19/06/2026
Reading Practice အတွက် link လေး တောင်းထားလို့ပါ
ဒီမှာပါရှင့်💗
English Reading Comprehension Exercises
Improve your English reading comprehension skills and level. Free reading practice exercises.
18/06/2026
Reading Practice အတွက် အဆင်ပြေတဲ့ website လေးတစ်ခု ပြောပြပေးချင်လို့ပါရှင့် 🩵
16/06/2026
5 Days Free self study ကလေ
20 ရက်နေ့စမှာပါ
Telegram ကနေ လေ့လာရမှာဖြစ်ပါတယ်
လူအရမ်းမများရင်တော့ direct message ကနေ group link ပို့ပေးပါမယ်
လူများရင်တော့ 19 ရက်နေ့ကျရင် တစ်ခါတည်း link ချပေးလိုက်မှာပါရှင့်
June 20 ရက်နေ့ကနေ 24 ရက်နေ့အထိ ပါ
June 20 ကျော်ရင် ဝင်ခွင့်မပေးတော့ပါဘူးရှင့်
15/06/2026
self study လုပ်တယ်ဆိုတာ အချိန်ကိုသေချာ manage လုပ်တတ်ဖို့လည်းလိုပါတယ်
ရသမျှအချိန် အားသမျှအချိန်တွေကို ဖုန်းပဲသုံးနေပြီး အချိန်မရှိဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်နေလို့မရပါဘူး
တစ်နေ့ကိုအချိန် နာရီဝက်ကနေ စပြီး အချိန်ပေးပြီးလေ့လာကြည့်စေချင်ပါတယ်
ကျွန်မဆွဲပေးထားတဲ့ plan တွေကတော့ တစ်နာရီစာလောက်တော့သွားပါတယ်
အသေးစိတ်ပါ သေချာလေ့လာမယ်ဆိုရင်တော့ နှစ်နာရီလောက်တော့လေ့လာရပါတယ်
တစ်နေ့နာရီဝက်လောက်စပြီးလေ့လာချင်တယ်ဆိုရင်
တစ်နေ့ 30 mins စာ တစ်ပတ်စာ 5 Days plan လေးကိို free လုပ်ပေးမှာဖြစ်လို့ join ချင်တယ်ဆိုရင်
5 Days လို့ comment မှာရေးခဲ့ပေးပါ
5 ရက်ပဲလေ့လာတာ ဘာမှရမှာ မဟုတ်ဘူးလို့ထင်ချင်လည်း ထင်လို့ရပါတယ်
ကျွန်မ ဒီ 5 ရက်မှာ ရသွားစေချင်တာကတော့
self study ဆိုတာ ဒီလိုပါလားဆိုတဲ့အတွေးလေးရယ်
တစ်နေ့ နာရီဝက်လောက်လုပ်ရင်း English စာကို စလုပ်ဖြစ်သွားအောင် တွေပါပါတယ်ရှင့်
5 Days ပဲဆိုပေမယ့် one month challenge join ရင်ရမယ့် ပုံစံမျိုးလုပ်ပေးသွားမှာဖြစ်ပါတယ်
ဒါကြောင့် one month challenge sample ကြည့်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေမယ်လို့ထင်ပါတယ်
Thank You 💗🫶🏻
15/06/2026
ဘာ WiFi လေး သုံးကြလည်းဟင် ဇူဇူကြောင့် reach ကျနေတာက တစ်ကြောင်း
လ်ုင်းမကောင်းလို့ကတစ်ကြောင်း post တွေက reach မရောက်တော့ မသိရင် page အတုကြီးကျနေတာပဲ😭
09/06/2026
Basic Speaking Pattern class လေး June 10 ရက်နေ့ထိ အပ်လို့ရပါသေးတယ်ရှင့်
တစ်ပတ်တစ်ခါ exam ဖြေရမယ့်အတန်းလေးပါရှင့် 🥰
07/06/2026
အခု self study challenge အတန်းအသစ်မှာ email ရေးနည်းတွေကို writing မှာ ထည့်ပေးထားပါတယ်
ဒီနေ့ အိမ်စာတွေစစ်ပေးရင်း သတိရလို့ပါ
HR ကနေ hotel appointment တွေအကြောင်းပြောပြတဲ့ Email ပုံစံမျိုး အစရှိသဖြင့် ပါပါတယ်ရှင့်
Speaking Pattern Class လေးလည်း ဒီည နောက်ဆုံးထား အပ်လို့ရသေးတယ်နော် 🤓🫶🏻
04/06/2026
တကယ်လို့သင်က နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့အတွက် Speaking သီးသန့် သင်တန်းရှာနေတယ်
ကုန်ကျစရိတ်တွေများလို့ ပိုက်ဆံလည်းအများကြီး မသုံးချင်တော့ဘူးဆိုရင် အခု Class လေးကို join ကြည့်ပါ
လုပ်ငန်းခွင်မှာ Interview မှာ လေဆိပ်မှာ သွားဖို့လာဖို့နေရာမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံဖို့ အစရှိတဲ့ speaking patterns တွေကို တစ်လအတွင်း speaking patterns 500 ကျော်သင်ရမယ့်အပြင် အပတ်စဉ် စာမေးပွဲတွေပါ စစ်ပေးသွားမှာဖြစ်လို့မရသွားမှာတော့မပူပါနဲ့နော်🥰
📚 သင်တန်းမှာသင်ပေးသွားမယ့် pattern topics လေးတွေကတော့
1.Daily Conversation
2.Work and Jobs
3.Job Interview
4.Shopping and Money
5.Travel
6.Hotel and Accomodation
7.Asking and Giving Directions
8.Food.Cooking and Restaurants
9.Health and Hospitals
10.Online Communication
11.Family and Friends
12.Seasons and Weather
13.Bank and Money
14.Work Place and Money
15.Polite English
16.Culture and Social Life
17.Transportation
18.House and Living
19.Leisure and Free Time
20.Customer Service
တို့ဖြစ်ပါတယ်
(topic တစ်ခုကို pattern 25 ခု နဲ့ စုစုပေါင်း pattern 500 ပါဝင်သွားမှာဖြစ်ပါတယ်ရှင့်)
🗓️သင်တန်းစမည့်ရက်
June 7 ရက်နေ့
(လူဦးရေကန့်သတ်ထားလို့ ဒီနေ့ပဲစာရင်းလာသွင်းလိုက်တော့နော်)
📚Telegram group နဲ့သင်ရမှာဖြစ်လို့ အချိန်တိုက်နေမှာ အချိန်မအားမှာစိတ်ပူစရာမလိုပါဘူးရှင့်
Zoom လုံးဝမဟုတ်ပါ❌
ရာသက်ပန် member ဖြစ်နေမှာမလို့ စာတွေမေါသွားလည်း အချိန်မရွေး လေ့လာလို့ရနေမှာပါ
ဒါပေမယ့်လည်း တစ်နေ့စာတစ်နေ့တော့အပြီး လုပ်ရပါမယ်
🕐 တစ်နေ့တစ်နာရီလောက် မိမိအားတဲ့အချိန် စာလုပ်ပေးရုံပါပဲရှင့်
📖 တနင်္လာနေ့မှ သောကြာနေ့အထိတစ်ပတ် 5 ရက်သင်ရမှာပါ
စနေနေ့ မှာ တစ်ပတ်စာ စာတွေပြန်ကြည့်ပြီး
တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ exam ဖြေရမှာပါ
သင်တန်းကာလ တစ်လအတွင်း Exam စုစုပေါင်း 4 ခါ ဖြေရမှာပါ
📩သင်တန်းကြေးက တစ်လလုံးစာအပြီးအစီး
exam ကြေး အပါ 70000 ကျပ်ပါရှင့်
(June လ အတွက် promotion ရှိလို့ 60000 ကျပ်တည်းနဲ့ တက်ရောက်နိုင်မှာပါ)
📩 ထပ်သိချင်တာလေးတွေရှိရင် page messenger မှာလာမေးလို့ရတယ်နော်