MAJA Education Center

MAJA Education Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MAJA Education Center, Education, No. 440 (B), Zayya 14th Street, 10th Ward, South Okkalapa Township, Yangon.

17/06/2026

【𝐓𝐨𝐝𝐚𝐲'𝐬 𝐐𝐮𝐨𝐭𝐞】

"People striving for approval from others
become phony."

他人の承認を求める人たちは偽物になる。
- 𝑰𝒄𝒉𝒊𝒓𝒐 𝑺𝒖𝒛𝒖𝒌𝒊 (𝑱𝒂𝒑𝒂𝒏𝒆𝒔𝒆 𝒃𝒂𝒔𝒆𝒃𝒂𝒍𝒍 𝒐𝒖𝒕𝒇𝒊𝒆𝒍𝒅𝒆𝒓)

㊗️ အနာဂတ်ပညာရေးလှပဖို့ . . . မာဂျာစင်တာနဲ့လက်တွဲစို့ ㊗️

📲 သင်တန်းကိစ္စများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် >> 09 428 613 848
📲 Asahi သတင်းစာ စကော်လာနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် >> 09 770 987 222
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 No.440(B), Zayya 14th Street, 10th Quarter, Near Thit Sar Road, South Kalapa Township. (တောင်ဥက္ကလာပမြိုနယ်တရားရုံး ဘေးလမ်း)

🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/?_r=1&_t=ZS-93CHQRo9TwG




16/06/2026

TOP J စာမေးပွဲဖောင်များ လျှောက်ထားရက်အား ဇွန်လ (၁၈) ရက်နေ့အထိ ထပ်တိုးလက်ခံသွားမည်။

လာမယ့် ဇူလိုင်လ (၁၂) ရက်နေ့တွင် ကျင်းပမည့် TOP J စာမေးပွဲအား လျှောက်ထားလိုသူများ
ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ပြီး ဖောင်လက်ခံရက်အား နောက်ထပ် နှစ်ရက်အထိ ထပ်တိုးလက်ခံသွားပါမည်။

ဒါကြောင့် TOP J စာမေးပွဲ ဖြေဆိုလိုသူများအနေနဲ့ ဇွန်လ (၁၈) ရက်နေ့အထိ စာမေးပွဲဖောင်များအား Google Form မှတဆင့် ဆက်လက်လျှောက်ထားနိုင်ပါသည်။

✅ စာမေးပွဲ ကျင်းပမည့်နေ့ရက် - ၁၂.၇.၂၀၂၆ (တနင်္ဂနွေနေ့)
✅ စာမေးပွဲ ကျင်းပမည့်နေရာ - ရန်ကုန်နှင့် မန္တလေး။
✅ စာမေးပွဲကြေး - ၇၂,၀၀၀ ကျပ်
✅ စာမေးပွဲလျှောက်လွှာတင်ရန် - https://forms.gle/RP7b9kbeeYaw2Gp66

📲 Phone Number >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)
🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/?_r=1&_t=ZS-93CHQRo9TwG



Photos from MAJA Education Center's post 15/06/2026

EJU Exam Preparation အတန်းများ ဒီနေ့ စဖွင့်ပါပြီနော် . . . ။ 😍😍

ဒီနေ့ EJU In Person အတန်း၊ ZOOM အတန်းများ စတင်ဖွင့်လှစ်နေပြီး ကျောင်းသား၊ ကျောင်းသူတွေလည်း အတန်းပထမဆုံးနေ့မှာကတည်းက တက်တက်ကြွကြွ တက်ရောက်နေကြပါပြီ။ 🤞

လာမယ့် နိုဝင်ဘာလ EJU စာမေးပွဲအတွက်ရော၊ MEXT စာမေးပွဲအတွက်ပါ အခုလိုမျိုး ကြိုးကြိုးစားစားနဲ့ EJU ကို ကြိုတင်ပြင်ဆင်နေကြပြီဖြစ်လို့ အချိန်မနှောင်းခင် MAJA Education Centre နဲ့အတူတူ အောင်ပန်းဝင်နိုင်ဖို့ EJU အတန်းတွေကို စာရင်းပေးသွင်း တက်ရောက်နိုင်ပါသေးတယ်နော်။
👉 In Person အတန်းများအပ်နှံရန်
https://forms.gle/3JW91RMMsLCsznwK6

👉 ZOOM အတန်းများအပ်နှံရန်
https://forms.gle/V5Xk4mmsNhkg1zGs9

📲 Viber မှ အတန်းအပ်နှံလိုသူများ >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)




Photos from MAJA Education Center's post 12/06/2026

🎓 ၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာစကော်လားရှစ် 🎓
(2027 April Intake - ASAHI Shimbun Scholarship)

ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်ရောက်နိုင်မည့် ပညာသင်ဆု (Asahi Shimbun Scholarship) အတွက် လျှောက်လွှာများကို MAJA Education Centre မှ စတင်လက်ခံခေါ်ယူနေပါပြီ။

ယခု ခေါ်ယူမည့် သတင်းစာ စကော်လားရှစ်အား အောက်ပါ လိုအပ်ချက်များနှင့် ပြည့်စုံသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။

📌 လိုအပ်ချက်များ
(၁) ဂျပန်ဘာသာ အရည်အချင်းတွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ (JLPTအောင်လက်မှတ်တင်ပြနိုင်ရမည်)
(၂) 2026 April တွင် အသက် (၁၈) နှစ် နှင့် (၂၅) နှစ်အကြားရှိသူ
(၃) ပညာအရည်အချင်း စနစ်သစ် - ၁၂ တန်းအောင်မြင်ထားသူ (သို့) စနစ်ဟောင်း ၊ တက္ကသိုလ်ပထမနှစ်နှင့် အထက် အောင်မြင်ထားသူ
(၄) အိမ်ထောင်မရှိသူ
(၅) တက်တူး (လုံးဝ) မရှိသူ
(၆) ကျန်းမာရေးကောင်းမွန်ကြံ့ခိုင်သူ
(၇) Passport (PV / PE) ကိုင်ထားသူ (သို့မဟုတ်) Passport လျှောက်ထားဆဲ (သို့မဟုတ်) Passport လျှောက်ထား/လဲလှယ်ရန်အတွက် QR code ရရှိထားသူ
(၈) ဆိုင်ကယ်လိုင်စင် (က) လိုင်စင် လုပ်ရန် လိုအပ်ပါသည်။
ဂျပန်နိုင်ငံသို့ ‌ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ။

**ရွေးချယ်ခံရသူများအတွက် ကုန်ကျစရိတ်
➡️ အင်တာဗျူး အောင်မြင်ပြီးပါက MAJA Education Centre သို့ Processing Fees (၂၅) သိန်း သွင်းရမည်ဖြစ်သည်။
Processing Fees (၂၅) သိန်းတွင် ဂျပန်စာသင်တန်းကြေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သတင်းစာပို့ခြင်းဆိုင်ရာ သင်တန်းကြေး၊ ဂျပန်လူမျိုးဆရာ/မများနှင့် နေ့စဉ်စကားပြောသင်တန်းများ အပါအဝင်ဖြစ်သည်။**
➡️ COE ရရှိချိန်တွင် သတင်းစာတိုက်သို့ $1000 (သို့မဟုတ်) ယန်း ၁၅သောင်း ပေးသွင်းရပါမည်။
ခံစားခွင့်များ
➡️ လေယာဥ်လက်မှတ်အား သတင်းစာတိုက်ဘက်မှ ပြန်လည်ကျခံပေးသွားမည် ဖြစ်သည်။
➡️ ၂ နှစ်စာ ကျောင်းလခကို အဆာဟိ သတင်းစာတိုက်မှ ထောက်ပံ့မည် ဖြစ်သည်။
➡️ အဆောင်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သတင်းစာဆိုင်ခွဲမှ စီစဉ်မည် ဖြစ်ပြီး အဆောင်ကြေးအနေဖြင့် မိမိလစာမှ တစ်လလျှင် ယန်း ၁ သောင်းကို နှုတ်သွားမည် ဖြစ်သည်။
➡️ လစာ ယန်း ၁၅ သောင်းနှင့် အထက်။ (ယင်းလစာမှ ဝင်ငွေခွန် ပြန်လည် နှုတ်ထားခြင်းရှိပါသည်)
➡️ နားရက် တစ်လလျှင် (၄ ရက်)
ပထမနှစ်အတွက် ခွင့်ခံစားခွင့် (၁၀) ရက် ရရှိမည်ဖြစ်ပြီး အလုပ်ဝင်ပြီး (၆) လကျော်သည့် အချိန်မှစ၍ စတင်ခံစားနိုင်ပါသည်။
ဒုတိယနှစ်အတွက် ခွင့်ခံစားခွင့် (၁၁) ရက် ရရှိမည်ဖြစ်ပြီး အလုပ်ဝင်ပြီး (၁၈) လကျော်သည့် အချိန်မှစ၍ စတင်ခံစားနိုင်ပါသည်။

📌 လျှောက်လွှာလက်ခံကာလ - (12.6.2026 မှ 5.7.2026 အထိ)

အထက်ပါ လိုအပ်ချက်များနှင့် ပြည့်စုံသူများအနေဖြင့် အောက်ဖော်ပြပါ Google Form အားဖြည့်စွက်ကာ လျှောက်ထားနိုင်ပါသည်။
Google Form Link: https://forms.gle/zrBePAsXU9cQhUWF9

‼️ လျှောက်ထားပြီးသူများအား Scholarship နှင့်သက်ဆိုင်သည့် အသေးစိတ်အစီအစဥ်များကို Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတစ်ဆင့်သာ ဆက်သွယ်အကြောင်းကြား ပေးပို့သွားမည်ဖြစ်ပါသဖြင့် Google Form ဖြည့်ပြီးသည့်‌ နောက်တွင် အီးမေးလ်အား သတိပြုစစ် ဆေးရန်လိုအပ်ပါသည်။

📲 သင်တန်းကိစ္စများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် >> 09 428 613 848
📲 Asahi သတင်းစာ စကော်လာနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် >> 09 770 987 222
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 No.440(B), Zayya 14th Street, 10th Quarter, Near Thit Sar Road, South Kalapa Township. (တောင်ဥက္ကလာပမြို့နယ်တရားရုံး ဘေးလမ်း)

Photos from MAJA Education Center's post 06/06/2026

MAJA Education Centre မှ ဖွင့်လှစ်တဲ့ EJU အတန်းများအား သင်ကြားပေးနေသည့် ဆရာ/ဆရာမများ 🤗💚

(In Person/ ZOOM) EJU အတန်းများကို သင်ကြားပေးနေသည့် MAJA Education Centre မှ
စာသင်နှစ်အတွေ့အကြုံများစွာရှိသည့် ဝါရင့် ဆရာ၊ ဆရာမများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

MAJA Education Centre ရဲ့ EJU အတန်းများမှာဆိုရင် ဆရာ၊ ဆရာမတို့ကိုယ်တိုင် စနစ်တကျ ရေးဆွဲပြင်ဆင်ထားတဲ့
သင်ရိုးများနဲ့ သင်ကြားပေးပြီး EJU ဖြေဆိုဖို့အတွက် အဓိကကျတဲ့ အပိုင်းများကို အကောင်းဆုံး လေ့လာနိုင်ဖို့ သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။

📌 EJU အတန်းစမည့်ရက် - ၁၅.၆.၂၀၂၆
📌 သင်ကြားမည့်အတန်းပုံစံ - In Person & Online Class
📌 သင်တန်းကာလ - ၆ လ
📌 သင်တန်းကြေး - In Person (တစ်ဘာသာလျှင် ၆ သိန်းကျပ် + စာအုပ်ကြေး)
📌 ZOOM (တစ်ဘာသာလျှင် ၄ သိန်းခွဲကျပ် + စာအုပ်ကြေး)

ဘာကြောင့် EJU ပြင်ဆင်သင့်တာလဲ။

❗️ဂျပန်မှာကျောင်းတက်မယ့် နိုင်ငံတကာကျောင်းသားတွေ မဖြစ်မနေ ရှိထားသင့်တဲ့လက်မှတ်ဖြစ်ခြင်း
❗️မြန်မာနိုင်ငံမှာတင် Pre-Arrival Admission လျှောက်ထားနိုင်ခြင်း
❗️ဂျပန်အစိုးရပညာသင်ဆု MEXT အတွက်များစွာအထောက်အကူပြုပြီး
❗️MEXT အပါအဝင် အခြားသောပညာသင်ဆုများပါ လျှောက်ထားနိုင်မည့် နည်းလမ်းကောင်းဖြစ်ခြင်း

အခု ဇွန်လ စတင်ဖွင့်လှစ်မည့် EJU အတန်းကို တက်ရောက်မယ်ဆိုရင် “MEXT Scholarship 2028” အတွက်
လျှောက်ထားပြင်ဆင်နိုင်မှာဖြစ်လို့ အချိန်မနှောင်းခင် အမြန်ဆုံး EJU အတန်းကို တက်ရောက်အပ်နှံနိုင်ပါပြီ။

👉 In Person အတန်းများအပ်နှံရန်
https://forms.gle/3JW91RMMsLCsznwK6

👉 ZOOM အတန်းများအပ်နှံရန်
https://forms.gle/V5Xk4mmsNhkg1zGs9

📲 Viber မှ အတန်းအပ်နှံလိုသူများ >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)




05/06/2026

အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး ဂျပန်စာကို လုပ်ဖို့မေ့နေကြပြီလား ?
#ဂျပန်စာ


04/06/2026

✨ (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုထားသူများ လျှောက်ထားနိုင်မည့် EJU သင်တန်းကြေး စကော်လားရှစ်အစီအစဉ် [MEXT Scholarship ဖြေဆိုဖို့ အထောက်အပံ့ကောင်း] ✨

၁၂ တန်း အောင်စာရင်းများ မထွက်ရှိခင် ၁၂ တန်း ဖြေဆိုထားသူ ကျောင်းသား/ကျောင်းသူများအတွက်ရည်ရွယ်ကာ၊
ဂျပန်နိုင်ငံရဲ့ ထိပ်တန်းပညာသင်ဆု၊ အစိုးရပညာသင်ဆုတစ်ခုဖြစ်တဲ့ MEXT Scholarship နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဂျပန်အစိုးရပညာသင်ဆုဆိုတာ -

👉 ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်အတွက် ထောက်ပံ့ကြေးများရရှိသည့်အပြင်၊
👉 ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်နှင့် ကောလိပ်များတွင် ပညာသင်ခွင့် ရရှိသည့်အတွက်
👉 ထူးချွန်သည့် လူငယ်များအတွက် ကြီးမားသည့် အခွင့်အရေးဖြစ်ပါတယ်။ အဆိုပါ ပညာသင်ဆုအား ဖြေဆိုအောင်မြင်နိုင်ရန်
အထောက်အပံ့ကောင်းဖြစ်သည့် EJU သင်တန်းကိုလည်း MAJA တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

【EJU အကြောင်း မိတ်ဆက်】

Examination for Japanese University Admission for International Students (EJU) ဆိုတာက နိုင်ငံခြားကျောင်းသား၊ ကျောင်းသူများ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် ဖြေဆိုရသည့် ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်ပါသည်။
EJU Website: https://www.jasso.go.jp/en/ryugaku/eju/index.html

EJU စာမေးပွဲကျင်းပချိန်

• နှစ်စဉ် ဇွန်လနှင့် နိုဝင်ဘာလ
• မြန်မာနိုင်ငံတွင် ဖြေဆိုနိုင်ပါသည်။

ဖြေဆိုရမည့် ဘာသာရပ်များ

(၁) ဝိဇ္ဇာတွဲ

• Japanese as a Foreign Language (JFL)
• Japan and the World
• Mathematics I

(၂) သိပ္ပံတွဲ

• Japanese as a Foreign Language (JFL)
• Physics / Chemistry / Biology (တစ်ဘာသာရွေးချယ်)
• Mathematics II

【EJU နှင့် MEXT ပညာသင်ဆု အခွင့်အလမ်း】
EJU သင်တန်းများအား စနစ်တကျ တက်ရောက်ထားခြင်းဖြင့် ဂျပန်အစိုးရ၏ ၁၀၀% ပညာသင်ဆုဖြစ်သော MEXT Scholarship လျှောက်ထားရာတွင် များစွာအထောက်အကူပြုနိုင်ပြီး၊ ဂျပန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များတွင် ပညာဆည်းပူးနိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိစေပါသည်။

MAJA Education Centre မှ EJU သင်တန်းတက်ရောက်ခဲ့ပြီး MEXT Scholarship ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမှာ -

• ၂၀၂၃ ခုနှစ် - (၅) ဦး
• ၂၀၂၄ ခုနှစ် - (၇) ဦး
• ၂၀၂၅ ခုနှစ် - (၃) ဦး
• ၂၀၂၆ ခုနှစ် - (၆) ဦး
ဖြစ်ပါသည်။ ထို့အပြင် ဂျပန်အစိုးရ ထိပ်တန်းတက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့သူများစွာကိုလည်း မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

【EJU သင်တန်းနှင့် ပညာသင်ဆု အစီအစဉ်】

MAJA Education Centre မှ EJU စာမေးပွဲအတွက် ပြင်ဆင်သင်ကြားပေးသည့် သင်တန်းများအား ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် စတင်မည့် EJU အတန်းအတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုဖြင့် အခမဲ့ တက်ရောက်ခွင့်အား ပေးအပ်သွားမည်ဖြစ်ပါသည်။
မှတ်ချက် - ယခုနှစ်တွင် သင်တန်းစတင်တက်ရောက်သူများသည် "MEXT Scholarship 2028" အတွက် ပြင်ဆင်ရန် ဖြစ်ပါသည်။

👍 ၄ ဘာသာ ဂုဏ်ထူး (သို့) အမှတ်ပေါင်း ၄၅၀ မှတ်နှင့် အထက် ကျောင်းသားများကိုသာ ပေးအပ်မည် ဖြစ်ပါသဖြင့် စာမေးပွဲအောင်စာရင်းထွက်သည့် အခါတွင် အထောက်အထား ပြသပေးရပါမည်။

👍 ယခင် ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အား ထူးချွန်စွာ အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ လျှောက်ထားသူဦးရေများပြားပါက စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။

📌 EJU သင်တန်း ပညာသင်ဆု‌ လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Google Form မှတဆင့် ကြိုတင်ကာ ဦးစားပေးစာရင်းပေးသွင်းနိုင်ပါသည်။
Google Form Link : https://forms.gle/MLJPqU82p8UfPQrcA

📲 Phone Number >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)

🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/?_r=1&_t=ZS-93CHQRo9TwG




03/06/2026

2026 ခုနှစ်၊ (5) လပိုင်း TOP-J Result (Certificate) ထုတ်ယူခြင်းနှင့်ပတ်သက်၍ -

(10.5.2026) ရက်နေ့တွင် ဖြေဆိုထားသော TOP J စာမေးပွဲရလဒ်များကို အောက်ဖော်ပြပါအတိုင်း ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ထုတ်ယူရာတွင် Test Voucher များကို မမေ့မလျော့ ယူခဲ့ပေးပါရန် နှင့် ပျောက်ဆုံး ပျက်စီးပါက “မှတ်ပုံတင် မူရင်းနှင့်အတူ မိတ္ထူတစ်စောင်” ယူဆောင်လာရန် လိုအပ်ပါမည်။

ရန်ကုန်တွင်လျှောက်လွှာတင်သူများထုတ်ယူရန် -

နေ့ရက် - 3.6.2026 (Wednesday) မှ စတင်ထုတ်ယူနိုင်ပါမည်။
နေရာ - MAJA Education Centre
လိပ်စာ - No.(440-B)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (တောင်ဥက္ကလာပတရားရုံးဘေးလမ်းသွယ်မှ ဝင်ရန်)
ဖုန်း - 09 428 613 848
အချိန် - 9:00 AM မှ 4:30 PM (12:00 မှ 1:00 အထိ ထမင်းစားနားခေတ္တပိတ်ပါသည်။) (Monday to Friday )
စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များပိတ်ပါသည်။

မန္တလေးတွင်လျှောက်လွှာတင်သူများထုတ်ယူရန် -

နေ့ရက် - 8.6.2026 (Monday) မှ စတင်ထုတ်ယူနိုင်ပါမည်။
နေရာ - MAJA Office (Mandalay Branch)
လိပ်စာ - ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09- 255 162 533
အချိန် - 9:00 AM မှ 4:30 PM (12:00 မှ 1:00 အထိ ထမင်းစားနားခေတ္တပိတ်ပါသည်။) (Monday to Friday )
စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များပိတ်ပါသည်။



Photos from MAJA Education Center's post 02/06/2026

December JLPT စာမေးပွဲအမီ (7) လပိုင်းစဖွင့်မယ့် ဂျပန်စာတန်းခွဲများ (N5, N4, N3)

မာဂျာစင်တာမှာ ခဏခဏ လာမေးကြတဲ့ ဂျပန်စာအခြေခံအတန်းဖြစ်တဲ့ N5 အတန်းအပါအဝင်
ဂျပန်စာတန်းခွဲသစ်များအား July Intake အဖြစ် ဖွင့်လှစ်ပေးသွားပါတော့မယ်။

◾️ 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐁𝐚𝐬𝐢𝐜 + 𝐍𝟓 𝐂𝐥𝐚𝐬𝐬

👉 အထက်တန်းကျောင်းတွေပြီးလို့ အချိန်ပိုများနေတဲ့ ကျောင်းသား၊ ကျောင်းသူများ၊
👉 တက္ကသိုလ်တွေ မတက်ရခင် Language Skills တစ်ခု အစပြုတက်ရောက်လိုသူများ၊
👉 ဂျပန်ကို ပညာတော်သင်သွားချင်သူများ၊
👉 MEXT Scholarship ကဲ့သို့ ဂျပန်ပညာတော်သင်ဆုတွေ လျှောက်ထားမည့်သူများအတွက်
ဂျပန်စာကို အခုချိန်ကစပြီး ကြိုးစားသင်ယူထားနိုင်ဖို့ N5 အတန်းလေးကို အချိန်တိုအတွင်း
တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။

✅ Starting Date : 13.7.26 (Monday)
✅ Timetable : Mon, Tue, Wed (9 AM ~ 12 PM)
✅ Duration : 3 Months
✅ Fees : 250,000 Ks + စာအုပ်ဖိုး

◾️ 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐍𝟒 𝐂𝐥𝐚𝐬𝐬

👉 မာဂျာစင်တာမှ ခေါ်ယူမယ့် “2028 April Intake Asahi Shimbun Scholarship” လျှောက်ထားချင်သူများ၊
👉 12 လပိုင်း JLPT N4 ဖြေဆိုလိုသူများ၊
👉 ဂျပန်စာ N5 အောင်မြင်ထားပြီးသူများ အားလုံး ဒီ N4 အတန်းလေးကို မဖြစ်မနေ တက်ရောက်ထားသင့်ပါတယ်။

✅ Starting Date : 13.7.26 (Monday)
✅ Timetable : Mon, Wed (1 PM ~ 4 PM)
✅ Duration : 3 Months
✅ Fees : 270,000 Ks + စာအုပ်ဖိုး

◾️ 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐍𝟑 𝐂𝐥𝐚𝐬𝐬

👉 EJU JFL, Japan&TheWorld ဘာသာရပ်များကို တက်ရောက်ဖို့ Level မြှင့်ချင်သူများ၊
👉 ဂျပန်စာ N4 Level အောင်မြင်ပြီးသူများ၊
👉 12 လပိုင်း JLPT N4 ဖြေဆိုလိုသူများအားလုံး တက်ရောက်နိုင်မယ့်အတန်းလေးဖြစ်ပါတယ်။

✅ Starting Date : 13.7.26 (Tuesday)
✅ Timetable : Tue, Thurs (1 PM ~ 4 PM)
✅ Duration : 3 Months
✅ Fees : 300,000 Ks + စာအုပ်ဖိုး

📌 အတန်းအပ်နှံလိုသူများအနေဖြင့် အောက်ပါ Google Form အားဖြည့်စွက်ကာ အတန်းအပ်နှံနိုင်ပါသည်။
(ရုံးပိတ်ရက်အပါအဝင် အချိန်မရွေး Kpay မှ သင်တန်းကြေးပေးသွင်းအပ်နှံနိုင်အောင် စီစဉ်ပေးထားပါသည်။)
Google Form Link >> https://forms.gle/amjcBnsW31vjWdPi9

📲 Viber မှ အတန်းအပ်နှံလိုသူများ >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)

🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/?_r=1&_t=ZS-93CHQRo9TwG



#ဂျပန်စာ

01/06/2026

ဇူလိုင်လတွင် ကျင်းပမယ့် TOP J စာမေးပွဲဖောင်များ စတင်လျှောက်ထားနိုင်ပါပြီ။ (Online System)

၂၀၂၆ ခုနှစ်၊ (၇) လပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမှာ ကျင်းပပြုလုပ်သွားမယ့် TOP J စာမေးပွဲကြီးအတွက် လျှောက်လွှာဖောင်များတင်လို့ရနေပါပြီနော်။

📌 TOP J စာမေးပွဲကို နှစ်စဉ် တစ်နှစ်လျှင် “ဇန်နဝါရီ၊ မတ်၊ မေ၊ ဇူလိုင်၊ စက်တင်ဘာ၊ နိုဝင်ဘာ” လများတွင် (၆) ကြိမ်တိတိ MAJA Education Centre မှ ကျင်းပပေးလျက်ရှိပါတယ်။

📌 စာမေးပွဲ ရလဒ်များကို စာမေးပွဲဖြေပြီး နှစ်ပတ်အကြာတွင် Online Result အဖြစ် မြန်မြန်ဆန်ဆန် သိရှိနိုင်ပြီး တစ်လအကြာတွင် Certificate များ ထုတ်ယူနိုင်ပါတယ်။

📌 လာမယ့် မေလ စာမေးပွဲတွင် Basic (N5 & N4 Level), Intermediate (N3 & N2 Level) များကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

နယ်ဝေးမှ ဖြေဆိုလိုသူများပါ အလွယ်တကူ လျှောက်ထားနိုင်ရန် Google Form ဖြင့် TOP J စာမေးပွဲ လျှောက်လွှာများအား လက်ခံသွားမှာပဲဖြစ်ပါတယ်။

✅ စာမေးပွဲ ကျင်းပမည့်နေ့ရက် - ၁၂.၇.၂၀၂၆ (တနင်္ဂနွေနေ့)
✅ စာမေးပွဲ ကျင်းပမည့်နေရာ - ရန်ကုန်နှင့် မန္တလေး။
✅ စာမေးပွဲကြေး - ၇၂,၀၀၀ ကျပ်
✅ စာမေးပွဲလျှောက်လွှာတင်ရန် - https://forms.gle/RP7b9kbeeYaw2Gp66

လျှောက်လွှာများအား (၁၆.၆.၂၀၂၆) ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်ပြီး “ဖြေဆိုရမည့် အချိန်၊ ဖြေဆိုရမည့် နေရာနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher)” တို့အား Email မှတဆင့် ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဂျပန်စာအရည်အချင်းကို စစ်ဆေးရင်း Certificate အမြန်ရယူနိုင်မယ့် TOP J စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ အခုပဲ လျှောက်လွှာတင်လိုက်တော့နော်။

㊗️ အနာဂတ်ပညာရေးလှပဖို့ . . . မာဂျာစင်တာနဲ့လက်တွဲစို့ ㊗️

📍 Free Consultation ရယူရန်နှင့် အတန်းများစုံစမ်းရန် >> 09 428 613 848
🏫 အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)

🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/?_r=1&_t=ZS-93CHQRo9TwG



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 440 (B), Zayya 14th Street, 10th Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30