18/06/2026
⏱️ အပြင်ဘက်က သဘာဝတရားကြီးထဲမှာ ဘာအလှတရားတွေ ရှိနေလဲ ရှာဖွေကြည့်ရအောင်✨
ကလေးတွေရဲ့ 𝐂𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲 (စူးစမ်းလိုစိတ်) ကို အကောင်းဆုံး နှိုးဆွပေးနိုင်တာကတော့ အိမ်အပြင်ဘက်က သဘာဝတရားကြီး ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ 𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 ကနေ ပတ်ဝန်းကျင်မှာရှိတဲ့ အပင်တွေ၊ ပန်းတွေ၊ တိမ်တွေကို ကြည့်ရင်းနဲ့ အင်္ဂလိပ်စာ ဝေါဟာရအသစ်တွေကို ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့ နေ့စဉ်သုံး 𝐍𝐚𝐭𝐮𝐫𝐞 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 လေးတွေကို 𝐖𝐨𝐫𝐤𝐬𝐡𝐞𝐞𝐭 အဖြစ် စုစည်းပေးလိုက်ပါတယ်။
17/06/2026
ဒီတစ်ခါမှာတော့ သားသား၊ မီးမီးတို့ရဲ့ 𝐂𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲 ကို ကောင်းကင်ကြီးရဲ့ အပြင်ဘက်ဆီ ခေါ်ဆောင်သွားပြီး 𝐒𝐩𝐚𝐜𝐞 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 လေးကို စမ်းသပ်ကြည့်ရအောင်။
❓ 𝐖𝐡𝐢𝐜𝐡 𝐩𝐥𝐚𝐧𝐞𝐭 𝐢𝐬 𝐤𝐧𝐨𝐰𝐧 𝐚𝐬 𝐭𝐡𝐞 "𝐑𝐞𝐝 𝐏𝐥𝐚𝐧𝐞𝐭"?
(ဘယ်ဂြိုဟ်ကြီးကို "ဂြိုဟ်နီကြီး" လို့ ခေါ်ကြသလဲ?)
𝐀. 𝐄𝐚𝐫𝐭𝐡
𝐁. 𝐌𝐚𝐫𝐬
𝐂. 𝐉𝐮𝐩𝐢𝐭𝐞𝐫
𝐃. 𝐕𝐞𝐧𝐮𝐬
💡အဖြေမှန်ကို သိတဲ့ အာကာသစုံထောက် 𝐒𝐦𝐚𝐫𝐭 𝐊𝐢𝐝𝐬 လေးတွေက 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐀, 𝐁, 𝐂, 𝐃 တစ်ခုခု ရေးသွားပေးပါဦးနော်။ 👇
15/06/2026
🧠 ကလေးတွေရဲ့ မှတ်ဉာဏ်ကို နှိုးဆော်ပေးမယ့် နည်းလမ်း (၃) ခု
အင်္ဂလိပ်စာ သင်ယူနေတဲ့ 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 တွေရဲ့ ဦးနှောက်ဟာ 𝐒𝐩𝐨𝐧𝐠𝐞𝐬လိုပါပဲ၊ မြင်သမျှ ကြားသမျှကို အကုန်စုပ်ယူနိုင်စွမ်း ရှိကြပါတယ်။ ဒါပေမဲ့ သူတို့ကို စာအုပ်ကြီးတွေနဲ့ စာလုံးအလွတ်ကျက်ခိုင်းရင်တော့ ခဏလေးနဲ့ မေ့သွားတတ်ကြပါတယ်။
ဒါကြောင့် အမြဲတမ်း ကြားနေရတဲ့ မေးခွန်းဖြစ်တဲ့ ကလေးတွေ စာတွေမှတ်မိအောင် ဘယ်လိုလုပ်ရမလဲ? ဆိုတာနဲ့ ပက်သက်ပြီး မျှဝေပေးသွားချင်ပါတယ်။
ဘာသာစကား သင်ယူတဲ့နေရာမှာ ကလေးတွေရဲ့ 𝐌𝐞𝐦𝐨𝐫𝐲 ကို အချိန်ကြာကြာ စွဲမြဲနေအောင် နှိုးဆွပေးနိုင်မယ့် သိပ္ပံနည်းကျ ထိရောက်တဲ့ နည်းလမ်း (၃) ခုရှိပါတယ်။
✅𝐌𝐮𝐥𝐭𝐢-𝐒𝐞𝐧𝐬𝐨𝐫𝐲 𝐀𝐩𝐩𝐫𝐨𝐚𝐜𝐡
ကလေးတွေဟာ စာလုံးကို မျက်စိနဲ့ ကြည့်ရုံတင်မဟုတ်ဘဲ နားနဲ့ကြားရမယ်၊ လက်နဲ့ ကိုင်တွယ်ရမယ် (ဥပမာ - ရောင်စုံ 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝𝐬 တွေ သုံးတာ၊ အရုပ်လေးတွေနဲ့ တွဲပြတာ)၊ ပြီးရင် ခန္ဓာကိုယ် လှုပ်ရှားမှုပါ တွဲလုပ်ရပါမယ်။
ဥပမာ - "𝐉𝐮𝐦𝐩" လို့ သင်ရင် ကလေးကိုပါ အတူတူ ခုန်ခိုင်းပါ။ ခန္ဓာကိုယ်ကပါ လိုက်လုပ်တဲ့အခါ မှတ်ဉာဏ်မှာ ပိုပြီး အမြစ်တွယ်သွားပါတယ်။
✅𝐓𝐡𝐞 𝐏𝐨𝐰𝐞𝐫 𝐨𝐟 𝐒𝐩𝐚𝐜𝐞𝐝 𝐑𝐞𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 ⏳
ဒီနေ့ သင်လိုက်တဲ့ စကားလုံးအသစ်ကို နောက်နေ့မှာ တစ်ခါ၊ နောက် ၃ ရက်အကြာမှာ တစ်ခါ၊ နောက်တစ်ပတ်မှာ တစ်ခါ စသဖြင့် အချိန်ခြားပြီး ပျော်စရာဂိမ်းလေးတွေနဲ့ ပြန်နွှေးပေးတာမျိုးပါ။
ဒါဟာ ရေတိုမှတ်ဉာဏ် (𝐒𝐡𝐨𝐫𝐭-𝐭𝐞𝐫𝐦 𝐦𝐞𝐦𝐨𝐫𝐲) ကနေ ရေရှည်မှတ်ဉာဏ် (𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐦𝐞𝐦𝐨𝐫𝐲) ထဲ ရောက်သွားအောင် ဦးနှောက်ကို လှုံ့ဆော်ပေးတဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။
✅𝐂𝐨𝐧𝐭𝐞𝐱𝐭𝐮𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠
စကားလုံးတစ်လုံးတည်းကို သီးသန့်ကျက်ခိုင်းမယ့်အစား နေ့စဉ်ဘဝ အခြေအနေတွေနဲ့ ချိတ်ဆက်ပေးပါ။
ဥပမာ - ကလေးက "𝐀𝐩𝐩𝐥𝐞" လို့ မှတ်မိသွားတဲ့အခါ "𝐈𝐭 𝐢𝐬 𝐚 𝐫𝐞𝐝 𝐚𝐩𝐩𝐥𝐞." ➔ "𝐈 𝐥𝐢𝐤𝐞 𝐭𝐨 𝐞𝐚𝐭 𝐚 𝐬𝐰𝐞𝐞𝐭 𝐫𝐞𝐝 𝐚𝐩𝐩𝐥𝐞." ဆိုပြီး ဝါကျလေးတွေ တဖြည်းဖြည်း တိုးချဲ့ မှတ်သားတာက ထိရောက်စေမှာ ဖြစ်ပါတယ်။
အရေးကြီးဆုံးအချက်ကတော့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ ကလေးတွေရဲ့ ဦးနှောက်ဟာ 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐬 (ပျော်ရွှင်တဲ့ စိတ်ခံစားမှု) ရှိနေတဲ့အချိန်မှာ မှတ်ဉာဏ်စွမ်းအား အကောင်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးကို စာသင်တဲ့အခါ ဆူပူကြိမ်းမောင်းပြီး သင်ရင် ဦးနှောက်က ကြောက်စိတ်ကြောင့် ပိတ်သွားတတ်ပါတယ်။ အဲဒါကြောင့် ချီးကျူးစကားလုံးလေးတွေ သုံးပြီး ပျော်စရာ စွန့်စားခန်းတစ်ခုလို လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
🧠ဒီလို အချက်တွေကို အခြေခံပြီးတော့ပဲ 𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 ရဲ့ 𝐏𝐫𝐨𝐠𝐫𝐚𝐦တွေမှာဆိုရင် ကျွန်တော်တို့က ကလေးတွေရဲ့ စူးစမ်းလိုစိတ်နဲ့ မှတ်ဉာဏ်ကို နှိုးဆွပေးဖို့အတွက် ကလေးဗဟိုပြု သင်ရိုးညွှန်းတမ်း (𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦) ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။
စာသင်ခန်းထဲမှာ 𝐈𝐧𝐪𝐮𝐢𝐫𝐲-𝐛𝐚𝐬𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 နဲ့ အပြန်အလှန် လေ့ကျင့်တဲ့အတွက် ကလေးတွေဟာ ဘာသာစကား စွမ်းရည် (၄) ဖြာလုံးကို အလိုလို မှတ်မိပြီး စာသင်ရတာကို စွဲလန်းပျော်ရွှင်လာကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကျောင်းဖွင့်ရာသီမှာ သားသား၊ မီးမီးတို့ရဲ့ မှတ်ဉာဏ်နဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ထူးထူးခြားခြား တိုးတက်လာစေဖို့ 𝐀𝐄𝐋𝐂 မှာ အခုပဲ စာရင်းပေးသွင်းလိုက်ရအောင်နော်။
10/06/2026
🦁 တောရိုင်းတိရိစ္ဆာန်တွေအကြောင်း ဘယ်လောက်သိလဲ? ✨
သားသား၊ မီးမီးတို့ရဲ့ 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 နဲ့ အင်္ဂလိပ်စာစွမ်းရည်ကို အခု 𝐐𝐮𝐢𝐳 လေးနဲ့ အတူတူ စမ်းသပ်ကြည့်လိုက်ရအောင်။
❓ 𝐖𝐡𝐢𝐜𝐡 𝐚𝐧𝐢𝐦𝐚𝐥 𝐢𝐬 𝐤𝐧𝐨𝐰𝐧 𝐚𝐬 𝐭𝐡𝐞 "𝐊𝐢𝐧𝐠 𝐨𝐟 𝐭𝐡𝐞 𝐉𝐮𝐧𝐠𝐥𝐞"?
𝐀. 𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 🐘
𝐁. 𝐋𝐢𝐨𝐧 🦁
𝐂. 𝐆𝐨𝐫𝐢𝐥𝐥𝐚 🦍
𝐃. 𝐒𝐧𝐚𝐤𝐞 🐍
အဖြေမှန်ကို သိတဲ့ သားသား၊ မီးမီးတို့က 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐀, 𝐁, 𝐂, 𝐃 တစ်ခုခု ရေးသွားပေးပါဦးနော်။ 👇
07/06/2026
👋 ကျောင်းမသွားခင် အင်္ဂလိပ်လို ယုံကြည်မှုအပြည့်နဲ့ နှုတ်ဆက်ကြမယ်✨
မနက်ခင်း ကျောင်းကားပေါ်တက်ခါနီး ဒါမှမဟုတ် ကျောင်းဂိတ်ဝရောက်လို့ လမ်းခွဲရတော့မယ့်အချိန်ဟာ ကလေးတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ပါပဲ။
ဒီအချိန်မှာ "တာ့တာ" လို့ပဲ ရိုးရိုးနှုတ်ဆက်မယ့်အစား ချစ်စရာကောင်းပြီး စမတ်ကျတဲ့ 𝐆𝐨𝐨𝐝𝐛𝐲𝐞𝐬 & 𝐆𝐫𝐞𝐞𝐭𝐢𝐧𝐠𝐬 (နှုတ်ဆက်စကား) လေးတွေကို အင်္ဂလိပ်လို ပြောတတ်အောင် သင်ပေးလိုက်ရင် ကလေးက ကျောင်းကို ယုံကြည်မှုအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင် တက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့တော့ သားသား၊ မီးမီးတို့ ကျောင်းမသွားခင် မေမေ ဖေဖေ့ကို ပြောသွားလို့ရမယ့် လွယ်ကူပြီး အသုံးဝင်ဆုံး အင်္ဂလိပ်စာကြောင်း (၄) ကြောင်းကို ဝေမျှပေးချင်ပါတယ်။
🎒 ကျောင်းမသွားခင် နှုတ်ဆက်ဖို့ အသုံးဝင်မယ့် စာကြောင်း (၄) ကြောင်း
𝟏. "𝐇𝐚𝐯𝐞 𝐚 𝐠𝐫𝐞𝐚𝐭 𝐝𝐚𝐲, 𝐌𝐨𝐦𝐦𝐲/𝐃𝐚𝐝𝐝𝐲!"
👉 မေမေ/ဖေဖေတို့လည်း ဒီနေ့တစ်နေ့လုံး ပျော်ရွှင်စရာနေ့လေး ဖြစ်ပါစေနော်။
𝟐. "𝐒𝐞𝐞 𝐲𝐨𝐮 𝐚𝐟𝐭𝐞𝐫 𝐬𝐜𝐡𝐨𝐨𝐥!"
👉 ကျောင်းဆင်းရင် ပြန်တွေ့ကြမယ်နော်။
𝟑. "𝐈'𝐥𝐥 𝐦𝐢𝐬𝐬 𝐲𝐨𝐮!"
👉 မေမေ့ကို လွမ်းနေတော့မှာပဲ။
𝟒. "𝐖𝐢𝐬𝐡 𝐦𝐞 𝐥𝐮𝐜𝐤 𝐭𝐨𝐝𝐚𝐲!"
👉 ဒီနေ့ ကျောင်းမှာ အဆင်ပြေဖို့ အတွက် ဆုတောင်းပေးပါဦးနော်။
ဒီစာကြောင်းလေးတွေကို လေ့ကျင့်ပေးရုံနဲ့ ကလေးလေးတွေအနေနဲ့ ကျောင်းမသွားခင်မှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်နိုင်မှာပဲ ဖြစ်ပါတယ်။
အခုလို အင်္ဂလိပ်စာကို နေ့စဥ်ဘဝမှာ ပေါ့ပေါ့ပါးပါးလေး လေ့ကျင့်ပေးသွားတာကလည်း ကလေးတွေရဲ့ တိုးတက်မှုနဲ့ ကျွမ်းကျင်မှုကို သေချာပေါက် သိသိသာသာ တိုးတက်စေမှာပါနော်။
ကဲ အလွယ်ဆုံးနဲ့ ဒီလေးကြောင်းကို မှတ်ပြီးတော့ မနက်ဖြန်မနက် ကျောင်းသွားခါနီးရင် အင်္ဂလိပ်စာလိုလေး နှုတ်ဆက်လိုက်ရအောင်နော်။
05/06/2026
🧹 အိမ်မှုကိစ္စတွေကို အင်္ဂလိပ်လို အလွယ်လေး မှတ်လိုက်ရအောင်။ ✨
အိမ်မှာ မေမေ၊ဖေဖေတို့ကို အိမ်အလုပ်တွေ ကူပေးတတ်တဲ့ ကလေးလေးတွေရှိလားနော်။
ဒီနေ့တော့ အိမ်မှာ အတူတူ သန့်ရှင်းရေးလုပ်ရင်း၊ အလုပ်ကူလုပ်ရင်းနဲ့ အင်္ဂလိပ်လိုပါ တစ်ခါတည်း ပြောတတ်သွားအောင် လေ့ကျင့်ပေးလို့ရအောင် 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝𝐬 လေးတွေ မျှဝေသွားချင်ပါတယ်။
02/06/2026
🎒သားသား၊ မီးမီးတို့ ပတ်ဝန်းကျင်က အရာတွေဟာ သက်ရှိလား၊ သက်မဲ့လား? ✨
ဒီတစ်ပတ် 𝐖𝐨𝐫𝐤𝐬𝐡𝐞𝐞𝐭 အတွက်တော့ 𝐋𝐢𝐯𝐢𝐧𝐠 - 𝐍𝐨𝐧-𝐥𝐢𝐯𝐢𝐧𝐠 𝐓𝐡𝐢𝐧𝐠 ခေါင်းစဥ်ကို ရွေချယ်ထားပါတယ်။
ကလေးတွေရဲ့ 𝐂𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲 (စူးစမ်းလိုစိတ်) ကို မြှင့်တင်ပေးဖို့ အနီးနားမှာရှိတဲ့ အရာဝတ္ထုတွေကို 𝐋𝐢𝐯𝐢𝐧𝐠 𝐓𝐡𝐢𝐧𝐠𝐬 (သက်ရှိ) နဲ့ 𝐍𝐨𝐧-𝐥𝐢𝐯𝐢𝐧𝐠 𝐓𝐡𝐢𝐧𝐠𝐬 (သက်မဲ့) ဆိုပြီး ခွဲခြားတတ်အောင် လေ့ကျင့်လိုက်ရအောင်လားနော်။
01/06/2026
🎒 "𝐁𝐚𝐜𝐤 𝐭𝐨 𝐒𝐜𝐡𝐨𝐨𝐥 အသုံးအဆောင်လေးတွေ အင်္ဂလိပ်လိုပြောပြီး ပူဆာမယ✨
မေမေ၊ ဖေဖေတို့ရေ... ဇွန်လဆိုတာနဲ့ သားသား၊ မီးမီးတို့ ကျောင်းပြန်ဖွင့်မယ့်ရာသီ (𝐁𝐚𝐜𝐤 𝐭𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐒𝐞𝐚𝐬𝐨𝐧) ကို ရောက်ရှိလို့ လာခဲ့ပါပြီ။
ဒါတင်မကပဲ ကျောင်းပြန်ဖွင့်ခါနီးပြီဆိုတော့ သားသား၊ မီးမီးတို့က ကျောင်းသုံးပစ္စည်းအသစ်လေးတွေ ဝယ်ချင်လို့ ပူဆာကြတော့မယ်မလား?
အဲဒီလို ပူဆာတာကို မြန်မာလိုပဲ ငိုယိုပူဆာမယ့်အစား ချစ်စရာကောင်းတဲ့ 𝐃𝐚𝐢𝐥𝐲 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 (နေ့စဉ်သုံး အင်္ဂလိပ်စကားပြော) ဝါကျတိုလေးတွေအဖြစ် ပြောင်းလဲပြီး အင်္ဂလိပ်လို တောင်းဆိုတတ်အောင် လေ့ကျင့်ပေးလိုက်ရအောင်နော်။
ဒီနေ့တော့ ကလေးတွေ ဝယ်ချင်တဲ့ အသုံးအဆောင်လေးတွေကို အင်္ဂလိပ်လို မှန်မှန်ကန်ကန် ခေါ်ဆိုတတ်စေဖို့ 𝐕𝐨𝐜𝐚𝐛 & 𝐏𝐡𝐫𝐚𝐬𝐞𝐬 လေးတွေကို မျှဝေပေးလိုက်ပါတယ်။
🛍️ ကျောင်းသုံးအသုံးအဆောင် ဝေါဟာရများ
𝐏𝐞𝐧𝐜𝐢𝐥 𝐂𝐚𝐬𝐞- ခဲတံအိတ်
𝐖𝐚𝐭𝐞𝐫 𝐁𝐨𝐭𝐭𝐥𝐞 - ရေသန့်ဘူး
𝐋𝐮𝐧𝐜𝐡 𝐁𝐨𝐱 - ထမင်းဗူး
𝐂𝐫𝐚𝐲𝐨𝐧𝐬 - ဖယောင်းရောင်စုံခဲတံ
𝐄𝐫𝐚𝐬𝐞𝐫 - ခဲဖျက်
𝐑𝐮𝐥𝐞𝐫- ပေတံ
𝐒𝐡𝐚𝐫𝐩𝐞𝐧𝐞𝐫 - ခဲတံချွန်စက်
𝐌𝐚𝐫𝐤𝐞𝐫 - မာကာဖောင်တိန် / ရောင်စုံဖောင်တိန်
𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐞𝐫 - စာသားလိုင်းတားဖောင်တိန်
𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐁𝐨𝐨𝐤 - ပန်းချီဆွဲစာအုပ်
𝐅𝐨𝐥𝐝𝐞𝐫 - စာရွက်ညှပ်ဖိုင်
𝐍𝐚𝐦𝐞 𝐓𝐚𝐠 - နာမည်ကတ်ပြား
ကလေးက ပစ္စည်းတစ်ခုခုကို လက်ညှိုးထိုးပြီး "ဝယ်ပေး" လို့ပဲ ပြောမယ့်အစား ဒီစကားလုံးအသစ်တွေ ကို အသုံးပြုနိုင်စွမ်းတိုးတက်လာအောင် မေမေတို့က အင်္ဂလိပ်လိုပြောဖို့ တိုက်တွန်းတာက တကယ်ကို ထိရောက်စေမှာပါ။
ဒါဆို ဒီနေ့ ကလေးနဲ့အတူ ကျောင်းသုံးပစ္စည်းတွေ သွားဝယ်တဲ့အခါ မြန်မာလိုပြောမယ့်အစား
"𝐂𝐚𝐧 𝐈 𝐡𝐚𝐯𝐞...?" ဆိုတဲ့ ဝါကျလေးနဲ့ အင်္ဂလိပ်လို ပူဆာခိုင်းကြည့်လိုက်ရအောင်လားနော်။❤️ 😊
30/05/2026
ကလေးရဲ့ အင်္ဂလိပ်စာ အနာဂတ်ကို အခိုင်မာဆုံး ပြောင်းလဲပစ်ချင်ပါသလား? ✨
အဆောက်အဦးတစ်ခု ခိုင်ခံ့ဖို့ ဖောင်ဒေးရှင်းက အရေးကြီးဆုံးဖြစ်သလိုပဲ ကလေးတွေ အင်္ဂလိပ်စာ တကယ်တတ်မြောက်ဖို့ဆိုရင်လည်း 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐋𝐞𝐯𝐞𝐥 (အခြေခံအုတ်မြစ်) ပိုင်နိုင်ဖို့က အဓိကသော့ချက်ပါပဲ။
အခြေခံ မခိုင်မာဘဲ အဆင့်မြင့်စာတွေကို အတင်းသင်ပေးမယ်ဆိုရင် ကလေးက စာကိုကြောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ ပျောက်ဆုံးသွားတတ်ပါတယ်။
🚀ဒါကြောင့် 𝐀𝐄𝐋𝐂 မှာဆိုရင် အသက် (၇) နှစ်ကစလို့ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကနေ စတင်တက်ရောက်နိုင်ဖို့ ဖွင့်လှစ်ပေးထားတာပဲ ဖြစ်ပါတယ်။
အသက် ၇ နှစ် / ၈ နှစ်ဝန်းကျင် 𝐆𝐫𝐚𝐝𝐞 𝟏 အင်္ဂလိပ်စာသင်ရိုး ကို ပြီးပြတ်ထားတဲ့ သားသား၊ မီးမီးတွေ စတင်တက်ရောက်နိုင်မှာဖြစ်ပြီးတော့
ဒီ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဟာဆိုရင်
🎯 𝟒 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐚𝐥𝐚𝐧𝐜𝐞𝐝
𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠, 𝐑𝐞𝐚𝐝𝐢𝐧𝐠, 𝐖𝐫𝐢𝐭𝐢𝐧𝐠 ဆိုတဲ့ စွမ်းရည် (၄) ဖြာလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးစေပါတယ်။
📈 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦
နိုင်ငံတကာအဆင့်မီ စနစ်တကျ ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းကို အသုံးပြုထားလို့ ကလေးတွေရဲ့ တိုးတက်မှုကို သေချာပေါက် စိတ်ချရစေပါတယ်။
🧠 𝐈𝐧𝐪𝐮𝐢𝐫𝐲-𝐁𝐚𝐬𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠
ကလေးတွေရဲ့ သိလိုစိတ် (𝐂𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲) ကို လှုံ့ဆော်ပေးပြီး "ကိုယ်တိုင် တွေးခေါ်၊ ကိုယ်တိုင် ဝေမျှ" တတ်တဲ့ ခေါင်းဆောင်မှုအရည်အချင်းကိုပါ တစ်ပါတည်း ပျိုးထောင်ပေးတာဖြစ်ပါတယ်။
ဒါကြောင့် သားသား၊ မီးမီးတို့ရဲ့ အင်္ဂလိပ်စာအခြေခံကို အခိုင်မာဆုံးအုတ်မြစ် ချပေးနိုင်ဖို့ 𝐀𝐄𝐋𝐂 နဲ့အတူ စတင်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
မကြာခင်မှာလည်း 𝐀𝐄𝐋𝐂 ရဲ့ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝟒 𝐒𝐤𝐢𝐥𝐥𝐬 𝐂𝐥𝐚𝐬𝐬 က ဖွင့်လှစ်တော့မှာပဲ ဖြစ်ပါတယ်။
အတန်းချိန်တွေအနေနဲ့ .....
📖 Foundation
============
⏰ Mon/ Tue/ Wed - 6:00 to 7:30 PM
📆 Starting Date – 8.6.2026
💵 သင်တန်းကြေး - ၅၀၀၀၀ (လစဉ်)
📘 စာအုပ်ဖိုး - ၄၀၀၀၀
📈 သင်တန်းကာလ - (၄) လ
သင်တန်းအပ်မယ်ဆိုရင် 𝐡𝐭𝐭𝐩://𝐦.𝐦𝐞/𝐚𝐞𝐥𝐜𝐤𝐢𝐝𝐬 ကို နှိပ်ပြီးတော့ အခုပဲ အပ်နှံလိုက်ပါနော်။
သတ်မှတ်လူဦးရေ ပြည့်တာနဲ့ စာရင်းပိတ်တာဖြစ်လို့ အမြန်ဆုံး အပ်နှံထားဖို့ တိုက်တွန်းချင်ပါတယ်နော်။
29/05/2026
🦁 ၃ စက္ကန့်အတွင်း တိရိစ္ဆာန်လေးတွေရဲ့ အခေါ်အဝေါ်နဲ့ အင်္ဂလိပ်စကားလေ့လာမယ်။✨
မေမေ၊ ဖေဖေတို့ရေ... သားသား၊ မီးမီးတို့က အိမ်မွေးတိရိစ္ဆာန်လေးတွေပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ရုံက ကောင်လေးတွေကိုပဲဖြစ်ဖြစ် တွေ့ရင် အရမ်းစိတ်လှုပ်ရှားပြီး ပျော်ကြတယ်မလား?
ဒါဟာ သူတို့ရဲ့ 𝐂𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲 (စူးစမ်းလိုစိတ်) ကို အင်္ဂလိပ်စာ သင်ယူမှုနဲ့ ချိတ်ဆက်ပေးဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။
ဒီနေ့တော့ ချစ်စရာ ကာတွန်းရုပ်ပုံလေးတွေပါတဲ့ 𝐀𝐧𝐢𝐦𝐚𝐥 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝𝐬 လေးတွေကို ပြရင်း အိမ်မှာတင် အလွယ်တကူ လေ့ကျင့်ပေးလို့ရမယ့် 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝𝐬 လေးတွေကို မျှဝေပေးလိုက်ပါတယ်။❤️