Le Petit Cours

Le Petit Cours

Share

let's speak French
တန်းခွဲသစ်တွေ စုံစမ်းပါ
ပြင်သစ်စာ သင်ပါ

22/06/2026

⭐️Mot du Lundi⭐️

Bienveillance (n.f.)

Bienveillance ဆိုတာက “ကောင်းမြတ်တဲ့စိတ်ထား / မေတ္တာထားမှု” ပါ 🤍
တခြားသူတွေကို နူးညံ့စွာ ဆက်ဆံခြင်းပါ။

🇫🇷 “Elle parle toujours avec bienveillance.”
🇬🇧 “She always speaks with kindness.”

🇫🇷 “La bienveillance rend le monde meilleur.”
🇬🇧 “Kindness makes the world better.”

🌿 Être doux sans raison… juste parce que tu peux.
👉 C’est la bienveillance

Monday တိုင်းမှာ ဒီလို unique စကားလုံးလေးတွေကို မျှဝေသွားမယ်နော် 💁🏼‍♀️
Like & Follow လုပ်ထားဖို့ မမေ့နဲ့ 🫶

20/06/2026

Bonjour à tous !

နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့La fête de la musique ဂီတပွဲတော် အချိန်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်

La Fête de la Musique ဟာ ပြင်သစ်နိုင်ငံရဲ့ အကျော်ကြားဆုံး ဂီတပွဲတော်ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်မှာ ပြင်သစ်မူပိုင် အနေနဲ့ စတင်ကျင်းပ လိုက်တာကနေ နှစ်စဉ်ကျင်းပ ဖြစ်လာခဲ့ပြီး အခုအချိန်မှာတော့ အခြားနိုင်ငံ ၁၂၀ ကျော်မှာပါ ပြုလုပ်လာကြပါပြီ။ပြင်သစ်မှာ ကျင်းပတာတော့ နှစ်ပေါင်း 40 ကျော်သွားပြီပေါ့

ဇွန်လ ၂၁ ရက်နေ့ဟာ ပြင်သစ် နွေရာသီရဲ့ ပထမ ဆုံး နေ့လည်း ဖြစ်တယ် တစ်နှစ်တာလုံးရဲ့ ညတာ အတိုဆုံး ညလည်းဖြစ်တာမို့ ကျင်းပဖို့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ် လှပတဲ့နွေရာသီကို သီချင်းတွေအကတွေနဲ့ကြိုဆိုကြတာပေါ့

ပြင်သစ်လူမျိုးတွေဟာ အနုပညာနှင့် ဂီတကို အလွန်ချစ်မြတ်နိုးသူများဖြစ်ကြသည့်အလျောက် “Music everywhere, concerts nowhere” လူတိုင်း ဂီတကို တူညီစွာခံစားခွင့်ရှိရမယ် ဆိုတဲ့ဆောင်ပုဒ်နဲ့ La Fête de la Musique ကို ကျင်းပကြခြင်းဖြစ်ပါတယ်။
🎻La musique est une langue universelle!

လမ်းပေါ်မှာ ဘူတာရုံတွေမှာ စတိတ်စင်တွေမှာ ဘားတွေ စားသောက်ဆိုင်တွေမှာ ပါ နာမည်ကျော်တွေအပြင် ဂီတ ဝါသနာပါသူအားလုံး ဆိုမယ် တီးမယ် ကမယ် ပျော်မယ် ဆိုတဲ့ နေ့ပါပဲ

🎵 Le 21 juin, la France célèbre la Fête de la Musique. Les rues se remplissent de musique, de danse et de bonne ambiance ! 🇫🇷✨

#ပြင်သစ်စာ

17/06/2026

Oui Non Ça va Merci 🤪

15/06/2026

⭐️Mot du Lundi⭐️

Résilience (n.f.)

Résilience ဆိုတာက “အခက်အခဲတွေတွေ့ကြုံရပြီးတဲ့နောက်မှာတောင် ပြန်လည်တည်ဆောက်နိုင်မှု” ဆိုတဲ့အဓိပ္ပါယ်ပါ 🌱

🇫🇷 “La résilience est importante dans la vie.”
🇬🇧 “Resilience is important in life.”

🇫🇷 “Après l’échec, il a montré une grande résilience.”
🇬🇧 “After failure, he showed great resilience.”

💔 Tu tombes… tu te relèves plus fort.
👉 C’est la résilience

Monday တိုင်းမှာ ဒီလို unique စကားလုံးလေးတွေကို မျှဝေသွားမယ်နော် 💁🏼‍♀️
Like & Follow လုပ်ထားဖို့ မမေ့နဲ့ 🫶

12/06/2026

July မှာ ပြန်လည် စတင်မယ့် ပတိကူးရဲ့ Group Class တန်းခွဲများဖြစ်ပါတယ်

အတန်းချိန်အကုန်ပြည့်နေတာမို့ တစ်ဦးချင်းတန်းခွဲအသစ်များ လက်ခံခြင်းကို ခန ရပ်နားထားမှာ ဖြစ်လို့ အချိန်အဆင်ပြေတယ်ဆို မိမိတို့ ရောက်ရှိရာ Level အလိုက် မေးမြန်းစုံစမ်းပြီး Group Class တန်းခွဲများကို တက်ရောက်နိုင်ပါတယ်

A1.1 တန်းခွဲသစ်လည်း ကြေငြာထားပါတယ်နော်
လက်ရှိလည်း စာရင်းသွင်းထားကြသူတွေ ရှိပြီးဖြစ်တာကြောင့် လူမပြည့်ခင် မြန်မြန်လေး စာရင်းပေးသွင်း အပ်နှံထားဖို့ လိုပါမယ်

2026 ခုနှစ် ကတော့ တစ်ဝက်ပဲ ကျန်ပါတော့တယ်
ဒီနှစ် ဘာတွေ သင်ယူဖြစ်ခဲ့လဲ ??

#ပြင်သစ်စာသင်ပါ #ပြင်သစ်လိုပြောပါ #ပြင်သစ်စာ

10/06/2026

ဘယ်သူတွေလဲ
စကားလုံးရှာမတွေ့တာ 🥴

09/06/2026

ကနေဒါ🇨🇦 ပြင်သစ်စာ🇨🇵နဲ့ TCF📝

မြန်မာတွေကြား ကနေဒါအိမ်မက်တွေနဲ့ TCF ပြင်ဆင်သူတွေ ပိုပိုများလာကြတာမို့ ဒီစာကို ရေးပါတယ်

TCF ဆိုတာ Test de Connaissance du français ဖြစ်ပါတယ် ပြင်သစ်စာအရည်အချင်း ကိုစစ်တဲ့ စာမေးပွဲ ပုံစံ တစ်ခုပါပဲ

လာစုံစမ်းကြသူတွေက TCF ဖြေဖို့ အတန်းတက်ချင်ပါတယ်လို့ လာမေးကြတာများပါတယ်
အရည်အချင်းစစ် စာမေးပွဲ ဖြစ်တာမို့ အရည်အချင်းကို အရင်‌ဖြည့်ဖို့ပဲ လိုတာပါ
အဲဒါကြောင့် ပြင်သစ်စာကိုသာ အရင်သင်ရမှာ ဖြစ်ပါတယ်
တတ်ကျွမ်းမှုအဆင့် တစ်ခုခုကို ရောက်တဲ့အခါ TCF ဖြေပုံဖြေနည်းကို တစ်လ သို့ နှစ်လ မိမိအပေါ် မူတည်ပြိး ပြင်ဆင်ရုံပါပဲ

ပြင်သစ်စာ ဘယ်လောက်သင်ရမလဲ ဆို TCF level သတ်မှတ်ပုံတွေ ကို အရင် ရှင်းပြပါမယ်
TCF မှာက Level အားလုံးကို တပြိုင်နက် အစဉ်လိုက် စစ်ဆေးတာဖြစ်လို့ ရတဲ့ ရမှတ် အနည်းအများနဲ့ပဲ တွက်ချက်ပါတယ်

နိုင်ငံတကာမှာ ဖြေဆိုနိုင်တဲ့ လူသိများပြီးသား DELF DALF Level တွေ နဲ့ ယှဉ်ပြရမယ်ဆိုရင်

100 အောက် A1 ကိုတောင် မမီဘူးသတ်မှတ်ပါတယ်
100-199 A1
200-299 A2
300-399 B1
400-499 B2
500-599 C1
600 အထက်ဆို C2 level လို့ သတ်မှတ်ပါတယ်

Level တစ်ခုကို ဘယ်လောက် ပြင်ဆင်ဖို့ အချိန်လိုမလဲ ဆိုတာ ရေးသားထားတဲ့ ပိုစ့်ကို ကွန်မန့်မှာ link ထည့်ပေးထားပါတယ်

တစ်ခု ထပ်ရှိတာက TCF လို့ အလွယ် ပြောပေမယ့်
TCF Public
TCF Canada
TCF Québec
TCF IRN
TCF DAP ဆိုပြီး စာမေးပွဲ ပုံစံလေးတွေ အနည်းငယ် ကွဲပါသေးတယ် ကိုယ်လိုအပ်တဲ့ Test ပုံစံကိုလည်း သိဖို့လိုပါတယ် အများစုကတော့ TCF Public တောင်းတာ များပါတယ်

TCF မှာ အားသာချက်က Reading and Listening မှာ
Multiple choice တွေ ပဲ ဖြစ်ပြီးတော့ level အလိုက် ဖြေနေရင်းနဲ့ တဖြည်းဖြည်း ခက်လာတာမျိုးမို့ ကံကောင်းတဲ့သူတွေမှာ အဖြေအကုန်မသိပေမယ့် အမှတ်တွေ ပိုရတာမျိုးလည်း ဖြစ်နိုင်ပါတယ်

အားနည်းချက်က DELF စာမေးပွဲမှာ B2 level ရောက်မှ စတင်ကြုံတွေရတဲ့ တစ်ကြိမ်ပဲ နားထောင်ပြီး တန်းဖြေရတာမျိုး ကို Listening ပုံစံတစ်ခုလုံး ဖြေရတာ ‌ဖြစ်ပါတယ်

Writing နဲ့ Oral ကတော့ ကိုယ်အသုံးပြုလိုက်တဲ့ Vocab တွေ Tense တွေ Expression လို့ခေါ်တဲ့ Idiom တွေ Connecteur တွေ ဘယ်လောက် သုံးနိုင်လဲ အပေါ်မူတည်ပြီး စစ်ဆေးတာမို့ ကိုယ်ဘယ်လောက်ထိ သင်ယူလေ့လာထားပြီးလဲ ဆိုတဲ့အပေါ်ကိုသာ မူတည်ပါတယ်

အဲဒီတော့ ကိုယ်က အနည်းဆုံး point ဘယ်လောက်ရဖို့ လိုတာလဲ
အချိန်ဘယ်လောက် ပေးပြီး ပြင်ဆင်ရမလဲ
ကိုယ်ကိုယ်တိုင်ဘယ်လောက် အားထုတ်မှုမျိုး ပေးနိုင်လဲ

ဒါတွေ တွက်ချက် ပြင်ဆင်ပြီး သိချင်တာ ထပ်ရှိရင် messenger မှာ မေးပါ
သင်တန်းတွေ စုံစမ်းပါ
မိမိနဲ့ အကိုက်အညီဆုံး ဖြစ်မယ့် သင်တန်းကိုရွေးပါ


#ပြင်သစ်စာသင်ပါ #ပြင်သစ်လိုပြောပါ #ပြင်သစ်စာ

08/06/2026

⭐️Mot du Lundi⭐️

Authenticité (n.f.)

Authenticité ဆိုတာက “စစ်မှန်မှု / အတုမဟုတ်တဲ့ ကိုယ်ပိုင်ပုံစံ” ဆိုတဲ့အဓိပ္ပါယ်ပါ ✨
ကိုယ့်ကိုယ်ကို အမှန်အတိုင်း ဖော်ပြခြင်းပါ။

🇫🇷 “J’aime son authenticité.”
🇬🇧 “I like his authenticity.”

🇫🇷 “L’authenticité rend une personne unique.”
🇬🇧 “Authenticity makes a person unique.”

🤍 Ne pas jouer un rôle. Être vrai.
👉 C’est l’authenticité

Monday တိုင်းမှာ ဒီလို unique စကားလုံးလေးတွေကို မျှဝေသွားမယ်နော် 💁🏼‍♀️
Like & Follow လုပ်ထားဖို့ မမေ့နဲ့ 🫶

05/06/2026

မိုးအကြောင်း စာစီကုံးပါ (ပြင်သစ်လို 🙃)

03/06/2026

အတိုဆုံး သင်တန်းကြေငြာ 😎

ပြင်သစ်စာ အခြေခံ တန်းခွဲသစ် A 1.1 (4/2026)

စတင်မည့်ရက် 🔺ဇူလိုင်လ 2ရက်
သင်တန်းရက် 🔺တနင်္လာ ၊ ကြာသာပတေး
သင်တန်းချိန် 🔺မြန်မာချိန် ည 8 နာရီမှ 9နာရီခွဲထိ
သင်တန်းကြေး 🔺၁၀၀ ၀၀၀ ကျပ် (သင်တန်းတစ်ခုလုံးစာ)
သင်တန်းကာလ 🔺၂ လ
သင်တန်းသား 🔺အများဆုံး ၁၂ ယောက်

ချစ်တဲ့သူ သူငယ်ချင်း မိတ်ဆွေ နှစ်ယောက် တူတူ လာအပ်ရင် ATUTU Discount 10% က တော့ အမြဲရှိပါတယ်

သိချင်တာ မှန်သမျှ messenger မှာ စုံစမ်းပါ

#ပြင်သစ်စာသင်ပါ #ပြင်သစ်လိုပြောပါ

#ပြင်သစ်စာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon