A Plus Education Center II

A Plus Education Center II

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Plus Education Center II, School, No. 187, 2nd Floor (Right), Baho Road Near Shwe Laung Street, Sanchaung Township, Yangon.

🎒Empower Your Children with International English & Math Classes!

🏫 Fun and Effective Classes for Ages 6–16 — Available Online & On Campus

☎️ 09 780 980 307, 09 777 436 669

17/06/2026

"ပါရမီရှင်ထက် ကြိုးစားချင်စိတ်ရှိတဲ့ကလေး ဖြစ်အောင် ပျိုးထောင်ပေးဖို့ လိုပါတယ်"

မွေးရာပါ တော်တယ်၊ ထက်တယ် ဆိုတဲ့ ကလေးရှိသလို
ဖြည်းဖြည်းချင်းနဲ့မှ လေ့လာသင်ယူပြီး နားလည်တဲ့ ကလေးတွေလည်း ရှိပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ၊
အိပ်မက်တွေကို ရောက်တယ်ဆိုတာက
ဘယ်ကလေးက "ပါရမီ" ရှိတယ်ဆိုတာနဲ့ မဆိုင်တော့ပါဘူး...။

ဘယ်ကလေးက ဆက်ကြိုးစားနိုင်လဲ ဆိုတာနဲ့ပဲ ကွာခြားသွားမှာ ဖြစ်ပါတယ်...။

ပါရမီကိုသာ မှီခိုထားတဲ့ကလေးဟာ
အလွယ်တကူ ရရှိတဲ့ အောင်မြင်မှုကို
ပုံမှန်အဖြစ် ထင်နေတတ်ပါတယ်…။

ခက်ခဲတဲ့ မေးခွန်းတစ်ခု တွေ့ရင်
"ငါ ပါရမီ မရှိဘူးလား" လို့
အလွယ်တကူ လက်လျှော့သွားနိုင်ပါတယ်…။

ကြိုးစားချင်စိတ်ကို ပျိုးထောင်ထားတဲ့ကလေးကတော့
ဒီနေ့ မရသေးရင် မနက်ဖြန် ထပ်ကြိုးစားမယ်ဆိုတဲ့
အတွေးနဲ့ ကြိုးစားရင်း အဖြေရှာတွေ့နိုင်ပါတယ်...။

ဒီစွမ်းရည်က Growth Mindset လို့ ခေါ်ပြီး
ကျောင်းပညာရေးမှာရော၊ ဘဝ အတွက်တာမှာရော
လိုအပ်တဲ့ စိတ်နေစိတ်ထား “Mindset” ပဲ ဖြစ်ပါတယ်...။

ကိုယ့်ကလေးကရော လက်ရှိမှာ ပါရမီရှင်လား?
အလွယ်တကူမရရင် လက်လျှော့တတ်နေပြီလား?
ကြိုးစားရင်း အဖြေရှာတတ်နေပြီလား?
ကောမန့်မှာ ရေးခဲ့ပေးလို့ရပါတယ်...။

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

16/06/2026

သင်္ချာကြောက်စိတ် (Maths Anxiety) ကို ဘယ်လို ကျော်လွှားမလဲ?

ကလေးက သင်္ချာစာအုပ် မြင်တာနဲ့ကို ကြောက်နေပြီ...

သင်္ချာ စာသင်ချိန်ပြီးတာနဲ့ မျက်နှာက ပြုံးမနေတော့ဘူး…

မေးခွန်းမြင်တာနဲ့ တွက်တောင် မတွက်ကြည့်ရသေးဘဲ

ငါ မတွက်နိုင်ဘူးလို့ စိတ်ထဲက တွေးနေပြီ ဆိုရင်တော့

မိဘတို့ ကလေးမှာ “Maths Anxiety” လို့ခေါ်တဲ့

သင်္ချာကြောက်စိတ် ရှိနေပြီ ဖြစ်ပါတယ်...။

ဒီလို ကြောက်စိတ်ဝင်နေတယ် ဆိုရင်တော့

မြန်မြန်ပြုပြင်ဖို့တော့ လိုနေပါပြီ...။

အရင်တစ်ခါ ဖြေမှားခဲ့တာ၊ အများရှေ့မှာ မှားပြီး ရှက်ခဲ့ရတာ၊

အမြန်ဖြေဖို့ ဖိအားပေးခံခဲ့ရတာ ဒီအတွေ့အကြုံတွေက

သင်္ချာနဲ့ "ကြောက်စိတ်" ကို တွဲပေးလိုက်သလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်...။

ဒါကို ကျော်လွှားနိုင်ဖို့ ဆိုရင်
➡️မှားလို့ ရတယ် ဆိုတာ နားလည်အောင် ကူညီပေးတာ
မှားတာက အရှက်ဖြစ်စရာ မဟုတ်ဘဲ သင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲလို့
ခံစားရအောင် ပတ်ဝန်းကျင် ဖန်တီးပေးဖို့ လိုပါတယ်…။

➡️Concept ကို ဖြည်းဖြည်းချင်း နားလည်အောင် သင်ပေးတာ
အမြန်ဖြေနိုင်ဖို့ ဖိအားပေးတာထက်
ဘာကြောင့် ဒီလို ဖြေရတာလဲဆိုတာ
အရင်ဆုံး နားလည်အောင် ရှင်းပြပေးမှ
ယုံကြည်မှု တဖြည်းဖြည်း ပြန်ရလာမှာ ဖြစ်ပါတယ်...။

တတိယ လိုအပ်တာကတော့
➡️သေးငယ်တဲ့ ပုစ္ဆာဖြေရှင်းနိုင်မှုလေးတွေက စလို့ လက်ခုတ်တီးပေးတာ
ပုစ္ဆာအကြီးတွေကို ဖြေရှင်းဖို့ မစခင်
ပုစ္ဆာအသေးလေးတွေကနေ စပြီး ဖြေရှင်းနိုင်လာတဲ့အခါ
"ငါ လုပ်နိုင်တယ်" ဆိုတဲ့ ခံစားချက်က
အလိုလို ရှင်သန်လာပါတယ်…။

A Plus မှာတော့

ကလေးရဲ့ Weak Point ကို စစ်ထုတ်ရုံသာမက

သူ့ရဲ့ ကြောက်စိတ်ကိုပါ နားလည်ပြီး

ယုံကြည်မှုရှိလာအောင် တဖြည်းဖြည်း

တည်ဆောက်ပေးတဲ့ Weakness-based Teaching Method ကို
သုံးနေပါတယ်…။

တစ်တန်းကို ကျောင်းသား ၇ ယောက်ဝန်းကျင်နဲ့
ဖိဖိစီးစီး သင်ယူချင်တယ်ဆိုရင်
ကောမန့်မှာ "Yes" လို့ ရေးသွားလို့ရပါတယ်…။

A Plus ရဲ့ Education Consultant တွေကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်…။

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

15/06/2026

"မိဘကိုယ်တိုင် English ကျွမ်းကျင်စရာမလိုဘဲ ကလေးကို ပံ့ပိုးပေးလို့ရတဲ့ နည်းလမ်း ၃ ခု"

ကလေးရဲ့ အင်္ဂလိပ်စာတိုးတက်အောင် ကူညီပေးချင်တယ်

ကိုယ်က English ကျွမ်းကျင်သည်ဖြစ်စေ၊ မကျွမ်းကျင်သည်ဖြစ်စေ

အိမ်မှာတင် မိဘကိုယ်တိုင် ကူညီပေးလို့ရတဲ့

နည်းလမ်းလေးတွေလည်း ရှိပါတယ်...။

1. Visual Learning လို့ခေါ်တဲ့ Sticky Note လေးတွေနဲ့ မှတ်သားတဲ့နည်း

ပထမဆုံးနည်းလမ်းကတော့ အိမ်မှာရှိတဲ့
ရေခဲသေတ္တာ၊ ပြတင်းပေါက်၊ တံခါး စတဲ့ပစ္စည်းလေးတွေကို
Sticky Note လေးတွေနဲ့ ကပ်ထားပေးပြီး
လေ့လာစေတာပဲ ဖြစ်ပါတယ်...။

ဒီလိုမျိုး Sticky Note လေးတွေက ကလေးအတွက်
မျက်လုံးနဲ့ နေ့တိုင်းမြင်နေရတဲ့အခါ
တဖြည်းဖြည်းနဲ့ မှတ်မိသွားစေပါတယ်…။

ဦးနှောက်က မြင်ရင်းနဲ့ မှတ်တာဟာ
ကျက်ရင်းနဲ့ မှတ်တာထက် ကလေးကို
ပိုပြီး စွဲမြဲစေမှာ ဖြစ်ပါတယ်...။

2. ကလေးအကြိုက် ကာတွန်း တွေထဲမှာ ပြောသလို လိုက်ပြောကြည့်တဲ့နည်း

နောက်တစ်နည်းလမ်းအနေနဲ့ ကလေးကို
အိမ်မှာ အနားယူ၊ ကာတွန်းကား ကြည့်ရင်းနဲ့
ကာတွန်းထဲက ဇာတ်ကောင်တွေရဲ့ လေယူလေသိမ်း၊
စကားပြောတဲ့ ပုံစံတွေအတိုင်း လိုက်ပြောကြည့်ဖို့
အားပေးတဲ့ နည်းလမ်းဖြစ်ပါတယ်...။

ဒီလိုမျိုး Native Speaker တွေရဲ့ Accent ကို
လိုက်ပြောကြည့်တာက ကလေးအတွက်
အပန်းဖြေပြီးသားဖြစ်သလို Pronunciation ကိုလည်း
သဘာဝအတိုင်း ပုံသွင်းပြီးသား ဖြစ်စေပါတယ်…။

3. ကလေးကို ဆရာနေရာကနေ ပြန်သင်ခိုင်းတဲ့နည်း

"ဒီနေ့ ဘာသင်သလဲ မေမေကို ပြန်သင်ပေးပါဦး"
ဆိုပြီး ကလေးကို ဆရာနေရာက ပြင်သင်ပေးဖို့
နေရာပေးတဲ့အခါ ကလေးရဲ့ ယုံကြည်မှုတိုးစေတဲ့အပြင်
သင်ထားတဲ့စာကိုလည်း တစ်ခေါက်ပြန်ပြီး ပြောပြရတဲ့အတွက်
စိတ်ထဲမှာ ပိုပြီးတော့ မြဲစေနိုင်မှာ ဖြစ်ပါတယ်...။

ဒီနည်းလမ်း ၃ ခုနဲ့သာဆိုရင် ကလေးအတွက်လည်း
ဖိအားမရှိ၊ ပျော်ပျော်ရွှင်ရွှင် လေ့လာရင်း
မိဘအတွက်လည်း သက်တောင့်သက်သာနဲ့
ကလေးရဲ့ English စာတိုးတက်အောင်
ကူညီပေးလို့ ရစေမှာ သေချာပါတယ် ✨

အိမ်မှာရော ဘယ်လိုမျိုး ကလေးအတွက် English စာကို
ကူညီပေးနေဖြစ်လဲ?

တခြားသော ဖေဖေမေမေတွေလည်း သိရအောင်
ကောမန့်မှာ ရေးသွားပေးပါဦးနော်...။

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

14/06/2026

ကျောင်းဖွင့်ချိန် အင်္ဂလိပ်စာနဲ့ သင်္ချာမှာ သူများထက် နှာတစ်ဖျားသာနေဖို့

A Plus မှာ ကျောင်းချိန်လွတ် အတန်းချိန်တွေကို ဖွင့်လှစ်ထားပါတယ် ✨

“အစကောင်းမှ အနှောင်းသေချာ” ဆိုသလို အခုလို ကျောင်းဖွင့်ချိန်က စလို့

အင်္ဂလိပ်စာနဲ့ သင်္ချာကို ပိုင်ပိုင်နိုင်နိုင်နဲ့ စာကျေအောင် စနစ်တကျ လေ့ကျင့်ပေးထားဖို့ လိုပါတယ်...။

ကျောင်းဖွင့်ချိန်က စပြီး သင်္ချာ၊ အင်္ဂလိပ်စာကို လက်ရှိရောက်နေတဲ့ အတန်းမှာ

မကျေလည်ခဲ့ဘူးဆိုရင် တစ်နှစ်ထက် တစ်နှစ် စာမလိုက်နိုင်ဖြစ်ပြီးတော့

"အမှတ်မကောင်းတဲ့ကလေး၊ စာမရတဲ့ကလေး" ဖြစ်သွားနိုင်ပါတယ်...။

ဒါကြောင့်မလို့ စာကျေပြီး အမှတ်ကောင်းတဲ့ကလေးအဖြစ်နဲ့

အင်္ဂလိပ်စာနဲ့ သင်္ချာမှာ သူများထက် နှာတစ်ဖျားသာနေဖို့အပြင်

အတန်းချိန် အဆင်မပြေတဲ့ ပြဿနာတွေလည်း မဖြစ်ရအောင်

A Plus မှာ ကျောင်းချိန်လွတ် အတန်းတွေ ဖွင့်လှစ်ပေးထားပြီ ဖြစ်ပါတယ် 💙🥳

ဘာကြောင့် A Plus ကို ရွေးချယ်သင့်တာလဲ?

✅ကျောင်းချိန်လွတ် ဖြစ်တဲ့အပြင် ကလေးနဲ့ အဆင်ပြေတဲ့အချိန်ကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း
✅နိုင်ငံတကာ အသိအမှတ်ပြု သင်္ချာ၊ အင်္ဂလိပ် စာမေးပွဲတွေမှာ ထူးချွန်တဲ့ ကလေးများကို မွေးထုတ်ပေးနိုင်ခြင်း
✅တစ်တန်းကို ကျောင်းသား ၇ယောက်တည်းနဲ့ ဖိဖိစီးစီး သင်ယူနိုင်ခြင်း
✅Grammar အားပြု Curriculum, အားနည်းချက်ကို အဓိကထား သင်ကြားပေးမှုတို့ဖြင့် သင်ကြားပေးခြင်း
✅မိဘတိုင်းအတွက် သင့်တင့်မျှတသော သင်တန်းကြေးနဲ့ ထိရောက်တဲ့ ရလဒ်တွေ ယူဆောင်ပေးခြင်း

တို့ကြောင့် A Plus ကို ရွေးချယ် တက်ရောက်နေကြတာ ဖြစ်ပါတယ်...။

ဒါကြောင့်မလို့ ကိုယ့်ကလေးကို အင်္ဂလိပ်စာနဲ့ သင်္ချာမှာ သူများထက် နှာတစ်ဖျားသာစေချင်တယ်၊ ကျောင်းချိန်လွတ် အတန်းချိန်တွေ ရွေးချယ်တက်ရောက်ချင်တယ်ဆိုရင်တော့

Level Test စစ်ဆေးပြီး အတန်းတက်ရောက်နိုင်ဖို့အတွက်

အခုဘဲ ကောမန့်မှာ “Grade A” လို့ မန့်ခဲ့လိုက်တော့နော်...။

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

Photos from A Plus Education Center II's post 13/06/2026

Thailand International Mathematical Olympiad မှာ Silver Award ရခဲ့တဲ့ သားသား Shine Pyae Phyo Aung 🥳

နိုင်ငံပေါင်းများစွာက ကလေးတွေနဲ့ ယှဉ်ပြိုင်ပြီး

မြန်မာပြည်ကို ကိုယ်စားပြုကာ Silver Award ဆွတ်ခူးနိုင်ခဲ့တဲ့

သားသား Shine Pyae Phyo Aung အတွက် A Plus မှ

ဂုဏ်ယူဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုပါတယ်…။ 🥈✨

ဒီ Award ဟာ သင်္ချာပြဿနာကို

မြင်တာနဲ့ ချဉ်းကပ်တတ်တဲ့ စွမ်းရည်

အပိုင်းပိုင်းခွဲပြီး တစ်ဆင့်ချင်း ဖြေရှင်းတတ်တဲ့ အတွေးအခေါ်

တွေကို ပိုင်နိုင်တဲ့ သားသားရဲ့ စွမ်းရည်ကြောင့်သာ ဖြစ်ပါတယ်...။

ဆုရရှိခဲ့တဲ့ သားသား Shine Pyae Phyo Aung အတွက် A Plus မှာ ဂုဏ်ယူဝမ်းမြောက်ရပါတယ် 💙

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

12/06/2026

"KET Exam မှာ 147 out of 150 ရခဲ့တဲ့ မီးမီး Ponnami”

150 မှာ 147 မှတ်ရခဲ့တာ ကံကောင်းလို့ မဟုတ်ပါဘူး...။

မီးမီးလေးရဲ့ ကြိုးစားမှုနဲ့အတူ ကြိုးစားမှုနဲ့ ညီမျှတဲ့ ရလဒ်တွေရဖို့

တစ်ဆင့်ချင်း တည်ဆောက်ပေးခဲ့တဲ့ ခိုင်မာတဲ့ အခြေခံတစ်ခု ရှိနေလို့ဖြစ်ပါတယ်...။

Listening၊ Reading၊ Writing၊ Speaking

4 Skill စလုံးကို တကယ် ပိုင်နိုင်ဖို့အတွက်

One on One သင်ကြားမှုနဲ့

သူ့ရဲ့ အားနည်းချက်၊ အားသာချက်ကို

တစ်ချက်ချင်း ဖြည့်ဆည်းရင်း ဒီလို Score မျိုး ရခဲ့တာ ဖြစ်ပါတယ်...။

မီးမီး Ponnami အတွက် A Plus မှ ဝမ်းသာ ဂုဏ်ယူရပါတယ် 💙

သင့်ကလေးကိုလည်း ဒီလိုပဲ

One on One အာရုံစိုက်မှုနဲ့

တည်ဆောက်ပေးချင်တယ်ဆိုရင်

ကောမန့်မှာ "Yes" လို့ ရေးသွားလို့ရပါတယ်…။

A Plus ရဲ့ Education Consultant တွေကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်…။

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

11/06/2026

"အလွတ်မကျက်ဘဲ အမှတ်ကောင်းဖို့ဆို ဘာတွေ လိုအပ်လဲ"
ပညာရေးမှာ ထူးချွန်ဖို့ ရမှတ်တွေက အရေးကြီးပါတယ်
အလွတ်မကျက်သောနည်းနဲ့ ရမှတ်ကောင်းဖို့က ပိုလို့တောင် အရေးကြီးပါတယ်
အလွတ်မကျက်ဘဲ အမှတ်ကောင်းအောင် ကြိုးစားနိုင်မှသာ
ကလေးက ပညာရေးရဲ့ အနှစ်သာရကို ရပြီးတော့
ဘဝမှာ ထူးချွန်နိုင်မှာ ဖြစ်ပါတယ်...။
ဒါပေမဲ့ နည်းလမ်းမမှန်ရင်
ကြိုးစားတာနဲ့ အချိုးမကျဘဲ ဆက်နေမှာပါ…။
ဒါကြောင့် အလွတ်မကျက်ဘဲ အမှတ်ကောင်းဖို့အတွက်
ဒီ (၃)ချက်ကို လုပ်ပေးဖို့ လိုအပ်ပါတယ်...။
1. Concept ကို အရင် နားလည်အောင် သင်ယူခြင်း
ဘာကြောင့်ဆိုတဲ့ “Why” မသိဘဲ ကျက်သွားတာဟာ
အမြန်ဆုံး မေ့တတ်တဲ့ နည်းလမ်းပါ…။
ညနေကျက်၊ မနက်မေ့တာ
စာမေးပွဲပြီးရင် အကုန်ပျောက်သွားတာ
ဒါဟာ ကလေးအမှားမဟုတ်ဘဲ
နည်းလမ်းအမှားသာ ဖြစ်ပါတယ်…။
2. Concept တစ်ခုပိုင်နိုင်ပြီဆိုမှ နောက်တစ်ခု တက်ပေးခြင်း
နားမလည်တဲ့ Concept တစ်ခုကို
ဖြည့်မပေးဘဲ ထားခဲ့တိုင်း နောက် Chapter တွေမှာ
အဲ့ဒါပဲ ထပ်ထပ် ကန့်လန့်ဖြတ် တွေ့နေရပါတယ်…။
Gap လေးတွေကို အစောပိုင်းကတည်းက
ဖြည့်ပေးနိုင်မှ ဆက်တွေ့တဲ့ Concept တိုင်း
အလိုလို ချိတ်ဆက်မိလာမှာ ဖြစ်ပါတယ်...။
3. သိထားတာကို သုံးတတ်အောင် လေ့ကျင့်ပေးခြင်း
မှတ်ထားတာနဲ့ သုံးတတ်တာ မတူပါဘူး…။
မှတ်ဉာဏ်ထဲ သိမ်းထားရုံမဟုတ်ဘဲ
မေးခွန်းပုံစံ အမျိုးမျိုးမှာ
ချိတ်ဆက် ဖြေနိုင်အောင် လေ့ကျင့်ပေးမှ
ကလေးက တစ်ကယ် တတ်မြောက်မှာ ဖြစ်ပါတယ်…။
A Plus မှာတော့
အလွတ်ကျက်ခိုင်းတာ မဟုတ်ဘဲ
ဘာကြောင့်ဆိုတာ နားလည်သွားအောင်
Concept အရင် တည်ဆောက်ပြီး
လက်တွေ့အသုံးချတတ်တဲ့အထိ လေ့ကျင့်ပေးတဲ့
Weakness-based Teaching Method နဲ့
ယုံကြည်မှုရှိလာအောင် တဖြည်းဖြည်း
ပျိုးထောင်ပေးသွားမှာပါ…။
တစ်တန်းကို ကျောင်းသား ၇ ယောက်ဝန်းကျင်နဲ့
ဖိဖိစီးစီး သင်ယူချင်တယ်ဆိုရင်
ကောမန့်မှာ "Yes" လို့ ရေးသွားလို့ရပါတယ်…။
A Plus ရဲ့ Education Consultant တွေကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်…။
For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

10/06/2026

"ဒီနှစ် ကျောင်းဖွင့်ချိန်မှာ ကလေးက English စာမလိုက်နိုင်မှာ ပြနေတဲ့ အချက် ၁ ချက်"

မိဘတို့ ဒီလိုမျိုး ကြုံဖူးကြလား?

ကလေးက English စာအုပ်ကိုင်ပြီး ထိုင်နေတယ်။

သူကြိုးစားပြီးတော့ အလုပ်လုပ်နေတာ သေချာတယ်။

ဒါပေမဲ့ နားလည်တဲ့ပုံ မပေါက်နေဘူးလို့ ခံစားရတယ်…။

ဒီလိုမျိုး English ကို မလိုက်နိုင်မှာ ပြနေတဲ့ အချက်ကတော့

“ဖတ်နိုင်တယ်… ဒါပေမဲ့ နားမလည်ဘူး” ဆိုတာပါဘဲ...။

စာသင်ချိန်မှာ English စာကြောင်းတွေကို

ဖတ်တတ်ပါတယ်၊ အသံထွက်တတ်ပါတယ်…။

ဒါပေမဲ့ ဖတ်ပြီးတာနဲ့

"ဘာပြောနေတာလဲ" ဆိုတာ မသိဘူးဆိုရင်…

Reading တစ်ခုတည်းမက

Listening၊ Writing၊ Speaking တွေပါ

စာမလိုက်နိုင်ဘဲ နောက်ကျနေပြီ ဆိုတာ သိသင့်ပါတယ်…။

English ဆိုတာ

စာလုံးတွေ အသံထွက်တတ်ရုံနဲ့ မပြီးပါဘူး…။

စကားစုတွေရဲ့ အဓိပ္ပာယ်ကို ဆွဲယူတတ်ဖို့၊

Sentence တစ်ကြောင်းကနေ

Main Idea ကို ချက်ချင်း ဖော်ထုတ်တတ်ဖို့

သီးသန့် တည်ဆောက်ပေးဖို့ လိုပါတယ်…။

ဒီ Gap လေးကို အစောပိုင်းကတည်းက

မဖြည့်ပေးနိုင်ခဲ့ရင်…

Grade တက်လာတာနဲ့အမျှ

English စာအုပ်တွေ ပိုထူလာသလို

ကလေးရဲ့ ခံစားချက်တွေလည်း

ပိုလေးလာပါလိမ့်မယ်…။

A Plus မှာတော့

Comprehension ကို အခြေခံကတည်းက

တည်ဆောက်ပေးပြီး

ဖတ်တိုင်း နားလည်သွားတဲ့ ကလေးဖြစ်လာအောင်

Weakness-based Teaching Method နဲ့

တဖြည်းဖြည်း ပျိုးထောင်ပေးသွားမှာပါ…။

တစ်တန်းကို ကျောင်းသား ၇ ယောက်ဝန်းကျင်နဲ့

ဖိဖိစီးစီး သင်ယူချင်တယ်ဆိုရင်

ကောမန့်မှာ "Yes" လို့ ရေးသွားလို့ရပါတယ်…။

A Plus ရဲ့ Education Consultant တွေကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်…။

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

09/06/2026

“စာသင်နှစ်သစ်က စပြီး စာလိုက်နိုင်ဖို့ ဒါတွေလိုအပ်ပါတယ်”
ကျောင်းဖွင့်ရာသီ ရောက်လာပြီဆိုတာနဲ့
ကလေးတိုင်း အတူတူ စာစသင်ရတာ အတူတူပါဘဲ...။
ဒါပေမဲ့ စာသင်နှစ်ကုန်သွားတဲ့အခါ
တစ်ယောက်ချင်းစီရဲ့ ရလဒ်တွေက မတူကြပါဘူး...။
ဒီလို မတူညီတဲ့ ရလဒ်တွေကြားမှာ ကိုယ့်ကလေးရလဒ်က
သူများထက် အမြဲနှာတစ်ဖျားသာပြီး စာလိုက်နိုင်ဖို့
ဒီအချက်တွေကို ပြင်ဆင်ပေးထားဖို့ လိုအပ်ပါတယ်...။
➡️လက်ရှိရောက်နေတဲ့ Level မှန်မမှန်၊ ကိုက်မကိုက်စစ်ဆေးတာ
စာလိုက်နိုင်ဖို့ထားတဲ့ သင်တန်း၊ ကျူရှင်ဆိုတာ ကလေးအတွက် လွယ်လွန်း၊ ခက်လွန်းနေရင် ဒီကလေးအတွက် ဘာမှ အထောက်အကူမပြု ဖြစ်သွားနိုင်ပါတယ်...။
➡️အားနည်းချက်ကို စာသင်နှစ်စတည်းက သိပြီး ဖြည့်ပေးတာ
ပထမ Chapter နားမလည်ဘဲ ဒုတိယ Chapter မရောက်သွားဖို့အတွက် ကလေးက ဘာမရဘူးလဲ၊ နားမလည်ဘူးလဲကို အခြေခံပြီး သင်ကြားမှုပေးတာကလည်း အရေးကြီးပါတယ်...။
➡️နားလည်ပြီး မှတ်မိတဲ့ သင်ယူမှုပုံစံ
အလွတ်ကျက်ပြီး မေ့သွားမဲ့ ကလေးထက် ဘာကြောင့်ဆိုတာ နားလည်သွားတဲ့ကလေးဟာ အချိန်ကြာလာတာနဲ့ အမျှ သူများတွေနဲ့ကွာသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့်မလို့ Back to school ကာလမှာ အပေါ်မှာ
ပြောပြထားတဲ့ အချက်တွေနဲ့ ကိုယ့်ကလေးကို
ပြုစုပျိုးထောင်ပေးချင်တယ်ဆိုရင်တော့
A Plus ရဲ့ English & Maths အတန်းတွေ ရှိပါတယ်...။
တစ်တန်းကို ကျောင်းသား ၇ ယောက်ဝန်းကျင်နဲ့
ဖိဖိစီးစီး သင်ယူချင်တယ်ဆိုရင်
ကောမန့်မှာ "Yes" လို့ ရေးသွားလို့ရပါတယ်…။
A Plus ရဲ့ Education Consultant တွေကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်…။

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

Photos from A Plus Education Center II's post 09/06/2026

“စာသင်နှစ်သစ်ကနေစပြီး သားသားမီးမီးတို့ ကျောင်းစာမှာ သူများထက် ပိုသာစေဖို့”

ကျောင်းစဖွင့်တဲ့ အခုလို Back to School ကာလကနေ စပြီး စာတွေ အရမ်းမများသေးတဲ့အချိန်မှာ

အရေးကြီးဆုံး ဘာသာရပ် (၂)ခု ဖြစ်တဲ့ English နဲ့ Maths ကို နားလည်ပိုင်နိုင်ပြီး သူများထက်

နှာတစ်ဖျားသာနေမှ ဖေဖေမေမေတို့ မျှော်လင့်တဲ့ Grade တွေ၊ ရလဒ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်...။

ဒါကြောင့်မလို့ စာသင်နှစ်သစ်ကစပြီး ကျောင်းစာမှာ သူများထက် ပိုသာစေဖို့ A Plus ရဲ့

စမ်းချောင်း Campus နဲ့ ကျောက်မြောင်း Campus တွေမှာ ကျောင်းချိန်လွတ်

အင်္ဂလိပ်စာနဲ့ သင်္ချာ တန်းခွဲသစ်တွေကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ် 💙

ဘာကြောင့် A Plus ရဲ့ Campus အတန်းတွေကို ရွေးချယ်သင့်တာလဲ ❓

✅Face to Face သင်ကြားတာကြောင့် ကလေး တကယ် နားလည်မလည် ချက်ခြင်းသိပြီး ပြောပြနိုင်ခြင်း
✅ကလေးရဲ့ အားသာချက်၊ အားနည်းချက် ပေါ်မူတည်ပြီး အားနည်းနေတဲ့ အပိုင်းတွေကို စစ်ထုတ်သင်ကြားပေးခြင်း
✅တစ်တန်းကို ကျောင်းသား ၇ယောက်တည်းနဲ့ ထိထိရောက်ရောက် သင်ကြားနိုင်ခြင်း
✅သူငယ်ချင်းတွေရပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတိုင်ပင်သင်ကြားနိုင်ခြင်း
✅အမှတ်ကောင်းဖို့အပြင် လက်တွေ့နားလည်သဘောပေါက်မှုကို ဦးစားပေး သင်ကြားပေးခြင်း တို့ကြောင့် ရွေးချယ်သင့်တာ ဖြစ်ပါတယ်...။

ဒါကြောင့်မလို့ မိဘတို့ရေ…

ကျောင်းစာမှာ အရေးကြီးဆုံး ဖြစ်တဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာကို Back to School ကာလကနေစပြီး

အမှတ်ကောင်းကောင်းနဲ့ စာကျေပြီး သူများထက် နှာတစ်ဖျား သာစေချင်တယ် ဆိုရင်တော့

ကောမန့်မှာ “Yes” လို့ မန့်သွားလိုက်ပါ...။

For Campus
☎️ 𝟎𝟗 𝟕𝟕𝟕 𝟒𝟑 𝟔𝟔𝟔𝟗, 09 896 814 863, 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

For Online
☎️ 𝟎𝟗 𝟕𝟖𝟒 𝟐𝟎𝟐 𝟑𝟎𝟎 , 𝟎𝟗 𝟕𝟖𝟎 𝟗𝟖𝟎 𝟑𝟎𝟕

📍သင်တန်းလိပ်စာ
🏡Campus 1- တိုက် ၁၈၇၊ ဒုတိယလွှာ၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်။

🏡Campus 2- တိုက် ၁၅၊ ကျောက်ရှေ့ရပ်ကွက်၊ မြိုသစ် (၁)လမ်း၊ မြေညီထပ်၊ တာမွေမြိုနယ်၊ ရန်ကုန်။

👨‍🏫👩‍🏫စေတနာထက်ပိုသော အကောင်းဆုံးသင်ကြားမှုများဖြင့် ကလေးတိုင်းရဲ့ပညာရေးအတွက် ယုံကြည်ခိုနားရာ 𝘼 𝙋𝙡𝙪𝙨 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙚𝙧 ✨

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No. 187, 2nd Floor (Right), Baho Road Near Shwe Laung Street, Sanchaung Township
Yangon
11111

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00