Smart OET Training Centre

Smart OET Training Centre

Share

Useful and reliable Notes and Exam approach techniques for Myanmar Medical Professionals who are goi

19/06/2026

✳️Practise with Mock Tests✳️

🔸 Smart OET ကနေ OET Eaxm အတွက် ပြင်ဆင်တဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို တင်ပေးနေပါတယ်

🔸 ဒီတစ်ခါတော့ OET Exam Preparation အတွက် အထောက်ကူဖြစ်စေမယ့် နည်းလမ်းတွေထဲက (၄) ချက်မြောက်ဖြစ်တဲ့ "Practise with Mock Tests" ကို ပြောပေးချင်ပါတယ်

🔸 အရင်ဆုံး အထောက်ကူဖြစ်စေမယ့် နည်းလမ်း (၅)ခုကို ပြန်နွှေးပေးပါမယ်

✳️ (5) Effective Methods for Exam Preparation
======================================
🔸 1. Know the Format
🔸 2. Plan your Study Time
🔸 3. Seek a Study Partner
🔸 4. Practise with Mock Tests
🔸 5. Prioritize Rest and Self-care

✳️ "Practise with Mock Tests"
=========================
🔸 1. Mock Test နဲ့ လေ့ကျင့်ရတဲ့ အရေးကြီးဆုံး အချက်တစ်ခုက Exam format နဲ့ ရင်းနှီးဖို့ပါ

> Exam နေ့မှာမှ ကိုယ်ဖြေရမယ့် ပုံစံ, စာမေးပွဲ အစီစဉ်, အချိန်ခွဲဝေပုံတွေကို သေချာမသိထားရင် ကိုယ့်အတွက် အဆင်မပြေဖြစ်နိုင်ပါတယ်

> စာသေချာကြည့်ထားပေမဲ့ Mock ပုံစံ မလေ့ကျင့်ဖူးထားရင် ကိုယ်တကယ်စာမေးပွဲမှာ ဖြေတဲ့အခါ လိုအပ်ချက်တွေ ရှိလာနိုင်ပါတယ်

🔸 2. Exam stress ကို ရင်ဆိုင်နိုင်လာခြင်း

> Mock Test နဲ့ လေ့ကျင့်ထားတဲ့အခါ အားသာချက်တစ်ခုက ကိုယ်စာမေးပွဲမှာ ရှိလာတတ်တဲ့ အခက်ခဲနဲ့ Stress ဒဏ်ကို ကြိုလေ့ကျင့်ပြီးသား ဖြစ်ပါတယ်

> ဒီအချက်က စာမေးပွဲဖြေတိုင်း စိတ်လှုပ်ရှားတတ်၊ စိတ်ပူတတ်တဲ့ Candidate တွေအတွက် အကျိုးရှိပါတယ်

🔸 3. ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာနိုင်တယ်

> Exam day မှ ကြုံလာတတ်တဲ့ အခက်ခဲတွေ၊ Time management ပြဿနာတွေကို ကြိုပြီး လေ့ကျင့်ဖြေရှင်းထားကြည့်လို့ ရပါတယ်

> စာမေးပွဲဖြေတဲ့ ပုံစံအတိုင်း စနစ်တကျ လေ့ကျင့်ထားခဲ့ရင် စာမေးပွဲမှာလဲ ကိုယ့်အရည်ချင်းကိုယ် ယုံကြည်မှုပိုရှိလာပါတယ်

🔸 4. ကိုယ့်အားနည်းချက်ကို ကြိုသိနိုင်တယ်

> Mock Test လေ့ကျင့်လို့ ကိုယ့်လိုအပ်ချက်၊ အားနည်းချက်တွေကို သိထားရင် ပြင်ဆင်ချိန်ရပါတယ်

> Practice Question တွေပဲ Skill တစ်ခုချင်းစီ ခွဲလေ့ကျင့်နေတာထက် စာမေးပွဲပုံစံဖြေထားတာက ပိုထိရောက်မှုရှိပါတယ်
---------------------------------------------------------------------
✳️✳️ Mock Test ဖြေတော့မယ်ဆိုရင် သိထားရမှာက -

🔸 စာမေးပွဲနဲ့ တကယ်တူအောင် အနှောက်ယှက်ကင်းကင်းနဲ့ ဖြေနိုင်မယ့် နေရာကို သေချာရှာရပါမယ်

🔸 စာမေးပွဲဖြေတဲ့အခါ သုံးမယ့် Method (Paper or Computer) / Headphone မျိုးနဲ့လေ့ကျင့်ထားနိုင်ရင် ပိုအဆင်ပြေတတ်ပါတယ်

🔸4 Skills လုံး Exam Day အတိုင်း အစီစဉ်လိုက် အချိန်အကန့်သတ်နဲ့လေ့ကျင့်တာက ပိုထိရောက်နိုင်ပါတယ်

🔸 Exam နဲ့ အနီးစပ်ဆုံးတူတဲ့ Test တွေကတော့ OET official က တင်ပေးထားတဲ့ Sample Test တွေမို့ အဲဒီမေးခွန်းတွေနဲ့ လေ့ကျင့်ထားသင့်ပါတယ်
---------------------------------------------------------------------
✳️ ဒါကတော့ OET Mock Test ကို ဘာကြောင့် လေ့ကျင့်ထားသင့်လဲ၊ ဘယ်လိုဖြေသင့်တယ်ဆိုတာတွေကို ဆွေးနွေးပေးထားတာပါ

✳️ နောက် Post တွေမှာလည်း စာမေးပွဲအတွက် အသုံးဝင်မယ့် အချက်တွေ ထပ်ပြောပြပေးသွားပါမယ်ဗျ

Smart OET Training Centre

"Effective OET Exam Preparation"
"Study Smart Series"

17/06/2026

✳️ "Effective OET Exam Preparation (2)"

🔸 Smart OET ကနေ OET လေ့လာတဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို တင်ပေးနေပါတယ်

🔸 ဒီတစ်ခါတော့ OET Exam Preparation အတွက် အထောက်ကူဖြစ်စေမယ့် နည်းလမ်းတွေထဲက ဒုတိယအချက်ဖြစ်တဲ့ "Plan your Study Time" ကို ပြောပေးချင်ပါတယ်

🔸 ဘယ်လောက်လွယ်ကူတဲ့ ကိစ္စဖြစ်ဖြစ် ကြိုတင်စဉ်းစား လေ့ကျင့်ထားတာမျိုး မလုပ်ထားရင် မှားယွင်းနိုင်သေးတာမို့ ကိုယ့်ဘဝအတွက် အရေးပါတဲ့ စာမေးပွဲအတွက် သေချာလေ့ကျင့်ပြင်ဆင်ထားဖို့ လိုပါတယ်

✳️ Plan your Study Time
=========================

🔸အရင်ဆုံး ဖြစ်ရပ် (၂) ခုကို စဉ်းစားကြည့်ပါ

🔸Candidate တစ်ယောက်က ကိုယ်ဖြေမယ့် Exam format ကို သိအောင် လေ့လာထားမယ်၊ Practice tests တွေလဲ ဖြေထားမယ်၊ ကိုယ်အားနည်းတဲ့ Skill ကိုလဲ တတ်သိတဲ့ သူတွေဆီမှာ ပြင်ဆင်လေ့ကျင့်ထားမယ်၊ ကိုယ်နဲ့ ကိုက်ညီတဲ့ Effective Study Plan တစ်ခုလဲ ရှိမယ်၊ အဲဒီအတိုင်းလဲ လေ့ကျင့်ထားမယ်

🔸ဒါတွေ အသင့်ဖြစ်ပြီဆိုမှ Exam Booking ကို ယူပြီး ပိုင်ပိုင်နိုင်နိုင် ဖြေသွားမယ်

🔹နောက် Candidate တစ်ယောက်က OET ကို ဘာမှန်းတောင် မလေ့လာရသေးဘဲ သူများတွေ ၂လထဲနဲ့ဖြေလို့ အောင်သွားတာအားကျပြီး Exam booking ကို ယူလိုက်တယ်၊

🔹ပြီးတော့ ကိုယ့် Duty တွေ မအားတာနဲ့ စာသိပ်မလုပ်ဖြစ်ဘဲ ဟိုနည်းနည်း၊ ဒီနည်းနည်းနဲ့ စာထိထိရောက်ရောက် မလေ့လာဖြစ်ဘဲ စာမေးပွဲနီးမှ ခွင့်ယူပြီး ၂ ပတ်လောက်နဲ့ စာတွေကို တွန်းတိုက်ကြည့်သွားမယ်

🔹 စာမေးပွဲဖြေတော့လဲ Format သိပ်မသိ၊ Approach မသေချာနဲ့ ကိုယ်ထင်တာတွေ ဖြေခဲ့မယ်

🔹 ဒီ Candidate (၂)ယောက်မှာ ဘယ်သူက ကိုယ်လိုချင်တဲ့ အမှတ်ရဖို့ ပိုသေချာလဲဆိုတာ မေးဖို့တောင် မလိုတဲ့ မေးခွန်းပါ

🔹 ဒါပေမဲ့ ဒုတိယမြောက် Candidate လိုမျိုးတွေ ခဏခဏ တွေ့တွေ့နေရလို့ အားမလိုအားမရဖြစ်မိပါတယ်

🔹 တကယ်က ကိုယ်ဖြေမယ့် စာမေးပွဲက အရေးကြီးမှန်းမသိတာမဟုတ်ဘဲ ပေါ့ဆမိတာမျိုးက ကြောက်ဖို့ကောင်းပါတယ်

🔸 ဘယ်စာမေးပွဲမဆို ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ်နဲ့ ကိုက်ညီမယ့် Study plan တစ်ခုရှိတာက အထောက်ကူအများကြီးဖြစ်စေပါတယ်

✳️ Study Plan ဆွဲပြီး သေချာ လေ့လာတဲ့အခါမှာ ထိရောက်မှုရှိအောင် -

🔸 1. စာကြည့်ချိန်ကို သေချာသတ်မှတ်ပါ > နေ့တိုင်း စာကြည့်ချိန်သီးသန့် မဖယ်ထားနိုင်ရင်တောင် တစ်ပတ်စာ စာကြည့်ချိန်ဘယ်လောက် ရအောင်ကြည့်မယ်ဆိုတာ သတ်မှတ်ထားပါ

🔸 2. အရေးကြီးတာတွေကို မကျန်ပါစေနဲ့ > ကိုယ်အားနည်းတဲ့၊ မှားတတ်တဲ့ မေးခွန်းပုံစံတွေအတွက် လေ့ကျင့်ချိန်ကို ပိုသတ်မှတ်ထားပါ

🔸 3. Note ထုတ်တဲ့အကျင့်လုပ်ပါ၊ မှတ်စုထားပါ > ကိုယ်လေ့ကျင့်ပြီးသွားတဲ့ မေးခွန်းတွေမှာ သိသင့်တာ၊မှတ်သင့်တာတွေကို သေချာရေးမှတ်ထားပါ

🔸 4. Weekly Timetable ဆွဲဖြစ်အောင်ဆွဲပါ >

> လူတိုင်းတော့ Timetable ဆွဲပြီး အစဆုံးလိုက်မလုပ်နိုင်ပေမဲ့ ကိုယ့်အတွက် တစ်ပတ်တာ စာကြည့်ချိန်ဘယ်လောက် ရှိနိုင်တယ်ဆိုတာ သိဖို့ Weekly Timetable ဆွဲထားသင့်ပါတယ်၊ Timetable ကြည့်ပြီး စာလုပ်ဖြစ်အောင်လဲ ကိုယ့်ကိုယ်ကို တွန်းအားပေးနိုင်ပါတယ်

🔸 5. Energy ကျန်ပါစေ

> စာလုပ်ဖို့ အချိန်တော့ ချန်ထားပါတယ်၊ ညအိပ်ခါနီး ၁ နာရီအလိုလောက် တစ်နေကုန်စိတ်ပင်ပန်း၊ လူပင်ပန်းနေချိန်မျိုးဆို စာဖတ်ဖို့တောင် အဆင်မပြေဖြစ်နိုင်ပါတယ်
> ကိုယ့်အတွက် အဆင်ပြေမယ့် အချိန်တစ်ခုတော့ သတ်သတ်မှတ်မှတ်ဖယ်ထားပါ

✳️ သိထားရမှာက တစ်ယောက်နဲ့တစ်ယောက် စာလေ့လာပုံခြင်း မတူတာမို့ သူများအလုပ်ဖြစ်တဲ့နည်းက ကိုယ့်အတွက် အဆင်ပြေချင်မှ ပြေပါမယ်

🔸 ကိုယ့်အကြောင်း ကိုယ်အသိဆုံးမို့ ကိုယ်က အချိန်ဆွဲတတ်တဲ့သူလား၊ အားနည်းချက်တွေကို ဘယ်လိုဖြည့်ပြီး လေ့လာမလဲဆိုတာကို စဉ်းစားပြင်ဆင်ထားသင့်ပါတယ်

🔸အရင်စာမေးပွဲတွေ ဖြေဖို့ ပြင်တုန်းကအတွေ့ကြုံတွေနဲ့ရော ပေါင်းစပ်ပြီး Study Plan တစ်ခုလုပ်ထားရင် စာမေးပွဲအတွက် တကယ်အထောက်ကူဖြစ်နိုင်ပါတယ်

✳️ နောက်ထပ် အချက်တွေကိုလဲ နောက် Post တွေမှာ ထပ်ပြောပြပေးသွားပါမယ်ဗျ

✳️ ပထမအချက် ပြောပေးထားတဲ့ Post >>> https://www.facebook.com/smartOET/posts/pfbid02P4MSi7wh3454JW8u8mwj5zz3wnDsKqhbf6UTptmj1a627YxuxfVShdiNBQ9HEwk5l


Smart OET Training Centre
"Effective OET Exam Preparation"
"Study Smart Series"

14/06/2026

📣Brilliant Methods for Writing📣

ဒီညအတန်းကို 7:30 pm စပါမယ်ဗျ

✳️ Smart Premium အတန်းသားများအနေနဲ့ Weekly Live class တွေကို စာမေးပွဲဖြေချိန်ထိ အကန့်သတ်မရှိပဲ တက်နိုင်ပါတယ်

✳️ ဒီည Weekly Live Lecture အတန်းကတော့ OET Writing ကို Grade B နဲ့အထက် ရဖို့ လက်တွေ့ အသုံးချနိုင်မယ့် ရေးနည်းတွေကို သင်ပေးမယ့် အတန်းပါ

✳️ Weekly Live အတန်းကို တက်ချင်တဲ့ SMART Candidate တွေ ကိုယ့် Facebook Group မှာ တင်ထားတဲ့ Post မှာ Detail ကို ကြည့်လို့ရပါတယ်

✳️ Live class တွေရဲ့ Date တွေကို SMART Monthly Lesson Calendar မှာလဲ ကြည့်ထားလို့ရပါတယ်ဗျ



13/06/2026

✳ OET Writing အမှတ်ကောင်းဖို့

OET Exam ကို ဖြေဆိုကြမယ့် Candidate တွေအတွက် OET Writing ဟာ အရေးကြီးတဲ့ Skill တစ်ခုပါ။ OET Writing မှာ ရမှတ်ကောင်းကောင်း ရရှိဖို့အတွက် Assessment Criteria တွေကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီနေ့ ပထမဆုံးအပိုင်းအနေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ Purpose နဲ့ Content Criteria အကြောင်းကို ဆွေးနွေးပေးသွားပါမယ်။

OET Writing Assessment Criteria မှာ ရမှတ် အပြည့်အဝရရှိဖို့အတွက် Case Notes တွေကို သေချာဖတ်ပြီး လူနာရဲ့ အခြေအနေကို စာဖတ်သူဆီ အတိအကျ ပြောပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆရာတို့ ရေးသားတဲ့ Referral Letter တစ်စောင်မှာ Purpose က ထင်ရှားပြတ်သားနေဖို့ လိုအပ်ပါတယ်။

1.Purpose (စာရေးရခြင်းရဲ့ ရည်ရွယ်ချက်) ကို ရှင်းလင်းစွာ ဖော်ပြရပါမယ်

Candidate တစ်ယောက်အနေနဲ့ စာရဲ့ ပထမဆုံး Paragraph မှာတင် ဒီစာကို ဘာကြောင့် ရေးရတယ်ဆိုတဲ့ Purpose ကို ရှင်းရှင်းလင်းလင်း ဖော်ပြရပါမယ်။ တကယ်လို့ စာဖတ်သူက ဒီစာကို ဖတ်ပြီး လူနာကို ဘာဆက်လုပ်ပေးရမလဲဆိုတာ ချက်ချင်း သဘောမပေါက်ရင် ကိုယ့်ရဲ့ Purpose Criteria မှာ ရမှတ်လျော့နည်းသွားပါလိမ့်မယ်။ ဒါကြောင့် Case Notes ထဲက အဓိကပြဿနာ (Main Problem) နဲ့ တောင်းဆိုချက် (Request) ကို ပထမဆုံး စာပိုဒ်မှာတင် ထည့်သွင်းရေးသားဖို့ မဖြစ်မနေ လိုပါတယ်။

2. Content (အကြောင်းအရာ) ကို ပြည့်စုံမှန်ကန်စွာ ရွေးချယ်ခြင်း

Case Notes ထဲမှာ ပေးထားတဲ့ အချက်အလက်တွေအားလုံးက အရေးကြီးတာ မဟုတ်ပါဘူး။ ကိုယ့်စာဖတ်မယ့်သူအတွက် တကယ် လိုအပ်တဲ့ Content အချက်အလက်တွေကိုပဲ ရွေးချယ်ထည့်သွင်းရပါမယ်။

မလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ထည့်သွင်းမိရင် သို့မဟုတ် လိုအပ်တဲ့အချက်တွေ ကျန်ခဲ့ရင် ကိုယ့်ရဲ့ Band Score ကို ထိခိုက်စေနိုင်ပါတယ်။ စာဖတ်သူနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုပဲ ဦးစားပေး ရွေးချယ်တတ်ဖို့ လေ့ကျင့်ထားရပါမယ်။

✳ ဆရာတို့အနေနဲ့ Purpose နဲ့ Content ရွေးချယ်မှုကို ပိုမိုရှင်းလင်းသွားစေဖိုအောက်ပါ ဥပမာလေးတွေနဲ့ ယှဉ်တွဲလေ့လာကြည့်လို့ရပါတယ်

1.Purpose
e.g., အားနည်းတဲ့ ရေးသားပုံ (Weak Purpose)
"I am writing to refer Mr. John Smith who has diabetes."

(ဒီစာကြောင်းမှာ ဆီးချိုရှိတဲ့ လူနာကို လွှဲပြောင်းပေးတယ်လို့ပဲ ရေးထားတဲ့အတွက် လက်ခံမယ့်ဆရာဝန်အနေနဲ့ ဘာဆက်လုပ်ပေးရမလဲဆိုတာ တန်းမသိပါဘူး။)

🔸ပြင်ရေးသင့်ပုံ (Strong Purpose)
"I am writing to urgently refer Mr. John Smith, a 54-year-old patient with poorly controlled type 2 diabetes and a suspected diabetic foot ulcer, for urgent specialist assessment and management."

ဒီစာကြောင်းမှာတော့ လူနာရဲ့ အခြေအနေ (Poorly controlled diabetes + suspected foot ulcer) နဲ့ လက်ခံမယ့်သူဆီက လိုချင်တဲ့ အကူအညီ (Urgent specialist assessment) ကို ပထမစာပိုဒ်မှာတင် ပြတ်သားစွာ ဖော်ပြပေးထားပါတယ်။

2. Content
ဥပမာအားဖြင့် Total Hip Replacement ယူထားတဲ့ လူနာတစ်ယောက်ကို Physiotherapist ထံ လွှဲပြောင်းပေးရမယ်ဆိုပါစို့။

ချန်လှပ်ထားရမယ့် Content (Irrelevant Information)

လူနာမှာ လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်ခဲ့တဲ့ Mild Eczema history၊ Family Diabetes history လိုမျိုး ရောဂါရာဇဝင်တွေကို Physiotherapist အတွက် လက်ရှိကုသမှုမှာ အရေးမကြီးတဲ့အတွက် ချန်လှပ်ထားခဲ့ရပါမယ်။

🔸မဖြစ်မနေ ထည့်သွင်းရမယ့် Content (Relevant Information)

လူနာရဲ့ လက်ရှိ လမ်းလျှောက်နိုင်စွမ်း (Mobility status)၊ အသုံးပြုရမယ့် အထောက်အကူပြုပစ္စည်း (Wheelchair သို့မဟုတ် Crutches)၊ Weight-bearing status နဲ့ အိမ်မှာ ဆက်လက်လုပ်ရမယ့် လေ့ကျင့်ခန်းများ စတဲ့ အကြောင်းရာတွေကိုတော့ မဖြစ်မနေ ပါအောင် ရေးရပါမယ်။

🔸ဒီလိုလေး မှတ်ထားလိုက်လို့ ရပါတယ်

၁။ စာမရေးခင် Case Notes ကို ဖတ်တဲ့အခါ "ငါ ဘယ်သူ့ဆီကို စာရေးနေတာလဲ" (Who is the reader?) ဆိုတာကို အရင်ဆုံး သေချာရှာဖွေပါ။
၂။ အဲဒီ စာဖတ်သူအတွက် "မသိမဖြစ် သိရမယ့်အချက်တွေက ဘာလဲ" ဆိုတာကိုသာ Case Notes ထဲမှာ ရွေးချယ်စုစည်းပါ။

ဒီအချက်လေးတွေကို စနစ်တကျ ကျင့်သုံးပြီး အမြဲမပြတ် လေ့ကျင့်သွားမယ်ဆိုရင် OET Writing မှာ လိုချင်တဲ့ ရမှတ်ကောင်းကောင်းကို အလွယ်တကူ ရရှိနိုင်မှာ ဖြစ်ပါတယ်ဗျာ။




11/06/2026

✳️ "Effective OET Exam Preparation"

🔸 Smart OET ကနေ OET လေ့လာတဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို တင်ပေးနေပါတယ်

🔸 ဒီတစ်ခါတော့ OET Exam Preparation အတွက် အထောက်ကူဖြစ်စေမယ့် နည်းလမ်းတွေကို ပြောပေးချင်ပါတယ်

🔸 OET Exam က ကိုယ့်အလုပ်အတွက်၊ Further study အတွက် အရေးပါတဲ့ စာမေးပွဲမို့ သေချာလေ့ကျင့်ပြင်ဆင်ထားဖို့ လိုပါတယ်

ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းတွေကို မှတ်သားလေ့ကျင့်ထားရင် စာမေးပွဲကို သေချာဖြေဆိုနိုင်ပါလိမ့်မယ်

✳️ 5 Effective Methods for Exam Preparation
==============================
🔸 1. Know the Format
🔸 2. Plan your Study Time
🔸 3. Seek a Study Partner
🔸 4. Practise with Mock Tests
🔸 5. Prioritize Rest and Self-care

✳️ ပုံထဲမှာတော့ အကျဉ်းချုပ်ရေးပေးထားပါတယ်။ ဒီနေ့မှာတော့ Test Format ကို ဘာတွေသိထားရမလဲဆိုတာ ဆွေးနွေးပေးသွားပါမယ်ဗျ

✳️ 1. Know the Format

🔸 ကိုယ်ဖြေမယ့် စာမေးပွဲရဲ့ မေးခွန်းပုံစံကို သိဖို့က အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ပါတယ်

🔸 ဘယ်စာမေးပွဲမဆို စစ်တဲ့အခါ အသုံးပြုတဲ့ နည်းလမ်း၊ Test တစ်ခုချင်းစီရဲ့ Format တွေကို မဖြစ်မနေ လေ့လာထားဖို့ လိုပါတယ်

🔹 သိပ်မကြာသေးခင်က OET on computer ဖြေမယ့် Candidate တစ်ယောက်က မဖြေခင် ၂ ရက်လောက်အလိုမှ Listening Sub-Test မှာ နောက်ဆုံးကျရင် ပြန်စစ်ဖို့ 2 minutes မပေးတာကို ဆရာနဲ့ စကားပြောရင်းမှ သိလိုက်ရတော့မှ သူအံ့ဩသွားပါတယ်

🔹 တကယ်တော့ ဒီလို အချက်မျိုးဆိုတာ စာမေးပွဲ အမျိုးအစား (Paper or Computer) မရွေးခင်ထဲက Format မတူညီတဲ့အချက်တွေကို သိထားရမှာပါ

🔹 မဟုတ်ရင် စာမေးပွဲဖြေတဲ့အချိန်မှ အသေးအဖွဲလေးကနေလဲ ပြဿနာတက်သွားတာမျိုးတွေ ကြုံရနိုင်ပါတယ်

✳️ 4 Skills အတွက် Test တစ်ခုချင်းစီရဲ့ Format ကို လေ့လာတဲ့အခါမှာ -

🔸 1. Questions အရေအတွက်နဲ့ အမျိုးအစားများ
🔸 2. မေးခွန်းတစ်ပိုင်း ချင်းစီရဲ့ ဖြေချိန်
🔸 3. ကြားမှာ နားချိန်/ ပြန်စစ်ဖို့အချိန် ရှိ၊ မရှိ
🔸 4. စာရွက်ပေါ်မှာ ချမှတ်လို့ ရ၊ မရ
🔸 5. ခဲတံ သို့ ဘောပင် ဘာနဲ့ ဖြေခွင့်ပေးထားလဲ
🔸 6. ကိုယ်လိုချင်တဲ့ Grade ရဖို့ အနည်းဆုံး ဘယ်နှခုလောက် မှန်သင့်လဲ - စတဲ့ အချက်တွေကို အသေးစိတ်သိထားသင့်တဲ့အပြင်

🔸 7. ကိုယ့်အတွက် ခက်ခဲတဲ့ မေးခွန်း အမျိုးအစားနဲ့ အမှတ်ရအောင် ယူနည်းတွေကိုပါ သိထားသင့်ပါတယ်

✳️ နောက်ထပ် အချက်တွေကိုလဲ နောက် Post တွေမှာ ထပ်ပြောပြပေးသွားပါမယ်ဗျ

Smart OET Training Centre
"Study Smart Series"

10/06/2026

📙 Reading Exam Tips 📙

✳️ OET Reading Test မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ပြောပေးလိုက်ပါတယ်ဗျ

08/06/2026

✳️ SMART STUDY CAMP မနက်ဖြန် စပါပြီ ✳️
=================================
🔸 OET Exam ဖြေမယ့် Candidate များအတွက် သတင်းကောင်း ရှိပါတယ်

🔸 June လမှာ Exam Intensive Program (SMART Study Camp) ကို စာမေးပွဲဖြေဖို့ ပြင်ဆင်ကြမယ့် OET Candidate တွေ အတွက် ဖွင့်လှစ်ပေးပါမယ်

🔸 ဒီ Study Program က OET Exam မှာ လိုချင်တဲ့ Grade ရအောင် ဖြေဆိုနိုင်ဖို့ Intensive Training ပေးမယ့် Program ပါ

✳️ရက် နည်းနည်းနဲ့ ထိထိရောက်ရောက် လေ့ကျင့်ပေးမှာမို့ Register လုပ်ချင်တဲ့ သင်တန်းသားများ Page messenger ကနေ လာပြောပေးပါဗျ

✳️Program Detail နဲ့ Timetable တွေကို ပို့ပေးပါမယ်

✳️✳️✳️ ဒီ Study Camp က Smart OET မှာ ဘယ်သင်တန်းဖြစ်ဖြစ် တက်ခဲ့ဖူးတဲ့ သင်တန်းသားတိုင်း အခမဲ့ Join ခွင့် ရပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်ရင်တော့ Register ပိတ်ပါမယ်ဗျ



07/06/2026

📣Reading Mastery Class📣

✳️ Smart Premium အတန်းသားများအနေနဲ့ Weekly Live class တွေကို စာမေးပွဲဖြေချိန်ထိ အကန့်သတ်မရှိပဲ တက်နိုင်ပါတယ်

✳️ ဒီည Weekly Live Lecture အတန်းကတော့ OET Reading ကို Grade B ရဖို လက်တွေ့ အသုံးချနိုင်မယ့် နည်းလမ်းတွေကို သင်ပေးမယ့် အတန်းပါ

✳️ Weekly Live အတန်းကို တက်ချင်တဲ့ SMART Candidate တွေ ကိုယ့် Facebook and telegram Group မှာ တင်ထားတဲ့ Post မှာ Detail ကို ကြည့်လိုရပါတယ်



05/06/2026

✳️"OET Study Partner"

🔸 Smart OET ကနေ OET Eaxm အတွက် ပြင်ဆင်တဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို တင်ပေးနေပါတယ်

🔸 ဒီတစ်ခါတော့ OET Exam Preparation အတွက် အထောက်ကူဖြစ်စေမယ့် နည်းလမ်းတွေထဲက "Seek a Study Partner" ကို ပြောပေးချင်ပါတယ်

🔸 စာအတူတူလုပ်တဲ့ သူငယ်ချင်းရှိရင် ဘာတွေ အထောက်အကူရမလဲဆိုတာကို တစ်ချက်စီပြောပေးထားပါတယ်

✳️ "Benefits of having a Study Partner"
==============================
🔸 1. Partner ရှိရင် စာပုံမှန် လုပ်ဖြစ်ပါတယ်

> တစ်ယောက်ထဲဆို နေ့ည အချိန်ရွှေ့နေတာနဲ့ စာလုပ်ဖို့ ပျင်းတတ်ပါတယ်

> စာအတူလုပ်တဲ့ သူငယ်ချင်းရှိရင် အတူတိုင်ပင်ပြီး စာပုံမှန်လုပ်ဖြစ်ပါတယ်, စာလုပ်ဖို့ Motivation လဲရပါတယ်

🔸 2. သူငယ်ချင်းနဲ့ စာအတူလုပ်ရင် ကိုယ်အားနည်းတဲ့၊ မှားတတ်တဲ့ မေးခွန်းတွေကို ထောက်ပြပေးနိုင်ပါတယ်

> သူ့ လိုအပ်ချက်တွေကိုလဲ ကိုယ်မြင်လို့ ပြင်ပေးတဲ့အခါ ၂ယောက်လုံးအတွက် အကျိုးရှိပါတယ်

🔸 3. ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာနိုင်တယ်

> တစ်ယောက်ထဲစာလုပ်တာထက် သူငယ်ချင်းနဲ့ စာပုံမှန်လုပ်ထားရင် စာမေးပွဲမှာလဲ ကိုယ့်အရည်ချင်းကိုယ် ယုံကြည်မှုပိုရှိပါတယ်

> တစ်ယောက်ထဲ ဖြေရှင်းရခက်၊ နားလည်ရခက်နေတတ်တဲ့ စာတွေကို အတူဖြေရှင်းလို့ရပါတယ်

> အခက်ခဲတွေရှိရင်လဲ အချင်းချင်းအားပေးနိုင်လို့ စာလုပ်ရတာပိုအဆင်ပြေနိုင်ပါတယ်

🔸 4. Resources တွေ, Technique တွေ Share လို့ရပါတယ်

> ကိုယ်တစ်ယောက်ထဲ လေ့လာတဲ့အခါ Learning resources တွေကို ရှာဖွေရတာနဲ့အချိန်ကုန်တတ်ပါတယ်

> သူငယ်ချင်းနဲ့ဆို အတူတူတိုင်ပင် ရှာဖွေပြီး ထိရောက်တဲ့ Resources တွေရှာနိုင်ပါတယ်

> ကိုယ်လေ့ကျင့်ထားတဲ့ Technique တွေကိုလဲ အလုပ်ဖြစ်မဖြစ် Share ပေးရင်လဲ စာလုပ်ရတာ ပိုထိရောက်နိုင်ပါတယ်

🔸 5. Target ထားပြီး စာလုပ်ဖြစ်တယ်
> ကိုယ်နဲ့အတူ စာလုပ်မယ့်သူငယ်ချင်းက Exam date တူရင်ပိုကောင်းပါတယ်

> Target date တစ်ခုရှိတော့ အတူတူတိုင်ပင်ပြီး Timetable ဆွဲတာ၊ လေ့ကျင့်တဲ့အချိန်ရွေးတာတွေ ပိုအဆင်ပြေနိုင်ပါတယ်

✳️ သတိထားရမှာက -

🔸တစ်ယောက်နဲ့တစ်ယောက် စာလေ့လာပုံခြင်း မတူတတ်တာမို့ ကိုယ်နဲ့ ကိုယ်ညီတဲ့သူကိုတော့ သေချာရှာရပါမယ်

🔸အတူတူ စာလုပ်တဲ့အခါ အမှားကို ထောက်ပြပြင်ပေးကြမှာမို့ ပွင့်ပွင့်လင်းလင်း ကိုယ်နဲ့စရိုက်တူတဲ့သူမျိုးနဲ့မှ ပိုအဆင်ပြေတတ်ပါတယ်

🔸4 Skills လုံးအတူမလုပ်ဖြစ်ရင်တောင် ကိုယ်တစ်ယောက်ထဲလေ့ကျင့်ရခက်တဲ့ Speaking လို Skill မျိုးကို Partner နဲ့လေ့ကျင့်တာက ပိုထိရောက်နိုင်ပါတယ်


✳️ Exam အတွက် အရေးကြီးတဲ့ နောက်ထပ် အချက်တွေကိုလဲ နောက် Post တွေမှာ ထပ်ပြောပြပေးသွားပါမယ်ဗျ

✳️ ပုံထဲကတော့ ၂ယောက်လုံး အတူတူစာလုပ်ပြီး Grade B ရသွားခဲ့တဲ့ ညီနဲ့ ညီမရဲ့ ဝမ်းသာစကားပါ

Smart OET Training Centre
"Effective OET Exam Preparation"
"Study Smart Series"

04/06/2026

✳OET Speaking မှာ အမှတ်ကောင်းရဖို့ ...



🔸 OET Speaking စာမေးပွဲမှာ ကိုယ်ပြောရမယ့် Task အချက်အလက်တွေ အပေါ်မှာပဲ အာရုံစိုက်နေရင် Sympathy ကို ပြသဖို့ မေ့နေတတ်ပြီး အမှတ်နည်းတတ်ပါတယ်။

🔸 ဒီ Post မှာတော့ ကိုယ့် OET Speaking roleplay ကို အဆင်ပြေပြေပြောနိုင်ပြီး Grade B နဲ့အထက် ရနိုင်မယ့် Sympathy ပြောနည်းကို ပြောပေးပါမယ်။

🔸 ဒီနည်းကိုတော့ Sympathy Sandwich လို့ ခေါ်နိုင်ပါတယ်။

1️⃣Sandwich အသားညှပ်ပေါင်မုန့် တစ်ခုလိုပဲ ဒီနည်းရဲ့ ပထမဆုံးအလွှာက အသိအမှတ်ပြုခြင်း (Acknowledge) ပါ။

🔸 လူနာက သူတို့ ကြောက်ရွံ့နေတယ်၊ စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် နာကျင်နေတယ်လို့ ပြောတဲ့အခါ နောက်မေးခွန်းတစ်ခုကို ချက်ချင်း မမေးလိုက်ပါနဲ့။

🔸 ခဏရပ်ပြီး နားထောင်ပါ။ ပြီးရင် သူတို့ရဲ့ ခံစားချက်ကို ချက်ချင်း အသိအမှတ်ပြု (Acknowledge) လုပ်ပေးပါ။

e.g., "I can see that you are quite worried about this diagnosis."

2️⃣ပြီးရင် အလယ်လွှာဖြစ်တဲ့ အဆင့် (၂) - လက်ခံနားလည်ပေးခြင်း (Validate) လုပ်ပါ။

🔸 လူနာရဲ့ တုံ့ပြန်မှုဟာ ပုံမှန်ဖြစ်ပြီး လက်ခံနိုင်စရာဖြစ်တယ်လို့ ခံစားရအောင် လုပ်ပေးဖို့ လိုပါတယ်။

e.g. "It is entirely understandable to feel overwhelmed when receiving this kind of news."

3️⃣နောက်ဆုံးအနေနဲ့ Sandwich ရဲ့ အပေါ်ဆုံးအလွှာဖြစ်တဲ့ အဆင့် (၃) - စိတ်အေးအောင် အာမခံချက်ပေးခြင်း (Reassure) လုပ်ပါ။

🔸 သူတို့ရဲ့ စကားကို နားထောင်ပေးပြီးပြီဆိုရင်တော့ စိတ်သက်သာရာရစေပြီး ရှေ့ဆက်လုပ်မယ့် Plan တစ်ခုကို ပြောပြပါ။

e.g., "Please rest assured that we have an excellent team here, and we are going to support you through every single step of your treatment."

🔸 Sympathy Sandwich တစ်ခုလုံးကို ပေါင်းလိုက်တဲ့အခါမှာ -

"I can see that you are quite worried about this diagnosis. It is entirely understandable to feel overwhelmed when receiving this kind of news. Please rest assured that we have an excellent team here, and we are going to support you through every single step of your treatment."

🔸 ဒီအတိုင်း "I see your worry." လို့ ဝတ်ကျေတန်းကျေ တစ်ကြောင်းလောက်ပြောတာထက် ပိုနားထောင်လို့ အဆင်ပြေသွားပါမယ်။

🔸 Sympathy Sandwich ကို အသုံးပြုလိုက်ရင် ကိုယ့် Clinical communication skills ကောင်းတယ်ဆိုတာကို Examiner သိအောင် ပြသရာ ရောက်လို့ အမှတ်ကောင်းရဖို့ အထောက်ကူဖြစ်ပါတယ်။

🔸 နောက်တစ်ခေါက် OET Speaking လေ့ကျင့်တဲ့အခါ သုံးနိုင်ဖို့ ဒီ Post လေးကို Save လုပ်ထားလို့ရပါတယ်ဗျ။



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon
11111