Digital Genius for Kids

Digital Genius for Kids

Share

Digital Genius for Parents who want to train Genius Kids

23/05/2026

🧠သားသမီးတွေကို ထူးချွန်စေချင်တဲ့ မိဘတိုင်း သိထားသင့်တဲ့
"ကလေးတွေရဲ့ ဦးနှောက် ဘယ်လိုအလုပ်လုပ်လဲ"
🧠ကလေးတစ်ယောက် ရဲ့ ဉာဏ်ရည်က သူ့ကို ပြုစုပျိုးထောင်တဲ့ မိဘ နဲ့ ပတ်ဝန်းကျင်တွေ အပေါ်မှာ အများကြီးမူတည်ပါတယ်။
🧠မိဘက သားသမီးအပေါ် နေ့စဉ် ပြောဆိုပြုမူ ဆက်ဆံခြင်း တွေက ကလေး တစ်ယောက်ရဲ့ ဦးနှောက်ကို ပုံဖော်ပေးနေတာ ဖြစ်ပါတယ်။
🧠သူတို့လေးတွေ ခန္ဓာကိုယ်လှုပ်ရှားဖို့ ၊ စဉ်းစားဖို့ ၊ မှတ်သားဖို့ ဦးနှောက်ထဲမှာ ရှိတဲ့ Neuron (နူရွန်) ပေါင်းများစွာချိတ်ဆက် လုပ်ဆောင်ရပါတယ်။
🧠မွေးကင်းစအရွယ်ကနေ အရွယ်ရောက်တဲ့အထိ ဦးနှောက်တွေကို MRI ရိုက်ကြည့်တဲ့အခါ ပုံပါ အတိုင်း နူရွန်ချိတ်ဆက်မှုတွေကို တွေ့ရပါတယ်။
🧠ကလေးငယ်တွေ အရွယ်မှာ လှုပ်ရှားမှုတွေ၊ စဉ်းစားတွေးခေါ်မှုတွေ သိပ်မရှိသေးတဲ့အတွက် နူရွန်ချိတ်ဆက်မှုတွေ သိပ်မရှိသေးပါဘူး။ ဒါပေမယ့် အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှု အပေါ်မှာ မူတည်ပြီး နူရွန်ချိတ်ဆက်မှုတွေ များပြားလာတာဖြစ်ပါတယ်။
🧠လှုပ်ရှားမှုတွေ၊ ဆော့ကစားခြင်းတွေကလည်း နူရွန်ချိတ်ဆက်မှုတွေကို ဖြစ်စေပါတယ်။ ကလေးတွေ တော်တော်များများ အငြိမ်ကို မနေနိုင်ကြပါဘူး။ တစ်ခုမဟုတ်တစ်ခု လှုပ်ရှားနေကြတယ်။
🧠အမြဲလိုလို ပြေးလွှား ဆော့ကစား နေချင်ကြတယ်။ ဒါတွေဟာ ဦးနှောက်ဖွံ့ဖြိုးဖို့ ကလေးတွေမှာ သဘာဝအလျောက် ဦးနှောက်က တောင်းဆိုလာတာ ဖြစ်တယ်။ ဒါပေမယ့် မိဘတော်တော် များများက ဒါကို မသိတဲ့အခါ ကလေးတွေ ဆော့ ကစားနေတာကို ရပ်ခိုင်းပြီး စာတွေ အတင်းကျက်ခိုင်း နေကြတာ များပါတယ်။ ကျောင်းတွေမှာဆိုရင်လည်း ကာယချိန်တွေမှာ သင်ခန်းစာတွေ မမှီမှာစိုးလို့ ဆိုပြီး စာသင်ကြပါတယ်။
🧠ဒါဆိုရင် ကလေးတွေမှာ သဘာဝအလျောက် ပါလာတဲ့ ဦးနှောက်ဖွံ့ဖြိုးအောင် ရုန်းကန် လှုပ်ရှားမှုတွေကို ဟန့်တားပိတ်ပင်နေတာ ဘယ်သူတွေပါလဲ။
🧠 ဦးနှောက် အလုပ်လုပ်ပုံကို မသိတဲ့ မိဘတွေနဲ့ ဆရာတွေ ကိုယ်တိုင်ပါပဲ။ လုံလောက်အောင် ဦးနှောက်ဖွံ့ဖြိုးခွင့် မရလို့ သင်ကြားမှုနှေးကွေးတဲ့အခါ ဆူပူကြိမ်းမောင်းပြီး ဖိအားပေးကြပြန်တယ်။
🧠ကစားရမယ့် အရွယ်မှာ ကစားမှသာ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။ ခေတ်မှီတဲ့ နိုင်ငံတကာက ကျောင်းတွေမှာတော့ ကျောင်းတိုင်းမှာ ကစားကွင်း ကျယ်ကျယ် ထားပေးပါတယ်။ ရပ်ကွက်တိုင်းမှာ ကစားကွင်း ရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ကစားကွင်းတွေကို သိမ်းပြီး စီမံကိန်းတွေ လုပ်ပါတယ်။
🧠 ဦးနှောက် ဘယ်လိုအလုပ်လုပ်တာလဲ၊ ဘာတွေက ဦးနှောက်ဖွံ့ဖြိုးစေတာလဲ ဆိုတာကို မိဘတွေ ဆရာတွေ မသိခြင်းက ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ချို့ ကလေးတွေက ကံကောင်း ထောက်မစွာ ဉာဏ်ကောင်း စေတဲ့ ပြုမူဆက်ဆံမှုတွေ နဲ့ကြုံကြိုက်တဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်သွားကြတာတွေလည်း ရှိပါတယ်။
🧠ကလေးတွေဟာ မွေးလာကတည်းက အသိဉာဏ်၊ ဗဟုသုတ တွေ ပါလာတာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာပါလာလဲဆိုတော့ သင်ယူလေ့လာနိုင်စွမ်းလို့ ခေါ်တဲ့ Learning ability ပါ။
🧠လူ့လောကထဲကို စရောက်တဲ့ မွေးကင်းစ အရွယ်ကတည်းက သင်ယူလေ့လာမှုတွေ စ ပါတော့တယ်။ သူ ဘာတွေ ဘယ်လို သင်ယူလေ့လာသလဲ ဆိုတာပေါ် မူတည်ပြီး ဉာဏ်ကောင်းခြင်း မကောင်းခြင်း၊ လူကောင်းလူတော် ဖြစ်ခြင်း မဖြစ်ခြင်းတွေ ကွဲပြားသွားပါတယ်။
🧠ဒါပေမယ့် ပြဿနာက မိဘတော်တော်များများက သားသမီးကို ဉာဏ်ရည်ထက်မြက်တဲ့ သူတွေ လူကောင်းလူတော်တွေသာ ဖြစ်စေချင်ကြတာ ဘာတွေက ဉာဏ်ကောင်းစေတာ လဲ၊ ဘယ်လို ပြုစုပျိုးထောင်ခြင်းက လူကောင်းလူတော် ဖြစ်စေတာလဲကို ဂဃဏန မသိကြပါဘူး။
ဒါကြောင့်....
🧠ကလေးငယ်တွေရဲ့ ဦးနှောက် ဘယ်လို အလုပ်လုပ်လဲ?
🧠ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မှုတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပြီး ၊ ဘာတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားနည်းစေတာလဲ
စတဲ့ အကြောင်းအရာတွေကို အသေးစိတ် ဆက်လက်သိရှိပြီး စနစ်တကျ ပြုစုပျိုးထောင် ချင်တဲ့ မိဘတွေ အတွက်
🧠 အမေရိကန် ဦးနှောက်ပညာရှင်တွေ ၊ စိတ်ပညာရှင်တွေ ရဲ့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စမ်းသပ်တွေ့ရှိမှုတွေ
🧠 ကမ္ဘာမှာ အအောင်မြင်ဆုံး မျိုးနွယ်စု လို့ ဆိုနိုင်တဲ့ ဂျူးလူမျိုးတွေ ရဲ့ ကလေးပြုစုပျိုးထောင် နည်းတွေ
🧠 ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Microsoft တည်ထောင်သူ ဘေလ်ဂိတ် ၊ Amazon တည်ထောင်သူ ဂျက်ဘီဇိုး တို့ ငယ်စဉ်က ပြစုပျိုးထောင်ခံခဲ့ရတဲ့ မွန်တက်စရီ နည်းလမ်းတွေ
🧠 ဦးနှောက်ခွန်အားဖြစ်စေတဲ့ အစားအသောက်တွေ ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ
🧠 Financial Intelligence (ငွေကြေးဉာဏ်ရည်) မြင့်မားအောင် ပြုစုပျိုးထောင်ခြင်းတွေ
စတဲ့ နိုင်ငံတကာက ဦးနှောက်ပညာရှင် ၊ စိတ်ပညာရှင်ပေါင်းများစွာ လက်တွေ့စမ်းသပ်ပြီး ရေးသားထားတဲ့ စာအုပ် ၁၀ အုပ်လောက်ရဲ့ အနှစ်တွေကို စုစည်းတင်ဆက်ထားတဲ့
ရှိပါတယ်။

🔹စာအုပ်ဖတ်ပြီး မိတ်ဆွေတို့အတွက် အကျိုးမရှိဘူး ဆိုင်ရင် ရက် (၃၀) အတွင်း ရာနှုန်းပြည့် ငွေပြန်အမ်းတဲ့ Money Back Guarantee ရှိပါတယ်။
ďżź
🔹စာအုပ် ဈေးနှုန်း ၃၀,၀၀၀ ကျပ်
🔹ebook ဈေးနှုန်း ၁၂,၀၀၀ ကျပ်
ďżź
🔹စာအုပ်ကို Order မှာယူချင်တယ်ဆိုရင် Comment (သို့) Message Box ကနေ Order မှာယူနိုင်ပါပြီ။
ďżź
🔹eBook အနေနဲ့ ဖတ်ရှုလိုတယ်ဆိုရင် Digital Genius eLibrary App ကို Download ပြီး ဖတ်ရှုနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.digitalgenius.elibrary
🔹စာမြည်းအနေနဲ့ Book Summary ကို ဖတ်ရှုလိုတယ်ဆိုရင်
Comment ပေးထားတဲ့ လင့်ခ်မှာ Download လုပ်ပြီး အခမဲ့ ဖတ်ရှုနိုင်ပါတယ်။

06/05/2026

🧠 ကလေးငယ် ရှိတဲ့ မိသားစု တွေကို အမေရိကန် စိတ်ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်မှု

🧠 ၁၉၆၀ ခုနှစ်လောက်မှာ University of Kansas (ကန်ဆတ် တက္ကသိုလ်) က စိတ်ပညာရှင်တွေဖြစ်တဲ့ Betty Hart နဲ့ Todd Risley တို့ဟာ ဆင်းရဲချို့တဲ့ ကလေးအများစု ပညာရေးမှာ ဘာကြောင့် အားနည်းရတာလဲ ဘယ်လို တိုးတက်အောင် လုပ်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေချင်ခဲ့ကြတယ်။
🧠 ချမ်းသာတဲ့ ပညာတတ် မိဘတွေ၊ လူလတ်တန်းစား မိဘတွေ၊ ဆင်းရဲတဲ့မိဘတွေ စတဲ့ မတူတဲ့ မိဘအမျိုးမျိုးဟာ သားသမီးတွေကို ဘယ်လို ပြုစုစောင့်ရှောက် ပျိုးထောင် ကြလဲ?
🧠 ဘာတွေက သူတို့ကို စာတော်တဲ့ကလေးနဲ့ စာညံ့တဲ့ကလေး ဆိုပြီး ကွဲပြားစေတာလဲ?
စတဲ့ အကြောင်းအရာတွေကို သိရှိစေဖို့ နှစ်ပေါင်းများစွာ ပြင်ဆင်ပြီး ၁၉၈၂ ခုနှစ် လောက်မှာ သူတို့ရဲ့ သုတေသနကို စတင်ခဲ့ကြတယ်။
🧠 သူတို့ရဲ့ သုတေသနမှာ ပါဝင်ဖို့ မိသားစု ၄၂ စု ကို ရွေးချယ်ခဲ့ကြတယ်။ ပါဝင်မယ့် မိသားစု တွေရဲ့ SES (Socioeconomic Status) (လူမှုစီးပွားအဆင့်) ကို သူတို့ရဲ့ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ ဝင်ငွေ စတာတွေနဲ့ တိုင်းတာသတ်မှတ်ပြီး အုပ်စုတွေ ခွဲပါတယ်။
🧠 High SES (အထက်တန်းလွှာ) မှာ မိသားစု ၁၃ စု
🧠 Middle SES (အလယ်အလတ်တန်းလွှာ) မှာ မိသားစု ၁၀ စု
🧠 Low SES (နွမ်းပါးတဲ့အလွှာ) မှာ မိသားစု ၁၃ စု
🧠 Welfare families (လူမှုဖူလုံရေး မိသားစု) မှာ မိသားစု ၆ စု
စသည်ဖြင့် အုပ်စုတွေဖွဲ့ပြီး လေ့လာခဲ့ကြတယ်။ လသားအရွယ် ကလေးတွေကို အသက် ၃ နှစ်လောက် ရောက်တဲ့အထိ လေ့လာကြမှာ ဖြစ်ပါတယ်။
🧠Hart နဲ့ Risley တို့ အဖွဲ့တွေဟာ မိသားစုဝင်တွေရဲ့ အိမ်ကို နေ့စဉ် တစ်ရက်ကို ၁ နာရီသွားရောက် လေ့လာပြီး အသံဖမ်းစက်တွေ၊ မှတ်စုတွေနဲ့ မှတ်တမ်းတင် ခဲ့ကြတယ်။ ၃ နှစ်ကြာတဲ့ သူတို့ ရဲ့ သုတေသန လေ့လာမှုမှာ တစ်ရက်မှ နားရက် မယူခဲ့ကြပါဘူး။
🧠 ၃ နှစ်ကြာ Data မှတ်တမ်းတွေယူပြီး Data Analysis (ဒေတာ တွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း) အတွက် နောက်ထပ် ၃ နှစ်လောက် အချိန်ယူခဲ့ကြပါတယ်။
🧠 စုစုပေါင်း ၆ နှစ်လောက် သုတေသန ပြုအပြီးမှာတော့
Highest SES (အထက်တန်းလွှာ) , Middle SES (လူလတ်တန်းစား) , Lowest SES (နွမ်းပါးတဲ့မိသားစု) စတဲ့ မတူညီတဲ့ မိသားစု တွေက သူတို့ သားသမီး တွေကို ပြုစုပျိုးထောင် တဲ့နေရာမှာ များစွာ ကွဲပြား ခြားနားနေတာကို တွေ့ကြရတယ်။
နောင် နှစ်အနည်းငယ်အကြာ သူတို့လေ့လာခဲ့တဲ့ မိသားစုဝင် ကလေးတွေ အရွယ်ရောက်လို့ ကျောင်းတွေတက်ကြတဲ့အခါမှာလည်း သူတို့ ပညာရေး အခြေအနေကို ထပ်မံလေ့လာ ခဲ့ကြတယ်။ အဲဒီလို လေ့လာတဲ့အခါ အထက်တန်းလွှာ မိသားစုဝင်တွေ ရဲ့ ကလေးတွေက ကြိုတင်မျှော်လင့်ထားတဲ့အတိုင်း ပိုမို ထူးချွန်နေတာကို တွေ့ရတယ်။
🧠သူတို့ရဲ့တွေ့ရှိချက်မှာ အထက်တန်းလွှာ မိသားစု အများစု ရဲ့ ကလေးအပေါ် ပြစုပျိုးထောင်မှုတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေတဲ့ ပျိုးထောင်တွေ တွေ့ရပြီး ၊ နွမ်းပါးတဲ့မိသားစု အများရဲ့ ကလေးအပေါ်ပြုစုပျိုးထောင်မှုတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားနည်းစေတယ်ဆိုတာကို တွေ့ကြရတယ်။
🧠 သူတို့ တွေ့ရှိချက်တွေကို အမေရိကန် အစိုးရကို တင်ပြတဲ့အခါ TV အစီအစဉ်တွေ၊ Radio အစီအစဉ်တွေမှာပါ ထုတ်လွှင့်ပြီး မိသားစုပေါင်းများစွာ ပညာထူးချွန် ထက်မြက်တဲ့ ကလေးတွေ ပြုစု ပျိုးထောင်ပေးနိုင်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။
အိမ်ဖြူတော်၊ ကလင်တန် ဖောင်ဒေးရှင်း စတဲ့ အဖွဲ့အစည်းတွေကနေ “Bridging the Word Gap” ၊ “Too Small to Fail” စတဲ့ အစီအစဉ် တွေနဲ့ ထူးချွန်ထက်မြက်တဲ့ အမေရိကန် ကလေးတွေ ပေါ်ထွက်လာအောင် ဆောင်ရွက်ခဲ့ကြပါတယ်။
မွေးကင်းစ ကနေ အသက် ၃ နှစ်လောက် အထိ က ကလေးငယ်တွေ ရဲ့ အင်မတန် အရေးကြီးတဲ့ အချိန်အပိုင်းအခြားပါ။
အဲဒီအရွယ်မှာ သူတို့ကို ပြောတဲ့ စကားလုံးတွေ ၊ ပြောဆိုဆက်ဆံမှုတွေက သူတို့ ဦးနှောက်ကို ပုံသွင်းနေတာပါ။
ဒီအရွယ်မှာ သူတို့ကို ဘယ်လို ပြုစုပျိုးထောင်လဲဆိုတာက သူတို့တစ်ဘဝ လုံးအတွက် အင်မတန် အရေးကြီးတဲ့ အချိန် အပိုင်းအခြားဖြစ်ပါတယ်။
🧠အမေရိကန် စိတ်ပညာရှင်တွေရဲ့ တွေ့ရှိမှုတွေက ဘာတွေလဲ?
🧠 ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မှုတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပြီး ၊ ဘာတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားနည်းစေတာလဲ
စတဲ့ မေးခွန်းတွေ အတွက်

🧠 အမေရိကန် ဦးနှောက်ပညာရှင်တွေ ၊ စိတ်ပညာရှင်တွေ ရဲ့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စမ်းသပ်တွေ့ရှိမှုတွေ
🧠 ကမ္ဘာမှာ အအောင်မြင်ဆုံး မျိုးနွယ်စု လို့ ဆိုနိုင်တဲ့ ဂျူးလူမျိုးတွေ ရဲ့ ကလေးပြုစုပျိုးထောင် နည်းတွေ
🧠 ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Microsoft တည်ထောင်သူ ဘေလ်ဂိတ် ၊ Amazon တည်ထောင်သူ ဂျက်ဘီဇိုး တို့ ငယ်စဉ်က ပြစုပျိုးထောင်ခံခဲ့ရတဲ့ မွန်တက်စရီ နည်းလမ်းတွေ
🧠 ဦးနှောက်ခွန်အားဖြစ်စေတဲ့ အစားအသောက်တွေ ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ
🧠 Financial Intelligence (ငွေကြေးဉာဏ်ရည်) မြင့်မားအောင် ပြုစုပျိုးထောင်ခြင်းတွေ
စတဲ့ နိုင်ငံတကာက ဦးနှောက်ပညာရှင်၊ စိတ်ပညာရှင်ပေါင်းများစွာ လက်တွေ့စမ်းသပ်ပြီး ရေးသားထားတဲ့ စာအုပ် ၁၀ အုပ်လောက်ရဲ့ အနှစ်တွေကို စုစည်းတင်ဆက်ထားတဲ့
ရှိပါတယ်။
🔹စာအုပ်ဖတ်ပြီး မိတ်ဆွေတို့အတွက် အကျိုးမရှိဘူး ဆိုင်ရင် ရက် (၃၀) အတွင်း ရာနှုန်းပြည့် ငွေပြန်အမ်းတဲ့ Money Back Guarantee ရှိပါတယ်။
ďżź
🔹စာအုပ် ဈေးနှုန်း ၃၀,၀၀၀ ကျပ်
🔹ebook ဈေးနှုန်း ၁၂,၀၀၀ ကျပ်
ďżź
🔹စာအုပ်ကို Order မှာယူချင်တယ်ဆိုရင် Comment (သို့) Message Box ကနေ Order မှာယူနိုင်ပါပြီ။
ďżź
🔹eBook အနေနဲ့ ဖတ်ရှုလိုတယ်ဆိုရင် Digital Genius eLibrary App ကို Download ပြီး ဖတ်ရှုနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.digitalgenius.elibrary
🔹စာမြည်းအနေနဲ့ Book Summary ကို ဖတ်ရှုလိုတယ်ဆိုရင်
Comment ပေးထားတဲ့ လင့်ခ်မှာ Download လုပ်ပြီး အခမဲ့ ဖတ်ရှုနိုင်ပါတယ်။

22/04/2026

🧠 သားသမီးတွေကို ထူးချွန်စေချင်တဲ့ မိဘတိုင်း သိထားသင့်တဲ့
"The Power of Parent Talk" ( မိဘ စကားရဲ့ စွမ်းအား)
“The best things in life are free” ဘဝမှာ အကောင်းဆုံးအရာတွေက အခမဲ့ ရနေခြင်းပါပဲ။
🔹ကလေးငယ်တစ်ယောက် ဉာဏ်ရည်ထက်မြက်ဖို့ အကောင်းဆုံးအရာကတော့ ဈေးကြီးတဲ့ ကစားစရာတွေ၊ စားစရာတွေ မဟုတ်ပါဘူး။ “Parent Talk” မိဘနဲ့ အပြန်အလှန် စကားပြောခြင်းပါ။ မိဘနဲ့ အပြန်အလှန် စကားပြောခြင်းက Language acquisition ကို အားကောင်းစေပြီး နောက်ဆက်တွဲ Reading (စာဖတ်ခြင်း) တွေ၊ Learning (လေ့လာသင်ခြင်း) တွေ၊ ဉာဏ်ရည်ထက်မြက်ခြင်းတွေ ဖြစ်စေပါတယ်
🔹ကလေးငယ်တွေ ကြီးပျင်းလာတဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် ထူးချွန် ထက်မြက်တဲ့ နေရာခြင်း မတူကြပါဘူး။ တစ်ချို့က သင်္ချာမှာတော်ကြတယ်။ တစ်ချို့က အနုပညာမှာ တော်ကြတယ်။ တစ်ချို့က လူမှုဆက်ဆံရေးမှာ တော်ကြတယ်။
🧠အဲဒီ မတူညီတဲ့ ထူးချွန်မှုတွေက ဘယ်ကနေ ပေါက်ဖွားလာကြတာလဲ?
🔹အနုပညာရှင် ရဲ့ သားသမီးက အနုပညာပိုး ပါလာတယ်။ အင်ဂျင်နီယာ ရဲ့ သားသမီးက အင်ဂျင်နီယာ ကိစ္စတွေကို စိတ်ဝင်စားတယ်။ သင်္ချာပညာရှင် ရဲ့ သားသမီးက သင်္ချာ တော်ကြတယ်။
🔹ဒါကို ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ ဗီဇ သို့မဟုတ် မျိုးရိုးဗီဇ လို့ပဲ ပြောကြပါလိမ့်မယ်။
🔹ဒါပေမယ့် စိတ်ပညာရှင်တွေဖြစ်တဲ့ Todd R. Risley and Betty Hart တို့ရဲ့ လေ့လာတွေ့ရှိချက်အရ ပြောမယ်ဆိုရင် ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ ရှေ့မှာ ဘာစကားတွေပြောကြလဲဆိုတဲ့ Parent Talk နဲ့အများကြီး သက်ဆိုင်ပါတယ်။
🔹အနုပညာရှင် ရဲ့ သားသမီးကို မွေးကတည်းက သင်္ချာပညာရှင်အိမ်မှာ ကြီးပြင်းစေပြီး၊ သင်္ချာပညာရှင်ရဲ့ သားသမီးကို အနုပညာရှင်ရဲ့ အိမ်မှာ ကြီးပြင်းစေမယ်ဆိုရင် ဘယ်လိုတွေ ဖြစ်နိုင်မလဲ မြင်ယောင်ကြည့်ပါ။
🔹အနုပညာရှင်ရဲ့ သားသမီးက မွေးကတည်းက သင်္ချာပညာရှင် ရဲ့ သင်္ချာ နဲ့ပတ်သက်တဲ့ စကားလုံးတွေ ကြားနေရမယ်ဆိုရင် အဲဒီကလေးရဲ့ ဦးနှောက်က သင်္ချာနဲ့ပတ်သက်တဲ့ အရာတွေကိုပဲ များများ Process လုပ်နေရမှာ ဖြစ်တဲ့အတွက် သင်္ချာတော်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ ရာခိုင်နှုန်း ပိုများပါတယ်။
🔹ဒါကြောင့် ငယ်ရွယ်နုနယ်တဲ့ ကလေးရှေ့မှာ မိဘတွေဘာပြောလဲဆိုတဲ့ Parent Talk က အင်မတန် အရေးပါပါတယ်။ သူတို့ရှေ့မှာပြောတဲ့ စကားလုံးတိုင်းက သူတို့ဦးနှောက်ကို ပုံသွင်းယူနေတာပါ။
🔹ကိုယ့်သားသမီးကို ဘယ်လိုမျိုးဖြစ်စေချင်လဲ Parent Talk နဲ့ ပုံသွင်းယူလို့ ရပါတယ်။
Parent Talk က ဉာဏ်ကောင်းစေတယ်ဆိုလို့ ရောက်တတ်ရာရာ ပရမ်းပတာတွေ ပြောနေရင်တော့ ဉာဏ်ရည်ထက်မြက်မှုကို သိပ်ပြီး အထောက်အပံ့ ဖြစ်စေမှာ မဟုတ်ပါဘူး။
🔹ဒါဆို ဘာစကားတွေ ပြောမှာလဲ၊ ဘယ်လိုပုံသွင်းယူမလဲ ? စတဲ့ အကြောင်းအရာတွေကို အသေးစိတ် ဆက်လက် လေ့လာလိုတဲ့ မိဘတွေအတွက်...
🧠 အမေရိကန် ဦးနှောက်ပညာရှင်တွေ ၊ စိတ်ပညာရှင်တွေ ရဲ့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စမ်းသပ်တွေ့ရှိမှုတွေ
🧠 ကမ္ဘာမှာ အအောင်မြင်ဆုံး မျိုးနွယ်စု လို့ ဆိုနိုင်တဲ့ ဂျူးလူမျိုးတွေ ရဲ့ ကလေးပြုစုပျိုးထောင် နည်းတွေ
🧠 ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Microsoft တည်ထောင်သူ ဘေလ်ဂိတ် ၊ Amazon တည်ထောင်သူ ဂျက်ဘီဇိုး တို့ ငယ်စဉ်က ပြစုပျိုးထောင်ခံခဲ့ရတဲ့ မွန်တက်စရီ နည်းလမ်းတွေ
🧠 ဦးနှောက်ခွန်အားဖြစ်စေတဲ့ အစားအသောက်တွေ ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ
🧠 Financial Intelligence (ငွေကြေးဉာဏ်ရည်) မြင့်မားအောင် ပြုစုပျိုးထောင်ခြင်းတွေ
စတဲ့ နိုင်ငံတကာက ဦးနှောက်ပညာရှင်၊ စိတ်ပညာရှင်ပေါင်းများစွာ လက်တွေ့စမ်းသပ်ပြီး ရေးသားထားတဲ့ စာအုပ် ၁၀ အုပ်လောက်ရဲ့ အနှစ်တွေကို စုစည်းတင်ဆက်ထားတဲ့
ရှိပါတယ်။
🔹စာအုပ်ဖတ်ပြီး မိတ်ဆွေတို့အတွက် အကျိုးမရှိဘူး ဆိုင်ရင် ရက် (၃၀) အတွင်း ရာနှုန်းပြည့် ငွေပြန်အမ်းတဲ့ Money Back Guarantee ရှိပါတယ်။

🔹စာအုပ် ဈေးနှုန်း ၃၀,၀၀၀ ကျပ်
🔹ebook ဈေးနှုန်း ၁၂,၀၀၀ ကျပ်

🔹စာအုပ်ကို Order မှာယူချင်တယ်ဆိုရင် Comment (သို့) Message Box ကနေ Order မှာယူနိုင်ပါပြီ။

🔹eBook အနေနဲ့ ဖတ်ရှုလိုတယ်ဆိုရင် Digital Genius eLibrary App ကို Download ပြီး ဖတ်ရှုနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.digitalgenius.elibrary
🔹စာမြည်းအနေနဲ့ Book Summary ကို ဖတ်ရှုလိုတယ်ဆိုရင်
Comment ပေးထားတဲ့ လင့်ခ်မှာ Download လုပ်ပြီး အခမဲ့ ဖတ်ရှုနိုင်ပါတယ်။

23/03/2026

ငယ်စဉ်က ကျောင်းတက်ခွင့်မရခဲ့ပေမယ့် မိဘတွေကြောင့် အောင်မြင်တဲ့ Genius (ဉာဏ်ကြီးရှင်) ဖြစ်လာတဲ့ ဖြစ်ရပ်မှန် Story
အီတလီက လူငယ်လေးတစ်ယောက် (၁၅ ရာစု ခေတ်)
၁၄၅၂ ခုနှစ်၊ အီတလီနိုင်ငံ ရဲ့ ရွာလေးတစ်ရွာမှာ ကလေး တစ်ယောက်ကို မွေးဖွားခဲ့တယ်။ သူ့အမေနဲ့အဖေ လက်မထပ်ရသေးဘဲ မွေးတဲ့ကလေးမို့ illegitimate child တရားမဝင် ရတဲ့ ကလေးလို့ သတ်မှတ်ကြတယ်။
သူဟာ တခြားကလေးတွေလို ကျောင်းတက်ခွင့် မရခဲ့ဘဲ၊ အရေး အဖတ် နဲ့ သင်္ချာ ကို အိမ်မှာပဲ သင်ကြားခွင့်ရခဲ့တယ်။ သူဟာ စာဖတ်တဲ့နေရာမှာ ပုံမှန်ထက် ခက်ခဲ ခဲ့တယ်။
ဒီနေရာမှာ မြန်မာပြည်က တစ်ချို့ မိဘတွေသာဆိုရင် သူ့ကို စာတွေ အတင်းကျက်ခိုင်း၊ မကျက်ရင် ရိုက်ဆုံးမပြီး နောက်ဆုံး မရတော့ရင် “ဒီကောင် စာညံ့တဲ့ကောင်၊ ကြီးရင်လည်း စာမတတ်လို့ အလုပ်ကြမ်း လုပ်ရမယ့်ကောင်” ဆိုပြီး မှတ်ချက် ပြုကြလိမ့်မယ်။
အခု ဒီကလေးရဲ့ မိဘတွေက သူ့ကို စာကောင်းကောင်း မဖတ်နိုင်လို့ဆိုပြီး အပြစ်မပေးဘူး။ စာအုပ်တွေကနေ သင်ယူဖို့ခက်ရင် သဘာဝ တရားကြီးကနေ တိုက်ရိုက် သင်ယူဖို့အတွက်ဆိုပြီး သူ့ကို စပျစ်ခြံထဲ ပို့လိုက်တယ်။
ကလေးတွေမှာ သဘာဝတရားကြီးကနေ သင်ယူလိုစိတ် မွေးရာပါ ပါလာပြီးသား။ အခု ဒီကလေး စပျစ်ခြံထဲမှာ သဘာဝ သစ်ပင် ပန်းပင်တွေ အကြောင်းတွေ၊ တိရစ္ဆာန်လေးတွေ အကြောင်းတွေကို တိုက်ရိုက် သင်ကြားခွင့် ရခဲ့တယ်။ သူ့ရဲ့ သိလိုတဲ့ မေးခွန်းတွေကိုလည်း သူ့အဘိုးက ဖြေကြားပေးတယ်။ သူ့စိတ်ကြိုက် ပန်းချီတွေ ဆွဲခွင့်ရခဲ့တယ်။ “ဟဲ့ကောင်လေး အဲဒီ ပန်းချီဆွဲတာတွေ ရပ်ပြီး စာကြည့်” လို့ ပြောမယ့်သူ မရှိဘူး။
တရားမဝင် ကလေး ဖြစ်နေခြင်း၊ ကျောင်းမတက်ရခြင်း တွေက သူ့ရဲ့ မွေးရာပါ စွမ်းအားတွေ ဖော်ထုတ်ဖို့ သူ့အတွက် အခွင့်အလမ်းတွေ ရခဲ့တယ်။ သူ့မိဘတွေ က သူ့ကို ကျောင်းတက်ဖို့ ဖိအားမပေးဘူး။ အဲဒီတော့ မတူညီတဲ့ စွမ်းအားတွေရှိတဲ့ ကျောင်းသားတွေ အားလုံးကို စနစ်တခုထဲမှာ အတင်းရိုက် ပုံသွင်းတဲ့ ကျောင်းသင် ပညာရေး စနစ်ရဲ့ ဖိအားပေးမှုကို မခံခဲ့ရဘူး။ အဲဒီတော့ သူစိတ်ဝင်စားတာကို သဘာဝ တရားကြီးကနေ စိတ်ကြိုက် လေ့လာခွင့်ရခဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အများကြီး အထောက်အပံ့ ရခဲ့တယ်။
သူ့အသက် ၁၂ နှစ် လောက်မှာ တခြားမြို့ကို ပြောင်းခဲ့ပြီး အဲဒီမှာ ပန်းချီဆရာ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲဒီ ပန်းချီဆရာ တစ်ယောက်နဲ့ ပူးပေါင်းပြီး ပန်းချီပေါင်းများစွာ ဆွဲခဲ့တယ်။ သူငယ်စဉ် ကတည်းက ပန်းချီတွေ ဆွဲခဲ့ခြင်းဟာ သူ့ကို Creativity (တီထွင်ကြံဆမှု) ကောင်းအောင် အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်။
သူဆွဲခဲ့တဲ့ ပန်းချီကားထဲမှာ နာမည်အကြီးဆုံးကတော့ အားလုံးသိကြတဲ့ မိုနာလီဆာ ပန်းချီကားပါပဲ။ သူကတော့ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ သမိုင်းတလျှောက်မှာ နာမည်အကြီးဆုံး Genius တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Leonardo da Vinci (လီယိုနာဒို ဒါဗင်ချီ) ပါပဲ။ သူဟာ အင်မတန်တော်တဲ့ အနုပညာရှင် ဖြစ်ရုံသာမက တီထွင်သူ သိပ္ပံပညာရှင်၊ သင်္ချာပညာရှင် လည်း ဖြစ်နေပြန်ပါတယ်။ ၂၀ ရာစုမှာ တီထွင် ပျံသန်းနိုင်ခဲ့တဲ့ လေယဉ်တွေဟာ ၁၅ ရာစုမှာ ကတည်းက လီယိုနာဒို ဆွဲခဲ့တဲ့ ဒီဇိုင်းတွေကနေ အခြေခံ ခဲ့တယ် လို့လည်း ဆိုနိုင်ပါတယ်။
သူသာ မြန်မာပြည်က ရှေးရိုးဆန်တဲ့နည်းတွေအတိုင်း ပြုစုပျိုးထောင်တဲ့ မိဘတွေ ဆီမှာသာ ကြီးပြင်းခဲ့ရရင် အခုလို တီထွင် တဲ့ ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်ခွင့်ရမယ် မထင်ပါ။
ကျောင်းသားအားလုံးကို တစ်ပုံစံထဲ သွပ်သွင်းတဲ့ ကျောင်းသင်ပညာရေး စနစ်ရဲ့ ဖိအားတွေ ကနေ လွတ်ခဲ့ပြီး သဘာဝတရားကြီးကနေ သဘာဝအတိုင်း သင်ကြားခွင့် ရနေခြင်း၊ သူစိတ်ဝင်စားတာကို စိတ်ကြိုက် လေ့လာခွင့်ရနေခြင်း၊ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားကို ကိုယ်တိုင် ဖော်ထုတ်ခွင့် ရနေခြင်း၊ ငယ်စဉ်ကတည်းက ပန်းချီတွေ ဆွဲခွင့်ရနေခြင်း စတဲ့ အကြောင်းတွေက သူ့ရဲ့ ဦးနှောက်ထဲမှာ Genius မျိုးစေ့ ပျိုးထောင်ခဲ့လို့ အခုလို သမိုင်းတွင်တဲ့ တီထွင်သူ ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ကလေးတွေ ကြီးလာတဲ့အခါ ဉာဏ်ကောင်းခြင်း မကောင်းခြင်း ၊ အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းတွေဟာ သူတို့ကို ငယ်စဉ်က ဘယ်လို ပြုစုပျိုးထောင်ပေးခဲ့လဲဆိုတာပေါ်မှာ ရာခိုင်နှုန်းအများဆုံး မူတည်ပါတယ်။
ဒါဆိုရင်
🧠ဘယ်လို ပြုစုပျိုးထောင်မှုတွေက ကလေးတွေ ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေတာလဲ?
🧠ဘာတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားနည်းစေတာလဲ?
🧠 ကလေးတွေကို စာကြည့်ပါ စာကြည့်ပါလို့ တတွတ်တွတ် ပြောနေစရာ မလိုဘဲ သူတို့ကိုယ်တိုင် ကြိုးစားချင်စိတ်တွေ ရှိလာအောင် ၊ အခက်အခဲတွေကို အလွယ်တကူ အရှုံးမပေးဘဲ ဇွဲရှိအောင် ဘယ်လို ပြုစုပျိုးထောင်မလဲ?
စတဲ့ မေးခွန်းတွေ အတွက်
🧠 အမေရိကန် ဦးနှောက်ပညာရှင်တွေ ၊ စိတ်ပညာရှင်တွေ ရဲ့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စမ်းသပ်တွေ့ရှိမှုတွေ
🧠 ကမ္ဘာမှာ အအောင်မြင်ဆုံး မျိုးနွယ်စု လို့ ဆိုနိုင်တဲ့ ဂျူးလူမျိုးတွေ ရဲ့ ကလေးပြုစုပျိုးထောင် နည်းတွေ
🧠 ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Microsoft တည်ထောင်သူ ဘေလ်ဂိတ် ၊ Amazon တည်ထောင်သူ ဂျက်ဘီဇိုး တို့ ငယ်စဉ်က ပြစုပျိုးထောင်ခံခဲ့ရတဲ့ မွန်တက်စရီ နည်းလမ်းတွေ
🧠 ဦးနှောက်ခွန်အားဖြစ်စေတဲ့ အစားအသောက်တွေ ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ
🧠 Financial Intelligence (ငွေကြေးဉာဏ်ရည်) မြင့်မားအောင် ပြုစုပျိုးထောင်ခြင်းတွေ
စတဲ့ နိုင်ငံတကာက ဦးနှောက်ပညာရှင်၊ စိတ်ပညာရှင်ပေါင်းများစွာ လက်တွေ့စမ်းသပ်ပြီး ရေးသားထားတဲ့ စာအုပ် ၁၀ အုပ်လောက်ရဲ့ အနှစ်တွေကို စုစည်းတင်ဆက်ထားတဲ့
ရှိပါတယ်။
🔹စာအုပ်ဖတ်ပြီး မိတ်ဆွေတို့အတွက် အကျိုးမရှိဘူး ဆိုင်ရင် ရက် (၃၀) အတွင်း ရာနှုန်းပြည့် ငွေပြန်အမ်းတဲ့ Money Back Guarantee ရှိပါတယ်။
ďżź
🔹စာအုပ် ဈေးနှုန်း ၃၀,၀၀၀ ကျပ်
🔹ebook ဈေးနှုန်း ၁၂,၀၀၀ ကျပ်
ďżź
🔹စာအုပ်ကို Order မှာယူချင်တယ်ဆိုရင် Comment (သို့) Message Box ကနေ Order မှာယူနိုင်ပါပြီ။
ďżź
🔹eBook အနေနဲ့ ဖတ်ရှုလိုတယ်ဆိုရင် Digital Genius eLibrary App ကို Download ပြီး ဖတ်ရှုနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.digitalgenius.elibrary
🔹စာမြည်းအနေနဲ့ Book Summary ကို ဖတ်ရှုလိုတယ်ဆိုရင်
Comment ပေးထားတဲ့ လင့်ခ်မှာ Download လုပ်ပြီး အခမဲ့ ဖတ်ရှုနိုင်ပါတယ်။

28/02/2026

စာညံ့တဲ့ ကလေးဘဝကနေ Genius (ဉာဏ်ကြီးရှင်) ဖြစ်လာတဲ့ ဖြစ်ရပ်မှန် Story
သားသမီးတွေကို ဉာဏ်ရည် ထက်မြက်စေလိုတဲ့ မိဘတိုင်း ဒီဗွီဒီယိုကို အဆုံးအထိ ကြည့်ပေးပါ။

15/02/2026

📱 သင့်ကလေးက ဖုန်းပဲကြည့်နေတာလား၊ ဖုန်းနဲ့ ဖန်တီးနေတာလား? (Consumer ကနေ Creator ဖြစ်အောင် ပြောင်းလဲပေးနည်း)

မိဘတော်တော်များများက ကလေးတွေ ဖုန်းကိုင်ရင် "မျက်စိပျက်မယ်၊ အချိန်ဖြုန်းတယ်" ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ Digital ခေတ်ကြီးမှာ ဖုန်းကို လုံးဝပိတ်ပင်ထားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

တကယ်တော့ ဖုန်းကို ဘယ်လောက်ကြာကြာကြည့်သလဲ (Screen Time) ထက် "ဘာတွေကြည့်နေသလဲ (Content)" က ပိုအရေးကြီးပါတယ်။ သင့်ကလေးကို ဖုန်းထဲက အကြောင်းအရာတွေကို ငေးကြည့်နေရုံသက်သက် (Consumer) အဆင့်ကနေ ကိုယ်တိုင်တစ်ခုခု ဖန်တီးနိုင်သူ (Creator) အဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်။
၁။ Entertainment ကနေ Educational ဆီသို့

Youtube မှာ ကာတွန်းကားတွေပဲ ကြည့်နေမယ့်အစား ကလေးရဲ့ ဝါသနာနဲ့ ကိုက်ညီတဲ့ "How-to" ဗီဒီယိုတွေကို ပြောင်းလဲကြည့်ရှုစေပါ။

ဥပမာ: ပန်းချီဆွဲတာ ဝါသနာပါရင် ပန်းချီဆွဲနည်းသင်တန်းတွေ၊ Lego ဆော့ရတာ ဝါသနာပါရင် Lego နဲ့ ပုံစံအသစ်တွေ တည်ဆောက်နည်းတွေကို ရှာဖွေကြည့်ရှုခိုင်းပါ။ ဒါက သူတို့ကို ကြည့်ရုံတင်မကဘဲ လက်တွေ့လိုက်လုပ်ကြည့်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။

၂။ ဖန်တီးမှုဆိုင်ရာ Tool (App) တွေကို မိတ်ဆက်ပေးပါ

ဖုန်းထဲမှာ ဂိမ်းဆော့တာထက် ပိုအသုံးဝင်တဲ့ ဖန်တီးမှုဆိုင်ရာ App လေးတွေကို အသုံးပြုတတ်အောင် သင်ပေးပါ။

Drawing Apps: စက္ကူပေါ်မှာတင်မကဘဲ Digital ပန်းချီဆွဲတတ်အောင် လေ့ကျင့်ပေးပါ။

Coding for Kids: Scratch Jr လိုမျိုး App တွေကတစ်ဆင့် ကလေးတွေကိုယ်တိုင် ရိုးရှင်းတဲ့ ဂိမ်းလေးတွေ၊ ပုံပြင်လေးတွေ ဖန်တီးတတ်အောင် သင်ပေးလို့ ရပါတယ်။

Video Editing: ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာ ဝါသနာပါရင် ရိုးရှင်းတဲ့ Editing App လေးတွေနဲ့ သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကို Video လေးတွေ ဖန်တီးခိုင်းကြည့်ပါ။

၃။ "မေးခွန်း" များများမေးပေးပါ

ကလေးက ဗီဒီယိုတစ်ခု ကြည့်ပြီးသွားတိုင်း "ဒီထဲမှာ ဘာတွေပါလဲ?"၊ "သမီး/သား ဆိုရင်ရော ဒါကို ဘယ်လိုမျိုး ထပ်ပြီး ကောင်းအောင် လုပ်မလဲ?" စသဖြင့် မေးမြန်းပေးပါ။ ဒါက ကလေးကို အချက်အလက်တွေကို မှတ်ရုံတင်မကဘဲ Critical Thinking (ဝေဖန်ပိုင်းခြားတွေးခေါ်မှု) အားကောင်းလာစေပြီး အသစ်သစ်သော Idea တွေ ထွက်လာအောင် ကူညီပေးပါတယ်။
မိတ်ဆွေတို့ရဲ့ ကလေးတွေကို နည်းပညာရဲ့ ကျွန် (Consumer) မဖြစ်စေဘဲ နည်းပညာကို အသုံးချပြီး အသစ်အသစ်တွေကို တီထွင်နိုင်တဲ့ Digital Genius (Creator) လေးတွေအဖြစ် ပျိုးထောင်ပေးကြပါစို့။

👱‍♂️ကလေးတွေရဲ့ ဦးနှောက် ဘယ်လို အလုပ်လုပ်နေလဲ၊ ဘာတွေက သူတို့ကို ဉာဏ်ကောင်းစေတာလဲ? ဘာတွေက သူတို့ဉာဏ်ရည် ဖွံ့ဖြိုးမှုကို နှေးကွေးစေတာလဲ စတဲ့ အကြောင်းအရာတွေကို ဆက်လက် လေ့လာလိုတဲ့ မိဘတွေအတွက်. . .
🧠 ကမ္ဘာမှာ အအောင်မြင်ဆုံး မျိုးနွယ်စုလို့ ဆိုနိုင်တဲ့ ဂျူးလူမျိုးတွေရဲ့ ကလေးပြုစုပျိုးထောင်နည်းတွေ
🧠 အမေရိကန် ဦးနှောက်ပညာရှင်တွေ၊ စိတ်ပညာရှင်တွေရဲ့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စမ်းသပ်တွေ့ရှိမှုတွေ
🧠 ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Microsoft တည်ထောင်သူ ဘေလ်ဂိတ်၊ Amazon တည်ထောင်သူ ဂျက်ဘီဇိုးတို့ ငယ်စဉ်က ပြစုပျိုးထောင်ခံခဲ့ရတဲ့ မွန်တက်စရီ နည်းလမ်းတွေ
🧠 ဦးနှောက်ခွန်အားဖြစ်စေတဲ့ အစားအသောက်တွေ၊ လေ့ကျင့်ခန်းတွေ
🧠 Financial Intelligence (ငွေကြေးဉာဏ်ရည်) မြင့်မားအောင် ပြုစုပျိုးထောင်ခြင်းတွေ
စတဲ့ နိုင်ငံတကာက ဦးနှောက်ပညာရှင်၊ စိတ်ပညာရှင်ပေါင်းများစွာ လက်တွေ့စမ်းသပ်ပြီး ရေးသားထားတဲ့ စာအုပ် ၁၀ အုပ်လောက်ရဲ့ အနှစ်တွေကို စုစည်းတင်ဆက်ထားတဲ့
ရှိပါတယ်။
🔹စာအုပ်ဖတ်ပြီး မိတ်ဆွေတို့အတွက် အကျိုးမရှိဘူး ဆိုင်ရင် ရက် (၃၀) အတွင်း ရာနှုန်းပြည့် ငွေပြန်အမ်းတဲ့ Money Back Guarantee ရှိပါတယ်။
ďżź
🔹စာအုပ် ဈေးနှုန်း ၃၀,၀၀၀ ကျပ်
🔹ebook ဈေးနှုန်း ၁၂,၀၀၀ ကျပ်
ďżź
🔹စာအုပ်ကို Order မှာယူချင်တယ်ဆိုရင် Comment (သို့) Message Box ကနေ Order မှာယူနိုင်ပါပြီ။
ďżź
🔹eBook အနေနဲ့ ဖတ်ရှုလိုတယ်ဆိုရင် Digital Genius eLibrary App ကို Download ပြီး ဖတ်ရှုနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.digitalgenius.elibrary


06/02/2026

သားသမီးတွေကို ဉာဏ်ရည်ထက်မြက်စေချင်တဲ့ မိဘတိုင်းအတွက်

Genius Kids Program မှာ
🧠 မိဘတွေ ဖတ်ဖို့ Genius Kids for Parents စာအုပ် ၁ အုပ်
🧠 Bonus အနေနဲ့ Brain Exercise Mobile App တွေ ပါဝင်ပါမယ်။
မိဘတွေဖတ်ဖို့ Genius Kids for Parents စာအုပ်မှာ ပါတဲ့ ခေါင်းစဉ်များ
🧠True Stories ဖြစ်ရပ်မှန်များ
ကျောင်းမှာ စာညံ့ပေမယ့် မိဘတွေကြောင့် Genius ဖြစ်လာသူများ
🧠How does the Brain Work? ဦးနှောက် ဘယ်လို အလုပ်လုပ်လဲ
🧠အမေရိကန် စိတ်ပညာရှင်တွေရဲ့ စမ်းသပ် တွေ့ရှိမှုများ
🧠 ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်စာရင်းဝင် အမေဇုန်တည်ထောင်သူ jeff bezos, Microsoft တည်ထောင်သူ bill gates တို့ငယ်စဉ်က ပြုစုပျိုးထောင်ခံခဲ့ရတဲ့ မွန်တက်စရီ နည်းလမ်း နဲ့ ပြုစုပျိုးထောင်ခြင်း
🧠Art of Jewish Parenting ဂျူးလူမျိုးတို့ရဲ့ ကလေး ပြုစုပျိုးထောင်ခြင်း အနုပညာ
🧠Brain Food ဦးနှောက်ခွန်အားဖြည့် အစားအစာများ
🧠Brain Exercise ဦးနှောက် လေ့ကျင့်ခန်းများ
🧠မှတ်ဉာဏ် ကောင်းအောင် လေ့ကျင့်ပျိုးထောင်ခြင်း
🧠Financial Intelligence ငွေကြေးစီမံခန့်ခွဲမှု ဉာဏ်ရည်
🧠Finding Your Child’s Geinus သင့်ကလေးရဲ့ ပင်ကိုယ် စွမ်းရည် ပါရမီ ကို ဖော်ထုတ်ခြင်း
စတဲ့ ကြောင်းအရာတွေ ပါဝင်ပါမယ်။
🧠ပညာရှင်တွေရဲ့စမ်းသပ်တွေ့ရှိချက် Overview
ဆင်းရဲမွဲတေမှုတွေ လျော့ကျဖို့၊ ကမ္ဘာကို ဦးဆောင်နိုင်ဖို့ အတွက် “ဉာဏ်ပညာ” က အဓိက အရေးပါဆုံး ဆိုတာ အမေရိကားက ပညာရှင်တွေ ကောင်းကောင်း သိတာပေါ့။ ဒုတိယ ကမ္ဘာစစ် အပြီး ၁၀ စုနှစ် တစ်ခုကျော် အကြာ ၁၉၆၀ လောက်မှာ အမေရိကားက ပညာရှင်တွေ စမ်းသပ်မှု ပြုလုပ်ခဲ့ကြတယ်။ အဲဒီ စမ်းသပ်မှုက နွမ်းပါးတဲ့ မိသားစု၊ လူလတ်တန်းစား မိသားစုနဲ့ အထက်တန်းလွှာ မိသားစု စတဲ့ မတူညီတဲ့ မိသားစုတွေ သူတို့ သားသမီးတွေကို ဘယ်လို ပြုစုပျိုးထောင်ကြလဲ ဆိုတာ မိသားစု ၄၂ စု လောက်ကို နေ့စဉ် အသံဖမ်းစက်နဲ့ Record ယူပြီး ၃ နှစ်လောက် စစ်တမ်းကောက်ယူခဲ့ကြတယ်။ နောက်ထပ် ၃ နှစ်လောက် လေ့လာသုံးသပ်မှုတွေ ထပ်လုပ်ခဲ့ကြတယ်။
အဲဒီလို လေ့လာမှုတွေ ပြုလုပ်တဲ့အခါမှာ နွမ်းပါးတဲ့ မိသားစု တော်တော် များများ ရဲ့ ကလေးအပေါ်မှာ ပြုမူဆက်ဆံမှု ပုံစံတွေက ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို နှေးကွေးစေပြီး၊ ချမ်းသာပြီး ပညာတတ်တဲ့ အထက်တန်းလွှာ မိသားစုရဲ့ ကလေးတွေ အပေါ်မှာ ပြုမူဆက်ဆံမှု ပုံစံတွေက ကလေးတွေ ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားကောင်း စေတာကို တွေ့ကြရတယ်။
အဲဒီတွေ့ရှိချက်ကို သမ္မတ ကို တင်ပြခဲ့ကြပြီး TV အစီအစဉ်တွေ၊ Radio အစီအစဉ်တွေ မှာပါ ထုတ်လွှင့်ပြီး မိသားစုပေါင်းများစွာ ပညာထူးချွန် ထက်မြက်တဲ့ ကလေးတွေ ပြုစု ပျိုးထောင် ပေးနိုင်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။
အိမ်ဖြူတော်၊ ကလင်တန်ဖောင်ဒေးရှင်း စတဲ့ အဖွဲ့အစည်းတွေကနေ ထူးချွန် ထက်မြက်တဲ့ အမေရိကန် ကလေးတွေ ပေါ်ထွက်လာအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ စာအုပ်တွေ လည်း ရေးခဲ့ကြတယ်။
အဲဒီ ပညာရှင်တွေရဲ့ တွေ့ရှိချက်ကို အခန်း (၃) နဲ့ (၄) မှာ ဖတ်ရမှာဖြစ်ပါတယ်။
အခုဒီစာအုပ်က သူတို့ရဲ့ တွေ့ရှိချက်စာအုပ်ကို အခြေခံပြီး၊ တခြား ဉာဏ်ရည် ထက်မြက်စေတဲ့ နည်းလမ်းတွေ၊ ဂျူးလူမျိုးတွေရဲ့ ကလေးပြုစု ပျိုးထောင်နည်းတွေနဲ့ ပေါင်းစပ်ပြီး ဒီစာအုပ် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
🧠 ဂျူးလူမျိုးတွေရဲ့ ကလေး ပြုစုပျိုးထောင်နည်းက ဘာကြောင့် အရေးပါတာလဲ?
Genius ဉာဏ်ကြီးရှင် လို့ ပြောလိုက်ရင် လူတော်တော် များများရဲ့စိတ်ထဲမှာ တန်းပြီး မြင်ယောင်လိုက်တာက အိုင်စတိုင်း ပုံပါ။ Google မှာ Genius scientist လို့ ရှာလိုက်ရင်လည်း သူ့ပုံပဲ ပေါ်ပါတယ်။
အောင်မြင်တဲ့ လူငယ်လုပ်ငန်းရှင် လို့ ပြောလိုက်ရင် Facebook တည်ထောင်သူ ဇူကာဘာ့ခ် ကိုပဲ ပြေးမြင်ကြမှာပါ။
သူတို့ နှစ်ယောက်လုံးက ဂျူး လူမျိူးတွေပါ။ ကမ္ဘာ့လူဦးရေရဲ့ ၀.၂ % ပဲ ရှိပေမယ့် ကမ္ဘာ့အချမ်းသာဆုံး ၁၀၀ ရဲ့ ၃၀ % က ဂျူး လူမျိုးတွေပါ။ နိုဗယ်ဆုရှင်တွေရဲ့ ၃ ပုံ ၁ ပုံ က ဂျူး လူမျိုးတွေပါ။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။
သူတို့ရဲ့ မျိုးရိုးကြောင့်လို့ သင်ထင်တယ်ဆိုရင် သူတို့အကြောင်း လေ့လာထားတဲ့ ပညာရှင်တွေက No ပါ လို့ ဖြေပါလိမ့်မယ်။
သူတို့ ဒီလိုဖြစ်လာအောင် ပြုစုပျိုးထောင် ပေးတဲ့ နည်းတွေကို ပညာရှင်တွေ လေ့လာပြီး ဂျူး လူမျိုးတွေရဲ့ ကလေးပြုစု ပျိုးထောင်နည်း စာအုပ်တွေ ထွက်ခဲ့ကြပါတယ်။
အခု ဒီစာအုပ်မှာ ဂျူး လူမျိုးတွေ ရဲ့ ကလေးပြုစု ပျိုးထောင်နည်း တွေကို အခန်း (၆) မှာ အသေးစိတ် လေ့လာပြီး မိမိတို့ သားသမီး တွေကိုလည်း သူတို့လို ထူးချွန်ထက်မြက်တဲ့ သူတွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ အတုယူနိုင်ပါတယ်။
🧠 မွန်တက်စရီ နည်းလမ်း နဲ့ ပြုစုပျိုးထောင်ခြင်း
Amazon တည်ထောင်သူ Jeff Bezos, Microsoft တည်ထောင်သူ Bill Gate, Google တည်ထောင်သူ Larry Page, Sergey Brin စတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူ တွေဟာ ငယ်ငယ်က မွန်တက်စရီ နည်း နဲ့ ပြုစုပျိုးထောင်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။
မွန်တက်စရီ နည်းဆိုတာ ဘာလဲ၊ ဒီပြုစုပျိုးထောင်နည်းတွေက ဒီလိုအောင်မြင်သူတွေဖြစ်အောင် ဘယ်လို ထောက်ပံ့ပေးလိုက်တာလဲ၊ သင့်ကလေးတွေကိုရော ဒီနည်းနဲ့ ဘယ်လို ပြုစုပျိုးထောင်နိုင်လဲ ဆိုတဲ့ အကြောင်းအရာတွေကို အခန်း (၅) မှာ လေ့လာရမှာ ဖြစ်ပါတယ်။
Too good to be True?
အခုပြောခဲ့တာတွေက ကောင်းလွန်းနေတယ်။ တကယ်ဟုတ်ပါ့မလား? တကယ်အကျိုးရှိပါ့မလား? စိုးရိမ်တဲ့သူတွေအတွက် 30 Days Money back Guarantee ရှိပါတယ်။ ဖတ်ပြီး အကျိုးမရှိဘူးထင်ရင် ရက် ၃၀ အတွင်း ရာနှုန်းပြည့် ငွေပြန်အမ်းပါမယ်။

🔹စာအုပ် ဈေးနှုန်း ၃၀,၀၀၀ ကျပ်
🔹ebook ဈေးနှုန်း ၁၂,၀၀၀ ကျပ်
ďżź
🔹စာအုပ်ကို Order မှာယူချင်တယ်ဆိုရင် Comment (သို့) Message Box ကနေ Order မှာယူနိုင်ပါပြီ။
ďżź
🔹eBook အနေနဲ့ ဖတ်ရှုလိုတယ်ဆိုရင် Digital Genius eLibrary App ကို Download ပြီး ဖတ်ရှုနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.digitalgenius.elibrary
ďżź
🔹စာမြည်းအနေနဲ့ Book Summary ကို ဖတ်ရှုလိုတယ်ဆိုရင်
Comment ပေးထားတဲ့ လင့်ခ်မှာ Download လုပ်ပြီး အခမဲ့ ဖတ်ရှုနိုင်ပါတယ်။

25/01/2026

✨ မှော်ဆန်တဲ့ အစွန်းအထင်းများ
"သင်ဟာ တကယ်ပဲ အဓိပ္ပာယ်ရှိရှိ အသက်ရှင်နေထိုင်ခဲ့တယ်ဆိုရင်၊ ဖြတ်သန်းခဲ့တဲ့ အတိတ်ကို ကျေးဇူးတင်စိတ်နဲ့ လက်ခံလိုက်ပါ။"
ကျွန်မရဲ့ ကော်ဇောပေါ်က ပြန့်ကျဲနေတဲ့ အစွန်းအထင်းတွေကို ကြည့်ပြီး ကျွန်မ တကယ်ကို ရှက်မိတယ်။ အိမ်ကို သူငယ်ချင်းအသစ်တစ်ယောက်ယောက် လာလည်ပြီဆိုရင် ကျွန်မမှာ မျက်နှာဘယ်နားထားရမှန်းကို မသိတော့တာ။
စိတ်ထဲမှာလည်း "ကြည့်ပါဦး၊ ငါက ဒီလောက်အထိ ညစ်ပတ်တဲ့သူ မဟုတ်ပါဘူး၊ အောက်ကိုပဲ မကြည့်ပါနဲ့၊ အစွန်းအထင်းတွေကို လျစ်လျူရှုပေးပါ" လို့ အော်ပြောချင်စိတ်ကို အတော်လေး ထိန်းထားရတယ်။ တချို့လူတွေကိုဆိုရင် အိမ်ကို လုံးဝမဖိတ်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်မလို ကော်ဇောပေါ်မှာ ကပ်စေးနေတဲ့ မုန့်ဖတ်တွေကို စူပါဂလူးနဲ့ ကပ်ထားသလိုမျိုး ဖြစ်နေတဲ့အထိ ထားမယ့်သူတွေ မဟုတ်ဘူးလို့ ထင်လို့ပါပဲ။ ဒါပေမဲ့ ကျွန်မမှာလည်း ကျွန်မလိုပဲ အိမ်အလုပ်တွေနဲ့ ဗာဟီရများပြီး ဖိတ်ကျသမျှကို ချက်ချင်းမသုတ်နိုင်တဲ့ သူငယ်ချင်းတွေ ရှိပါသေးတယ်။
တစ်နေ့မနက်မှာတော့ အဲဒီလို သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာပါတယ်။
ခဏကြာတော့ ကျွန်မတို့နှစ်ယောက်ဟာ ကိုယ့်အိမ်ရဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ အခြေအနေတွေကို ပြိုင်တူ ညည်းညူကြတာပေါ့။ "ကျန်းမာရေးဌာနကသာ အိမ်ကို ရှောင်တခင် စစ်ဆေးရေးလာရင် ငါတို့ကို ထောင်ထဲတောင် ထည့်မှာ သေချာတယ်" ဆိုပြီး သဘောတူလိုက်ကြသေးတယ်။
အဲဒီမှာ သူငယ်ချင်းဖြစ်သူက ရုတ်တရက်ကြီး တစ်ခုပြောလာတယ်။ "ငါတို့ အိမ်က ကြမ်းပြင်တွေကို ကျေးဇူးတင်ကြည့်ရင် ကောင်းမလားမသိဘူး" တဲ့။
ကျွန်မမှာ အံ့သြသွားပြီး "ဟင်... ဘာဖြစ်လို့လဲ" လို့ ပြန်မေးမိတယ်။ သူက အဖွဲ့အစည်းတစ်ခုအကြောင်း ပြောပြတယ်။ အဲဒီကလူတွေဟာ ပစ္စည်းတစ်ခုခု (ဥပမာ- ထွန်ခြစ်) ကို သုံးပြီးတိုင်း "မင်းရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောပြီးမှ နေရာတကျ ပြန်သိမ်းလေ့ရှိသတဲ့။ အဲဒီလို လုပ်ခြင်းအားဖြင့် သူတို့ဟာ ဘဝမှာ ပိုပြီး အောင်မြင်လာသလို အလုပ်တွေလည်း ပိုပြီး တွင်ကျယ်လာကြတယ်လို့ ယုံကြည်ကြတာပေါ့။
"ကျေးဇူးတင်တတ်တဲ့ စိတ်မှာ တစ်ခုခုတော့ ရှိမှာပဲ" လို့ ပြောပြီး သူလည်း သူ့ရဲ့ စေးကပ်နေတဲ့ မီးဖိုချောင် ကြမ်းပြင်ကို သွားတိုက်ဖို့ ဖုန်းချသွားပါတယ်။
အင်း... ကျွန်မလည်း စမ်းကြည့်ရင် ကောင်းမလား? သက်မဲ့ပစ္စည်းတွေကို စကားပြောရမှာ နည်းနည်းတော့ ထူးဆန်းသလို ခံစားရပေမဲ့ ကျေးဇူးတင်လို့ ရတာပဲလေ။
ဒါနဲ့ ကျွန်မရဲ့ သေးငယ်တဲ့ အိမ်လေးထဲမှာ လှည့်ပတ်ကြည့်ပြီး အိပ်စရာ အမိုးအကာ ရှိလို့၊ အိပ်ရာ၊ ခေါင်းအုံးနဲ့ သန့်ရှင်းတဲ့ တဘက်လေးတွေ ရှိလို့ ကျေးဇူးတင်ကြောင်း ပြောမိတယ်။ နောက်ဆုံးတော့ ဧည့်ခန်းက ထိတ်လန့်စရာ ကော်ဇောကြီးဆီ ရောက်လာခဲ့တာပေါ့။
စိတ်ထဲမှာ ပေါ်လာတဲ့ ညည်းညူသံတွေကို အောင့်ထားပြီး ဒီကော်ဇောကြီးအကြောင်း ကောင်းတာလေးတစ်ခုခု ပြောဖို့ ပြင်ဆင်လိုက်တယ်။ အဲဒီအချိန်မှာပဲ ထမင်းစားပွဲအောက်၊ သုံးနှစ်အရွယ် သားလေးရဲ့ ထိုင်ခုံနားက လိမ္မော်ရောင် အစွန်းကြီး ကို မြင်လိုက်ရတယ်။
အော်... ဒါက သားလေးနဲ့ ပန်းချီဆွဲတဲ့ ပရောဂျက်လုပ်တုန်းက ဖိတ်ကျသွားတဲ့ အရောင်ပဲ။ အဲဒီဘေးက အစိမ်းရောင် အစွန်း ကတော့ မနက်ခင်းတစ်ခုမှာ သားလေးနဲ့ နာရီပေါင်းများစွာ မြွေရုပ်တွေ၊ ဘီလူးရုပ်တွေ လုပ်တုန်းက ကပ်သွားတဲ့ ရွှံ့စေးတွေပါလား။
ကျွန်မ ကော်ဇောပေါ်မှာ ဒူးထောက်ပြီး တရွေ့ရွေ့နဲ့ အစွန်းအထင်း တစ်ခုချင်းစီကို အနီးကပ် လိုက်ကြည့်မိတယ်။ အညိုရောင် အကွက်လေး က "မိသားစု ပီဇာည" မှာ ကော်ဇောပေါ် ထိုင်စားရင်း ပျော်ခဲ့ကြတုန်းကပေါ့။ ကော်ဖီကွက်ကြီး ကတော့ သားလေးနှစ်ယောက်က ကျွန်မကို လာလုံးထွေး သတ်ပုတ်ဆော့ကြလို့ လက်ထဲက ကော်ဖီတွေ ဖိတ်ကျကုန်တုန်းက။ အပြာရောင် အစက်အပြောက်လေးတွေ ကတော့ တစ်ညနေမှာ ကိုယ့်ကိုယ်ကိုယ် တောရိုင်းတိရစ္ဆာန်လေးတွေလို ဟန်ဆောင်ပြီး တစ်ကိုယ်လုံး ဆေးတွေခြယ်ကာ ဆော့ကစားခဲ့တုန်းက အမှတ်အသားတွေ။
အိမ်ထဲကို လှည့်ပတ်ကြည့်ရင်း ကျွန်မ တစ်ခုကို နားလည်သွားတယ်။ ဒီအစွန်းအထင်းတွေဟာ သန့်ရှင်းတဲ့ ကော်ဇောတစ်ခုထက်စာရင် ပိုပြီး လှပတဲ့ အရာတစ်ခုကို ဖော်ပြနေတာပဲ။
ဒါတွေက ကျွန်မတို့ မိသားစုဟာ "တကယ်ပဲ အသက်ရှင်နေထိုင်နေကြတယ်" ဆိုတဲ့ အမှတ်အသားတွေပဲ။ ရယ်မောသံတွေ၊ မျက်ရည်တွေ၊ ရှုပ်ပွနေတဲ့ ပရောဂျက်တွေနဲ့ အရသာရှိတဲ့ ညစာတွေအကြောင်း ဒီအစွန်းအထင်းတွေက သက်သေပြနေတာ။
ကျွန်မတို့ အိမ်မှာ ရယ်မောခြင်းကို တားမြစ်မထားဘူး၊ နေ့စဉ်ဘဝရဲ့ ရှုပ်ပွမှုတွေကိုလည်း အပြစ်မမြင်ဘူး။ ကျွန်မတို့အိမ်က ဆေးရုံလိုမျိုး အမြဲတမ်း သန့်ပြန့်ပြီး စည်းကမ်းတွေနဲ့ မွန်းကျပ်မနေဘူး။ ဒါဟာ တကယ်တော့ မှော်ဆန်တဲ့ နေရာလေးတစ်ခုပဲ။
ကျွန်မ အဲဒီနေ့အတွက် ပထမဆုံး အပြုံးနဲ့အတူ မတ်တပ်ရပ်လိုက်ပြီး တီးတိုးပြောမိတယ်...
"အစွန်းအထင်းတွေနဲ့ ပြည့်နေတဲ့ ကျွန်မရဲ့ ကော်ဇောအတွက် ကျေးဇူးတင်ပါတယ် ..."
အဲဒီအချိန်မှာပဲ... ကျွန်မ တစ်သက်လုံး မုန်းတီးရွံရှာခဲ့တဲ့ အရာတစ်ခုအပေါ်မှာ တကယ်ကိုပဲ ကျေးဇူးတင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာပါတော့တယ်။
"တကယ်တော့ ကျွန်မတို့ အပြစ်ဆိုစရာလို့ ထင်မိတဲ့ အစွန်းအထင်းတွေဆိုတာ ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ဘဝရဲ့ 'မှော်ဆန်တဲ့ မှတ်တမ်းတွေ' ပါပဲ။ အိမ်တစ်လုံးရဲ့ တကယ့်အဖိုးတန်မှုဆိုတာ ကော်ဇောတွေ ဘယ်လောက်အထိ ဖြူစင်သန့်ရှင်းနေသလဲဆိုတာထက်၊ အဲဒီအိမ်ထဲမှာ ပျော်ရွှင်စရာ ရယ်မောသံတွေနဲ့ နွေးထွေးတဲ့ အမှတ်တရတွေ ဘယ်လောက်အထိ စွန်းထင်ကျန်ရစ်ခဲ့သလဲ ဆိုတာပေါ်မှာပဲ အမှန်တကယ် တည်ရှိနေတာ ဖြစ်ပါတယ်။"
ďżź
💪ဒီလို စိတ်ခွန်အားဖြစ်စေတဲ့ နိုင်ငံတကာက Online ဆောင်းပါးပေါင်းများစွာကို ဘာသာပြန်ပြီး "Inspiration Stories" စိတ်ခွန်အား ဆောင်းပါးများကို eBook အနေနဲ့ အခမဲ့ ဖတ်ရှုနိုင်အောင် ဖန်တီးထားပါတယ်။
ďżź
🗣️စိတ်ခွန်အား ဆောင်းပါးတွေကို အခမဲ့ ဖတ်နိုင်ရန် Digital Genius eLibrary App ကို Comment မှာပေးထား တဲ့ Link မှာ download လုပ်ပြီး ဖတ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.digitalgenius.elibrary



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Sanchaung
Yangon
11111