July (ဇူလိုင်လ) အတန်းသစ်
☘️ Basic Grammar Class J ☘️
✅ Monday and Tuesday
✅ 7:30 - 8:30 PM
✅ Grade 5 and 6
✅ Duration - one year
✅ Start on July 6 (Monday)
August (ဩဂုတ်လ) အတန်းသစ်
☘️ Elementary Grammar A2 ☘️
✅ Wednesday and Friday
✅ Grade 6/7/8/9
✅ Duration - one year
A2 Grammar ကို G7 / G8 / G8 ကလေးများ၊ KET Level ကလေးများ တက်ရောက်လို့ရပါတယ်
Active and Passive
Reported Speech
Conditionals တွေသင်မှာမို့ Grammar ပိုင်ချင်တယ်ဆို တက်လို့ရပါတယ်
ကျောင်းသားသစ်များက Level Test ဖြေပေးရပါမယ်
Teacher Win Pyae
Teach English to Young learners
13/06/2026
May ကမှ စတဲ့ Basic Grammar Class I က ပထမဆုံး ရေးဖြေ Test မှာ အမှတ်ပြည့်ရတဲ့ သမီးလေး ၂ ယောက်ရဲ့ answer papers တွေပါ
လက်ရေးက သပ်ရပ်ပြီး ရှင်းနေသလို စာကလည်းတော် သွက်လည်းသွက်ကြပါတဲ့သူတွေမို့ အမှတ်တရအဖြစ် တင်လိုက်ပါတယ်ရှင့်
July လမှာတော့ Basic Grammar Class J ညပိုင်းအတန်းသစ်ရှိပါမယ်
11/06/2026
တွေးတတ်အောင် သင်ပြီးမှ ရေးတတ်အောင် သင်ရပါတယ်
G3 အရွယ် Writing Level 1 Class မှ ကလေးများရဲ့ Writing လေ့ကျင့်မှုများ
Primary Grammar ကိုလည်း လေ့ကျင့်ချင်တယ် G5 English ကိုလည်း လေ့လာချင်တယ်ဆို ebook ၀ယ်ပြီး Additional Exercises file ကို လက်ဆောင်ယူပါရှင့်
G5 English ebook (pdf file) က ၆၀၀၀ ကျပ်ပါ Kpay နဲ့ ရပါတယ် Telegram ကနေ ၀ယ်ယူနိုင်ပါတယ်
PS: ebook ဆိုတာ တကယ့်စာအုပ်မဟုတ်ပါ ဖုန်းထဲကနေပဲ ကြည့်လို့ရတဲ့ file ဖြစ်ပါတယ်ရှင့်
Level 1 Writing Class မှာ ဘာတွေသင်မှာလဲဆိုတော့ Grade 3/4 ကလေးတွေအတွက် အရေးမှာ ကိုယ်တိုင် တွေးပြီးရေးတတ်အောင် လေ့ကျင့်ပေးမှာပါ
Grammar ကလည်း လိုအပ်တာမို့ Grammar ပါတဲ့အပြင် Vocabulary တွေလည်း ထည့်သွင်းသင်ကြားပေးမှာပါ
နောက်အပတ် တနင်္လာနေ့ 8.6.2026 မှာ စပါမယ်
6:30 - 7:30 PM
Monday and Tuesday
သင်တန်းကြေးက တစ်လချင်းသွင်းရတာပါရှင့်
Grade 5 English အတွက် တကယ်အသုံး၀င်တဲ့ ebook
(pdf file) လေးပါ
ကျွန်မရဲ့ G5 ကလေးတွေကိုလည်း ebook နဲ့ဘဲ လေ့ကျင့်
ပေးပါတယ်
02/06/2026
Summer Class ဖြစ်တဲ့ (Grade 4) ကလေးများ
Final Exam ဖြေပါပြီ အမှတ် ၁၀၀ ဖိုး တစ်အုပ်လုံးစစ်
ပြီး Grade 5 Final Exam အတိုင်း စစ်ထားပါတယ်
Grammar and Writing (Level 1) အတန်းကို
နောက်အပတ် 8.6.2026 (Monday) မှာ စပါမယ်ရှင့်
Monday and Tuesday
6:30 - 7:30 PM
Duration - 5 months
အတန်းတက်ဖို့ စာရင်းပေးထားသူများကို ဒီအပတ်အတွင်း ဆက်သွယ်ပေးပါမယ်ရှင့်
အသုံးများပြီး သိထားသင့်သော " Adverbs "
🌟 always = အမြဲတမ်း
🌟 usually = များသောအားဖြင့်
🌟 often = မကြာခဏ
🌟 sometimes = တစ်ခါတစ်ရံ
🌟 regularly = ပုံမှန်၊ အချိန်မှန်
🌟 never = ဘယ်တော့မှ
🌟 hardly ever = နည်းနည်းမျှ ( မရှိသလောက်နီးနီး)
🌟 seldom = ကြုံတောင့်ကြုံခဲ
🌟 rarely = ရှားရှားပါးပါး။ ကြုံတောင့်ကြုံခဲ။
🌟 normally = ပုံမှန်အားဖြင့်။ သာမန်အားဖြင့်။
🌟 finally= နောက်ဆုံးတော့
🌟 now = အခု
🌟 today = ယနေ့
🌟 tonight = ဒီည
🌟 yesterday = မနေ့က
🌟 tomorrow = မနက်ဖြန်
🌟 later = နောက်မှ
🌟 soon = မကြာခင်
🌟 slowly = နှေးကွေးစွာ
🌟 beautifully = လှပစွာ
🌟 quickly = အမြန်၊မြန်မြန်
🌟 quietly = တိတ်ဆိတ်စွာ၊ တည်တည်ငြိမ်ငြိမ်
🌟 well = ကောင်းစွာ
🌟 fast = လျင်မြန်စွာ၊မြန်မြန်
🌟 happily = ပျော်ရွှင်စွာ
🌟 carefully = ဂရုစိုက်စွာ
🌟 here = ဒီမှာ
🌟 there = ဟိုမှာ
🌟 abroad = နိုင်ငံခြားမှာ
Verb Form / Word Form တွေကို အလွတ်ကျက်ပြီး ဖြေလေ့ရှိလား ❓❓❓
Verb Form / Word Form တွေကို တချို့ကလေးတွေက အလွတ်ကျက်ပြီးဖြေကြတာကို တွေ့ရပါတယ်။ ကျောင်းကပေးထားတဲ့ မေးခွန်းအပုဒ် ၁၀/၂၀ ကို အလွတ်ကျက်ထားလိုက်ကြတယ် မေးခွန်းလှည့်လိုက်တော့ ဘာဖြေရမှန်းကို မသိကြတော့ဘူး။
❌Verb Form / Word Form သည် လုံး၀အလွတ်ကျက်စရာမလိုပါဘူး။ ❌
Verb Form ကို ဖြေနိုင်ချင်ရင် Tenses တွေကို နားလည်ကျွမ်းကျင်ရပါမယ်။ သူ့အတန်းလိုက်သင်ထားတဲ့ Tenses တွေ model verbs + Vinf , to + Vinf , Sub Verb agreement & Gerund တွေကို ကောင်းကောင်းသဘောပေါက်ရင် Verb Form ကို ဘယ်လိုမေးမေးဖြေနိုင်မှာပါ။ ဒါပေမယ့် Verb တစ်လုံးရဲ့ Present Tense, Past Tense, Past Participle, Present Participle တွေကိုတော့ ကျက်ထားရပါမယ်။
Word Form ဖြေနိုင်ဖို့ဆိုရင် Adjectives ရဲ့အသုံးပြုပုံတွေ၊ degree of adjectives, Adverbs, Pronouns, Nouns, Quantifiers တွေကို သဘောပေါက်ရင် ဘယ်လိုမေးမေး အေးဆေးဖြေနိုင်မှာပါ။ စကားလုံးတစ်လုံးကို မြင်ရင် V လား N လား ခွဲတတ်ရပြီး အဲ့စကားလုံးရဲ့ တခြားပုံစံတွေကိုလည်း သိရပါမယ်
e.g beautiful (adj) , beautifully (adv), beauty (N)
ဒါကြောင့် Verb Form / Word Form တွေကို အေးဆေးဖြေနိုင်ဖို့ Basic Grammar ကို သင်ထားဖို့လိုပါတယ်။ Basic Grammar အပြင် Vocabulary ကိုပါ ကျက်ထားရင် ဖြေတဲ့အခါ ကျက်စရာမလိုဘဲ အထောက်အကူပြုပြီး လွယ်ကူနေပါလိမ့်မယ်ရှင့်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |