GSP - Good Shepherd Preschool

GSP - Good Shepherd Preschool

Share

GSP - Good Shepherd Preschool “ Building holistic foundation for a bright future "

Photos from GSP - Good Shepherd Preschool's post 17/06/2026

📚 “အသက် ၃ နှစ်၊ ၄ နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက် စာမဖတ်တတ်သေးတာ အစောပိုင်းကာလ သင်ယူတတ်မြောက်မှုအတွက် နောက်ကျနေပြီလား❓

💥ဒီမေးခွန်းလေးကို မိဘတော်တော်များများ စိတ်ပူပြီး မေးတတ်ကြပါတယ်ရှင့်။

👬တကယ်တော့ မူကြိုအရွယ်ကလေးတစ်ယောက်အတွက် စာတတ်မှု ဆိုတာ A, B, C အကုန်မှတ်မိနေခြင်း၊ စာလုံးတွေ ပေါင်းဖတ်နိုင်ခြင်းတစ်ခုတည်းကိုပဲ မဆိုလိုပါဘူး။

👬ကလေးတစ်ယောက်က ပုံပြင်လေးတွေကို စိတ်ဝင်တစား နားထောင်နေတယ်၊ ပုံထဲကအရာတွေကို လက်ညှိုးထိုးပြီး “ဒါဘာလဲ” လို့ မေးနေတယ်၊ သူ့နေ့စဉ်အတွေ့အကြုံလေးတွေကို ပြန်ပြောပြနေတယ်ဆိုရင်… အဲဒါတွေကလည်း စာဖတ်ရေးအတွက် အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းလေးတွေ ဖြစ်နေပါပြီ။

🌱 အစောပိုင်းစာတတ်မှု (Early Literacy) ဆိုတာ ကလေးရဲ့ နားထောင်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း၊ စိတ်ကူးဖော်ပြနိုင်စွမ်း၊ စာအုပ်များအပေါ် စိတ်ဝင်စားမှုနဲ့ အက္ခရာအသံပုံစံများကို တဖြည်းဖြည်း ရင်းနှီးလာစေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

👬ဒါကြောင့် မူကြိုအရွယ်မှာ

⚠️“ ကျောင်းမှာ စာဘယ်လောက် သင်နေပြီလဲ ၊ ဘယ်လောက်တတ်ပြီလဲ” ဆိုတာထက်

✅“စာကိုချစ်လာပြီလား၊ မေးခွန်းတွေ များလာပြီလား၊ ပြောဆိုဖော်ပြနိုင်လာပြီလား” ဆိုတဲ့ အချက်တွေက ပိုပြီး အရေးကြီးပါတယ်။

ဒီလို ရိုးရှင်းတဲ့အရာတွေကို မိမိကလေးဆီမှာ မြင်တွေ့လာရဖို့

📖 ညအိပ်ရာမဝင်ခင် ပုံပြင်တစ်ပုဒ် ဖတ်ပြပေးခြင်း
🎵 သီချင်းဆိုပြီး စကားလုံးအသစ်တွေ သင်ပေးခြင်း
🗣️ နေ့စဉ် ဖြစ်သမျှ အကြောင်းအရာလေးတွေကို ကလေးနဲ့ စကားပြောပေးခြင်း ဆိုတဲ့

ရိုးရှင်းတဲ့ အချိန်လေးတွေကပဲ ကလေးအတွက် အဖိုးတန်ဆုံး စာတတ်မြောက်မှု အခြေခံအုတ်မြစ်တွေ ဖြစ်လာပါတယ်ရှင်။

🌼 တကယ်တော့ ကလေးတစ်ယောက် စာတတ်လာခြင်းဟာ စာအုပ်တစ်အုပ်ကို ဖတ်နိုင်တဲ့နေ့မှ စတင်တာ မဟုတ်ပါဘူး။ သူ့ပတ်ဝန်းကျင်ကို စူးစမ်းမေးမြန်းပြီး စကားလုံးလေးတွေကို စတင်ချစ်မြတ်နိုးလာတဲ့ နေ့ကတည်းက စတင်နေပါပြီ။

💛 ဒါကြောင့် ကျွန်မတို့ ကျောင်းမှာလည်း ကလေးတွေကို စာတွေ အက္ခရာ‌တွေ အလျင်စလို ကျက်မှတ်ခိုင်းတာထက် သူတို့ရဲ့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ပျော်ရွှင်ဖွယ် သင်ယူမှုလေးတွေကနေ စာတတ်မြောက်မှုရဲ့ အခြေခံကောင်းတွေ ကိုတည်ဆောက်ပေးနေပါတယ်ရှင်။

📖 ပုံပြင်လေးတွေ နားထောင်ပြီး မိမိနားလည်သလို ပြန်ပြောကြည့်တာ၊
🗣️ ဆရာ၊ ဆရာမ၊ သူငယ်ချင်းတွေနဲ့ စကားပြောပြီး စကားလုံးအသစ်တွေ သင်ယူတာ၊
🎵 သီချင်းလေးတွေ ဆိုရင်း အသံတွေ၊ စကားလုံးတွေကို ရင်းနှီးလာစေတာ၊
🖍️ ပုံဆွဲခြင်း၊ ရေးခြစ်ခြင်း၊ လက်လှုပ်ရှားမှု Activities လေးတွေကနေ စာရေးဖို့ အသင့်ဖြစ်လာစေတာတွေကို နေ့စဉ် သင်ယူခွင့်ပေးလျက်ရှိပါတယ်။

👬ကလေးတစ်ယောက်က👇🏽👇🏽

✅ “ဒီနေ့ ကျောင်းမှာ ဘာတွေ သင်ခဲ့တယ်” လို့ ဝမ်းသာအားရ ပြန်ပြောလာတဲ့ အချိန်၊

✅ပုံပြင်စာအုပ်လေးကို ကိုယ်တိုင် ကောက်ယူဖတ်ကြည့်ချင်လာတဲ့ အချိန်၊

✅မေးခွန်းလေးတွေ ပိုများလာတဲ့ အချိန်တွေဟာ စာတတ်မြောက်မှုရဲ့ လှပတဲ့ အစပြုမှုလေးတွေပါပဲ။ 🌱

ကလေးတိုင်းမှာ သူ့ကိုယ်ပိုင် သင်ယူနှုန်းလေးရှိတာကြောင့် အလျင်မလိုဘဲ ပျော်ရွှင်စွာ သင်ယူနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့က အရေးကြီးပါတယ်။

🌼 ကျွန်မတို့ ကျောင်း‌လေးကတော့ သားသားမီးမီးတို့ တစ်ယောက်ချင်းစီရဲ့ သေးငယ်တဲ့ တိုးတက်မှုလေးတွေကို တန်ဖိုးထားပြီး စာကိုချစ်တတ်တဲ့ ကလေးလေးများ ဖြစ်လာစေဖို့ ကလေးနဲ့အတူနေ့စဉ် လျှောက်လှမ်းပေးနေပါတယ်ရှင်။ 💛

ဒါကြောင့် ဖေဖေ မေမေ တို့ကလည်း ရင်သွေးလေးတွေရဲ့ သင်ယူမှုခရီးလမ်းလေးကို အလျင်မလိုဘဲ နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ အတူ လိုက်ပါပေးကြပါစို့‌နော် ။ 💛

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





Photos from GSP - Good Shepherd Preschool's post 15/06/2026

🎒 "ကလေးကို မူကြိုပို့ဖို့ စောသေးတယ်လို့ ထင်နေပါသလား ❓

🌱ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်တဲ့ အချိန်ဟာ မွေးစ မှ (5) နှစ်အတွင်း ဖြစ်ပါတယ်ရှင်။ ဒီအချိန်မှာ ရရှိတဲ့ အတွေ့အကြုံတွေ၊ သင်ယူမှုတွေဟာ အနာဂတ်ပညာရေးနဲ့ ဘဝတစ်လျှောက်လုံးကို သက်ရောက်မှုရှိစေပါတယ်။

🌱အမှန်တကယ် ထိရောက်အောင် သင်ကြား‌တဲ့ မူကြို ကို တက်ရောက်ရတဲ့ ကလေးတွေဟာ စာသင်ခန်းထဲမှာသာ မဟုတ်ဘဲ နေ့စဉ်ဘဝမှာပါ အသုံးဝင်မယ့် Life Skills ကျွမ်းကျင်မှုတွေကိုပါ သင်ယူရရှိလာကြပါတယ်။

မူကြိုတက်ရောက်ခြင်းဖြင့်

🌱 မိဘနဲ့ ခဏခွဲနေရတဲ့ အလေ့အကျင့် ရရှိလာမယ်။

🌱 သူငယ်ချင်းတွေနဲ့ မျှဝေတတ်လာခြင်း၊ စောင့်ဆိုင်းတတ်လာခြင်း၊ ပူးပေါင်းလုပ်ဆောင်တတ်လာခြင်း စတဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုတွေ တိုးတက်လာပါလိမ့်မယ်ရှင်။

🌱 မိမိကိုယ်ကို ယုံကြည်မှုရှိရှိ ပြောဆိုတတ်လာပြီး စူးစမ်းလေ့လာလိုစိတ် ပိုမိုတိုးတက်လာမယ်။

🌱 အက္ခရာ၊ ကိန်းဂဏန်း၊ အရောင်၊ ပုံသဏ္ဍာန် စတဲ့ အခြေခံပညာရပ်တွေကို ကစားရင်း သင်ယူနိုင်မယ်။

🌱 နောင် မူလတန်း တက်ရောက်တဲ့အခါ ကျောင်းတက်ရတာ မကြောက်တော့ဘဲ သင်ကြားမှုတွေကို လိုက်ပါသင်ယူနိုင်ဖို့ အခြေခံကောင်းတွေ ရရှိလာပါမယ်။

🌞ကလေးတစ်ယောက်ကို Preschool ပို့ခြင်းဟာ "စာစသင်ဖို့" အတွက်သာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့၊ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့၊ သင်ယူလိုစိတ်ရှိတဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ စတင်ရင်းနှီးမြှုပ်နှံပေးခြင်းပဲ ဖြစ်ပါတယ်။ ❤️

✨ ကလေးရဲ့ ပထမဆုံး သင်ယူမှုခရီးကို အကောင်းဆုံး စတင်ပေးဖို့ ဒီနေ့ပဲ Good Shepherd Preschool ရွေးချယ်လိုက်ပါရှင်။

📞 ကျောင်းအပ်နှံရန်နှင့် ကျောင်းကိစ္စများ အသေးစိတ်စုံစမ်းရန်အတွက် Page Messenger (သို့) အောက်ပါ လိပ်စာ ၊ ဖုန်းတို့မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





Photos from GSP - Good Shepherd Preschool's post 12/06/2026

🌱ကျောင်းဖွင့်တဲ့ ဒုတိယအပတ်မှာတော့ ငိုတဲ့ကလေးလေးတွေ နည်းလာသလိုကလေးတို့အားလုံး သင်ယူမှုကို ပိုမိုအာရုံစိုက်နိုင်လာတာကိုတွေ့ရပါတယ်ရှင့်။

🌱June လ ဒုတိယအပတ်အတွင်း သင်ကြားပေးခဲ့တဲ့ သင်ခန်းစာတွေနဲ့ မိတ်ဆက်ပေးရရင်တော့ Foundation (1) အတန်းမှ သားသားမီးမီးလေးများက "ပန်းအမျိုးအစားများ (Types of Flowers)" ခေါင်းစဉ်ကို သင်ယူခဲ့ကြပါတယ်ရှင့်။ ပန်းအမျိုးမျိုးကို လေ့လာသိရှိခဲ့ကြသလို မြန်မာအက္ခရာ “အ” ၊ အင်္ဂလိပ်အက္ခရာ “S” for Sunflower နှင့် ကိန်းဂဏန်း (1) ကိုလည်း လေ့ကျင့်သင်ယူခဲ့ကြပါသည်။

🌱သီချင်းကဗျာများ သီဆိုခြင်း၊ “ငါတို့အားလုံးလှကြတယ်” ပုံပြင်ကို နားထောင်ခြင်း၊ ပန်းပုံများ အရောင်ခြယ်ခြင်းနှင့် ပန်းများကို အနံ့ခံလေ့လာခြင်း စသည့် Activity များမှတစ်ဆင့် ကလေးများသည် ပျော်ရွှင်စွာ သင်ယူခဲ့ကြတာပဲဖြစ်ပါတယ်။

🌱🌱Foundation (2) အတန်းမှ သားသားမီးမီးလေးများကတော့ "ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း" ခေါင်းစဉ်အောက်တွင် ရာသီဥတုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၏ အရေးပါပုံများကို သင်ယူခဲ့ကြပါတယ်။ မြန်မာအက္ခရာ “ပ”၊ အင်္ဂလိပ်အက္ခရာ “E” နှင့် ဂဏန်း (၁၊၂၊၃) များကိုလည်း ပျော်ရွှင်စွာ လေ့ကျင့်သင်ယူခဲ့ကြပါတယ်ရှင့်။

🌱🌱“အမှိုက်‌ကောက် ကြစို့” သီချင်းကို သီဆိုခြင်း၊ “ဝါးပင်လေး” ပုံပြင်ကို နားထောင်ခြင်း၊ အရောင်ခြယ်ခြင်းနှင့် အမှိုက်ကောက်သိမ်းခြင်း Activity များမှတစ်ဆင့် သန့်ရှင်းသော ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးကြောင်း ကလေးများ နားလည်သဘောပေါက်လာကြပြီး စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ခဲ့ကြတာကိုတွေ့ရပါတယ်ရှင့်။ 🌱♻️ 🌸🌻

🌱🌱🌱 Foundation (3) အတန်းမှ သားသားမီးမီးလေးများကတော့ ယခင်တစ်ပတ်ကသင်ခန်းစာအဆက်ဖြစ်တဲ့ "All About Me" ခေါင်းစဉ် လေးဖြင့် မိမိ အကြောင်းကိုဆက်လက်ဘသင်ပေးခဲ့တာပဲဖြစ်ပါတယ်။ထို့အပြင် မျဉ်းကြောင်းများ ရေးဆွဲခြင်း၊ အကြီးအငယ် ခွဲခြားသိရှိခြင်း စသည့် အခြေခံစွမ်းရည်များကိုလည်း လေ့ကျင့်သင်ယူခဲ့ကြပါသည်။

🌱🌱🌱"Good Morning to You" သီချင်း၊ "ခေါင်းနဲ့ပခုံးနဲ့ဒူးခြေဖျား" သီချင်းများ သီဆိုခြင်း၊ "ကျွန်တော့်မေမေလားခင်ဗျာ" ပုံပြင်ကို နားထောင်ခြင်းနှင့် ပန်းများကို အနံ့ခံခြင်း၊ အထိအတွေ့များကို စမ်းသပ်လေ့လာခြင်းတို့ဖြင့် ပျော်ရွှင်စွာ သင်ယူခဲ့ကြပါတယ်ရှင့်။💕

⚡ သင်ခန်းစာလေးတွေကိုမမေ့မလျော့ဘဲပိုမိုနားလည်စေဖို့ ဖေဖေမေမေတို့နဲ့အတူအိမ်မှာလေ့ကျင့်ပေးဖို့လည်း လိုအပ်ပါတယ်ရှင်။ မိသားစုဝင်များအားလုံးအတွက်ပျော်ရွှင်ဖွယ်ရာအားလပ်ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေရှင်။

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





Photos from GSP - Good Shepherd Preschool's post 11/06/2026

🎂Happy Birthday Thame Lay Thae Su Su Naing 🎊🎊

🍰ဒီ​နေ့က​တော့ Foundation (3) အတန်းက သမီးငယ်​လေး သဲစုစုနိုင်ရဲ့ (၅)နှစ်မွေးနေ့​လေးပဲ ဖြစ်ပါတယ်ရှင့်။
သမီးလေးရဲ့မွေးနေ့ကို (၄) နှစ်ပြည့်မှာဆုမွန်တောင်းပေးခွင့်ရခဲ့သလို ခု (၅)နှစ်ပြည့်အတွက်လည်း ဆုတောင်းပေးခွင့်ရလို့တီချယ်တို့အားလုံးက ဝမ်းသာမိပါတယ်ကွယ်။

🎂​မွေး​နေ့မှာ​ပျော်ရွှင်ပါ​စေ ချစ်တဲ့ က​လေး​လေး​ရေ ...🎂

🎉ဒီနေ့ကျရောက်တဲ့မွေးနေ့သာမက နောင်လာမယ့်မွေးနေ့ပေါင်းများစွာကို သမီးလေးချစ်ရတဲ့သူတွေနဲ့အတူ ဆင်နွဲနိုင်ပါစေ။

🎉ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ပညာထူးချွန်ထက်မြက်တဲ့သမီးလေးအဖြစ် လျှောက်လှမ်းရမယ့်ပညာရေးခရီးစဉ်တိုင်းမှာ အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ။

🎉ဖေဖေမေမေတို့အားကိုးရတဲ့ ထူးချွန်ထက်မြက်တဲ့သမီးလိမ္မာလေးဖြစ်ပါစေလို့ တီချယ်တို့အားလုံးကဆုတောင်းပေးလိုက်ပါတယ်ကွယ်။

🍰သမီးလေးမွေးနေ့အထိမ်းအမှတ်အဖြစ် အားလုံးအတွက်စားသောက်ဖွယ်ရာတွေစီစဉ်လာပေးလို့လည်း သမီးလေးရဲ့ဖေဖေနဲ့မေမေကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင့်။


Photos from GSP - Good Shepherd Preschool's post 10/06/2026

🍱 "မေမေ... ဒီနေ့ ထမင်းကုန်အောင် စားခဲ့တယ်" ဆိုတဲ့ စကားလေး ကြားရရင် မိဘတိုင်း ပျော်ကြမှာပါနော်...

ဒါပေမယ့် တချို့သားသားမီးမီး‌လေး တွေက ကျောင်းမှာ ထမင်းမကုန်တာ၊ စားဖို့ အချိန်ကြာတာ၊ တစ်ဝက်လောက်ပဲ စားပြီး ပြန်လာတာမျိုး ရှိတတ်ပါတယ်ရှင့်။

မကုန်ရတဲ့ အကြောင်းရင်းက အစားအသောက် မကြိုက်လို့ချည်းပဲ မဟုတ်ပါဘူးရှင်။

⚠️ထမင်းပမာဏက ကလေးအရွယ်နဲ့ မလိုက်အောင် များနေတာ၊

⚠️ဟင်းချက်ဖို့ လှီးဖြတ်ရာမှာ ကလေးဝါးရမလွယ်ဘဲ အရွယ်အစားကြီးနေတာ၊

⚠️အရောင်အသွေးမစုံဘဲ စိတ်ဝင်စားစရာ မဖြစ်နေတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

🍱ဒါကြောင့် ကလေးတို့ရဲ့ နေ့လယ်စာထမင်းဗူးကို ပြင်ဆင်ပေးတဲ့အခါ အဟာရပြည့်ဝဖို့အပြင် ကလေးစားချင်အောင်၊ စားရလွယ်အောင်လည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

🍱ထမင်း၊ အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးလေးတွေကို အရောင်အသွေးစုံစုံ၊ အရွယ်အစားသေးသေးလေးတွေနဲ့ ပြင်ဆင်ပေးထားမယ်ဆိုရင် ကလေးတွေ ပိုပြီး စိတ်ပါလက်ပါ စားသုံးလာနိုင်ပါတယ်။

Snack Time အတွက်လည်း

❌ အချိုရည်နဲ့ မုန့်ချို ၊ လေဖောင်းမုန့် တွေထက်

✅ ရာသီပေါ်အသီးအနှံ၊ ဒိန်ချဉ်၊ ကြက်ဥပြုတ်၊ ပြောင်းဖူးပြုတ် ၊ ကန်စွန်းဥပြုတ်၊ ပေါင်မုန့်စတဲ့

အာဟာရရှိတဲ့ အစားအစာလေးတွေ ထည့်ပေးသင့်ပါတယ်။

🍱ကလေးတစ်ယောက်အတွက် စားရလွယ် ပြီး အဟာရပြည့်ဝတဲ့ ထမင်းဗူးဆိုတာ ဗိုက်ပြည့်ရုံတင် မဟုတ်ဘဲ စားချိန်ကို မြန်မြန်ပြီးစေပြီးစေတာမို့ သူငယ်ချင်းတွေနဲ့ ကစားဖို့၊ လှုပ်ရှားဖို့ အချိန်ပိုရစေပါတယ်။ ဒါကလည်း ကျောင်းပျော်လာဖို့ အရေးကြီးတဲ့အချက်ပါပဲရှင်။

ကလေးတွေ ကျောင်းပျော်ဖို့ဆိုတာ စာသင်ခန်းထဲက သင်ခန်းစာတွေတင် မဟုတ်ပါဘူး။ စားချိန်ပျော်ဖို့၊ ကစားချိန်ပျော်ဖို့လည်း လိုအပ်ပါတယ်။

🍱ဒါကြောင့် မေမေတို့ မနက်တိုင်း ပြင်ဆင်ပေးလိုက်တဲ့ ထမင်းဗူးလေး‌တွေက ကလေးရဲ့ ကျန်းမာရေး၊ ပျော်ရွှင်မှုနဲ့ သင်ယူမှုတွေကို အားဖြည့်ပေးနေတဲ့ မေတ္တာဗူးလေးတစ်ဗူး ဖြစ်တာမို့ ကလေးတို့ စားရင်းနဲ့ ပျော်ရွှင်လာဖို့ ပြင်ပေးကြပါစို့နော် ❤️

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





09/06/2026

🎉"Welcome From GSP - Good Shepherd Preschool " 🎉

🌱ဒီနေ့ (9.6.2026) ရက်နေ့မှာ GSP ကိုရောက်လာတဲ့ Foundation 1 အတန်းက သမီးလေး ယွန်းနဒီကို တီချယ်တို့အားလုံးနဲ့ သူငယ်ချင်းတွေက နွေးထွေးစွာကြိုဆိုပါတယ်သမီးလေးရေ ...

🌱GSP နဲ့ လက်တွဲပြီးစတင်လျှောက်လှမ်းမယ့် First Day Of School မှစလို့ သမီးလေးရဲ့ ပညာရေးခရီးလမ်းတစ်လျှောက်လုံး အောင်မြင်မှုတွေပိုင်ဆိုင်ရဖို့ အခြေခံ Foundation ကောင်းတွေကို တည်ဆောက်ပေးလိုက်မှာမို့ တီချယ်တို့အတူ ကြိုးစားကြမယ်နော်။

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





Photos from GSP - Good Shepherd Preschool's post 08/06/2026

#ကျောင်းစတက်တဲ့ပထမဆုံးရက်တွေမှာမိဘတွေမပြုလုပ်သင့်တဲ့အမူရာ (၄) ခု

အခုလိုကျောင်းစတက်တဲ့ရက်‌တွေမှာ မိမိရဲ့ ကလေးငိုနေတာကို မြင်ရတဲ့အခါ မိဘတွေရဲ့စိတ်ကလည်း မကောင်းဖြစ်ရပါတယ်။ ချစ်လွန်းတဲ့စိတ်နဲ့ လုပ်မိတဲ့ အရာတချို့က "ကလေးရဲ့ကျောင်း လိုက်လျောညီထွေဖြစ်မှု "ကို ပိုခက်ခဲစေနိုင်ပါတယ်။ ထိုအရာတွေကတော့

❌ (၁) ငိုနေတာမြင်ပြီး ပြန်ခေါ်လာခြင်း

ငိုနေလို့ ပြန်ခေါ်လာမယ်ဆိုရင် ကလေးက "ငိုရင် အိမ်ပြန်ရမယ်" လို့ သင်ယူသွားနိုင်တာကြောင့် နောက်ရက်တွေမှာ ပိုငိုလာတတ်ပါတယ်။

❌ (၂) တိတ်တဆိတ် ထွက်သွားခြင်း

မိဘကို ရုတ်တရက် မတွေ့တော့တဲ့အခါ ကလေးရဲ့ မိဘအပေါ် ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။

❌ (၃) နှုတ်ဆက်ချိန်ကို အချိန်ဆွဲခြင်း

ကလေးကို စိတ်ပူပြီး ခဏခဏ ပြန်ဖက်၊ ပြန်နမ်း၊ ပြန်ကြည့်နေခြင်းက ကလေးအတွက် ခွဲခွာရတာ ပိုခက်ခဲစေပါတယ်။

❌ (၄) ကျောင်းအကြောင်း အပျက်သဘော ပြောခြင်း

"မလိမ္မာရင် ကျောင်းပို့မယ်"၊ "ဆရာမဆူလိမ့်မယ်" ဆိုတဲ့ စကားတွေက ကျောင်းကို ကြောက်စရာနေရာတစ်ခုလို မြင်စေနိုင်ပါတယ်။

✅ ကျောင်းစပို့ရက်မှာ ဘာလုပ်သင့်လဲ ❓

🌱ယုံကြည်မှုရှိရှိ နှုတ်ဆက်ပါ၊

🌱ပြန်လာခေါ်မယ့်အချိန်ကို သေချာ ပြောပေးပါ၊(ဥပမာ - ညနေကျောင်းမှာ အိပ်ပြီး နိုးလာတဲ့အချိန် ပြန်လာကြိုမယ်နော်)

🌱ဆရာ/ဆရာမများကို ယုံကြည်စိတ်ချပြီး ကလေးကို အပ်နှံပေးပါ။

💖 ကျောင်းစတက်ချိန် ကလေးတွေငိုတာဟာ ပုံမှန်ဖြစ်စဥ်တစ်ခုပါ။။ မိဘရဲ့ စိတ်ရှည်မှုနဲ့ အားပေးမှုက ကလေးအတွက် အကြီးမားဆုံး ခွန်အားဖြစ်‌စေပါတယ်။

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





Photos from GSP - Good Shepherd Preschool's post 05/06/2026

🌱ကျောင်းဖွင့်ခါစမို့ ဘာမှ မသင်လောက်သေးပါဘူး နောက်မှကျောင်းအပ်မယ်လို့ တွေးနေပါသလားရှင် ❓

🌱ကျောင်းပထမဆုံး အပတ်မှာ ကလေးတို့ရဲ့ ပျော်ရွှင်စွာရယ်မောသံ‌လေးတွေရှိသလို ကျောင်းနဲ့အသားမကျသေးတဲ့ကလေးလေးတွေလည်းရှိပေမယ့် သားသားမီးမီးလေးတို့အားလုံး ကျောင်းကို ကစားစရာနေရာတစ်ခုအပြင် လေ့လာသင်ယူရသောနေရာတစ်ခုဆိုတာကို နားလည်စေဖို့ သင်ခန်းစာလေးတွေကို Lesson Plan အလိုက် အောက်ပါအတိုင်း သင်ကြားပေးခဲ့ပါတယ်ရှင့်။

🌱Foundation 1 သားသားမီးမီးလေးတွေကိုတော့ သင်ခန်းစာခေါင်းစဉ်အကြီး Flowers (ပန်းပွင့်များ) အောက်မှ ယခုတပတ်အတွက် သင်ခန်းစာခေါင်းစဉ်အသေး Introduce to Flowers ကို သင်ပေးခဲ့တာဖြစ်ပါတယ်။ သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတို့ပန်းလေးတွေရဲ့အကြောင်းကို သေချာစွာသိရှိလာစေရန် ၊ သဘာဝကိုချစ်မြတ်နိုးလာပြီးဘာသာစကားအသစ်များကိုသိရှိလာစေရန် ဖြစ်ပါတယ်ရှင်။သင်ကြားပေးတဲ့နေရာမှာသင်ခန်းစာကိုပိုမိုနားလည်စေဖို့ Game ကစားနည်းများ ၊ Colouring , Craft , Flower Blomming , သီချင်းလေးများဖြစ်တဲ့ ပန်းကလေးများ ၊ Sing a Song of Flower သီချင်းလေးများ ၊ ပုံပြင်လေးများဖြစ်တဲ့ ပန်းလေးပွင့်လာတဲ့နေ့ ၊ ပန်းလေးလူကြီးဖြစ်လာပြီ ၊ ပန်းလေးမှာသူငယ်ချင်းတွေရှိတယ် ၊ လောကကြီးကိုလှပစေသူများ ၊ ပန်းလေးနာကျင်ရတယ် စတဲ့ ပုံပြင်များဖြင့် သင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။

🌱Foundation 2 အတန်းလေးရဲ့ သင်ခန်းစာကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးခေါင်းစဉ်ကြီးအောက်မှ အပင်စိုက်ပျိုးခြင်း အကြောင်းကို သင်ပေးခဲ့ပါတယ်ရှင့်။သင်ခန်းစာရဲ့ရည်ရွယ်ချက်ကတော့ အပင်များကြောင်းကိုသိရှိလာပြီး သဘာဝပတ်ဝန်းကျင်ကိုလေ့လာခံစားတတ်လာရန်သာမက ၊အပင်များရဲ့ပုံသဏ္ဍာန်အရွယ်အစားများကိုပါသိရှိစေရန် ရည်ရွယ်ပါတယ်ရှင်။သင်ကြားပေးတဲ့နေရာမှာ မျိုးစေ့နှင့်မိတ်ဆက်ခြင်း မှ စတင်ကာ ပန်းပွင့်အသီးသီးပြီးမျိုးပွားသည်အထိ အဆင့်အလိုက်သင်ကြားပေးခဲ့ပါတယ်ရှင်။ သင်ခန်းစာကိုပိုမိုနားလည်မှတ်မိစေဖို့ Activity များ ၊ သီချင်းများ ၊ ပုံပြင်လေးများဖြင့်သင်ကြားပေးခဲ့တာမို့ ကလေးတို့အားလုံးနားလည်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင့်။

🌱Foundation 3 အတန်းလေးကိုတော့ မိမိအကြောင်း သင်ခန်းစာလေးကိုသင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ သင်ခန်းစာတွေကိုပိုမိုမှတ်မိစေဖို့ သီချင်းကဗျာလေးများဖြစ်တဲ့ "ကျောင်းခန်းဝင်ကဗျာနှင့်လူရှည်ကြီးကဗျာ" ၊ပုံပြင်အချိန်မှာတော့ "ကျွန်‌‌ တော့ မေမေလာပြီဗျာ" ဆိုတဲ့ပုံပြင်လေး နဲ့ ၊ ပုံဆွဲခြင်း ၊ Arts and Crafts လက်မှုပညာလေးများပြုလုပ်ခြင်းတို့ကို သင်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





05/06/2026

🎉🎉Warmly Welcome From GSP - Good Shepherd Preschool 🎉🎉

ဒီနေ့မှာ ကျောင်းလေးကိုရောက်လာတဲ့ Foundation 1 အတန်းက သမီးလေး ရတီမိုးကို 🌈💖 တီချယ်တို့အားလုံးနဲ့ သူငယ်ချင်းတွေက နွေးထွေးစွာ ကြိုဆိုပါတယ်ရှင့်။ 💖🌈

ပညာရေးခရီးအစရဲ့ ပထမဆုံးခြေလှမ်းလေးကို စတင်လျှောက်လှမ်းလာတဲ့ သမီးလေး အတွက် ပျော်ရွှင်စရာ အမှတ်တရများ၊ သူငယ်ချင်းများနှင့် အတွေ့အကြုံအသစ်များစွာ ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကွယ်။

GSP နဲ့ အတူ လက်တွဲပြီး သမီးလေးဘက်စုံဖွံ့ဖြိုးလာဖို့ ကြိုးစားကြမယ်နော်။ 🥰🎉

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





Photos from GSP - Good Shepherd Preschool's post 03/06/2026

📚 "မေမေ... ကျောင်းမသွားချင်ဘူး" 😢

မူကြိုကျောင်း စတက်ခါစကာလဟာ ကလေးအတွက်သာမက မိဘတွေအတွက်ပါ စိတ်လှုပ်ရှားစရာ အချိန်တစ်ခု ဖြစ်ပါတယ်ရှင်။ တချို့ကလေးတွေက ပျော်ပျော်ရွှင်ရွှင် ကျောင်းကို‌ရောက် ကြပေမယ့် တချို့ကတော့ ငို‌နေတတ်ကြပါတယ်၊ အိမ်မှာ ဖေဖေ မေမေနဲ့ပဲ အမြဲနေနေကြကလေးဆိုရင် မိဘကို ပိုမို ဖက်တွယ်ထားတတ်ကြပါတယ်။

ဒီအချိန်မှာ မိဘတွေ သိထားသင့်တဲ့ အရေးကြီးဆုံး အချက် (၃) ချက် ရှိပါတယ်။

🌱 ၁။ မူကြိုမတက်ခင် ကလေးကို ဘယ်လိုပြင်ဆင်ပေးကြမလဲ?

ကျောင်းအကြောင်းကို အပြုသဘောနဲ့ ကြိုတင်ပြောပြပေးပါ။

"ကျောင်းမှာ ဆရာမနဲ့ ကစားရမယ်"
"သူငယ်ချင်းအသစ်တွေလည်း တွေ့ရမယ်"
"သီချင်းဆိုပြီး ကကြမယ်"

စတဲ့ ပျော်စရာအတွေ့အကြုံတွေကို ပြောပြပေးခြင်းက ကလေးရဲ့ စိုးရိမ်စိတ်ကို လျော့နည်းစေပါတယ်။

ကလေးရဲ့ အိပ်ချိန်၊ စားချိန်၊ နိုးချိန်တွေကိုလည်း ကျောင်းချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုတင်လေ့ကျင့်ပေးထားသင့်ပါတယ်။

🌱 ၂။ ကျောင်းတက်ခါစမှာ ငိုနေတဲ့ ကလေးကို ဘယ်လိုကျောင်းပို့ရမလဲ❓

ကလေးငိုတာဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။

ဒီအချိန်မှာ မိဘတွေက စိတ်မကောင်းဖြစ်ပြီး အချိန်အကြာကြီး နှုတ်ဆက်နေမယ်ဆိုရင် ကလေးက ပိုပြီး ခွဲမရ ဖြစ်တတ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့...

❤️ ကလေးကို ပွေ့ဖက်ပေးပါ။
❤️ "ညနေ မေမေ စောစော ပြန်လာကြိုမှာနော်" လို့‌ သေချာပြောပါ။
❤️ အချိန်မဆွဲဘဲ နွေးနွေးထွေးထွေး နှုတ်ဆက်ပြီး ထွက်ခွာပါ။

မိဘရဲ့ ယုံကြည်မှုရှိတဲ့ အပြုအမူက ကလေးကိုပါ ယုံကြည်မှု ပေးနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲမိဘတွေကပါ ကလေးငိုတဲ့အခါမှာ ကျောင်းမှာပဲထားခဲ့ရမလား ပြန်ခေါ်သွားရမလား ဝေခွဲမရတဲ့ပုံစံနဲ့ဖြစ်နေပါက ကလေးအတွက်လည်း ယုံကြည်မှုတွေဆုံးရှုံးနိုင်ပါတယ်ရှင်။

🌱 ၃။ ကျောင်းမသွားချင်လို့ ငိုနေတဲ့အခါ မပို့ဘဲထားရမလား ❓

ကလေးက ငိုနေလို့ ကျောင်းမပို့ဘဲ နေခွင့်ပေးလိုက်မယ်ဆိုရင်...

နှစ်စမှာဘဲ "ငိုရင် ကျောင်းမသွားရဘူး" ဆိုတဲ့ အတွေးကို သင်ယူသွားနိုင်ပါတယ်။

ဒါကြောင့် နေမကောင်းတာလို အထူးအခြေအနေ မဟုတ်ဘဲ ကျောင်းမသွားချင်လို့သာ ငိုနေခြင်း ဖြစ်ပါက ကျောင်းပုံမှန် တက်နိုင်အောင် အားပေးပို့ဆောင်ပေးသင့်ပါတယ်။ ဒီကာလဟာကလေးအတွက်အလွန်အရေးကြီးတဲ့ကာလဖြစ်တာကြောင့် မိဘများဖက်က ကလေးကို အလိုမလိုက်ဖို့အလွန်အရေးကြီးပါတယ်။

💛 မိဘရဲ့ စိတ်ရှည်မှု၊ နားလည်ပေးမှုနဲ့ ဆရာမတွေရဲ့ ပူးပေါင်းကူညီမှုကြောင့် ကလေးအများစုဟာ ရက်အနည်းငယ်အတွင်း ကျောင်းပတ်ဝန်းကျင်နဲ့ အဆင်ပြေသွားကြပါတယ်ရှင့်။

သားသားမီးမီးတို့ရဲ့ ပထမဆုံး ကျောင်းသားဘဝ ခြေလှမ်းလေးကို ပျော်ရွှင်ပြီး ယုံကြည်မှုရှိရှိ စတင်နိုင်ဖို့ မိဘနဲ့ ကျောင်းရဲ့ ပူးပေါင်းမှုက အရေးကြီးဆုံး ဖြစ်တာမို့ ကျွန်မတို့လက်တွဲပြီးအကောင်းဆုံးကျော်ဖြတ်ကြပါစို့ရှင်။ ❤️

ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No(19)Sabal Main Road, Htawunbe Block, North Okkalapa
Yangon

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00