봄 - Bom Korean Language School

봄 - Bom Korean Language School

Share

🇰🇷 Let's learn with us. 🇲🇲

20/06/2026

Hanja Day 📚✨

"저" (ဂျော) ဆိုတဲ့ စာလုံးကို 'ကျွန်တော်/ကျွန်မ' လို့ပဲ သိထားတာလား❓

ဒါဆိုရင်တော့ ဒီ Hanja လေးကို လေ့လာကြည့်လိုက်ပါ။ "저" မှာ (낮다 - နိမ့်သော) ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။

ဒီစာလုံးလေး တွဲပါတဲ့ ကိုရီးယားစကားလုံး (၃) လုံးကို အတူတူ မှတ်သားကြည့်ရအောင်။👇

📉 저급 - အဆင့်နိမ့်သော (ဥပမာ - အဆင့်အတန်းမရှိတဲ့ အပြုအမူ/ပစ္စည်း)

📉 저조 - ရလဒ် သို့မဟုတ် တိုးတက်မှုနှုန်း နိမ့်ကျခြင်း (ဥပမာ - စွမ်းဆောင်ရည် ကျဆင်းတာ)

📉 저출산 - ကလေးမွေးဖွားနှုန်း လျော့ကျခြင်း (လက်ရှိ ကိုရီးယားနိုင်ငံရဲ့ အဓိက လူမှုရေးပြဿနာတစ်ခုပေါ့)

ကိုရီးယားစာလေ့လာနေတဲ့ သူငယ်ချင်းတွေကိုလည်း သိသွားအောင် Mention ခေါ်ပြီး မျှဝေပေးလိုက်ပါဦး။ 😉



#한국어단어

19/06/2026

오늘의 한국어 표현 📚✨

아늑하다 ☕️🍂
= နွေးနွေးထွေးထွေး cozy ဖြစ်သာ

이 카페는 참 아늑하네요. 🤎
(ဒီကဖေးဆိုင်လေးက တကယ်ကို နွေးထွေးပြီး cozy
ဖြစ်တာပဲ။)

သင်ကြိုက်တဲ့ 아늑한 နေရာက
ဘယ်နေရာလဲဆိုတာ Comment မှာ ပြောသွားဦးနော်👇



#한국어단어

18/06/2026

🔥 Level 2-2 တက်ဖို့ အဆင်သင့်ပဲလား?

ကိုရီးယားစာကို ဒီထက်ပိုပြီး Level တက်ချင်တဲ့သူတွေအတွက် BOM ရဲ့ Level 2-2 Zoom Class က အသင့်ရှိနေပါပြီ။ 🥳
သင်ရိုးအတွက် Yonsei Textbook သာမက Workbook နဲ့ Reading Book တွေကိုပါ အမိအရ လေ့လာရမှာမို့ Skills တွေ ပိုတက်လာမှာ သေချာပါတယ်။

Tr. Hnin Ei က စိတ်ရှည်လက်ရှည် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကြေး 130,000 Ks ထဲနဲ့ (၈) ပတ်တိတိ ထိထိရောက်ရောက် လေ့လာခွင့်ရမယ့် အခွင့်အရေးကို လက်မလွှတ်ပါနဲ့ဦး။

📆 22.6.2026 မှာ အတန်းစမှာမို့ ခုပဲ Page Messenger ကနေ လှမ်းခဲ့တော့နော်! 🏃‍♂️💨

💬 သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Messenger သို့မဟုတ် Telegram - သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။






18/06/2026

오늘의 한국어 표현 📚✨

아기자기하다 🎀
= အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းသော

아기자기한 소품 💕
(အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတဲ့ ပစ္စည်းသေးသေးလေးတွေ)

ကိုယ်ကြိုက်တဲ့ 아기자기한 ပစ္စည်းလေးက ဘာလဲ
Comment မှာပြောသွားဦးနော်👇



#한국어단어
#한국어공부

17/06/2026

오늘의 한국어 표현 📚✨

개판 = ဖရိုဖရဲဖြစ်သော၊ ရှုပ်ပွသော 🌀

အိမ်က ရှုပ်နေလား? အလုပ်က ဇာတ်ကြောင်းရှုပ်နေလား? ဒါဆို “개판” ကိုသုံးလိုက်ပါ! 😅

📝 Example:
내 방은 개판이에요.
(ငါ့အခန်းကတော့ ရှုပ်ပွနေတာပဲ။)

ကိုယ့်ရဲ့အခန်းလည်း 개판 ဖြစ်နေသလား?
Comment မှာပြောပြပါဦး 👇😂

🌸 BOM Korean Language School နဲ့အတူ နေ့စဉ်အသုံးချနိုင်တဲ့ ကိုရီးယားစကားလေးတွေ လေ့လာကြရအောင်!



#한국어공부
#한국어단어

Photos from 봄 - Bom Korean Language School's post 17/06/2026

Korean PDF တွေ အကုန်လုံး တစ်နေရာတည်းမှာ ရှာချင်နေပြီလား? 🌸📚

봄 - pdf channel မှာ Yonsei, SNU university courses နဲ့ TOPIK I & II books အကုန် FREE ရပါပြီ!

✨ High quality PDF
✨ Download လွယ်ကူ
✨ Update အမြဲတင်

Korean သင်ယူနေသူတိုင်း Join ထားသင့်တဲ့ Channel! 💕

👉 Channel link - https://t.me/+DyrIvy2A5RZjZDll





16/06/2026

💁🏻‍♀️ ၂၀ရက်နေ့ ဖွင့်မဲ့ Topik 2 zoom class မှာ ဘာစာအုပ်နဲ့ သင်မှာလဲဆိုပြီး မေးနေကြလို့

📗Reading&Listening ကတော့ ပုံမှန် Topik စာအုပ်တွေထက် ပိုခက်ပြီး လေ့ကျင့်ရမည့် မေးခွန်းတွေ အများကြီး
ပါတဲ့ Yonsei Topik 2 စာအုပ်နဲ့ပါ။

📘Writing ကတော့ 51,52,53 ကို စနစ်တကျ လေ့လာနိုင်မည့် 쓰기의 모든 것 စာအုပ်နဲ့ပါရှင်။





15/06/2026

🇰🇷 Level 3-1 အတန်း မနက်ဖြန် စပါပြီ ! 🍃

Level 2 ပြီးထားပြီး ဘာဆက်တက်ရမလဲ?" လို့ စဉ်းစားနေသူတွေအတွက် 👇

Level 3 ရောက်တာနဲ့
✅ Speaking ပိုကောင်းလာမယ်
✅ Grammar Pattern အသစ်တွေ လေ့လာရမယ်
✅ Reading Skill ပိုတိုးလာမယ်
✅ TOPIK Intermediate Level အတွက် အခြေခံကောင်းလာမယ်

📚 Yonsei Textbook + Workbook + Reading Book
💻 Zoom Class
🗓 Tue, Wed, Thur
⏰ 8:00 PM - 9:30 PM

📍မနက်ဖြန် စတင်မှာဖြစ်လို့ နေရာကျန်သေးတဲ့အချိန် စာရင်းပေးထားလိုက်ပါနော်။

📩 Telegram -

ကိုရီးယားစာကို တကယ်တိုးတက်ချင်ရင် ဒီ Level ကို မကျော်သင့်ပါဘူး 💙






14/06/2026

သင်တန်းတွေ အမြဲ "နောက်မှ အပ်မယ်" ဆိုပြီး စောင့်ရင်း စောင့်ရင်းနဲ့ပဲ အချိန်တွေ ကုန်သွားပြီမလား🤨

တကယ် ကိုရီးယားစာ တတ်ချင်တယ်ဆိုရင် စိတ်ကူးယဉ်နေရုံနဲ့ မရတော့ဘူးနော်။
၆ လပိုင်းအတွက် BOM ရဲ့ Basic အတန်း
Class 1 နဲ့ Class 3 ...
ဒီ (၂) တန်းတည်းပဲ ရပါတော့မယ်! >

ဒီ (၂) တန်းသာ ထပ်လွတ်သွားရင် နောက်ထပ် ၁ လလောက် ထပ်စောင့်ရမှာ။
သူများတွေ ရှေ့က ပြေးနေချိန်မှာ ကိုယ်က အနောက်မှာ ကျန်ခဲ့ချင်သေးလို့လား? 🥺

သင်တန်းကြေးကလည်း ၄၅,၀၀၀ ကျပ်တည်းနဲ့ ကိုရီးယားစာ အခြေခံကို ပိုင်ပိုင်နိုင်နိုင် မိသွားမှာပါ။

နေရာက တကယ်ကို လက်ချိုးရေလို့ ရတဲ့အထိပဲ ကျန်တော့တာမို့ "ခဏနေမှ အပ်မယ်" မလုပ်ပါနဲ့။

အခုပဲ ဖုန်းကို ကိုင်ပြီး Messenger မှာ နေရာဦးလိုက်တော့! 🏃‍♂️💨





11/06/2026

ဒီနေ့ 3-1 zoom class က အရမ်း ပျော်ဖို့ကောင်း

အတန်းထဲ ရှိတာ 9 ယောက်
Recording ကြည့်တာက 4ယောက်
ခွင့်တိုင်ထားတာက 3ယောက်
လာတက်တာ 2ယောက်
လိုင်းကျပြီး ပျောက်သွားတာလည်း သူတို့နှစ်ယောက် 🤣

ကိုယ့်ကို တစ်ယောက်ထဲ ပြစ်သွားကြတာ🥹

(အပြင်မှာလည်း အုန်းလီးဝမ်းမို့ အသားကျနေပါပြီ
ငိုသံတော့ ပါတာပေါ့😝)




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00