06/06/2026
🌸စိုက်ပျိုးရေးကို စိတ်ဝင်စားသူများအတွက် ဂျပန်နိုင်ငံသို့သွားရောက်နိုင်ရန် လာရောက်အတန်းအပ်နှံသင့်သည့် တန်းခွဲသစ်🌸
Myo Overseas Academy ရဲ့ Training Centre
#JapaneseLanguage
#Japan #trainee #tokuteiginou Language Training
Skill Training
Tokutei Training
Cultural Training
06/06/2026
🌸စိုက်ပျိုးရေးကို စိတ်ဝင်စားသူများအတွက် ဂျပန်နိုင်ငံသို့သွားရောက်နိုင်ရန် လာရောက်အတန်းအပ်နှံသင့်သည့် တန်းခွဲသစ်🌸
05/06/2026
🌸ဂျပန်နိုင်ငံသို့ စက်မှုကုန်ထုတ်လုပ်ငန်းဖြင့် သွားရောက်လိုသော သူတိုင်း တက်ထားရမယ့် TOKUTEI အတန်းချိန်သစ်လေး ရှိနေပြီဖြစ်တဲ့အတွက် အမြန်ဆုံးလာရောက်အပ်နှံနိုင်ပါပြီ🌸
04/06/2026
🌸ဂျပန်စာကို အခုမှစလေ့လာမယ့်သူများအတွက် BASIC+N5 အတန်းသစ်အချိန်လေး ထွက်လာပါပြီနော်..🌸
゚viralシ
😁😁 မေ့နေကြမှာစိုးလို့ 😁😁
01/06/2026
🌸စာမေးပွဲတွေမှာ အမှတ်ပြည့် ဒါမှမဟုတ် အမှတ်ပြည့်နီးပါးလိုချင်တဲ့သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ N4 အတန်းကို အပ်လို့ရနေပါပြီနော်🌸
စနေ တနင်္ဂနွေ တန်းခွဲသစ်
.
ကျောင်းအပ်လက်ခံနေပါပြီ
27/05/2026
🌸ကျောင်းသားများ ကြားချင်နေတဲ့ သတင်းလေး ပြောပြလိုက်ပြီနော် 🌸
ဟိဟိ
MOTC မှာ သင်တန်းတက်ရင်
ညိုသူချော ဖြူသူလှစေရမယ်
😝😝😝
25/05/2026
Animation ကြည့်ရင်းတောင် ပုံပြင်နားထောင်ရသလိုကို ကြည့်နေရင်း ဇာတ်လမ်းထဲမျောသွားစေတဲ့ 🎍The Tale Of The Princess Kaguya🎍
🎍昔々、日本の静かな村に、親切なおじいさんとおばあさんが住んでいました。
တစ်ခါတုန်းက... ဂျပန်ပြည်ရဲ့ တိတ်ဆိတ်လှတဲ့ ရွာကလေးတစ်ရွာမှာ ကြင်နာတတ်တဲ့ ဝါးခုတ်သမား အဖိုးအိုနဲ့ အဖွားအိုတို့ ရှိကြသတဲ့။
🎍二人の間には子供がいなかったので、とても寂しく、いつも子供を欲しがっていました。
သူတို့မှာ သားသမီးမရှိတော့ အထီးကျန်ပြီး အမြဲတမ်း သားသမီးလိုချင်နေကြတာပေါ့။
🎍である日、おじいさんはいつものように竹やぶで竹を切っていると、不思議に黄金色に光り輝く一本の竹を見つけました。
တစ်နေ့တော့ အဖိုးအိုဟာ ထုံးစံအတိုင်း ဝါးတောထဲမှာ ဝါးခုတ်နေရင်းနဲ့ ထူးဆန်းစွာ ရွှေရောင်ဝင်းဝင်းတောက်နေတဲ့ ဝါးလုံးတစ်လုံးကို တွေ့လိုက်ရတယ်။
🎍おじいさんは驚いて言いました。「おや、これは何の竹だろう。不思議な光が出ているではないか」そう言って、竹を丁寧に切ってみました。
အဖိုးအိုလည်း အံ့သြသွားပြီး— "ဟင်... ဒါ ဘာဝါးလုံးပါလိမ့်။ ထူးထူးဆန်းဆန်း အလင်းရောင်တွေ ထွက်နေပါလား" ဆိုပြီး ဝါးလုံးလေးကို ဂရုတစိုက်နဲ့ ဖြတ်ကြည့်လိုက်တာပေါ့။
🎍すると、竹の中に三寸(約九センチ)ほどの大変可愛らしくて輝く女の子が座っているのを見つけました!
အဲဒီအခါ ဝါးလုံးထဲမှာ လက်သုံးလုံးလောက်ပဲရှိတဲ့ အလွန်ချစ်စရာကောင်းပြီး တောက်ပတဲ့ မိန်းကလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်!
🎍おじいさんは大喜びで急いで家に走り帰り、おばあさんに見せました。
အဖိုးအိုလည်း ဝမ်းသာအားရနဲ့ အိမ်ကို အမြန်ပြေးခေါ်လာပြီး အဖွားအိုကို ပြတာပေါ့။
🎍「おばあさん、おいで、見ておくれ!私たちのところに天から降ってきたような娘がやってきたよ!」
"အဖွားရေ... လာကြည့်ပါဦး၊ ငါတို့ဆီကို နတ်သက်ကြွေတဲ့ သမီးလေး ရောက်လာပြီဗျာ!"
🎍老夫婦はその娘を愛おしく思い、「カグヤヒメ」(輝く夜の姫)と名付けて大切に育てました。
သူတို့ဇနီးမောင်နှံဟာ သမီးလေးကို အသည်းယားအောင် ချစ်ကြပြီး "ကဂုယဟိမဲ" (တောက်ပသော လမင်းသမီးလေး) လို့ နာမည်ပေးကာ ဂရုစိုက်ကြတယ်။
🎍不思議なことに、その日からおじいさんが竹を切るたびに、竹の中から金貨が出てくるようになり、彼らの家族はたちまち大金持ちになりました。
ထူးဆန်းတာက အဲဒီနေ့ကစလို့ အဖိုးအို ဝါးခုတ်တဲ့အခါတိုင်း ဝါးလုံးတွေထဲကနေ ရွှေဒင်္ဂါးတွေ ချည်းပဲ ထွက်လာတတ်လို့ သူတို့မိစုဟာ ချက်ချင်းဆိုသလို အလွန်ချမ်းသာသွားကြပါလေရော။
🎍カグヤヒメは数日間のうちに驚くほど急速に成長し、成人すると、その村だけでなく、この世で並ぶものがないほど美しく素晴らしい娘になりました。
ကဂုယဟိမဲလေးဟာ ရက်ပိုင်းအတွင်းမှာတင် အံ့သြစရာကောင်းလောက်အောင် လျင်မြန်စွာ ကြီးထွားလာပြီး အရွယ်ရောက်တဲ့အခါမှာတော့ တောရွာလေးတင်မကဘဲ တစ်လောကလုံးမှာ ပြိုင်ဖက်မရှိအောင် ချောမောလှပတဲ့ မိန်းမပျိုလေး ဖြစ်လာခဲ့တယ်။
🎍彼女の美しさの噂を聞きつけて、国中の貴族や皇子たちが結婚を申し込もうと、家の前に列を作りました。
သူမရဲ့ အလှသတင်းကြောင့် တစ်ပြည်လုံးက မင်းညီမင်းသားတွေဟာ လက်ထပ်ခွင့်တောင်းဖို့ အိမ်ရှေ့မှာ တန်းစီနေကြတာပေါ့။
🎍その中でも特に熱心な五人の皇子たちが毎日やってきて熱烈に求婚するので、カグヤヒメは誰とも結婚したくないため、知恵を働かせて不可能な五つの難題を出しました。
အဲဒီထဲကမှ ဇွဲအကောင်းဆုံး မင်းသား ၅ ပါးဟာ နေ့တိုင်းလာပြီး အပူတပြင်း တောင်းဆိုကြတော့ ကဂုယဟိမဲက ဘယ်သူ့ကိုမှ လက်မထပ်ချင်တာကြောင့် ဉာဏ်ဆင်ပြီး မဖြစ်နိုင်တဲ့ တာဝန် ၅ ခု ပေးလိုက်တယ်။
「🎍皆様、私を本当に愛してくださるなら、私が望む宝物を持ってきてください」
"အရှင်တို့... ကျွန်မကို တကယ်ချစ်ရင် ကျွန်မတောင်းဆိုတဲ့ ရတနာတွေကို ယူဆောင်ပေးကြပါ"
🎍彼女は最初の皇子に「仏の御石の鉢」、二番目の皇子に「蓬莱の玉の枝」、三番目の皇子に「火鼠の皮衣」、四番目の皇子に「龍の首の珠」、五番目の皇子には「燕の子安貝」をそれぞれ探してくるように頼みました。
သူမက ပထမမင်းသားကို "ဗုဒ္ဓမြတ်စွာဘုရားရဲ့ ကျောက်သပိတ်တော်"၊ ဒုတိယမင်းသားကို "နတ်ကျွန်းက ရွှေပင်ငွေပင်ရဲ့ ရတနာခက်"၊ တတိယမင်းသားကို "မီးဒဏ်ခံတဲ့ ဖီးနစ်ငှက်မွေးဝတ်ရုံ"၊ စတုတ္ထမင်းသားကို "နဂါးမင်းလည်ပင်းက ရတနာကျောက်"၊ ပဉ္စမမင်းသားကိုတော့ "ဇရက်ငှက်ရဲ့ကိုယ်ထဲက ခရုကတ္တီပါ" ဆိုပြီး အသီးသီး ရှာခိုင်းလိုက်တယ်။
🎍皇子たちは命を懸けたくなかったので、偽物を作って騙そうとしましたが、カグヤヒメの賢さによってすべて見破られ、皆失敗してしまいました。
မင်းသားတွေဟာ အသက်အန္တရာယ် မစွန့်ချင်ကြတာကြောင့် အတုအယောင်တွေလုပ်ပြီး လိမ်ညာဖို့ ကြိုးစားကြပေမယ့် ကဂုယဟိမဲရဲ့ ပါးနပ်မှုကြောင့် အားလုံး အလိမ်အညာ ပေါ်သွားပြီး ရှုံးနိမ့်သွားကြရရှာတယ်။
🎍最後には日本のミカド(帝)ご自身が彼女を宮廷に召し出そうとしましたが、カグヤヒメはそれをも拒み、手紙を送り合う親しい友人として過ごしました。
နောက်ဆုံး ဂျပန်ဧကရာဇ်မင်းမြတ်ကိုယ်တိုင်က နန်းတော်ကို ခေါ်ယူဖို့ ကြိုးစားပေမယ့်လည်း ကဂုယဟိမဲက ငြင်းပယ်ခဲ့ပြီး စာတိုလေးတွေ ပေးပို့တဲ့ မိတ်ဆွေတွေအဖြစ်ပဲ နေခဲ့ကြတယ်။
🎍数年が経ち、満月の夜が近づくと、カグヤヒメは月を見つめてはしくしくと泣くようになりました。
နှစ်တွေကြာလာပြီး လပြည့်ညတွေ ရောက်တဲ့အခါ ကဂုယဟိမဲဟာ လမင်းကြီးကိုကြည့်ပြီး တရှုံ့ရှုံ့ ငိုကြွေးလေ့ရှိလာတယ်။
🎍おじいさんとおばあさんは心配して言いました。「娘よ、なぜ満月の夜のたびにそんなに悲しそうに泣いているのだ。親に話しておくれ」と尋ねると、カグヤヒメは涙ながらに真実を明かしました。
အဖိုးအိုနဲ့ အဖွားအိုက စိုးရိမ်တကြီးနဲ့— "သမီးလေး... ဘာလို့ လပြည့်ညတိုင်း ဝမ်းနည်းပက်လက် ငိုနေရတာလဲကွယ်၊ မိဘတွေကို ပြောပြပါဦး" လို့ မေးတဲ့အခါမှာတော့ ကဂုယဟိမဲက မျက်ရည်တွေကြားကနေ အမှန်တရားကို ဖွင့်ပြောပါတော့တယ်။
🎍「お父さん、お母さん。私はこの地球の人間ではありません。月の世界の者です。昔、ある罪のために地球へ一時的な罰を受けに来ていたのですが、今その罰の期限が切れたので、次の満月の夜に、月の世界の人が私を迎えにやってきます」
"အဖေနဲ့အမေ... သမီးဟာ ဒီကမ္ဘာမြေက လူသားမဟုတ်ပါဘူး။ လကမ္ဘာက လာတဲ့သူပါ။ အရင်က အပြစ်တစ်ခုကြောင့် ကမ္ဘာမြေကို ခေတ္တပြစ်ဒဏ်ကျခံဖို့ ရောက်လာခဲ့တာဖြစ်ပြီး အခု ပြစ်ဒဏ်စေ့သွားပြီမို့ လာမယ့် လပြည့်ညမှာ လကမ္ဘာကလူတွေ သမီးကို လာခေါ်ကြပါတော့မယ်"
🎍おじいさんとおばあさんは娘を手放したくなかったので、ミカドに助けを求めました。
အဖိုးအိုနဲ့ အဖွားအိုဟာ သမီးလေးကို မခွဲနိုင်တာကြောင့် ဧကရာဇ်မင်းမြတ်ထံ အကူအညီတောင်းကြတယ်။
🎍ミカドも何千人もの兵士を家一帯に完全武装で配置し、カグヤヒメを必死に守るよう手配しました。 ဧကရာဇ်ကလည်း စစ်သည်တော် ထောင်ပေါင်းများစွာကို အိမ်တော်ပတ်ပတ်လည်မှာ လက်နက်အပြည့်အစုံနဲ့ စောင့်ကြပ်စေပြီး ကဂုယဟိမဲကို အတင်းကာကွယ်ထားဖို့ စီစဉ်လိုက်တယ်။
🎍しかし、約束の満月の夜になると、空から雲とともに大変輝かしい天人(神々や一族)たちが降りてきました。 ဒါပေမယ့် ချိန်းချက်ထားတဲ့ လပြည့်ည ရောက်တဲ့အခါမှာတော့ ကောင်းကင်ယံကနေ တိမ်တိုက်တွေနဲ့အတူ အလွန်တောက်ပတဲ့ နတ်သား၊ နတ်သမီးတွေ ဆင်းသက်လာကြတယ်။
🎍その神々しい光があまりにも眩しかったため、兵士たちは皆目がくらんで身動きが取れず、矢を射ることもできず、ただ呆然と立ち尽くして見守るしかありませんでした。
အဲဒီနတ်အလင်းရောင်ဟာ စူးရှလွန်းလို့ စစ်သည်တော်တွေအားလုံး မျက်စိကျိန်းပြီး လှုပ်ရှားလို့မရ၊ မြှားလည်း မပစ်နိုင်ဘဲ မှင်တက်ရပ်ကြည့်နေရုံပဲ တတ်နိုင်ခဲ့ကြတယ်။
🎍カグヤヒメは育ての親の二人に深く頭を下げて悲しそうに別れを告げました。
ကဂုယဟိမဲဟာ မွေးစားမိဘနှစ်ပါးကို ကန်တော့ပြီး ဝမ်းနည်းစွာ နှုတ်ဆက်တယ်။
🎍そして、ミカドのために「不死の薬」と一通の手紙を残していきました。
ပြီးတော့ ဧကရာဇ်မင်းမြတ်အတွက် "မသေဆေး" နဲ့ နှုတ်ဆက်စာတစ်စောင်ကို ချန်ထားခဲ့တာပေါ့။
🎍天人たちがカグヤヒメの肩に、地球での未練や悲しみを忘れさせる「天の羽衣」をかけると、カグヤヒメは育ての親のことや地球のことをすべて忘れ、月の世界へと笑顔で飛び立っていきました。
နတ်သမီးတွေက ကဂုယဟိမဲရဲ့ ပခုံးပေါ်ကို ကမ္ဘာမြေက သံယောဇဉ်နဲ့ ဝမ်းနည်းမှုတွေကို မေ့ပျောက်သွားစေမယ့် "နတ်အမွေးအတောင်ဝတ်ရုံ" ကို ခြုံပေးလိုက်တဲ့အခါမှာတော့ ကဂုယဟိမဲဟာ မွေးစားမိဘတွေအကြောင်း၊ ကမ္ဘာမြေအကြောင်းတွေကို အကုန်မေ့သွားပြီး လကမ္ဘာဆီကို ပြုံးရွှင်စွာနဲ့ ပျံသန်းထွက်ခွာသွားပါတော့တယ်။
🎍娘が去った後、おじいさんとおばあさんは恋しさと悲しみのあまり、間もなく亡くなってしまいました。
သမီးလေး ထွက်ခွာသွားပြီးနောက် အဖိုးအိုနဲ့ အဖွားအိုဟာ လွမ်းဆွတ်တမ်းတမှုတွေနဲ့ပဲ မကြာခင်မှာ ကွယ်လွန်သွားကြရှာတယ်။
🎍ミカドもまた、カグヤヒメのいないこの世界で永遠の命を持つ「不死の薬」には何の意味もないと感じたため、忠実な兵士を一人呼び、日本の一番高い山の頂上でその不死の薬と手紙を焼き捨てるよう命じました。 ဧကရာဇ်မင်းမြတ်ဟာလည်း ကဂုယဟိမဲ မရှိတော့တဲ့လောကကြီးမှာ ထာဝရအသက်ရှင်ရမယ့် "မသေဆေး" ဟာ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတာကြောင့် သစ္စာရှိတဲ့ စစ်သည်တစ်ဦးကို ခေါ်ပြီး ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ပေါ်မှာ အဲဒီမသေဆေးနဲ့ နှုတ်ဆက်စာကို မီးရှို့ဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်။
🎍「私の恋焦がれる煙が、空の上の月の姫のもとへ届きますように…」と願いながら火をつけました。
"ငါ့ရဲ့ လွမ်းဆွတ်မှု မီးခိုးတွေ ကောင်းကင်ပေါ်က လမင်းသမီးလေးဆီ ရောက်ပါစေသား..." လို့ ဆုတောင်းရင်း မီးရှို့ခဲ့ကြတယ်။
🎍物語によると、そのように不死の薬を燃やした山を「フジサン」(富士山 / Fuji Mountain)と呼ぶようになり、 それ以来、富士山の山頂からはいつも煙が立ち上るようになった、と言い伝えられて物語は幕を閉じます。
ပုံပြင်အရ အဲဒီလို မသေဆေးကို မီးရှို့ခဲ့တဲ့ တောင်ကို "ဖူဂျီတောင်" (Fuji Mountain) လို့ ခေါ်တွင်စေခဲ့ပြီး၊ အဲဒီအချိန်ကစလို့ ဖူဂျီတောင်ထိပ်ကနေ မီးခိုးတွေ အမြဲတောက်လောင် ထွက်နေရတာဖြစ်တယ်လို့ ပုံပြင်လေးက အဆုံးသတ်သွားပါတော့တယ်။
21/05/2026
🌸တစ်ယောက်ထဲမေးခွန်းဟောင်းတွေလေ့ကျင်တာထက်စာရင် သေချာရှင်းပြပေးမယ့် sensei တွေနဲ့အတူလေ့ကျင်တာက စာမေးပွဲမှာ အမှတ်အများကြီးနဲ့အောင်ဖို့ပိုသေချာပါတယ်🌸
🌸စာမေးပွဲဖြေဖို့ကလဲ ရက်အများကြီးမကျန်တော့ဘူးဆိုတော့ N3 ကိုသေချာပေါက် အောင်ချင်ရင် MOTCမှာ အတန်းလာတက်ဖို့တော့လိုမယ်နော်🌸
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |