Efficient Learning Center

Efficient Learning Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Efficient Learning Center, Education, No. 74, 38 Qtr, Pyi Htaung Su Main Road, Yangon.

Efficient learning Center provides Management subjects for the learners that are applicable efficiently in real business world to overcome the challenges in your career life.

22/01/2021

အကျင့်ဆိုးတွေ
ဘယ်လိုဖျောက်ကြမလဲ🙅‍♀️🙅‍♂️

———————————————————-
📚စာကျက်ရမယ်တွေးပြီးရင်
မသိစိတ်ကပဲ စာအုပ်ကိုကိုင်လိုက်မိကြတယ်

🔖But!!!
စာအုပ်ကိုင်ရမယ်ဆိုတာက တကူးတကတွေးပြီး ကိုင်လိုက်တာမဟုတ်ဘူး ။

▪️ပြောချင်တာက
လူတွေက အတွေးတွေးပြီး နောက်ပိုင်း
Action ပါလာတယ်ဆိုတာပဲ

🔺အမြဲတွေးနေတတ်တဲ့ အတွေးအတိုင်း ရလဒ်တွေက ရလာတတ်တယ်

🔺🔺သတိထားဖို့က
အမူအရာပဲ ဖြစ်ဖြစ်
အတွေးပဲဖြစ်ဖြစ်
အကြိမ်အနည်းငယ် ထပ်တလဲလဲ လုပ်မိတာနဲ့ အကျင့်ပါသွားတတ်ပါတော့တယ်

🔷ကိုယ့်ကိုယ်ကိုမသိလိုက်တဲ့အချိန်
ကိုယ့်အကျင့်က ကိုယ့်career development ကိုပိတ်ပင်နေတတ်ပါတယ်
မကောင်းတဲ့အကျင့်ကို သတိထားရိပ်မိသိရှိပြီး
ဖယ်နိုင်အောင်လုပ်ပါ။

🔴🔴🔴🔴ဒါဆို ဘယ်လိုဖယ်ကြမလဲ

၁ ။ မျက်လုံးထဲ သင့်အကျင့်ဆိုးကိုအရင်ပုံဖော်ပါ

၂ ။ ပြီးရင် ဒီ အကျင့်ဆိုးသာမရှိတော့ရင် က်ိုယ်တိုးတက်လာမယ့်ပုံရိပ်ကို ပုံဖော်ပါ။

၃။ အကျင့်ဆိုးနဲ့ကိုယ့်နေရာမှာ အကျင့်ဆိုးမရှိရင်ဖြစ်မယ်ကိုယ်နဲ့ ပုံဖော်ပါ ။ ၅ကြိမ်တိတိလုပ်ကြည့်ပါ။

၄။ အကျင့်ဆိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်ပဲ စတင်ပြောင်းလဲပစ်ပါ။

17/01/2021

CV နဲ့ cover letter လာပို့ထားတဲ့ မောင်၊ညီမလေးတွေကို team ELC က feedback တွေ အားလုံးပေးပြီးသွားပါပြီ။ ကျန်ခဲ့မိသည်များရှိသော် chat box မှာ လာပြောပေးပါနော်။ နောက်မကြာမီ workshop လေးတစ်ခု ရှိတာမို့ page ကို ဆက်ဆက်စောင့်ကြည့်ပေးပါအုံးလို့ 🤗🤗


04/01/2021

လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောက်ရွက်ခဲ့ ကြသော သူရဲကောင်းများကို ချီးကျူးဂုဏ်ပြု၍ (၇၃) နှစ်ပြည့် မြန်မာ့လွတ်လပ်ရေးနေ့ကို ဝမ်းမြောက်စွာကြိုဆိုလိုက်ပါသည် 🤗🤗

31/12/2020

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှုအသစ် အသစ်တွေကို ပိုပြီး ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ Team ELC မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်နော် 🤗🤗

29/12/2020

"Effective Preparation for First Job",webinar ကို တက်ရောက်ခဲ့ကြတဲ့ batch1 နဲ့ batch 2 က မောင်၊ညီမလေးတွေအားလုံးကို Team ELC ကအထူးပဲကျေးဇူးတင်ရှိပါတယ်။ Powerpoint slide တွေကိုလည်း page chatbox မှာလာတောင်းလို့ရပါတယ်။ CV နဲ့ Cover letter တွေလည်း ပို့ဖို့ကျန်​​​သေးရင် လာပို့လို့ရပါတယ်။ သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်တာနဲ့ admin team ကနေ စီစစ်ပြီး feedback ပြန်ပေးသွားပါတော့မယ်။ နောက်လည်းအကျိုးရှိတဲ့ workshop များစွာကို ပြုလုပ်ပေးသွားမှာမို့ ELC page ကို စောင့်ကြည့်ပေးပါအုံးနော်။
အားလုံးပဲ ထိရောက် လွယ်ကူချောမွေ့စွာနဲ့ First Job ကိုဝင်ရောက်နိုင်ပါစေ 🤗🤗

25/12/2020

Merry Christmas ပါ 🎅🏻
Effective Preparation for First job ရဲ့ Batch 2 workshop ကတော့ အရင် Batch 1 မှာမပါလိုက်ရတဲ့ မောင်လေး၊ညမလေးတွေ အတွက် ထပ်မံရွေးချယ်ပြီး 27th,Dec (Sunday) မှာ Batch 2 ထပ်မံပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ဒီ Batch 2 မှာတော့ ထူးထူးခြားခြား အစီစဥ်လေးတွေ ထည့်သွင်းပေးထားတာမို့ ကိုယ်တိုင် interview ရတဲ့ experience ကိုပါရရှိသွားမှာဖြစ်လို့ အခုပဲ ကိုယ့်ရဲ့ email နဲ့ chat box မှာ webinar link ပို့ထားလားဆိုတာကို စစ်ကြည့်လိုက်ပါအုံးနော်။
လူငယ်တွေ အဆင်ပြေချောမွေ့စွာနဲ့ first job ကို ထိထိရောက်ရောက် ဝင်ရောက်နိုင်ဖို့ ELC က ကူညီပေးပါရစေ။
"Let's us save you from first job fear"

25/12/2020

December ရဲ့ အေးမြတဲ့နေ့လေးမှာ အားလုံးပဲ ပျော်ရွှင်ဖွယ်ကောင်းသော Christmas ဖြစ်ပါစေလို့ Team ELC က နေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🎅🏻🎅🏻

Photos from Efficient Learning Center's post 20/12/2020

Effective preparation for first job BATCH 1
===================================

ဒီနေ့ Workshop ကို join ခဲ့ကြတဲ့ Batch 1ကမောင်ငယ် ညီမငယ်များကို Team ELC မှ အထူးပဲကျေးဇူးတင်ရှိပါတယ်။

Join ခဲ့တဲ့ သူတွေအားလုံး ရဲ့ CV နဲ့ cover letter ကို စစ်ဆေးပြီး လိုအပ်ချက်များကို feedback ပေးသွားမှာဖြစ်လို့ 25th Dec နောက်ဆုံးထား​​ပြီး page chat box ကိုပို့ထားလို့ရပါတယ်။

⭕Workshop မှာပြောခဲ့တဲ့ powerpoint slide တွေလိုချင်တယ်ဆို page chat box ကနေလာပြောလို့ရပါတယ်။

⭕ယနေ့ workshop တက်ရောက်ဖို့အတွက် register တင်ထားပေမယ့်
ပါဝင်ခွင့်မရသေးတဲ့ မောင်ငယ် ညမငယ်များကို လည်းရွေးချယ်ပြီး
လာမယ့် Sunday batch 2 အတွက် တက်ရောက်နိုင်ဖို့ Workshop link များပို့ပေးသွားပါမယ်နော်။


18/12/2020

အခုဆိုရင်တော့ ရွေးချယ်ခြင်း ခံရတဲ့ participant အယောက် ၅၀ ကို email (သို့) messenger inbox ကနေ webinar link များပို့ပေးပြီးပြီမို့ မိမိတို့ရဲ့ email နှင့် inbox များကို စစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Workshop ၏ register list တွင် register လုပ်ထားသူ အယောက် 100 ကျော်ရှိသောကြောင့် ယခုတွင် မပါဝင်လိုက်ရသူများအတွက် Batch 2 ထပ်မံပြုလုပ်ပေးမည်ဟု Team ELC မှဆုံးဖြတ်လိုက်ပါတယ်။ ကျန်ရှိသူများမှ နောက်ထပ် အယောက် ၅၀ ကိုရွေးချယ်၍ နောက်အပတ် Sundayတွင်ထပ်မံပြုလုပ်ပေးသွားပါမယ်။
ပါဝင်ပေးသူ အားလုံးကို Team ELC မှအထူးကျေးဇူးတင်ရှိပါတယ် 🤗🤗

13/12/2020

ဒီနေ့မှာတော့ အခုလက်ရှိ ကျောင်းတက်နေဆဲ ၊ကျောင်းပြီးခါစနဲ့၊ လုပ်ငန်းခွင်အတွက် ပြင်ဆင်နေကြတဲ့ မောင်၊ညီမလေးတွေ အတွက်
''Effective Preparation For First JOB" ဆိုတဲ့ workshop လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်

စာသင်​​ကြားမှုအတွေ့အကြုံ 5 နှစ်နှင့်အထက်ရှိ၍ ကိုယ်တိုင်လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများကိုပါအခြေခံကာ အခမဲ့ သင်ကြား ဆွေးနွေးပေးသွားမည်ဖြစ်ပြီး ပါဝင်မည့်အကြောင်းအရာများမှာ-

📌Professional CV Writing
-CV ဆိုတာဘာလဲ
-အလုပ်တစ်ခုရဖို့ CV ရဲ့ အရေးပါပုံ
-Recruiter တွေသဘောကျတဲ့ CV ရဖို့ ဘယ်လိုကောင်းကောင်း ပြင်ဆင်ရမလဲ
-သူများနဲ့မတူဘဲ ကိုယ့် CV က မြင်တာနဲ့ impressed ဖြစ်အောင် ဘယ်လိုရေးမလဲ

📌Professional Cover Letter Writing
-Cover Letter ဆိုတာဘာလဲ
-Cover Letter က ဘယ်လောက်ထိအရေးပါလဲ
-ပြီးပြည့်စုံတဲ့ cover letter ရဖို့ ဘာတွေထည့်ရေးရမလဲ

📌Tips and tricks for job interview
-Dos & Don'ts တွေ
-ပြင်ဆင်ရမဲ့အချက်တွေ
-မေးလေ့ရှိတဲ့ မေးခွန်းပုံစံတွေ
-personal grooming section

📌Preparation for first job
- လုပ်ငန်းခွင်ဝင်ခါစမှာတွေကြုံနိုင်တဲ့ အခက်ခဲတွေ
-Internship ဆင်းတဲ့အခါ ဆောင်ရန်၊ရှောင်ရန်တွေ
-First job အတွက်ဘယ်လို အခြေခံအချက်တွေပြင်ဆင်ထားသင့်သလဲ

ဆိုတဲ့ အကြောင်းအရာတွေကို လုပ်ခွင်ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ မောင်ငယ် ညီမငယ်တွေအတွက် အဓိကထား ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

🛑 ဒါ့အပြင် workshop ကိုတက်ရောက်မယ့် သူတွေအတွက် webinar ပြီးဆုံးပါက လက်တွေ့ CV နှင့် Cover Letter များကို ရေးသားစေပြီး ပြန်လည် feedback များပေးကာ ကျွမ်းကျင်စွာ ပြင်ဆင်နိုင်အောင် ကူညီပေးသွားမှာမို့ လက်လွှတ်မခံသင့်တဲ့ အခွင့်ရေးကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

သင်ကြား​ဆွေးနွေးပေးမယ့် Trainer တွေကတော့-

Aye Chan Myae

MBA,BBM
Dip in Management Accounting
Dip in Business Law
Dip in International Relations
Marketing & PR manager (Global Vision Myanmar Co.,Ltd)
Founder of Efficient Learning Center

Htoo Pyae Sone Maung

MBA,BBM
Dip in Accounting
Dip in Management Accounting
Marketing Manager
Founder of Efficient Learning Center

အထက်ပါ workshop မှာ ပါဝင်ချင်တယ်ဆိုရင်တော့ ဒီ post ကို public နဲ့ share ပေးပြီး အောက်က registeration Link မှာစာရင်းသွင်းနိုင်ပါတယ် 👇

https://forms.gle/dP2EwhZDjAHoMTqFA

🛑စာရင်းသွင်းပြီး ကြောင်း screenshot ကို ဒီပိုစ်အောက်မှာ မန့်ပေးရမှာဖြစ်ပါတယ်။

မန့်ထားသူတွေထဲမှ အယောက် 50 ကိုရွေးချယ်ပြီး
20th Dec,2020 (Sunday) နေ့လည် 3:00PM တွင်ပြုလုပ်မည့် Webinar link ကို Chat box မှ ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
Confidence ရှိရှိနဲ့ first job ထဲဝင်ရောက်နိုင်ဖို့ ELC မှ ကူညီပေးပါရစေ 🤗🤗

20/11/2020

LinkedIn Page နဲ့ Faecbook Page ကွာခြားချက် တွေကဘာတွေလဲ 🤔🤔🤔

-------- ------------ ------------ ------------ ------------ -------------

LinkedIn က ဘာလို့ အရေးကြီးလဲ၊ LinkedIn profile ကောင်းကောင်း ဘယ်လို တည်ဆောက်ထားမလဲဆိုတာကို ဆွေးနွေးပြီးပြီမို့ အခုတော့ LinkedIn page တည်ဆောက်ဖို့ ဘာတွေလိုအပ်လဲ၊ ဘယ်လိုတွေတည်ဆောက်လို့ရလဲ၊ ဘာတွေလုပ်လို့ရလဲ၊ page နဲ့ ဘာတွေကွာခြားလဲဆိုတာကို ဆွေးနွေးပေးသွားပါမယ်။platform နှစ်ခုက ရည်ရွယ်ချက်ခြင်း မတူတာမို့ သူတို့တည်ဆောက်ပေးထားတဲ့ page တွေရဲ့ function တွေကလည်း တစ်ခုနဲ့ တခု ကွဲပြားချက်တွေရှိနေမှာအမှန်ပါပဲ။

⭕⭕ page နဲ့ မတူတာကတော့ LinkedIn account ရှိရုံနဲ LinkedIn Page ကို တန်းပြုလုပ်လို့မရနိုင်ပါဘူး။ သင့်ရဲ့ Linkedin profile strength က အနည်းဆုံး Intermediate/All star level ရှိရမှာဖြစ်ပြီး connection အနည်း အယောက် 50 ရှိမှသာ LinkedIn page ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

🛑စောစောက ပြောတဲ့ အချက်တွေနဲ့ ကိုက်ညီပြီဆိုရင်တော့ Linkedin page ကို Create လုပ်မယ်ဆို သင့် acc profile ရဲ့ ညာဘက်အပေါ်လေးမှာ ရှိတဲ့ work ဆိုတဲ့ icon လေးကို နှိပ်ပြီး Create company page ကိုရွေး ပြီး လိုအပ်တဲ့ အချက်လက်လေးတွေဖြည့်ပေးလိုက်ရုံပါပဲ။

⭕⭕Facebook မှာလို Linkedin page မှာ inbox ကနေ စာပို့ပြီး chat လို့မရပါဘူး။ဒါပေမယ့် ဘယ်သူတွေ အဲ့ဒီ company မှာ အလုပ်လုပ်နေလဲဆိုတာကိုတော့ page ထဲဝင်ကြည့်ရင် တွေ့နိုင်မှာဖြစ်ပြီး သူတို့တွေနဲ့ connection ယူပြီး chat လို့တော့ရနိုင်ပါတယ်။

⭕⭕Facebook မှာလို သင်နဲ့ friend ဖြစ်နေတဲ့ သူတွေ သင့် page ကို like ပေးအောင် invite လုပ်လို့ရသလို LinkedIn မှာလည်း သင့် page ကို follow အောင် invite လုပ်လို့ရပါတယ်။ ဒါပေမယ့် တစ်လကို အယောက် တစ်ရာပဲ invite လုပ်ခွင့်ပြုပါတယ်။ဆိုလိုချင်တာက သင့်ကို တစ်လစာအတွက် 100credit ပေးထားပါတယ်။ သင်က invite အယောက် 30 လုပ်လိုက်မယ်ဆို သင့်မှာ နောက်ထပ် credit 70 ကျန်နေမှာပါ။ သင် invite ထားတဲ့ အယောက် 30 မှာ ဆယ်ယောက်က follow လုပ်ဖို့လက်ခံတယ်ဆို သင့် credit က 80 ပြန်ဖြစ်သွားမှာပါ။ လက်မခံဘူးဆိုရင်တော့ credit 70 ပဲကျန်နေမှာဖြစ်ပြီး တစ်လပြည့်သွားရင် linkedIn က 100credit အဖြစ်ပြောင်းလဲပေးပါတယ်။

⭕⭕LinkedIn မှာသင်ဖွင့်ထားတဲ့ parent page အပြင် နောက်ထပ် showcase page တွေထပ်ဖွင့်လို့ရပါတယ်။ ဆိုလိုချင်တာက သင့် company မှာ လုပ်ငန်းခွဲတွေ အများကြီးရှိတယ်ဆိုရင် သင်ဟာ အပေါ်က ပြောထားတဲ့ နည်းလမ်းတှေအတိုငျး main page ကိုတည်ဆောက်ပြီးရင် လုပ်ငန်းခွဲတွေအတွက် showcase page တွေကို တည်ဆောက်ထားလို့ရပါတယ်။ သင့် page ကို ဝင်ကြည့်တဲ့ သူတွေက affiliate page ဆိုပြီးသင့်ရဲ့ showcase page တွေကိုပါမြင်နိုင်မှာဖြစ်ပြီး သင့်ရဲ့ လုပ်ငန်းခွဲတွေက ဘာတွေဆိုတာပါ သိရှိသွားနိုင်ပါတယ်။

⭕⭕page မှာ သင်တင်တဲ့ post က သင့် page ကို like လုပ်ထားတဲ့သူ တွေ အကုန်လုံးဆီ မရောက် နိုင်ပေမယ့် linkedin မှာတော့ သင်တင်ထားတဲ့ post က follow ထားတဲ့ လူတွေ အကုန်လုံးရဲ့ new feed မှာသွားပေါ်ပါတယ်။

⭕⭕နောက်တစ်ခုကတော့ boosting လုပ်ရာမှာ LinkedIn က ပိုပြီးတိကျတဲ့ target ကိုရွေးပြီး ကိုယ်ရောက်စေချင်တဲ့ target audience ဆီကို ကိုယ့်ကြော်ငြာ အတိအကျရောက်အောင် ပြုလုပ်လို့ရပါတယ်။ ဥပမာ သင် target audience ကို ဘယ် company မှာလုပ်နေတဲ့ သူ ဘာ position မှာလုပ်နေတဲ့ သူဆိုပြီး ရွေးချယ်ပြီး boost လို့ရနိုင်ပါတယ်။

⭕⭕ ​LinedIn မှာ သင့် company က page မဖွင့်ထားဘူးဆိုရင်လည်း LinkedIn ကအလိုလျောက်ဖွင့်ပေးပါတယ်။ အဲ့တာကတော့ သင့် company ကဝန်ထမ်းတွေက LinkedIn သုံးပြီး သူတို့ သင့် company နာမည်ကို ဖြည့်ထားမယ်ဆိုရင် LinkedIn ကသူတို့ဖြည်ထားတဲ့ သင့် company နာမည်အတိုင်း LinkedIn page ကိုအလိုအလျောက်ဖန်တီးပေးမှာဖြစ်ပြီး LinkedIn ဆီမှာ အဲ့ဒီ page ကို သင် ပြန် claim ပြီးတောင်းလို့ရပါတယ်။

ဒီလောက်ဆိုရင်တော့ LinkedIn page နဲ့ page တို့ရဲ့ ကွဲပြားချက်တွေကို သိရှိလောက်ပြီထင်ပါတယ်။ မိမိလုပ်ငန်း က B to B ကိုရည်ရွယ်ထားတယ် Global market ကို သွားချင်တယ်ဆိုရင်တော့ LinkedIn page က အရမ်း effective ဖြစ်တဲ့ platform တစ်ခုပါပဲ ။ နောက်ထပ် ကွာခြားချက်တွေရှိသေးတယ်ဆိုရင်လည်း တခြားသူတွေပါသိရအောင် comment မှာပြောပြပေးသွားပါအုံးနော်🤗🤗🤗


31/10/2020

ကျက်သရေ အဖြာဖြာနှင့် ပြည့်စုံသော သတင်းကျွတ် လပြည့်အခါသမယမှာ လူသားအားလုံး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာ ပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ Team ELC မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🤗🤗

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 74, 38 Qtr, Pyi Htaung Su Main Road
Yangon
11421

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 17:00
Sunday 09:00 - 20:00