17/06/2026
Food & Beverage Service Training အတွက် FREE Webinar!
Hospitality Industry တွင် အောင်မြင်သော Professional တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်သော အခြေခံမှစ၍ လက်တွေ့အသုံးချနိုင်မည့် ဝန်ဆောင်မှုနည်းဗျူဟာများကို လေ့လာနိုင်မည့် “Food & Beverage Service Training” FREE Webinar သို့ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။
📌 Webinar တွင်
✔️ သင်တန်းအတွက် ပံ့ပိုးကူညီပေးသော Heineken Myanmar နှင့် သင်တန်းကို အကောင်အထည်ဖော် စီစဉ်ပေးသည့် Center for Vocational Training (CVT) တို့အကြောင်း မိတ်ဆက်ပေးခြင်း
✔️ Food & Beverage Service Training တွင် သင်ကြားပေးမည့် အဓိကဘာသာရပ်များနှင့် လေ့ကျင့်သင်ကြားမှုပုံစံများ
✔️ သင်တန်းကာလ၊ Apprenticeship - အလုပ်အကိုင်ချိတ်ဆက်ပေးမှုဆိုင်ရာ အချက်အလက်များ
✔️ Hospitality Career Development အတွက် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများနှင့် အကြံပြုချက်များ
✔️ ထို့အပြင် မနှစ်က ယခုအချိန်ကာလတွင် သင်တန်းပြီးမြောက်ခဲ့ပြီး လက်ရှိ လုပ်ငန်းခွင်တွင် အောင်မြင်စွာ လုပ်ကိုင်နေကြသော Alumni များ၏ အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သော တတ်မြောက်မှုများကို အသက်မွေးဝမ်းကျောင်း လမ်းကြောင်းပေါ်တွင် မည်သို့အသုံးချခဲ့ကြောင်းနှင့် Professional Career တစ်ခုကို ယုံကြည်မှုရှိရှိ တည်ဆောက်နိုင်ခဲ့သည့် မျှဝေမှုများကိုလည်း နားဆင်ရမည်ဖြစ်ပါသည်။
Food & Beverage Industry ကို စိတ်ဝင်စားသူများ၊ Hospitality Career ကို စတင်တည်ဆောက်လိုသူများအတွက် လက်လွတ်မခံသင့်သော Webinar တစ်ခု ဖြစ်ပါသည်။
&b
&beverage
17/06/2026
❤️ 🫱🏻🫲🏼 ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) နှင့် ဆယ်မိုင်အထူးကုဆေးခန်းတို့ပူးပေါင်း၍ အင်းစိန်မြို့နယ်တွင် မိဘပြည်သူများအတွက် အခမဲ့ နှလုံးကျန်းမာရေးစောင့်ရှောက်ပေးမှုအစီအစဉ် (𝐇𝐞𝐚𝐫𝐭 𝐭𝐨 𝐇𝐞𝐚𝐫𝐭 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧) ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ် 📣📣 ။
ထို 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 တွင် နှလုံးကျန်းမာရေးစစ်ဆေးမှုများဖြစ်ကြသည့်
✅နှလုံးအထူးကုဆရာဝန်ကြီးနှင့်တိုင်ပင်ဆွေးနွေးကုသပေးခြင်း
✅နှလုံးတယ်လီဗေးရှင်းဓာတ်မှန် (𝐄𝐜𝐡𝐨) ရိုက်ကူးပေးခြင်း
✅𝐄𝐂𝐆 ရိုက်ကူးပေးခြင်း
✅သွေးတွင်းအဆီဓာတ်/သံဓာတ်/သကြားဓာတ်တိုင်းတာစစ်ဆေးပေးခြင်း
✅လိုအပ်သောဆေးဝါးများပံ့ပိုးပေးခြင်း စသည်တို့ ဖြစ်ပါတယ် ။
📅 နေ့ရက် - 𝟏𝟖.𝟔.𝟐𝟎𝟐𝟔 ( 𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲)
🕛 အချိန် - 𝟑:𝟎𝟎 𝐏𝐌 𝐭𝐨 𝟓:𝟎𝟎 𝐏𝐌
📍နေရာ - ဆယ်မိုင် အထူးကုဆေးခန်း ၊ အင်းစိန်မြို့နယ် ။
⭐ဆေးခန်းပြသလိုသူများအနေဖြင့် ဖုန်းနံပါတ် 📞 𝟎𝟗 𝟒𝟎𝟏 𝟖𝟎𝟏 𝟎𝟐𝟎 နှင့် 𝟎𝟗 𝟕𝟔𝟖 𝟏𝟎𝟕 𝟎𝟎𝟎 သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ် ။
🏥ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐅𝐫𝐞𝐞𝐎𝐟𝐂𝐡𝐚𝐫𝐠𝐞
#𝐇𝐞𝐚𝐫𝐭𝐭𝐨𝐇𝐞𝐚𝐫𝐭𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧
17/06/2026
နိုင်ငံတကာဘာသာစကား စာမေးပွဲကြေးပညာသင်ဆု လျှောက်လွှာခေါ်ယူခြင်း
နိုင်ငံတကာဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲများသည် ပညာရေး၊ ပညာသင်ဆုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများကို တိုးချဲ့နိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ သို့သော် စာမေးပွဲကြေး ကုန်ကျစရိတ်သည် လူငယ်များစွာအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲ ဖြစ်ပါသည်။
ထိုအခက်အခဲကို လျော့ပါးစေရန်နှင့် ပညာရေးအခွင့်အလမ်းများ ပိုမိုလက်လှမ်းမီနိုင်စေရန် ရည်ရွယ်၍ တို့သစ်ပင်များ ပညာရေးဖောင်ဒေးရှင်း (Our Trees Education Foundation) မှ "နိုင်ငံတကာဘာသာစကား စာမေးပွဲကြေးပညာသင်ဆု" အတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီ ဖြစ်ပါသည်။
📌 ယခုပထမအကြိမ်တွင် ပညာသင်ဆု (၁၅) ဦး ကို ရွေးချယ်ပံ့ပိုးပေးသွားမည် ဖြစ်ပြီး၊ ပံ့ပိုးပေးမည့် စာမေးပွဲများမှာ IELTS, TOEFL, Duolingo English Test, JLPT, TOPIK နှင့် အခြား နိုင်ငံတကာဘာသာစကားကျွမ်းကျင်မှု စာမေးပွဲများ လည်းပါဝင်မည် ဖြစ်ပါသည်။
📌၂၀၂၆ ခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလအတွင်း နိုင်ငံတကာဘာသာစကား ကျွမ်းကျင်မှုစာမေးပွဲများ ဖြေဆိုရန် ပြင်ဆင်နေပြီး အောက်ပါအချက်များအနက် အနည်းဆုံးတစ်ချက်နှင့် ကိုက်ညီသူ မြန်မာလူငယ်များ လျှောက်ထားနိုင်ပါသည်။
(၁) ပဋိပက္ခဒေသ သို့မဟုတ် လွတ်မြောက်နယ်မြေတွင် စစ်ဘေးတိမ်းရှောင်နေရသူများ
(၂) တော်လှန်ရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူ/ခဲ့သူများ
📌လိုအပ်သောစာရွက်စာတမ်းများမှာ Application Form, Recommendation Letters (၂ စောင်), CV / Resume တို့ဖြစ်ပြီး၊
Recommendation Letters နှစ်စောင်တွင် - ပညာရေးနောက်ခံနှင့် ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြသည့် ထောက်ခံစာ၊ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်း (သို့) စစ်ဘေးရှောင်စခန်း/ဒုက္ခသည်စခန်း တာဝန်ခံ၏ ထောက်ခံစာတို့ ပါဝင်ရမည် ဖြစ်ပါသည်။
📌 ရွေးချယ်ခံရသူများ၏ စာမေးပွဲကြေးကို တို့သစ်ပင်များ ပညာရေးဖောင်ဒေးရှင်း မှ သက်ဆိုင်ရာ စာမေးပွဲစင်တာသို့ တိုက်ရိုက်ပေးသွင်းသွားမည် ဖြစ်ပါသည်။ လျှောက်ထားသူများထံသို့ ငွေသား သို့မဟုတ် ငွေလွှဲပေးခြင်းများ ပြုလုပ်မည် မဟုတ်ပါ။
📌လျှောက်ထားခြင်း အချိန်ဇယားမျာကို ဖော်ပြပါအတိုင်းပြုလုပ်သွားမည်ဖြစ်ပါသည်။
• လျှောက်လွှာလက်ခံကာလ - ဇွန်လ ၁၅ ရက် မှ ဇူလိုင်လ ၁၅ ရက် အထိ
• ရွေးချယ်စိစစ်မည့်ကာလ - ဇူလိုင်လ ၁၆ ရက် မှ ၃၁ ရက် အထိ
• လူတွေ့မေးမြန်းခြင်း - ဇူလိုင်လ တတိယပတ် မှ စတုတ္ထပတ်
• ရလဒ်ကြေညာခြင်း - ဩဂုတ်လ ပထမပတ်
🔗 လျှောက်လွှာဖြည့်ရန်နှင့် မေးလေ့ရှိသော မေးခွန်းများ(FAQ)
https://drive.google.com/drive/u/4/folders/1M1cIHFSvwsmYmXx9w1sF2X590fE1tQ6M
🌱 ပညာရေးကို ဆက်လက်လေ့လာရန် ကြိုးပမ်းနေသူ လူငယ်များအတွက် ဤအစီအစဉ်သည် အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ လိုအပ်သော အချက်အလက်များကို သေချာဖတ်ရှုပြီး သတ်မှတ်ထားသော ကာလအတွင်း လျှောက်ထားနိုင်ပါသည်။
16/06/2026
Leadership Camp တစ်ခုဖြစ်တဲ့ Global Leadership Academy Discovery (GLA Discovery) Program နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီ Program လေးဟာဆိုရင်အသက် 10 မှ 17 နှစ်ကြား လူငယ်များအတွက် စီစဉ်ထားတဲ့ transformative summer leadership programme တစ်ခုဖြစ်ပြီး လူငယ်များကို
✅ Self-confidence
✅ Leadership skills
✅ Global mindset တို့ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ထားသော program တစ်ခုဖြစ်ပါတယ်။
Program အတွင်းမှာ award-winning experience-based learning approach ကို အသုံးပြုထားပြီး games, challenges, group activities, discussions, နှင့် reflections များမှတဆင့် လူငယ်များကို comfort zone ထဲက ထွက်လာစေပါမယ်။
မိမိကိုယ်ကိုလည်း ပိုမိုနားလည်လာမယ့်အပြင် skills & networks အသစ်များ ရရှိလာစေကာ မိမိပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်သော change maker ဖြစ်လာစေရန် စီစဉ်ပေးထားတဲ့ Program တစ်ခုလည်းဖြစ်ပါတယ်။
===============
Camp Information
🗓️ Session 1: 21 June – 27 June 2026
🗓️ Session 2: 5 July – 11 July 2026
⏳ Camp Duration: 7 Days / 6 Nights
📍 Location: NSRCC Changi, Singapore 🇸🇬
💰 Camp Fee: SGD 2,950 (Early registration discount available)
===============
ဒီအစီအစဉ်မှာ ဘာတွေပါဝင်သလဲ။
✅ Accommodation arranged for all campers
✅ Daily meals provided
✅ Activity fees included
✅ Programme materials and resources provided
✅ 24-hour supervision and care
✅ Airport pick-up and drop-off assistance
✅ Certificate upon completion
===============
နိုင်ငံတကာမှ လူငယ်များနှင့် တွေ့ဆုံရင်း leadership skills, confidence, teamwork နှင့် global perspective တို့ကို အားကောင်းစေမည့် အခွင့်အရေးကောင်းတစ်ခုဖြစ်တာကြောင့် စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ။
Application Link
https://campdiscoveryasia.com/registration/
For More Information
https://powerfulyouth.com/global-leadership-academy.../
မေလ ၁၈ ရက်နေ့တွင် ဒီ Program နဲ့ပတ်သက်ပြီး Information Sharing Sessionတစ်ခု ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ Program တွင် ပါဝင်ရန် စိတ်ဝင်စားပါက အောက်တွင်ပေးထားသော Zoom link မှတစ်ဆင့် လွတ်လပ်စွာ တက်ရောက်နိုင်ပြီး မေးမြန်းလိုသော မေးခွန်းများကိုလည်း ပြင်ဆင်ယူဆောင်လာနိုင်ပါသည်။
Information Sharing Session;
Date : 18th May, 2026
Time : 7:00 - 8:00 PM
https://us06web.zoom.us/j/84055020114?pwd=O3VvnCVqCatqbPfgC4ec1aMoZgbwu4.1&jst=2
Meeting ID: 840 5502 0114
Passcode: 915703
Contact Us 👉09956042735
16/06/2026
Netherlands မှာ Teenagers တွေအတွက် အကောင်းဆုံး International Opportunity လာပြီ!
"Brave Conversations: Challenging Truths (BCCT)"
ကမ္ဘာတဝှမ်းက လူငယ်များနဲ့တွေ့ဆုံပြီး leadership, critical thinking, communication skills တိုးတက်စေမယ့် ၂ ပတ်တာ residential programme ဖြစ်ပါတယ်။
📅 Dates - 3 August to 18 August 2026
📍 Location - Netherlands
🗣 Language - English
⏰ Deadline - 20 May 2026
🎯 Eligibility
✅ အသက် 15 မှ 17 နှစ်အတွင်းရှိသူများ
✅ Programme တစ်ခုလုံး တက်ရောက်နိုင်သူများ
💰 Course Fee
🔹 EUR 1600 (Direct applicants - travel fee မပါ)
နိုင် ငံတကာ မှ လူငယ်တွေနဲ့ networking ချိတ်ဆက်မယ်၊ confidence တိုးမယ်၊ future leader skills တိုးတက်မယ်ဆိုရင် ဒီ programme ကို လက်မလွတ်သင့်ပါဘူး!
အသေးစိတ်သိရှိလိုပါ က အောက်ပါ Link မှတဆင့် လေ့လာနိုင်ပါသည်။
https://uwc.org/short-course/netherlands-brave-conversations-challenging-truths-bcct/
Application Link
https://docs.google.com/forms/d/e/1FAIpQLSebjRj_g_jggTgLCHn4HlOdoPtANeYJk_rPfx7PH8MYSyIvJw/viewform
Short Course Short Course in Netherlands
16/06/2026
အင်ဒိုနီးရှားလည်း အသက် ၁၆ နှစ်အောက် ကလေးငယ်တွေ ဆိုရှယ်မီဒီယာ သုံးခွင့် တားမြစ်မယ်
ဧရာဝတီ၊ မတ် ၁၄၊ ၂၀၂၆
အင်ဒိုနီးရှား အစိုးရဟာ အသက် ၁၆ နှစ်အောက် ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာ အသုံးပြုမှု တားမြစ်မယ့် ဥပဒေ တရပ် ပြဌာန်းဖို့ စီစဉ်နေပါတယ်။
ဩစတြေးလျ နိုင်ငံက စတင်လိုက်တဲ့ ကလေးသူငယ်ဆိုရှယ်မီဒီယာ အသုံးအပြုမှု ကန့်သတ်ပိတ်ပင်ရေးဟာ ဗြိတိန် အပါအဝင် ဥရောပတိုက်နိုင်ငံတွေမှာလည်း စီစဉ်နေပြီး အခု အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်လာတာဖြစ်ပါတယ်။
စည်းမျဉ်းသစ်တွေအရ ပလက်ဖောင်းတွေဟာ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေ အသုံးပြုနေတဲ့ အကောင့်တွေကို မတ်လ ၂၈ ရက်နေ့ မတိုင်မီ ပိတ်ပင်ရမယ်လို့ ဆိုပါတယ်။
ဒစ်ဂျစ်တယ် ထိတွေ့မှုတွေရဲ့ အင်ဒိုနီးရှား လူငယ်များအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်တဲ့ အတွက် ဥပဒေ ပြဌာန်းရခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ် ဆိုင်ရာ ဝန်ကြီး Meutya Hafid က ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဓာတ်ပုံတွေ၊ ဆိုက်ဘာ အနိုင်ကျင့်မှုတွေ၊ အွန်လိုင်း လိမ်လည်မှုတွေနဲ့ အင်တာနက် စွဲလမ်းမှု မြင့်တက်လာတွေက ပိတ်ပင်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေဖြစ်တယ် လို့လည်း ဝန်ကြီးက ထပ်လောင်း ပြောကြားပါတယ်။
ပလက်ဖောင်း အတော်များများကို ပိတ်ပင်ဖို့ ညွှန်ကြားထားပြီး ကနဦးစာရင်းမှာ YouTube, Facebook, Instagram, TikTok, Threads, X (Twitter), Bigo Live နဲ့ Gaming Platform တခုဖြစ်တဲ့ Roblox ပါ ပါဝင်မယ်လို့ သိရပါတယ်။
ဥပဒေဟာ မတ်လ နှောင်းပိုင်းမှာ အပြည့်အဝ အသက်ဝင်မယ်လို့ သိရပြီး အင်ဒိုနီးရှားဟာ ဩစတြေးလျ ပြီးရင် ကလေးသူငယ် ဆိုရှယ်မီဒီယာ အသုံးပြုမှု ပိတ်ပင်တဲ့ ကမာ္ဘ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပြီလို့ ဆိုပါတယ်။
ကမာ္ဘ့နိုင်ငံအသီးသီးဟာ ကလေးသူငယ်တွေအတွက် ဒစ်ဂျစ်တယ် လုံခြုံရေးကို ဦးစားပေးနေကြတာ ဖြစ်ပြီး ပြင်သစ်၊ ဒိန်းမတ်၊ ဂရိ၊ စပိန် အပါအဝင် ဥရောပနိုင်ငံ အတော်များများဟာ အလားတူ ဥပဒေ ပြဌာန်းဖို့ ဥရောပသမဂ္ဂ (EU) ကို တိုက်တွန်းနေကြတယ် လို့လည်း သိရပါတယ်။
Website တွင် ဖတ်ရန် https://bit.ly/4boon4i
Ref : Bangkok Post