16/06/2026
🌟 ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ မဖြစ်နိုင်တာ မရှိပါဘူး💪
Vocational Training Centre
သင့်ရဲ့ ပိုမိုတောက်ပလာမယ့်အနာဂတ်အတွက် SMTC ကကူညီပေးပါရစေ...
16/06/2026
🌟 ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ မဖြစ်နိုင်တာ မရှိပါဘူး💪
15/06/2026
💙 ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ငွေ ၁ သိန်းကျပ်နဲ့ စတင်နိုင်ပါပြီ 😍
📚 Shining Moon Training Center မှာ
သင်တန်းကြေးကို ၁သိန်းကျပ်ကနေစပြီး တစ်လချင်း အရစ်ကျ ပေးသွင်းနိုင်တာကြောင့်
သင်တန်းေကြးအတွက် စိတ်ဖိစီးမှုများစရာမလိုတော့ပါဘူး 💁
✨ အခွင့်အရေးကို မစောင့်ဘဲ ကိုယ်တိုင်ဖန်တီးလိုက်ပါ💥
📩 Page Chat Box မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်။
Viber/ Telegram
09 786 288 374
Exam memories 😍😍😍😍😍
10/06/2026
Feedback တစ်ခုချင်းစီတိုင်းက ရှေ့ဆက်ဖို့အတွက်ခွန်အားတွေပါပဲ🧡🧡🧡
အရည်အချင်းပြည့်ဝတဲ့သင်တန်းသားများမွေးထုတ်ပေးရာ...
☪️Shining Moon Training Centre⭐⭐⭐⭐⭐
#သူနာပြုအကူ #ဆေးဝါးကျွမ်းကျင်သင်တန်း
09/06/2026
👭 သူငယ်ချင်းတွေနဲ့ အတူတူ သင်တန်းတက်ရင်း သင်တန်းကြေး သက်သာခွင့်လေးလည်း ရယူလိုက်ကြရအောင် 🤗
☪️ SMTC မှာသင်တန်းတက်ပြီး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားသူများအတွက် June လမှစတင်၍ မိုးရာသီအထူး သင်တန်းကြေးသက်သာခွင့် အစီအစဉ်လေးကို စီစဉ်ပေးထားပါတယ်ရှင့် 😍
🌧️ မိုးရာသီ သင်တန်းကြေးအထူးသက်သာခွင့်အစီအစဉ် 🌧️
👭 ၂ ယောက်အတူအပ်နှံပါက — 20,000 ကျပ်
👨👩👧 ၃ ယောက်အတူအပ်နှံပါက — 50,000 ကျပ်
📚 သူနာပြုအကူ + ဆေးဝါးကျွမ်းကျင် သင်တန်း ၂ တန်းတွဲအပ်နှံပါက — 50,000 ကျပ်
⏰ စက်တင်ဘာလကုန်အထိသာ 💥
📞 အသေးစိတ်စုံစမ်းရန်
09 786 288 374
09 982 533 995
08/06/2026
ကောင်းတဲ့နေ့တွေက ကောင်းတဲ့ mindset ကနေစတင်ပါတယ်🌻
☪️SMTCသင်တန်းမှာပဲရနိုင်တဲ့ All-in-One Training Package ဆိုတာဘာလဲ???
#သူနာပြုအကူသင်တန်း
#ဆေးဝါးကျွမ်းကျင်သင်တန်း
01/06/2026
ကိုယ်ဝါသနာပါရာကိုလုပ်ပါ။
ကိုယ့်ကိုစိတ်ပျော်ရွှင်စေတဲ့အရာကိုရွေးချယ်ပါ🧡🧡🧡🧡🧡🧡
Lovely Shiners 💙💙💙💙💙
June 10ရက်နေ့မှာ တန်းခွဲသစ်စပါမယ်😍
#သူနာပြုအကူသင်တန်း
#ဆေးဝါးကျွမ်းကျင်သင်တန်း
30/05/2026
🌧️မိုးရာသီမှာအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ???
🌧️မိုးရာသီဟာ စိုစွတ်ပြီး အေးမြတဲ့ ရာသီဥတုကြောင့် သာယာတတ်ပေမဲ့ တစ်ဖက်မှာတော့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ ပေါက်ဖွားလွယ်တဲ့ အကောင်းဆုံးအချိန်လည်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ အဖြစ်အများဆုံးနဲ့ အထူးသတိထားရမယ့် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်းနဲ့ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်ရှင်💁
⚠️ ဝမ်းပျက်ဝမ်းလျှောဖြစ်ရတဲ့ အဓိကအကြောင်းရင်းများ
💢မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာ
မိုးရေထဲကတစ်ဆင့် ရေတွင်း၊ ရေကန်တွေထဲ ညစ်ညမ်းမှုတွေ ရောနှောသွားတတ်လို့ ရေမသန့်ရင် ဝမ်းပျက်တတ်ပါတယ်။
ယင်ကောင်တွေ အလွန်ပေါတဲ့ရာသီဖြစ်လို့ အစားအစာတွေကို သေချာမဖုံးအုပ်ထားရင် ပိုးမွှားတွေ သယ်ဆောင်လာနိုင်ပါတယ်။
💢တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း
လက်ကို စင်ကြယ်အောင်မဆေးဘဲ အစားအစာတွေကို ကိုင်တွယ်စားသောက်ခြင်းကြောင့် ဖြစ်ပါတယ်။
***********************************************
💡 မိုးရာသီမှာ ဝမ်းမပျက်အောင် ဘယ်လိုကာကွယ်မလဲ???
၁။ လက်ဆေးတဲ့ အလေ့အကျင့်ကို အလေးထားပါ 🧼
အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း၊ အပြင်ကပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် စင်ကြယ်စွာ ဆေးကြောပါ။
၂။ ရေကို ကျိုချက်သောက်ပါ 🚰
မိုးရာသီမှာ သောက်ရေသန့်ရှင်းဖို့က ပထမပါ။ ရေကို ပွက်ပွက်ဆူအောင် ကျိုချက်သောက်ပါ (သို့မဟုတ်) စိတ်ချရတဲ့ ရေသန့်ကိုပဲ သောက်သုံးပါ။
၃။ အိမ်သာသန့်ရှင်းရေးကို ဂရုစိုက်ပါ 🚽
ယင်လုံအိမ်သာကို အသုံးပြုပြီး အိမ်သာပတ်ဝန်းကျင်ကို အမြဲတမ်း သန့်ရှင်းခြောက်သွေ့နေအောင် ထားရှိပါ။
🍽️ အစားအသောက်နဲ့ပတ်သက်ပြီး အထူးသတိထားရမယ့်အချက်များ🚨
🔶 အစားအစာတွေကို သေချာကျက်အောင် ချက်ပြုတ်ပါ။ ချက်ပြုတ်ပြီးပူပူေနွးေနွးစားပါ။
အသီးအရွက်တွေကို သေချာဆေးပါ။
အစိမ်းစားမယ့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စီးဆင်းနေတဲ့ ရေ သန့်သန့်နဲ့ အထပ်ထပ်ဆေးကြောပါ။
💢လမ်းဘေးစာနဲ့ ယင်နားစာများကို ရှောင်ပါ။
ယင်မလုံတဲ့ မုန့်ဟင်းခါး၊အသုပ်စံု၊ အချဉ်ပေါင်းေတွကို ဒီရာသီမှာ တတ်နိုင်သမျှ ရှောင်ကြဉ်တာ အကောင်းဆုံးပါ။
🔶အစားအစာကို သေချာဖုံးအုပ်ပါ။
ယင်ကောင် မနားနိုင်အောင် အစားအစာမှန်သမျှကို အုပ်ဆောင်း (သို့မဟုတ်) ဘူးနဲ့ သေချာပိတ်ထားပါ။
🚨 အရေးပေါ် သိထားရန်
တကယ်လို့ မိမိ (သို့မဟုတ်) မိသားစုဝင်တစ်ဦးဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်လာခဲ့ရင်—
ကိုယ်ခန္ဓာ ရေဓာတ်မခမ်းခြောက်စေဖို့ ဓာတ်ဆားရည် (ORS) ကို မကြာခဏ တိုက်ပေးပါ။
အကယ်၍ ဝမ်းထဲသွေးပါလာခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်း၊ ဆီးနည်းသွားခြင်း သို့မဟုတ် လူမှိန်းသွားခြင်း စတဲ့ လက္ခဏာတွေပြရင်တော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို ချက်ချင်းပြသပြီး ဆေးကုသမှု ခံယူရပါမယ်ရှင်...
"ရောဂါဖြစ်မှ ကုသတာထက် ကြိုတင်ကာကွယ်တာက ပိုမိုထိရောက်ပါတယ်"
မိသားစုဝင်အားလုံး မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှောရောဂါအန္တရာယ်ကနေ ကင်းဝေးပြီး ကျန်းမာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်❤️❤️❤️❤️
ဒီပိုစ့်လေးက အကျိုးရှိတယ်ဆိုရင်မိမိချစ်ရသူတွေ မြင်တွေ့နိုင်အောင် ပြန်လည် Share ပေးပါဦးနော်။
#ကျန်းမာရေးအသိပညာပေး
#ဝမ်းပျက်ဝမ်းလျှော
#ဝမ်းပျက်ဝမ်းလျှောကာကွယ်ရေး
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |