Woori Haggyo 우리 학교

Woori Haggyo 우리 학교

Share

ကိုရီးယား ပညာရေးဝန်ဆောင်မှူများကို စိတ်အေးချမ်းသာစွာ ရယူလိုက်ပါ!

18/06/2026

Show Money ပြစရာလုံးဝ မလိုတဲ့ E-7-M (K-Core Visa) နဲ့ လျှောက်ထားနိုင်မဲ့ Kunjang University (군장대학교) 💯✅

လျှောက်ထားလို့ရမဲ့ မေဂျာကတော့ 스마트농식품과 ဆိုတဲ့ စိုက်ပျိုးရေး နဲ့ စားသောက်ကုန် ဌာန ပဲဖြစ်ပါတယ်။

📌 Kunjang University (군장대학교) ဆိုတာ Seongsan-myeon, Gunsan-si, Jeonbuk State မှာ တည်ရှိပြီး၊

တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနကနေ တိုက်ရိုက်ရွေးချယ်ထားတဲ့ နိုင်ငံခြားသား ကျွမ်းကျင်နည်းပညာရှင်များ မွေးထုတ်ရေး စမ်းသပ်စီမံကိန်း ကြီးမှာ ပါဝင်တဲ့ တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘွဲ့ရပြီးတာနဲ့ ဒေသတွင်းလုပ်ငန်းခွင်တွေမှာ တိုက်ရိုက်အလုပ်ဝင်နိုင်ဖို့အပြင် ကိုရီးယားမှာ ရေရှည်အခြေချနေထိုင်နိုင်တဲ့အထိ ဆောင်ရွက်ပေးမယ့် တက္ကသိုလ်လည်းဖြစ်ပြန်ပါတယ်။

📌 E-7-M ရရှိမဲ့ စိုက်ပျိုးရေး နဲ့ စားသောက်ကုန် ဌာနဟာဆိုရင် ~

စားသောက်ကုန်ထုတ်လုပ်ခြင်း (Food Processing)၊ အရည်အသွေးထိန်းချုပ်ခြင်း (Quality Control) နှင့် စမတ်စိုက်ပျိုးရေးနယ်ပယ်များတွင် လက်တွေ့အသုံးချနိုင်မည့် ပညာရပ်များကို အဓိကထားသင်ကြားပေးနေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်၊ သင်ရိုးညွှန်းတမ်းကိုလည်း ယနေ့ခေတ် လုပ်ငန်းခွင်လိုအပ်ချက်များနှင့်အညီ တိကျစွာ ရေးဆွဲထားပြီး စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်သင်ယူမှုကို အဓိကထားသင်ယူရမှာဖြစ်ပါတယ်။

💰 ကျောင်းလခကတော့ 1 semester ကို ဝမ် (၃၁.၅) သိန်း ကျသင့်မှာဖြစ်ပြီး၊ အဆောင်ခ (၆) လစာကို ဝမ် (၉) သိန်း ကျသင့်ပါမယ်။

2026 Fall Intake အတွက် ကျောင်းအပ်နှံမယ်ဆိုရင် 2027 Spring Intake အတွက် 100% Scholarship ပေးအပ်သွားမှာဖြစ်ပါတယ်။

ပညာသင်ဆုတွေ အနေနဲ့ TOPIK scholarship ကိုလည်း ပိုပြနိုင်ရင် ပြနိုင်သလောက် Level ပိုမြင့်လာတာနဲ့ ဝမ် (၃) သိန်း မှ ဝမ် (၆) သိန်းအထိ ထပ်မံချီးမြှင့်ပေးသွားဦးမှာပါရှင်။

TOPIK level 3 ရှိရုံနဲ့ Show Money ကင်းလွတ်ခွင့်ရရှိမှာဖြစ်တာကြောင့် ✨

စိတ်ဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်တော့ အခုပဲ Woori Haggyo ကို အမြန်ဆုံးလာရောက် စာရင်းပေးလိုက်တော့နော်။

Photos from Woori Haggyo 우리 학교's post 18/06/2026

Sungshin Language Program (၁) နှစ်စာ 100% Scholarship — (၅) ယောက်၊ 30% Scholarship — (၁) ယောက် ရရှိအောင် Woori Haggyo မှ လျှောက်ထားပေးနိုင်ခဲ့တဲ့ ကလေးတွေ Visa Approved ဖြစ်ခဲ့ကြပါပြီ 😍🫶🏻

Sungshin Women's University ရဲ့ GKS-U Fully-Funded Scholarship အတွက် Winners (၅) ယောက်အထိ ရရှိအောင် လေ့ကျင့်လျှောက်ထားပေးနိုင်ခဲ့ပြီးနောက် —

✔️ Woori Haggyo မှတဆင့် GKS ဝင်ရောက် လျှောက်ထားပြီး ထူးချွန်တဲ့ ကျောင်းသူ (၅) ယောက်ကို မြန်မာငွေ သိန်း (၁၈၀) တန်ဖိုးရှိ Korean Language Program (၁) နှစ်စာ Scholarship ပေးအပ်ခဲ့တာဖြစ်သလို၊

✔️ Woori Haggyo ရဲ့ Seminar ပွဲက Scholarship 30% OFF ကံထူးသူ ကျောင်းသူ (၁) ဦးအတွက်လည်း 2026 June Intake အတွက် လျှောက်ထားခဲ့ရာမှာ

ယခုအခါ အားလုံး Visa Approved ဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ယော်ရောဘွန်းတို့ အားလုံးပဲ Congratulations ပါ။ အများကြီးဂုဏ်ယူဝမ်းသာပါတယ်။

🫧 Sungshin ဆို Woori Haggyo လို့ ဆိုနိုင်အောင် ~ မြန်မာကျောင်းသူကျောင်းသားတွေအတွက် အထူး အခွင့်အရေးတွေ၊ အားသာချက်တွေကို Woori Haggyo မှ ပေးစွမ်းလျက်ရှိပါတယ်။

✔️ Sungshin Women's University ဆိုတာ (၁၂) နှစ်ဆက်တိုက် Excellent Certified University အဖြစ် ရပ်တည်လာခဲ့တဲ့ နာမည်ကြီးတက္ကသိုလ်ဖြစ်တာကြောင့်

✔️ နှစ်စဉ် GKS Scholarship တွေအပြင်၊ VCL Process Run ပေးတဲ့ D-4-1 Korean Language Program, D-4-7 English Language Program တွေသာမက D-2-2 Bachelor's Degree Program, D-2-3 Master Program တွေကိုပါ Woori Haggyo ကတဆင့် လျှောက်ထားနိုင်ပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ယော်ရောဘွန်းတို့ ကိုရီးယားပညာရေးအိပ်မက်အတွက် မြန်မာကျောင်းသူကျောင်းသားပေါင်း (၈၀၀) ကျော်ကို ဗီဇာအောင်မြင်အောင် လျှောက်ထားပေးနိုင်ခဲ့တဲ့ Woori Haggyo မှာ အသေးစိတ်လာရောက်စုံစမ်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Photos from Woori Haggyo 우리 학교's post 17/06/2026

Sungshin အတွက် ကျန်တဲ့ ကလေး (၅၃) ယောက်၊ စုစုပေါင်း (၇၂) ယောက် ~ အားလုံး Approved ပါပြီ 🤩💕

မနေ့က (၅၂) ယောက်၊ ဒီနေ့ (၁) ယောက် Result တွေ ထွက်ကြတာပဲဖြစ်ပါတယ်ရှင်။

အကြာကြီးစောင့်ခဲ့ရပေမဲ့ စောင့်ရကျိုးတော့ နပ်ခဲ့ပါပြီ 💯

Sungshin Women's University ရဲ့ 2026 June Intake Visa Result ( Part-2 )😍✨

ယော်ရောဘွန်းတို့ အားလုံး ... Congratulations ပါ ~

နိုင်ငံသစ်၊ ပတ်ဝန်းကျင်အသစ်မှာ အတွေ့အကြုံကောင်းတွေ အများကြီးရပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေနော်။

✔️ Sungshin Women's University ဆိုတာ (၁၂) နှစ်ဆက်တိုက် Excellent Certified University အဖြစ် ရပ်တည်လာခဲ့တဲ့ နာမည်ကြီးတက္ကသိုလ်ဖြစ်တာကြောင့်

✔️ နှစ်စဉ် GKS Scholarship တွေအပြင်၊ VCL Process Run ပေးတဲ့ D-4-1 Korean Language Program, D-4-7 English Language Program တွေသာမက D-2-2 Bachelor's Degree Program, D-2-3 Master Program တွေကိုပါ Woori Haggyo ကတဆင့် လျှောက်ထားနိုင်ပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ယော်ရောဘွန်းတို့ ကိုရီးယားပညာရေးအိပ်မက်အတွက် မြန်မာကျောင်းသူကျောင်းသားပေါင်း (၈၀၀) ကျော်ကို ဗီဇာအောင်မြင်အောင် လျှောက်ထားပေးနိုင်ခဲ့တဲ့ Woori Haggyo မှာ အသေးစိတ်လာရောက်စုံစမ်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

16/06/2026

TOPIK မရှိသေးလည်း လျှောက်လို့ရ၊ Scholarship 30% - 100% 🥳😱

D4 to D2 ~ Ranking မြင့်၊ Scholarship 100% နှစ်တိုင်း ရနိုင်တဲ့ ကျောင်းကိုမှ လျှောက်ချင်တယ်ဆို 🤩⁉️

🏝️အေးချမ်းပြီး သာယာတဲ့ ဘူဆန်မြို့က Dong-A University ကို 2026 September Intake အမီ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Application Period - 21 June ဖြစ်တာကြောင့် အမြန်ဆုံး လာရောက်ဆွေးနွေးဖို့တော့လိုပါမယ်ရှင်။

💯 TOPIK မရှိလည်း ကျောင်းဝင်ခွင့်ရရင် 30% Scholarship ပေးနေတာဖြစ်ပြီး

English Track, Korean Track ရွေးချယ်လျှောက်ထားနိုင်ပြီး၊ အထက်တန်းအောင်မြင်ပြီးသူတွေအတွက် Undergraduate Majors, ဘွဲ့ရပြီးပြီဆိုရင် Master Program တွေကိုလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ရွေးချယ်စရာ Undergraduate မေဂျာတွေကတော့ —

Undergraduate
English Track

- Department of Integrated Business Management
- Department of Global Advanced Integrated Engineering

Korean Track
College of Humanities — Seunghak campus
- Philosophy & Bioethics
- History, Archaeology & Art History
- Korean Language & Literature
- Child Studies

College of Natural Sciences — Seunghak
- Information Mathematics
- Semiconductor
- Chemistry
- Biomedical Studies

College of Social Sciences — Bumin
- Political Science & Sociology (majors: Political Science & Diplomacy / Sociology)
- Public Administration
- Social Welfare
- Media & Communication
- Economics
- Police Science

College of Business — Bumin
- Business Administration
- Tourism Management
- International Trade
- Management Information Systems
- Finance

College of Life Resource Science — Seunghak
- Biomaterials Engineering
- Applied Bioengineering
- Food Biotechnology
- Smart Green Resources

College of Engineering — Seunghak
- Architectural Engineering
- Urban Engineering
- Construction Systems Engineering
- Environmental & Energy Engineering
- Electrical Engineering
- Electronic Engineering
- Mechanical Engineering
- Industrial Management Engineering
- Naval Architecture & Ocean Engineering
- Chemical Engineering
- Advanced Materials Engineering

College of Design & Environment — Seunghak
- Architecture (majors: Architecture 5-year / Interior Architecture Design 4-year)
- Industrial Design (majors: Visual Media Design / Product & Space Design)
- Fashion Design
- Landscape Architecture

College of Arts & Physical Education — Seunghak
- Fine Arts (majors: Contemporary Art / Visual Arts [webtoon & animation] / Wood Sculpture & Furniture / Ceramic Art)
- Music (Classical: piano/orchestral/vocal · Applied: instrumental/composition/vocal)
- Physical Education
- Taekwondo

College of Health Sciences — Seunghak
- Food & Nutrition
- Medical Bioengineering
- Health Care

College of International Studies — Bumin
- Global Business
- American & British Studies
- Chinese Studies
- Japanese Studies

College of Software — Seunghak
- Computer Engineering
- AI

---

# Fees

Application fee: 40,000 KRW (non-refundable)
Tuition per semester (2026, KRW) — first semester / other semesters:
- Humanities & Social: 3,476,700 / 3,318,500
- Media & Communication: 3,653,500 / 3,495,300
- Science & PE: 4,085,200 / 3,927,000
- Mathematics (Information Math): 3,780,900 / 3,622,700
- Engineering: 4,608,800 / 4,450,600
- Arts: 4,690,300 / 4,532,100

---

# Scholarships

# # A. New Student Scholarships

Foreign Excellent New Student Scholarship — for all special-admission admittees:
- A — 100% tuition: TOPIK (PBT/iBT) level 5 or above
- B — 60% tuition: TOPIK level 4
- C — 50% tuition: TOPIK level 3
- D — 40% tuition: Dong-A TOPIK level 3 or above
- E — 30% tuition: those who qualify for admission but don't fall under A–D

DAU Foreign Excellent New Student Scholarship — for those who completed 2+ semesters at DAU's Korean Language Institute with 80%+ attendance in the last 2 semesters:
- A — 100% tuition: TOPIK level 5 or above
- B — 70% tuition: TOPIK level 4
- C — 60% tuition: TOPIK level 3
- D — 50% tuition: those not falling under A–C

# # B. Enrolled Student Scholarships

Foreign Academic Excellence Scholarship — based on prior-semester class rank:
- A — 100% tuition: top 10%
- B — 70% tuition: top 40%
- C — 40% tuition: top 60%
- D — 20% tuition: top 80%

English Track

A — Full Tuition: IELTS 7.0 / TOEFL iBT 5 / New TEPS 380 equivalent or above
B — 50% Tuition: IELTS 6.5 / TOEFL iBT 4.5 / New TEPS 320 or above, OR completed high school in an English-mother-tongue country
C — 25% Tuition: IELTS 6.0 / TOEFL iBT 4 / New TEPS 260 or above
D — 15% Tuition: IELTS 5.5 / TOEFL iBT 3.5 / New TEPS 202 or above

For TOEFL iBT taken by January 20, 2026, a minimum score of 59 applies.
B. Enrolled Student Scholarship (GPA based)

A — 100% Tuition: top 5% of overall applicants
B — 60% Tuition: top 20%
C — 40% Tuition: top 40%
D — 25% Tuition: top 100% (with previous-semester GPA of 3.0 or higher)

ကဲ… ကျောင်းလျှောက်ဖို့ကလည်း ၂၁ ရက်နေ့နောက်ဆုံးမို့ Woori Haggyo ကို အခုပဲ အမြန်ဆုံးလာရောက် စာရင်း​ပေးလိုက်တော့နော်!

15/06/2026

Woori Haggyo ကတဆင့် Sungkyunkwan University (SKKU) ကို လျှောက်ထားနိုင်ပါပြီ။

VCL တိုက်ရိုက်ချပေးမယ့် Excellent Certified University ကြီးမှာ ကျောင်းတက်ချင်တဲ့ ယော်ရောဘွန်းတို့အတွက် ~

(၆၂၈) နှစ် သက်တမ်းရှိ ထိပ်တန်း ကိုရီးယားတက္ကသိုလ်ကြီး Sungkyunkwan University (SKKU) ရဲ့ Free Online Seminar လည်း Woori Haggyo က ဦးစီးပြီး၊ မကြာခင် ကျင်းပပေးသွားတော့မှာနော် 🎓✨

ဒီ Online Seminar မှာ ကိုရီးယားမှာ ကျောင်းတက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်

- SKKU ကျောင်းဝင်ခွင့် လိုအပ်ချက်များ
- ရရှိနိုင်မယ့် ပညာသင်ဆု အခွင့်အလမ်းများ

စတဲ့ အချက်အလက်တွေကို အသေးစိတ် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

အယောက် (၁၀၀) သာ သီးသန့် လက်ခံပေးသွားမှာမို့ နေရာမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့ လိုအပ်ပါမယ် ⏳🏃🏻‍♀️

📅 နေ့ရက် - 20 June 2026
⏰ အချိန် - 10:00 AM MMT
💻 နေရာ - Online Zoom

တက်ရောက်လိုသူတွေအနေနဲ့ Comment ရှိ Google Form ကတဆင့် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ 💬📩

15/06/2026

D4 Language Program, D2 Tourism ပိုင်းတက်ချင်တယ်၊ Ranking ကလည်းမြင့်ရမယ်၊ VCL Process လည်း Run ပေးတဲ့ထဲက ရွေးချယ်ချင်တယ်ဆိုရင်တော့ ~ Sejong University ကို ရွေးချယ်နိုင်ပါပြီနော် 🥳✨

Location အထူးကောင်းမွန်ပြီး၊ ပညာရေးကို အပြည့်အဝအာရုံစိုက်နိုင်မယ့် တက္ကသိုလ်ကြီးဖြစ်တာကြောင့် ~ စိတ်ဝင်စားတဲ့ ယော်ရောဘွန်းက Woori Haggyo မှာ Free Consultation လာရောက်ရယူကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပညာသင်ဆုများစွာအရယူပြီး ကိုရီးယားမှာ ကျောင်းတက်နိုင်ဖို့အတွက် ~ Woori Haggyo Korean Education Agency ရှိနေပါပြီ။

မြန်မာနိုင်ငံအနှံ့ သင်တန်းခွဲပေါင်း (၁၆) ခုအထိ ဖွင့်လှစ်ထားလို့၊ m.me/woorihaggyo မှာတင်မက နီးစပ်ရာသင်တန်းခွဲမှာပါ လာရောက်စုံစမ်းတိုင်ပင်နိုင်ပါတယ်။

Photos from Woori Haggyo 우리 학교's post 15/06/2026

တစ်နေ့တည်း (၁၉) ယောက် Visa Approved 💯✅

Sungshin Women's University ရဲ့ 2026 June Intake Visa Result ( Part-1 )😍✨

ယော်ရောဘွန်းတို့ အားလုံး ... Congratulations ပါ ~

အကြာကြီး မျှော်လင့်စောင့်စားခဲ့ရတဲ့ Visa လေး ကျလာပြီမို့ အရမ်းအရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။ 😍

နိုင်ငံသစ်၊ ပတ်ဝန်းကျင်အသစ်မှာ အတွေ့အကြုံကောင်းတွေ အများကြီးရပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေနော်။

✔️ Sungshin Women's University ဆိုတာ (၁၂) နှစ်ဆက်တိုက် Excellent Certified University အဖြစ် ရပ်တည်လာခဲ့တဲ့ နာမည်ကြီးတက္ကသိုလ်ဖြစ်တာကြောင့်

✔️ နှစ်စဉ် GKS Scholarship တွေအပြင်၊ VCL Process Run ပေးတဲ့ D-4-1 Korean Language Program, D-4-7 English Language Program တွေသာမက D-2-2 Bachelor's Degree Program, D-2-3 Master Program တွေကိုပါ Woori Haggyo ကတဆင့် လျှောက်ထားနိုင်ပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ယော်ရောဘွန်းတို့ ကိုရီးယားပညာရေးအိပ်မက်အတွက် မြန်မာကျောင်းသူကျောင်းသားပေါင်း (၈၀၀) ကျော်ကို ဗီဇာအောင်မြင်အောင် လျှောက်ထားပေးနိုင်ခဲ့တဲ့ Woori Haggyo မှာ အသေးစိတ်လာရောက်စုံစမ်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

15/06/2026

VCL တိုက်ရိုက်ချပေးမယ့် Excellent Certified University ကြီးမှာ ကျောင်းတက်ဖို့ စဉ်းစားနေပါသလား 🤔🇰🇷

(၆၂၈) နှစ် သက်တမ်းရှိ ထိပ်တန်း ကိုရီးယားတက္ကသိုလ်ကြီး Sungkyunkwan University (SKKU) ရဲ့ Free Online Seminar လာပါပြီ 🎓✨

ကိုရီးယားနိုင်ငံရဲ့ သမိုင်းအရှည်ကြာဆုံးနဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ SKKU ဟာ နိုင်ငံတကာကျောင်းသားတွေအတွက် Excellent Certified University အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ကျောင်းကြီးဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းဝင်ခွင့်ရတာနဲ့ ဗီဇာအတွက် ကျောင်းကနေ VCL တိုက်ရိုက်ချပေးမှာ ဖြစ်ပါတယ် ✈️💯

ဒီ Online Seminar မှာ ကိုရီးယားမှာ ကျောင်းတက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်

- SKKU ကျောင်းဝင်ခွင့် လိုအပ်ချက်များ
- ရရှိနိုင်မယ့် ပညာသင်ဆု အခွင့်အလမ်းများ

စတဲ့ အချက်အလက်တွေကို အသေးစိတ် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

အယောက် (၁၀၀) သာ သီးသန့် လက်ခံပေးသွားမှာမို့ နေရာမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့ လိုအပ်ပါမယ် ⏳🏃🏻‍♀️

📅 နေ့ရက် - 20 June 2026
⏰ အချိန် - 10:00 AM MMT
💻 နေရာ - Online Zoom

တက်ရောက်လိုသူတွေအနေနဲ့ Comment ရှိ Google Form ကတဆင့် အ အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ 💬📩

SKKU မှာ ကျောင်းတက်ဖို့ ရည်ရွယ်ထားသူတွေအတွက် တကယ်ကို လက်လွတ်မခံသင့်တဲ့ ပွဲလေးမို့ သူငယ်ချင်းတွေကိုပါ Mention ခေါ်ပြီး အတူတူ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ✈️🇰🇷

14/06/2026

고려대학교 (Korea University) 의 영원한 အလှတရား (2026 ver.)

အချိန်တွေရပ်တန့်သွားသလို ခံစားရစေတဲ့ ရှေးဟောင်းအလှတရားတွေနဲ့ ရာသီအလိုက်ပြောင်းလဲသွားတဲ့ သဘာဝအလှတရားတွေ ပေါင်းစပ်နေတဲ့နေရာ🏫

ကိုရီးယားတက္ကသိုလ်ရဲ့ လူမှုသိပ္ပံနှင့် ဝိဇ္ဇာပညာဌာနဝင်းရဲ့ ရာသီလေးခုကို Drone View နဲ့ ရိုက်ကူးထားတဲ့ Video လေးကို ပြန်လည်မျှဝေပေးပါတယ်📹

KU မှာ တက်ရောက်ချင်တယ်ဆို Woori Haggyo က လျှောက်ထားပေးနေပါပြီ။

14/06/2026

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံဖြစ်ပေမယ့် ~ ထွက်ရှိလာတဲ့ ကုန်ကြမ်းတွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်စွမ်း လိုအပ်နေဆဲဖြစ်ပါတယ် 🌾

ဒီ လိုအပ်ချက်ကို ဖြည့်စွက်ချင်တဲ့ ယော်ရောဘွန်းတို့အတွက် E-7-M Visa ရရှိနိုင်မဲ့ Smart Agro-food Department နဲ့ Woori Haggyo က မိတ်ဆက်ပေးချင်ပါတယ်။

E-7-M (K-Core Visa) ရရှိနိုင်တာဖြစ်လို့ TOPIK 3 ရှိရုံနဲ့ Show Money ပြစရာ လုံးဝ မလိုအပ်တော့ပါဘူးရှင်။

🏆 Kunjang University ရဲ့ Smart Agro-food Department ဆိုတာ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံပြီး

✅ အာဟာရ၊ လုပ်ငန်းဆောင်တာနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များမှသည်
✅ ဖြန့်ချိရေး၊ စျေးကွက်ရှာဖွေရေး နဲ့
✅ စားသုံးမှုအထိ လက်တွေ့ကျကျ ပေါင်းစပ်သင်ကြားပေးခြင်းဖြင့်

ဒေသတွင်း စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိတဲ့ Department တစ်ခုဖြစ်ပါတယ်။

⚕️ကျန်းမာရေးနဲ့ညီညွတ်တဲ့ စိုက်ပျိုးရေးစားသောက်ကုန်ကြမ်းများရဲ့ အာဟာရ၊ လုပ်ငန်းဆောင်တာ အပြင်၊ Food Science ဆိုင်ရာ သဘောသဘာဝများကို နားလည်သဘောပေါက်စေပြီး တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပေးမယ်။

✨ ဒါ့အပြင် စတုတ္ထစက်မှုတော်လှန်ရေးခေတ်ရဲ့ စားသောက်ကုန်လုပ်ငန်းကို ဦးဆောင်နိုင်မဲ့ Smart 6th Industry ကျွမ်းကျင်ပညာရှင်တွေကို မွေးထုတ်ပေးမှာဖြစ်ပါတယ်။

ဒီဌာနရဲ့ ထူးခြားချက်တွေကတော့ —

(၁) Jeollabuk-do ပြည်နယ်ရှိ ကောလိပ်များကြားမှာ ~ ပထမဆုံးတည်ထောင်သည့် 6th Industry ပုံစံ စားသောက်ကုန်သိပ္ပံဌာန ဖြစ်ခြင်း။

(၂) စားသောက်ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းစတင်ခြင်း/စီမံခန့်ခွဲခြင်းတို့ကို အဓိကထားသည့် ဘာသာရပ်ပေါင်းစုံပါဝင်သော သင်ရိုးညွှန်းတမ်းကို ဖွင့်လှစ်ထားခြင်း။

(၃) အရှေ့တိုင်းနှင့် အနောက်တိုင်း စားသောက်ကုန်သိပ္ပံကို အခြေခံ၍ အာဟာရပြည့်ဝမှု၊ သန့်ရှင်းမှုနှင့် လုပ်ငန်းဆောင်တာများပြည့်စုံသည့် အစားအစာများအကြောင်း နားလည်မှုကို မြှင့်တင်ပေးခြင်း။

(၄) အချဉ်ဖောက်နည်းပညာ (fermentation technology) ကို အသုံးပြုထားသည့် အကျိုးပြုစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အထူးပြုလေ့ကျင့်သင်ကြားပေးခြင်း။

(၅) ဌာနနှင့်သက်ဆိုင်သော ကလပ်လှုပ်ရှားမှုများမှတစ်ဆင့် ကုန်ကြမ်းထုတ်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဖြန့်ချိခြင်းနှင့် ရောင်းချခြင်းစသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးအတွက် လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်ပေးခြင်း။

(၆) ဒေသန္တရအစိုးရများ၊ စားသောက်ကုန်ကုမ္ပဏီများနှင့် စိုက်ပျိုးရေးလုပ်ငန်းစုများနှင့် ပူးပေါင်း၍ လုပ်ငန်းခွင်-တက္ကသိုလ် ပူးပေါင်းဆောင်ရွက်မှုနှင့် ကွင်းဆင်းလေ့ကျင့်မှုများ ပြုလုပ်ခြင်း။

(၇) ဂန်းဆန်းမြို့ (Gunsan City) ၏ ထုတ်လုပ်မှုနှင့် ဖြန့်ချိရေး အဆောက်အအုံများကို အသုံးပြု၍ လက်တွေ့ကွင်းဆင်းသင်ယူမှုကို မြှင့်တင်ပေးခြင်း။

(၈) Food Processing Technician နှင့် Food Industry Engineer ကဲ့သို့သော သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရရှိရန် ပံ့ပိုးပေးခြင်း။

(၉) ပုံမှန်ကွင်းဆင်းလေ့လာရေး အတန်းများမှတစ်ဆင့် လက်တွေ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း။

စတဲ့ အချက်တွေဖြစ်တာကြောင့်၊ ဘွဲ့ရပြီးတဲ့အခါ ပုဂ္ဂလိက အသိအမှတ်ပြု လက်မှတ်၊ နိုင်ငံတော်အသိအမှတ်ပြု လက်မှတ် တွေ အရယူနိုင်လာမှာဖြစ်ပြီး

✨ လုပ်ငန်းခွင် ဝင်ဖို့အတွက်ပါ ရယ်ဒီ ဖြစ်နေစေမှာ အသေအချာပါပဲ။

လာမဲ့ 2026 Sep Intake အတွက် လျှောက်ထားနိုင်ပြီမို့ စိတ်ဝင်စားတဲ့ ယော်ရောဘွန်းတို့က အခုပဲ Woori Haggyo ကတဆင့် ဆက်သွယ်စုံစမ်းလိုက်တော့နော်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


အမှတ် 20C ၊ သီရိမင်္ဂလာ 2လမ်း (အာတီးယားလမ်း) ၊ 8ရပ်ကွက် ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Yangon