Speak With Me

Speak With Me

Share

Get one-on-one curated English lessons with an educator at the most affordable prices!!!

Photos from Speak With Me's post 18/05/2026

Page မှာ update မတင်တာကြာနေပြီ မလို့ ဆရာမ ခရီးသွားထားတဲ့ပုံလေးတွေပဲ တင်လိုက်ပါတယ်။

အတန်းတွေက ပုံမှန်အတိုင်းလည်ပတ်နေတာမလို့ ဘာမှ မတင်ဖြစ်တာလည်းပါပါတယ်။ အထူးသဖြင့် ခု May လ အတွက်ဆို အတန်းအားလုံးပြည့်နေပါပြီ ထပ်လက်ခံလို့ မရတော့ပါဘူးနော်။ (ဒါပြောဖို့ပဲ post လာလာတင်သလိုဖြစ်နေတာသိပါတယ် အားလည်းနာပါတယ်နော်)

ခါတိုင်းလိုပဲ တခုခုသိချင်တာရှိရင်တော့ အချိန်မရွေးလာမေးပါ၊ အားတာနဲ့ ပြန်ဖြေပေးပါမယ်

(ခရီးတွေ ခဏခဏသွားတဲ့ ဆရာမကို သည်းခံပေးတဲ့ ကျောင်းသားတွေကိုလည်း ကျေးဇူးနော် 😄)

13/03/2026

၂ လ ကျော်အတွင်း IELTS ပြင်ပြီး Band 8 ကို ရအောင်ယူနိုင်လို့ ဆရာမ အပျော်လွန်နေပြီ ရှင် 😭😭

A very proud teacher moment today!!! 🎉🎉

My student Ei Tong just got her IELTS results. Overall Band 8 with 8.5 in Listening. And the whole preparation journey, we did it together from start to finish.

She was actually the first student I ever took on for IELTS preparation, and at the time I honestly wasn’t even sure if I could manage it. She showed up every week hardworking, consistent, and so determined to improve.

What impressed me most was during speaking practice. Sometimes the topics were about things she didn’t really have real-life experience with, but she still figured out how to think through them, build ideas, and express herself confidently (though she did sometimes nag that some topics were unrelatable or so hard blah blah🐥)

Safe to say… she might have outperformed her own teacher haha

So proud of you and everything you’ve achieved. Hard work does pay off. This is only the beginning.

31/12/2025

Happy New Year, everyone! I hope this year brings you fresh ideas, big smiles and lots of moments where learning finally clicks.🎉💫

Photos from Speak With Me's post 25/09/2025

Thank you all so much for the lovely birthday wishes! Classes are running as usual — I’ve just been a bit less active here, so feel free to message me if you need any class info!

Photos from Speak With Me's post 20/06/2025

Your English teacher after leaving the page for almost 2 months: 😄😄

အတန်းတွေက အမြဲရှိနေပါတယ်၊ ပြည့်နေလို့ မကြော်ငြာဖြစ်တာပါ၊ တစ်ခုခုဆို လာမေးလို့ရပါတယ်

Hope y’all are doing okay!

12/04/2025

Wishing you all strength and peace during this Thingyan Festival.

It’s deeply saddening that we’ve faced such a tragic loss, especially when the country is already struggling in so many ways. In these tough times, we are all we have — and it’s up to us to care for each other’s well-being, and hold on to our peace of mind.

My deepest condolences to those who have passed, and my heartfelt wishes to those who remain.

Hope you remember to eat well, take it slow, and find moments to breathe and recharge.

29/03/2025

ငလျင် နဲ့ပတ်သက်တဲ့ အသုံးအနှုန်းနဲ့ သိကောင်းစရာများ

🌍 Earthquake Vocabulary and Expressions: 🌍

ပြည်တွင်းသတင်းတွေအပြင် ပြည်ပ global news တွေ ဖတ်တဲ့အခါ ကြုံလာနိုင်တဲ့ အင်္ဂလိပ်အသုံး အနှုန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး အရိုးရှင်းဆုံးက စ ရရင် ငလျင် လှုပ် တာ မှာ ‘လှုပ်’ ဆိုတာကို အခြေအနေ ပေါ်မူတည်ပြီး စကားလုံး အမျိုးမျိုး သုံးနိုင်ပါတယ်။

1. Earthquake strikes
2. Earthquake hits
3. Earthquake shakes
4. Earthquake devastates
5. Earthquake rattles
6. Earthquake strikes with force
7. Earthquake slams
8. Earthquake rocks

ဒီနေရာမှာ တွေ့ရအများဆုံး ကြိယာတွေက တော့ strike နဲ့ hit ဖြစ်ပြီး shake, slam, rock ကတော့ informal ဆန်တဲ့ အသုံးတွေဖြစ်ကြပါတယ်။ devastate နဲ့ batter က တော့ အပျက်အစီး အဆုံးရှုံးပါပြီး လှုပ်ခတ်တဲ့ အခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။ rattle က တော့ အဖျားခတ် လှုပ်တာမျိုးမှာ သုံးပါတယ်။

နောက်ထပ်သိသင့်တာတွေ ကတော့

1. Epicenter - ငလျင်ဗဟိုချက်
Example: The earthquake's epicenter was located 16km north-west of Sagaing.

2. Tremor - ငလျင်အဖျားခတ်ခြင်း
Example: Strong tremors were felt in neighboring countries like Thailand.
(tremor ကို feel ရဲ့ passive နဲ့ သုံးတာ သတိပြုပါ)

3. Magnitude - ပြင်းအား
Example: The first earthquake had a magnitude of 7.7, causing serious damage.
(ငလျင်ရဲ့ ပြင်းအားကို ဖော်ပြတဲ့ ယူနစ်က richter scale ရစ်ချတ်စတာစကေး ပါ)

4. Aftershock - နောက်ဆက်တွဲ ငလျင်ငယ်
Example: The earthquake was followed by several aftershocks.

5. Fault Line - ပြတ်ရွေ့ကြော
Example: The earthquake occurred along a fault line.

6. Seismic waves - ငလျင်လှိုင်းများ
Example: Seismic waves from the earthquake spread across the region, shaking buildings far from the epicenter.

7. Rubble - အကျိုးအပဲ့၊ အပျက်အစီးပုံ
Example: Rescue teams are digging through the rubble to find survivors.

8. Collapse - ပြိုကျသည်/ ပြိုကျခြင်း
Example: The unfinished high-rise building collapsed in Bangkok.

9. Rescue Operation - ကယ်ဆယ်ရေး
Example: Rescue operations are ongoing in Mandalay to rescue survivors.

10. Shallow Earthquake - မြေမျက်နှာပြင်အောက် အနီး မှ လှုပ်ခတ်သော ငလျင်
Example: The earthquake was shallow, which made its impact stronger.
(မြေပြင်နဲ့ နီးလေ ငလျင်အားပြင်းလေမလို့ shallow earthquake ဟာ ငလျင်အပြင်း ဖြစ်ပါတယ်)

11. Death Toll - (ဘေးအန္တရာယ် တစ်ခုခုကြောင့်) သေဆုံးသူ လူ စုစုပေါင်း
Example: The death toll now stands at 1,002, with many fatalities in Mandalay.

12. Unaccounted For - ပျောက်ဆုံးနေသော
Example: Around 100 construction workers are unaccounted for after the collapse.

13. Affected Areas - ဘေးအန္တရာယ်သင့် နေရာများ
Example: The earthquake’s affected areas are Myanmar, Thailand, and China.

14. Rescue Teams - ကယ်ဆယ်ရေး အဖွဲ့
Example: Rescue teams are working tirelessly to find survivors in Mandalay.

15. Be trapped - ပိတ်မိသည်
Example: Many people were trapped in the collapsed building, and rescue teams are working to save them.

16. Ground Shaking - မြေပြင် တုန်ခါခြင်း
Example: The ground shaking was intense, damaging buildings across the region.

17. Casualties - ဘေးအန္တရာယ်ခုခုကြောင့် မတော်တဆ ထိခိုက်သူ ဦးရေ
Example: The casualties from the earthquake are in the thousands.

18. Fatality - ဘေးအန္တရာယ်ခုခုကြောင့် အသက်ဆုံးရှုံးခြင်း
Example: Many fatalities were reported in the city, especially in Mandalay.

19. Volatile Situation - မတည်ငြိမ်သေးသော အနေအထား
Example: The situation in Myanmar remains volatile due to ongoing aftershocks.

နောက်ထပ် အတွဲလိုက်တွေ့ရလေ့ရှိတဲ့ key phrase တွေ ကတော့
“The earthquake struck at [time]..."
“The death toll now stands at [number]..." - "Rescue teams are working to dig out survivors from the rubble."
“The area was hit by strong tremors..."
“Buildings were reduced to rubble."
“The quake's epicenter was located [location]."

ခုလောက်ဆို ငလျင်နဲ့ပတ်သက်တဲ့ သတင်းတွေ ဖတ်တဲ့အခါ အုပ်မိကြပ်မိလောက်မယ် ထင်ပါတယ်။ အားလုံး ပဲ ဘေးအန္တရာယ် အမျ်ိုးမျိုးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Speak With Me



[Disclaimer: We do not own this particular photo and it’s taken from CNN]

04/03/2025

အတန်းချိန်တွေ ပြည့်သွားပြီ မလို့ group class ရော one-on-one ရော ဒီ လအတွက် ထပ် လက်မခံ​တော့ပါဘူးနော်။

နောက်လကျ အတန်းလွတ်တာ ရှိခဲ့ရင်အကြောင်းကြား ပေးပါမယ်။

ယုံယုံကြည်ကြည်နဲ့ အတန်းလာအပ်ပြီး အားတတ်သရော လေ့လာပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်ရှင် 🫶🏻🫶🏻

Speak With Me

26/02/2025

New Group Class: Speak English with Confidence!!!!

Pre-Inter မှ Intermediate ရောက်လိုသူများအတွက် အတန်းပါ။ ကျောင်းသား 8 ယောက်ပဲ လက်ခံပါမယ်။

one-on-one အတန်းတွေ တောက်လျှောက်သင်လာတာ အတော်ကြာနေပြီမလို့ လူနည်းနည်းနဲ့ ထိရောက်မဲ့ group class အသေးလေး တစ်ခုဖွင့်ချင်ပါတယ်။

ဘာတွေသင်မှာလဲဆိုရင်တော့ အဓိက က pre-inter နဲ့ inter level မှာ ရှိနေတဲ့ learner တွေ speaking ကို ယုံကြည်မှုရှိရှိ ပြောထွက်ဖို့ ဦးစားပေး သင်မှာပါ။ speaking နဲ့အတူ အရေးကြီးတဲ့ vocabulary, grammar, listening စတာတွေ ပါ ပါမယ်။ reading နဲ့ writing လည်း ဖြည့်စွက် လေ့လာရပါမယ်။ အပတ်စဉ် ကျောင်းသားတိုင်း အတွက် coursework, feedback တွေရှိပါမယ်။ သင်တန်း record လိုချင်ရင် approve ပေးပါတယ်။ အတန်းတွေက တစ်ပတ်ကို တစ်နာရီခွဲ (၃) ချိန်တောင် ဖြစ်တဲ့အတွက် သေချာ လေ့လာနိုင်မဲ့ သူမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။

သင်တန်းရက်တွေက
>>> Mon, Tues, Wed: 7-8:30 PM

သင်တန်းကာလ
>>> 3 months (12 weeks)

သင်တန်း စမည့်ရက်
>>> March 10

သင်တန်းကြေး
>>> 75,000/month
>>> 22,5000 (the whole course)

တစ်ခုပြောချင်တာက အခု အတန်း announce တဲ့ရက်ကနေ သင်တန်းစ မဲ့ရက်အထိကို တစ်ပတ်ကျော်ပဲ ကျန်ပါတယ်။ မြန်မြန်လေး enroll လုပ်ပေးဖို့ အကြံပေးပါတယ်။ 8 ယောက်ထပ် ပိုပြီး လက်မခံပါဘူးနော်။

အတန်းအပ်မယ်ဆိုရင်
>>> page messenger
>>> 09 750820926
ကို ဆက်သွယ်နိုင်ပါတယ်။

မှတ်ချက်။
one-on-one အတန်းတွေလည်း အရင်အတိုင်းပဲ run နေပါတယ်။ ကျောင်းသားအမြဲရှိနေတဲ့အတွက် မကြော်ငြာဖြစ်တာပါနော်။

31/12/2024

အတန်းတွေ အမြဲမပြတ်ရှိနေတဲ့အတွက် page မှာ active မဖြစ်တာ ကြာသွားပါတယ် နော်။

နှစ်တွေ ပြောင်းလာလည်း ယုံကြည်ပြီး consistency အပြည့်နဲ့ လေ့လာနေတဲ့ ကျောင်းသားတိုင်းကို ကျေးဇူးအမြဲတင်ရပါတယ်။

ခုလာမဲ့ new year မှာလည်း progress တွေအများကြီးလုပ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ သိချင်တာရှိလည်း အားမနာဘဲ လာမေးပါ၊ အတန်းတွေလည်း ညှိလို့ရလို့ အချိန်ပေးနိုင်ရင် ပေးပါမယ်နော်။

Wish you all a happy new year ahead!

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon