GED Authorized Preparation Center - Yangon

GED Authorized Preparation Center - Yangon

Share

This is the OFFICIAL PAGE of GEDÂŽ Authorized Preparation Center by TAXILA in Yangon.

We have graduated hundreds of GEDÂŽ students and work closely with the GEDÂŽ team on exam services and graduations.

Photos from GED Authorized Preparation Center - Yangon's post 18/06/2026

🚀 ၅ လပဲ အချိန်ပေးပါ! နိုင်ငံတကာအသိအမှတ်ပြု အမေရိကန်အထက်တန်းအဆင့်လက်မှတ်နဲ့အတူ တက္ကသိုလ်တံခါးကို အမြန်ဆုံး ဖွင့်လှစ်ကြမယ်။ ⌛️

GED® Authorized Provider - Taxila မှာ ကမ္ဘာတစ်ဝန်းက ထိပ်တန်းတက္ကသိုလ်တွေဆီ တိုက်ရိုက်တက်လှမ်းနိုင်မဲ့ GED (Batch 29) အတန်းသစ်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။ တက္ကသိုလ်ပညာရေးဆီ အချိန်တိုတိုနဲ့ အမြန်ဆုံး လျှောက်လှမ်းချင်တဲ့ ကျောင်းသား/သူများအတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်ပါတယ်။
🔗 Online မှတစ်ဆင့် တိုက်ရိုက်စာရင်းပေးသွင်းရန်: https://forms.gle/2LbApHYWnScv8kQX7

🎓 ဘာကြောင့် တက်စီလာမှာ တက်သင့်တာလဲ ❓

⏩ သင်တန်းပြီးဆုံးပါက GED® Real Test ကို ထပ်မံဖြေဆိုစရာမလိုဘဲ Taxila ရဲ့ အမေရိကန်-မြန်မာ ဘွဲ့သင်တန်းများကို တိုက်ရိုက် ဝင်ခွင့်ဖြေဆို တက်ရောက်ခွင့်ရရှိခြင်း။
⏩ ပညာသင်ဆုလျှောက်ထားနိုင်ခြင်း။
⏩ GED® Authorized Provider ဖြစ်တာကြောင့် GED သင်ကြားရေးအပိုင်းနှင့် ဝန်ဆောင်မှုအပိုင်းတွင် ယုံကြည်စိတ်ချရခြင်း။
⏩ ကျောင်းသားများ ကိုယ်တိုင်လေ့လာနိုင်မဲ့ Online Library နှင့် Resource များကို အခမဲ့ အသုံးပြုခွင့်ပေးခြင်း။
⏩ ကျောင်းတွင်း/ ပြင်ပ လှုပ်ရှားမှုများ၊ အသင်းအဖွဲ့များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ခြင်း။

🎁 ယခု ဩဂုတ်လတန်းခွဲမှာ 50% ပညာသင်ဆု (၂) ဦးပေးအပ်မှာဖြစ်တာကြောင့် အမြန်ဆုံးလျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📌🗒 GED Batch 29 (ဩဂုတ်လတန်းခွဲ) သင်တန်းအချက်အလက် :
♦️သင်တန်းကာလ - (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့မှ (၂၀၂၇) ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့အထိ။
♦️သင်တန်းရက် - အပတ်စဉ် တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ။
♦️သင်တန်းအချိန် - နံနက် (၉:၀၀) နာရီ မှ နေ့လယ် (၁၂:၀၀) နာရီအထိ။
♦️လစဉ်သင်တန်းကြေး -
▪️ In-Person: (၃၆၀,၀၀၀) ကျပ်။
▪️ Online: (၂၉၀,၀၀၀) ကျပ်။
🔗 Online မှ လျှောက်ထားရန် : https://forms.gle/2LbApHYWnScv8kQX7
📌 လျှောက်လွှာပိတ်ရက် : (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၆) ရက်၊ ည (၁၁း၅၉) မိနစ်။

ဆက်သွယ်ရန်။
📞 ဖုန်း - ၀၉ ၉၅၄ ၂၃၀ ၄၆၈ ၊ ၀၉ ၉၅၄ ၂၃၀ ၄၆၉
🏠 GED® Authorized Preparation Center - Yangon: လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။




Photos from GED Authorized Preparation Center - Yangon's post 16/06/2026

👏👏 𝗪𝗲𝗹𝗰𝗼𝗺𝗶𝗻𝗴 𝗢𝘂𝗿 𝗻𝗲𝘄 𝗧𝗮𝘅𝗶𝗹𝗶𝗮𝗻𝘀! 👏👏

တက်စီလာရဲ့ GED တန်းခွဲအသစ် (ဇွန်လတန်းခွဲ) အတွက် မိတ်ဆက်ပွဲ (Orientation) ကို ယနေ့ ဇွန်လ (၁၅) ရက် တနင်္လာနေ့၊ တက်စီလာလမ်းမတော်လေ့လာရေးစင်တာ တိုက်အမှတ် (၁၈) မှာ ကျင်းပခဲ့ရာ တက်စီလာမှ တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနဲ့ မိဘများ စုံလင်စွာတက်ရောက်ခဲ့ပါတယ်။

မိတ်ဆက်ပွဲမှာ တက်စီလာဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်က GED ဖြစ်ပေါ်လာပုံအကြောင်း၊ တက်စီလာရဲ့ GED ဆိုင်ရာ သင်ကြားသင်ယူမှုအရည်အသွေးများအကြောင်းနဲ့ GED ကျောင်းသား/သူများရှိသင့်တဲ့ Critical thinking, Reasoning, Creativity စတဲ့ Soft Skills များအကြောင်းကို ရှင်းလင်းမျှဝေပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဒုဥက္ကဋ္ဌနဲ့ ဌာနအသီးသီးမှ ဌာနမှူးများကလည်း သင်တန်းဆိုင်ရာ အချက်အလက်များ၊ ကျောင်းမှ ရရှိနိုင်သောဝန်ဆောင်မှုများအကြောင်းနဲ့ ကျောင်းသား/သူများ လိုက်နာရမဲ့ စည်းကမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် တက်ရောက်လာသော ကျောင်းသား/သူများနဲ့ မိဘများကို ကော်ဖီနှင့် မုန့်များဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ဒီပွဲလေးကတစ်ဆင့် ကျောင်းသား/သူသစ်တွေအတွက် ရှေ့ဆက်ရမဲ့ ပညာရေးခရီးလမ်းအတွက် ယုံကြည်မှုအပြည့် ရရှိခဲ့ကြသလို၊ မိဘအုပ်ထိန်းသူများအနေနဲ့လည်း သား/သမီးများရဲ့ အနာဂတ်အတွက် စိတ်အေးချမ်းသာစွာ အကောင်အထည်ဖော်နိုင်မဲ့ သေချာရေရာမှုကို ရရှိစေခဲ့ပါတယ်။

11/06/2026

GED အောင်ပြီးရင် Scholarship တွေ လျှောက်လို့ရလား? 🤔

GED ဟာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ဖြစ်တဲ့အတွက် Scholarship များကို လျှောက်ထားရာမှာအရည်အချင်းပြည့်မီသော Academic Qualification တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် GED ဆိုတာ မြန်မာကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်ခွင့်ရဖို့တင်မကဘဲ နိုင်ငံတကာက Scholarship တွေကိုပါ လျှောက်လှမ်းနိုင်တဲ့ အခွင့်အလမ်းတံခါးပေါက်တစ်ခု ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မြန်မာကျောင်းသားတွေ GED လက်မှတ်နဲ့ အဓိက လျှောက်ထားနိုင်တဲ့ နာမည်ကြီး Scholarship အခွင့်အလမ်းတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ 👇

1️⃣ Thai University Full Scholarships (ထိုင်းတက္ကသိုလ်အလိုက် ပညာသင်ဆုများ) 🇹🇭
ထိုင်းနိုင်ငံက နာမည်ကြီး ထိပ်တန်းတက္ကသိုလ်ကြီးတွေ (ဥပမာ- Chulalongkorn, Thammasat, Mahidol, Mae Fah Luang) နဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေ (ABAC, Bangkok University) မှာ ကျောင်းသားသစ်တွေအတွက် ကျောင်းလခ ၁၀၀% အပြည့်အဝ ထောက်ပံ့ပေးတဲ့ Full Scholarships တွေနဲ့ Partial Scholarships တွေ နှစ်စဉ် (Semester အလိုက်) ရှိပါတယ်။

Scholarship သတ်မှတ်ချက်တွေဟာ တက္ကသိုလ်နဲ့ Scholarship အမျိုးအစားအလိုက် ကွဲပြားနိုင်ပြီး GED Score, English Proficiency, Interview Performance နှင့် Extracurricular Achievements များကို ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ တက္ကသိုလ်အချို့ရဲ့ Merit-based Scholarships တွေမှာ GED 660-700+ နှင့် Subject Score မြင့်မားသူများကို အထူးဦးစားပေးလေ့ရှိပါတယ်။

2️⃣ Child's Dream University Scholarship Program 🐘
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေမှာ International Program တက်ရောက်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက် အထူးသင့်တော်တဲ့ Fully-Funded ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။

ပညာတော်ပြီး လူမှုစီးပွားအခက်အခဲရှိတဲ့၊ လူ့အဖွဲ့အစည်းကို ပြန်လည်အကျိုးပြုချင်တဲ့ ကျောင်းသားတွေကို ဦးစားပေး ရွေးချယ်လေ့ရှိပြီး GED အပါအဝင် Scholarship Program က သတ်မှတ်ထားတဲ့ Academic Qualification များနဲ့ ကိုက်ညီပါက လျှောက်ထားနိုင်ပါတယ်။

3️⃣ Prospect Burma Scholarship 🇬🇧
နှစ်စဉ် မြန်မာကျောင်းသားပေါင်းများစွာကို ဒေသတွင်းနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ ထောက်ပံ့ပေးနေတဲ့ ဗြိတိန်အခြေစိုက် ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

GED အပြင် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကနေ Admission (ကျောင်းဝင်ခွင့် Offer Letter) ကြိုတင်ရရှိထားဖို့ လိုအပ်ပြီး နှစ်စဉ် သတ်မှတ်ရက်အလိုက် လျှောက်ထားနိုင်ပါတယ်။

🚨 Scholarship eligibility, benefits နဲ့ application requirements တွေဟာ တက္ကသိုလ်နဲ့ Scholarship Program အလိုက် ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့်နောက်ဆုံးရ အချက်အလက်များကို သက်ဆိုင်ရာ University သို့မဟုတ် Scholarship Provider ရဲ့ Official Website မှာ စစ်ဆေးရန် အကြံပြုအပ်ပါတယ်။

💡 Scholarship ရဖို့ ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်သလဲ?
▪️ GED Score ကောင်းမွန်ခြင်း: ရမှတ်မြင့်မားခြင်းက ကိုယ့်ရဲ့ Academic အရည်အချင်းကို သက်သေပြရာရောက်လို့ Full Scholarship ရဖို့ ပိုနီးစပ်စေပါတယ်။
▪️ English Proficiency: IELTS, TOEFL သို့မဟုတ် Duolingo ကဲ့သို့ English Proficiency Test Score ကောင်းမွန်စွာ ရရှိထားခြင်းက Scholarship လျှောက်ထားရာမှာ အားသာချက်တစ်ခု ဖြစ်စေပါတယ်။
▪️ Extracurricular Activities: ကျောင်းပြင်ပလှုပ်ရှားမှုများ၊ ပရဟိတလုပ်ငန်းတွေနဲ့ Volunteer လုပ်ထားတဲ့ အတွေ့အကြုံတွေက Scholarship ဘုတ်အဖွဲ့ရဲ့ အမှတ်ပေးမှုကို ပိုရစေပါတယ်။
▪️ Strong Personal Statement: ကိုယ်က ဘာကြောင့် ဒီပညာသင်ဆုနဲ့ ထိုက်တန်သလဲ၊ အနာဂတ်မှာ မိမိလူ့အဖွဲ့အစည်းကို ဘယ်လိုပြန်အကျိုးပြုမလဲဆိုတာကို သေချာပြင်ဆင်ရေးသားနိုင်ရပါမယ်။

GED ဟာ နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်နဲ့ Scholarship အခွင့်အလမ်းများကို လျှောက်လှမ်းနိုင်ဖို့ ခိုင်မာတဲ့ ပညာရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ကျောင်းသားများအနေနဲ့ သတင်းအချက်အလက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အချိန်မီ အကောင်းဆုံး ပြင်ဆင်လျှောက်ထားဖို့အကြံပြုလိုက်ပါတယ်။

📌 အမေရိကန် အထက်တန်းအောင်လက်မှတ် (GED) ကို အချိန်တိုအတွင်း ထိရောက်စွာ တက်ရောက်အောင်မြင်ပြီး နိုင်ငံတကာ Scholarship တံခါးပေါက်တွေကို လှမ်းကိုင်ချင်တယ်ဆိုရင်တော့ အခုပဲ အတန်းစုံစမ်း အပ်နှံနိုင်ပါတယ်။

📞 ဖုန်း - ၀၉ ၉၅၄ ၂၃၀ ၄၆၈ ၊ ၀၉ ၉၅၄ ၂၃၀ ၄၆၉
🏠 GED® Authorized Preparation Center - Yangon: လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

28/05/2026

🕌✨ 𝗪𝗶𝘀𝗵𝗶𝗻𝗴 𝘆𝗼𝘂 𝗮 𝗯𝗹𝗲𝘀𝘀𝗲𝗱 𝗮𝗻𝗱 𝗽𝗲𝗮𝗰𝗲𝗳𝘂𝗹 𝗘𝗶𝗱!

(၂၀၂၆) ခုနှစ်၊ မေလ (၂၈) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းလုံးရှိ အစ္စလာမ်ဘာသာဝင်တို့ရဲ့ မွန်မြတ်လှတဲ့ "အီဒုလ်အဿွဟာ" (ကုရ်ဘာနီအီးဒ်နေ့) အခါသမယ ဖြစ်ပါတယ်။

အခုလိုနေ့ထူးနေ့မြတ်မှာ အစ္စလာမ်ဘာသာဝင်မိဘပြည်သူများနှင့် ကျောင်းသား/သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း အဖြာဖြာကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း GED Authorized Preparation Center - Yangon က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

20/05/2026

⏳ 𝗟𝗔𝗦𝗧 𝗖𝗔𝗟𝗟: 𝗚𝗘𝗗 တန်းခွဲသစ်အတွက် လျှောက်လွှာပိတ်ရန် (၁) ရက်သာ လိုပါတော့တယ်။

နိုင်ငံတကာတက္ကသိုလ် တက်ရောက်ချင်တဲ့ အိပ်မက်ကို အချိန်တိုအတွင်း အကောင်အထည်ဖော်ဖို့အတွက် တက်စီလာရဲ့ မေလ GED တန်းခွဲသစ် လျှောက်လွှာပိတ်ရက်ဟာ မေလ (၂၁) ရက်၊ ည (၁၁:၅၉) မိနစ် နောက်ဆုံး ဖြစ်ပါတယ်။

ဒါကြောင့် အနာဂတ်အတွက် အချိန်မဆိုင်းဘဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။
🔗 Online မှ လျှောက်ထားရန်: https://forms.gle/2LbApHYWnScv8kQX7

မေလတန်းခွဲသစ် အချက်အလက်များ-
🗓 သင်တန်းကာလ: မေလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၁၂) ရက်နေ့အထိ
🕒 သင်တန်းအချိန်: နံနက် (၉:၀၀) နာရီ မှ ညနေ (၄:၀၀) နာရီအထိ
💰 သင်တန်းကြေး
▪️ In-Person: (၃၆၀,၀၀၀) ကျပ်။
▪️ Online Class: (၂၉၀,၀၀၀) ကျပ်။
💰 Early Bird Discount: ပထမဆုံး စာရင်းပေးသွင်းသူ (၁၀) ဦးအတွက် 10% Discount!

အသေးစိတ် စုံစမ်းလိုပါက Page messenger/chat box မှ မေးမြန်းနိုင်သလို ဖုန်းမှတစ်ဆင့် ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါတယ်။
ရန်ကုန်: 📞 ၀၉ ၉၅၄ ၂၃၀ ၄၆၈ ၊ ၀၉ ၉၅၄ ၂၃၀ ၄၆၉
ပဲခူး: 📞 ၀၉ ၉၅၄ ၂၃၀ ၄၆၈ ၊ ၀၉ ၉၅၄ ၂၃၀ ၄၆၉ (Viber: ၀၉ ၉၄၀ ၀၀၁ ၇၆၄ )
တာချီလိတ်: 📞 ၀၉ ၇၇၂ ၉၈၃ ၁၉၈

Photos from GED Authorized Preparation Center - Yangon's post 09/05/2026

နိုင်ငံတကာတက္ကသိုလ် တက်ရောက်ဖို့ အိပ်မက်တွေရှိလား?
အချိန်တိုအတွင်း GED ဖြေဆိုပြီး အနာဂတ်ကို အကောင်အထည်ဖော်ချင်လား?
တက်စီလာက ဖွင့်လှစ်မဲ့ မေလ GED တန်းခွဲသစ်ကို Early Bird Discount ရယူပြီး တက်ရောက်ပါ။

ဘာကြောင့် တက်စီလာ ရဲ့ GED အတန်းတွေကို ရွေးချယ်သင့်တာလဲ❓
✅ ကျွမ်းကျင်ဆရာ/မများ: ဘာသာရပ်အလိုက် အသိအမှတ်ပြုလက်မှတ်ရ နှစ်ချီအတွေ့အကြုံရှိ ဆရာ/မများ ကိုယ်တိုင် သင်ကြားပေးခြင်း။
✅ ထိရောက်သောသင်ကြားမှု: အတန်းတစ်တန်းလျှင် ကျောင်းသားဦးရေ ကန့်သတ်ထားသဖြင့် တစ်ဦးချင်းစီကို အနီးကပ် ဂရုစိုက်နိုင်ခြင်း။
✅ ခေတ်မီစနစ်: စာတွေ့သာမက လက်တွေ့ပါ ပေါင်းစပ်ထားသော ခေတ်မီသင်ကြားရေး နည်းစနစ်များ။
✅ သက်သာသောဝန်ဆောင်မှု: GED® Authorized Services - Myanmar နှင့် ချိတ်ဆက်ပြီး Exam Registration ကို ဈေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးခြင်း။
✅ ဘက်စုံဖွံဖြိုးမှု: ကျောင်းတွင်း/ပြင်ပ လှုပ်ရှားမှုများတွင် ပါဝင်ရင်း မိမိဝါသနာကိုပါ ဖော်ဆောင်နိုင်ခြင်း။

မေလတန်းခွဲသစ် အချက်အလက်များ-
🗓 သင်တန်းကာလ: မေလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၁၂) ရက်နေ့အထိ
🕒 သင်တန်းအချိန်: နံနက် (၉:၀၀) နာရီ မှ ညနေ (၄:၀၀) နာရီအထိ
💰 Early Bird Discount: ပထမဆုံး စာရင်းပေးသွင်းသူ (၁၀) ဦးအတွက် 10% Discount!

လျှောက်လွှာပိတ်ရက်: 🗓 မေလ (၂၁) ရက်၊ ည (၁၁း၅၉) မိနစ် နောက်ဆုံးထားပြီး စာရင်းပေးသွင်းလိုက်ပါ။
🔗 Online မှ လျှောက်ထားရန်: https://forms.gle/2LbApHYWnScv8kQX7
အသေးစိတ် စုံစမ်းလိုပါက page messenger/chatbox မှ မေးမြန်းနိုင်သလို ဖုန်းမှတစ်ဆင့် ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါတယ်။

ရန်ကုန်: 📞 ၀၉ ၉၅၄ ၂၃၀ ၄၆၈ ၊ ၀၉ ၉၅၄ ၂၃၀ ၄၆၉
ပဲခူး: 📞 ၀၉ ၉၅၄ ၂၃၀ ၄၆၈ ၊ ၀၉ ၉၅၄ ၂၃၀ ၄၆၉ (Viber: ၀၉ ၉၄၀ ၀၀၁ ၇၆၄ )
တာချီလိတ်: 📞 ၀၉ ၇၇၂ ၉၈၃ ၁၉၈






Google Docs (https://forms.gle/2LbApHYWnScv8kQX7)

01/05/2026

👷‍♀️ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုခြင်း 👷‍♀️

ဒီနေ့ဟာ ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားထုတစ်ရပ်လုံးရဲ့ ကြိုးပမ်းအားထုတ်မှုများ၊ စွန့်လွှတ်အနစ်နာခံမှုများနဲ့ အောင်မြင်မှုများကို ဂုဏ်ပြုသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေးနေ့) ဖြစ်ပါတယ်။ သက်ဆိုင်ရာ လုင်ငန်းအဖွဲ့အစည်းအသီးသီးမှာ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်နေကြတဲ့ အလုပ်သမားများအားလုံးကို တက်စီလာက လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။

အခုလို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကာယ၊ ဉာဏ အလုပ်သမားများ၊ ဝန်ထမ်းများအားလုံး "စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း" တက်စီလာက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။


30/04/2026

🙏 ကဆုန်လပြည့်နေ့ ဆုတောင်းမေတ္တာပို့သလွှာ 🙏

ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးအခြားဆုံးနေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ဖြစ်ပါတယ်။ "ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်လ" ဆိုတဲ့အတိုင်း မြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူတော်မူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ဗုဒ္ဓဝင်အကျဉ်းဟောတော်မူသောနေ့နဲ့ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့အထိ နေ့တွေအားလုံးဟာ ထူးခြားစွာနဲ့ ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်က ကဆုန်လပြည့်နေ့မှာ ဗောဓိညောင်ပင်ကိုအမှီပြုပြီး သဗ္ဗညုတရွှေဥာဏ်တော်ကိုရတော်မူဖို့ တရားအားထုတ်တော်မူခဲ့ပါတယ်။ အခုလို ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်အား ရည်မှန်းပူဇော်ခြင်း၊ ရေများ သွန်းလောင်းခြင်းနှင့် ဥပုသ်သီတင်း ဆောက်တည်ခြင်းဖြင့် “ညောင်ရေသွန်းပွဲတော်”ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့တာဟာ ယနေ့တိုင်ဖြစ်ပါတယ်။

အခုလို ကဆုန်လပြည့်နေ့အခါသမယမှာ ကျောင်းသား/သူများ၊ ဆရာ/မများနဲ့ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြစေကြောင်း တက်စီလာက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။



Photos from GED Authorized Preparation Center - Yangon's post 20/04/2026

ပျော်ရွှင်စရာ အတာသင်္ကြန်ပွဲတော်ကာလပြီးဆုံးသွားပြီမို့ ဒီကနေ့မှာတော့ တက်စီလာရဲ့ GED ကျောင်းသား/သူတွေဟာ မိမိတို့ရဲ့ အိပ်မက်တွေဆီကို အရောက်လှမ်းဖို့အတွက် စာသင်ခန်းထဲကို ပြန်လည်ရောက်ရှိလို့လာပါပြီ။

အခုလို မြန်မာ့နှစ်သစ်အခါသမယမှာ စိတ်သစ်၊ လူသစ်၊ အားအင်အသစ်တွေနဲ့ စာသင်ခန်းထဲမှာ ပျော်ပျော်ပါးပါး ပြန်လည်တွေ့ဆုံကြပြီး ပညာသင်ကြားနေကြတဲ့ ကျောင်းသား/သူလေးတွေဟာ GED Graduates များဖြစ်အောင် ကြိုးစားအားထုတ်နေကြတာလည်း ဖြစ်ပါတယ်။ အခုလို ပိတ်ရက်အပြီး ပထမဆုံးနေ့မှာ တက်ကြွလန်းဆန်းတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ တက်စီလာရဲ့ စာသင်ခန်းတွင်း အမှတ်တရပုံရိပ်တွေကို အားလုံးအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

13/04/2026

💦🙏 တက်စီလာက ဖွင့်လှစ်ထားတဲ့ GED® Authorized Preparation Center - Yangon ရဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဆုတောင်း 🙏💦

ဒီကနေ့ဟာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်စတင်တဲ့ မဟာသင်္ကြန်အကြိုနေ့ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်ဟာ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များအနက် ပထမဆုံးလ တန်ခူးလရဲ့ ပွဲတော်ဖြစ်သလို မြန်မာတိုရဲ့ အစည်ကားဆုံးသော နှစ်သစ်ကူးပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။

အခုလို နှစ်သစ်ကူး မဟာသင်္ကြန်အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားများအားလုံး နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ ပညာရေး၊ စီးပွားရေးနှင့် ဘဝရည်မှန်းချက်များအားလုံး အောင်မြင်ထမြောက်ကြစေကြောင်း တက်စီလာက ဆုတောင်းမေတ္တာပိုသလိုက်ပါတယ်။

(မဟာသင်္ကြန်ကာလအတွင်း တက်စီလာ၏ ကျောင်းနှင့် ရုံးများ ပိတ်ထားမည်ဖြစ်ပြီး သင်တန်းအကြောင်းအရာနှင့် တခြားသိလိုသည်များကို Page Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။)


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Between Bhone Gyi Street And Lan Thit Street Between Anawrahta Street, And Bo Gyoke Road
Yangon
11131

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30