13/06/2026
📢 အသိပေးချက်
Placement Test ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ခွင့်ကတ်များကို ကျောင်းတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
Monday နေ့ နံနက် 9:00 နာရီ အရောက် မိမိဖြေဆိုရမည့် ကျောင်းသို့ မိဘများမှ သွားရောက်ပို့ဆောင်ပေးကြပါရန် အသိပေးအပ်ပါသည်။
ကျေးဇူးတင်ပါသည်။
12/06/2026
အသိပေးအကြောင်းကြားခြင်း
Placement Test ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားလုံး မနက်ဖြန် နံနက် ၇:၃၀ နာရီ အရောက် ကျောင်းသို့ လာရောက်ကြပါရန် အသိပေးအပ်ပါသည်။
ကျောင်းသို့ ရောက်ရှိပါက စာမေးပွဲခုံနံပါတ်များကို ထုတ်ပြန်ပေးမည်ဖြစ်ပါသဖြင့် အချိန်မီ လာရောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Mentor Private Middle School
07/06/2026
📢 ကျောင်းသူ၊ ကျောင်းသား မိဘများသို့ အသိပေးအကြောင်းကြားခြင်း
ကျောင်းသူ၊ ကျောင်းသားများ၏ ကျောင်းဝတ်စုံ ဝတ်ဆင်မှု ပုံစံအား အောက်ပါအတိုင်း သတ်မှတ်ထားပါကြောင်း အသိပေးအပ်ပါသည်။
🔹 Monday, Wednesday, Friday
အဖြူရောင် အင်္ကျီနှင့်
ဘောင်းဘီနက်ပြာ / စကပ်သမင်ရောင် ဝတ်ဆင်ရန်
🔹 Tuesday, Thursday
ခဲရောင် အင်္ကျီနှင့်
အနက်ရောင် ဘောင်းဘီ / စကပ် ဝတ်ဆင်ရန်
မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို သတ်မှတ်ထားသော ဝတ်စုံအတိုင်း စနစ်တကျ ဝတ်ဆင်လာနိုင်ရန် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်ပါသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့
01/06/2026
📢 ကျောင်းတက်ချိန် အသိပေးကြေညာခြင်း
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းတက်ချိန်နှင့် ပတ်သက်၍ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပေးကြေညာအပ်ပါသည်။
ယခုအပတ်အတွင်း ကျောင်းသား၊ ကျောင်းသူများသည် နံနက်ပိုင်းသာ ကျောင်းတက်ရောက်ရမည် ဖြစ်ပါသည်။
🕘 ယခုအပတ် ကျောင်းတက်ချိန်
နံနက် ၉:၀၀ နာရီမှ နံနက် ၁၁:၃၀ နာရီအထိ
ထို့ကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား နံနက် ၁၁:၃၀ နာရီတွင် အချိန်မီ လာရောက်ကြိုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လာမည့်အပတ်မှစ၍ ပုံမှန်ကျောင်းတက်ချိန်အတိုင်း ကျောင်းတက်ရောက်ရမည် ဖြစ်ပါသည်။
🕘 ပုံမှန်ကျောင်းတက်ချိန်
နံနက် ၉:၀၀ နာရီမှ ညနေ ၃:၃၀ နာရီအထိ
မိဘအုပ်ထိန်းသူများ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့
30/05/2026
📢 ကျောင်းချိန်ဇယား ကြေညာချက်
Samuel Private Middle School ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းချိန်ဇယားအား အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်။
⏰ ကျောင်းချိန်
နံနက် ၉:၀၀ နာရီမှ ညနေ ၃:၃၀ နာရီအထိ
📚 နံနက်အချိန်ဇယား
နံနက် ၉:၀၀ နာရီမှ ၁၁:၃၀ နာရီအထိ
🍽️ နေ့လည်ထမင်းစားချိန်
နံနက် ၁၁:၃၀ နာရီမှ နေ့လည် ၁၂:၁၅ နာရီအထိ
📖 ညနေအချိန်ဇယား
နေ့လည် ၁၂:၁၅ နာရီမှ ညနေ ၃:၃၀ နာရီအထိ
ကျောင်းသား၊ ကျောင်းသူများအားလုံး သတ်မှတ်ထားသော ကျောင်းချိန်အတိုင်း အချိန်မှန် တက်ရောက်ကြပါရန် အသိပေးအပ်ပါသည်။
Samuel Private Middle School
22/05/2026
ဒီနှစ် ၂၀၂၆ Summer English Class လေးဟာ
ရယ်မောသံတွေ၊ စာသင်ခန်းထဲက ပျော်ရွှင်မှုတွေ၊
ကြိုးစားခဲ့တဲ့ အမှတ်တရတွေ နဲ့ ပြည့်နေခဲ့ပါတယ်။ 🤍
ခဏတာ နှုတ်ဆက်ရပေမယ့်
ဒီခွဲခွာမှုက နောက်ထပ် ပိုကောင်းတဲ့ ပြန်ဆုံမှုအတွက်ပါ။
သားသားမီးမီးများအားလုံး
စာတွေ ဆက်ကြိုးစားပြီး အိပ်မက်တွေကို မလျော့စေဘဲ
တိုးတက်တဲ့ ကလေးတွေဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ✨
၁.၆.၂၀၂၆ ပညာသင်နှစ်မှာ
ပိုကောင်းတဲ့ version တွေနဲ့
ပြန်လည်ဆုံတွေ့ကြမယ်နော်။ 📚❤️
“Goodbye is not the end.
It simply means… see you again soon.” 🌻
21/05/2026
📢 အလုပ်ခေါ်စာ
ကျောင်းသား/ကျောင်းသူများကို အရည်အသွေးပြည့်မီစွာ သင်ကြားလမ်းညွှန်ပေးနိုင်မည့်
G10 Bio ဆရာ၊ ဆရာမ နှင့် Guide ဆရာ၊ ဆရာမ များ အလိုရှိပါသည်။
📌 ခေါ်ယူမည့်ရာထူးများ
✅ Grade 10 Biology (G10 Bio) ဆရာ/ဆရာမ
✅ Guide ဆရာ/ဆရာမ
သက်ဆိုင်ရာဘာသာရပ်ကို ကျွမ်းကျင်စွာ သင်ကြားနိုင်ပြီး တာဝန်ယူမှုရှိသူများ လျှောက်ထားနိုင်ပါသည်။
📩 စိတ်ဝင်စားသူများအနေဖြင့် CV / ကိုယ်ရေးအကျဉ်း ပေးပို့၍ လျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#အလုပ်ခေါ်စာ #ဆရာဆရာမအလိုရှိသည်
19/05/2026
📢 ကျောင်းသူ/သားဟောင်းများအတွက် အသိပေးနှိုးဆော်ချက်
လာမည့်ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလိုသော ကျောင်းသူ/သားဟောင်းများ အနေဖြင့် အမြန်ဆုံး လာရောက်အပ်နှံပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
ယခုနှစ်တွင် ကျောင်းသူ/သားဟောင်းများကို ဦးစားပေးလက်ခံပေးနေပါသော်လည်း သတ်မှတ်ထားသော ကျောင်းသားဦးရေမှာ ပြည့်ခါနီးနေပြီ ဖြစ်ပါသည်။
ထို့ကြောင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် နေရာအတည်ပြုနိုင်ရန် အမြန်ဆုံး နာမည်စာရင်းပေးသွင်းပြီး ကျောင်းအပ်နှံပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
⚠️ နေရာအကန့်အသတ်ရှိပါသဖြင့် နောက်ကျပါက နေရာမရရှိနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ကျေးဇူးတင်ပါသည်။
ယနေ့ပင် စာရင်းပေးသွင်းလိုက်ပါ။
14/05/2026
🎓 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်
ကျောင်းအပ်လက်ခံခြင်း စတင်နေပါပြီ။
📚 အရည်အသွေးမြင့် ပညာရေးနှင့်အတူ
🗣️ English Speaking & Communication Skill များကိုပါ
ယုံကြည်မှုရှိရှိ တိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးနေပါသည်။
📖 သင်ကြားပေးမည့် Program များ —
✅ အစိုးရသင်ရိုးညွှန်းတမ်း
✅ Oxford University Press English (4 Skills) – Video & Audio Included
✅ Oxford University Press Phonics (Primary Years)
✅ Oxford University Press Mathematics
✅ Pearson English (4 Skills) – Video & Audio Included
✅ Cambridge University Press & Assessment English Grammar
✨ Modern Teaching System
✨ စည်းကမ်းကောင်းမွန်သော သင်ယူမှုဝန်းကျင်
✨ ကျောင်းသားတစ်ဦးချင်းစီကို အနီးကပ်ဂရုစိုက်သင်ကြားပေးခြင်း
⚠️ လူဦးရေ ကန့်သတ်ထားသောကြောင့်
စာရင်းပြည့်ခါနီးပါပြီ။
အမြန်ဆုံး ကျောင်းအပ်နှံထားရန် ဖိတ်ခေါ်အပ်ပါသည်။
🎓 Enrollment for the 2026–2027 Academic Year is now open!
Give your child the opportunity to receive:
📚 Quality Education
🗣️ Strong English Speaking & Communication Skills
✨ A disciplined and supportive learning environment
📖 Programs We Offer —
✅ Government Curriculum
✅ Oxford University Press English (4 Skills) – Video & Audio Included
✅ Oxford University Press Phonics (Primary Years)
✅ Oxford University Press Mathematics
✅ Pearson English (4 Skills) – Video & Audio Included
✅ Cambridge University Press & Assessment English Grammar
We focus not only on academic excellence but also on helping students become confident English speakers.
✨ Modern Learning System
✨ Individual Care & Attention
✨ Effective English Learning Programs
⚠️ Seats are limited and registration is filling up quickly.
Enroll now to secure your child’s place!
📍Your Child’s Bright Future Starts Here.
#ကျောင်းအပ်လက်ခံနေပါပြီ #ကလေးမြို့ကျောင်း