Warriors Hinthar Cambridge IGCSE

Warriors Hinthar Cambridge IGCSE

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Warriors Hinthar Cambridge IGCSE, School, Dhammathuka Kyaung Street , Hlaing Township, Yangon.

30/04/2026

Together We Fly Higher!

Hinthar x Warriors Collaboration

Busniness လောကမှာ Competitor ဆိုတဲ့စကားတစ်လုံးရှိပါတယ်။ မြန်မာလို ဘာသာပြန်လိုက်တော့ စီးပွားပြိုင်ဘက်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုသဘောမထားဘဲ လုပ်ငန်းတူလုပ်ကိုင်ကြသူများလို့ပဲ ဆိုလိုချင်ပါတယ်။

ပညာရေးလောကမှာ စီးပွားအနေနဲ့ပြိုင်နေတယ်ဆိုတာထက် ကလေးတွေကို စာသင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်က ရှေ့ကိုပိုရောက်နေကြပါတယ်။ ကျောင်းတွေအချင်းချင်းကြားထဲမှာ မိမိအားသန်ရာပို၍ အားဖြည့်ပြီး သင်ကြားကြသော ကျောင်းများသာဖြစ်တယ်လို့ ပြောချင်ပါတယ်။

မိဘတွေ iGCSE Group တွေထဲမှာ ဘယ်ကျောင်းကောင်းလဲလာမေးရင် ကျောင်းတိုင်းကောင်းပါတယ်။ မိမိနဲ့ကိုက်ညီမယ့်ကျောင်းကိုရွေးတက်လို့ပဲ အကြံအမြဲပြုပါတယ်။ မိမိနဲ့ကိုက်ညီရာဆိုသည်မှာ ဘတ်ဂျက်၊ ကျောင်းတည်နေရာ၊ ရနိုင်တဲ့ဘာသာရပ်များ၊ သင်ကြားတဲ့ဆရာ ဆရာမများ၊ Students:Teacher Ratio၊ Extra Curriculum စသည်ဖြင့် မိမိတို့ဘာလိုချင်တယ်ဆိုတာပေါ်မူတည်ပြီး ရွေးချယ်တက်ရောက်ကြပါလို့ အမြဲအကြံပြုပါတယ်။

မြန်မာတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာလည်း အလုပ်အတူတွဲလုပ်ရင် အဆင်မပြေဘူးဆိုတာ ခဏခဏကြားရတော့ အဲဒီလိုလည်းမဖြစ်ရလေအောင်၊ မိမိတို့ပူးပေါင်းလုပ်တဲ့ရည်ရွယ်ချက်ကိုက ကလေးတွေ ပညာပိုတတ်ဖို့အတွက် သူ့အားသာချက် ကိုယ်အားသာချက် ပေါင်းပြီး ပိုကောင်းတာလေးတွေလုပ်ဖို့ရည်ရွယ်ထားပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် Hinthar က ကျောင်းသားတွေ ထွက်သွားပြီး Warriors ဘက်သွားတက်ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူစရာလည်းရှိပါတယ်။ Hinthar ရော Warriors ရောကိုပါ မကြိုက်လို့ ထွက်သွားတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီငွေကြေးကိစ္စတွေထက် ပညာရေးကို ဘယ်လိုပိုကောင်းအောင် ပေါင်းလုပ်ကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ Founder ၂ ဦးက စကားတွေပြောပြီး သဘောတူညှနှိုင်းကြတာဖြစ်တာကြောင့် Education Quality ကိုဦးစားပေးထားတယ်ဆိုတာ အများသိစေချင်ပါတယ်။

အသေးစိတ်ထပ်ရှင်းပြရရင်တော့ Hinthar က ကလေးတွေ Warriors မှာသွားတက်ရမှမဟုတ်ပါ။ Warriors က ကလေးများကလည်း Hinthar ကို လာတက်ရမှာမဟုတ်ပါ။ Warriors က Year 9 / Pre iGCSE အတန်းပြီးထားတဲ့ကလေးတွေက iGCSE O Level ရောက်တဲ့အခါမှာ Warriors ရဲ့ Campus သုံးခုဖြစ်တဲ့ လှိုင်၊ တော်ဝင်၊ သုဝဏ္ဏ တို့မှာ ဆက်တက်ရမှာပါ။ Cambridge သင်ရိုးပါ။ CIE O Level ပါ။ သင်တာက Warriors က ဆရာ ဆရာမတွေနဲ့ Hinthar က ဆရာ ဆရာမ အချို့တို့ ပူးပေါင်းသင်ကြားကြမှာဖြစ်ပါတယ်။

Hinthar မှာလာတက်ချင်တယ်၊ အနည်းငယ်ဝေးလို့ဆိုတဲ့မိဘတွေရော၊ CIE ပဲတက်ချင်တာဆိုတဲ့ မိဘတွေရောအတွက် အဆင်ပြေစေမယ့် အဖြေတစ်ခုဖြစ်တယ်လို့လည်း ယူဆပါတယ်။

Campus Facility, Student Services and Admin စတာတွေက Warriors ဘက်မှ တာဝန်ယူပြီး ပညာရေးလမ်းကြောင်းကိစ္စနှင့် Academic Quality & Assessment တို့ကို Hinthar ဘက်မှ တာဝန်ယူမှာဖြစ်ပါတယ်။

အသေးစိတ်အတွက် Hinthar Warriors ပူးပေါင်းဖွင့်လှစ်ထားတဲ့ page အသစ်မှာ စုံစမ်းနိုင်ပါတယ်။ (https://www.facebook.com/profile.php?id=100063818379890)

အနှစ်ချုပ်ရရင်တော့ သူများအလင်းတိုင်လိုက်မှုတ်ပြီး မိမိတစ်ဦးတည်းလင်းမယ့်အစား အလင်းတိုင်ပေါင်းများစွာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး လင်းပါစေဆိုတဲ့စိတ်နဲ့ ပိုကောင်းသည်များကို ပူးပေါင်းလုပ်ကိုင်ကြရန်ဖြစ်ပါတယ်။ ကလေးများရဲ့ပညာရေး ဒီထက်ပိုတိုးတက်ကြပြီး ပိုမိုမြင့်မားသော အောင်မြင်မှုများ ရကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါအပ်လိုက်ပါတယ်။


#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့

12/04/2026

90% Complete. Hlaing Campus Opens Soon!

Photos from Warriors Hinthar Cambridge IGCSE's post 27/03/2026

A meaningful collaboration between Hinthar & Warriors, engaging with parents to shape a better future for our students.

23/03/2026

သင့်ရဲ့ အနာဂတ်ပန်းတိုင်ကို Hinthar & Warriors နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ!

IGCSE ဆိုတာ သင်ခန်းစာတွေတင် မဟုတ်ပါဘူး... နိုင်ငံတကာအဆင့်မီ ပညာရေးလောကထဲကို ဝင်ရောက်ဖို့ ပထမဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုပါ။

Hinthar Education x Warriors Education တို့ရဲ့ Partnership အောက်မှာ-

စနစ်ကျပြီး ထိရောက်တဲ့ သင်ကြားမှုပုံစံ

Past Papers လေ့ကျင့်မှုနဲ့ Exam Techniques များ

နွေးထွေးပြီး အားပေးကူညီတတ်တဲ့ ပတ်ဝန်းကျင်

စတာတွေကို အပြည့်အဝ ရရှိမှာဖြစ်ပါတယ်။ အချိန်မီ စာရင်းပေးသွင်းပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📩 အသေးစိတ်သိရှိလိုပါက Messenger ကနေတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။

20/03/2026

⭐ Registration Now Open for the New Academic Year!

⭐ We are excited to announce that admissions for Cambridge IGCSE classes are now OPEN for the upcoming academic year!

We are currently accepting registrations for:

⭐Hlaing ⭐Downtown Dagon ⭐Thuwana

Limited Seats Available!

20/03/2026

⭐⭐⭐ Special Announcement! ⭐⭐⭐

"Hinthar & Warriors - Together We Fly Higher"

"Warriors Education နှင့် Hinthar Education ၏ မဟာဗျူဟာ‌မြောက်ပူးပေါင်းခြင်း အစီအစဉ်"

အမြင့်မားဆုံး ရလာဒ်များအတွက် "Warriors + Hinthar" IGCSE (CIE) အတန်းအသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

IGCSE Journey စတင်မည့် ကျောင်းသား/ကျောင်းသူများအတွက် အသေချာဆုံးရွေးချယ်မှု ဖြစ်လာမည့်

"Hinthar & Warriors – Together We Fly Higher" Program ကို 2026 May လတွင် အရှိန်အဟုန်ဖြင့် စတင်မှာဖြစ်ပြီး IGCSE အတွက် အကောင်းဆုံး အခြေခံကို တည်ဆောက်ပေးမယ့် Program ဖြစ်ပါတယ်။

⭐Trust –⭐ Quality – ⭐Future Success

•ယုံကြည်မှုရရှိထားသော ကျောင်းများ အားဖြည့် ပူးပေါင်းခြင်းဖြစ်‌သောကြောင့် စိတ်ချလက်ချ ရွေးချယ်နိုင်ပြီး

•Cambridge Exam အတွက် အတွေ့အကြုံရှိ ဆရာများဖြင့် စနစ်တကျ သင်ကြားမှာဖြစ်တာကြောင့်

•အနာဂတ်အတွက် အဆင့်မြင့် ပညာရေးလမ်းကြောင်းကို တည်ဆောက်ပေးမယ့် Program တစ်ခုဖြစ်ပါတယ်။

Program အသေးစိတ်ကို Page Messenger မှာစုံစမ်းမေးမြန်းပြီး ကြိုတင် Register လုပ်ထားနိုင်ပါပြီ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Dhammathuka Kyaung Street , Hlaing Township
Yangon