10 နာရီ မပြည့်မချင်း မထဘူးကွာ !! 😤🔥
Edvantage Japanese Language School
Learn Japanese with fun and active teaching methods !
24/06/2026
စာမေးပွဲရက်က လက်တစ်ကမ်းအကွာကို ရောက်လာပြီဆိုတော့ ကျောင်းသားတော်တော်များများ ညဘက်တွေပါ အိပ်ရေးပျက်ခံပြီး စာတွေကျက်နေကြပြီဟုတ်? ဒါပေမယ့် တကယ်တမ်း စာမေးပွဲကျရှုံးရတဲ့ အဓိကအကြောင်းရင်းက စာမကျက်လို့မဟုတ်ဘဲ စာမေးပွဲခန်းထဲက မေးခွန်းပုံစံအသစ်တွေကို မြင်ရင် မျက်စိလည်သွားတတ်တာကြောင့်ပါ။
ဒါကြောင့် Edvantage မှာ စာအုပ်ကြီးအတိုင်း သင်နေတာမျိုးမဟုတ်ဘဲ စာမေးပွဲစစ်စစ်ကို မရင်ဆိုင်ခင် ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်အောင် "Mock Test (အစမ်းစာမေးပွဲ)" တွေနဲ့ အကြိမ်ကြိမ် လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီလို အစမ်းလေ့ကျင့်ထားတဲ့အတွက် ဘာတွေ အားသာသွားမလဲဆိုရင်...👇
🎯 ၁။ ကိုယ်ကျက်ထားတဲ့ Pattern တွေကို အသုံးချတတ်သွားမယ်
စာအုပ်ထဲမှာတုန်းကတော့ Grammar တွေ၊ Vocabulary တွေ အကုန်ရနေပေမယ့် ပုစ္ဆာလှည့်မေးလိုက်ရင် မျက်စိလည်သွားတတ်ကြပါတယ်။ Mock Test တွေက စာမေးပွဲပုံစံအစစ်အတိုင်း မေးခွန်းအတိမ်းအစောင်းတွေကို ကြိုမြင်ရအောင် လေ့ကျင့်ပေးတာမို့ စာမေးပွဲခန်းထဲရောက်ရင် "ဪ... ဒါက ဟို Pattern ကို လှည့်မေးထားတာပဲ" ဆိုပြီး တန်းသိစေမှာပါ။
📖 ၂။ Reading (ဖတ်စာရှည်) ပုစ္ဆာတွေကို မြင်ရင် ကြောက်စိတ်ပျောက်သွားမယ်
စာမေးပွဲခန်းထဲမှာ စာပိုဒ်အရှည်ကြီးတွေကို မြင်တာနဲ့တင် လန့်ပြီး ဘာဖတ်လို့ ဖတ်မှန်းမသိ၊ အဓိပ္ပာယ်ကောက်မရဘဲ လမ်းပျောက်ဖူးကြမှာပါ။ Mock Test တွေကို အကြိမ်ကြိမ် ဖြေဖူးထားတဲ့အခါ စာပိုဒ်ရှည်တွေကိုလည်း မကြောက်တော့ဘဲ Main Point ကို ကွက်တိဘယ်လိုရှာရမလဲဆိုတာ ရဲရဲဝံ့ဝံ့ ဖြေဆိုနိုင်သွားပါလိမ့်မယ်။
📈 ၃။ ကိုယ့်ရဲ့ လက်ရှိ Level အစစ်အမှန်ကို မျက်ဝါးထင်ထင် မြင်ရမယ်
"ငါ စာမေးပွဲဖြေရင် အောင်ပါ့မလား" ဆိုပြီး ရင်တထိတ်ထိတ်နဲ့ မှန်းဆနေရမယ့်အစား၊ Mock Test ရဲ့ ရလဒ်က ကိုယ်တကယ် ဘယ်လောက်ရလဲဆိုတာကို ပြပေးမှာပါ။ ဒါမှလည်း စာမေးပွဲမတိုင်ခင် ကျန်တဲ့ရက်ပိုင်းလေးမှာ ဘယ်အခန်းကို ပိုအာရုံစိုက်ပြီး Revision ပြန်ရမလဲဆိုတာ လမ်းကြောင်းမှန်မှန် သိသွားပါလိမ့်မယ်။
💎 ဒါကြောင့် ကျွန်မတို့ Edvantage မှာ စာမေးပွဲအောင်ရုံသက်သက်ထက်ပိုတဲ့ "အလေ့အကျင့်ကောင်းတွေ" နဲ့ ကျောင်းသားတွေကို စနစ်တကျ ပျိုးထောင်ပေးနေတာ ဖြစ်ပါတယ်။ စာမေးပွဲခန်းထဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်ချင်တယ်ဆိုရင်တော့ Mock Test တွေက မရှိမဖြစ် လိုအပ်တာမလို့ ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်ရှင်။
📩 ဒီလို Edvantage ရဲ့ စနစ်တကျ သင်ကြားမှု၊ လေ့ကျင့်မှုတွေနဲ့အတူ မိမိရဲ့ ဂျပန်စာ Level ကို ယုံကြည်မှုရှိရှိ မြှင့်တင်ချင်တယ်ဆိုရင်တော့ ဇူလိုင်လ အတန်းသစ်များအတွက် Chat Box မှာ အခုပဲ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီနော်။ 🌟
23/06/2026
🚨 JLPT စာမေးပွဲမှာ အောင်မှတ်နဲ့ အမှတ်ပြည့်ရဖို့ အချိန်တိုအတွင်းစာပြန်နွှေးချင်သူများအတွက်! 💯🔥
လာမယ့် July 5 ရက်နေ့ JLPT စာမေးပွဲအတွက် စာတွေအများကြီး ပြန်နွှေးဖို့ အချိန်မလောက်တော့ဘူး...အချိန်တိုအတွင်းလေ့လာပြီးအောင်မှတ်ယူချင်တယ်ဆိုရင်တော့...
စာမေးပွဲခန်းထဲကို ယုံကြည်မှုရှိရှိ ဝင်နိုင်ဖို့ N5 နဲ့ N4 Grammar Notes အတွက် Link လေးတွေကို စုစည်းပေးလိုက်တယ်ရှင်။ 🎯📖
အခုပဲ အောက်က Link လေးတွေကို နှိပ်ပြီး တစ်ခေါက်တည်းနဲ့ မှတ်မိသွားအောင် အပြတ်ဖြတ်လိုက်တော့နော် 👇
N5,N4 Grammar Link
https://www.facebook.com/share/p/1Fx3SSbXDf/
N5 Grammar LInk
https://www.facebook.com/share/p/14ccpHUzKxs/
N4 Grammar Link
https://www.facebook.com/share/p/1BP4e7eHyb/
N5 Form Changes Link
https://www.facebook.com/share/p/1F24Vu2V2u
N4 Form Changes Link
https://www.facebook.com/share/p/18fvA1ZRJm/
JLPT မတိုင်ခင် N5, N4 Grammar တွေကို အမြန်ဆုံးလေ့လာပြီး အမှတ်ပြည့်ယူလိုက်ရအောင်... ✨
JLPT စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ စိတ်တိုင်းကျ ဖြေဆိုနိုင်ကြပါစေရှင်။ 🌟❤️
#ပျှော်ရွှင်လေ့လာဂျပန်စာEDVANTAGEမှာသင်ယူပါ
22/06/2026
စာတွေကြိုးစားကျက်ထားပေမဲ့ ဘာမှသေချာမမှတ်မိတော့ဘူးဆိုတာမျိုးဖြစ်နေပြီလား... 🥺
JLPT စာမေးပွဲကလည်း နောက်လ (July 5 ရက်နေ့) မှာဖြေရတော့မယ်... စာတွေက ကျက်လိုက်မေ့လိုက်နဲ့ သံသရာလည်နေပြီး အားမလိုအားမရ ဖြစ်နေကြမယ်ထင်ပါတယ်...
ဒါက ဂျပန်စာလေ့လာနေတဲ့သူ တော်တော်များများ ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ တကယ်တော့ ဒါတွေကြုံနေရတာ ဒီအချက်တွေကြောင့်ပါ...👇🏻
၁။ အလွတ်ကျက်ပြီး လက်တွေ့မသုံးခြင်း ✍🏻
စကားလုံးတွေ၊ Grammar တွေကို စာအုပ်ထဲကအတိုင်း အလွတ်ပဲ ထိုင်ကျက်နေတာမျိုးပါ။
ဂျပန်စာဆိုတာ ဘာသာစကားဖြစ်တဲ့အတွက် ကိုယ်တိုင် ဝါကျလေးတွေ ဖွဲ့မကြည့်ရင်၊ အသံထွက်ပြီး မဖတ်ကြည့်ရင် ခေါင်းထဲမှာစွဲမနေဘဲ ချက်ချင်းပြန်မေ့သွားတတ်ပါတယ်နော်။
၂။ ကျက်ပြီးသားကို ပြန်နွှေဖို့ ပျင်းတာ 🔄
ဒီနေ့ကျက်ပြီး နောက်တစ်ပတ်နေမှ ပြန်ကြည့်တာမျိုးက မေ့ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
ကျက်ပြီးသားစာကို ၁ ရက်အကြာ၊ ၃ ရက်အကြာ၊ ၇ ရက်အကြာ စသဖြင့် ခေါင်းထဲ ပြန်ပြန်သွင်းပေးပြီး ပုံမှန် Review ပြန်ပေးမှသာ ဦးနှောက်ထဲမှာ အမြဲ စွဲမြဲသွားမှာပါ။
၃။ စာမေးပွဲနီးမှ အတင်းဖိကျက်တာ ⏳
"စာမေးပွဲက နီးလှပြီ" ဆိုပြီး စိတ်လောပြီးတော့ တစ်ရက်ထဲနဲ့ အများကြီး အတင်းသိပ်သွင်းတာမျိုးပါ။
ဒါက ခေါင်းထဲမှာ စာတွေ ရောထွေးကုန်ပြီး ပိုပြီးတော့ မေ့လွယ်စေပါတယ်။
Plan သေချာချပြီး တစ်ဆင့်ချင်းစီ အာရုံစိုက်ဖို့ လိုအပ်ပါတယ်နော်။
"ရှေ့ကကျက် နောက်ကမေ့" ဖြစ်တာဟာ ကိုယ်က ညံ့လို့ မဟုတ်သလို၊ ဂျပန်စာက အရမ်း ခက်လွန်းနေလို့လည်း မဟုတ်ပါဘူး။
လေ့လာတဲ့ ပုံစံလေး လွဲနေလို့ပါ။ ဒါကြောင့် စိတ်ဓာတ်ကျပြီး လက်လျှော့ဖို့ မစဉ်းစားဘဲနဲ့...
ကျန်တဲ့ ရက်ပိုင်းလေးအတွင်းမှာ အလေ့အထဟောင်းတွေကို ပြင်၊ စိတ်အေးအေးထားပြီး Plan အတိုင်း ဖြည်းဖြည်းချင်း သွားကြရအောင်နော်...🤗
ကိုယ့်ရဲ့ ကြိုးစားမှုက ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ အားလုံးပဲ Fighting ပါ။ 💪💯
21/06/2026
ဂျပန်တက္ကသိုလ် ဝင်ခွင့်အတွက်ပဲဖြစ်ဖြစ်၊ ဂျပန်အလုပ်အင်တာဗျူးတွေအတွက်ပဲဖြစ်ဖြစ်... ဂျပန်စာတတ်ရုံတင်မကဘဲ Interviewer တွေ သဘောကျမယ့် အဖြေမျိုးကို စနစ်တကျ ဖြေဆိုတတ်ဖို့က အသက်ပါပဲရှင်။ ✨
အင်တာဗျူးခန်းထဲရောက်ရင် စနစ်တကျ တုံ့ပြန်ဖြေဆိုနိုင်အောင် Edvantage ရဲ့ စမ်းချောင်း Campus မှာ IT (Interview Training) အပြင်တန်း (Outside Class) ကို သီးသန့် ဖွင့်လှစ်ပေးလိုက်ပါပြီ။
၂ ပတ်တာအတွင်းမှာ အင်တာဗျူးအတွက်နည်းစနစ်တွေကို အခြေခံကစပြီး Mock Interview အထိ ထိထိရောက်ရောက် လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
📅 အတန်းအသေးစိတ်
Campus: Sanchaung Campus
Starting Date: 23 June 2026 (Tuesday)
Time: 1:00 PM - 3:00 PM
Weekly Days: Tue, Wed, Thu, Fri
Duration: 2 Weeks
💡 ဒီအတန်းမှာ ဘာတွေလေ့လာရမလဲ?
✅ ဂျပန်လူမျိုးတွေ သဘောကျတဲ့ အပြုအမူ၊ အမူအရာနှင့် နှုတ်ဆက်ခြင်း Business Manners များ။
✅ အမေးများဆုံး Interview မေးခွန်းတွေအပေါ် မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုနည်းများ။
✅ အင်တာဗျူးခန်းထဲက စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပြီး သဘာဝကျကျ စကားပြောဆိုနည်းများ။
ရက်တိုအတွင်း တစ်ယောက်ချင်းစီကို သေချာ ထိထိရောက်ရောက် လေ့ကျင့်ပေးမှာဖြစ်လို့ လူဦးရေ ကန့်သတ်ထားပါတယ်ရှင်။
အချိန်မီ အင်တာဗျူးအောင်မြင်မှုကို ရယူချင်တဲ့ သဲလေးတို့ရေ... လက်မနှေးဘဲ Page Chatbox မှာ အခုပဲ "IT Class" လို့ စာပို့ပြီး နေရာဦးလိုက်တော့နော်။ 📥✨
#ဂျပန်အင်တာဗျူး
#ပျှော်ရွှင်လေ့လာဂျပန်စာEDVANTAGEမှာသင်ယူပါ
Happy Father's Day ✨
သားသမီးတွေ ဂျပန်နိုင်ငံဆီ သွားရောက်ပြီး အောင်မြင်မှုတွေ ရရှိစေချင်လို့... အနောက်ကနေ တိတ်တဆိတ်နဲ့ အစွမ်းကုန် ပံ့ပိုးပေးထားတဲ့ အဖေဆိုတာ ဘဝရဲ့ အခိုင်မာဆုံး ကျောက်ဆောင်ကြီးတစ်ခုပါပဲ။
ကိုယ့်ရဲ့ အိပ်မက်တွေအတွက် ပင်ပန်းခံနေရတဲ့ အဖေ့ကို ဒီနေ့မှာ "ချစ်တယ်၊ ကျေးဇူးတင်တယ်" လို့ အားလုံးပဲ တူတူ ရင်ဖွင့်လိုက်ကြရအောင်နော်။
ကမ္ဘာပေါ်မှာရှိတဲ့ အဖေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Edvantage မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏✨
#အဖေများနေ့
JLPT စာမေးပွဲကြီးက တဖြည်းဖြည်း နီးလာလို့ ドキドキ ဖြစ်နေကြပြီလား... 🥺
ဒီ video လေးထဲမှာတော့ Sachi Sensei ရဲ့ JLPT စာမေးပွဲနဲ့ပတ်သက်တဲ့အတွေ့အကြုံလေးတွေကိုနားထောင်ရင်း
စာမေးပွဲနီးရင် ဘာတွေပြင်ဆင်ရမလဲဆိုတာတွေနဲ့ စာမေးပွဲတွေမှာပါလေ့ပါထရှိတဲ့ onomatopoeia လေးတွေကိုပါ တခါတည်း လေ့လာကြည့်လိုက်ရအောင်နော်။
ကဲဒါဆို ဇူလိုင် ၅ ရက်နေ့ JLPT စာမေးပွဲကြီးမှာ အားလုံးပဲ စိတ်အေးအေးထားပြီး အကောင်းဆုံး ဖြေဆိုအောင်မြင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
みんな頑張ってね!🥰💪
#ပျှော်ရွှင်လေ့လာဂျပန်စာEDVANTAGEမှာသင်ယူပါ
20/06/2026
မြန်မာနိုင်ငံကနေ ဂျပန်တက္ကသိုလ်တိုက်ရိုက် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနေကြတဲ့ Edvantage ရဲ့ ကျောင်းသားများ 🎓✨
ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်ဖို့အတွက် Language School တွေမှာ အချိန်အများကြီး ထပ်ပေးနေစရာမလိုဘဲ... ရည်မှန်းချက်ပန်းတိုင်ဆီကို Edvantage ကနေတဆင့် အချိန်တိုတိုနဲ့ ထိထိရောက်ရောက် လျှောက်လှမ်းနိုင်ပါပြီ….💼✈️
Edvantage ရဲ့ အရည်အချင်းရှိတဲ့ ကျောင်းသား/သူလေးတွေဟာ ဂျပန်တက္ကသိုလ်ရဲ့ တိုက်ရိုက်ဝင်ခွင့် စာမေးပွဲနှင့် Interview များကို တရားဝင် အွန်လိုင်းကနေ ဝင်ရောက်ဖြေဆိုနေကြတဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်ရှင်။ 💻🔥
စာမေးပွဲဖြေဆိုနေကြတဲ့ ကျွန်မတို့ရဲ့ Edvangers လေးတွေအားလုံး အောင်မြင်မှုရလဒ်ကောင်းတွေ အမြန်ဆုံးပိုင်ဆိုင်ပြီး ဂျပန်တက္ကသိုလ်ကျောင်းသားကြီးတွေ ဖြစ်လာကြပါစေကြောင်း Edvantage မိသားစုမှ အားပေးဆုတောင်းပေးလိုက်ပါတယ်နော်။ 🥳🎉
ကိုယ်တိုင်လည်း ဒီလိုအခွင့်အရေးမျိုး ရယူချင်တယ်ဆိုရင်တော့ ဂျပန်စာအခြေခံကစပြီး တက္ကသိုလ်တိုက်ရိုက်ဝင်ခွင့် ရရှိတဲ့အထိ သေချာလမ်းညွှန်ပြသပေးမယ့် Edvantage ရဲ့ တန်းခွဲသစ်တွေမှာ အမြန်ဆုံး စာရင်းသွင်းနိုင်ပါပြီရှင်။ 📥✨
#ပျှော်ရွှင်လေ့လာဂျပန်စာEDVANTAGEမှာသင်ယူပါ
20/06/2026
Edvantage ရဲ့ 96% NAT-TEST အောင်ချက်! 🥳🎉
皆さん、おめでとうございます! ✨
ဇွန်လ NAT-TEST စာမေးပွဲမှာ Edvantage Japanese Language School ကနေ ဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ ကျောင်းသား/သူတွေထဲက ၉၆% အထိ အောင်မြင်ခဲ့ကြတဲ့အတွက် ဆရာ/ဆရာမများနှင့်အတူ Edvantage members အားလုံးက ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင်။ ✨
စာမေးပွဲနီးလို့ ညဘက်တွေအထိ Choukai နားထောင်၊ Kanji တွေ ကျက်ပြီး ပင်ပန်းခဲ့သမျှ အခုလို အောင်မြင်မှု ရလဒ်ကောင်းကို ရယူနိုင်ခဲ့ပြီမို့ အရမ်းကို ဂုဏ်ယူရပါတယ် သဲလေးတို့ရေ။ 👏❤️
💡 Edvantage မှာ ဘာကြောင့် အောင်ချက် ဒီလောက် ကောင်းတာလဲ?
🧠 Logic ကျကျ သင်ကြားမှုစနစ်
စာတွေကို အလွတ်ကျက်ခိုင်းတာမျိုး မဟုတ်ဘဲ ဘာကြောင့် ဒီလို သုံးရလဲဆိုတဲ့ Logic ကို ရှင်းပြတာကြောင့် စာမေးပွဲခန်းထဲမှာ မျက်စိလည်သွားစေမဲ့ မေးခွန်းထောင်ချောက်တွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြတာပါ။
👩🏫 ဆရာမများ၏ စနစ်တကျပံ့ပိုးမှု
ကျောင်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက်ကို ကွက်တိရှာပြီး အောင်မြင်တဲ့အထိ စိတ်ရှည်လက်ရှည် ပံ့ပိုးပေးခဲ့လို့ပဲ ဖြစ်ပါတယ်ရှင်။
🚀 ဒီလိုမျိုး အောင်ချက်ပိုင်ရှင် စီနီယာတွေလို လာမယ့် စာမေးပွဲတွေမှာ တစ်ကြိမ်တည်းနဲ့ အောင်မြင်ချင်တယ်ဆိုရင်တော့...
📅 Edvantage အတန်းခွဲအသစ်တွေအတွက် အခုပဲ စာရင်းပေးသွင်းပြီး နေရာဦးလိုက်တော့နော်။
#ပျော်ရွှင်လေ့လာဂျပန်စာEDVANTAGEမှာသင်ယူပါ
Kuro Sensei ရဲ့ အချစ်တော်လေးတွေဖြစ်တဲ့ N3 အတန်းလေးရဲ့ စာသင်ကြားမှုခရီးစဉ်ကတော့ ဒီနေ့မှာပဲ အဆုံးသတ်သွားခဲ့ပါပြီ။ 🌸
အတန်းထဲမှာ စာတွေပဲ အမြဲကျက်နေတာမျိုးမဟုတ်ဘဲ၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပံ့ပိုးကူညီရင်း၊ အခက်အခဲတွေကို အတူတူကျော်ဖြတ်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ စာသင်ကြားခဲ့ကြတာပါ။
အခုလို ပျော်ပျော်ရွှင်ရွှင် စာသင်ကြားခဲ့ကြပြီးတဲ့နောက်၊ ရှေ့ဆက်ရမယ့် ဂျပန်စာလမ်းကြောင်းမှာလည်းဘယ်လို အခက်အခဲမျိုးနဲ့ပဲ ကြုံတွေ့ပါစေ၊ အတန်းထဲက ရခဲ့တဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကျော်ဖြတ်နိုင်ကြပါစေ။
#ပျော်ရွှင်လေ့လာဂျပန်စာEDVANTAGEမှာသင်ယူပါ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No 19, Jasmine House, MaKyeeKyee Street , Upper Block , Sanchaung Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |