20/04/2026
အသိပေး ကြေငြာချက်
*****************
ကျွန်ပ်တို့၏ လူမျိုးနွယ်စု သမ္မာကျမ်းစာကျောင်းကို ဆယ်နှစ်မြောက်သည့်တိုင်လမ်းပြကာ အတူပါရှိတော်မူသော ဘု ရားသခင်ကို ရှေးဦးစွာ ကျေးဇူးတော်ချီးမွမ်းပါသည်။
ဘုရားသခင်အလိုတော်ရှိပါက၂၀၂၆ - ၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် ကျွန်ပ်တို့၏ ကျမ်းစာကျောင်း ETHNOS BIBLE SCHOOL ကို ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်စတင်ကြမည်ဖြစ် ကြောင်း အသိပေး အပ်ပါသည်။
လူမျိုးနွယ်စု သမ္မာကျမ်းစာကျောင်း သည် သမ္မာ ကျမ်းစာကို အခြေခံပြီး စနစ်တကျ သွန်သင်ပေးသောကျောင်း၊ မတူညီသောရိုးရာဓလေ့၊ ယဉ်ကျေးမှုရှိသည့် လူမျိုးနွယ်စုများကြား၌ မည်ကဲ့ သို့ ထိရောက်စွာ သာသနာ ပြုရမည်စ
သည့် သာသနာပြုလုပ်ငန်းကို ဦးစားပေး သင်ကြားပေးနေသော ကျောင်းဖြစ်ပါ သည်။
သို့ဖြစ်ပါ၍ ကျောင်းသူကျောင်းသားများက ပို၍နားလည်လွယ် နားလည်နိုင်ရန် မြန်မာဘာစကားကိုသာ အသုံးပြုကာ သင်ကြားပေးလျက်ရှိကြပါသည်။
သင့်တို့ရဲ့အသင်းတော်ထဲကသော် လည်းကောင်း၊ သင့်တို့ရဲ့ မိသားစုထဲကသော်လည်းကောင်း ၊ အသိ မိတ်ဆွေ၊ သူငယ်ချင်းများထဲမှသော်လည်း ကောင်း နှုတ်ကပတ်တော်ကို ခံယူလိုသော ဆန္ဒရှိသောသူများရှိပါက ကျွန်ပ်တို့၏ လူမျိုးနွယ်စု သမ္မာကျမ်းကျောင်းသို့ လမ်းညွန်းပေးနိုင်ပါရန် နာမတော်မြတ်၌ အသိပေးလိုပါ သည်။
ကျမ်းစာကျောင်း တက်ရောက်လိုသောသူများသည်
📚နှုတ်ကပတ်တော်ကို လိုလိုလားလား၊ စိတ်ပါဝင်စားစွာခံယူလိုသောသူဖြစ်ရမည်။
📚အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
-ဆေးလိပ်၊ ကွမ်းယာမှအစ မူယစ်ဆေးဝါးမသုံးစွဲသူဖြစ်ရမည်။
📚သင်းအုပ်ဆရာ သို့မဟုတ် ဓမ္မအမှုတော်ဆောင်တစ်ပါးပါး၏ အကျင့်စာရိတ္တ ကောင်း မွန်ကြောင်း ထောက်ခံ စာယူလာရပါမည်။
မှတ်ပုံတင်ရှိသောသူဖြစ်ရမည်၊ မှတ်ပုံ တင် မူရင်းပါလာရမည်။ မှတ်ပုံတင်ကဒ်ပြား မူရင်း ယူဆောင်လာသောသူကိုသာ ကျောင်းမှ လက်ခံမည်ဖြစ်ပါသည်။
လက်ရှိမိမိနေထိုင်သည့် ကျေးရွာ၊ ရပ် ကွက်အုပ် ချုပ်ရေးမှူး၏ ထောက်ခံစာယူဆောင်လာရမည်။
သင်ယူနိုင်သည့် ဒီဂရီ 🎓
******************
Bachelor of Theology (B.Th) (With a concentration in cross-cultural missions - သာသနာအထူးပြု)
ကျောင်းတက်ကာလ (၄) နှစ်
အသုံးပြုသည့် ဘာသာစကား - မြန်မာစာ
#သတ်မှတ်ထားသည့်အရည်အချင်း
-၈ တန်းအောင်ဖြစ်ရမည်
-စစ်မှန်သော ယုံကြည်သူဖြစ်ရမည်။
- မြန်မာစာ ကျွမ်းကျင်စွာ ရေးတတ် ဖတ်တတ်သောသူဖြစ်ရမည်။
ပိုမိုသိရှိလိုသောအကြောင်းအရာများရှိပါက အောက်ပါ ဖုန်းနံပါတ်များနှင့် လိပ်စာသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
# #မှတ်ချက်။ အကျင့်စာရိတ္တကောင်းမွန်ပြီး ငွေကြေးအခက်အခဲရှိသူများ ပညာသင်ထောက်ပံ့ကြေး (scholarship) လျှောက်ထားနိုင်ပါသည်။
#တက်ရောက်မည့်သူများသည် မေလ ၃၀ ရက် မတိုင်မီ ကျောင်းသို့ အရောက် လာရပါမည်။
လိပ်စာ
ဘွက်ကြီးကျေးရွာ၊ အောင်မင်္ဂလာ မြေဇင်းတောရကျောင်းလမ်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်။
ကျောင်းအုပ် ဆရာကြီး
☎️09-250 752 512
ကျောင်းတာဝန်ခံ
☎️ 09-458 827 912
21/02/2026
16/02/2026
10/02/2026
28/12/2025
25/12/2025
28/11/2025
18/10/2025
04/06/2025