STS Learning Hub International Preschool

STS Learning Hub International Preschool

Share

Where Learning Begins with Fun! 🤩

https://www.tiktok.com/@stslearninghub?_t=8qy8faPL5UK&_r=1

14/06/2026

"Weekend အပြီး ကျောင်းပြန်တက်တဲ့နေ့ကို ပျော်ပျော်ရွှင်ရွှင် စတင်ကြရအောင်!"

မေမေဖေဖေတို့ရှင်...
ကျောင်းစတက်ပြီး ပထမဆုံး Weekend ကို ဖြတ်သန်းပြီးတဲ့နောက် တနင်္လာနေ့မှာ ကျောင်းပြန်တက်ဖို့ ကလေးတချို့အတွက် အချိန်နည်းနည်း ပြန်ယူရတတ်ပါတယ်နော်
တချို့ကလေးလေးတွေက "ကျောင်းမသွားချင်ဘူး" လို့ ပြောတာ၊ မနက်စောစော မထချင်တာ၊ မေမေဖေဖေကို ပိုတွယ်ကပ်နေတာမျိုးဖြစ်တတ်ပါတယ်။
💡 ဒါဟာ ပုံမှန်ပါပဲရှင်။
Weekend မှာ အိမ်မှာ အချိန်ပိုကုန်ပြီး မိသားစုနဲ့ အတူနေရတာကို နှစ်သက်လာတဲ့အတွက် ကျောင်း Routine ထဲကို ပြန်ဝင်ဖို့ အချိန်အနည်းငယ် လိုအပ်တာ ဖြစ်ပါတယ်။
🧡 မိဘတွေ ဘယ်လိုကူညီပေးနိုင်မလဲ?
✔️ တနင်္လာနေ့မတိုင်ခင် ညမှာ စောစောအိပ်ပေးပါ။
✔️ Ferry စီးမယ့် သားသားမီးမီးလေးတွေကို မနက်စောစော အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးပါ။
✔️ "မနက်ဖြန် Teacher တွေ၊ Friends တွေနဲ့ ပြန်တွေ့ရတော့မယ်နော်" ဆိုပြီး Positive စကားလေးတွေ ပြောပေးပါ။
✔️ Ferry လာကြိုမယ့်အချိန် မနောက်ကျစေရန် ကြိုတင်စောင့်ဆိုင်းပေးပါ။
✔️ မနက်ပိုင်းကို အလျင်လို မဖြစ်စေဘဲ အေးအေးဆေးဆေး ပြင်ဆင်ပေးပါ။
✔️ ကျောင်းသွားခြင်းကို ပျော်ရွှင်စရာ အတွေ့အကြုံတစ်ခုအဖြစ် ပြောပြပေးပါ။
ကလေးတွေက Routine ရှိတဲ့အခါ ပိုပြီး လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်။
မေမေဖေဖေတို့ရဲ့ အားပေးမှု၊ စိတ်ရှည်မှုနဲ့ နွေးထွေးတဲ့ ကြိုတင်ပြင်ဆင်ပေးမှုတွေက သားသားမီးမီးလေးတွေပိုမိုအဆင်ပြေအောင် ကူညီပေးနိုင်ပါတယ်ရှင် 💛

🏫💚 STS Learning Hub International Preschool မှာတော့ ကလေးလေးတွေ ကျောင်းပျော်ပြီး ယုံကြည်မှုရှိရှိ သင်ယူနိုင်ဖို့ နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်ရှင်

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

Photos from STS Learning Hub International Preschool's post 09/06/2026

Our little children’s first day of school.

Photos from STS Learning Hub International Preschool's post 07/06/2026

🦟✨ A Clean & Safe Environment for Every Child ✨🦟
မဂ်လာပါ မေမေဖေဖေတို့ရှင့်

သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို အမြဲဦးစားပေးတဲ့ STS Learning Hub International Preschool မှာ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းပြီး ဘေးကင်းလုံခြုံစေရန် ခြင်နှိမ်နင်းရေးဆေးဖြန်းခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်ရှင်

🌿 သန့်ရှင်းသော ပတ်ဝန်းကျင် 🌿 ကျန်းမာသော သင်ယူမှု 🌿 ဘေးကင်းလုံခြုံသော ကျောင်းသားဘဝ ကို
သားသားမီးမီးလေးတွေ စိတ်ချလက်ချ Learn • Play • Grow နိုင်ဖို့ အသေးစိတ်ကအစ ဂရုတစိုက် ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်

💛 Because every child deserves a clean, safe, and healthy learning environment.

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

Photos from STS Learning Hub International Preschool's post 06/06/2026

A great school year starts with great moments together. Orientation Party 2026 🎉✨

05/06/2026

💜Preschool မပို့ခင် မေမေဖေဖေတို့ သိထားသင့်တဲ့ အချက် (၅) ချက်💜

မဂ်လာပါ မေမေဖေဖေတို့ရှင်…
သားသားမီးမီးလေးတွေ Preschool စတက်တော့မယ်ဆိုရင် စိတ်လှုပ်ရှားတာနဲ့အတူ စိုးရိမ်စိတ်လေးတွေလည်း ရှိတတ်ပါတယ် 😊
"ငိုနေမှာလား?" "အဆင်ပြေပါ့မလား?" "သူငယ်ချင်းတွေနဲ့ ပေါင်းတတ်ပါ့မလား?"
ဆိုတဲ့ မေးခွန်းလေးတွေက မိဘတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတတ်ပါတယ် 💛
ဒါကြောင့် ကလေးလေးကို Preschool မပို့ခင် မေမေဖေဖေတို့ သိထားသင့်တဲ့ အချက်ကလေး(၅) ချက်ကို မျှဝေပေးချင်ပါတယ်ရှင်

1. ကျောင်းစတက်ခါစ ငိုတာ ပုံမှန်ပါပဲ
ကလေးအများစုဟာ ပတ်ဝန်းကျင်အသစ်၊ လူအသစ်၊ Routine အသစ်တွေနဲ့ တွေ့ရတဲ့အခါ ငိုတတ်ကြပါတယ်။
ဒါဟာ ကျောင်းမပျော်တာ မဟုတ်ဘဲ Adjust လုပ်နေတဲ့ အဆင့်တစ်ခုသာ ဖြစ်ပါတယ်ရှင်

2. ကလေးတိုင်း အသားကျတဲ့နှုန်း မတူပါဘူး
တချို့ကလေးတွေက ရက်ပိုင်းအတွင်း အဆင်ပြေသွားပေမယ့် တချို့ကလေးတွေက အချိန်ပိုလိုတတ်ပါတယ်။
တခြားကလေးတွေနဲ့ နှိုင်းယှဉ်ဖို့ မလိုပါဘူးရှင်

3. Preschool ဆိုတာ စာသင်ရုံတင် မဟုတ်ပါဘူး။ Preschool မှာ🗣️ Communication Skills 🤝 Social Skills 🧠 Thinking Skills 💪 Physical Development 💛 Emotional Development
တွေကိုလည်း သင်ယူနေကြတာ ဖြစ်ပါတယ်။

4. "ဆော့နေတာ" လို့ မြင်ရတဲ့ အချိန်တွေဟာ Learning Time တွေပါ။ ကလေးတွေအတွက်
🎨 Art Activities 🧩 Puzzle 🎵 Music 🍳 Role Play စတဲ့ Activities တွေဟာ သင်ယူမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
✨ Play is Learning ✨ပါရှင်။

နောက်ဆုံးတစ်ချက်အနေနဲ့
5. School နဲ့ Home လက်တွဲတဲ့အခါ အကောင်းဆုံး ရလဒ်ရပါတယ်ရှင်။
Teacher တွေနဲ့ ဆက်သွယ်ခြင်း၊ အိမ်မှာ Support ပေးခြင်း၊ Routine ထိန်းပေးခြင်းတွေက ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

🏫💚 STS Learning Hub International Preschool ရဲ့ ရည်ရွယ်ချက်က ကလေးတွေကို စာတတ်အောင် သင်ပေးရုံတင်မဟုတ်ပဲ
💜ပျော်ရွှင်စွာသင်ယူတတ်သူ
💜 ယုံကြည်မှုရှိသူ
💜 လူမှုဆက်ဆံရေးကောင်းသူ
အဖြစ် ကြီးထွားလာစေဖို့ နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်ထဲမှာ ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်ရှင်။

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

04/06/2026

💛🏫 Dear Parents,
STS Learning Hub International Preschool မှ 2026–2027 Academic Year အတွက် ကျောင်းအပ်နှံထားပြီးသော မေမေဖေဖေများအားလုံးကို Orientation Program သို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်ရှင်။ 🌈✨
Orientation Day တွင်
✅ ကျောင်း၏ သင်ကြားရေးစနစ်များ
✅ Daily Routine များ
✅ School Policies & Procedures များ
✅ Parent & School Communication
✅ မေးမြန်းလိုသည်များ ဆွေးနွေးနိုင်မည့် အစီအစဉ်များ
ကို အသေးစိတ် မျှဝေပေးသွားမည်ဖြစ်ပါသည်။
📅 Date : 5 June 2026 (Friday)
⏰ Time : 10:00 AM
📍 Venue : STS Learning Hub International Preschool
သားသားမီးမီးလေးတို့ရဲ့ ပညာရေးခရီးစဉ်ကို School နှင့် Home အတူတကွ လက်တွဲစတင်နိုင်ရန် မေမေဖေဖေတို့၏ တက်ရောက်ပေးမှုကို အထူးမျှော်လင့်လျက်ရှိပါသည်ရှင် 💛
🌟 We look forward to meeting you and welcoming you to the STS family!

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

03/06/2026

မဂ်လာပါ မေမေဖေဖေတို့ရှင့်
ဒီနေ့မှာတော့ ကျောင်းစတက်ရတော့မယ် ကလေးလေးတွေနဲ့ ပတ်သတ်လို့ မေမေဖေဖေတို့ကို Knowledge sharing လေးဝေမျှချင်ပါတယ်ရှင်
ကျောင်းစတက်ခါစ သားသားမီးမီးလေးတွေ ငိုတာ ပုံမှန်လား? 💛
မေမေဖေဖေတို့ရှင်…
သားသားမီးမီးလေးတွေ Preschool စတက်တဲ့ ပထမရက်တွေမှာ
😢 မေမေ့ကို ဖက်ထားတာ
😢 ကျောင်းထဲမဝင်ချင်တာ
😢 ငိုတာ
😢 Teacher ကို မကပ်သေးတာ
မျိုးတွေ ဖြစ်တတ်ပါတယ်။
ဒီလိုမြင်ရတဲ့အခါ မိဘတွေက
"ငါ့ကလေးက ကျောင်းမပျော်ဘူးလား?"
"ကျောင်းမထားသင့်သေးဘူးလား?"
ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။
💡 အမှန်တကယ်တော့ ဒါဟာ Preschool အရွယ်ကလေးတွေမှာ တွေ့ရတတ်တဲ့ ပုံမှန်အပြုအမူတစ်ခု ဖြစ်ပါတယ်ရှင်။

🌱 ဘာကြောင့် ငိုတတ်တာလဲ?
👉 ပတ်ဝန်းကျင်အသစ်ဖြစ်လို့
👉 မေမေဖေဖေနဲ့ ခွဲနေရလို့
👉 လူသစ်၊ နေရာသစ်တွေနဲ့ ရင်းနှီးဖို့ အချိန်လိုလို့
👉 လုံခြုံမှုခံစားချက် အသစ်တည်ဆောက်နေရလို့
ဖြစ်ပါတယ်။

💛 မိဘတွေ အနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ?

✔️ ကျောင်းအကြောင်းကို Positive ပြောပေးပါ။
"ကျောင်းမှာ သူငယ်ချင်းအသစ်တွေ ရမယ်နော်" "Fun activities တွေ လုပ်ရမယ်နော်"
ဆိုပြီး စိတ်လှုပ်ရှားစရာအဖြစ် ပြောပြပေးပါ။

✔️ နှုတ်ဆက်ပြီး ပြတ်ပြတ်သားသား ပြန်ပါ။
ကလေးငိုနေလို့ အကြာကြီး နေခဲ့ရင် ပိုပြီး ခွဲရခက်တတ်ပါတယ်။

✔️ Teacher ကို ယုံကြည်ပေးပါ။
Teacher တွေက ကလေးတွေရဲ့ ခံစားချက်ကို နားလည်ပြီး ဖြည်းဖြည်းချင်း အသားကျအောင် ကူညီပေးနေပါတယ်။

✔️ ကလေးကို အချိန်ပေးပါ။
ကလေးတိုင်း Adjust လုပ်တဲ့ နှုန်း မတူပါဘူး။
တချို့ကလေးတွေက ရက်ပိုင်းအတွင်း အသားကျသွားပေမယ့် တချို့ကလေးတွေက ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါတယ်ရှင်။

ဒါကြောင့် ​ေမမေဖေဖေတို့ သိရှိနားလည်ထားရမှာက
ကျောင်းစတက်ခါစ ငိုတာဟာ ကလေးက မပျော်တာ မဟုတ်ပါဘူးရှင်။ သူ့အတွက် အသစ်တစ်ခုကို သတ္တိရှိရှိ ရင်ဆိုင်နေတဲ့ အချိန်ကာလတစ်ခုသာ ဖြစ်ပါတယ်ရှင်။

🏫💚 STS Learning Hub International Preschool မှာတော့ ကလေးလေးတွေကို Warm & Caring Environment ထဲမှာ လုံခြုံမှုရှိရှိ၊ ယုံကြည်မှုရှိရှိ ကျောင်းပျော်လာအောင် ကူညီပေးနေပါတယ်ရှင်။

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

Photos from STS Learning Hub International Preschool's post 30/05/2026

Congratulations, little graduate! Enjoy your summer and get ready for the exciting journey ahead.

Photos from STS Learning Hub International Preschool's post 28/05/2026

Exploring Earth through colors and creativity🌍

Photos from STS Learning Hub International Preschool's post 26/05/2026

Learning, playing, and growing together every day 💕🌈

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 7, 10/North Quarter, Yadanar Pone 5th Street, TharKayta Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00