AALS-Aung Academy Language School

AALS-Aung Academy Language School

Share

General English and Cambridge ESOL Exam Preparation School

Photos from AALS-Aung Academy Language School's post 10/02/2026

Congratulations 🏆🏆🎊🎊🎊🎉🎉🎉

December လတွင် ကျင်းပခဲ့သော FCE နှင့် PET exam တွင်ဝင်ရောက်ဖြေဆိုခဲ့ကြသော ကျောင်းသူများ၏ Exam Result လေးပါ🏆

FCE - Pass at Grade A🏆🏆🏆
PET- Pass at Grade B 🏆🏆🏆

Big Congratulations Thadar and Teresa 🎊🎊🎊🎉🎉👏👏🏆🏆🏆

Photos from AALS-Aung Academy Language School's post 02/02/2026

AALS (3 Years Anniversary)

AALS ကိုကျောင်းတစ်ခုအနေနဲ့စတင်ခဲ့တာ ဒီနေ့ဆို (3) နှစ်ပြည့်ပါပြီ

3 နှစ်တာကာလက ခဏလေးလို့ထင်ရအောင်လို့ ပျော်ရွှင် စိတ်လှုပ်ရှားစရာ အချိန်တွေ၊ တပည့်တွေအောင်မြင်မှုအတွက်ဂုဏ်ယူရတဲ့အချိန်တွေ၊ စိတ်ပင်ပန်းခဲ့ရတဲ့အချိန်တွေ စတဲ့ အမှတ်တရအမျိုးမျိုးနဲ့ဖြတ်သန်းခဲ့ကြပါပြီ

ကျောင်းစတင်ခဲ့တဲ့ ရည်ရွယ်ချက်က ကိုယ်ငယ်ငယ်တည်းက နေထိုင်ကြီးပြင်းရာမြို့ လှိုင်သာယာမြို့နယ်က ကလေးတွေတွက် English စွမ်းရည်တိုးတက်လာဖို့နဲ့ နိုင်ငံတကာသင်ရိုးတွေကို ကျောင်းလခ သက်သက်သာသာနဲ့ ကလေးတိုင်းသင်ယူနိုင်ဖို့ဆိုတဲ့ စိတ်ကူးနဲ့စတင်ဖြစ်ခဲ့တယ်။

ကျွန်မမိဘတွေရဲ့ လမ်းညွှန်ဖေးမမှု၊ ကျွန်မရဲ့ ဆရာမ တီချယ် နန်းမွေလင်းရဲ့ ကူညီလမ်းညွှန်မှု၊ ဦးအောင်မျိုးဇော်+ အန်တီခိုင် တို့ရဲ့ ကူညီပံပိုးမှုတွေ၊ ကျောင်းသားမိဘတွေ ရဲ့မေတ္တာနဲ့ပံ့ပိုးကူညီမှုတွေ နဲ့ AALS ကို စတင်ဖြစ်ခဲ့ပါတယ်။
စိတ်ကူးတူ ဆရာမတွေဖြစ်တဲ့ Tr Yadanar, Tr Thaw, Tr Hnin Nu, Tr Thae တို့ပါဝင်ပေးကြပြီး အတူတူ လက်တွဲပုံဖော်ခဲ့တယ်။

စတင်တဲ့အချိန်တွေက ကိုယ်မှန်းတာထက်ပိုခက်ခဲခဲ့တယ် နေ့တိုင်းစိန်ခေါ်မှုတွေ အပြည့်၊ ကိုယ်ရည်ရွယ်ချက်အတိုင်း ကျောင်းလခကို သက်သာစေချင်တယ်၊ ကလေးတွေကိုလည်း Facilities ကောင်းကောင်းပေးချင်တယ်ဆိုတဲ့စိတ်က ကျောင်းအတွက်မနိုင်ဝန်ထမ်းခိုင်းသလိုဖြစ်ခဲ့တယ်၊ အားလုံးဝိုင်းတရားချလည်း ကိုယ်ကမရ၊ ကိုယ့်တပည့်တွေ အတွက်ဘယ်လိုဖြစ်ဖြစ်ရအောင် တောင့်ခံမယ်၊ ကိုယ့်ကျောင်းသားမိဘတွေကိုလည်း ကျောင်းလခတွေအတွက် မခက်ခဲစေချင်ပြန်။
ဒီလိုနဲ့ AALS 2023, 2024, 2025 ခုနှစ်​ မှာ တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာမများ၊ ဝန်ထမ်းများအားလုံး၊ ကျွန်မတို့အတူတူ ကျွန်မတို့ရဲ့ရည်ရွယ်ချက်ဖြစ်မြောက်အောင် ကြိုးစားခဲ့ကြတယ်

တစ်ခါတစ်လေ ခက်ခဲလွန်းလို့၊ တစ်ချို့မိဘတွေရဲ့စကားတွေကြောင့် ငါတို့တော်ပြီ၊ ငါတို့ဒီလောက်ခက်ခက်ခဲခဲတောင့်ခံပေးနေလည်း အလကားပါလားလို့ တွေးရလောက်အောင် စိတ်ညစ်ရတဲ့နေ့တွေလည်းရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကျောင်းကိုစတင်တည်ထောင်တဲ့ နေ့က စိတ်ကူးနဲ့ရည်ရွယ်ချက်ကို ပြန်မြင်ယောင်ရင်း 'ကလေးတွေအတွက် ရည်ရွယ်ပြီးဖွင့်ခဲ့တာ၊ ငါတို့တီချယ်တွေအလုပ်က ကလေးတွေကို ငါတို့လက်လှမ်းမှီသလောက် ငါတို့သိထား၊ တတ်မြောက်ထား၊ ကျွမ်းကျင်ထားတဲ့ပညာတွေကို သင်ကြားပေးဖို့' ဆိုတဲ့စိတ်နဲ့ပြန်ရပ်တည်ခဲ့ကြရတယ်။

3 နှစ်တာကာလမှာ အခက်ခဲတွေ၊ စိန်ခေါ်မှုတွေနဲ့နေသားကျနေပါပြီ၊

အခက်ခဲတွေအပြင် ပျော်စရာတွေလည်းအများကြီး၊ သင်ယူလေ့လာဖြစ်တာတွေလည်းအများကြီးရှိခဲ့ပါတယ်

တပည့်တွေစာမေးပွဲတွေမှာ ရလဒ်ကောင်းတွေရရင်ဝမ်းသာမိတယ်၊ သူတို့လေးတွေရဲ့ ပညာရေးတိုးတက်မှုတွေတွေ့တဲ့အခါဝမ်းသာရတယ်။
မိဘတွေရဲ့ ကိုယ့်သား၊သမီးတိုးတက်မှုအပေါ်ဂုဏ်ယူနေတဲ့အပြုံးတွေတွေ့တော့ ကိုယ်တို့ဆရာမများလည်း ဝမ်းသာပီတိဖြစ်ကြရပါတယ်။

ဆရာ၊ဆရာမများအတွက်လည်း သင်တန်းများပံံ့ပိုးပေးနိုင်ခဲ့တာလည်းဝမ်းသာရပါတယ်။

နောက်ဆုံးစာရှည်ကြီးကို နိဂုံးချုပ်ရရင် AALS ကိုစတင်ခဲ့တာ ကလေးတွေကိုစာသင်ချင်လို့ပါ၊ စာသင်ရတာကို ကြိုက်နှစ်သက်လို့ပါ၊ ကလေးချစ်တဲ့ဆရာမပါ။ နောင်နှစ်တွေမှာလည်း ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှကြိုးစားသွားပါမယ်ရှင့်

Tr Pont (Founder & Principal)
AALS
2.2.2026

Photos from AALS-Aung Academy Language School's post 01/02/2026

Congratulations Teachers🏆🏆🎉🎉🎉

AALS နှင့် AAPS ကျောင်းများမှ ဆရာ၊ဆရာမ များအတွက် Tr Rosemary (Teacher Educator) နှင့်ပူးပေါင်းကျင်းပသော " Child Psychology for Teachers" Training Course အောင်မြင်စွာပြီးဆုံးသွားပါပြီ👏👏

ကျောင်းစာသင်ချိန်များ အပြီးမှ CPD အတန်းတွေအတွက် ထပ်မံအချိန်ပေးတက်ရောက်ခဲ့ကြသော ဆရာ၊ဆရာမ များအားလုံး Well Done & Congratulations ပါရှင့် 🎉🎉🎉

AALS ကျောင်းအနေဖြင့် ကျောင်းမှ ဆရာ၊ဆရာမ များအတွက် Training Courses များကို စဥ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါတယ်ရှင့်

30/01/2026

📍 2026 (March) တွင်ဖွင့်လှစ်မည့် Summer class များအတွက် သတ်မှတ်ထားသော ကျောင်းသားဦးရေ ပြည့်သွားပါသောကြောင့် Summer အတန်းများအတွက် ကျောင်းသားလက်ခံခြင်း ရပ်နားလိုက်ပါပြီရှင့်

🚨 2026 ( June) လတွင် ဖွင့်လှစ်မည့် အတန်းများအတွက် ကြိုတင်Waiting Listပေးထားလို့ရပါပြီရှင့်







🏡 U-3/26, Nawaday Shophouse, Hlaing Thar Yar Township, Yangon

🏡 U-4/8 , Nawaday Shophouse, Hlaing Thar Yar Township, Yangon

☎ 09-778695126

☎ 09-763381053

https://aals.aungacademylanguageschool.com/

18/01/2026

📣📣 Online English School (2026)📣📣

AALS မှ ဖွင့်လှစ်သင်ကြားနေသော အတန်းများကို Campus လာမတက်နိုင်သော ကျောင်းသား၊ ကျောင်းသူ၊ မိဘများအတွက်အထူးသတင်းကောင်း ရှိပါတယ်ရှင့်👏👏👏

🎉🎉 မကြာမီ AALS Online English School စတင် ဖွင့်လှစ်ပါတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင် 🎉🎉🎉

AALS Online English School မှ သင်တန်းများနှင့် မိတ်ဆက်ပေးပါရစေ

✅ Young Learners English Courses

👧👦 English ဘာသာစကားကို ခုမှ စတင်သင်ကြားမဲ့ သားသား၊ မီးမီးတို့အတွက် ပျော်ပျော်ရွှင်ရွှင်လေ့လာကြမဲ့ သင်တန်းများဖြစ်ပါတယ်
👦👧 အသက်အရွယ် မှာတော့ (6) နှစ် အရွယ်သားသား၊မီးမီးများ စတင်တက်ရောက်နိုင်ပါပြီ

✅ Cambridge International Courses

🌉🌉 Cambridge Courses တွေကိုတော့ English အခြေခံရှိပြီးသား ကလေးများအတွက် သင့်လျော်ပါတယ်

နိုင်ငံတကာသင်ရိုးများနဲ့သင်ကြားချင်သော ကျောင်းသား၊ကျောင်းသူများ၊
International School များတွင် တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများ

အစိုးရသင်ရိုးကျောင်းများမှတစ်ဆင့် နောင်တွင် International School များသို့ ပြောင်းရွေ့ဖို့စိတ်ကူးထားသောသူများ တက်ရောက်နိုင်ပါတယ်ရှင့်

✅ Cambridge English Assessment

Exam အတန်းများဖြစ်သော
Starters, Movers, Flyers
KET, PET, FCE, CAE

စာမေးပွဲများကို အထူးအလေးထားလေ့ကျင့်ပေးသော အတန်းများဖြစ်ပါတယ်

📌 Online Class ရဲ့ အားသာချက်မှာတော့ မြန်မာနိုင်ငံသာမက ကမ္ဘာ့နေရာ ဒေသ အသီးသီးကနေ သင်ခန်းစာများကို လေ့လာနိုင်ပါတော့မယ်📌📌

Online English School မှာလည်း Campus အတန်းတွေလို အရည်ချင်းပြည့်ဝပြီး စိတ်ရှည်ရုပ်ချောသော တီချယ်ချောလေးများက သင်ကြားပေးသွားမှာပါရှင့် 🤩🤩

အနယ်နယ် အရပ်ရပ် မှ တက်ရောက်ချင်သော ကျောင်းသားများ စတင် စာရင်ပေးလို့ရာပြီနော် အတန်းသစ်တွေက လူဦးရေ ကန့်သတ်ထားလို့ Waiting List မြန်မြန်သွင်းမှရမယ်နော်💪💪








🏠 U-3/26, Nawaday Shophouse, Hlaing Thar Yar Township, Yangon

🏠 U-4/8 , Nawaday Shophouse, Hlaing Thar Yar Township, Yangon

☎09-778695126

☎09-763381053

www.aals.aungacademylanguageschool.com/

Photos from AALS-Aung Academy Language School's post 26/12/2025

🎉 Good old memories, Back to 2018🎉

(2018 မှ 2022 တွင် တက်ရောက်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများ)

AALS ကျောင်းစတင် မတည်ထောင်ခင်က
"Tr Pont" English သင်တန်းမှာ စတင်တက်ရောက်ခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားလေးများရဲ့ ပျော်ရွင်စရာ မှတ်တမ်းလေးတွေ

သူတို့ကိုစသင်တော့ ကိုယ်ကလည်း အသက် 22 နှစ် International School တစ်ခုမှာ Assistant Teacher လုပ်နေတုန်း မိဘချင်း ကြော်ငြာပေးရင်းက တစ်ကြောင်း၊ အိမ်ကအမေမူကြိုဖွင့်တဲ့ နှစ်ပေါင်း 20 သက်တမ်းတစ်လျောက် အသိမိတ်ဆွေတွေ၊ အမေရဲ့တပည့်ကလေးမိသားစုတွေရဲ့ ကြော်ငြာပေးရာကနေ 2018 မှာ ကလေးလေးတွေကို စတင်ပြီး
4 Skills English နဲ့ Cambridge Exam Starters, Movers and Flyers အတန်းတွေကို သင်ဖြစ်ခဲ့ရင်း ဆရာမဘဝ လာခဲ့သူ မိမိ🥰

Covid ကာလကြုံတော့လည်း classတွေကနေ Zoom ကိုပြောင်းကြ၊ နိုင်ငံရေးအကြပ်အတည်းတွေကြုံရတော့လည်း အချင်းချင်းအားပေးကြရင်း စာတွေသင်ကြ တစ်ယောက်နဲ့တစ်ယောက် ကူညီကြရင်း အခက်ခဲတွေကို ဖြတ်ကျော်ခဲ့ကြတာ တွေသတိရပါတယ်
ကိုယ့်တပည့်တွေ စာသင်ကြရင် တက်ကြွစွာသင်ကြ၊ Group project တွေလုပ်ကြ၊ Presentation တွေလေ့ကျင့်ကြရင်း English ကို အခြေခံကစ လေ့လာခဲ့ကြတယ်၊
ခုဆို တစ်ချို့ကလေးတွေက ဆရာ၊ဆရာမတွေဖြစ်နေကြပြီ၊ တစ်ချို့က ပြည်ပမှာ ကျောင်းတက်နေကြသူနဲ့ ခု FCE အတန်းတွေ၊ Cambridge-8,7,6,5 တွေမှာ တက်နေကြတုန်းသူတွေ၊ တစ်ချို့ကလည်း နေရာတွေပြောင်းကြသူ နဲ့ တစ်နေရာစီဝေးကြရင်း လွမ်းမိပါတယ် တပည့်တို့ရေ

ပုံတွေထဲမှာ မပါပေမဲ့ တို့ရဲ့ကျောင်းသား၊ကျောင်းသူတွေ၊ မိဘတွေ၊ မိသားစုတွေကို ကျွန်မဘယ်တော့မှ မမေ့ပါဘူးရှင့်၊ ကျွန်မတို့အခက်ခဲဆုံးဆိုတဲ့အချိန်တွေကို အတူတူကျော်ဖြတ်ခဲ့ကြရင်း ဒီနေ့ AALS- Aung Academy Language School ဆိုတဲ့ ကျောင်းသေးသေးလေးဖြစ်လာတဲ့ အဓိက အရေးပါတဲ့ ကျွန်မဘဝရဲ့ VVIP များ။

Tr Pont
December 2025

26/12/2025

End of year party at AALS🎉🎉🎉🥳🥳

Photos from AALS-Aung Academy Language School's post 16/12/2025

Teacher Training (AALS)

Teacher Taining အတန်းများအားလုံးကို တက်ကြွစွာပါဝင် တက်ရောက်ကြသော AALS မှ တီချယ်များ🥰🥰🥰

13/12/2025

December Session (FCE)⛄⛄

Good Luck Team FCE 🍀🍀🍀🍀

09/12/2025

December Exam Session (PET)

Good Luck Teresa 🍀🍀🍀🍀

Photos from AALS-Aung Academy Language School's post 28/11/2025

🎊🎊 2025 Staff Party(Ngwe Saung Trip🌊🌊)

AALS & AAPS (Aung Academy Language School နှင့် Aung Academy Preschool) မှ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ၏ 2025 Staff party 🎉🎉🎉🌊🌊🌊

Photos from AALS-Aung Academy Language School's post 25/11/2025

AALS-Aung Academy Language School မှ ဖွင့်လှစ်သင်ကြားနေသော Academic Courses များနှင့် မိတ်ဆက်ပေးပါရစေ🎉🎉

AALS မှ Academic Courses ဆိုတာဘာတွေလဲ💭💭❓❓❓
📚 အစိုးရသင်ရိုးများ နှင့် နိုင်ငံတကာသင်ရိုး နှစ်ခုကြား မှာ တံတားတစ်စင်းသဖွယ်ပေါင်းကူးပေးထားသော courses တွေဖြစ်ပါတယ် 🌉🌉

AALS မှ Academic courses တွေက❓❓
📌 Foundation Courses
📌 Primary Academic Courses
📌 Lower Secondary Academic Courses
📌 Secondary Courses

*****************
AALS မှ Academic Courses ကို အသက်ဘယ်လောက်ကနေစတက်လို့ရပြီလဲ❓❓
ဘယ်လို အကျိုးတွေကို ရစေမှာလဲ❓❓

📌 Foundation Courses 📌

✅ အသက် 6နှစ် မှ 7နှစ် ကလေးငယ်များအတွက် English ဘာသာစကားကို အခြေခံမှစတင်၍ သင်ကြားပေးပြီး Primary (မူလတန်း) အတန်းများအတွက် အခြေခံကောင်းများရရှိစေပါတယ်။

📌 Primary Academic Courses 📌
📌 Lower Secondary Courses📌
📌Secondary Courses📌

✅အသက် 7နှစ် မှ 17 နှစ်- အစိုးရသင်ရိုးကျောင်းများတွင်တက်ရောက်နေသော်လည်း International Curriculum များနှင့် အချိန်ပိုင်းသင်ယူလိုသော ကျောင်းသား၊ကျောင်းသူများတက်ရောက်နိုင်ပါတယ်။
English Classroom Environment တစ်ခုမှာ English ကို (Language skills) တစ်ခုထက် ပိုသော Academic Purpose အနေနဲ့ပါလေ့လာနိုင်ပါတယ်။

✅ အစိုးရသင်ရိုးကျောင်းများ မှ IGCSE, GED နှင့် OSSD စသော International High School Program များသို့ ပြောင်းရွှေ့တက်ရောက်လိုသော ကျောင်းသား၊ကျောင်းသူများ အတွက် အထူးသင့်လျော်သော အတန်းများဖြစ်ပါတယ်။

✅ International School များတွင် တက်ရောက်နေကြသော ကျောင်းသား၊ကျောင်းသူများ အတွက်လဲ Academic Writing, Academic Reading များကို လေ့လာသင်ကြားနိုင်ပါတယ်။

****************
💭💭 Academic Courses တွေက အတန်းတစ်ခုကို ကြာချိန်ဘယ်လောက် ရှိပါလဲ ❓❓❓

📌 Foundation Courses - (7-9 Months)
📌 Cambridge Primary အတန်းများ
သင်တန်းကာလ - 12Months
📌 Cambridge Lower Secondary အတန်းများ
သင်တန်းကာလ - 12Months
📌 Cambridge Secondary အတန်းများ
သင်တန်းကာလ- 12Months

💭💭 အတန်းတွေက ဘာလို့အဲ့လောက်ကြာတာလဲ❓❓❓

📌 English ကို ဘာသာစကားတစ်ခုအပြင် Academic Purpose တွေ၊

🎯 Writing Target
🎯 Reading Target
🎯 Grammar
🎯 Critical Thinking
🎯 Creativity
🎯 Collaboration Skills
🎯 Communicative Skills
🎯 Exam skills

🥰🥰 Skills တွေအများကြီးကို တစ်ဆင့်ပြီးတစ်ဆင့် လေ့လာရတဲ့ အတွက် အချိန်ယူရပါတယ်😊😊

***************

💭💭 တစ်ခြားကျောင်းမှ Starters ပြီးလို့ ဒီမှာ ဘယ်အတန်းတက်ရမလဲ ဟိုကျောင်းက level ဆို ဒီကျောင်းမှာ ဘယ် level လဲ ❓❓❓

🛎 အဖြေကတော့ မသိပါဘူးရှင့် (No)

ကလေးက AALS က level test ကိုဖြေရပါမယ်ရှင့်၊ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း မတူညီတဲ့ Course တွေ level သတ်မှတ်မှုတွေမတူလို့ပါ။

AALS မှာသင်ကြားနေတဲ့ course တွေနဲ့ ကလေးအနေထားကို ကိုက်ညီမှုရှိဖို့ test ဖြေပြီးမှ တက်ရပါမယ်။
****************************

📚 English ကို Academic Purpose အတွက် လေ့လာချင်ရင် AALS မှ Academic Course တွေကို Join နိုင်ပါတယ် 🥳🥳🥳

🛎🛎 Starters, Movers and Flyers စာမေးပွဲအတန်းတွေကို စိတ်ဝင်စားတဲ့ မေမေ တွေအတွက် သီးသန့် post ထပ်တင်ပေးပါမယ်ရှင့်



U-3/26, Nawaday Shophouse, Hlaing Thar Yar Township, Yangon

U-4/8 , Nawaday Shophouse, Hlaing Thar Yar Township, Yangon

09-778695126

09-763381053

https://aals.aungacademylanguageschool.com/

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


U-3, No. 26, 99 Street, Nawaday Housing, Hlaing Tharyar Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00