15/05/2022
SAEC မှ သင်ကြားပေးမည့် LCCI ဘာသာရပ်
မိတ်ဆက်
----------------------------------------------------
Q: LCCI ဆိုတာ ဘာလဲ
A: LCCI ဆိုတာ (London Chamber of
Commerce and Industry )လန်ဒန်မြို့
စက်မှု ကုန်သည်ကြီး များအသင်း ရဲ့ အတိုကောက် အမည်ဖြစ်ပြီး ယနေ့ထိ တည့်တန့်ခိုင်မြဲ နေဆဲ အဖွဲ့အစည်း တခုဖြစ်ပါတယ်
Q: ဘယ်လိုလူတွေ သင်ယူလို့ ရပါသလဲ
A: အသက်အားဖြင့် ၁၄နှစ်ကျော်ရင် လေ့လာနိုင်ပေမယ့် တက္ကသိုလ် ဝန်ထမ်း ဖြေဆိုပြီးသူများ မှ စ လေ့လာ
နိုင်ဖို့ SAEC မှ သတ်မှတ်ထားပါတယ်
ထို့အပြင် လုပ်ငန်းခွင် ဝင်နေသူများ၊စာရင်း ဇယား
များနှင့် ထိတွေ့ အလုပ်လုပ်ကိုင်နေသူများ၊ကိုယ်ပိုင်
လုပ်ငန်း လုပ်ကိုင်နေပြီး မိမိကိုယ်တိုင် စာရင်း
ငွေကြေးများကိုစည်းစနစ်တကျ ကိုင်တွယ် လိုသူများ
တက်ရောက်နိုင်ပါတယ်
Q:LCCI တက်ရောက်ပြီး ဘယ်လို အကျိုးကျေးဇူးရရှိနိုင်မလဲ
A: သင်တန်းတက်ရောက်ပြီးစီးသူများအနေဖြင့်
👍အလုပ်အကိုင် အခွင့်အလန်း ပိုမိုရရှိနိုင်ခြင်း
👍လုပ်ငန်းခွင် ဝင်ပြီးသူများ မိမိ daily job မှ စာရင်းနှင့်ပတ်သက်သော အသိပညာ ( accounting
Concept) များ တိုးတက်လာသဖြင့် လွယ်ကူမြန်ဆန်စွာ အလုပ်ပြီးမြောက်ခြင်း
👍လုပ်ငန်းရှင်များ မိမိ၏ လုပ်ငန်း အရှုံးအမြတ်ကို
တိကျစွာ သိနိုင်ပြီး အရေးကြီးသော ဆုံးဖြတ်ချက်များ
မှန်ကန်စွာ ချမှတ်နိုင်ခြင်း
အကျိုးကျေးဇူးရရှိနိုင်ပါတယ်
Q: သင်တန်းပြီးရင် ဘယ်လို လက်မှတ် တွေ ပေးမလဲ
A: ယခု Level 1 သင်ခန်းစာ ပြီးဆုံးအောင်မြင်ပါက
SAEC မှ Certificate ပေးအပ်မှာ ဖြစ်ပါတယ်
နိုင်ငံတကာ အသိအမှတ်ပြု Certificate နှင့်
Diploma များ ရရှိနိုင်ရန်လည်း ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်
Q: သင်တန်းကြေး ဘယ်လောက်ပါလဲ သင်တန်းကာလ ဘယ်လောက်ကြာမှာလဲ
A: သင်တန်းကြေး Level 1ခု အတွက် တသိန်းကျပ် 2လ ကြာမှာဖြစ်ပြီး တလချင်း ပေးလို့လည်း ရပါတယ်
သင်တန်းကာလမှာ တပတ် ၃ ရက် ဖြင့်၂လ
ကြာမြင့်မှာဖြစ်ပါတယ်
သင်တန်းစမည့် ရက် - 1.6.2022
ဆက်သွယ်ရန်- [email protected]
09890306465
👉👉လူဦးရေ ကန့်သတ်ထားပါတယ်
10/10/2020
ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်း လျှို့ဝှက်ချက်
~~~~~~~~~~~~~~~~~~~~~~~
တကယ့် သူဌေး တွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။သူတို့ဟာ ငွေရှာနည်း ကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်း ကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံးဝင်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်း လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။
၁။ တကယ်မလိုအပ်တဲ့အရာတွေကို မ၀ယ်ယူမိပါစေနဲ့
တကယ့် သူဌေး တွေဟာ လူအထင်ကြီးစေဖို့အတွက် သူတို့အတွက် တကယ်မလိုအပ်တဲ့အရာတွေကို ၀ယ်ယူလေ့မရှိကြပါဘူး။
၂။ အနာဂတ် အတွက် ငွေကြိုစုထားပါ။
ငယ်ရွယ်စဉ်မှာ ငွေ မရှိပဲနဲ့ နေနိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာတော့ ငွေမရှိပဲနဲ့ နေလို့ မရပါဘူး။ ဒီအတိုင်းပဲ သူဌေး တွေဟာ အနာဂတ် အတွက် ငွေကြိုစုထားလေ့ရှိပါတယ်။
၃။ ထွက်ငွေ နဲ့ ၀င်ငွေ ကို စာရင်းပြုစုထားပါ။
သူဌေး တွေဟာ ထွက်ငွေ ၊ ၀င်ငွေ စာရင်း ကို ပြုစုထားလေ့ရှိကြပါတယ်။ ဒါမှသာ သုံးစွဲမှု တွေဟာ လိုအပ်လား၊ မလိုအပ်လား ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။
၎။ အလုပ်ကြိုးစားပါ။
သူဌေး မို့လို့ အလုပ်သမား တွေလောက် အလုပ် မလုပ်ဘူးလို့သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် ကိုယ်ထူးကိုယ်ချွန် သူဌေး တွေကတော့ သူ့ ၀န်ထမ်း တွေထက် ၂ဆလောက် အလုပ် ပိုလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အတွက် အလုပ်ပိုတွင်ကျယ်သလို ငွေကုန်သက်သာစေမှာ အမှန်ပါပဲ။
၅။ ဈေးဆစ်ပါ။
သူဌေး တွေမို့လို့ ပစ္စည်း တွေကို ဈေးမဆစ်ပဲ ၀ယ်ယူမှာပဲ လို့သင်ထင်နေရင်တော့ မှားသွားပါပြီ။ တကယ်တော့ သူဌေး တွေဟာ သာမန်လူထက် ပိုပြီးတောင် ဈေးဆစ်တတ်ကြသေးပါတယ်။
၆။ သန်းကြွယ် သူဌေး ဖော်မြူလာ ကို သုံးပါ။
ရလာတဲ့ဝင် ငွေ ထဲကနေ အကျိုးပြုလုပ်ငန်းတွေအတွက် တိကျတဲ့ရာခိုင်နှုန်း ကို ဖယ်ပါ။
သင့်လုပ်ငန်းတွေအတွက်လည်း တိကျတဲ့ရာခိုင်နှုန်း ကို ဖယ်ပါ။ ကျန်တာကို သုံးစွဲပါ။
၇။ ငွေယိုစိမ့်မှုတွေကို ပိတ်ပစ်ပါ။
သေးငယ်တဲ့ယိုပေါက်ကလေးတစ်ခုဟာ ကြီးမားတဲ့ သင်္ဘော ကို မြုပ်ပစ်နိုင်တယ်လို့ ဘင်ဂျမင်ဖရန်ကလင်းကတော့ ဆိုလေရဲ့။
ဒီစကားအတိုင်းပါပဲ ချမ်းသာသူ တွေဟာ မလိုအပ်ရင် ငွေကြေး အနည်းငယ်ကိုတောင် မသုံးကြပါဘူး။
အထက်က အချက်တွေဟာ လိုက်လံလုပ်ဆောင်ဖို့ ရိုးရှင်းလွယ်ကူလှပါတယ်။ တတ်နိုင်သလောက် လုပ်ဆောင်ကြည့်မယ်ဆိုရင် သင့်အတွက်အကျိုးရှိလာမှာ ဧကန်ပါပဲ။
Credit to Original Writer
Unicode
ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်း လျှို့ဝှက်ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ့် သူဌေး တွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။သူတို့ဟာ ငွေရှာနည်း ကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်း ကိုလည်း ကျွမ်းကျင်ကြတာ အေသအခ်ာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံးဝင်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်း လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။
၁။ တကယ်မလိုအပ်တဲ့အရာတွေကို မ၀ယ်ယူမိပါစေနဲ့
တကယ့် သူဌေး တွေဟာ လူအထင်ကြီးစေဖို့အတွက် သူတို့အတွက် တကယ်မလိုအပ်တဲ့အရာတွေကို ၀ယ်ယူလေ့မရှိကြပါဘူး။
၂။ အနာဂတ် အတွက် ငွေကြိုစုထားပါ။
ငယ်ရွယ်စဉ်မှာ ငွေ မရှိပဲနဲ့ နေနိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာတော့ ငွေမရှိပဲနဲ့ နေလို့ မရပါဘူး။ ဒီအတိုင်းပဲ သူဌေး တွေဟာ အနာဂတ် အတွက် ငွေကြိုစုထားလေ့ရှိပါတယ်။
၃။ ထွက်ငွေ နဲ့ ၀င်ငွေ ကို စာရင်းပြုစုထားပါ။
သူဌေး တွေဟာ ထွက်ငွေ ၊ ၀င်ငွေ စာရင်း ကို ပြုစုထားလေ့ရှိကြပါတယ်။ ဒါမွသာ သုံးစွဲမှု တွေဟာ လိုအပ်လား၊ မလိုအပ်လား ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။
၎။ အလုပ်ကြိုးစားပါ။
သူဌေး မို့လို့ အလုပ်သမား တွေလောက် အလုပ် မလုပ်ဘူးလို့သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် ကိုယ်ထူးကိုယ်ချွန် သူဌေး တွေကတော့ သူ့ ၀န်ထမ်း တွေထက် ၂ဆလောက် အလုပ် ပိုလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အတွက် အလုပ်ပိုတွင်ကျယ်သလို ငွေကုန်သက်သာစေမှာ အမှန်ပါပဲ။
၅။ ဈေးဆစ်ပါ။
သူဌေး တွေမို့လို့ ပစ္စည်း တွေကို ဈေးမဆစ်ပဲ ၀ယ်ယူမှာပဲ လို့သင်ထင်နေရင်တော့ မှားသွားပါပြီ။ တကယ်တော့ သူဌေး တွေဟာ သာမန်လူထက် ပိုပြီးတောင် ဈေးဆစ်တတ်ကြသေးပါတယ်။
၆။ သန်းကြွယ် သူဌေး ဖော်မြူလာ ကို သုံးပါ။
ရလာတဲ့ဝင် ငွေ ထဲကေန အကျိုးပြုလုပ်ငန်းတွေအတွက် တိကျတဲ့ရာခိုင်နှုန်း ကို ဖယ်ပါ။
သင့်လုပ်ငန်းတွေအတွက်လည်း တိကျတဲ့ရာခိုင်နှုန်း ကို ဖယ်ပါ။ ကျန်တာကို သုံးစြဲပါ။
၇။ ငွေယိုစိမ့်မှုတွေကို ပိတ်ပစ်ပါ။
သေးငယ်တဲ့ယိုပေါက်ကလေးတစ်ခုဟာ ကြီးမားတဲ့ သင်္ဘော ကို မြုပ်ပစ်နိုင်တယ်လို့ ဘင်ဂျမင်ဖရန်ကလင်းကတော့ ဆိုလေရဲ့။
ဒီစကားအတိုင်းပါပဲ ချမ်းသာသူ တွေဟာ မလိုအပ်ရင် ငွေကြေး အနည်းငယ်ကိုတောင် မသုံးကြပါဘူး။
အထက္က အချက်တွေဟာ လိုက်လံလုပ်ဆောင်ဖို့ ရိုးရှင်းလွယ်ကူလှပါတယ်။ တတ်နိုင်သလောက် လုပ်ဆောင်ကြည့်မယ်ဆိုရင် သင့်အတွက်အကျိုးရှိလာမှာ ဧကန်ပါပဲ။
Credit to Original Writer
05/09/2020
“သင်နောက်ကျနေပြီထင်ရင်တောင် ဘယ်တော့မှမရပ်တန့်လိုက်ပါနဲ့”
ကျွန်တော်တို့ရဲ့ဘဝမှာ တစ်စုံတစ်ခုကိုစတင်ဖို့ ဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိပါဘူး။ ကျွန်တော်တို့တွေရဲ့ တီထွင်ကြံဆနိုင်စွမ်းတွေဟာ အသက်အရွယ်အလိုက် ကန့်သတ်ထားတာမျိုးမရှိတဲ့အတွက် ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ တစ်စုံတစ်ရာကို စတင်လိုက်ဖို့ ဘယ်တော့မှနောက်ကျမနေပါဘူး။ လူတော်တော်များများက အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်မလုပ်ခဲ့ရတဲ့အရာတွေ၊ အိမ်မက်တွေကို ပြန်တွေးပြီး နောင်တရနေတတ်ကြပါတယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ဒီလိုတွေးနေတာမျိုးကို ရပ်လိုက်ပြီး ကျွန်တော်တို့လုပ်ချင်နေတဲ့အရာတွေ၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ခုချက်ချင်းပဲ လက်တွေ့အကောင်အထည်ဖော်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေအကုန်လုံးက ကိုယ့်အချိန်နဲ့ကိုယ် သွားလာနေကြတာကြောင့် ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ဘဝပန်းတိုင်တွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ကတော့ ဘယ်တော့မှနောက်ကျနေတယ်ဆိုတာ မရှိပါဘူး။
ကမ္ဘာတစ်ဝန်းမှာတော့ KFC နဲ့ Alibaba ဆိုတာကိုကြားလိုက်တာနဲ့ မသိတဲ့သူမရှိသလောက်ပါဘဲ။ ဒီလိုမျိုး လူတော်တော်များများ သိကြလောက်အောင် ထင်ရှားပြီးအောင်မြင်နေကြတဲ့ လုပ်ငန်းတွေကိုတည်ထောင်ခဲ့တဲ့ ကာနယ် ဟာလန်းဒ် ဒေးဗစ်ဒ် ဆန်ဒါးစ် (Colonel Harland David Sanders) နဲ့ ဂျက်မား (Jack Ma) တို့ရဲ့ သူတို့ဘဝလမ်းကြောင်းတစ်လျှောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ နေရာပေါင်းစုံကနေ ငြင်းပယ်ခံခဲ့ရတာတွေကို ဘယ်လိုမျိုးလက်မလျှော့ဘဲ ဆက်ပြီးကြိုးစားခဲ့ရတာတွေကို အနည်းငယ်လောက်ဖော်ပြချင်ပါတယ်။
သင်တို့ရဲ့ဘဝထဲမှာလုပ်ကိုင်သမျှ မအောင်မြင်လို့စိတ်ဓာတ်ကျနေတယ်ဆိုရင်တော့ KFC သူဌေးကြီး ကာနယ်ဆန်ဒါးစ်ကို သတိရလိုက်ပါ။ သူဟာ လုပ်ငန်းပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး ကျရှုံးမှုပေါင်းများစွာနဲ့လည်း ကြုံတွေ့ဖူးသူတစ်ယောက်ပါ။ သူ့အသက် ၆နှစ်အရွယ်မှာ သူတို့ဖခင်ဆုံးပါးသွားခဲ့တာကြောင့် (၇) တန်းလောက်မှာကတည်းက ကျောင်းထွက်ပြီးအလုပ်ပေါင်းများစွာကို လုပ်ကိုင်ခဲ့ရပါတယ်။ သူ့အသက် (၁၆) နှစ်မှာတော့ စစ်တပ်ထဲကိုဝင်ပြီး စစ်မှုထမ်းခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ တပ်ထဲကနေ ထွက်ခွာခဲ့ရပြီး အခြားအလုပ် (၄) မျိုးလောက်အထိ ရှာဖွေလုပ်ကိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။ သူ့အသက် (၄၀) မတိုင်ခင်အချိန်အထိ ကြက်ကြော်ဆိုင်ဖွင့်ပြီး လုပ်ကိုင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ပိတ်သိမ်းခဲ့ရပြန်ပါတယ်။ စစ်အတွင်းမှာပဲ သူကိုယ်တိုင်ကားမောင်းပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် သူ့ရဲ့ကြက်ကြော် recipe ကိုလိုက်စပ်ခဲ့သော်လည်း အကြိမ်ပေါင်း (၁၀၀၉) ကြိမ်တိုင်တိုင်ငြင်းပယ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ဘယ်လိုမှလက်မလျှော့ဘဲ ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တာတွေကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာပါ လူသိများတဲ့ KFC ဆိုတဲ့ Fast Food စားသောက်ဆိုင်တွေကို တည်ထောင်နိုင်ပြီး အောင်မြင်မှုတွေရရှိစေခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီလိုပဲ ဘယ်လောက်ပဲ ငြင်းပယ်ခံရခံရ လက်မလျှော့ဘဲ ဆက်ကြိုးစားပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ Alibaba ရဲ့ပဲ့ကိုင်ရှင် ဂျက်မား(Jack Ma) ရဲ့ဘဝဇာတ်ကြောင်းကလည်း သင်တို့ဘဝမှာ ကျရှုံးမှုတွေနဲ့တွေ့ကြုံရတိုင်း အမှတ်တရဖြစ်နေသင့်တဲ့ အရာတစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူး။ ယခု တရုတ်နိုင်ငံမှာ အချမ်းသာဆုံးလူလို့တောင် ပြောလို့ရနိင်တဲ့ ဂျက်မားရဲ့ဘဝမှာတော့ ငယ်စဉ်အချိန်မှာကတည်းက ငြင်းပယ်ခံရမှုတွေများစွာက နေရာယူထားပါတယ်။ ငယ်စဉ်ကတည်းက ပညာရေးအနေနဲ့ မူလတန်း (၂) ခါကျခဲ့ပြီး အလယ်တန်းကိုလည်း (၃) ခါတိတိကျခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း ၃နှစ်လောက် တက်လိုက်ကျလိုက်ပါပဲ။ သူ Harvard တက္ကသိုလ်ကိုတက်ရောက်ဖို့ (၁၀) ကြိမ်တိုင်တိုင် သွားလျှောက်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ အဲဒါကြောင့် အလုပ်လျှောက်ဖို့ကြိုးစားခဲ့ပေမယ့် အလုပ်ပေါင်း (၃၀) လောက်ကနေ အငြင်းခံခဲ့ရတယ်။ အဲဒါအပြင် KFC တရုတ်နိုင်ငံမှာလာဖွင့်လို့ အလုပ်သွားလျှောက်တဲ့ ၂၄ယောက်ထဲမှာ သူမပါဘဲ ကျန်တဲ့ ၂၃ယောက်ပဲ အရွေးခံခဲ့ရတယ်။ ရဲတပ်ဖွဲ့မှာလျှောက်တဲ့ ၅ယောက်ထဲမှာလည်း ရွေးတဲ့၎ယောက်ထဲ သူမပါခဲ့ပြန်ဘူး။ ဒါပေမယ့် ဘယ်လောက်ပဲအငြင်းခံရခံရ သူဘယ်တော့မှအလျှော့မပေးဘဲ ဆက်ကြိုးစားခဲ့တဲ့အတွက် လူ၁၈ယောက်လောက်နဲ့ သူ့အိမ်မှာတင်စတင်ခဲ့တဲ့ Alibaba ကုမ္ပဏီဟာအခုဆိုရင် ကမ္ဘာပေါ်မှာ မသိတဲ့လူ သိပ်မရှိလောက်တဲ့အထိ ထင်ရှားကြော်ကြားတဲ့ E-commerce ကုမ္ပဏီကြီးတစ်ခုအဖြစ် အောင်မြင်လာခဲ့ပြီပဲဖြစ်ပါတယ်။
ဒါဆိုရင်သူတို့မအောင်မြင်သေးခင် ကျရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ အချိန်တွေမှာရော? အဲဒီအချိန်တွေမှာလည်း သူတို့ထက်သာလွန်နေတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကတော့ အခြားသူတွေနဲ့ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ဖို့ထက် မိမိတို့အရှုံးကိုရင်ဆိုင်လက်ခံပြီး အလျှော့မပေးဘဲ ထပ်ခါထပ်ခါကြိုးစားခဲ့တာကြောင့် အခုလိုအောင်မြင်မှုတွေကို ရရှိနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေအားလုံးက ကိုယ့်အချိန်နဲ့ကိုယ် လည်ပတ်နေကြတာပါ။ အဲဒါကြောင့် အဆင်မပြေတာတွေ၊ အရှုံးတွေနဲ့ ကြုံတွေ့ရတဲ့အခါတွေမှာ ကျွန်တော်တို့ထက်သာနေတဲ့သူတွေနဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဉ်ပြီး လက်လျှော့မယ့်အစား ဇွဲရှိရှိတဲ့ဆက်လက်ကြိုးစားမယ်ဆိုရင် တစ်ချိန်တုန်းက သင့်ထက်သာနေတဲ့သူတွေ ထက်ပိုပြီးကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိနိုင်လာမှာပါ။
ကျွန်တော်တို့တွေအားလုံးရဲ့ ဘဝတွေက ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာမျိုးမရှိပါဘူး ။ ဘဝတိုင်းဟာ တစ်ခါတလေမှာ သာယာလှပပြီး တစ်ခါတလေမှာတော့ ရှုပ်ထွေးကြမ်းတမ်းပြီး ခဲယဉ်းတတ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ အောင်မြင်မှုတွေနဲ့ကြုံတွေ့ရတတ်သလို ရှုံးနိမ့်မှုတွေနဲ့လည်း ရင်ဆိုင်ကြရမှာပါ။ ဘယ်လိုတွေပဲ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ရပါစေ သင်တို့ရဲ့အိမ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေအတွက် လက်မလျှော့ဘဲ ဆက်ကြိုးစားနေမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာသင့်အတွက် အောင်မြင်တဲ့အချိန်ကို ရောက်လာပါလိမ့်မယ်။အဲဒါကြောင့် မိမိတို့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေ၊ အိပ်မက်တွေကို
အောင်အောင်မြင်မြင် ရောက်ရှိနိုင်ဖို့အတွက် အခြေအနေ၊ အချိန်အခါရွေးမနေဘဲ အခုချက်ချင်းစတင်လိုက်ပါ။
Credit: https://kawi.com.mm
02/09/2020
#အောင်မြင်ချင်တဲ့သူတစ်ဦးဖြစ်လိုလျှင်အောက်ပါအချက်တွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်ပါလိမ့်မယ်
👉(၁)အားလုံးကို အကောင်းဆုံးဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
👉(၂)အချိန်ကိုစနစ်တကျခွဲဝေ အသုံးချဖို့လိုအပ်ပါတယ်
👉(၃)စံနမူနာပြဖြစ်အောင်နေရပါမယ်။
👉(၄)ကိုယ့်ရဲ့အပြုအမူဆောင်ရွက်ချက်ဟာကိုယ့်ရဲ့အဆင့်အတန်းဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်ရပါမယ်။
👉(၅)ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားကာကွယ်ရမယ်။
👉(၆)အစစအရာရာကြိုတင်ပြင်ဆင်မှုပြုလုပ်ရပါမယ်။
****************************
Zawgyi Font
#အောင်မြင်ချင်တဲ့သူတစ်ဦးဖြစ်လိုလျှင်အောက်ပါအချက်တွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်ပါလိမ့်မယ်
👉(၁)အားလုံးကို အကောင်းဆုံးဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
👉(၂)အချိန်ကိုစနစ်တကျခွဲဝေ အသုံးချဖို့လိုအပ်ပါတယ်
👉(၃)စံနမူနာပြဖြစ်အောင်နေရပါမယ်။
👉(၄)ကိုယ့်ရဲ့အပြုအမူဆောင်ရွက်ချက်ဟာကိုယ့်ရဲ့အဆင့်အတ
န်းဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်ရပါမယ်။
👉(၅)ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားကာကွယ်ရမယ်။
👉(၆)အစစအရာရာကြိုတင်ပြင်ဆင်မှုပြုလုပ်ရပါမယ်။
24/05/2020
“သင်နောက်ကျနေပြီထင်ရင်တောင် ဘယ်တော့မှမရပ်တန့်လိုက်ပါနဲ့”
ကျွန်တော်တို့ရဲ့ဘဝမှာ တစ်စုံတစ်ခုကိုစတင်ဖို့ ဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိပါဘူး။ ကျွန်တော်တို့တွေရဲ့ တီထွင်ကြံဆနိုင်စွမ်းတွေဟာ အသက်အရွယ်အလိုက် ကန့်သတ်ထားတာမျိုးမရှိတဲ့အတွက် ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ တစ်စုံတစ်ရာကို စတင်လိုက်ဖို့ ဘယ်တော့မှနောက်ကျမနေပါဘူး။ လူတော်တော်များများက အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်မလုပ်ခဲ့ရတဲ့အရာတွေ၊ အိမ်မက်တွေကို ပြန်တွေးပြီး နောင်တရနေတတ်ကြပါတယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ဒီလိုတွေးနေတာမျိုးကို ရပ်လိုက်ပြီး ကျွန်တော်တို့လုပ်ချင်နေတဲ့အရာတွေ၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ခုချက်ချင်းပဲ လက်တွေ့အကောင်အထည်ဖော်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေအကုန်လုံးက ကိုယ့်အချိန်နဲ့ကိုယ် သွားလာနေကြတာကြောင့် ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ဘဝပန်းတိုင်တွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ကတော့ ဘယ်တော့မှနောက်ကျနေတယ်ဆိုတာ မရှိပါဘူး။
ကမ္ဘာတစ်ဝန်းမှာတော့ KFC နဲ့ Alibaba ဆိုတာကိုကြားလိုက်တာနဲ့ မသိတဲ့သူမရှိသလောက်ပါဘဲ။ ဒီလိုမျိုး လူတော်တော်များများ သိကြလောက်အောင် ထင်ရှားပြီးအောင်မြင်နေကြတဲ့ လုပ်ငန်းတွေကိုတည်ထောင်ခဲ့တဲ့ ကာနယ် ဟာလန်းဒ် ဒေးဗစ်ဒ် ဆန်ဒါးစ် (Colonel Harland David Sanders) နဲ့ ဂျက်မား (Jack Ma) တို့ရဲ့ သူတို့ဘဝလမ်းကြောင်းတစ်လျှောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ နေရာပေါင်းစုံကနေ ငြင်းပယ်ခံခဲ့ရတာတွေကို ဘယ်လိုမျိုးလက်မလျှော့ဘဲ ဆက်ပြီးကြိုးစားခဲ့ရတာတွေကို အနည်းငယ်လောက်ဖော်ပြချင်ပါတယ်။
သင်တို့ရဲ့ဘဝထဲမှာလုပ်ကိုင်သမျှ မအောင်မြင်လို့စိတ်ဓာတ်ကျနေတယ်ဆိုရင်တော့ KFC သူဌေးကြီး ကာနယ်ဆန်ဒါးစ်ကို သတိရလိုက်ပါ။ သူဟာ လုပ်ငန်းပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး ကျရှုံးမှုပေါင်းများစွာနဲ့လည်း ကြုံတွေ့ဖူးသူတစ်ယောက်ပါ။ သူ့အသက် ၆နှစ်အရွယ်မှာ သူတို့ဖခင်ဆုံးပါးသွားခဲ့တာကြောင့် (၇) တန်းလောက်မှာကတည်းက ကျောင်းထွက်ပြီးအလုပ်ပေါင်းများစွာကို လုပ်ကိုင်ခဲ့ရပါတယ်။ သူ့အသက် (၁၆) နှစ်မှာတော့ စစ်တပ်ထဲကိုဝင်ပြီး စစ်မှုထမ်းခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ တပ်ထဲကနေ ထွက်ခွာခဲ့ရပြီး အခြားအလုပ် (၄) မျိုးလောက်အထိ ရှာဖွေလုပ်ကိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။ သူ့အသက် (၄၀) မတိုင်ခင်အချိန်အထိ ကြက်ကြော်ဆိုင်ဖွင့်ပြီး လုပ်ကိုင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ပိတ်သိမ်းခဲ့ရပြန်ပါတယ်။ စစ်အတွင်းမှာပဲ သူကိုယ်တိုင်ကားမောင်းပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် သူ့ရဲ့ကြက်ကြော် recipe ကိုလိုက်စပ်ခဲ့သော်လည်း အကြိမ်ပေါင်း (၁၀၀၉) ကြိမ်တိုင်တိုင်ငြင်းပယ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ဘယ်လိုမှလက်မလျှော့ဘဲ ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တာတွေကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာပါ လူသိများတဲ့ KFC ဆိုတဲ့ Fast Food စားသောက်ဆိုင်တွေကို တည်ထောင်နိုင်ပြီး အောင်မြင်မှုတွေရရှိစေခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီလိုပဲ ဘယ်လောက်ပဲ ငြင်းပယ်ခံရခံရ လက်မလျှော့ဘဲ ဆက်ကြိုးစားပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ Alibaba ရဲ့ပဲ့ကိုင်ရှင် ဂျက်မား(Jack Ma) ရဲ့ဘဝဇာတ်ကြောင်းကလည်း သင်တို့ဘဝမှာ ကျရှုံးမှုတွေနဲ့တွေ့ကြုံရတိုင်း အမှတ်တရဖြစ်နေသင့်တဲ့ အရာတစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူး။ ယခု တရုတ်နိုင်ငံမှာ အချမ်းသာဆုံးလူလို့တောင် ပြောလို့ရနိင်တဲ့ ဂျက်မားရဲ့ဘဝမှာတော့ ငယ်စဉ်အချိန်မှာကတည်းက ငြင်းပယ်ခံရမှုတွေများစွာက နေရာယူထားပါတယ်။ ငယ်စဉ်ကတည်းက ပညာရေးအနေနဲ့ မူလတန်း (၂) ခါကျခဲ့ပြီး အလယ်တန်းကိုလည်း (၃) ခါတိတိကျခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း ၃နှစ်လောက် တက်လိုက်ကျလိုက်ပါပဲ။ သူ Harvard တက္ကသိုလ်ကိုတက်ရောက်ဖို့ (၁၀) ကြိမ်တိုင်တိုင် သွားလျှောက်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ အဲဒါကြောင့် အလုပ်လျှောက်ဖို့ကြိုးစားခဲ့ပေမယ့် အလုပ်ပေါင်း (၃၀) လောက်ကနေ အငြင်းခံခဲ့ရတယ်။ အဲဒါအပြင် KFC တရုတ်နိုင်ငံမှာလာဖွင့်လို့ အလုပ်သွားလျှောက်တဲ့ ၂၄ယောက်ထဲမှာ သူမပါဘဲ ကျန်တဲ့ ၂၃ယောက်ပဲ အရွေးခံခဲ့ရတယ်။ ရဲတပ်ဖွဲ့မှာလျှောက်တဲ့ ၅ယောက်ထဲမှာလည်း ရွေးတဲ့၎ယောက်ထဲ သူမပါခဲ့ပြန်ဘူး။ ဒါပေမယ့် ဘယ်လောက်ပဲအငြင်းခံရခံရ သူဘယ်တော့မှအလျှော့မပေးဘဲ ဆက်ကြိုးစားခဲ့တဲ့အတွက် လူ၁၈ယောက်လောက်နဲ့ သူ့အိမ်မှာတင်စတင်ခဲ့တဲ့ Alibaba ကုမ္ပဏီဟာအခုဆိုရင် ကမ္ဘာပေါ်မှာ မသိတဲ့လူ သိပ်မရှိလောက်တဲ့အထိ ထင်ရှားကြော်ကြားတဲ့ E-commerce ကုမ္ပဏီကြီးတစ်ခုအဖြစ် အောင်မြင်လာခဲ့ပြီပဲဖြစ်ပါတယ်။
ဒါဆိုရင်သူတို့မအောင်မြင်သေးခင် ကျရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ အချိန်တွေမှာရော? အဲဒီအချိန်တွေမှာလည်း သူတို့ထက်သာလွန်နေတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကတော့ အခြားသူတွေနဲ့ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ဖို့ထက် မိမိတို့အရှုံးကိုရင်ဆိုင်လက်ခံပြီး အလျှော့မပေးဘဲ ထပ်ခါထပ်ခါကြိုးစားခဲ့တာကြောင့် အခုလိုအောင်မြင်မှုတွေကို ရရှိနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေအားလုံးက ကိုယ့်အချိန်နဲ့ကိုယ် လည်ပတ်နေကြတာပါ။ အဲဒါကြောင့် အဆင်မပြေတာတွေ၊ အရှုံးတွေနဲ့ ကြုံတွေ့ရတဲ့အခါတွေမှာ ကျွန်တော်တို့ထက်သာနေတဲ့သူတွေနဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဉ်ပြီး လက်လျှော့မယ့်အစား ဇွဲရှိရှိတဲ့ဆက်လက်ကြိုးစားမယ်ဆိုရင် တစ်ချိန်တုန်းက သင့်ထက်သာနေတဲ့သူတွေ ထက်ပိုပြီးကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိနိုင်လာမှာပါ။
ကျွန်တော်တို့တွေအားလုံးရဲ့ ဘဝတွေက ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာမျိုးမရှိပါဘူး ။ ဘဝတိုင်းဟာ တစ်ခါတလေမှာ သာယာလှပပြီး တစ်ခါတလေမှာတော့ ရှုပ်ထွေးကြမ်းတမ်းပြီး ခဲယဉ်းတတ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ အောင်မြင်မှုတွေနဲ့ကြုံတွေ့ရတတ်သလို ရှုံးနိမ့်မှုတွေနဲ့လည်း ရင်ဆိုင်ကြရမှာပါ။ ဘယ်လိုတွေပဲ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ရပါစေ သင်တို့ရဲ့အိမ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေအတွက် လက်မလျှော့ဘဲ ဆက်ကြိုးစားနေမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာသင့်အတွက် အောင်မြင်တဲ့အချိန်ကို ရောက်လာပါလိမ့်မယ်။အဲဒါကြောင့် မိမိတို့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေ၊ အိပ်မက်တွေကို
အောင်အောင်မြင်မြင် ရောက်ရှိနိုင်ဖို့အတွက် အခြေအနေ၊ အချိန်အခါရွေးမနေဘဲ အခုချက်ချင်းစတင်လိုက်ပါ။
Credit: https://kawi.com.mm/
14/05/2020
Covid ကြောင့် သင်တန်းရက်တွေ ဆိုင်းငံ့ ထားရပေမယ့် အဆင်ပြေတဲ့အချိနိလေး တစ်ခုမှာ အရင်အတိုင်း
ပြန်စ ပြန်သင်လို့ရအောင် ဆရာတွေရဲ့ schedule
နဲ့ ညှိထားပြီး အချိန်တွေစောင့်နေပါတယ်😊
ဒီကာလအတွင်းမှာတောင် ဆက်သွယ်စာရင်းပေး
ကြနဲ့ သင်တန်းသား/သူများ နှင့် အုပ်ထိန်းသူမိဘ များ
ကို ကျေးဇူးအထူးတင်ပါတယ်❤
ဆက်သွယ်မေးမြန်းလိုပါက-09890306465
SAEC❤
05/05/2020
“ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့် ညောင်ရေသွန်း ပူဇော်ရကျိုး
🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼
“ညောင်ရေသွန်းပွဲတော်
ဖြစ်ပေါ်လာရခြင်း”
🙏🙏🙏🙏🙏🙏🙏🙏
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပ
ပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-
မြတ်ဗုဒ္ဓသည်
●ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊
●ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး၊
●ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
●ထို့ပြင် မြတ်ဗုဒ္ဓသည်
မဟာဗောဓိညောင်ပင်အောက်၌
မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို
သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌
ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။
ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း
ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ
ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်
နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊
❦သစ္စာ၎ပါး ကိုသိမြင်ရာ၊
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော
မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့
ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌
စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို
ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။
အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း
မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို
အမှတ်ရစေလိုရေးပင် ဖြစ်သည်။
ဤကဲ့သို့ ဗောဓိညောင်ပင်များကို
ရေသွန်းဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”
ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ်
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ
ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။
ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏
အခြေခံအကြောင်းပင်ဖြစ်သည်။
“ညောင်ရေသွန်း ပူဇော်ရကျိုး”
••••••••••••••••••••••
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင်
“ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌
ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများ
ကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်
ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။
“ဂန္ဓောဒကိယ ရဟန္တာမထရ်”
••••••••••••••••••••••••••••••••••••••
“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍
သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ
“ထင်းရှူး ဗောဓိပင်”ပူဇော်ပွဲ ပြုလုပ်သောအခါ
လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို
ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊
မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။
ထိုဘဝမှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော
ကောင်းမှုကြောင့် နတ်ပြည်သို့ ရောက်ကာ
“ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း
ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။
နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း
နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်
ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော
“သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ
“ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။
“ဗောဓိသိဉ္စက ရဟန္တာမထေရ်”
••••••••••••••••••••••••••••••••••••
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က
ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ
“ဗောဓိပင်ညောင်ပင်”ပူဇော်ပွဲ ကျင်းပသောအခါ
ဗောဓိပင်သို့ သွားရောက်ပြီး-
“ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဝဋ်ဆင်းရဲမှ
လွတ်မြောက်နိုင်ပါစေသတည်း၊
ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ
ငြိမ်းအေးနိုင်ပါစေသတည်း”
ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော
ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက်
“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့
မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။
ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ
လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း”
စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရခဲ့လေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ
“ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။
“တိုက်တွန်းလွှာ”
•••••••••••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
●ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော
“အသနဗောဓိယ ရဟန္တာမထေရ်”၊
ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော
●“ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး”
တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊
အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။
ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ
ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံ
သက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည်
ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊
ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်
ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက်
အာရုံယူကာ
“သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊
ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ
သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း
ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။
-【အရှင်နာဂဝံသ - မောင်ကံကော်(ကျုံပျော်)】
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)
Credit:Young Buddhist Association.
29/04/2020
ကောင်းတယ်ဆိုတာ.....
လူရယ်လို့ဖြစ်လာရင်လူသားတွေ နှင့် နေ့စဉ်ပေါင်းသင်းဆက်ဆံ
နေရပါတယ်။
လူတွေနှင့်ပေါင်းသင်းဆက်ဆံ ပြောဆိုတဲ့ အခါ EQ လို့ခေါ်တဲ့
နှလုံးသားအရည်အသွေး က အလွန်အရေးကြီးပါတယ်။
နှလုံးသား အရည်အသွေးကောင်းသူ ကို လူတွေ ကချစ်ကြပါတယ်။
လူတွေ ကသူတို့ ချစ်တဲ့ သူ ကို အမြဲကူညီပါတယ်။ ချစ်တဲ့သူကို
အခွင့်အရေးပေးပါတယ်။
EQ ကောင်းတဲ့ သူက တဖက်သားကို ဘယ်တော့ မှ ကွယ်ရာမှာ
အပြစ်မပြောပါ။ စကားပြောတဲ့ အခါမှာ လည်း တဖက်သား ကို ချိုချိုသာသာ နှင့် စာနာစိတ်ထားပြီး ပြောလေ့ရှိပါတယ်။
Fb ပေါ်မှာ တဖက်သား ကို ချိုးချိုးနှိမ်နှိမ်ပြောသူတွေ ၊ အပြစ်ပြောသူတွေ၊
လှောင်ပြောင်သူ တွေ ကို တွေ့ရတဲ့ အခါသူတို့ အစားရှက်မိပါတယ်။
“ယိုသူမရှက်၊ မြင်သူရှက် "ဆိုတဲ့ စကားပုံလိုပဲ မိမိရဲ့ အပြောအဆို တွေက ရှက်စရာ အလွန်ကောင်းတယ် ဆိုတာ သတိပြုစေချင်ပါတယ်။ ကိုယ်ချင်းစာစိတ်ထားစေချင်ပါတယ်။
“ Water find his own level ” ရေကကိုယ့်အဆင့် ကိုယ်ရှာတယ်ဆို တဲ့ အင်္ဂလိပ် စကားပုံ လိုပဲ ကိုယ်ရဲ့ အပြောအဆို က ကိုယ့် အဆင့် ကိုပြပါတယ်။ နှုတ်ကြမ်းရင် အမိကြမ်းလို့ ဆိုတဲ့ မြန်မာ အဆို အရ မိမိရဲ့ ရိုင်းပြမှု က မိမိ ရဲ့ မိခင် ကိုပါထိခိုက်စေပါတယ်။
လူတွေ ကို ကိုယ်ချင်းစာ စိတ်ဖြင့် ပြောဆိုဆက်ဆံပါ။ EQ ကောင်းသူ ကို လူတွေ ကချစ်ခင်ကြပါတယ်။
Kyaw Kyaw Hlaing ( SMART )
Like
Show more reactions
Comment
15/04/2020
အသိရယ်၊ အမြင်ရယ်၊ အလုပ်ရယ်
ကျွန်တော်တို့ ဆေးပညာမှာတော့ KAP လို့ အတိုကောက် ခေါ်ပါတယ်။ Knowledge, Attitude, Practice ပေါ့။ သိတာရယ်၊ ခံယူချက်ရယ်၊ လက်တွေ့လုပ်ဆောင်တာရယ် ဆိုပြီး ၃ ပိုင်း ရှိပါတယ်။ ဒီ Covid 19 နဲ့ ပတ်သက်လို့ အဲ့လိုလေး စဉ်းစားကြည့်ရအောင်။
၁။ အသိပညာ (Knowledge)
ဒီဗိုင်းရပ်စ်က ဘယ်လိုဆိုရင် ကူးတယ်၊ ဘယ်လိုကာကွယ်ရတယ်၊ ပိုးကူးစက်ခံထားရပေမဲ့လည်း ချက်ချင်း လက္ခဏာ မပြသေးတာမို့ မဖျားဘူးဆိုတိုင်း ပိုးမရှိဘူး ပြောလို့ မရဘူး၊ စသဖြင့် သိထားဖို့ လိုတယ်။
အဲ့လိုတွေ မသိတဲ့အခါ Quarantine ယူဖို့ ပျက်ကွက်တယ်။ မရည်ရွယ်ပေမဲ့ ဗိုင်းရပ်စ်ကို ဖြန့်လိုက်သလို ဖြစ်သွားတယ်။ (တချို့ နိုင်ငံခြားပြန်တွေဆို Quarantine ဝင်ရမယ်ဆိုပြီး စည်းကမ်း မထုတ်ခင်ကတည်းက ပြန်ရောက်နေတာ ဆိုပေမဲ့ ဒီအသိမျိုး ရှိထားတဲ့အခါကျတော့ သူ့ဟာသူ အိမ်ထဲမှာ Self-quarantine လုပ်နေခဲ့တယ်။ အသိပညာရဲ့ အကျိုးကျေးဇူးပေါ့)
ဒီအတွက် ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့ အသိပညာတွေ ပေးရတယ်။ လက်ဘယ်လိုဆေးရတယ်၊ Mask ကို ဘယ်လိုသုံးရတယ်၊ အိမ်ထဲမှာနေဖို့က ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လိုလက္ခဏာတွေ ပြတတ်တယ်၊ ဖြစ်ခဲ့ရင် ဆေးရုံ ဆေးခန်းပြဖို့ လိုပါတယ် စသဖြင့်ပေါ့။ နောက်ပြီး သတင်းမှားတွေကိုလည်း ရှင်းပေးရမယ်။
အသိပညာပေးတဲ့အခါမှာလည်း နည်းလမ်းပေါင်းစုံ သုံးရမယ်။ ဆိုရှယ်မီဒီယာ၊ ရေဒီယို၊ TV ၊ လက်ကမ်းစာစောင်၊ သတင်းစာ စသဖြင့်။ လူအများပေါ် လွှမ်းမိုးမှုရှိတဲ့သူတွေရဲ့ အားကိုလည်း ယူရမယ်။ သူတို့တွေကလည်း ကိုယ် သတင်းတစ်ခုကို မပေးခင် သေချာစနစ်တကျ လေ့လာဖို့ လိုမယ်။ မသေချာရင် ကျွမ်းကျင်သူနဲ့ မေးမြန်းပြီးမှ တင်စေချင်တယ်။ လွှမ်းမိုးမှု ကြီးတဲ့သူတွေမို့လို့ပါ။
၂။ ခံယူချက် (Attitude)
သိတာက သိတာတစ်ပိုင်းပဲ။ ခံယူချက်က သက်သက်ဖြစ်တယ်။
တချို့ကျ ခပ်ပေါ့ပေါ့ တွေးတယ်။ မဖြစ်နိုင်ပါဘူး၊ ငါတို့နဲ့ အဝေးကြီးပါပေါ့။ ဘယ်သူ ဘယ်လောက်ပြောပြော၊ အပြင်တွေ ထွက်မြဲ၊ လူစုလူဝေးတွေ လုပ်မြဲ။ လက်လည်း သေချာမဆေး၊ Mask လည်း မတပ်ဘူး။ ဒီနေရာမှာ ဘာသာရေးယုံကြည်ချက်အရလည်း ပေါ့ဆသွားတာလည်း ပါမယ်။
သူတို့ကိုတော့ မပေါ့ဆဖို့၊ ကမ္ဘာ့နိုင်ငံကြီးတွေတောင် အလူးအလဲ ခံနေရတယ်ဆိုတာကို သိအောင် ပြောရမယ်။
တချို့ကျ အကြောက်လွန်တယ်၊ သေကုန်တော့မှာပဲ။ ကမ္ဘာကြီး ပျက်တော့မှာပဲ။ ငတ်ကုန်ကြတော့မှာပဲ စသဖြင့်ပေါ့။ ဒါမျိုးကျ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းကောင်းတွေကို ဝေမျှပေးရမယ်။ အီကွေဒေါက ဘယ်လိုဖြစ်သွားပြီ ဆိုတဲ့ ဂျင်းသတင်းတွေကိုလည်း ရှင်းပြပေးရမယ်။ ဒီလိုတွေ ကာကွယ်ဖို့ကသာ အဓိကကျတယ်၊ ကိုယ့်တာသာ ကိုယ်လုံအောင် လုပ်ပါ ဆိုတာမျိုး ပြောပြရတယ်။ မဟုတ်ရင် ဗိုင်းရပ်စ်က မကူးဘူး။ စိတ်နဲ့တင် ပြဿနာဖြစ်ကုန်မှ ခက်မယ်။
အဲ့လို အကြောက်လွန်ရာကနေတစ်ဆင့် ခွဲခြားဆက်ဆံတာ၊ အပြစ်တင်တာတွေ ဖြစ်လာတယ်။ မြို့ထဲ အဝင်မခံတာ ကန့်ကွက်တာတွေ ဖြစ်လာတယ်။ ထုတ်ဖော်ပြောဆိုဖို့ကို တွန့်ဆုတ်လာကြမယ်။ အိမ်မှာ ကြိတ်ကုမယ်။
ဒီအတွက် ခွဲခြားမဆက်ဆံကြဖို့ လိုတယ်။ ပေါ့ဆမှု၊ အဆင်အခြင်မဲ့မှုကြောင့် ဖြစ်ခဲ့ရတာဆို သက်ဆိုင်ရာက တရားစွဲ၊ အရေးယူလိမ့်မယ်။ မရည်ရွယ်ပါဘဲနဲ့ ဖြစ်ခဲ့ရတာမျိုးတွေအတွက် ဖေးဖေးမမနဲ့ ဆက်ဆံပေးဖို့ လိုမယ်။ ဒီဗိုင်းရပ်စ် ကူးတိုင်း သေမှာမဟုတ်ကြောင်းကိုလည်း ပြောပြပေးရမယ်။ HIV လိုပါပဲ။ ဒီပိုးက မကောင်းတဲ့သူတွေမှ ကူးတာ၊ ကုရာနတ္တိ ဆေးမရှိ ပဲ ဆိုတာမျိုးတွေနဲ့ ကြောက်အောင်လို့ အသိပညာ ပေးကြတော့ ပိုးကူးခံရသူတွေခမျာ ထုတ်မပြောရဲကြတော့ဘူး၊ ကူးပြီဆိုတာနဲ့ အသေပဲ ဆိုပြီး စိတ်လျှော့လိုက်တော့ ကုသမှု မခံယူကြတော့ဘူး။
နောက် ခံယူချက်တစ်မျိုးကတော့ ဘာလာလာ ယုံတဲ့အုပ်စု။ တကယ်တော့ ဒီပြဿနာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေက စူပါမန်းကို မျှော်ကိုးတတ်တဲ့ ခံယူချက်မျိုး ရှိကိုရှိတယ်။ ဥပမာ သွေးတိုး၊ ဆီးချို ဆိုပါတော့၊ အစားအသောက် ရှောင်နော်ဆို ဘယ်လိုပြောပြော မလုပ်ဘူး။ သူတို့ လိုချင်တာ ဘာလဲ။ အမြစ်ပြတ်ပျောက်မယ် ဆိုတဲ့ ဆေး။ ဝိတ်ချမယ်ဆိုလည်း ပိန်ဆေးပဲ သောက်ချင်ကြတာ။ အစားအသောက် ထိန်းဖို့၊ လေ့ကျင့်ခန်း လုပ်ဖို့ကျ စိတ်မဝင်စားဘူး။ ဆိုတော့ ဒီ Covid 19 မှာလည်း လက်ဆေးနော်၊ လူစုလူဝေး ရှောင်နော် ဆိုတာတွေထက် တမာရွက်ကိုပဲ ပိုပြုတ်သောက်ချင်တာ။ သူတို့ကိုတော့ ဂျင်းကြိုက်တဲ့ အုပ်စုလို့ နာမည်ပေးချင်တယ်။
နောက်တစ်ခုကတော့ ဘဝကြီးက သေမထူး နေမထူး ဖြစ်နေတာ။ လှည့်ကြည့်စရာလည်း မိသားစု မရှိ။ ဘဝကလည်း နေမပျော်။ ကူးသွားဖို့လည်း ထူးခြားမသွားဘူးဆိုတဲ့ လူတွေကလည်း ခပ်ပေါ့ပေါ့ နေလိမ့်မယ်။
ဒါက ကျွန်တော် စဉ်းစားမိသလောက် ထွက်လာတဲ့ ခံယူချက်တွေပဲ။ ဆိုလိုတာက အသိပညာ ပေးထားတာချင်း တူတူတောင် လူတွေရဲ့ ခံယူချက်ပေါ် မူတည်ပြီး လုပ်ဆောင်ချက်တွေက အမျိုးမျိုး ကွဲသွားတယ် ဆိုတာပဲ။
အဲ့လိုပဲ အသိပညာ ပေးတဲ့အခါမှာလည်း စိုးရိမ်စရာ အချက်တွေကိုပဲ ထိုင်ပြောနေလို့ မရဘူး။ ထောင့်ပေါင်းစုံကနေ ပြောပြပေးဖို့ လိုတယ်။ ပေါ်လာသမျှ ကောလဟာလတွေ၊ ဂျင်းတွေကိုလည်း ရှင်းပြပေးဖို့ လိုပါတယ်။
၃။ လက်တွေ့ လုပ်ဆောင်ဖို့ (Practice)
ဒါကတော့ အရေးကြီးဆုံးပဲ။ ဘယ်လောက်ပဲ သိသိ၊ လက်တွေ့ မလုပ်နိုင်ရင်တော့ အလကားပဲ။
ဒီနေရာမှာ ဘယ်လိုပဲ သိသိ၊ ဘယ်လိုပဲ လိုက်နာချင် လိုက်နာချင်၊ လိုက်နာလို့ မရတဲ့ လူတန်းစားတွေတော့ ရှိတာပေါ့။ Hand gel မဝယ်နိုင်၊ Mask မဝယ်နိုင်တဲ့သူတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ စသဖြင့် ရှိပါတယ်။ သူတို့ကို ခဏချန်ထားလိုက်ရင် ကျန်တဲ့သူတွေကတော့ သူတို့ဟာသူတို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဘယ်လိုခံယူချက်ထားသည်ဖြစ်စေ စည်းကမ်းတွေကို တိတိကျကျ လိုက်နာစေဖို့ လိုပါလိမ့်မယ်။
အဲဒီနေရာမှာ လိုအပ်လာတာကတော့ ပြတ်သားတဲ့ ခေါင်းဆောင်မှုပါပဲ။ အိမ်ပြင်မထွက်ဖို့၊ လူစုလူဝေး မလုပ်ဖို့ မေတ္တာရပ်ခံနေရုံနဲ့တော့ မရဘူး။ စည်းကမ်းထုတ်မှ၊ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်မှ ရမယ်။
ရွာတွေမှာ ရွာအဝင်ပိတ်တာတွေ၊ မြို့တစ်မြို့မှာ ဈေးသည်တွေ တစ်ဆိုင်နဲ့တစ်ဆိုင် ၆ ပေခွာပြီးမှ ရောင်းနေတာတွေ တွေ့ရတယ်။ သိပ်ဝမ်းသာစရာ ကောင်းတယ်။ စဉ်းစားကြည့်၊ အဲဒါ ဘာကြောင့်လဲ။ ခေါင်းဆောင်မှုကြောင့်ပါ။
ရန်ကုန်က ဈေးသည်တစ်ယောက် အဲ့လိုတွေ ၆ ပေခွာ ရောင်းချင်တယ်၊ ရမလားဆို မရပါဘူး။ တစ်ဈေးလုံးကမှ မပူးပေါင်းဘဲနဲ့ ဘယ်လိုသွားလုပ်မလဲ။ တစ်ဈေးလုံး ပူးပေါင်းဖို့ကတော့ ခေါင်းဆောင်က တိတိကျကျ ပြတ်ပြတ်သားသား စည်းကမ်းချပေးမှ ရပါမယ်။ ဆန်တွေ၊ ဆီတွေ ဝေတယ်။ ဒီအတိုင်း ဝေကြည့်။ ကြိတ်ကြိတ်တိုး စီရမှာပဲ။ Covid အရေးထက် ဝမ်းရေးခက်နေတာကိုး။ ကျွန်တော်ကိုယ်တိုင်ဆိုလည်း အဲ့လိုပဲ ဝင်စီရမှာပဲ။ အဲ့လိုလူစုလူဝေး မဖြစ်ချင်ဘူးဆိုရင်တော့ စပြီး ဝေမယ်ဆိုကတည်းက စနစ်တကျ စီစဉ်ဖို့ လိုမယ်။
ခုဆို အရင်ကထက် စစ်ဆေးမှုတွေ ပိုလုပ်လာပြီ။ ပိုပိုပြီးလည်း တွေ့လာရလိမ့်မယ်။ ဒါ မျှော်လင့်ထားရမဲ့ ကိစ္စပဲ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ပျံ့နှံ့မှုကို လျှော့ချဖို့။ ဒါမှ ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်မှာ။ ဒီပြဿနာကြီးကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မှာ။
ဒီအတွက် အသိပညာ ရှိဖို့၊ ခံယူချက်တွေ မှန်ဖို့နဲ့ လက်တွေ့ လုပ်ဆောင်ဖို့ဆိုတဲ့ ၃ ဆင့် လိုအပ်ပါလိမ့်မယ်။ တစ်ဦးချင်းစီကလည်း လိုက်နာဖို့၊ တာဝန်သိဖို့ လိုသလို၊ လက်တွေ့လိုက်နာမှုတွေ ပိုအားကောင်းလာစေချင်တယ် ဆိုရင်တော့ ခေါင်းဆောင်မှုကောင်းကောင်းလည်း လိုအပ်ပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၁၅.၄.၂၀၂၀
11/04/2020
မဟာသင်္ကြန် အကြိုနေ့💛
အိမ်ထဲမှာနေရပေမယ့် ကိုယ်စိတ်နှစ်ပါး ရွှင်လန်း
ကြပါစေ ❤