07/06/2026
Le Palais Idéal (စိတ်ကူးယဉ်နန်းတော်)
ပြင်သစ်စာပို့လုလင် ဖာဒီနန် ရှက်ဗယ်လ် (Ferdinand Cheval) ဟာ စာပို့တဲ့ခရီးစဉ်တစ်လျှောက် ကျောက်တုံးလေးတွေကို ကောက်ယူစုဆောင်းရင်း ၃၃ နှစ်တာအချိန်ကို ကုန်ဆုံးခဲ့ပါတယ်။ သူကောက်ခဲ့တဲ့ ကျောက်တုံးတွေဟာ သာမန်ကျောက်တုံးတွေ မဟုတ်ဘဲ အချိန်နဲ့ ရေစီးကြောင်းတို့ကြောင့် ထူးခြားဆန်းပြားတဲ့ ပုံသဏ္ဌာန်တွေဖြစ်ပေါ်နေတဲ့ မာကျောတဲ့ သဲကျောက်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။
သူဟာ ဒီကျောက်တုံးတွေကို အသုံးပြုပြီး အိုထရစ်ဗ် (Hauterives) မြို့မှာ Le Palais Idéal (စိတ်ကူးယဉ်နန်းတော်) ဆိုတဲ့ အံ့မခန်းဖွယ် အဆောက်အအုံကြီးကို တည်ဆောက်ခဲ့ပါတယ်။ ဒီအဆောက်အအုံကို Naïve Art (အနုပညာအခြေခံမရှိသူတို့၏ အနုပညာ) ရဲ့ ထူးခြားတဲ့ ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ကြပြီး ၁၉၆၉ ခုနှစ်မှာတော့ ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် အဆောက်အဦ တစ်ခုအဖြစ် တရားဝင်သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
01/06/2026
ဗိသုကာပညာရပ် (သို့) တစ်ချိန်က အိုလံပစ် အားကစား
၁၉၁၂ ခုနှစ် မှ ၁၉၄၈ ခုနှစ်အထိ ဗိသုကာပညာရပ်ဟာ တရားဝင် အိုလံပစ်ပြိုင်ပွဲအမျိုးအစားတစ်ခု ဖြစ်ခဲ့ပါတယ်။ ရှေးဟောင်းဂရိအိုလံပစ်ပြိုင်ပွဲကို အတုယူပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က ဖန်တီးမှု အနုပညာကဏ္ဍ (၅) ခုဖြစ်ကြတဲ့ ဗိသုကာ၊ ပန်းချီ၊ ပန်းပု၊ စာပေ နဲ့ ဂီတများမှာ ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြပါတယ်။
စည်းမျဉ်းစည်းကမ်းများအနေနဲ့ တင်သွင်းတဲ့ ဗိသုကာပုံစံများ၊ မြို့ပြစီမံကိန်းများနဲ့ ပုံကြမ်းများအားလုံးဟာ အိုလံပစ်အားကစားနဲ့ တိုက်ရိုက် ပတ်သက်မှု ရှိရမှာ ဖြစ်ပါတယ်။ အဆောက်အဦထက် ဗိသုကာ ဒီဇိုင်းသာ အဓိကအနေနဲ့ သတ်မှတ်ခဲ့ကြတာပါ။
ဗိသုကာပညာရှင်များဟာ အဆောက်အဦးများကို လက်တွေ့အကောင်အထည်ဖော် တည်ဆောက်ပြရန် မလိုဘဲ တည်ဆောက်မှုဆိုင်ရာ ပုံများ နဲ့ စကေးအချိုးကျ ပုံစံငယ်များကိုသာ ဖန်တီးပြရမှာ ဖြစ်ခဲ့ပြီး ဖန်တီးနိုင်စွမ်း၊ အလှရသဆိုင်ရာ အနုပညာမြောက်မှုနဲ့ အသုံးဝင်ပုံ တို့အပေါ်တွင်သာ အကဲဖြတ် ဆုံးဖြတ်ပြီး အမှတ်ပေးခဲ့ကြပါတယ်။
21/05/2026
(Batch-23) ဘယ်တော့ စ မလဲ မေးကြသည့် သင်တန်းသူ/သားများ အတွက် ဇွန် (၂၁) ရက်နေ့ စပါမည် ✨
သင်က အခြေခံ အာခီတက်ချာ (Architecture) ကို သိချင်သူလား?
ပြင်ပမှာ အာခီတက်ချာ ကျောင်းတက်ဖို့ ပြင်ဆင်နေသူလား?
အာခီတက် ဆိုတာ ဘာလဲ သိလား?
ဒီမေးခွန်းတွေရဲ့ အဖြေကို အခု Introduction to Architecture (Batch-23) (Online) သင်တန်းက အဖြေပေးမှာပါ။
🟦 ဘယ်လိုလူတွေ တက်ရောက်နိုင်လဲ။
မြို့ပြ အင်ဂျင်နီယာများ၊ Visualizer များ၊ ဒီဇိုင်းနာများနှင့် ဗိသုကာကို စိတ်ဝင်စားကြသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
🟦 သင်တန်းစတင်မည့်ရက်- ၂၁.၆.၂၆ (တနင်္ဂနွေနေ့)
🟦 သင်တန်းကြာချိန် - ၂ လ (၈ ပတ်)
🟦 သင်တန်းအချိန် - အပတ်စဥ် တနင်္ဂနွေ ည ၇-၈ နာရီ
Zoom တိုက်ရိုက်သာ သင်ကြားပေးပါမည်။ Zoom တိုက်ရိုက် မတက်ဖြစ်သူများ အတွက်လည်း အချိန်မရွေးပြန်လည် လေ့လာနိုင်ဖို့ရာ Telegram Private Group ထဲ Lecture Video ပြန် တင်ပေးပါမည်။ Group ကိုလည်း အတန်းပြီးရင် ပြန်မဖျက်ပဲ Lifetime ထားပေးပါသည်။
🟦 သင်တန်းကြေး
၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)
သင်ကြားရေး အတွက် လိုအပ်သည့် Learning materials (Soft Copy) များ နှင့် သိမှတ်စရာ ဆောင်းပါးများ တင်ပေးပါသည်။
🟦 သင်ကြားပေးမည့်ဆရာ
ဗိသုကာ သင်ကြားရေး အတွေ့အကြုံ (၁၀) နှစ်ကျော် ရှိသူ 📢
U Zaw Ko Ko [စာရေးဆရာ ဇော်ကိုကို (ဗိသုကာ)]
Founder & Lecturer (Sukhuma Institute)
🟦 သင်တန်းပြီးဆုံးပါက Sukhuma Institute မှ completion certificate ချီးမြှင့်ပေးပါမည်။
⭕️ သင်တန်းသူ/သား အကန့်အသတ် ရှိပါသည်။ Chat Box ကနေ တဆင့် သင်တန်း အပ်နိုင်ပါသည်။
16/05/2026
Certificate in Interior Design (Batch-20) ယနေ့ စတင်ပါသည်။ တက်ရောက်ပေးကြသည့် သင်တန်းသူ/သားများ အားလုံးကို ကျေးဇူးတင်ပါသည်။
11/05/2026
သင်သိပါသလား?
ဒီစကားကို ပြောခဲ့သူက စပိန် ဂန္တဝင် ဗိသုကာ ပညာရှင်ကြီး အန်သိုနီ ဂေါဒီ (Antoni Gaudi) ဖြစ်ပါတယ်။ သူ အထင်ကရ လက်ရာတွေထဲ မှတ်ကျောက်တင်အခံရဆုံး ယနေ့ထိ တည်ဆောက်တာတောင် မပြီးစီးသေးတဲ့ အဆောက်အဦကတော့ “Sagrada Familia” ဘုရားကျောင်း ဖြစ်ပါတယ်။
၁၈၈၂ ခုနစ်ကနေ စတင် တည်ဆောက်ခဲ့ကာ ယခုနှစ် ၂၀၂၆ မှာမှ အဓိက အပိုင်းတွေ ပြီးစီးခဲ့ပါတယ်။ နှစ်ပေါင်း (၁၄၄) နှစ်ကျော်လာတဲ့ အထိ မပြီးစီးသေးပါဘူး။ ၂၀၃၄ ခုနစ်မှာတော့ အဓိက မျက်နှာစာအလှဆင်မှု ပြီးစီးမယ်လို့ ယူဆရပါတယ်။ သူကွယ်လွန်သွားချိန် ၁၉၂၆ ခုနစ် ဇွန်လ (၁၀) ရက်နေ့ထိ ဘုရားကျောင်း မပြီးစီးခဲ့ပါဘူး။
ယနေ့ခေတ် စကားနဲ့ ဆိုရရင် ဆေးထိုးသွားတယ်လို့ ဆိုရမလိုပါ။ သူ့ဒီဇိုင်း အတိုင်း ဖြစ်အောင် ယနေ့ခေတ်ထိ ရပ်လိုက် နားလိုက် ဆောက်နေဆဲပါပဲ။ သူကတော့ အေးအေးဆေးဆေး ပြောခဲ့ပါတယ်။ ဘုရားကျောင်း ဒီဇိုင်းမို့ “ငါရဲ့ အလုပ်ရှင် (ဘုရားသခင်) က အလျင်စလို မလောတက်ပါဘူး” တဲ့။
08/05/2026
Student Testimonial ✨
Ma May Than Zin
Student
Certificate in Interior Design (Batch-19)
22/04/2026
Architecture Quote of the Day
22/04/2026
သင့်ကို ID (Batch-20) မှ ကြိုဆိုပါတယ်
ကိုယ်ပိုင် အိမ်အခန်းလေးတွေကို ကိုယ်တိုင် စိတ်တိုင်းကျ အလှဆင်ချင်သူလား ❓
Interior Design နဲ့ ပတ်သက်တဲ့ အခြေခံ သီအိုရီ သဘောတရားတွေ သိချင်သူလား ❓
ပုံဆွဲတက်ယုံနဲ့ မပြီး သဘောတရား သီအိုရီ အရေးကြီးတာကိုရော သင် သိပါသလား ❓
⭕️ သင်တန်းစတင်မည့်ရက် - ၁၇.၅.၂၀၂၆ (စနေ)
⭕️ သင်တန်းကြာချိန် - (၂) လ
⭕️ သင်တန်း အချိန်
အပတ်စဥ် စနေ နေ့တိုင်း
ည 7:00-8:00 pm (Zoom Lecture time)
Zoom တိုက်ရိုက်သာ သင်ကြားပေးပါမည်။ သင်ပြီး Lecture များကို အတန်းလွတ်သွားသူများ အတွက် ပြန်လည် လေ့လာနိုင်စေဖို့ Lecture Record Video ကို Facebook private group မှာ ပြန်တင်ပေးပါမည်။
⭕️ သင်တန်းကြေး
သင်တန်းကြေး ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်) [Sukhuma Institute မှ ပြီးစီးကြောင်း Certificate ရရှိပါမည်]
⭕️ သင်ကြားပေးမည့်ဆရာ
ဗိသုကာ စာသင်အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိ
U Zaw Ko Ko [စာရေးဆရာ ဇော်ကိုကို (ဗိသုကာ)]
Founder & Lecturer
‼️ သင်တန်းသား အကန့်အသတ် ရှိတာမို့ Chat Box ကနေ တဆင့် သင်တန်း အပ်နိုင်ပါသည်။