Tea 'n Toast - English Club

Tea 'n Toast - English Club

Share

Never hesitate to start your new journey.

26/06/2026

Tea 'n Toast - English Club မှာ TECersတို့အတွက် အမြဲရှိနေကျ
clubs တွေထဲက တစ်ခုဖြစ်တဲ့ “IELTS SPEAKING CLUB” လေးပြန်လည်ရောက်ရှိလာပါပြီနော် 🔈

Exam Preparation လုပ်နေသူတွေအတွက်‌ရော၊
IELTS Speaking Skill ဖြည့်ချင်တဲ့သူတွေအတွက်ပါ အသင့်ရှိနေတာမို့ ဒီညပဲ လာ Join လိုက်ပါ👀
အားလုံး အခမဲ့နော်✅

Club လေးကို join ဖို့အတွက် Zoom meeting platform ကို comment မှာ ချပေးထားပါတယ်ရှင်🥰

📌 Time : 7:50 - 9:30 pm
📌 Date : 26. 06. 2026 (Friday)
မှာတူတူတွေ့ဆုံလေ့ကျင့်လိုက်ရအောင်နော်..

်ဆု

25/06/2026

ကိုယ့်ဘက်ကဖွင့်မပြောမချင်း တဖက်လူက ကိုယ့်အချစ်ကိုမသိနိုင်သလို.. English Speaking ဆိုတာလည်း ထုတ်မပြောမချင်း မတိုးတက်နိုင်ပါဘူးနော်... 🙄

ကဲပါ.. တယောက်သာသူနဲ့ တဆင့်တက်ဖို့ထက် (တက်ရဖို့လည်း မသေချာသလောက်ရှိနေတာမို့🙄) English စကားပြောစွမ်းရည် တိုးတက်ဖို့က ပိုအရေးကြီးတယ်လေနော်.. 🤭

Tea 'n Toast - English Club ရဲ့ အပတ်စဉ် Sunday, In-person English Conversation Clubလေး ဖြစ်တဲ့ Tea 'n Toast - Community Club လေးမှာ Table discussionလေးတွေ Public Speaking တွေ Debate Session တွေ အတူလုပ်ကြရင်း နွေးထွေးတဲ့ Social Circleလေးတစ်ခုထဲမှာ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်တွေဖွဲ့နိုင်မှာဖြစ်ပါတယ်။ 🥰

ဒီအပတ်Tea 'n Toast - Community Club လေးကို..

📆 28 June 2026 (Sunday)

⏰ မနက် 11နာရီကနေ နေ့လည် 1နာရီထိ

📍 COFFEE STUDIO CAFE
အမှတ် ၁၅၀D၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံ။
(အနီးဆုံး မှတ်တိုင် - အလုံစာတိုက်၊ ဂျမခနာ)

မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ခါတိုင်းလိုဘဲ...
💯 Register လုပ်စရာမလို၊ ဘာmember ကြေးမှ ပေးစရာမလိုဘဲ... ဒီတိုင်း walk-in လာ joinလို့ရပြီးတော့...
***ဆိုင်က ရောင်းချတဲ့ စားစရာလေးတွေထဲက အနည်းဆုံး တယောက်တခု မှာယူစားသုံးပေးဖို့ဘဲ လိုတာပါ***

ဖွင့်ပြောလိုက်လို့ တယောက်သောသူက ငြင်းချင်ငြင်းမယ်ဆိုပေမဲ့ (ငြင်းမှာတော့ သေချာသလောက်ရှိပေမဲ့) Tea 'n Toastကတော့ ယူတို့ကို ငြင်းမဲ့သူတွေမဟုတ်လို့ Tea 'n Toastကိုသာ လာခဲ့တော့ဗျို့ 🫶🫶

24/06/2026

“Reminder for Watch 'n Discuss Club 📌📌”

Hello TECers🙆‍♀️

Wednesday တိုင်းမှာ လုပ်တဲ့ Watch 'n Discuss Club လေး ပြန်လာပါပြီရှင့်။ ထုံးစံအတိုင်းပဲ စိတ်ဝင်စားစရာကောင်းတဲ့ Short Video လေးတွေကြည့်မယ်၊ အတွေးတွေ ဖြန့်ကျက်ဆွေးနွေးရင်း English စာ တိုးတက်စေမယ်။ မတူညီတဲ့နေရာဒေသအမျိုးမျိုးကလူတွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်။
ကဲ ပါဖက်ပဲ ပေါ့နော်။ 🤓

ဒါဆိုရင် ဒီနေ့ည ၇:၅၀ အမီ အရောက်လာခဲ့ပါနော်။ 🙆‍♀️

Comment box က Linkလေးအတိုင်း Zoom joinပေးပါရှင့်။💕






23/06/2026

✨မတူညီတဲ့နေရာက English စာလေ့လာကြတဲ့ လူတွေကို တစ်နေရာထဲမှာ ဆုံရမယ်။✅
✨နွေးထွေးလုံခြုံတဲ့ရပ်ဝန်းလေးတစ်ခုထဲ ရောက်သွားတယ်လို့ ခံစားရစေမယ်။✅
✨ English Speaking Community တစ်ခုထဲရောက်သွားမယ်။✅

ဒီလိုမျိုးခံစားချက်လေးတွေနဲ့အတူတူ English Speaking လေ့ကျင့်နိုင်ဖို့ Tea 'n Toast English Club ရဲ့ Online Clubs‌ေတွထဲက လူကြိုက်အများဆုံး Club ဖြစ်တဲ့ General English Conversation Club က လူကြီးမင်းတို့နဲ့အတူတူရှိနေပါတယ်😙

⌚အချိန်က 7:50 - 9:30 pm ဖြစ်ပြီးတော့
🎀Pre intermediate and above level ရှိတာနဲ့
📍Comment မှာပေးထားတဲ့ Zoom link, id & password အတိုင်း လာ Join လို့ရပါတယ်ရှင့်။🥰

Tea 'n Toast က TECers တို့အတွက် စိတ်ဝင်စားစရာ၊ ဆွေးနွေးလို့ကောင်းတဲ့ မေးခွန်‌းတွေနဲ့အတူတူ နွေးထွေးတဲ့ရပ်ဝန်းလေးကနေ ကြို‌ဆိုနေပါမယ်နော်🎀







22/06/2026

𝐓𝐞𝐚 ’𝐧 𝐓𝐨𝐚𝐬𝐭 ရဲ့ (𝐇𝐮𝐧𝐝𝐫𝐞𝐝 𝐌𝐢𝐧𝐭𝐮𝐞𝐬 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 🏆🎖️)

တစ်နေ့ကို 𝐦𝐢𝐧𝐮𝐭𝐞𝐬 𝟏𝟎𝟎 ပဲ အချိန်ပေးလိုက်ပါ။ 𝐓𝐄𝐂𝐞𝐫𝐬 လေးတို့ရဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 ဘယ်လောက်တိုးတက်သွားမလဲဆိုတာ ကိုယ်တိုင်ပဲ အံ့ဩသွားရပါလိမ့်မယ်။

စာအုပ်ထဲက စာတွေထက် လက်တွေ့ပြောဆိုမှုက ပိုအရေးကြီးပါတယ်။ 𝐇𝐮𝐧𝐝𝐫𝐞𝐝 𝐌𝐢𝐧𝐭𝐮𝐞𝐬 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 မှာ ကျွန်တော်တို့က စာတွေ့ထက် လက်တွေ့ကို ပိုဦးစားပေးပါတယ်။

ဒါဆို ဒီ𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 ကဘယ်ရက်တွေမှာ ရှိမှာလဲ? ဘယ်လို အစီအစဉ်တွေလဲ?

𝐖𝐞𝐞𝐤𝐥𝐲 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞

🗓️𝐓𝐔𝐄𝐒𝐃𝐀𝐘
- ( 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐮𝐛)

🗓️𝐖𝐄𝐃𝐍𝐄𝐒𝐃𝐀𝐘
- ( 𝐖𝐚𝐭𝐜𝐡 ’𝐧 𝐃𝐢𝐬𝐜𝐮𝐬𝐬 𝐂𝐥𝐮𝐛)

🗓️𝐅𝐑𝐈𝐃𝐀𝐘
- ( 𝐈𝐄𝐋𝐓𝐒 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛)

⏰ 𝐓𝐢𝐦𝐞
- ( 𝟕:𝟓𝟎𝐏𝐌 - 𝟗:𝟑𝟎𝐏𝐌)

📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧
- 𝐙𝐨𝐨𝐦 𝐏𝐥𝐚𝐭𝐟𝐫𝐨𝐦 ( 𝐙𝐨𝐨𝐦 𝐥𝐢𝐧𝐤 𝐢𝐧 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱)

🗓️𝐒𝐔𝐍𝐃𝐀𝐘
- ( 𝐓𝐞𝐚 ’𝐧 𝐓𝐨𝐚𝐬𝐭 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐂𝐥𝐮𝐛) (𝐈𝐧-𝐏𝐞𝐫𝐬𝐨𝐧)

𝐓𝐡𝐞𝐨𝐫𝐲 တွေပဲ နားထောင်နေရလို့ ပျင်းနေပြီလား? လက်တွေ့ စကားပြောဖို့ လိုအပ်နေတဲ့ 𝐓𝐄𝐂𝐞𝐫𝐬 တို့အတွက် 𝐇𝐮𝐧𝐝𝐫𝐞𝐝 𝐌𝐢𝐧𝐮𝐭𝐞𝐬 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 က မိတ်ဆွေတို့ကို စောင့်ကြိုနေပါတယ်နော်🫶🏻💕











19/06/2026

WE ARE EXTREMELY SORRY, FOLKS 🥹

ဒီညရဲ့ IELTS SPEAKING CLUB လေးကို Postpone ထားတဲ့အကြောင်း လာပြောတာပါ TECersတို့ရေ 🥹

IELTS SPEAKING CLUB အတွက် Hostတွေ Co-host တွေရဲ့ နေရာတွေမှာ Internet လိုင်း အဆင်မပြေတာတွေ၊ မီးပြတ်တာတွေ၊ မီးမရတဲ့အချိန်တွေ အရမ်းများနေတာကြောင့် Deviceတွေလည်း အားမရှိတော့လို့ ဒီည ခနနားကြပါမယ်နော် 🥹
ဒီညအတွက်ဘဲ ဖြစ်ပြီးတော့ ကျန်programတွေ နဂိုအတိုင်းဆက်ရှိပါမယ်ခင်ဗျာ။

18/06/2026

မိုးအေးအေးမှာ ကာဖီပူပူလေးသောက်ရင်း အင်္ဂလိပ်စကားပြောရအောင် ☕️

Hello TECers တို့ရေ 🙋‍♀️

Tea 'n Toast - English Club ရဲ့In-person English Conversation Clubလေး ဖြစ်တဲ့ Tea 'n Toast - Community Club လေး ပြန်လာပါပြီ။🥳

Tea ‘n Toast - Community Club မှာဆိုရင်
Group duscussion တွေမှာ ကိုယ်တိုင်ပါဝင်ပြောဆိုပြီး English Speaking လေ့ကျင့်လို့ရမဲ့အပြင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေလည်း ရနိုင်တယ်နော်။ နွေးထွေးပျူငှာတဲ့ Facilitator တွေကလည်း ကူညီကြိုဆိုပေးကြတာမို့ လုံးဝလုံးဝ ပျော်စရာကောင်းပြီး Skillsတွေ တက်လာမဲ့ Club တစ်ခုဖြစ်ပါတယ်။ 🥰

ဒါကြောင့် ဒီအပတ်Tea 'n Toast - Community Club မှာ ကိုယ်တိုင်ပါဝင်ဖို့ ဘာမှတွေဝေမနေဘဲ လာခဲ့နော်။ 🙆‍♀️

📆 21 June 2026 (Sunday)

⏰ 11:00AM - 1:00PM

📍 ROASTER'S HOUSE CAFE
Time City Complex, Food Planet Mall အနီး၊ ဟံသာ၀တီလမ်းထောင့်။ G 'n G မျက်နှာချင်းဆိုင်။
မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း
❌Register လုပ်စရာမလို
❌member ကြေးပေးစရာမလို
✅walk-in လာ joinရုံပါပဲရှင့်။

📌ဆိုင်က ရောင်းချတဲ့ စားစရာလေးတွေထဲက အနည်းဆုံး တစ်ဦးကိုတစ်ခု ဝယ်ယူသုံးဆောင်ပေးဖို့တော့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ 🙆‍♀️

ဆန်းဒေးမှာ တွေ့ကြပါမယ်။ 🥰


17/06/2026

“အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စိတ်ဝင်စားစရာ Short Video တွေ ယူလာပေးတဲ့ Watch ‘n Discuss Clubက ဒီနေ့ညမှာရော ဘာအကြောင်းအရာတွေယူလာမလဲ?💥”

ဘယ်လိုမျိုး ခေါင်းစဉ်နဲ့အတူ ကျွန်မတို့ရဲ့ စဉ်းစားနိုင်စွမ်း၊ နားထောင်နိုင်စွမ်းတွေကို ဘယ်လိုမီးမောင်းထိုးပြသွားမလဲဆိုတာကိုတော့
7:50 to 9:30 pmမှာ သင်ကိုယ်တိုင် လာရောက်စစ်ဆေးနိုင်မှာဖြစ်ပါတယ်⚜️

Tea ‘n Toast ရဲ့ ပုံမှန် zoom link, id & password အတိုင်း ရှိနေမှာမို့ ဒီနေ့ည တွေ့ကြမယ်နော်⚜️







15/06/2026

2026 နှစ်ရဲ့တစ်ဝက် June လပိုင်းကနေ English Skills တွေကို သိသိသာသာတိုးတက်စေဖို့ ဘယ်လိုလုပ်ရမလဲ ❓

Tea ‘n Toast - English Club က ကြိုးစားတိုးတက်ချင်သူတွေအတွက် ဝင်ရောက်လေ့ကျင့်နိုင်တဲ့ English Clubs တွေကို Online ရော In-person ပါအမြဲလုပ်ပေးနေပါတယ်နော်🤩..

အပတ်စဉ် ကျင်းပနေကြ Clubs လေးတွေကတော့ -

📌 Tuesdayမှာ GENERAL ENGLISH CONVERSATION CLUB
📌 Wednesdayမှာ WATCH’ N DISCUSS CLUB
📌 Fridayမှာ IELTS SPEAKING CLUB
📌 Sundayမှာ Tea’ n Toast - COMMUNITY CLUB ရှိကြပြီး..

Weekdays Online Clubs တွေကို Zoom Meeting နဲ့ ည 7:50 to 9:30 pm မှာဝင်ရောက်လေ့ကျင့်နိုင်ပါတယ်💻..
( Online အတွက် Zoom link လေးကတော့ reminder post‌ေတွနဲ့အတူတူ comment box မှာချပေးထားပါတယ်ရှင် )

📍 Inperson Club ကိုတော့ မနက် 11:00 to 1:00 pm မှာကျင်းပမှာဖြစ်ပြီး နေရာအသေးစိတ်အတွက် Post တစ်ခုသီးသန့်လာမှာဖြစ်ပါတယ်..💌
📍 ဒါ့အပြင် In-person မှာ အသစ်ထပ်တိုးထားတဲ့ နှစ်ပတ်တစ်ခါ ပြုလုပ်တဲ့ Bla Bla Club လေးလည်း ဒီအပတ်ရှိပါတယ်ရှင်...

English Pre-Intermediate level နဲ့ အထက်ရှိသူတိုင်းလွတ်လပ်စွာပါဝင်နိုင်ပြီး ကြိုတင် registration လုပ်စရာမလိုအပ်ပါဘူးရှင်..✨

Club တစ်ခုချင်းစီ အတွက် Detail Posts တွေတင်ပေးမှာဖြစ်လို့ stay tuned ပါနော်..🤗


်ဆု

12/06/2026

ခုလို ပူလိုက် အေးလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ရာသီဥတုမှာ Cafe ဆိုင်လေးထဲ အေးဆေးထိုင်ပီး ကိုယ့်ရဲ့ English Speaking လေ့ကျင့်ချင်လား??☕

Tea n’ Toast - Community Clubမှာဆိုရင်
English Speaking ကို Real Life Conversation တွေနဲ့ သဘာဝကျကျနဲ့ ပြောလာနိုင်မယ်၊
နယ်ပယ်မျိုးစုံက သူငယ်ချင်းအသစ်တွေနဲ့လဲ တွေ့နိုင်မယ်၊
ကိုယ့်အတွက် Skill တစ်ခုခုကိုလဲ Improve ဖြစ်အောင်လုပ်နိုင်မယ် ဆိုတော့ “ဒီတစ်ပတ် လာခဲ့ဖို့ပဲ လိုပါတော့တယ်နော်🤭”

ဒီတစ်ပတ်ရဲ့ ကော်ဖီဆိုင်လေးကတော့
📍 MOMENTS DESSERT CAFE
အမှတ် ၂၀A, မဟာမြိုင်လမ်း၊ မြေနီကုန်း၊ စမ်းချောင်း
အနီးဆုံးမှတ်တိုင် - မြေနီကုန်း နှင့် ရွှေမန်းမှတ်တိုင်

✅No Registration
✅Zero Fee
🕰️11:00AM - 1:00 PM
📅 14.6.2026 (Sunday)

👉🏻 Cafe ဆိုင်လေးတွေမှာ လုပ်တာဖြစ်တဲ့အတွက် TECers လေးတွေအနေနဲ့ Cafe ကနေပီးတော့ အနည်းဆုံး item တစ်ခုလောက်တော့ မှာယူပေးဖို့ မမေ့ပါနဲ့နော် 🍰


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon