင်စွာ ရရှိသွားပါပြီ။
Viber Channel ရဲ့ အားသာချက်ကတော့ Member အရေအတွက် ကန့်သတ်ချက်မရှိသလို၊ Post တွေတင်လိုက်တိုင်း Member တိုင်းရဲ့ ဖုန်းထဲကို Notification တိုက်ရိုက်ဝင်တဲ့အတွက် လူမြင်များပြီး ရောင်းအားပိုတက်စေပါတယ်။ Channel လေး ဖွင့်ပြီးသွားရင် ကိုယ့်ရဲ့ ဖောက်သည်ဟောင်းတွေကို Channel Link လေးပို့ပြီး Member အဖြစ် ဖိတ်ခေါ်ဖို့လည်း မမေ့နဲ့နော်။
ဒီလိုမျိုး လုပ်ငန်းအတွက် တကယ်အသုံးတည့်မယ့် Marketing နည်းပညာတွေ၊ Content ဖန်တီးနည်းတွေကို စာတွေ့သက်သက်မဟုတ်ဘဲ စာသင်ခန်းထဲမှာတင် လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင်တော့ Next Level Training Center က ဖွင့်လှစ်ထားတဲ့ လက်တွေ့ ၉၀% အသားပေး Social Media Marketing Class ကို လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန် ဖုန်း - 09962753849
တည်နေရာ - အမှတ် (၂၇)၊ စကားဝါပင်လမ်း၊ ကြည့်မြင်တိုင်။ (Next Level Training Center)

02/06/2026

Computer အသုံးပြုတဲ့အခါ Keyboard Shortcuts တွေသုံးတတ်ရင် အလုပ်လုပ်တဲ့အချိန်ကို သက်သာစေပြီး Productivity ပိုမြင့်စေပါတယ် 🚀

🔹 Ctrl + C = Copy🔹 Ctrl + V = Paste🔹 Ctrl + X = Cut🔹 Ctrl + Z = Undo🔹 Ctrl + Y = Redo🔹 Ctrl + A = Select All🔹 Ctrl + S = Save🔹 Ctrl + F = Find🔹 Alt + Tab = Switch Between Windows🔹 Windows + D = Show Desktop

💡 Pro Tip:Shortcut Keys တွေကို နေ့စဉ်အသုံးပြုရင် Mouse ကို အားထားစရာနည်းပြီး အလုပ်ပိုမြန်လာပါတယ်။

30/05/2026

🛡️ Protect Your Computer from Viruses! 💻

Computer Virus များသည် သင့်ရဲ့ Data များကို ပျက်စီးစေနိုင်ပြီး Personal Information များကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

Virus မဝင်အောင် ကာကွယ်ဖို့ အရေးကြီးသော အချက်များ👇

✅ Antivirus Software ကို အသုံးပြုပြီး အမြဲ Update လုပ်ထားပါ။
✅ Unknown Links နှင့် Suspicious Attachments များကို မဖွင့်ပါနှင့်။
✅ Software များကို Official Sources မှသာ Download ပြုလုပ်ပါ။
✅ USB Devices များကို အသုံးမပြုမီ Scan စစ်ဆေးပါ။
✅ Windows နှင့် Applications များကို Regular Update ပြုလုပ်ပါ။

🔒 Prevention is always better than recovery.

သင့် Computer ကို လုံခြုံစွာ အသုံးပြုနိုင်ရန် Cyber Security Awareness ကို အမြဲထားရှိဖို့လိုပါတယ်

29/05/2026

ဒီနေ့မှာတော့ Email မသုံးတတ်သူတွေ Email နဲ့ အလုပ်လျှောက်ချင်တဲ့သူတွေအတွက်အနီးစပ်ဆုံး ပြောပြပေးသွားမှာ
ဖြစ်ပါတယ် 🎊

Email ဆိုတာ Internet ကနေ စာပို့/စာလက်ခံ လုပ်တဲ့စနစ်ပါ။
ဥပမာ - အလုပ်လျှောက်တာ၊ Facebook Account ဖွင့်တာ၊ သင်တန်းတက်တာတွေမှာ အသုံးများပါတယ်။

တချို့ လုပ်ငန်းရှင်တွေဆို CV form ကို Email နဲ့ဘဲ လက်ခံကြပါတယ်

ပြည်ပ လုပ်ငန်းတွေဆို ပိုဆိုးပါတယ်

Email ပို့နည်း

Step 1

Gmail App (သို့) Website ဖွင့်ပါ

Step 2

“Compose” ကိုနှိပ်ပါ

Step 3

ဒီအချက်တွေ ဖြည့်ပါ

* To → ပို့မယ့် Email Address
* Subject → ခေါင်းစဉ်
* Message → စာရေးရန်

ဥပမာ👇

To: [email protected]
Subject: Hello

Message:

Hello, how are you?

Step 4

“Send” ကိုနှိပ်ပါ

Next Level Training Center
📲 09962753849
💬 အသေးစိတ်စုံစမ်းလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

28/05/2026

သင်တန်းမှ စက်များ Upgrade လုပ်လိုက်သဖြင့် ပိုနေသော Desktop နှင့် UPS များ အကုန်လုံးကို ဈေးဖြတ်ယူနိုင်ပါပြီ

​သင်တန်းက စက်တွေ အသစ် Upgrade လုပ်လိုက်တဲ့အတွက် အရင်သုံးနေတဲ့ Desktop (System Only) ၄ လုံးနဲ့ UPS ၄ လုံး ပိုနေပါတယ်။

​ပစ္စည်းတွေကို တစ်လုံးချင်းခွဲမရောင်းဘဲ အကုန်လုံးကို တစ်ခါတည်း ဈေးဖြတ်ပြီး ယူပေးနိုင်မယ့်သူကို အဓိကထား ရောင်းချပေးချင်ပါတယ်။ ဝယ်ယူမယ့်သူအနေနဲ့ သင်တန်းကို လူကိုယ်တိုင် လာရောက်ပြီး စက်တွေကို စိတ်ကြိုက် စမ်းသပ်စစ်ဆေးပြီးမှ သင့်တော်မယ့်ဈေးကို ဖြတ်ယူနိုင်ပါတယ်။

​ပါဝင်မည့် ပစ္စည်းများ

Desktop (System Only) - ၄ လုံး

UPS - ၄ လုံး

​စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ အောက်ပါ ဖုန်းနံပါတ် သို့မဟုတ် Page Messenger ကနေတစ်ဆင့် ဆက်သွယ်ပြီး လာရောက်စမ်းသပ်နိုင်မယ့် အချိန်ကို ကြိုတင်ချိန်းဆိုနိုင်ပါတယ်။

​ဆက်သွယ်ရန် ဖုန်း - 09962753849

လာရောက်စမ်းသပ်ရမည့်နေရာ - အမှတ် (၂၇)၊ စကားဝါပင်လမ်း၊ ကြည့်မြင်တိုင်။ (Next Level Training Center)

27/05/2026

🚨 Social Media Marketing ကို “တကယ်လုပ်တတ်” ချင်လား?

Online သင်တန်းတွေလို 📚 Slide တွေကြည့် 📝 Note လိုက်မှတ် ပြီးတော့ သင်တန်းပြီးသွားရင်… “အပြင်မှာ ဘယ်ကစရမလဲ?” ဆိုပြီး မသိသေးဘူးလား။

ဒီ Class က Theory သက်သက် မဟုတ်ပါဘူး။ 💥 လက်တွေ့ 90% လုပ်ရမယ့် Physical Training Class ဖြစ်ပါတယ်။

အခြေခံမရှိသူများ၊ ကိုယ်ပိုင်လုပ်ငန်းကို ကိုယ်တိုင် Marketing ဆင်းချင်တဲ့ SME Owner များအတွက် Next Level Training Center ကနေ (၁) လကြာ Intensive Social Media Marketing Class ကို ဖွင့်လှစ်ထားပါတယ်။

📌 Class ထဲမှာ ကိုယ်တိုင် လုပ်ရမယ့်အရာတွေ

🎨 Design ဖန်တီးခြင်း

Canva နဲ့ Professional Poster / Logo ဆွဲမယ်

🎬 Video Editing

TikTok, Reels, Shorts Video တွေ Edit လုပ်မယ်

✍️ Copywriting

Customer ဝယ်ချင်လာအောင် အရောင်းစာသားရေးမယ်

📈 Ads & Marketing

Facebook Ads Run

Pixel Setup

Retargeting

Chatbot Automation

SEO Basic

Google Business Profile

AI Tools အသုံးပြုနည်း တွေကို လက်တွေ့သင်ကြားပေးမှာပါ။

🔥 သင်ကြားပေးမယ့် Skill တွေ ✅ Branding & Logo Psychology ✅ Canva Professional Design ✅ Viral Content Writing (3-Second Hook) ✅ Influencer Marketing ✅ Live Sale Strategy ✅ Omnichannel Marketing ✅ Data Analytics ✅ ChatGPT / Gemini / Midjourney အသုံးချနည်း

💎 Class Type & Fees

👥 Mini Group Class (3 ယောက်သီးသန့်) 💰 100,000 MMK

👤 1-on-1 Private Class 💰 150,000 MMK

🏠 Home Visit / 💻 Zoom Online Class လည်း ရွေးချယ်နိုင်ပါတယ်။

📅 Duration — 1 Month (တစ်ပတ် ၂ ရက်)

📍 Location Next Level Training Center အမှတ် (၂၇)၊ စကားဝါပင်လမ်း၊ ကြည့်မြင်တိုင်

⚠️ လူဦးရေ Limited နဲ့သာ သင်ကြားပေးတာဖြစ်လို့ နေရာမပြည့်ခင် အခုပဲ

📩 Page Messenger ကို “Masterclass” လို့ စာပို့ပြီး စာရင်းပေးသွင်းလိုက်ပါ။

📞 09 962 753 849

24/05/2026

ပုံထဲမှာ ဘာမြင်လဲ ❓

စိတ်ထဲမှာ တော့ Brand အမည်တစ်ခုဖြင့်
ပစ္စည်းအမျိုးမျိုးလို့ တွေးမိကြပါလိမ့်မယ်

အဲ့ထပ်ပိုပြီးတွေးလို့ရပါသေးတယ် •••••

✅Brand အမည်
✅သုံးထားတဲ့ အရောင်
✅စာလုံး Fount
✅မပြောင်းလဲတဲ့ Logo

စသဖြင့် အများကြီးပါဝင်ပါတယ်

သင်က Page တစ်ခု (ဆိုင်တစ်ခု) ဖွင့်ပြီဆို
အပေါ်ကအချက်တွေက အရေးကြီးပါတယ်
ဒါတွေပါမှ ဆိုင်ဖွင့်ဖို့အရေးကြီးတယ်ပြောချင်တာ မဟုတ်ပါဖူး

ဒါတွေကိုမပြောင်းလဲဘဲ ထိန်းထားနိုင်ဖို့ပါ

ဒါမှ Customer ကမှတ်မိလာမယ်

“ဒီဆိုင်ရဲ့ ဆိုင်းဘုတ်က ဘာအရောင်
Logo က ဘယ်လို “

ဥပမာ Ooredoo ကို ကြည့်ရအောင်
အနီနဲ့အဖြူသုံးထားတယ် “ဖတ်” ခနနဲ
ကြည့်တာနဲ့ Ooredoo မှန်းသိရတယ်
သူ logo fount ဘယ်တော့မှ မပြောင်းခဲ့ဖူး
အရောင်မပြောင်းခဲ့ဖူး ဒါကြောင့် လဲ အချိန်တစ်ခုကြာတော့ လူတွေ ချွတ်မရအောင်မှတ်မိသွားတယ်

“သူထွက်သွားခဲ့တာတောင် မှတ်မိနေတုန်းဘဲ”လေ

ဒါကြောင့် Branding Consists ကလဲအရေးကြီးကြောင်းအနီးစပ်ဆုံးရေးသားတင်ပြပေးလိုက်ရပါတယ် ခင်ဗျာ•••••

Next Level Training Center
📲 09962753849
💬 အသေးစိတ်စုံစမ်းလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

21/05/2026

သင့်Page က Contact plan ချထားပြီး သားpage ဖြစ်နေရဲ့လား ❓

ရေးချင်တဲ့နေ့ရေးပြီး တင်ချင်တဲ့နေ့ တင်ရင်
Reach တွေလဲ ကျချင်သလိုတွေ ကျကုန်မှာပါ

Reach ကျရင် လူမသိ လူမသိရင်စျေးရောင်းမကောင်းဖူးသာမှတ်ပါ

ဒါကြောင့် page မှာ product ရော product ရဲ့ Knowledge Sharing တွေရော

အခြား စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဟာသဖြစ်ဖို့ကောင်းတဲ့ ကိစ္စတွေကို နေ့စဉ် စီမံခန့်ခွဲပြီး Active ဖြစ်အောင် တင်ပေးနေဖို့လိုပါတယ်

ကိုယ်ကမအားလို့ Page ကိုအချိန်မပေးနိုင်တာမျိုးမလုပ်ဘဲ page ကို အသက်ရှိနေဖို့အချိန်တစ်ခုဖယ်ပေးထားဖို့လိုပါတယ်

မဟုတ်ရင် Admin ခန့်ပါ ဒီနေရာမှာ
လုံးဝမကပ်သင့်တဲ့ကိစ္စဖြစ်တဲ့အတွက်

ကျွမ်းကျင် ဝန်ထမ်းရှာပြီး Admin ခန့်ပြီး အမြဲတစေ page ကို Active ဖြစ်အောင်
လုပ်နေဖို့ကလဲ marketing ရဲ့ တစိတ်တဒေသ ပါဘဲ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Sagawar Pin Street
Yangon