Education light

Education light

Share

Educational consultant Teachig Mathematics

26/05/2026

Mathနဲ့ပတ်သက်ပြီး အမေးများကြတဲ့
Singapore Maths နဲ့ Olympiad Mathsအကြောင်း။

Olympid Maths ဆိုတာ က နိုင်ငံတကာ ပြိုင်ပွဲ တွေ မှာ တ ကမ္ဘာလုံးက ကလေး တွေ နဲ့ ပြိုင်ဆိုင် နိုင်ဖို့ ကလေးတယောက်ရဲ့ maths နဲ့ ပတ်သက် တဲ့ တွေးတောစဉ်းစား ပုံ နည်းမျိုးစုံ ကို အသက်အရွယ်အလိုက် လေ့ကျင့်ပေးတာဖြစ်ပါတယ်။

Singapore maths ကတော့ Singapore သင်ရိုးကို အခြေခံ ပြီး သင်တာဖြစ်ပါတယ်။
Singapore သင်ရိုးကတော့ Olympiad maths လို့လဲ တွေးရ တာမျိုးကြီးတော့မဟုတ်ပါဘူး ။

သေချာထပ်ခွဲပြောပါ့မယ်။

ယခုအချိန်မှာ Math နဲ့ပတ်သက်ပြီး သင်ရိုးညွှန်းတမ်း (၃)မျိုးတွေ့ရပါတယ်။

Cambridge curriculum
Singapore curriculum
American curriculum

နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်တဲ့အခါ တက္ကသိုလ်ဝင်ခွင့် လျှောက်ရာတွင် IGCSE , GED ,SAT, IB, AP အစရှိတဲ့ လက်မှတ်များအတွက် Academic Maths score တွေဟာ အရေးကြီးပါတယ်။

International School အများစု သင်ကြားပေးနေတဲ့ Maths ကတော့ Cambridge Maths ဖြစ်ပါတယ်။

American Maths ကတော့ သင်္ချာနှင့် အကျွမ်းတဝင်ဖြစ်ပြီး တီထွင်ဆန်းသစ်ပြီး တကယ်လက်တွေ့ Project များ လုပ်တတ်အောင် ဖြစ်ပါတယ်။

Singapore maths ကတော့ လက်ရှိမှာ မြန်မာသင်ရိုးကျောင်းတက်ထားတဲ့ ကလေးတွေနဲ့ အကိုက်ညီဆုံး Curriculum တစ်ခုဖြစ်တယ်။ အငယ်တန်း ကတည်းက ကလေးတွေကို ရှုထောင့်ပါင်းစုံကနေ စတင်စဥ်းစားစေဖို့ စီစဉ်ထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ Singapore maths ရဲ့ အားသာချက်က ကလေးတစ်ယောက်ကို တွက်နိုင်တဲ့ စွမ်းရည်တွင်သာမက တွေးနိုင်တဲ့ စွမ်းရည်ကိုပါဆွဲထုတ်ဖို့ ပြင်ဆင်ထားတဲ့ အတွက် Mathတခုလုံး ခြုံငုံလေ့လာနိုင်ဖို့ ငယ်စဉ်ကတဲက လေ့ကျင့်ပေးသင့်ပါတယ်။

အများစု စိတ်ဝင်စားလာကြတဲ့ Olympiad Math ကိုဖြေချင်တဲ့ကလေးတွေကလဲ Singapore Mathကို စတင်လေ့ကျင့်သင့်ပါတယ်။
မြန်မာမှာ အဖြေများကြတာကတော့
HKIMO
TIMO
SASMO
AMO
Maths Kangaroo
စတဲ့ စာမေးပွဲတွေ လအလိုက် နှစ်စဉ်ရှိကြပါတယ်။
Mathမှာ ထူးချွန်ပြီး International ပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ သူတွေဖြစ်ဖို့ဆို ငယ်စဉ်ကတည်းက လေ့ကျင့်မှုများများလိုပါတယ်။

ပြန်လည်မျှဝေပါတယ် ရှင့် ☺
Crd

15/05/2026

သူ့သူငယ်ချင်းတချို့က GED ပြောင်းကုန်ကြလို့ရန်ကုန်ကျောင်းတွေက IG ပြီးလည်း foundation ပြန်တက်ရတယ်တဲ့ GED တက်ရင် foundation ပြန်တက်စရာမလိုဘူးတဲ့။ IG တစ်နှစ်ခွဲအချိန်ကုန်တယ်တဲ့။​ အဲဒါ GED ပဲပြောင်းတက်ရမလား၊ IGCSE ပဲ ပြန်ဆက်တက်ရမလား အကြံဉာဏ်လေးပေးပါတဲ့။

ဒီအကြောင်းတွေ ခဏခဏ ဖြေပေးဖူးပေမယ့် ထပ်ပြောဖို့ လိုလာလို့ ပွင့်ပွင့် လင်းလင်းပဲ ပြောပါမယ်။

GED ဆိုတာ ကျောင်းမတက်ခဲ့ရတဲ့ သို့မဟုတ် မနေခဲ့ရတဲ့ ကလေးတွေ အတွက် အထက်တန်းပညာရေး ပြီးကြောင်း လက်မှတ်ယူနိုင်အောင် စီစဉ်ပေးတာမျိုးပါ။​ နိုင်ငံတကာမှာ စစ်မက်တွေကြောင့် ဖြစ်ဖြစ်၊ နိုင်ငံရေးကြောင့် ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ပုံမှန်တက်ရမယ့် အဆင့်လိုက် အတန်းတွေ (ဥပမာ - မူလတန်း-အလယ်တန်း-အထက်တန်း) စနစ်တကျ မတက်ခဲ့ရဘဲ၊ အတန်းတက်ခဲ့တဲ့ မှတ်တမ်း ပြစရာမရှိတဲ့ ကျောင်းသားတွေ အတွက် GED (General Education (Educational) Development) test ဆိုပြီး အမေရိကန်နိုင်ငံကကျင်းပပေးတဲ့ အထက်တန်းအဆင့်အရည်ချင်း (High School Equivalency) စစ်ပေးတဲ့ စာမေးပွဲ ဖြစ်ပါတယ်။

၁။ အယူအဆအလွဲကို ထောက်ပြခြင်း (The Misconception)

မိဘတစ်ယောက်မေးထားသလို "GED က မြန်တယ်၊ IGCSE က အချိန်ကုန်တယ်" ဆိုတဲ့အချက်ကို အဓိကထားပြီး ပြောချင်ပါတယ်။

တကယ့်အမှန်တရားက GED က High School Equivalency (အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှခြင်း) ဖြစ်ပြီး၊ IGCSE က Grade 10-11 အဆင့်သာ ဆိုတာ မှန်ပါတယ်။ ဒါကြောင့် IGCSE ပြီးရင် Foundation သို့မဟုတ် A-Level (Grade 12-13) ဆက်တက်ရတာ သဘာဝကျပါတယ်။

၂။ GED ရဲ့ အားသာချက်နဲ့ အကန့်အသတ် (The GED Reality)

အားသာချက်: အသက် ၁၆ နှစ်ကျော်ရင် ဖြေလို့ရတယ်၊ ဘာသာရပ် ၄ ခုပဲ ဖြေရတော့ အချိန်တိုအတွင်း အထက်တန်းအောင်လက်မှတ် ရနိုင်တယ်။

အကန့်အသတ်: GED က US အခြေခံဖြစ်လို့ US, Thailand နဲ့ အချို့သော နိုင်ငံတကာတက္ကသိုလ်တွေမှာပဲ လက်ခံတာ များပါတယ်။ Ranking မြင့်တဲ့ တက္ကသိုလ်ကြီးတွေ (ဥပမာ- UK, Australia, Singapore က ထိပ်တန်းကျောင်းတွေ) က GED ကို တိုက်ရိုက်လက်ခံဖို့ ခဲယဉ်းတတ်ပါတယ်။

၃။ IGCSE ရဲ့ ခိုင်မာမှု (The IGCSE Strength)

IGCSE က ကမ္ဘာတစ်ဝန်းမှာ အသိအမှတ်ပြုမှု အရှိဆုံး အခြေခံပညာရေး စနစ်ပါ။

Foundation တက်ရခြင်း: IGCSE ပြီးရင် Foundation တက်ရတာဟာ အချိန်ဖြုန်းတာမဟုတ်ဘဲ ကိုယ်သွားမယ့် တက္ကသိုလ် ဘာသာရပ်အတွက် အခြေခံ ခိုင်မာအောင် ပြင်ဆင်တာဖြစ်ပါတယ်။ (ဥပမာ- ဆေးကျောင်းသွားမယ့်သူက Science Foundation တက်ရသလိုမျိုး)။

ဆုံးဖြတ်ဖို့ Criteria တွေပေးပါမယ်။

၁)​ ဦးတည်ချက်က ဘာလဲ

နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းကျောင်းတွေမှာ ဘွဲ့ရရုံသက်သက်လား။ ဒါဆို GED ပဲ ရွေးပါ။ နိုင်ငံတကာက Ranking ကောင်းတဲ့ အဆင့်မြင့်ကျောင်းတွေမှာ foundation ကောင်းကောင်းနဲ့ အဆင့်လိုက် qualified ဖြစ်ချင်တယ်ဆိုရင် IGCSE O'level, A Level သေချာတက်ပါ။​

၂) Grade 7,8,9 အထောက်အထား သို့မဟုတ် နိုင်ငံရေးအခြေအနေ

တချို့က ကျောင်းတက်ခဲ့တဲ့ အထောက်အထားကောင်းကောင်းမရှိ၊ အသက်ရွယ်အရလည်း မြန်မြန်သွားချင်တယ်ဆိုရင် GED တက်ပါ။

၃) နိုင်ငံတကာ ကျောင်းကောင်းတွေကို Academic Records ကောင်းကောင်းနဲ့ ပြပြီး ပညာရေးကောင်းကိုပဲ အာရုံစိုက်ချင်သူအတွက် IGCSE, A Level သေချာတက်သွားပါလို့ အကြံပေးပါရစေ။

ခြွင်းချက်အနေနဲ့ ထပ်ပြီးအကြံပေးရရင်
တချို့က IGCSE နဲ့ တင် ပြည်ပသွားချင်သူတွေ အတွက် ဥပမာ UK ဆိုရင် Level 3 (Foundation) အနည်းဆုံး ၆လ/တစ်နှစ် တက်ပြီး တက္ကသိုက်နိုင်သလို၊ Sixth Form College (Grade 12-13) ကိုလည်း တက်ရောက်ပြီးမှ တက္ကသိုလ်ကောင်းကို ထပ်ရွေးချယ်တက်ရောက်နိုင်ပါတယ်။

ဆက်ပါအုံးမယ်..

ကျေးဇူးတင်ပါတယ်

05/05/2026

IGCSE mathematics (2026May-June series)
0580 Extended.mathematics
0606 Additional . mathematics
ကောင်းမွန်စွာဖြေဆိုနိုင်ကြပါစေ။♥️
Good luck🙏🙏🙏 to all my students ♥️




Photos from Education light's post 15/01/2026

CIE price lists ထွက်လာပါပြီ။
E.math and A.math fees ကတော့ USD 188 ပါ။

06/01/2026

IGCSE CIE (may-june) 2026
A math and E math intensive class
one- one (in person) math training class
အတန်းများအတွက် စုံးစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
ဆက်သွယ်ရန်➡️Via chatbox
📞☎️ 09975352842 (Viber/telegram)

Education light




21/11/2025

IGCSE CIE (may -june) 2026 series
A math and E math intensive class
One-one (in person)class
အတန်းများအတွက် စုံးစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
ဆက်သွယ်ရန်➡️Via chatbox
📞☎️ 09975352842(Viber/telegram)

Education light




27/10/2025

Extended mathematics 0580
မှာ ပါတဲ့ statistics mathematics concepts

ဒေတာခွဲခြမ်းစိတ်ဖြာရာတွင် Percentile နှင့် Quartile တို့၏ အရေးပါမှု

စာရင်းအင်းပညာ (Statistics) တွင် ဒေတာအစုအဝေးတစ်ခုကို နားလည်နိုင်ရန်နှင့် ဒေတာတစ်ခုချင်းစီ၏ တည်နေရာကို သိရှိရန်အတွက် အတိုင်းအတာအမျိုးမျိုးကို အသုံးပြုပါသည်။ ထိုအတိုင်းအတာများထဲမှ Percentile (ရာခိုင်နှုန်းမှတ်) နှင့် Quartile (လေးပုံတစ်ပုံမှတ်) တို့သည် ဒေတာတစ်ခုသည် အခြားဒေတာများနှင့်နှိုင်းယှဉ်လျှင် မည်မျှအရေးပါကြောင်းနှင့် ဒေတာများ မည်သို့ပြန့်ကျဲနေကြောင်းကို ဖော်ပြပေးနိုင်သော အခြေခံကျသည့် ကိရိယာများ ဖြစ်ပါသည်။ ဤတိုင်းတာမှုနှစ်ခုစလုံးသည် ဒေတာများ၏ ပုံသဏ္ဌာန်နှင့် ဗဟိုတည်နေရာကို ခွဲခြမ်းစိတ်ဖြာရာတွင် အထူးအသုံးဝင်ပါသည်။

Percentile (ရာခိုင်နှုန်းမှတ်)
Percentile ဆိုသည်မှာ ဒေတာအစုအဝေးတစ်ခု (dataset) ထဲမှာရှိတဲ့ ကိန်းဂဏန်းတစ်ခုရဲ့ အောက်မှာ ဒေတာဘယ်နှရာခိုင်နှုန်းရှိလဲဆိုတာကို ပြသတဲ့ တိုင်းတာမှုတစ်ခု ဖြစ်ပါတယ်။ Percentile သည် 0 မှ 100 အထိ တန်ဖိုးရှိနိုင်ပြီး၊ ဒေတာအစုအဝေးတစ်ခုအား အပိုင်း (၁၀၀) ပိုင်း ပိုင်းခြားထားသည်ဟု မြင်နိုင်ပါသည်။ Pth Percentile ရရှိခြင်းသည် ဒေတာစုစုပေါင်း၏ P% သည် ထိုတန်ဖိုးအောက် (သို့မဟုတ်) တူညီသောတန်ဖိုးတွင် ရှိနေသည်ဟု ဆိုလိုသည်။
ဥပမာ -
ကုမ္ပဏီဝင်ငွေ - ကုမ္ပဏီတစ်ခု၏ နှစ်စဉ်ဝင်ငွေသည် ပြိုင်ဘက်ကုမ္ပဏီများ၏ 95th Percentile တွင် ရှိသည်ဆိုပါစို့။ ၎င်းသည် ထိုကုမ္ပဏီ၏ ဝင်ငွေသည် ပြိုင်ဘက်ကုမ္ပဏီများ၏ 95% ထက် ပို၍များပြားသည်ဟု ဆိုလိုသည်။
ထုတ်ကုန်၏ ကြာရှည်ခံမှု - ဘက်ထရီတစ်ခု၏ သက်တမ်းသည် ထုတ်လုပ်သည့် ပစ္စည်းများ၏ 60th Percentile တွင် ရှိသည်ဆိုပါစို့။ ၎င်းသည် ထုတ်လုပ်ခဲ့သော ဘက်ထရီအားလုံး၏ 60% ထက် သက်တမ်းပိုကြာသည်ဟု ဆိုလိုသည်။

Quartile (လေးပုံတစ်ပုံမှတ်)
Quartile ဆိုသည်မှာ ဒေတာအစုအဝေးတစ်ခုကို ဒေတာ၏ 25% စီ ပါဝင်သော အပိုင်း (၄) ပိုင်း ခွဲခြားသတ်မှတ်ခြင်း ဖြစ်သည်။ Quartile များသည် Percentile ၏ အထူးအခြေအနေများ ဖြစ်ကြသည်။ Quartile သုံးခု ရှိပါသည်။
1. First Quartile (Q1) / Lower Quartile - ၎င်းသည် ဒေတာ၏ 25th Percentile ဖြစ်ပြီး၊ ဒေတာစုစုပေါင်း၏ အနိမ့်ဆုံး 25% သည် ဤတန်ဖိုးအောက်တွင် ရှိသည်။
2. Second Quartile (Q2) / Median (အလယ်မှတ်) - ၎င်းသည် ဒေတာ၏ 50th Percentile ဖြစ်ပြီး၊ ဒေတာစုစုပေါင်း၏ အတိအကျ အလယ်တန်ဖိုး ဖြစ်သည်။
3. Third Quartile (Q3) / Upper Quartile - ၎င်းသည် ဒေတာ၏ 75th Percentile ဖြစ်ပြီး၊ ဒေတာစုစုပေါင်း၏ 75% သည် ဤတန်ဖိုးအောက်တွင် ရှိသည်။
ဥပမာ- ဖောက်သည် ဝယ်ယူမှုပမာဏ ဒေတာများ (ပမာဏကို သိန်းဖြင့် ယူနစ်ပြုသည်) ရှိသည်ဆိုပါစို့
[50, 60, 70, 75, 80, 85, 90, 95, 100, 110, 120] (စုစုပေါင်း ၁၁ ခု)
Q2 (Median)- အလယ်တန်ဖိုးမှာ 85 ဖြစ်သည်။ (ဒေတာ၏ 50% သည် 85 အောက်တွင် ရှိသည်)
Q1- အောက်တစ်ဝက် ([50, 60, 70, 75, 80]) ၏ အလယ်တန်ဖိုးမှာ 70 ဖြစ်သည်။ (ဒေတာ၏ 25% သည် 70 အောက်တွင် ရှိသည်)
Q3- အပေါ်တစ်ဝက် ([90, 95, 100, 110, 120]) ၏ အလယ်တန်ဖိုးမှာ 100 ဖြစ်သည်။ (ဒေတာ၏ 75% သည် 100 အောက်တွင် ရှိသည်)

Quartile နှင့် Percentile တို့၏ ခြားနားချက်
Percentile က ဒေတာကို အပိုင်း ၁၀၀ ပိုင်း ခွဲပြီး ပိုမိုတိကျသော တည်နေရာကို ပြသပေးသည်။ Quartile ကမူ ဒေတာကို ၄ ပိုင်းသာ ခွဲခြားထားပြီး Percentile ၏ အထူးအခြေအနေများ ဖြစ်သည် (Q1=25th Percentile, Q2=50th Percentile, Q3=75th Percentile)။
Percentile နှင့် Quartile တို့သည် ဒေတာအစုအဝေးတစ်ခု၏ ဗဟိုတည်နေရာနှင့် ပြန့်ကျဲမှုကို လေ့လာရန်အတွက် စာရင်းအင်းပညာရှင်များ မရှိမဖြစ်အသုံးပြုရသည့် အတိုင်းအတာများ ဖြစ်သည်။ ဤအတိုင်းအတာများကို အသုံးပြုခြင်းဖြင့် ဒေတာခွဲခြမ်းစိတ်ဖြာမှုများကို ပိုမိုနားလည်လွယ်ကူစေပြီး အဓိပ္ပာယ်ရှိသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေပါသည်။

နိုဝင်ဘာလ ၇ ရက်မှာဖွင့်မဲ့
Basic statistics with R Batch-74 (Video class)
Statistics with R Level-2 (Video class)
သင်တန်းအသေးစိတ်ကြည့်ရန်
https://www.facebook.com/share/p/19sUv96qCZ/

23/10/2025

Singapore polytechnic မှာ Architecture major တက်နေသော တပည့်လေးမှ သီတင်းကျွတ်ကို
သူရဲ့part-time ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကန်တော့တာ
Tr ကတော့ဝမ်းသာမျက်ရည်ဝဲရတယ်..။
My vitamins ♥️❤️❤️♥️


28/09/2025

IGCSE mathematics (2025 Oct -November series)
0580 Extended.mathematics
0606 Additional . mathematics
ကောင်းမွန်စွာဖြေဆိုနိုင်ကြပါစေ။♥️
Good luck🙏🙏🙏 to all my students ♥️




Photos from Education light's post 19/08/2025

Big Congratulations to all ♥️

A* and A in E-math and A-math
2025 (May-June) series
ရှေ့ဆက်လျှောက်လမ်းမယ့် ပညာခရီးလမ်းတိုင်း အဆင်ပြေချောမွေ့ပါစေနော်။ ♥️♥️


Educatiion light

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


South Okkalapa Township
Yangon

Opening Hours

09:00 - 17:00